Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဂိုဏ်းချုပ်ကြီးsurmi နှင့် ပြစ် ဆုပ် ပြန် ကမောက်ကမ ဝါဒီဂိုဏ်း

ေမာင္ရိုးOctober 3, 20121min102376

မကြာမီက .….မောင်ဆာမိတစ်ယောက် ထောင်မှထွက်လာသည် ။ အပြစ်ကတော ့ အခြားမဟုတ် …..

ရပ်ကွက်အတွင်းတွင် နားစွန်နားဖျား ကြားခဲ ့သော“ပြည်သူပိုင်ပစ္စည်း ခိုးလျှင် အပြစ်မရှိ”ဟူသောစကားကြောင့်

ရထားလမ်းဘေးတွင် ပုံထားသော မီးရထားသံလမ်းများကို တောင်ဒဂုံ သံရည်ကြိုစက်သို ့ ရောင်းစားခဲ့

လေသဖြင် ့ အိုးဘိုထောင် သို့ ထမင်းစားကြွခဲ့ရခြင်းဖြစ်လေတော့သည် ။

မိမိနေထိုင်ရာ ရပ်ကွက်တွင်းသို့ ပြန်ရောက်သော် ထောင်ထွက်ဆာမိဟုခေါ်ကြသည် ။ ထိုမျှမကသေး ….

အတိတ်က ဘဝစာမျက်နှာများကိုလှန်လှော၍ ကြာကူလီဆာမိဟုလည်း မကြားတကြား ပြောပြန်သေးသည် ။

အဖြစ်ကဤသို့တည်း……။ တစ်ခါက မင်းဓမ္မလမ်းဘေးရှိ ရေအိုင်ကြီးများထဲတွင်ပေါက်သော ကြာပင် ၊ ကြာရိုး

များကို စည်းနှောင်ထမ်းပိုး၍ ဒညင်းကုန်းဈေးသို့ပို့သောအခါ ………ကုန်စိ်မ်းသည်မလေးများက ချစ်စနိုးဖြင် ့

ကြာပင်များထမ်းလာသောဆာမိကို …..ကြာကူလီဆာမိ ဟူ၍ …………………။

သို့နှင် ့ အတိတ်က မောင်ဆာမိမှာ ဤသို့နံမည်တွင်ခဲ ့ဖူးလေသည် ။

 

ယခု ပြောင်းမှဖြစ်တော့မည် ။. တစ်ရွာမပြောင်း သူတောင်းမဖြစ် …အဲ …မှားလို့  ….သူကောင်းမဖြစ် ဟု

ဆိုလေသဖြင် ့ ……အနေအစားချောင်မည် ့နေရာအားရှာဖွေလေသော် ……ဂဇက်ရွာ ကိုရွေးချယ်မိလေ

တော့သည် …..။ ဂဇက်ရွာမှာကား လွတ်လပ်စွာလူတွင်ကျယ်လုပ်၍ရသည် ။ မိမိစိတ်ကြိုက် ဂိုဏ်းဂန

ထူထောင်၍ ရသည် ။ လွတ်လပ်စွာ ဟောပြောခွင် ့ရသည် ။ လွတ်လပ်စွာ စည်းရုံးခွင် ့ရသည် …..။

ရွာထဲတွင ်လည်း ဂိုဏ်းပေါင်းစုံလှလေသည် ။ ထင်ရှားသည် ့ ဂိုဏ်းအဖွဲ ့စည်းများမှာ……

သပ်ပုံဂိုဏ်း … ၊ အပျိုကြီးဂိုဏ်း ၊ အပျိုလေးများဂိုဏ်း ၊ စားဖိုမှုးများဂိုဏ်း ၊ ဓတ်ရှင်ဓတ်သေဂိုဏ်း ၊

နှူးဘာဂိုဏ်း ၊ ကြောင်ဂိုဏ်း ၊ အရက်သမားသမဂ္ဂ ၊ ကွန်ပျူတာဂိုဏ်း ၊ ဟက်ကာဂိုဏ်း ၊ ဘောလုံးဂိုဏ်း ၊

အနုပညာဂိုဏ်း (ဆုရွေးချယ်ရေးအဖွဲ ့ )၊လူပျိုကြီးဂိုဏ်း၊အူးဗိုက်ဝါဒီဂိုဏ်း……စသည်ဖြင် ့ …..။

မောင်ဆာမိလည်း ဂိုဏ်းအဖွဲ ့မရှိလျှင် မျက်နှာငယ်ရမည် ဖြစ်သဖြင် ့ အပြေးအလွှားစဉ်းစားလေသော်

အောက်ပါအမည်ရှိသော ဂိုဏ်းအား နေ့ကောင်းရက်သာရွေး၍ ထူထောင်လိုက်လေတော့သည် …..။

“ ပြစ် ၊ ဆုပ် ၊ ပြန် ….ကမောက် ကမ ဝါဒီဂိုဏ်း ” 

ပြစ်   = အပြစ်များစွာရှိသောသူ

ဆုပ်  =ဆုပ်လည်းဆူး စားလည်းရူး ဘဝ ဖြစ်နေသောသူ

ပြန်   = ပြန်လှည် ့၍ မရတော ့ သော ဘဝရွေးချယ်သူ

 

ထို့နောက် …..မောင်ဆာမိ ပြောသမျှ ခေါင်းညိတ်လေသော လူဖျင်း လူညံ ့များအား စည်းရုံးသိမ်းသွင်း၍

ဂိုဏ်းချုပ်ကြီးဆာမိ ဟူ၍ စတင်လှုပ်ရှားလေတော့သည် ။

 

ဒီရွာတွင်နေလျှင် ရွာသဂျီးကိုပိုင်မှရမည် …ထို့ကြောင် ့ ပေါပေါပဲပဲ အညာထန်းလျက်ခဲများလက်ဆောင်

ပေး၍ သဂျီးအား ဖား ၏ ။ သဂျီးမှာ ထန်းလျက်မကြိုက် ….ချောင်းဆိုးမည် ..ချွဲကျပ်မည် ..

ချွတ်ဆေးများကြောင် ့ ကင်ဆာဖြစ်မည် ..ဤသို့ ကြံဖန်၍ ဂျီးများလေတော့သည် ။

တကယ်တော ့ချောကလက် ကြိုက်သည်မို့ ….မောင်ဆာမိ၏ ထန်းလျက် များမှာ မျက်နှာငယ်ရလေတော့သည်။

ထို့ကြောင့် မောင်ဆာမိမှာ ကြံဖန်ရလေသည် ။ ချောကလက်မှာ တန်ဘိုးကြီးသဖြင် ့ မတတ်နိင် …..။

သို့နှင် ့ …..ထန်းလျက်ဂျိုးများကို မီးပြင်းပြင်းဖြင် ့ တူးအောင်ကြိုချက်ပြီး ပုံစံခွက်တွင်းလောင်းလိုက်

သောအခါ  ခတ်ညိုညို မည်းမည်း အတောင့်လေးများရလာသည် ။ စားကြည် ့ပါက …

ထန်းလျက်ဓတ်ခံဖြစ်သဖြင် ့ ချိုသည် …..တူး အောင်ကြိုထားသဖြင် ့ ခါးသည် ့အရသာပါသည် ……

ထို့အပြင် ….တူးခြစ်ခြစ်အနံ့လည်းရသည် …။စာရင်းချုပ်သော် ချောကလက် အတုများဖြစ်လာလေတော့၏ ။

ပါကင်လှလှ လေးထုတ်ပိုးပြီး စာလုံးသေးသေးလေးဖြင် ့ “Made in Detin” ဟု မထင်မရှား ရိုက်ထားသဖြင် ့

ရုတ်တရက်ကြည် ့လျှင် “ မိတ်အင် ဆွီဒင်” နှင် ့ မှားလေတော့သည် ။ မောင်ဆာမိကား ပုံမှားရိုက်လေပြီ ။

