ဒီတစ်ခါတော့ ကံကောင်းလို့
နောက်ဆုံးနှစ် စာမေးပွဲ အောင်စာရင်းထွက်တဲ့နေ့မှာ မောင်ကျောက် နဲ့ သူငယ်ချင်းတစ်စု တောင်ငူကန်တင်းက အရှည်ကြီးဆိုင်မှာ ထိုင်ရင်း လက်တွေ့ဘဝကို ရင်ဆိုင်ဖို့တိုင်ပင်ကြပါတယ်။ ကျောင်းသား ဘဝကနေ “စုတေ” သွားတာမို့၊ ရင်ထဲမှာ ဘာဘာညာညာ အတွေးတွေနဲ့၊ ဘယ်သူမှ အပြောင်အပြက် မပြောနိုင်ကြပါဘူး။ “ကဲ….. အခု ငါတို့ ကျောင်းပြီးပြီ၊ ရှေ့ဆက် ဘာလုပ်ကြမှာလဲ” ဆိုတဲ့ မေးခွန်းကို ဘယ်သူမှ ဟုတ်တိပတိ မဖြေ နိုင်ကြပါဘူး။
မိဘ စီးပွါးရေး လက်ငုပ်လက်ရင်း ရှိသူများအဖို့ လက်ရှိ စီးပွါးရေး ရေစီးကြောင်းထဲ ဝင် မျော ရတာလွယ်ပေမည့်၊ အဖေ သင်္ဘောသား ရဲ့သား မောင်ကျောက် အဖို့ စီးပွါးရေးဆိုတာ ညဘက် အောက်ဆိုက်ကား ခိုးမောင်းတာနဲ့ အစိုးရဆိုင်မှာ ဓတ်ဆီ ထုတ်ပြီး ပြန်ရောင်းစားတာပဲ သိတာမို့ အဲဒီလိုင်းကို မဝင်ရဲပါခင်ဗျာ။ သူငယ်ချင်း တချို့က ဆူလွယ်နပ်လွယ် သင်္ဘောလိုက်ဖို့ လူစုကြပေမည့် ဖခင်ကြီးကလဲ သဘောမတူ၊ မောင်ကျောက် ကလဲ ကိုယ်တတ်တဲ့ ပညာနဲ့ဘဲ အသက်မွေးချင်တာမို့ အဲဒီအချိန်မှာ စပြီး ခေတ်စားတဲ့ စင်ကာပူကို စွန့်စွန့်စားစား အလုပ် လုပ်ဖို့ ထွက်ပါတယ်။
စွန့်စွန့်စားစား ဆိုတာက ဒီလိုပါ။ ၁၉၉၅/၉၆ ခုနှစ်များဆီက စင်ကာပူကို ဗီဇာ မလိုပဲ သွားလို့ရသလို၊ ဟိုက လဝက ကလဲ အလုပ်ခိုးလုပ်မည့်သူလို့ ထင်ရင် လေဆိပ်က ပြန်နှင်လွှတ်ပါတယ်။ ပြီးတော့ မောင်ကျောက် လို အခုမှ ကျောင်းပြီးတဲ့ လူသစ်တန်းဆို အလုပ်ရှင်များက အလုပ်မခန့်ချင်ကြသလို၊ စင်ကာပူအစိုးရ ရဲ့ EP လို့ခေါ်တဲ့ အလုပ်လုပ်ခွင့် ပါမစ်ကလဲ ကျပ်လှပါတယ်။ ရွှေဉဏ်တော်စူးရောက်တဲ့ ကိုရွှေမြန်မာများက၊ စာရွက်စာတန်းတွေ အတုလုပ်၊ အသက်လိမ်ပြီး အလုပ်လျှောက် ပါမစ်တင် ကြပေမည့် လိမ်ဖို့မရဲတဲ့ မောင်ကျောက် ကတော့ အမှန်အတိုင်းပဲ အလုပ်လျှောက် ပါတယ်၊ “ကြာကြာဝါးမဲ့ သွား မို့ အရိုး ရှောင်” တယ်ပေါ့ဗျာ။
မောင်ကျောက် မှာ ဘိုနာမည် ရှိသလို၊ ငယ်စဉ်ထဲက ဘိုလို ပြောလို့ “ဘိုရူး” လို့ အခေါ်ခံရပေမည့် တိုင်းတပါးမှာ အလုပ်ရှာတော့ အသုံးဝင်သဗျ၊ နောက်ပိုင်း မောင်ကျောက် ကို “ဘိုရူး” လို့ ခေါ်ခဲ့တဲ့ မောင်ရင်များကိုတောင် ဘာသာပြန် လိုက်ပေးရသေးပါတယ်။ ဂလိုနဲ့ စင်ကာပူကျွန်းတခွင် ပြဲပြဲစင်အောင်ရှာလိုက်တာ နောက်ဆုံးတော့ အလုပ်ရပါတယ်၊ ပင်ပမ်းလို့ ဘယ်သူမှ ရွေးစရာရှိရင် မလုပ်ချင်တဲ့ မြေကြီးကို ဒုက္ခ ပေးတဲ့အလုပ်ပါ။ တလွဲမထင်ပါနဲ့ အထပ်မြင့် အဆောက်အဦးဆောက်ဖို့ မြေကြီးကို ကျင်းအနက်ကြီးတူးပြီး သံချောင်းတွေထည့် ပြီးတော့ ကွန်ကရစ်လောင်း ရတဲ့ “ဘိုးပိုင်” (Bored Piling) အလုပ်ပါ။
ကွင်းပြင်ထဲ စက်သံ ဆူဆူညံညံ ကြားမှာ နေပူရှောင်မရ၊ မိုးရွာရှောင်မရ နဲ့ တော်တော်လေး “ပြဲ” တဲ့ အလုပ်ထဲမှာ နဂို ညိုတဲ့ အသားအရည်ဟာ အနက်နုရောင် ပြောင်းသွားတာမို့ မောင်ကျောက်ခဲ ဘဝကနေ ကျောက်မီးသွေး ဘဝကို အလိုလို ရောက်ရပါတယ်။ မြေသားစမ်းတဲ့ ဓတ်ခွဲခန်းတို့၊ ကွန်ပြူတာ ပုံဆွဲ သမားတို့၊ လုပ်နေတဲ့ သူငယ်ချင်းများက မောင်ကျောက်ကို ညဘက် ရယ်မပြဖို့ “စ” ကြရတဲ့ အထိပါ။ ဒါပေမည့် နှမတစ်အုပ်နဲ့ မိသားစုကို ကြွေးဟောင်းဆပ်ရမဲ့ တာဝန်က မောင်ကျောက် ပုခုံးပေါ်မှာရှိတာမို့၊ ဘယ်လောက် ပင်ပမ်းပင်ပမ်း အပြုံး မပျက်ခဲ့ပါဘူး။
ကြုံလို့ စင်ကာပူမှာ အလုပ်လာရှာကြတဲ့ ကိုယ့်ဆရာများ အကြောင်း နဲနဲ ဖောက်သည် ချပါရစေ။ ဒီမောင်များက ရောက်ခါစဆို ဘုရားတရား အားကြီးမြဲကြတာပဲ၊ တနေ့တနေ့ လဲလိုက်ရတဲ့ သောက်တော်ရေ သစ်သီးဆွမ်း၊ ရွတ်လိုက်ရတဲ့ ဂါထာ၊ စိတ်လိုက်ရတဲ့ ပုတီး၊ ဘုရားရှေ့မှာ တရားထိုင်ကြတာများဗျာ အခုပဲ “ဈာန်” ရတော့မလား မှတ်ရတယ်။ အဲဒီခေတ်က အလုပ်လုပ်ခွင့် ပါမစ်ကို အနဲဆုံး ၂လ၊ ၃လ စောင့်ရတယ် ဆိုတော့၊ ကိုယ်တော်များက အဓိဋ္ဌံမပျက် ကြဘူးဗျ။ အဲ ကံကလေး ကောင်းလို့ အလုပ်လုပ်ခွင့် ပါမစ်လေးလဲကျ၊ ဆေးလဲ စစ်ပြီးရင်တော့၊ ကိုယ့်ဆရာများ ပုတီးလက်ကချ၊ ပုလင်းဆွဲပြီး တမုန်းဆော်တော့တာပဲ။ ပါးစပ်ကလဲ ပြောလိုက်သေး “ငါ့ကွာ အောင့်ထားရတာ ၃လ ရှိပြီ” ဆိုဘဲ။
ဒါပဲလား ဆိုတော့၊ အ ဟီး ကျန်ပါသေးသည်ပေါ့။ “ထန်းတက် လက်မှတ်” ရသွားတဲ့ မောင်ရင်များဟာ ရှေးထုံး မပျက်စေဖို့ ဖားမ (ဖိလစ်ပင်းမ)၊ အမ (အင်ဒိုမ)၊ ရွှေမ များကို ဈေးသုံးပေးပြီး ဂေါ်တယ်ပေါ့ဗျာ။ အဲ “ဖိုးဒီ” တို့ “တိုတို” တို့ဆိုတဲ့ တရားဝင် လောင်းကစားလဲ မလွတ်စေရ သလို၊ “ဂေလန်း” ဆိုတဲ့ မီးနီ ရက်ကွက်ကိုလဲ လခထုတ်ရင် မပျက်မကွက် သွားစစ်ကြပါတယ်။ အိမ်ကို စာပို့ရင် အောက်ဆုံးမှာ “မိဘ နှစ်ပါးအား ထာဝစဉ် မေတ္တာ ပို့သလျက်” လို့ အမြဲရေးတတ်တဲ့ မောင်ကျောက် သူငယ်ချင်း ဆို သူ့အဖေက တင်း ပြီး “ဟေ့ကောင်၊ မေတ္တာပို့တာ များနေပြီ၊ ပိုက်ဆံပို့ကွ” လို့ လှမ်း ကြိမ်းတဲ့ အထိ၊ ဟီး……ဟီး။
အေး…. သူများကိုပြောပြီး မင်းကရော ဆိုရင်၊ မောင်ကျောက် လဲ နသိုးမို့ မြင်မြင်ရာ ဝှေ့ချင် ခတ်ချင်ပါ။ ဒါပေသည့် ဘဝပေးက နေ့ကုန်ပြသတ်၊ တစ်ပတ် ၆ရက်၊ တစ်လ တနင်္ဂနွေ ၂ရက် အလုပ်ဆင်းရတာမို့ သူများလို မလန်း နိုင်ခဲ့ပါဘူး။ နောက်ပြီး လူတကာနဲ့တွဲတဲ့ အဲဒီ မဒီများကိုလဲ မသဒီ သလို၊ ကိုယ့်ရူပါ အကြောင်း ကိုယ်သာ အသိဆုံး ဆိုတော့၊ ဝေးဝေးကနေ အနိုင်နဲ့ ပိုင်းခဲ့တာပေါ့ဗျာ။ ဟုတ်တယ်လေ ရှေးဘဝ ကုသိုလ်နဲ တာမို့ မိဘဆီက လှတဲ့အပိုင်းတွေ အမွေမရဘဲ၊ ဆိုးတာတွေချည်း အမွေရတာကြောင့် အသားကမဲရတဲ့အထဲ ဆံပင်ကလဲ အရှည်မထားဝံ့အောင် ကောက်သေးဆိုတော့ ကတုံးဆံထောက် နဲ့ပေါ့ဗျာ။
အနှီကဲ့သို့ ဥပဓိ ရှိတဲ့ မောင်ကျောက် တက္ကသိုလ်ကျောင်းတော်သား ဘဝမှာလဲ ဖြူဖြူချောချော ကြိုက်ကြတဲ့ ကျောင်းသူများကြားမှာ ဂေါ်ရေး မလွယ်မှန်းသိတာမို့ ပြောင်ပြောင်နောက်နောက် နဲ့ပဲ ဖြတ်သန်း ခဲ့တာပါ။ ဒါပေမဲ့ “ကံ” ဇတ်ဆရာ အလိုကျ ကရတဲ့ဘဝမှာ မောင်ကျောက် လဲ “စတား” ဖြစ်ဘူးတယ် ဆိုရင် ရွာသူရွာသားများ ယုံကြမှာလား ခင်ဗျာ။
ဒီလိုပါခင်ဗျာ။ ၁၉၉ရ မှာစလိုက်တဲ့ စီးပွါးရေးပျက်ကပ်ဟာ အာရှကျားတွေကို “ညောင်” ကနဲ အသံထွက်ရအောင် ဖြစ်စေရပါတယ်။ အထူးသဖြင့် ထိခိုက်တာက ဆောက်လုပ်ရေး လုပ်ငန်းတွေပါ၊ ဆောက်လက်စ ရိုးတံကျဲကျဲနဲ့ ရပ်လိုက်ရတဲ့ အဆောက်အဦးတွေကို ယခုအထိ ဘန်ကောက် မှာမြင်နိုင်ပါသေးတယ် ခင်ဗျ။ စင်ကာပူကျွန်းက “ဘဘလီ” လဲ ဘယ်လိုမှ မကယ်နိုင်တာကြောင့် ၁၉၉၈မှာ မောင်ကျောက် လဲ အလုပ်ပြုတ်ပါတယ်။ ဇရာဆိုတာ ကလဲရှိသေး၊ တစ်သက်လုံးလဲ ဒီလို ပင်ပင်ပမ်းပမ်း အလုပ်ကိုမလုပ်နိုင်တဲ့အတွက် ဘဝရှေ့ရေးကိုစဉ်းစားပြီး အလုပ်လက်မဲ့ အချိန်မှာ ဘွဲ့လွန်တက်ဖို့ စီစဉ်ပါတယ်။
“ကံ”ကလေး ကူမလေတော့ သိပ်မကြာခင် ဘန်ကောက် ဆင်ချေဖုံးက နာမည်ကြီး ဘွဲ့လွန်တက္ကသိုလ် တစ်ခုမှာ ဝင်ခွင့်လဲရ၊ စကောလားရှစ် လဲရပေါ့။ အတန်းပညာ ဘွဲ့တစ်ခုမှ မရခဲ့ရှာတဲ့ မောင်ကျောက် မိခင်နဲ့ ဖခင် ခမျာ ဝမ်းတွေသာပြီး ဦးဖိုးကျား ဝတ္တု ထဲက “မောင်သောင်းဖေ” လောင်းလျာကို လေဆိပ်ပို့ပြီး ဂုဏ်ယူကြပါတယ်။ အ ဟဲ တစ်ကြော့ပြန် ကျောင်းသားဘဝကို ခံယူမည့် မောင်ကျောက် ကလဲ ရင်ခုံချင်းများစွာ နဲ့ပေါ့ဗျာ၊ လေယာဉ် စီးရတာတောင် ဖင်နဲ့ ခုံနဲ့ သိပ်ကပ်တယ် မထင်လို့ ထိုင်ခုံခါးပတ်တောင် တင်းလိုက်သေး။
သစ်ပင်တွေ အုပ်အုပ်ဆိုင်းနဲ့ သီးသန့်ရွာကြီး တစ်ရွာလိုဖြစ်နေတဲ့ အဲသည် ဒုတိယကျောင်းတော်ကြီးမှာ ဥပဒေ တစ်ခုရှိပါတယ်၊ လူနေဆောင်တွေမှာ ကြိုက်ရာ ဘာသာစကားနဲ့ ပြောခွင့်ရှိပေမဲ့၊ စာသင်ဆောင်တွေမှာတော့ “အင်္ဂလိပ်” လိုကလွဲပြီး ပြောခွင့်မရှိပါဘူး။ နောက်ပြီး ကျောင်းသားတိုင်း အဆောင်နေရသလို၊ အမျိုးသမီးဆောင်၊ အမျိုးသားဆောင် မခွဲပဲ အားလုံး ရောထားပါတယ်၊ အဲ…… ရေချိုးခန်း နဲ့ အိမ်သာတော့ မရှယ် ရဘူးပေါ့ဗျာ။ ကျောင်းမှာ နိုင်ငံအစုံ က ကျောင်းသားတွေရှိပါတယ်၊ “အိုက်” တတ်တဲ့ အဖြူမလေး တွေလဲ ပေါမှပေါ ဆိုတော့၊ ကုလား တိုင်းပြည်များက ကျောင်းသားများခမျာ၊ မကြာခဏ “ကျိုး” လို့ ဆေးရုံရောက် ကြရပါတယ်။
ဒီလိုပါ၊ ကျောင်းဝင်း ထဲမှာ စက်ဘီး ကလွဲလို့ ကျန်တာ ခွင့်မပြုပါဘူး၊ ကားရှိလဲ ပါကင်မှာ ထားခဲ့ရပါတယ်။ အိပ်ဆောင်နဲ့ စာသင်ဆောင် ဝေးတာမို့ ကျောင်းသားတိုင်း စက်ဘီး သုံးဖို့ကလွဲလို့ ရွေးစရာမရှိပါဘူး။ အဲသည်မှာ ဥရောပသူ လေးတွေက သူတို့ဓလေ့ အတိုင်း ပေါ့ပေါ့ပါးပါး ဝတ်ပြီး ခရီးနှင်၊ ကိုရွှေကုလား များကလဲ ဒီလိုမျိုး “လှုတ်တုပ် လှုတ်တုပ်” ကို သူတို့ ပြည်မှာ မမြင်ဘူးလို့၊ စက်ဘီးစီးရင်း ပါးစပ်ကလေး ဟ ပြီး၊ ဗို့ အားပြင်းပြင်း နဲ့ စူးစမ်းလိုက်တာ၊ စက်ဘီး မြောင်းထဲကျ၊ ပလက်ဖောင်းနဲ့ တိုက်မှ အသိကပ်ပါတယ်။ အဟဲ…. နောက်ကျသွားပြီ ခင်ဗျ၊ ခြေ မကျိုးရင် လက်ကျိုး၊ လက်အဆစ် လွဲပြီမို့ ဆေးရုံကို တန်းနေတာဘဲ။