သဂျီးမင်းမှာ မျက်စိမွဲသဖြင် ့  အမှန်အမှား မခွဲခြားနိုင် ။ လိမ်လည်လှည့်ဖျား ပုံမှားရိုက်ထားသော

ထန်လျက်အတူး ချောကလက်အတုများကိုပင် အစစ်ထင်၍ မိန်မိန်ရှက်ရှက် သုံးဆောင်လေတော့၏ ၊။

ရွာသားများကိုလည်းကျွေးသည်။ရွာသူားများက သိသဖြင ့်မစားသော် “ တနေ ့နောင်တကြီးစွာရလိမ် ့မည်” ဟု

ပင်ပြောလိုက်သေးသည် ။

 

ဤသို့ ……အဝင်အထွက်ညက်သော မောင်ဆာမိအား သဂျီးမင်း အထူးယုံကြည်လေတော့သည် ။

မောင်ဆာမိဘာပြောပြော မှန်သည် ဟု အထင်ရောက်လျှက် မောင်ဆာမိဟောပြောသမျှအား တိတ်တခိုး

လေးစားနေပေတော့၏ ။ မောင်ဆာမိမှာ သဂျီးနောက်ခံရှိသဖြင် ့ ရွာထဲမှ ဂိုဏ်းများအား ရန်စသည။်

ဆေးပေါ့ လိပ်နှင် ့တူသည် ့ အပျိုကြီးများ ဟူ၍ ၎င်း……

ဆေးပေါ ့လိပ်လုပ်ငန်း နှင် ့ တူသည် ့ အပျိုလေးများ ဟူ၍ ၎င်း ……..

သပ်ပုံ ဂိုူဏ်း မှ သတ်နည်းပုတ်နည်းများကြောင့်  ရာဇဝတ်မှု ထူပေါသည် ဟူ၍ ၎င်း …….

အချိုမှုန် ့ ပမာ အနုပညာ ဟူ၍၎င်း ………..

ကွန်ပျူတာဗိုင်းရပ်စ် နှင် ့တူသော စားဖိုမှုးများ ဟူ၍၎င်း….….

အမျိုး မျိုး အဖုံဖုံ ဟောပြောသဖြင် ့ ဂဇက်ရွာ၏ ချဉ်ဖတ်ကြီးြဖစ်မှန်း မသိ ဖြစ်လာတော့သည် ။

သို့သော် …..မည်သူမျှမပြောရဲ …..သဂျီးမင်းမှာ

ဂိုဏ်းချုပ်ကြီးဆာမိကိုထိ ….ဓားကိုကြည် ့ဟူ၍၎င်း …..့

ဂိုဏ်းချုပ်ကြီးဆာမိကိုစောင်းကြည် ့ရင် ……ဗျောတီးခံရမည် ဟူ၍၎င်း ……

ဂိုဏ်းချုပ်ကြီး အီးတစ်ချက်ပေါက်ရင် …မီးဟုန်းဟုန်းတောက်စေမည် ဟူ၍၎င်း … ကြိ်မ်းမောင်းထားသဖြင် ့

ရွာသူားများမှာ ပြားပြားမှောက်ရလေတော့၏ ။ မောင်ဆာမိရောက်ပြီးကတည်းက ဆရာထက်ဝေး၏

တိုင်းရင်းဆေးကုခန်းတွင် လေပုတ်ထုတ်ဆေးကို မထားရဲတော့ ။ ရွာမီးလောင်မှာစိုးသဖြင် ့ အပြီးအပိုင်

သိမ်းဆည်းလိုက်ရလေတော့သည် ….။ဆာမိကား မျက်နှာသာပေး ရွှေရေးပန်းကန် တက် ဆိုသလိုပင် ခွေးလေး အရောဝင် ပါးလျက်နားလျက်လုပ်လေပြီ ။ အားနာ သိတတ်မှုမရှိ ။ သနားသဖြင် ့  ထီး ပေးကိုင်သည်ကို

ဖိနပ်ပါ ရန်ရှာတတ်သူ …….။

 

 

ခုလည်း ကြည် ့ ……ဂျပိုးပိန်ခြောက်ခြောက် တစ်ကောင်ကိုဖမ်းပြီး ရွာ၏လေးပြင် လေးရပ်သို့ လှည် ့လည်

ပြီးလျှင် “ရွာသူားတို့ ကြည် ့ကြလော ့ …..ဤသည်ကား လိပ်ဖြစ်၏ ”ဟု ဟောပြောလေသည် ။

အမြင်မတော်သူများက ပြင်ပေးသည်ကို လက်မခံ ….။ လိပ် ဟု ဖင်ပိတ်ငြင်းလေ၏ ။ ငြင်းလည်း

ငြင်းလောက်ပေသည် ။ ပြစ် ဆုပ် ပြန် ကမောက်ကမဝါဒီ ဂိုဏ်း၏ ပထမအဆင် ့ ကျင် ့စဉ်မှာ …..

ဂျပိုးတစ်ကောင်အား စေ့စေ့ကြည့်၍  “ဤ သည်ကား လိပ်ဖြစ်၏” ဟု နှလုံးသွင်း မှတ်သားပြီး

စိတ်ထဲတွင် လိပ် ဟု လည်းကောင်း မျက်စိထဲတွင် လိပ် ဟုလည်းကောင်း ထင်မြင်လာသောအခါ

ကျင် ့စဉ် ပြီးမြောက်သည်  ဟူ၏ ။  ထို ့ကြောင် ့ ဂိုဏ်းချုပ်ကြီး ဆာမိနှင် ့ တပည် ့များသည်

ဂျပိုး ကို လိပ်ဖြစ်အောင်ပြောသော နေရာတွင် သူမတူအောင်ထူးချွန်လေတော့သည် ……။

ဒုတိယ အဆင် ့ ကျင် ့စဉ်ကား …….ထုတ်တန်းတွင် ဇောက်ထိုးဆွဲ၍ ကျင် ့ပြီး လမ်းလျောက်လျှင်

ကင်းမြီးကောက်ထောင်၍ လျောက်ရသည် ။ သို့မှသာ …..ရုပ် နာမ် ဓမ္မ သင်္ခါရ တို ့အား…….ဇောက်တိ

ဇောက်ထိုး ၊ ကဗြောင်းကဗြန် ရှုမြင်တတ်မည်  ဟူ၏ ။

 

တိုးတိုး တိတ်တိတ် ကြားမိသော သတင်းအရ သဂျီးမင်းသည်ပင်လျှင် ပထမအဆင် ့ လိပ်ကျင် ့စဉ်ကို

အောင်မြင်ပြီးသည် ….ဟု …။ ညည အိပ်ယာထဲတွင် ဂျပိုးကိုက်သည်ကို လိပ် ကိုက်သည်ဟု ပြောနေသဖြင် ့

လေဒီခိုင်တစ်ယောက်မှာ ချစ်တောခိုင် အတွက် ရတက်မအေးပူပင်ရသေးသည် ။ (C/D to ဂ+နွယ်)

အတွင်းလိပ်လား ? အပြင်လိပ်လား ? ဝေခွဲ၍မရ ။ လိပ် ကင်းစောင် ့၍ အိပ်ပျက်ညတွေ များခဲ ့ပေပြီ ….။

ဂိုဏ်းချုပ်ကြီးဆာမိကား ပေါ ့ခေခေ မဟုတ်…..။ တီထွင် ကြံဆ ရမ်းတုတ်တတ်သူပေတည်း …..။

ဟိုတလောက ….လျှပ်စစ်အင်ဂျင်နီယာကိုစွယ်တော်ရွက်၏သင်တန်းတွင် လျှပ်စစ် အဖိုကြိုးနှင် ့

အမကြိုး ပေါင်းစပ်၍ မီးထွန်းပြသည်ကိုကြည် ့ပြီးလျှင် ပုံမှားရိုက်ကော်ပီကူး၍ သီအိုရီတစ်ခု တီထွင်

ခဲ့လေသည် ။

 

၎င်း သီအိုရီအရ ယောက်ကျားနှင် ့ မိန်းမ ပေါင်းစပ်ပြီးလျှင်……လျှပ်စစ်မီးထွန်းး၍ ရသည် …ဟု  ။

သို့နှင် ့ …..မီးပျက် ညများတွင် မီးလာစေဖို့အရေး ကြိုးစားလေတော့၏ ။ ဤ သည်ကား ….