ဥရောပသား တွေကို စကားပြောရမှာ ကြောက်ကြတဲ့ အာရှ ကျောင်းသားတွေ ကြားမှာ၊ မောင်ကျောက် နဲ့ သူရို့လေးတွေနဲ့တော့ အဖွဲ့ကျတယ်ခင်ဗျ။ မောင်ကျောက် ကလဲ အလွန် “နန့်” ချင် ဆိုတော့ သောကြာနေ့ ညနေဆို အဝတ်ထုပ်ပိုက်ပြီး ဘန်ကောက်မြို့လယ်က ဘား တွေ၊ ကလပ် တွေ မှာ အုပ်စုလိုက် သွား “ပွေး” ကြသလို၊ အချိန်ရရင် ကမ်းခြေတွေ ဖက်ကိုလဲ ခရီးထွက်ကြပါတယ်။ ကျောင်းက မြန်မာများကို ကြည့်ပြီး၊ မောင်ကျောက် “ဗမာ” စစ်စစ်ဆိုတာ သူတို့ သိပ်ယုံချင်ပုံ မရှိကြပါဘူး၊ “ယပက်လက်” မလေး တွေဆို ပိုတောင် ဆိုးပါသေးတယ်။ ဘယ့် နှယ်ဗျာ သူတို့လူမျိုး လင်ယူပက်စက်တိုင်း လူကို “တိုင်းဂါးဝုဒ်” နဲ့ လိုက် တန်းညှိရတယ်လို့!
ဒါပေသည့်၊ ဦးအောင်ဇေယျ ရဲ့ ရာဇဝင် သမိုင်းကြွေးကရှိတာမို့ စိတ်မဆိုးရက်ပါဘူး။ ဘေးကပ်ရက် တက္ကသိုလ်က ငယ်ငယ်ရွယ်ရွယ် လှတပတ ကျောင်းသူလေးတွေဆို အော်တိုရေးခိုင်းရင် ရေးပေးလိုက်၊ ဖုံးနံပတ် တောင်းရင်ပေးလိုက် တာချည်းပါပဲ၊ မောင်ကျောက် သဘောထားကြီး ပါတယ်ဗျာ။ သူရို့လေးတွေ “ဒစ္စကို” သွားချင်ရင်လဲ အဖော်လိုက်ပေး၊ “ဘို” လို ပြောချင်တာကိုလဲ သေသေချာချာ သင်ပေးဆိုတော့၊ အုံးအုံးကိုထလို့ ဒါပေမဲ့ ကျောင်းစာက တဖက်နဲ့ မနဲ အပတ်လည် အောင်လုပ်ရပါတယ်။ ဒီကြားထဲ “ယပက်လက်” မလေးတွေရဲ့ “ဘဲစာ” ဆိုတာကြီးက ကြောက်စရာဆိုတော့၊ အနေအထိုင် မတတ်ရင် ဘဝဆုံး နိုင်တာမို့ “သတိ” ကလေး အမြဲကပ်ရတာပေါ့ဗျာ။
အဲဒီ တစ်ကြော့ပြန် ကျောင်းသားဘဝ၊ တစ်ခုသော တနင်္ဂနွေ နံနက်ခင်းမှာ မောင်ကျောက် ကို မဒီပျို တစ်ယောက်က ဖုန်းခေါ်ပါတယ်။ အိပ်ကလဲ အိပ်ချင်၊ စိတ်ကလဲ သိပ်မရွှင် တာရယ်ကြောင့် “ဖုန်းမှားနေပါ၏” လို့ ပြောပြီး၊ ဖုန်းပိတ် ပြန်အိပ်ပါတယ်။ ဒါပေမဲ့ မရဘူးခင်ဗျ၊ ဇွဲကြီးတဲ့ သူလေးက အခန်း ဖုန်းကို ခေါ်ပြန်တာမို့ မောင်ကျောက်လဲ ဆက်အိပ်လို့မရတော့ဘဲ သူလေးနဲ့ “ပွါး” မိပါတော့တယ်။ မောင်ကျောက် ဖုန်းနံပတ်တွေကို ဘယ်ကရသလဲ ဆိုတာ ဘယ်လိုမေးမေး မပြော ပေမဲ့၊ ချွဲချွဲနွဲ့နွဲ့ နဲ့ ပြောတတ်တဲ့ သူလေးရဲ့ လေလှိုင်း ကြားမှာ ညတိုင်း မျော မိတာပေါ့ဗျာ။ ဒီလိုနဲ့ တစ်ပတ်လောက် အကြာမှာ မောင်ကျောက် မြို့ထဲရောက်နေခိုက် သူလေးက ဖုန်းခေါ်ပါတယ်၊ World Trade Center (ယခု Center World) က စတားဘတ် ကော်ဖီဆိုင် မှာ တွေ့ကြရအောင် တဲ့။ မောင်ကျောက် က ဒါမျိုးကို စောင့်နေတာဆိုတော့ လုပ်လိုက်လေ ကြာသလားလို့ ပေါ့ဗျာ။
အဟဲ….. မောင်ကျောက် ချိန်းထားတဲ့နေရာက စောင့်နေမယ် ထင်ပါသလား၊ ဝေးပါသေး။ အဲဒီဆိုင်ကို မြင်သာတဲ့ နေရာကနေ ချောင်းတာပေါ့ဗျာ၊ မတော် ရုပ်ဆိုးမကြီးဆို အသာလေး လစ်ပြေးလို့ရအောင်လို့။ အဲသည်လို ချောင်းနေတုန်း ရှေ့က ပြုံးတုံ့တုံ့ နဲ့ ဖြတ်လျှောက်သွားတဲ့ မဒီလေး တစ်ယောက်ကို မောင်ကျောက် လဲ ငန်း မိပါတယ်။ တော်တော်လန်း တဲ့ မဒီလေးဗျာ၊ ဘော်ဒီ လေးကလဲ တောင့် ဆံပင် ကျောလည်လောက် အရှည်မှာ အသားအရည် ကလဲ ဝင်းစို နေတာမို့ “ကိုက်စား ချင်စရာ” လေး ပေါ့ဗျာ။ သူလေးက မောင်ကျောက် ရှိရာကို ပြန်လှည့်လာပြီး
“ကျောက်….. ဆိုင်ထဲကစောင့်ပါ ဆိုတာ၊ ဒီချောင်မှာ ဘာလုပ်နေတာလဲ” တဲ့
ဟမ်မလေး……. မောင်ကျောက် ရင်ထဲ “ကုလားဘုရားပွဲ” လှည့်တာ အိပ်ထောင်ထဲက ဘောပေန် လေးတောင် ခုန်ထွက်သွားမှာစိုးလို့ လက်နဲ့ ဖိထားရတယ်။ ကော်ဖီဆိုင်ထဲမှာ သူလေးက မောင်ကျောက် အားမယ်ဆိုရင် ရုပ်ရှင်လဲကြည့်၊ ပြီးတော့ ညစာလဲစားဖို့ တာဝန်ယူပါရစေတဲ့။ မောင်ကျောက် က ခွင့်ပန်ရမှာကို သူလေးက ဦး သွားတော့၊ “ဆန်ကြမ်းက စီးလို့” ဘယ်ဖြစ်မလဲ၊ ယူစေသတည်းပေါ့ဗျာ။ ရုပ်ရှင်ရုံထဲမှာ သူလေးက မောင်ကျောက် ပုခုန်းကိုမှီ၊ လက်ချင်းချိတ် လို့ ကြည့်တာမို့၊ မောင်ကျောက် မှာ အိပ်မက်များ မက်နေသလားလို့ အခါခါ စဉ်းစားမိပါတယ်၊ ပြီးတော့ “တယ် ဟုတ်တဲ့ ငါ ပါလား” လို့။