ပြစ် ဆုပ် ပြန် ကမောက် ကမ ဝါဒီဂိုဏ်း၏ကိုယ်ထူ ကိုယ်ထ  တနိုင်တပိုင် လျှပ်စ်ဓတ်အား

ထုပ်လုပ်နည်းပင် ဖြစ်ပေတော့သည် ။သဂျီးနောက်ခံရှိသော မောင်ဆာမိသည် ထိုင် နေလျှင်မကောင်း…

ထိုင် ခြင်းသည် သွေးလှည် ့ပတ်မှုမကောင်းသဖြင် ့ ချိနဲ့ ခြင်း အောက်ပိုင်းသေခြင်းနှင့် ညဏ်ရည်

နုံချာ ထုံထိုင်း သည် …ထို့ကြောင် ့မထို်င်သင် ့ဟူ၍ ပြောသည် ။ ဘယ်သူမှလက်မခံ ….။

သဂျီးမင်းမှာ စဉ်းစားရလေပြီ ….။ ဒေါ်အောင်ဆန်းစုကြည် လည်းထိုင်သည် . ….

အိုဘားမား လည်းထိုင်သည် ……ဘန်ကီမွန်းလည်းထိုင်သည် …….အမာဒီနီဂျက်လည်း ထိုင်သည် …

ဝမ်ကျားပေါင်လည်း ထိုင်သည် …..ပုတ်ရဟန်းမင်းကြီးဂျွန်ပေါလ် လည်းထိုင်သည် …….ယုတ်စွအဆုံး

ပေါရိသာဒ သင်းချိင်းမှ သုဘရာဇာသံချောင်း လည်းထိုင်သည် …..သူ ့ ကျမှ ထိုင်တာမကောင်း ဟုဆိုပါက

တစ်ကမ္ဘာလုံးနှင် ့ တစ်ယောက် ဖြစ်ပေတော့မည် ။

 

ရှိစေတော့ ……ချောကလက်အတုမှိုတက်မျက်နှာကို အားနာသော်လည်း သဂျီးမင်းရာထူးအပြုတ်မခံနို်င် ။

ရွာသူားတို ့အား မချိသွားဖြဲလေးဖြင် ့ “ကျုပ်လည်း နေ ့တိုင်း ထိုင်ဘာဒယ်” ဟု ပြောလေတော့၏ ။

ဂိုဏ်းချုပ်ကြီးဆာမိမှာ အထိတ်တလန့်ဖြစ်ရသည် ။ ကမန်းကတန်း ကြေငြာစာတန်းတစ်စောင်ရေး၍

အိုက်တိုးပဂေးဆန် အေးသာစိန် မောင်ကွတတ အား ဖြန် ့ဝေခိုင်းရလေတော့သည် ။

အပြည် ့အစုံမှာ အောက်ပါအတိုင်းဖြစ်သည် …….။

 

 

ပြစ် ဆုပ် ပြန် ကမောက်ကမဝါဒဂိုဏ်း၏မူဝါဒနှင် ့ ကြေငြာစာတန်း

 

(၁)ပြည်သူပိုင် ပစ္စည်း …… ဒို့ပစ္စည်း….၊ ကြိုက်သလိုယူသုံး အပြစ်မရှိစေရ ။ထောင်ကျလျှင် ထောင်ဝင်စာ

လာတွေ့မည် ။

(၂) မသတ်လျှင်မဖြစ်လို့ သတ်ပါက အပြစ်မရှိ ။ (ထောင်ကျလျှင် ခံလိုက် ….)

(၃)မမုူးဘူးဟုပြောပြီး ကြိုက်သလောက်သောက် ကျသလောက်ရှင်း ၊အပြစ်မရှိ ။ (အရက်ကြောင် ကြောင်လျှင်

ရွာသာကြီး ကိုပို့ပေးမည် ။)

(၄)မာယာ သည်  ညာတာမဟုတ် ….။ လိုအပ်လျှင် လိမ်သာပြော ….အပြစ်မရှိ ။(ကိုယ်ဖြစ်ကိုယ်ခံ)

(၅) အလိုတူပါက ကြိုက်ရာမိန်းမနှင် ့နေနိုင်ကြောင်း …..။(လျှပ်စစ်မီးထုတ်လုပ်ရေးဖြစ်၍

တိုင်းပြည်အတွက် တဖက်တလမ်းမှ ပံ့ပိုးခြင်းဖြစ် )

ပုံ/

ဆာမိ (ဂိုဏ်းချုပ်ကြီး)

ပြစ် ဆုပ် ပြန် ကမောက်ကမဝါဒီဂိုဏ်း

ပေါရိသာဒသင်းချိုင်းအနီး

မဟာအဝီစိမြို ့ ။

 

76 comments

  • ဂန္ဓာရီ ဆြာအုပ်

    October 3, 2012 at 12:22 am

    ဖတ်သွားပြီး အင်း.. လက်မထောင်ချင်တာ.. လက်မမတွေ့လို့ တွေ့တာပဲ ထောင်သွားတယ် ကိုပေရေ..
    ကျွန်တော်လဲ ဒီဂိုဏ်း ကို ဝင်ချင်သပဗျာ.. ရီဂျစ်စတာ ဘယ်မှာ လုပ်ရမလဲဗျ.. မီးခဏ.ခဏ ပျက်နေတာကြောင့်ဗျို့.

    • ဂန္ဓာရီ ဆြာအုပ်

      October 3, 2012 at 12:26 am

      အဲ..ဟုတ်ပေါင်.. ကိုပေမှမဟုတ်ဘဲ.. ချောဒီး ဟီးဟီး.. ဟိုဘက်က ကွန်းမန့်နဲ့ မွှားတွားလို့နော် ဆြာ ဆာမိ.. ချိတ်ချိုးနဲ့…. အာာာာာ ဘွားး

      • surmi

        October 3, 2012 at 12:42 am

        ယားဘာဒယ် ဆရာအုပ်ရယ်
        ရီဂျစ်စတာလုပ်ချင်ရင် အောက်မှာလိပ်စာပေးထားတယ်လေ …
        :harr:

  • padonmar

    October 3, 2012 at 12:52 am

    ဒီတစ်ခါတော့ ကိုဆာမိက ကတိတည်သား၊ ၃ရက်နေ့မှာ ဂိုဏ်းသစ်ထောင်မယ်ဆိုတဲ့အတိုင်း ၃ရက်နေ့ကူးတာနဲ့ ပို့စ်တင်တာကိုး။
    ဒါတောင် ရွာထဲ အကြွေးတွေလှည့်ဆပ်နေတုံး ဆြာအုပ်က နေရာဦးသွားတယ်။
    ချောကလက်ဆိုပြီး သဂျီးကို ကျွေးတာ ထန်းကလက်တွေမှန်းသိသွားလို့ သပ်ထိုးမယ်အော်နေပါလား။

    • surmi

      October 3, 2012 at 1:17 am

      အစ်မရေ ……
      ကျနော်လည်း ပြေးရမယ်ထင်တယ် ။
      ဒီတစ်ခါရာသီဥတုကောင် းလို့ ပြောတဲ ့နေ ့ တင်လိုက်နိုင်တာ ။ ဘောလုံးပွဲကြည် ့ပြီး မအိပ်နိုင်သေးလို့လေ ။