ညစာစားပြီးပြန် တော့၊ အချိန်ရရင် “အရက်ဘား” သွားထိုင်ရအောင် လို့ ဆိုပြန်လေတော့ “ရေငတ်တုံး၊ ဘီယာကန်ထဲကျ” ဘယ် ငြင်းရက်ပါ့မလဲ။ သူလေးက အတော် “မြင့်” တယ် ခင်ဗျ၊ “ဘား” မှာ မန်ဘာ ဝင်ထားပြီး အကောင်းစား “ကော့ညက်” ပုလင်းကို အပ် ထားတယ်လေ။ အဟီး…. မြောက်ကြွ မြောက်ကြွ ဖြစ်နေတဲ့ မောင်ကျောက် လဲ အရက် သုံးပက်လောက် ဝင်မှ တခုခုတော့ မှားနေပြီ ဆိုတာ သတိထားမိလာပါတယ်။ ဟုတ်တယ်လေ ကိုယ်က “ဘရက်ပစ်” လဲမဟုတ်၊ “ဝေလ် စမစ်” လဲမဟုတ်၊ သူလေးကလဲ မောင်ကျောက် ဟာ “ဗမာ ငမွဲ” ဆိုတာလဲ အသိ။ ဒီလောက် ရူပါပွင့်တဲ့ စကီလေးက ဘာကြောင့် ကျောက်ငမဲ ကို လာနွယ်တယ်ဆိုတာ စဉ်းစားရကြပ်လာတာမို့ ပြန်ကြဖို့ ပြောလိုက်ပါတယ်။ သူလေးက ပြန်ချင်ရင် သူ လိုက်ပို့ပေးပါ့မယ်တဲ့……
အပြန်လမ်းမှာ သူလေးက ကားမောင်းရင်း စကားတွေ ဖောင်ဖွဲ့လာပေမည့် မောင်ကျောက် မှာတော့ သူ့ ကားထဲမှာ အန္တရယ် ပေးနိုင်စရာ ဘာရှိလဲလို့ မျက်စေ့ ကစားရင်း လိုက်လာရတာပါ။ အဆောင်နားမှာ ကားရပ်တော့ သူလေးရဲ့ အဓိပ္ပာယ် ပါတဲ့ ညို့မျက်ဝန်း တွေကို တွန်းလှန်ရင်း နှုတ်ဆက်စကားဆိုပြီး လမ်းခွဲခဲ့ကြပါတယ်။ ဟုတ်ကဲ့…. မောင်ကျောက် ကားထဲမှာ မျက်စေ့ ကစားရင်း “ဘို” လို ရေးထားတဲ့ ကဒ်ပြား တစ်ခုကနေ သူလေးရဲ့ မိသားစုနာမည် ကို တွေ့လိုက်ပါတယ်။ သူလေးဟာ မောင်ကျောက် နဲ့ လွန်စွာရင်းနှီးတဲ့ “ယပက်လက်” အမကြီး “နွတ်” ရဲ့ ညီမ ဖြစ်ဖို့များပါတယ်၊ ဒါပေမဲ့ သေချာအောင် စုံစမ်းရဦးမှာပါ။
နောက်နေ့မှာတော့ မောင်ကျောက်လဲ အမကြီး “နွတ်” ကို အကြောင်းရှာပြီး ဖုန်းဆက်ပါတယ်၊ အမကြီး “နွတ်” က ချမ်းသာကြွယ်ဝတဲ့ ဆွေကြီးမျိုးကြီး ထဲကပါ၊ သူ့အိမ်ကို အလည်ဖိတ်လို့ နှစ်ခါလောက် ရောက်ဘူးပါတယ်။ မောင်ကျောက် လဲ အလာပ သလာပ ရွှန်းရွှန်းဝေအောင် “ဖော” ပြီး
“မကြီး နွတ်၊ မကြီးမှာ ညီမရှိရင် ကျွန်တော်နဲ့ မိတ်ဆက်ပေးပါလားဗျာ”
“ဝမ်းကွဲတောင် မရှိဘူး မောင်လေးရဲ့၊ ရှိများရှိ ရင် မင်းနဲ့ မိတ်ဆက် ပေးတာပေါ့”
“မကြီး၊ စဉ်းစား ပါအုံးဗျာ၊ အမျိုးတော်ချင်လို့ပါ”
“အဟီး…. မင်း သိပ် အမျိုးတော်ချင်ရင် မကြီးမှာ ညီမ အရင်း တစ်ယောက်တော့ရှိတယ်၊ ဒါပေမဲ့ သူက ခလေး မွေး မပေးနိုင်ဘူး ကွဲ့”
“ဝမ်းနဲစရာဗျာ၊ ဘာဖြစ်လို့လဲ… သူက ရောဂါရှိလို့လား”
“ဟီးဟီး၊ မဟုတ်ဘူးကွဲ့ သူက မွေးထဲက သားအိမ် မပါတဲ့ ကထေလ် လေ”
“ဗျာ……”
မနေ့က မောင်ကျောက် ရင်ထဲ “ကုလားဘုရားပွဲ” လှည့်ခဲ့တာ ပျောက်ပြီး၊ ရင်ထဲမှာ အော်ဂလီဆန်လွန်းလို့၊ ဆပ်ပြာများများ နဲ့ ရေချည်း လှိမ့်ချိုးနေမိတော့တယ်။ သူလေးက မျက်ရည် လည်ရွဲနဲ့ ဖုန်း အကြိမ်ကြိမ် ဆက်ပေမဲ့၊ ဖုန်းမကိုင်တော့ တဲ့ မောင်ကျောက် ကို၊ အခု ဆုံးသွားပြီ ဖြစ်တဲ့ စီနီယာ “ကိုကြီးကျောက်” က
“မောင်ကျောက်၊ မင်းနှယ်ညံ ပါ့ကွာ၊ ပေါ်ဦးပေါ်ဖျားလေး အားပေးလိုက်တာ မဟုတ်ဘူး” တဲ့
အဲဒီထဲက မောင်ကျောက်လဲ အရမ်းလန်းတဲ့ “စကီ” လေးများကို မြင်ရင်၊ သံသယ ကြီးကြီးထားပြီး ဝေးဝေး ပြေးလာတာ ယနေ့ထိတိုင်ပါဘဲ ခင်ဗျား။
ဪ…. မေ့ခဲ့လို့ “ကထေလ်” ဆိုတာ ယပက်လက် လိုဗျ၊ ဗမာ လိုတော့ “ဖြတ် ဖောက် ချုပ်” လို့ ခေါ်တယ်။ အား ဟိ၊ ကံကောင်းလို့
48 comments
etone
September 28, 2012 at 2:14 pm
အဟီး .. အင်ထှာနေရှင်နယ် … ကိုယ်တိုင်ရေး စာမို့လို့ပဲ …
မဟုတ်ရင် .. တမီးက ဖွချင်နေတာနော် အူးလေ … အဟီး …. :kwi:
ဆင်ဆာဖြတ်ထားတဲ့နေရာလေးတွေ တွေ့တယ် …. အဲ့ဒါလေးတွေ ပါ ..ထည့်ရေးလိုက်ဦး …
တော်သေးတယ် .. အူးလေး ဆယ်ဘွလောက် ငတ်လာသလို (ကန်တော့ပါချင့် … ခွိခွိ) ၊ အရူး အမဲသား ကျွေးမိသလို … မဖြစ်ခင် … မသင်္ကာစိတ်ဝင်မိသွားလို့ .. အဟီး …. 😆 ဖြတ်ဖောက်ချုပ်စာ မိတော့မလို့ …. 😛
နောက်တပုဒ်ကျလျှင် စကီလေး ငါးယောက်အကြောင်းပါမယ် ထင်ပါရဲ့ .. အဟီး … 😉
ရာဇဝင်လူဆိုး
September 28, 2012 at 2:28 pm
မထိတ်သာ မလန့်သာပါလား.. ဦးလေးကျောက်ရယ်။ ဖတ်ရင်းနဲ့ပြုံးနေပြီး ဖတ်ပြီးသွားတော့ ရယ်သွားပါကြောင်း။ ကထေလ် ကထေလ်..နင်တော်တော်မွှေပါလား…။
kyeemite
September 28, 2012 at 2:30 pm
ဦး ကျောက်ခဲ..ခင်ဗျား
ရေးလိုက်ပြန်တော့လည်း တခါတည်းဆွဲခေါ်သွားတာပဲ..
ယပက်လက် ကိုပြောပါတယ်…ကိုယ်ပါတကယ်ရောက်သွားသလို
ခံစားရကြောင်းပါဗျာ…အားပေဖတ်ရှု့သွားပါတယ်…
နောင်လည်း အတွေ့အကြုံလေးတွေ ခုလိုဟာသနှောရေးပါအုံးဗျာ…
ခင်တဲ့
ကြီးမိုက်။ :hee:
Mon Kit
September 28, 2012 at 2:37 pm
ဦးကျောက်ခဲ အကြောင်းစတင်ဖတ်ရပီပေါ့…
ကိုယ်တွေ့အဖြစ်အပျက်မို့ ဖတ်လို့အရမ်းကောင်းပါတယ်…
ယပက်လက် ဂေးတွေက (ဖြတ် ဖောက် ချုပ်) တကယ့်မိန်းမပျိုလေးတွေထက် ပိုလှနေတတ်ကြပါတယ်…
မွန်ကစ်လဲ ပုံတွေ မြင်ဘူးလို့ပါ… အလှမယ်ဘွဲ့တွေတောင်ဆွတ်ခူးရရှိကြတာတွေရှိတယ်…
တော်သေးတာပေါ့… တည့်တည့်တိုးပြီး သီသီလေးလွတ်လာလို့…… :harr:
Ju Jue
September 28, 2012 at 3:13 pm
လေးကျောက်ရေ ဖတ်ရင်းနဲ့ ကြက်တောင်ရိုက်တာကို ပြေးမြင်မိပါတယ် သာသာလေးမြှောက်လိုက်ပြီးမှ အားရပါးရ ရိုက်ချခံလိုက်ရသလိုမျိုးလေ….. 😀
Tin Tin
September 28, 2012 at 3:32 pm
ကိုကျောက်ခဲရေ..
တော်သေးတာပေါ့ ကံကောင်းလို့ ကပ်သီးလေးလွဲသွားလို့နော်..
အရေးအသားကတော့ တော်ပါပေ့… နောက်ထပ်ကိုယ်တွေ့လေးတွေကိုလည်းမျှော်နေမယ်နော်..
အများကြီးကျန်သေးတယ်မလား …
surmi
September 28, 2012 at 3:43 pm
မိုက်ဒယ်ဦးကျောက်ရေ ကြိုက်သွားပြီ ။
ဟိုဟာကြီးဟုတ်ဖူးနော် ဟဲ ဟဲ
ဦးကျောက်ရေးတာကွက်ကွက်ကွင်းကွင်းပဲ ။ တခါတလေ ဒီသဘောမျိုး အလွဲလေးတွေက
ပြန်တွေးတော ့လည်း ပျော်စရာပဲနော ။
အားပေးနေတယ်ဗျို ့ ဆက်ရေးပါဦး ။
ဦး ကျောက်ခဲ
September 28, 2012 at 4:59 pm
တူမ etone ၊ ကိုရာဇဝင်လူဆိုး ၊ အကို kyeemite ၊ တူမ Mon Kit ၊ တူမ Ju Jue ၊ မ Tin Tin ၊ အကို surmi
မင်္ဂလာပါ ခင်ဗျာ…..
တူမ etone
တော်ပြီလေ…ဟဲ့၊ ခြေထောက်ကို မမှန်အောင် မနဲ ပစ်ရတာ….
စကီ ငါးယောက်အကြောင်း တော့၊ မဖွ ပါနဲ့ကွယ်…. အဟီး…ရှက်လို့
ကိုရာဇဝင်လူဆိုး
တကယ်လှ တာဗျာ၊ သူက ဆု တောင် ရ ဘူးတယ် ဆိုဘဲ…..
အကို kyeemite
ကျွန်တော်က ခပ်ပျော်ပျော်သမား ဆိုတော့ ရေးဖြစ်ဦးမယ် ထင်ပါတယ်…..
တူမ Mon Kit
အဟီး ခွဲ မရအောင်ကို မိန်းခလေး နဲ့ တူတာ…..
တူမ Ju Jue
ဦးလေး က ကြုံလိုက်ရင် အဲဒီလို ပေါက်ကရ ချည်းဘဲ….
မ Tin Tin
အဟဲ…..ရေးစရာ ကိုယ်တွေ့တွေက အများကြီးကျန်သေးပ……
အကို surmi
ဟိုဟာကြီးလဲ အပြင်မှာ မြင်လို့ ကြိုက်သွားရင်၊ မဒမ် နဲ့ ကွိုင်တက်နေဦးမယ်
:kwi: :harr:
Hnin Hnin
September 28, 2012 at 4:31 pm
ပြုံးတုံ့တုံ့လေးနဲ့ဖြတ်လျှောက်သွားတဲ့ မဒီလေး ဆိုကတည်းက ရိပ်မိနေပြီ…
ဘော်ဒီလေးကလည်း တောင့်..ဘာညာ..ဘာညာ အတော်မွှန်းလိုက်တော့
သေချာသွားပြီ….ဒါ..အဲဒါကြီးပဲ ဆိုတာ (အဲဒါကြီး same sex)..အပေါ်က
ရေးထားတဲ့ စာအသွားအလာအရ ဓာတ်သိပဲဖြစ်ပြီး၊ ယပလက်မှာဆိုတော့
ကိုကျောက်ခဲ ပုံပန်းသဏ္ဍာန်၊အခြေအနေနဲ့ဆိုရင် အဲဒါကြီးပဲ သေချာပေါက်
ဆိုတာပါ…ဒီလောက်ချောတဲ့ သူဌေးသမီးအစစ်ဆိုရင်တော့ အနားတောင်
လာသီမှာ မဟုတ်ပါဘူး… (စိတ်မဆိုးပါနဲ့နော့..ဒီလိုပြောလို့)
ပြုံးရင်း၊ရယ်ရင်း ဖတ်လိုက်ရလို့ အပျော်တွေတော့ ရရှိလိုက်ပါတယ်လို့…
etone
September 28, 2012 at 6:16 pm
မနှင်းနှင်းရယ် … ပျော်လိုက်တာ အဟိ … ။
အဲ့ဒီ အူးလေး ကို အဲ့ဒီလိုပြောလည်း … စိတ်မဆိုးတတ်ဘူးတော့ … ။
အဲ့ဒီထက်ဆိုးတာမျိုး .. ခဏခဏပြောပြီးနှိပ်ကွပ်တာတောင် … သူက မဖြုံဘူး … စိတ်ထဲရှိတဲ့အတိုင်းပြောနိုင်ပါသည် .. ဟိဟိ :harr:
Hnin Hnin
September 28, 2012 at 6:55 pm
နှိပ်ကွပ်…အားပေးတယ်… :kwi:
ဟာသဉာဏ်ရှိတဲ့ တုန်ကြောင့် ဂဇက် စည်တာလေ…..
တုန်ရေ…စိတ်ထဲရှိတဲ့အတိုင်းပြောရင်(ကောင်းတာ သို့ ရင်ဖွင့်တာ
သို့ ဝေဖန်ထောက်ပြတာ) စိတ်ထဲရှင်းနေတော့ ကောင်းကျိုးတွေပဲ ရတယ်..