  • မိုးသောက်ချိန်

    October 3, 2012 at 1:16 am

    သာကူး လို့တော့ အပြောမခံနိုင်ဘူး
    ဒီဘက်ဂိုဏ်းကိုလည်း သဘောကျတယ်
    အဲဒီတော့ သာခွ ပဲ လုပ်မယ်ဝေ့ ……. 😆

    • surmi

      October 3, 2012 at 1:19 am

      ရဒယ်ဆရာကင်း
      ခွ သာခွ
      ဒီဂိုဏ်းကကောင်တွေကလည်း” မောင်ခွ”ချည် ့ပဲ

  • မိုးတိမ်

    October 3, 2012 at 1:48 am

    ကိုဆာမိရေ
    ဘောပွဲလိုမှတ်နေတာဗျ။ခုလို ပြစ်၊ဆုတ်၊ပန် တွေအကြောင်းမှန်းမသိလို့ပါဗျာ [:*]
    တစ်ကယ်ရေးတဲ့ကောင်က သတ္တိရှိရှိဘယ်ဘာသာကိုးကွယ်တယ်လို့မပြောရဲပါဘူးဗျာ။
    ဗုဒ္ဓဘာသာဝင်စစ်စစ်က အဲဒီလို အရှက်မရှိတဲ့ post မျိုးလုံးဝမရေးကြောင်းပါခင်ဗျာ။
    တစ်ကယ်ဆို အဲကောင်တွေက ပြစ်၊ဆုတ်၊ပန် ကောင်တွေမဟုတ်ပါ။စာအုပ်ကို
    တစ်နေ့(၅)ကြိမ် ဖင်ဘူးထောင်းမထောင်ရင် ငရဲရောက်မှာကြောက်နေတဲ့ကောင်တွေပါ။
    မယုံရင် အဲကောင်တွေကို ကျုပ်လို ပြောခိုင်းကြည့်ပါ။(———– Deleted by Admin ————–)…..
    ခုတော့ ဒီလောက်ပဲ ထပ်လွန်လာရင်တော့ ထပ်လာဦးပါမယ်။

    _________________________
    I added cool smileys to this message… if you don’t see them go to: http://s.exps.me

  • ရဲစည်

    October 3, 2012 at 2:05 am

    အယ့် …ခုတလော ရွာထဲမလဲ အယ့်… ဂိုဏ်းဂဏတွေ တယ်များလာပါလား အယ့်
    ဘယ်ထဲဝင်လို့ ဝင်ရမှန်း မသိတော့ဘူး အယ့်… ခုခေတ်မယ် ပါတီစုံမှ ကောင်းမှာမို့
    အယ့်…. အူးဆားမိ ဂိုဏ်းထဲလည်း အယ့်… ဝင်ချင်နေမိပါတယ်.. အယ့်…………။
    အပေါ်က ဂိုဏ်းတော်တော်များလဲ အယ့် …. ဝင်ဖူးတာမို့ အခု ပြစ်-စုပ်-ပြန် ဂိုဏ်း
    ထဲကိုလဲ အယ့် ဝင်ချင်ပါတယ်..အယ့်။
    အနော်လည်း ဒီရိုက်ပိုင်းအတွင်း ၂၀၁၂ မျိုးဆက်သစ် ချဉ်ဖတ်များ အဖွဲ့ထူထောင်ဖို့
    ကြိုးပမ်းနေပါတယ် အယ့်…. အယ့်
    မှတ်ချက်။ ။ ပေါ့စေလိုလို့ ကြောင်ရုပ် ထိုးသွားပါတယ်…. အယ့် :mrgreen:

    ကွန်းမင့် စ-လယ်-ဆုံး တွံတေးသိန်းတန် အသံဖြင့် ဖတ်ပေးပါရန်။

  • ကိုရင်မောင်

    October 3, 2012 at 4:39 am

    အဖွဲ့ဝင်များများရနိုင်တဲ့ဂိုဏ်သွားစဉ်းစားမိတယ် ကိုကိုဆာရေ……
    တိမ်မြုပ်နေပြီဖြစ်တဲ့ တချိန်ကရှိခဲ့ဘူးတဲ့သမိုင်းဝင်ဂိုဏ်လေးဘာ…..
    ဟို..ဂိုဏ်းလေ ဟိုဂိုဏ်း…..အရည်းကြီးဂိုဏ်း….
    အဲ့ဒီဂိုဏ်းလေးပြန်ဖွဲ့ယင်ကောင်းမလားလို့……..ဟားဟား

    • surmi

      October 3, 2012 at 11:39 am

      ကိုမိုးတိမ်
      ခရီးရောက်မဆိုက် လာအားပေးသွားတာကျေးဇူးနော် ။ခရီးလမ်းအဆင်ပြေပါစေကြောင်း …..?

      ကရဲစီကြီးရေ
      မောင်ရင် ့ဂိုဏ်း ဖွင် ့ပွဲကျရင်ဖိတ်ဦးနော ့။ ကျုပ်ဂိုဏ်းမှာတော ့ဖြင် ့ မောင်ရင့်အတွက်
      အမြဲတမ်း ဝဲလ်ကမ်းဘဲ

      အစ်ကိုကြီးကိုရင်မောင်ခင်ဗျ
      အစ်ကိုပြောတဲ ့ဂိုဏ်းက အနော်ရထာကိုကြောက်လို ့ပြေးပြီ
      :harr:

  • kai

    October 3, 2012 at 5:37 am

    အပေါ်ကမန့်ထားတာတွေအထဲ.. တယောက်ကလွဲလို့.. အကုန်အစိမ်းပေးလိုက်ပါကြောင်း..
    .. ဒန်တန်တန်..

    မှတ်ချက်.။ ။ ချောကလက်ထက်.. ထန်းလျက်ပိုကြိုက်ပါကြောင်း.. သိသိကြီးနှင့် မသိချင်ယောင်ဆောင်.. စားခြင်းဖြစ်ပါကြောင်း.. :kwi:

    • surmi

      October 3, 2012 at 11:49 am

      ဒဂယ်ပြောတာလားသဂျီး
      ဒါဆို သဓုပါဗျာ
      လောလောဆယ်ဆယ်တော ့ ထန်းလျက်အတူးတွေပဲဆက်စားထားနှင် ့နောက်မှ ……

    • မိုးတိမ်

      October 3, 2012 at 4:03 pm

      ဟဲဟဲ ကျုပ်က အစိမ်းတွေ၊အနီတွေ စိတ်ကိုမဝင်စားပါဘူးဗျ။
      လွတ်လပ်စွာ သဘောကွဲလွဲခွင့်ရှိပါတယ်၊လွတ်လပ်စွာ ပြောဆိုခွင့်လဲ ရှိပါတယ်။
      လွတ်လပ်စွာ စော်ကားခွင့်တော့ မရှိပါဘူး။အမှန်အတိုင်း ရဲရဲဝံ့ဝံ့ ကိုယ်ဘယ်ဘာသာကိုးကွယ်လဲတောင်
      မပြောရဲတဲ့ကောင်တွေကို အမှန်အတိုင်းပြောမိတာ နောင်တမရကြောင်းပါ။

      သူကြီးမင်းလဲ ဟိုတစ်ခေါက် ကျုပ်ပေးလိုက်တဲ့ ကော်မန့်ကြောင့်များ (———– Deleted by Admin—)
      ဖြစ်သွားလေသလား။အရင်ကလို လိုင်းလေးတားပြီး ပိုဖတ်ဖြစ်အောင် အခုတစ်ခေါက်လုပ်မထားဘူးနော်။
      သူကြီးရေ နည်းနည်းထိသွားရင်လဲ ဆောရီးပါခင်ဗျာ။