ရုပ်ကြည်တယ်..နုပျိုမယ်…Stress လျော့တယ်…ကျန်းမာရေးကောင်း
တယ်…စိတ်နဲ့ပတ်သက်လို့ ‘စိတ်ထောင်း၊ ကိုယ်ကြေ’ ဆိုတာတောင်
ရှိသေးတယ်လေ…နှင်းနှင်းရဲ့မူပိုင် New Research …
ကျန်တဲ့လူတော့ သိဝူးးးးးးးးးးးး း=)
ခြွင်းချက်-
ဒီလိုသူများမခံနိုင်အောင် ပြောပြီးရင်လည်း ပြန်ချော့တတ်ရပါမယ်
etone
September 29, 2012 at 10:37 am
ဟုတ်ဧ။် .. မှန်ဧ။် .. ထောက်ခံဧ။် …. ဟီး … :harr:
ခွပ်လိုက်ကြစို့ သူငယ်ချင်း .. အော်အီအီး .. အွတ် … 😆
mayjuly
September 28, 2012 at 4:36 pm
ကြောက်သွားပြီဆိုပါတော့ … :hee:
pooch
September 28, 2012 at 4:38 pm
အားပါး ဦးကျောက်တို့ စွံချက်ကတော့ လက်ဖျားခါလောက်တယ်။ ရူပါကလည်း တကယ်ပါပဲ။
တုန်တုန်ပြောတဲ ့စကီလေး ၅ ယောက်ဆိုတဲ့ ဇာတ်လမ်းလေးလည်း မျှော်နေပါတယ် ဟီး
တို့ရွာထဲက ဦးကျောက်ကလည်း ခေသူမှ မဟုတ်တာကိုး 😆
manawphyulay
September 28, 2012 at 4:47 pm
ဖတ်ရင်းနဲ့ ငိုရင်းနဲ့ ရယ်အားသန်ဆိုသလို ဖြစ်နေပြီ… ရေးတာကလည်း တကယ့်ကို မြင်ကွင်းကို မြင်သာအောင် ရေးနိုင်ပါပေတယ်။
အရီးခင်လတ်
September 28, 2012 at 4:50 pm
ကိုကျောက်
ကျွန်မတို့ ခေတ်တုန်းက မြန်မာပြည်မှာ မိုးကြိုးငှက်ငယ်လေးများ အဖွဲ့ ရှိတယ်လေ။
အဲဒီထဲက တစ်ချို့များ တကယ်လှတာဗျား။
သူတို့ ကို သူတို့မှန်းသိသိချည်း နဲ့ ကောင်ငယ်လေး တစ်ချို့ အသည်းအသန်ကြွေကြတယ်။
ဒီမှာ Aids စတာဘဲနေမှာ။
တကယ်တော့ ကျား ဖြူချော ထက် ညိုချော တွေ ကို ပိုပြီး လူကြိုက်များသလားလို့။
ရှင်လဲ အခု ညိုတုန်းဘဲမဟုတ်လား။ 😆
ဦး ကျောက်ခဲ
September 28, 2012 at 5:23 pm
မ Hnin Hnin ၊ မ mayjuly ၊ မယ် pooch ၊ မ manawphyulay ၊ အရီးလတ်
မင်္ဂလာပါ ခင်ဗျာ…..
မ Hnin Hnin
စာဖတ်များပုံရတယ်၊ မ Hnin Hnin လို သူတွေများရင် စာရေးဆရာတွေတော့ ငတ် ပေါက်ပဲ……
ဦးကျောက် စိတ်မဆိုးတတ်ပါဘူး၊ ဟဒယ ရသလေး ရတယ်ဆိုလို့ ဝမ်းသာမိပါတယ်….. းD
မ mayjuly
ကြောက်တာတော့ ခုထိဘဲ တူမ ရေ ……
မယ် pooch
စကီလေး ၅ ယောက် ဇာတ်လမ်းတော့ မလုပ်ပါနဲ့ တူမရယ်၊ ပြန်စဉ်းစားမိရင် ရင်တုန်လွန်းလို့ပါ……
မ manawphyulay
ကျေးဇူးပါကွယ်၊ ဒါပေမဲ့ တူမ တို့က ပရို ပါ …….
အရီးလတ်
“ကျွန်မတို့ ခေတ်တုန်းက မြန်မာပြည်မှာ မိုးကြိုးငှက်ငယ်လေးများ အဖွဲ့ ရှိတယ်လေ။
အဲဒီထဲက တစ်ချို့များ တကယ်လှတာဗျား။”
ဟုတ်ပါ့ဗျာ….
အဲသည့် အခြောက်များ နဲ့ လုံး တဲ့ မောင်ရင်များလဲ နောက်ပိုင်း “ဒူး” ကုန်ကြရော
ကျွန်တော်က တသက်လုံး ဖြူမှာ မဟုတ်တာမို့၊ ဥရောပ ဈေးကွက်တော့ ဝင်ပါသေးကြောင်း….. :harr:
ဒုဗိုလ်ကြီးမိုက်ကယ်ဂျော်နီအောင်ပု
September 28, 2012 at 6:10 pm
( ဒီကြားထဲ “ယပက်လက်” မလေးတွေရဲ့ “ဘဲစာ” ဆိုတာကြီးက ကြောက်စရာဆိုတော့၊
အနေအထိုင် မတတ်ရင် ဘဝဆုံး နိုင်တာမို့ “သတိ” ကလေး အမြဲကပ်ရတာပေါ့ဗျာ။ )
ဘဲစာ ဆိုတာ ဘာကိုပြောသလဲဗျာ
ဟဲဟဲဟဲ ဗဟုသုတလေးရပါရစေလား
ဦး ကျောက်ခဲ
September 28, 2012 at 6:30 pm
ဆရာပု
မင်္ဂလာပါ ခင်ဗျာ…..
ဒီလိုတော့ မကျီစားပါနဲ့ဗျာ…..
“ဘဲစာ” အကြောင်း ဆရာပု ကျွန်တော့် ထက် ပိုသိပါတယ်…..
ဟဲဟဲဟဲ…… ဆရာပု ဘဲ ရှင်းပြတာ ပိုကောင်းပါတယ်ဗျာ…..
:harr:
ကြက်ဖင် ( အကယ်ဒမီ )
September 28, 2012 at 10:16 pm
ဘာလဲဗျ ဘဲစာဆိုတာ
ဆရာကြီး ကိုကျောက်ခဲရော
ဗိုလ်ကြီးငခြောက်ရော ဘာကိုဆိုလိုသလဲဗျာ
ဟဲဟဲဟဲ
ဘာမှန်းတော့မသိပါဘူး သူများဟဲလို့ ခေတ်မှီအောင်ဝင်ဟဲတာပါ
ဟဲဟဲဟဲ
မဟာရာဇာ အံစာတုံး
September 28, 2012 at 6:21 pm
အိမ်ကို စာပို့ရင် အောက်ဆုံးမှာ “မိဘ နှစ်ပါးအား ထာဝစဉ် မေတ္တာ ပို့သလျက်” လို့ အမြဲရေးတတ်တဲ့ မောင်ကျောက် သူငယ်ချင်း ဆို သူ့အဖေက တင်း ပြီး “ဟေ့ကောင်၊ မေတ္တာပို့တာ များနေပြီ၊ ပိုက်ဆံပို့ကွ” လို့ လှမ်း ကြိမ်းတဲ့ အထိ …
အဲ့ဒါလည်း ဖတ်လိုက်ရရော အသံထွက်ပြီး ရီမိပါလေရော ..
အဟီး .. ဟီး .. ခွီခွိ ..
အဲ့ဂလို ရယ်မိဒါရယ် ….
ကိုရင်မောင်
September 28, 2012 at 7:45 pm
ကိုကျောက်ခဲရေ…
ဒီလိုအတွေ့အကြုံကလဲ နည်းတဲ့ကုသိုလ်မှတ်လို့……ဟဲဟဲ
တချို့သက်သက်တောင်ရှာယူနေကြတာတွေ့ဘူးလို့ပါ….
ကိုယ်တွေ့လေးတွေ ဖတ်လို့အရမ်းကောင်းပါတယ်
နောက်ကိုယ်တွေ့လေးတွေ စောင့်မျော်နေပါကြောင်း
မောင်ပေ
September 28, 2012 at 7:46 pm
မ ရေ မ
ယပလက်ယေးသေးသေးတင် တစ်ချောင်းငင် ယုံ
သဝေထိုး ရကောက်ရေး ဝက်စိနှလုံးပေါက် ရေး
ခခွေးယပင့် ချ
မ ရေ မ
ယပလက်ယေးသေးသေးတင် တစ်ချောင်းငင် ယုံ
ပါ ဦးဦးကျောက်
လူတိုင်းတစ်နေ ့အိုရမည် ။ ဦးကျောက်သည်လည်း အိုခဲ့မည်မှာ အကြိမ်ပေါင်း ?????
ဦး ကျောက်ခဲ
September 28, 2012 at 8:10 pm
ဘိုအံ ၊ ကိုရင်မောင် ၊ ကိုပေ
မင်္ဂလာပါ ခင်ဗျာ…..
ဘိုအံ
ခင်ဗျားလဲ မိဘကို ကျုပ်ဘော်ဘော်လို မေတ္တာချည်း ဗလာ မလွှတ်နဲ့ဦး…..
ပိုက်ပိုက်လေးလဲ ပို့ပါဗျာ…။ ကိုယ့်အလှည့် ရောက်ပြီလေဗျာ…..
ကိုရင်မောင်
အကိုကြီးကို ပြီးခဲ့ Post မှာ စကားမပြန်ဖြစ်ဘူး၊ “စိနပြည်” ကလို့ ထင်ပါရဲ့…..
ကျွန်တော်က အခု “ရှန်းကန်” မှာခင်ဗျ…..
ဟဲ ဟဲ၊ ကိုယ်တွေ့ ရှာချင်နေ ပြီလား?….. နီးရင် လက်တို့ လိုက်လေ…..
ကိုပေ
ခင်ညားကလဲ….. လူပြိုဂျီး ပါဆို၊ မယုံဘူးလား?
ဟီး ဟီး၊ “အို” တယ်ဆိုတာ “လွယ်” မှတ်လို့
တိန် :kwi:
ကိုရင်မောင်
September 28, 2012 at 9:09 pm
ကိုကျောက်ခဲရေ…
ကျနော်နေတာက fujian(福建) ပြည်နယ်က quanzhou (泉州)နားမှာပါ
ရှန်းကန်ဆိုတာဟောင်ကောင်ကိုခေါ်တာလို့ထင်ပါတယ်….
အသက်တွေကကြီးနေပါပြီ ကိုကျောက်ခဲရေ… အတွေ့အကြုံလဲမရှာတော့ပါဘူးဗျာ..ဟဲဟဲ
Mobile
September 28, 2012 at 10:07 pm
Mr.stone ရေအားပေးသွားပါတယ်ဗျာ
uncle gyi
September 28, 2012 at 11:29 pm
ကိုကျောက်ခဲဆိုတော့ဦးကျောက်လုံးနဲ့အမျိုးဘယ်လိုတော်ပါသလဲ
ရေးသွားတာတော့ကြိုက်တယ်ဗျို့
မြင်းချေလေးဖက်ကျပြေးသလိုမျိူးလေး
သွက်မှသွက်
Shwe Tike Soe
September 29, 2012 at 11:10 am
အမလေး ကံသီပေလို.သာပေါ့ လေးလေးကျောက်ရယ်… နို.မဟုတ်လို.ကတော့ အာဟိ….
လေးလေးကျောက် ဆော်ကြည်တာ မိုက်တယ်နော်
အမလေး လေးလေးကျောက်ရယ် လေးလေးကျောက်လို ဘိုနဲ.မှားတဲ့ ရုပ်ကို စော်ကြည်တာမပြောပါနဲ. သများလို. ပုပုလေးနဲ. တောင် စော်ကြည့်နေတာ ခက်သားလားဗျာ…….ခိခိခိ :kwi: :kwi:
ဦး ကျောက်ခဲ
September 29, 2012 at 11:51 am
ကို ကြက်ဖင် ၊ Mobile ၊ uncle gyi ၊ Shwe Tike Soe
မင်္ဂလာပါ ခင်ဗျာ….
ကို ကြက်ဖင်
“ဘဲစာ” ဆိုတာ စာနဲ့ ရှင်းပြရတာ ခက်တယ်ဗျ…….
ခင်ဗျား ကိုယ်တွေ့ ကြုံချင်ရင်တော့ ကိုအောင်ပု ကို အကူအညီ တောင်းကြည့်ပါလား…. :kwi:
Mobile
ကျေးဇူးတင်ပါတယ် ခင်ဗျား…..
uncle gyi
အဟဲ၊ အမျိုးတော့ မတော်ဘူး….
ဒါပေမဲ့ “ကျောက်” တော့တူတယ်….
Shwe Tike Soe
အရပ် မြင့်မြင့် ခန့်ခန့် ချောချော ကိုအောင်တိုက်…..
ဦးလေးတို့က မစွမ်းတော့ပါဘူးကွယ်၊ မောင်ရင်တို့ တက်လူတွေသာ
အဲ သတိတော့ထား ငါ့တူရေ…… တော်ကြာ ဦးလေး လို ကံမသီရင် ခက်မယ် :harr:
ကထူးဆန်း
September 29, 2012 at 12:11 pm
ထမင်း အတူစားရုံ ၊ ကား အတူ စီးရုံ နဲ့ တော့ ဒီလောက် မဖြစ်လောက်ဘူးနဲ့ တူပါတယ် နော် .. :bar: :bar:
ဦးကျောက် ဆင်ဆာဖြတ်ထားပြီ ရွာသူား တို့ ရေ … :kwi:
Crystalline
September 29, 2012 at 1:07 pm
အမငေး စင်ကာပူမှာတော့ ဂေးလန်းကိုသွားသွားစစ်တယ်တဲ့.
ဘန်ကောက်ကျတော့ PP ကိုသွားစစ်တယ်ပေါ့ :bar:
စိန်ဗိုက်ဗိုက်
September 29, 2012 at 2:11 pm
ကိုကျောက်
သများရဲ့ ခြစ်ချင်းကို အု ပစ် ခါ ပြုရက်တယ်..
အု ပစ် ခါ ပြုတဲ့ ကိုကျောက်ကို ဂျစ်တော့ဘူး
ကြောင်ကြီး
October 1, 2012 at 12:06 am
ဘဲစာ
ကဲမာ
လှဲကွာ
ဖြဲတာ
ပွဲကြာ
ရဲလာ
ဆွဲရာ
အသဲနာ..။
ဒါနဲ့ ဗန်ကောက်မှာ ဖြတ်ဖောက်ချုပ်က ဈေးပိုကြီးတယ်ဆို၊ ဘပုပြောတာ ဟုတ်မဟုတ် သိချင်လို့…။
etone
October 1, 2012 at 9:24 am
အဟီး … ဒီထှာနေရှင်နယ် လူဂျီး မရှိတုန်း ဖွဦးမှပဲ … ။ :kwi:
ဒီနေ့လည်း … အလန်းလေးကို … ဧည့်ဝတ်ကျေပွန်နေရလို့ …. ရွာထဲ ဝင်နိုင်မယ် မထင်ဘူး .. အရပ်ကတို့ရေ … ဒီတယောက်ကတော့ .. ဖြတ်ဖောက်ချုပ်မဟုတ်တာ သေချာတယ် …. ။ ဆွစ်ကခဏလာတဲ့ လန်းလေးက …. ရည်စားဟောင်းပါတဲ့ ဗျို့ ….. ခွိခွိ ။ အူးလေးရေ … မှားတာရှိလျှင် ဝန္ဒာမိပါ … ဟီး 😉
နောက်ဇာတ်လမ်းတပုဒ်ရေးဖို့ ကုန်ကြမ်းရှာနေပါကြောင်း … သံချောင်းခေါက်လိုက်ပါတယ်ဗျို့ .. ဟိဟိ ။
ကြည်ဆောင်း
October 1, 2012 at 11:51 am
မန့်ရဲတော့ဘူး …
ရဲရဲတောက် ဒို့ဗမာတွေ ဆိုတဲ့သီချင်းတောင်သတိရသွားတယ်
:gee:
ဖတ်ရတာ တော်တော်အူတက်မိတယ်
နောက်အတွေ့အကြုံလေးများကိုလဲ ဆက်စောင့်မျှော်နေပါတယ် …
ဦး ကျောက်ခဲ
October 3, 2012 at 9:14 am
ကထူးဆန်း ၊ Crystalline ၊ စိန်ဗိုက်ဗိုက် ၊ ကို ကြောင်ကြီး ၊ etone ၊ ကြည်ဆောင်း
မင်္ဂလာပါ ခင်ဗျာ….
ကထူးဆန်း
ဆင်ဆာ မဖြတ်ရပါဘူးဗျာ….