      • kai

        October 3, 2012 at 11:38 pm

        ကိုရင်က အစ္စလမ်ဘာသာကို လေအားဖြင့် စာအားဖြင့် သွားသွားစော်ကားပြီး..” လေသူပုန်”ထပြတယ်..။
        ဟိုက…
        .. မန်းဂဇက်က.. .ဒေတာတွေဝင်ဖျက်တယ်..။ ဘင်္ဂလားဒေ့ရှ်မှာ.. မီးရှို့တယ်..လူတွေသတ်တယ်..။ ကြည့်လည်းလုပ်ဆြာသမား.. သမိုင်းတရားခံဖြစ်နေဦးမယ်..။ :harr:
        ( အပေါ်က ဖျက်ထားတဲ့စာဟာ.. မူရင်းပို့စ်ကနေ လိုင်းကြောင်ပြီး.. အစ္စလမ်ဘာသာကို တိုက်ရိုက်လေသူပုန်ထထားလို့ ဖျက်ထားတာ ဖြစ်ပါကြောင်း)

    • မှော်ဆရာ

      October 4, 2012 at 7:47 pm

      သုူကြီးစကားက တွေးစရာလေးနော ..
      ချောကလက်ထက်.. ထန်းလျက်ပိုကြိုက်ပါကြောင်း.. သိသိကြီးနှင့် မသိချင်ယောင်ဆောင်.. စားခြင်းဖြစ်ပါကြောင်း..

      • surmi

        January 1, 2014 at 9:36 am

        က​မှော်​​ရေ…အခု​တော့ကျုပ်​သိပြီဗျ ..
        သဂျီးဘာကြိုက်​လဲဆိုတာကို​လေ 🙂

  • ကိုခင်ခ

    October 3, 2012 at 6:03 am

    အင်း လာပြန်ပြီ နောက်တစ်ဂိုဏ်း၊ ဂိုဏ်းတွေများလာရင်
    ပိုမိုးရှင်းတို့ ကံစမ်းမဲတို့ ဘယ်ဂိုဏ်းကပေးလဲ စနည်းနာအုံးမယ်၊
    အဲလိုပေးတဲ့ဂိုဏ်းကို ဆက်သွယ်မလို့လေ။

  • ကထူးဆန်း

    October 3, 2012 at 6:29 am

    မြန်မာပြည် နိုင်ငံရေးပါတီတွေလိုဘဲ … တယ်ပေါပါလား ..
    ဂိုဏ်းပြောင်းမယ် ။။ ပြောင်းရွှေ့ကြေး ဘယ်လောက်ပေးမှာလဲ .. :hee:

  • first last

    October 3, 2012 at 7:55 am

    That’s why, I love our village.

    • surmi

      October 3, 2012 at 11:58 am

      ဗျို ့ဦးခင်ခ
      ချောကလက်တွေ လက်ဆောင်ပေးမယ်လေ :hee:

      ကထူးဆန်းခင်ဗျ
      ပြောင်းရွေ ့ကြေးက ထန်းလျက်ဂျိုးတစ်ပိဿာပါခင်ဗျ

      @first last
      ကျေးကျေးပါ ကျနော်လည်း
      မိထူး ပါ
      :hee:

      • ကိုခင်ခ

        October 3, 2012 at 11:34 pm

        မိတ်အင်မြန်မာ ချောကလက်နဲ့မို့
        အပြောမဖက်တော့ပါဘူး
        ဂိုဏ်းချုပ်ဆရာအလိုအရ
        ဝင်လိုက်ပြီဗျ။

  • ဒီလူဂျီး ဥဆာမိက နပ်ဒယ် ..
    ဂိုဏ်းမထောင်ခင် ခေါင်ကို ကိုင်ထားတယ် ..
    ကျုပ်ချရာဗိုက်ဂျီး ကဒေါ့ဖြင့် ခေါင်ကို မကိုင်မိလို့
    ဝရမ်းပြေးဘဝ ရောက်နေရပါကောလား ..
    နို့ .. ကိစ္စမရှိ ..
    သူ မရှိခင် ကျုပ် ထီးနန်း .. အဲ .. အူးဗိုက်ဝါဒီ ဂိုဏ်းကို သိမ်းပိုက်လိုက်ပြီ ….
    (မှတ်ချက် ။ ။ ဟိုလူဂျီးဒွေနဲ့တော့ အမျိုးမတော်ပါ)
    ဒီတော့ကာ ခင်ညားဂျီး ကျုပ်ဂိုဏ်းကို စော်ကားဘာနဲ့လို့ ပေါချင်ပါလယ် …
    ဒါဘာဗြဲ … ငွဲ .. ငွဲ ..

  • P chogyi

    October 3, 2012 at 9:29 am

    အတိုက်အခံပါတီ (အဲလေမှားသွားလို့) အတိုက်အခံဂိုဏ်းတစ်ခုပေါ်လာပြီ
    အူးဗိုက်ရေ ဘယ်လိုလုပ်မလဲ။
    သူက အဝီစိမြို့တော်က ဆိုတော့ မြေလည်းရှိပြီးသား လှူစရာမလိုတော့ဘူး။

  • kyeemite

    October 3, 2012 at 9:46 am

    အတွေးကောင်းအရေးကောင်းလေးမို့
    ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး ဖတ်သွားပါဂျောင်း…
    ကိုယ်တိုင်က ဟိုဂိုဏ်းပါလိုက်၊ ဒီဂိုဏ်းပါလိုက်နဲ့မို့
    ကျုပ်တို့ရွာထဲက ဟိုလူဂျီးနာမည်လို..
    ပါလေရာကြီးမိုက်ဖစ်နေဗျီ….. :hee: :kwi:

    • surmi

      October 3, 2012 at 12:53 pm

      အောင်မငေး ခြောက်မျက်နှာရယ်
      မစော်ကားပါဘူး ဒါပေသိ ခြောက်မျက်နှာရဲ ့ဆရာဗိုက် ဘာကြောင် ့ ဗိုက် လို ့
      ပြောပရစေနော် :kwi:

      @P chogyi
      မြေနေရာက ကိုရင်လှူထားတာလေ ။စိန်ဗိုက်ဆီက ပြန်လုလိုက်တာ :hee:

      ဦးမိုက်ခင်ဗျ
      ဒီဂိုဏ်းက တစ်နိုင်တပိုင် လျှပ်စစ်မီးလဲရပါတယ်ခင်ဗျ
      မီးမပျက်ချင်ရင်ဂိုဏ်းမြန်မြန်ဝင်ခင်ဗျ
      :harr:

  • Crystalline

    October 3, 2012 at 9:56 am

    ဦးဆာမိကတော့ လက်ကိုမှန်နေတာပဲ.. စကားမစပ် သူများတို့ဂျာမန်ကြီးက ထန်းလျက်ကြိုက်တယ်..သရက်သီးဆိုလည်းအသေကြိုက်တယ်.. သူ့မြေးလေးက ပြည်ကမလိုင်လုံးကို အသေကြိုက်.. ဝှိုက်ချောကလက်ထက်ကောင်းတယ်တဲ့.

  • ရွှေ ကြည်

    October 3, 2012 at 10:58 am

    လွှတ်ကောင်းဗျား…။
    ဗရာကြော်ပါကိုရင်ဆာမိရေ ဂိုဏ်းဝင်မလုပ်တော့ဘူးနော် ဒုတိယကျင့်စဉ်ကိုကြောက်လို့..။

  • Novy

    October 3, 2012 at 11:27 am

    ပြစ် ဆုပ် ပြန် ကမောက်ကမဝါဒီ ဂိုဏ်းချုပ်ကြီး ဆာမိ
    ကို မျက်နှာလုပ်ချင်လို့
    ဒဂုံမှာ ပင်မှည့်သီးအခူးထွက်တာ
    အစိမ်း၃လုံးပဲရှိလို့မခူးခဲ့ရဘူး
    ချိတ်ချိုးနဲ့နော် :harr:

  • ပန်းစံပါယ်

    October 3, 2012 at 11:55 am

    ဂိုဏ်းနာမည်ကို သဘောကျလွန်းလို့ ဘာပြောရမှန်တောင် မသိဘူးဖြစ်သွားတယ်။ စာရိုက်ထားတဲ့ ရိုက်ချက်ကလည်း မိတယ်။

    • surmi

      October 3, 2012 at 1:15 pm

      ခရစ်စတယ်လိုင်းရေ
      ကျုပ်အကြိုက်ကတော ့ ပြည်မလိုင်ထက်စာရင် ငါန်းဇွန်မြို ့ကမလိုင်ကိုပိုကြိုက်တာပဲ
      အထက်အညာမှာ ငါန်းဇွန်ထောပတ်က နာမည်ကြီးပဲလေ

      မရွှေကြည်
      စိတ်ဝင်စားရင် ပထမအဆင် ့ပဲ ကျင့်လို ့ရပါတယ် ဟဲ ဟဲ

      မနိုဗီခင်ဗျ
      လောလောဆယ်ဆယ်ပုံမှားရိုက်ဖို ့ ထန်းလျက်အတူးတွေပဲ လိုအပ်နေပါတယ်ခင်ဗျ

      @ပန်းစံပယ်
      ပါဝင်အားပေး ဖတ်ရှုသွားတာကျေးကျေးပါ
      :harr:

  • စိန်ဗိုက်ဗိုက်

    October 3, 2012 at 12:09 pm


    အမိန် ့ဒေါ်..
    အားလုံးသတိ..ဘိုရီးကိုလေးပု ဂေးအု

    ♣တရားမထိုင်ရ ( ဖင်ဂျွတ်တက်မည်၊ အိပ်ရေးပျက်မည်၊၊ ခြေထောက်ကျဉ်မည် )

    ♣ဥပုဿ်မစောင့်ရ (နေ ့စဉ်လိုအပ်တဲ့ ကယ်လိုရီ အာဟာရ ပြတ်မည်၊ ထမင်းငတ်မည်၊ ရေငတ်မည်၊ စိတ်ပင်ပန်းမည် .စသည်..)

    ♣ဘုရားကျောင်းမသွားရ ( ခြေထောက်ညောင်းမည်၊ အလုပ်ပျက်မည်၊ နားငြည်းမြည် စသည်..)

    ♣ဘုန်းကြီး မယ်သီလရှင် မဝတ်ရ ( ခေါင်းတုံးကြီးနှင့် ရုပ်ဆိုးမည်၊ လူဦးရေလျော့မည်၊ အိမ်ထောင်မရှိပဲနေရမည်၊ ဖက်ရှင်ဒီဇိုင်းမျိုးစုံ သုံးခွင့်နှင့် ဝေးမည် စသည်.. )

    ♣လှူတန်းသမှု မပြုရ ( စည်းစိမ်လျော့နည်းလိမ့်မည် ကိုယ်မကောင်းစားပဲ သူများကောင်းစားသည်မို ့ စသည်..)

    ♣စီတန်း မေတ္တာမပို ့ရ ( ဒင်နှင့်ထုခံရမည် အဖမ်းခံရမည်..တာလဘောဟင်းစားရမည်..ဂျပိုးကိုက်ခံရမည်.စသည်…)

    ♣ဘုရားသီချင်း၊ ဘုရားစာ မရွတ်ရ ( လည်ချောင်းနာမည်..လေကုန်မည်..စသည်….)

    အားလုံးသတိ..ဘိုရီးကို လေးပု ဂွေးအု
    အူးဗိုက်ဝါဒီ ဂိုဏ်းချုပ်ရာထူးအား ယနေ ့ အီအချိန် အီနေရာ အီပို ့စ်တွင်
    ပြစ် ဆုပ် ပြန် ကမောက်ကမ ဝါဒီဂိုဏ်း ဂေါင်းဆောင် အူးဆာမိအား အပြီးပိုင် လွှဲပြောင်းပေးအပ်လိုက်သည်။

    ကျနုပ်တို ့ဝါဒီအား လွတ်လပ်စွာ ကွဲလွဲ ခွင့်မပေး ဖမ်းဆီနှောင့်ယှက်သူတို ့အား ဟိုအခွင့်အရေး ဒီအခွင့်အရေး ရတဲ့အရေး ချိုးဖောက်မှုဖြင့် နိုင်ငံဒဂါသိအောင် လိပ်ဂေါင်းထွက်အောင် အော်ဆိုတောင်းခံ မည်မှာ မလွဲအေကန် မုချ အမှန်ဖြစ်ကြောင်း အသိပေးလိုက်ပါတယ်။

    လေးစားလျက်
    ဂိုဏ်းပြုတ် အူးဗိုက်

    ကဲ.ကဲ..
    ရာထူးလွှဲအပ်ခြင်း အခမ်းအနားပြီးဆုံးပြီမို ့ လွတ်လပ်စွာ ဘီအီးသောက်ခွင့်ပြုပါတော့ အရပ်ဂဒို ့

  • captainamerica

    October 3, 2012 at 12:36 pm

    ပို(စ်)ရော ကွန်မန်.တွေရော ကောင်းချက် လန်ထွက်နေတာပဲ စတယ်ယာ အစစ်ပဲဗျို.
    :kwi:

    • surmi

      October 3, 2012 at 1:20 pm

      :hee: :hee: ကပ္ပတိန် တို ့လည်းလုပ်ပါဦး
      တစ်ယောက်တစ်လက်ပေါ ့
      :hee:

    • Khaing Khaing

      October 4, 2012 at 1:29 pm

      ကပ္ပတိန်အမေရိကားဆိုတာ တကယ့်သင်္ဘောကပ္ပတိန်လားဟင် …. ဒါမှမဟုတ် ဘာကပ္ပတိန်များပါလိ့မ် ?????

  • surmi

    October 3, 2012 at 12:40 pm

    အမိန် ့တော်မြတ်အတိုင်းပါ ဂိုဏ်းချုပ်ဗိုက်
    ဂိုဏ်းချုပ်ချမှတ်ခဲ ့သောလမ်းစဉ်များကို စောင် ့ရှောက်ပြီး တစ်သက်ပတ်လုံး
    ဂျပိုး ကို လိပ် ဖြစ်ကြောင်းဖင်ပိတ်ငြင်းပါ ့မယ်
    နာခံတော်
    ပြစ်ဆုပ်ပြန် ကမောက်ကမဝါဒီဂိုဏ်းချုပ်

  • kyeemite

    October 3, 2012 at 1:35 pm

    “ကြီးမိုက်ဘာကြောင့်မိုက်” ဆိုတဲ့ပို့စ်လေးတစ်ယောက်ယောက်
    ရှဲဒိုးရေးမပေးချင်ကြဘူးလားဗျာတို့….
    စာမူခ သူခိုးဈေးပေးဝယ်ပါ့မယ်… :hee:
    :kwi:

  • AK-47

    October 3, 2012 at 1:41 pm

    ဂိုဏ်း ၂ ဂိုဏ်းက ၁ ဂိုဏ်းထဲ ဖစ်တွားရာရားဂျ။

  • မောင်ပေ

    October 3, 2012 at 1:42 pm

    အင်း ဗဲလရီးဂွတ် ပို ့စ် ပါပေတကား ကိုဆာမိရဲ ့
    ခင်ဗျားက ဂျလေဘီ ရောင်းတယ် ၊ ဂိုဏ်းထောင်တယ် ဆိုတော့
    ကျုပ် က လဲ ရွာထဲမှာ စီးပွားတစ်ခုလောက် လုပ်ချင်လာတယ်ဗျာ
    “““““ အဟမ်း… အဟမ်း…
    ယနေ ့၊ ယခု ၊ သည်ပို ့စ် ၊ သည်ကွန်မင့် မှ စရွေ ့
    ကျွန်တော် ကျွန်ုပ် ကျုပ်
    မောင်ပေ သည်
    ရွာထဲရှိသမျှ
    ဖင်ပိတ်ငြင်းချင်ကြပါသော ၊ ဆန္ဒရှိသူ ရွာသူားများအားလုံးအိ (မှတ်ချက် ဂျော်လကီးများမပါ) အကျိုးကို ကူညီပေးသည့်အနေဖြင့်
    ဖင်ပိတ်ရန် လိုအပ်သည်များကို
    အထူးဈေးနှုန်းဖြင့် ရောင်းချပါတော့မည် ဖြစ်ပါသည်
    သို ့ဖြစ်ပါရွေ ့
    ဖင်ပိတ်ငြင်းတော့မည် ဟု ဆန္ဒဖြစ်သည်နှင့် တစ်ပြိုင်နက်
    ကျွန်ုပ် ကျုပ် မောင်ပေ အား
    အမြန်ဆုံး သတိရတော်မူကြပါဟု
    အရေအတွက်များသူများအား အထူး ဒစ်စကောင့် ချပေးပါမည် ဖြစ်ပါကြောင်း
    တစ်ရွာလုံး သိစေရန် (မှတ်ချက် ဂျော်လကီးများမပါ) အကြောင်းကြားအပ်ပါသည်…။
    အားလုံးအား လေးစားချစ်ခင် ခင်မင်စွာဖြင့်
    အချစ်တို ့၏ တပည့်
    အချစ်သေးသူ
    မောင်ပေ ”””””

    • surmi

      October 3, 2012 at 2:09 pm

      မပူနဲ ့ဦးမိုက်
      ထန်းလျက်သာပို ့ပေး ရှဲဒိုးလုပ်မယ် ဟဲဟဲ

      အေကေ ၄ရ ရေ
      ရွာထဲဝင်ဝင်ချင်းပေးတဲ ့ကွန်မန် ့အတွက်ကျေးကျေးးးးးး

      ဦးပေခင်ဗျ
      ကုန်ပစ္စည်းသစ်ဆို ဒါ ့ပုံပြရဒယ်လေ ဟဲဟဲ
      ကြောက် ချရာတွေတော ့လုပ်နဲ ့နော်
      :harr:

      • မောင်ပေ

        October 3, 2012 at 2:15 pm

        ခင်ဗျားကြီး ၊ ကျုပ်ကို ဘောပွဲ အကြောင်း ရေးခိုင်းပြီး
        လာကော ဖတ်ဖြစ်ရဲ ့လားဗျို ့

        • surmi

          October 3, 2012 at 2:24 pm

          ဖတ်တယ်ဗျ
          ပြီးမှလုပ်ချင်ရာလုပ်ထည် ့လိုက်တာ ခွက်ခွက်ကိုလန်နေတယ်
          ဒီည အေးဆေးလာခဲ ့မယ် စိတ်ချ

  • မိုချို

    October 3, 2012 at 1:45 pm

    ဦး ဆာမိရေ
    ရွာထဲ ကို အသံတိတ်ပဲချောင်း ဖြစ်နေတာ ကြာပြီ။ ခုတော့ မနေနိုင်လို့ အသံထွက်ပြီး ရီ လိုက်တော့ မယ်။
    တုက်တုက်ဆိုင်ဆိုင် ဟိုဘက်က သစ်ထူး လွင် မှာ မိုးပြာ နဲ့ ပက်သက်တဲ့ သတင်းနဲ့ ကွန်မန့် တွေ ဖတ်လာ ပြီး ဂဇတ်ထဲ ဝင်လိုက်တော့ ဒီပိုစ့် ကို အရင်ဆုံး ဖတ်မိရက်သား ဖြစ် နေတယ်။ ရေးလဲ ရေးတတ် ပါပေတယ်။

  • Wow

    October 3, 2012 at 1:55 pm

    အူးဆာမိတို့ အရေးအသားလန်းချက်ကတော့ ဒီနေ့ပဲတင်တယ်.. ဒီနေ့ပဲ မန့်ထားတာ ၃ဝ ကျော်သွားဘီ….
    ၄စားပါဒယ်… ခွက်ဒစ်တူ ကဗိုက်(ဂိုဏ်းပြုတ်)
    ကဗိုက်က ဂိုဏ်းချုပ်ရာထူးကို အကောင်းလွှဲတာဟုတ်ဘူး သူသပ်ရိုက်ခံရမှာစိုးလို့
    :harr:

    • surmi

      October 3, 2012 at 2:20 pm

      မမိုချို
      တော်တော်ပျောက်ချက်ကောင်းနေတယ်နော်။ကျနော်မိုချိုကိုအကျွေးဆပ်ဖို ့ကျန်တာလေး
      နောက်တစ် ခါ မမိုချိုပို ့စ်တင်မှ ဆပ်တော ့မယ် ။

      @Wow
      ၄ စားရင် ၅ လျော်ပါခင်ဗျ
      ကျုပ်က လဘ်ထိုးထားတော ့ အေးဆေး
      ဘာသပ်မှမကြောက်ဘူး

      @ရွှေအိ
      :harr: :hee:

  • etone

    October 3, 2012 at 4:14 pm

    :hee: :harr: ရယ်လိုက်ရတာ တခွီးခွီးးးးး ။
    ဒီ ဥပဓိရုပ်နဲ့ ၊ ဒီလို စာမျိုးရေးတတ်လိမ့်မယ် ..ထင်မထားဘူး … ခွိခွိ :kwi:

    ဂိုဏ်းသစ်ထောင်တိုင်းတော့ … ဟိုးလေးတကျော်ကျော်နဲ့ …. ဂိုဏ်လည်း ပြုတ်ရော .. အသံတောင်မထွက်နိုင်ပဲ … အသီးပါကွဲရော … ခွိခွိ ။ :hee:

    • surmi

      October 4, 2012 at 8:33 am

      ဟဲဟဲ ခုတော ့သိပြီပေါ ့ဟုတ်လားဒေါ်အိတုန်
      ကျုပ်က တစ်ခါတစ်လေဒီလိုဘဲ လူလစ်ရင် ထ ထ ဖေါက်တယ် :hee:

      မွန်ကစ်ရေ
      ဘယ်လို လိုက် လိုက်
      ကျေးကျေးဗျို ့
      :harr:

  • Mon Kit

    October 3, 2012 at 4:23 pm

    ဦးဆာမိရှင့်…
    ထောင်စရာ လက်မ မရှိလို့ လိုက် (like) သွားပါတယ်…
    ဗဲရီးဂွတ်……… :hee:

  • MaMa

    October 3, 2012 at 5:29 pm

    ဂိုဏ်းတွေကတော့ ရှယ်တွေချည်းပဲ။
    ဒါပေမယ့် ဘယ်ဂိုဏ်းမှ ဝင်လို့ မဖြစ်ဘူး။
    အရင်ဝင်ထားတဲ့ ဂိုဏ်းတွေကတင် မနည်းဘူး ဖြစ်နေပြီ။
    ဒါပေမယ့် ရွာထဲမှာ အကြားအမြင်ဟောပြီး လုပ်စားလို့ရရင် မယ်တော်ကြီးဆိုပြီး ဂိုဏ်းသစ်ထောင်ပြီး ဂိုဏ်းချုပ်လုပ်စားပစ်လိုက်မယ်။ :harr:

    • pooch

      October 3, 2012 at 10:24 pm

      မမဒါဆို ကျမတို့ကို အကြားအမြင်နည်းနဲ့ ငွေတွေ အစုလိုုက်အပြုံလိုက်ဝင်အောင် ဘယ်လိုလုပ်ရမလဲ ပြောပေးအုန်းနော်။ :mrgreen:

  • Hnin Hnin

    October 3, 2012 at 6:54 pm

    ဖတ်တာ နောက်ကျသွားတယ်…ရယ်လိုက်ရတာ..အရေးအသားကလည်း
    ကောင်းချက်….. Like

    • surmi

      October 4, 2012 at 8:44 am

      အန်တီမမ
      ဂိုဏ်းဖွင် ့ပွဲကြရင်ဖိတ်ဦးနော်
      လုပ်ရင်လည်းမြန်မြန်လုပ် ဗျ ။ပြီးရင်ကျနော ့ဇာတာလေးကြည် ့ပေးဦး
      ဘယ်တော ့အရိုက်ခံရမလဲလို ့ :harr:

      ဒေါ်ပုချ်
      သဌေးဖြစ်ချင်ရင် ချောကရက်လုပ်နည်းပေးထားတယ်လေ ဟဲဟဲ

      မနှင်းနှင်းရေ
      ဘယ်နောက်ကျတယ်ဘယ်ဟုတ်ပါ ့မလဲဗျာ
      ရီရ တယ်ဆိုတော ့လည်း ကျုပ်ပေါရကျိုးနပ်တာပေါ ့ ဟေးဟေး

  • nature

    October 4, 2012 at 12:40 am

    ဪ….ဆာမိ ဘယ်များရောက်နေလဲလို့ပစ်စုတ်ပန်ကန်မဝါးဒီး ဂိုဏ်းချုပ်ဖြစ်နေတာကိုး။ ထောင်ဝင်စာတွေ့ပေးမယ်လို့အာမခံနဲ့ကိုဝါဒဖြန့်နေတောတာပဲ ။ 🙂

    ဒေါသဆိုတာအာရုံနဲ့ဒါွရတိုက်ဆိုင်မှသာဖြစ်တာပါ။

  • Moe Z

    October 4, 2012 at 8:29 am

    အူးအူးဆာမိရေ သတ်ပုံလာပြင်ပါတယ်
    သပ်ပုံဂိုဏ်းမဟုတ်ပဲ သတ်ပုံဂိုဏ်းပါရှင့်
    ပြစ် ဆုပ် ပြန်ဂိုဏ်းထဲဝင်ရင် သဂျီးကသပ်မရိုက်မှာသေချားလားဟင်င်င် :mrgreen:

    • surmi

      October 4, 2012 at 8:53 am

      လက်စသတ်တော ့ မိုးZ က သတ်ပုံဂိုဏ်းကကိုး းးးးးးးး
      စိတ်ချ သဂျီးကိုပိုင်ပြီးသား လာသာလာခဲ ့
      အနည်းဆုံး ချောကလက် အတုတော ့စားရမယ် :hee:

      ဦးနေးချားရေ
      အဖြစ်က အဲဒီလိုလေ ဟဲဟဲ

  • လယ်ထွန်Z

    October 4, 2012 at 9:07 am

    ဗျို့ ဦးဆာမိ
    ကျုပ်တို့ နှူးဘာဂိုဏ်းက ဂိုဏ်းသစ်တိုးတဲ့အတွက် အားပေးထောက်ခံပါကြောင်း ..
    မတူတာဒွေ ထားပီး တူတာတွေ ပေါင်းလုပ်ချင်ပါကြောင်း..
    (ဟီဟိ… အဘတို့ ပေါသလို ပေါကြည့်တာပါ..)

    ခင်တဲ့

    :kwi:

    နှူးဘာဂိုဏ်းချုပ်

    • Novy

      October 4, 2012 at 9:30 am

      မိဂီတို့က နာမည်ပြောင်းတာတောင် Zကလေးကပါလိုက်သေး
      နှူးဘာဂိုဏ်းချုပ်ဆိုတာ နံမည်သာဆိုးတာပါအေ
      အကြားအမြင်တော့တိုးသား

    • surmi

      October 4, 2012 at 9:39 am

      နှူးဘာဂိုဏ်းချုပ်ကြီးကိုကြိုဆိုပါဒယ်
      မတူတာတွေထားပြီး တူတာတွေပေါင်းလုပ်ရရင်ဖြင် ့
      ကဲ ကြာသလားလို ့ လျှပ်စစ်ဓတ်အားထုတ်ပြီးနိုင်ဂံဒေါ်ဂို ကူညီကြစို ့
      :harr:

  • ကြောင်ကြီး

    October 4, 2012 at 9:27 am

    သဂျီးက အမေရိကန် ကွန်ဂရက်စ်ကို တိုင်မယ်တဲ့…။ အစီရင်ခံစာ ထွက်လာရင် ဂေဇက်ရွာထိပ်မှာ ဧရာမစာလုံးဂျီးနဲ့ အသေချိတ်ထားမယ်တဲ့…။

  • surmi

    October 4, 2012 at 9:50 am

    ဦးကြောင်ကြီးခင်ဗျ
    သဂျီးကိစ္စကို ဦးကြောင်ပဲတာဝန်ယူပေးပါ
    လိုအပ်ရင် လူ ့အခွင် ့ရေးဘာညာတွေအော်ပေးဘာ
    :kwi:

  • မောင်ဘလိူင်

    October 4, 2012 at 10:34 am

    ရေးလည်း ရေးတတ်ပ ဦးဆာမိရေ…ဖတ်ပြီး အသံထွက်အောင်
    တောင် ရီ မိတယ်..။ ဂိုဏ်းလောက ရဲ့ စိန်ခေါ်သံ တွေများ ကြား
    ရဦးမလား မသိဘူး။ :hee:

  • may flowers

    October 4, 2012 at 11:19 am

    ဘယ်သူပေးပေး မပေးပေး ဒီလအတွက် မန်းဂေဇက်စာပေဆုကို တိုးတိုးလေးကျိတ်ပြီးပေးလိုက်

    ပါတယ်။ တကယ့်ကို လှိုက်လှိုက်လှဲလှဲ ရယ်ရယ်မောမောနဲ့ လက်မထောင်ခဲ့ပါတယ် ကိုဆာမိရေ။

  • Tin Tin

    October 4, 2012 at 12:01 pm

    ကိုဆာမိရေ.. ဂိုဏ်းသစ်နာမည်နဲ့ ရေးထားတာကလည်း ထိထိမိမိရှိလှပါတယ်။
    လေးလေးစားစား အားပေးသွားပါကြောင်း……..
    “ ပြစ် ၊ ဆုပ် ၊ ပြန် ….ကမောက် ကမ ဝါဒီဂိုဏ်း ”
    ပြစ် = အပြစ်များစွာရှိသောသူ
    ဆုပ် =ဆုပ်လည်းဆူး စားလည်းရူး ဘဝ ဖြစ်နေသောသူ
    ပြန် = ပြန်လှည် ့၍ မရတော ့ သော ဘဝရွေးချယ်သူ

  • surmi

    October 4, 2012 at 3:13 pm

    မေဖလားဝါး နဲ ့ မတင်တင်ခင်ဗျာ
    ရယ်သောသူအသက်ရှည်၏ တဲ ့ ။ ရယ်ရယ်မောမော အားပေးဖတ်ရှုသွားတာကျေးကျေးပါဗျာ
    လေးစားခင်မင်လျက်
    surmi
    :hee:

  • Wow

    October 5, 2012 at 9:54 am

    Comment တွေတော်တော်များများနီနေတာတွေ့ဒေါ့ အူးဆာမိကို တိတ်တခိုးအားပေးနေသူဒွေ နဲဘူးရယ်…
    လူဇိုး… အမည်မဖေါ်လိုသူတွေကို တိတ်တိတ်လေးစည်းရုံးထားတယ် :kwi: :harr:

    • Moe Z

      October 5, 2012 at 12:09 pm

      နောက်တစ်ခေါက် ဝင်ကြည့်ပြီး ထပ်ရယ်သွားပါတယ်

      အူးအူးဆာမိရေ မမWow က လူတိုင်းမဖတ်မိမှာစိုးလို့ သူကိုယ်တိုင် အာဘွားပေးပြီး သတိထားမိအောင်လုပ်တာ စေတနာနဲ့ စေတနာနဲ့ :mrgreen:

Leave a Reply