ဒါပေမဲ့ လက်ကလေးကိုင်မိ၊ ပုခုံးလေးဖက်မိ မို့ပါဗျာ၊ ဒီ့ ထက်မပိုခဲ့ပါဘူးဗျာ……
Crystalline
ဟီး ဟီး၊ ဦးလေးက အင်စပက်ရှင်း မသွားပါဘူးကွယ်……
P.S အချိန်မရလို့……. ဟီး ဟီး
စိန်ဗိုက်ဗိုက်
ကပေါက်ဖော်….. ဦးလေး က “အု ပစ် ခါ” မပြုပါ ဘူးကွယ်…..
သူလေးက “အု ပစ် ခါ” ပြုစရာမှ မရှိတာ
ကို ကြောင်ကြီး
ကိုကြောင်၊ Pattaya နဲ့ Soi Na Na မှာတော့ သင်းတို့ချည်းဘဲ….
မောင်ကျောက် က တော့ ဝေးဝေး ရှောင်တယ် ဆရာ!
etone
ဟုတ်ပါဘူးအေ…..
ညီးကလဲ ဒီမှာ “ပျား တုပ်နေတာ” အချွန်နဲ့ ထပ် မ ပြန်ဘီ
ကြည်ဆောင်း
ဟုတ်ပါ့ညီမရေ “ရဲ ပဒေါင်း” ကို ခပ်နေတာဘဲ…..
နောက် တစ်ပုဒ် ရေးရမှာတောင် ခပ် ကြောက်ကြောက်
:harr:
လုံမလေး မွန်မွန်
October 3, 2012 at 10:01 am
လေးကျောက်ရေ…
ခုမှ ဖတ်ဖြစ်လိုက်လို့ တောင်းပန်ပါတယ်နော်….
ဟိဟိ…ထင်တော့ထင်နေတယ်…. ယပလက်က အဲဒီနေရာမှာ နံပါတ်တစ် ဆိုတော့လေ…. တို့လေးလေး သိမယ်ထင်နေတာ… ဖုန်းထဲကအသံကရော မသိသာဘူးလားဟင်… 🙄
“ဒါပေမဲ့ လက်ကလေးကိုင်မိ၊ ပုခုံးလေးဖက်မိ မို့ပါဗျာ၊ ဒီ့ ထက်မပိုခဲ့ပါဘူးဗျာ……”…
စတွေ့တွေ့ချင်းနေ့မှာပဲ အဲလိုမျိုးလားဟင်… 🙄
“အရက် သုံးပက်လောက် ဝင်မှ တခုခုတော့ မှားနေပြီ ဆိုတာ သတိထားမိလာပါတယ်။”
ဘုရား..ဘုရား..အချိန်မီသွားလို့ တော်သေးတာပေါ့..ဒီထက့် ထက်မူးရင် မတွေးရဲစရာပဲ…
နောက်ထပ် ကံကောင်းတဲ့အကြောင်းလေးတွေရှိရင် ထပ်ရေးပါဦးနော်… လေးလေးရဲ့ ပို့စ်တွေက ဟဿရသလည်း မြောက်တယ်… ဗဟုသုတလည်း ရတယ်လေ….
padonmar
October 5, 2012 at 12:18 am
ဦးကျောက်
ရှေးကတော့ ဘိုမလေးတွေက tall ,dark and handsome မှကြိုက်တယ်လို့ ဝတ္ထုတွေထဲဖတ်ရဖူးတာပဲ။
အဲဒီတော့ သဂျီးနဲ့ အရီးလတ်ကို အားကိုးပါရစေလို့ပြောပေါ့။
အရီးခင်လတ်
October 5, 2012 at 3:42 am
၄ဝကျော်ရင် အရတော့ ဘူးတဲ့။ :kwi:
ဦး ကျောက်ခဲ
October 5, 2012 at 9:30 am
လုံမလေး မွန်မွန် ၊ အန်တီ padonmar ၊ အရီးလတ်
မင်္ဂလာပါ ခင်ဗျာ….
လုံမလေးရေ
သူလေးက ပိုက်ပိုက် ချမ်းသာတော့ Vocal Cord ပါ Operation လုပ်ထားတာလေ…….
ဦးလေး က သောက်မိရင် “အ ပမာ ဓေထ” မမေ့မလျော့ခြင်း ဆိုတာကို အမြဲ နှလုံးသွင်းမိတယ်…
အန်တီ padonmar ရေ
ဒီခေတ်က Dark, Tall & Handsome ချည်းပဲ မဟုတ်တော့ဘူး!
ငွေယား လေးကလဲ လက်ထဲမှာ စိုစိုပြေပြေ ရှိပါမှ ဆိုဘဲ… :kwi:
အရီးလတ်
မောင်ကျောက် က အခုမှ ဘဝ စတဲ့ ၄ဝ ကျော်ရုံလေးပါ ဗျာ…
“အဖိုးကြီး မအို၊…. ခါး မကုန်းပါ၊ ဆံ မဖြူ၊ သွား မကျိုးသေး။ မျက်စေ့ မှုံတာ….. နဲနဲ..ပါ….”
ဟီး…ဟီး :chit:
ခင်ဇော်
April 13, 2015 at 3:48 pm
ဂျဘင် ကောက်လေးနဲ့ ဆို ပိုလှမှာ။
:mrgreenn:
စကားမစပ်……
ဒီပို့(စ) လေး တူမကြီးကို သွားပြလို့ရလား မသိဘူးး
:kwi:
ဦးကျောက်ခဲ
April 14, 2015 at 9:03 am
ဟမ်မယေး… မိဇာဂျီးရယ် ၊ ကျောက်စ်တို့က အိမ်မပိုင်ရင် ဂေါ်လီမလုပ်ဘူး…
မချော ငါးယောက် ကိုယ်တစ်ယောက် ဇာတ်လမ်းက အစ…
အူမချေးခါးမကျန် အကုန်ပြောပြထားပြီးသား … အားနာလို့ ချမရေးတာ… ဟီ ဟိ
:k:
အူးစည်
April 14, 2015 at 3:34 pm
အခုမှ ဒီပို့စ် ပြန်တက်လာလို့ ဖတ်ရတယ်…။
အူးကျောက် အဖေကို သားတော်မောင်ကို တော်တော်ချစ်ခဲ့တာပါပဲဗျ..
သင်္ဘောသားတောင် မလုပ်ခိုင်းခဲ့ဘူးဆိုတော့။
ထူးချွန်တဲ့လူက ဘယ်နေရာ..။ ဘယ်လုပ်ငန်းခွင်ရောက်ရောက်ထူးချွန်တာပါပဲနော့..
ဘန်ကောက် ကျောင်းထွက်ဆို.. ဘယ်ဘက်က စမ်းစမ်း ညာဘက်က စမ်းစမ်း…
ကျောက်ခဲတွေချည်းနေမှာနော်… 😎
ဦးကျောက်ခဲ
April 16, 2015 at 12:03 pm
ကျောက်စ်အဖေက အလယ်တန်းသာသာ ပညာအရည်အချင်းပဲရှိခဲ့တာမို့…
သူအမွေပေးနိုင်တာ ပညာပဲရှိတယ်ဆိုပြီး မြေတောင်မြှောက်ပေးခဲ့တာဗျ…
အဖေတို့ ခေတ်ကတော့ သင်္ဘောသားဆိုတာ “ကမ်းကုန်လို့ ရေထဲရောက်” သတဲ့…
ဒီဘက်ခေတ်ကိုသာမြင်ရင် … အဖေ စိတ်ပြောင်းလေမလား မသိ…
:k:
uncle gyi
April 15, 2015 at 2:44 pm
ဆင်ဆာမြင်းဆာတွေမပါ
အဟုတ်အမှန်တွေချည်းပါယုံပါကွယ်
ယုံပါမယ်ကိုကေ ျာက်ရယ်
ဦးကျောက်ခဲ
April 16, 2015 at 12:11 pm
ဒဂယ်ပါ အန်ကယ်ဂျီးရဲ့ … အစစ်တွေဒီလောက်ပေါနေတာကို… ခွိ
:k:
naywoon ni
April 15, 2015 at 6:27 pm
ဂျူနီယာကျောက်စ် အရွယ်ရောက်မှ ပြရမယ် 🙂
ဦးကျောက်ခဲ
April 16, 2015 at 12:12 pm
အဟိ … ဖအေကိုယ်တိုင် ဆရာစားမချန် သင်ပေးမှာဗျား… :k: