Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

စီးပွားရေးပညာ မဟာဝိဇ္ဇာဘွဲ့ပညာသင်ဆု လျှောက်လွှာခေါ်ယူခြင်း

manawphyulayOctober 3, 20122min2192

CALL FOR APPLICATION
Full Scholarship for Master of Arts in Economics International Program (two
years program) at Thammasat University Thailand, Academic Year 2013

စီးပွားရေးပညာ မဟာဝိဇ္ဇာဘွဲ့ပညာသင်ဆု လျှောက်လွှာခေါ်ယူခြင်း

ထိုင်းနိုင်ငံ သမားဆက် ( Thammasat University) တက္ကသိုလ်တွင် ဇွန်လ ၂၀၁၃ မှ ဇွန်လ ၂၀၁၅ ထိ နှစ်နှစ်ကြာ တက်ရောက် သင်ယူနိုင်မည့်
စီးပွားရေးပညာမဟာဝိဇ္ဇာဘွဲ့ အတန်းအတွက် ပညာသင် ဆု လျှောက်လွှာများစတင်ခေါ်ယူပြီဖြစ်ကြောင်းအသိပေးအပ်ပါသည်။

ထိုင်းနိုင်ငံတွင်အခြေစိုက်သော Heinrich Böll Foundation (HBF) ဟိန်းနရစ်ချ် ဘော ဖောင်ဒေးရှင်း၏ အရှေ့တောင်အာရှရုံးခွဲမှ အဆိုပါစီးပွားရေးမဟာဘွဲ့အတွက် စကောလားရှစ် သုံးခု အထိပေးအပ် မည်ဖြစ်ပြီး ထိုဖောင်ဒေးရှင်းမှာ ချင်းမိုင်တက္ကသိုလ်ရှိ Regional Center for Sustainable Development မှ မဟာဝိဇ္ဇာဘွဲ့အတွက်လည်းကောင်း၊ ထိုင်းနိုင်ငံချူလာ လောင်ကွန်းတက္ကသိုလ်မှ Master
of Arts in International Development Studies မဟာဝိဇ္ဇာ ဘွဲ့အတွက် လည်းကောင်း၊ ၂၀၀၄ ခုနှစ်မှစတင်ကာ နှစ်စဉ် ပညာသင် ဆုများ ပေးအပ်နေသော ဖောင်ဒေးရှင်းတစ်ခုလည်းဖြစ်သည်။
မြန်မာနိုင်ငံ ဒီမိုကရေစီအပြောင်းအလဲ တွင်လိုအပ်မည့် လူ့စွမ်းအား အရင်းအမြစ်ကို ပံ့ပိုးပေးလိုသော ရည်ရွယ်ချက်ဖြင့် HBF အနေဖြင့်
ထိုင်းနိုင်ငံရှိ တက္ကသိုလ်ကြီးသုံးခုနှင့်ချိတ်ဆက်ပြီး၂၀၀၄ ခုနှစ်မှာစတင်ကာ မြန်မာနိုင်ငံအတွင်းမှလူငယ်များကို ပညာသင်ဆုများအပ်နှင်းခဲ့သည်။ ယခုအခါ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေး နယ်ပယ်အသီးသီးတွေဝင်ရောက် တာဝန်ယူနေကြသော ပညာသင်ဆုရှင်ပေါင်း ၄ဝ နီးပါးကိုမွေး ထုတ်ခဲ့ပြီးဖြစ်ပါသည်။

မဟာဝိဇ္ဇာဘွဲ့အတွက်သင်ယူရမည့်ဘာသာရပ်များ

မဖြစ်မနေသင်ယူရမည့်ဘာသာရပ်များ
• Microeconomics,
• Macroeconomics,
• Mathematical Economics,
• Statistics for Economics,
• Econometrics,
• Research Methods in Economics

ရွေးချယ်သင်ယူနိုင်သောဘာသာရပ်များ

• Political Economics,
• Economic Theory,
• Quantitative Economics,
• Mathematical Economics,
• Econometrics,
• Monetary Economics,
• Public Economics,
• International Economics,
• Development Economics,
• Human Resource & Natural Resource Economics,
• Human Resource Economics,
• Natural Resource & Environment Economics,
• Industrial Economics, Agricultural Economics

အသေးစိတ်အချက်အလက်များကိုသိရှိလိုပါက အောက်ပါ ဝက်ဆိုက်ဒ်သို့လည်း သွားရောက်ကြည့်ရှုနိုင်ပါသည်။
http://www.econ.tu.ac.th/

မည်သူတို့လျှောက်ထားနိုင်သနည်း။

၁။ (B.A) အဆင့်တွင် စီးပွားရေးနှင့်ပတ်သက်သောဘွဲ့တစ်ခုရပြီးဖြစ်ရမည်။ သချာင်္နှင့်စာရင်း အင်းပိုင်း ကိုလေ့လာဖူးသူဖြစ်ရမည်။

၂။ မြန်မာနိုင်ငံတွင် နေထို်င်သူမြန်မာနိုင်ငံသားဖြစ်ပြီး ကျောင်း ပြီးသောအခါ မြန်မာနိုင်ငံသို့ ပြန်ရန် စိတ်အား ထက်သန်သူဖြစ်ရမည်။

၃။ TOFEL နှင့် IELTS အစရှိသော အင်္ဂလိပ်စာအရည်အချင်းစစ်စာမေးပွဲ ရမှတ်များပြရန် လိုအပ်သည်။ အင်္ဂလိပ်ဘာသာစကားလိုအပ်ချက် အသေးစိတ်ကို ဝက်ဆိုက်ဒ်တွင်ကြည့်ပါ။

၄။ ပညာသင်ဆုရွေးချယ်ခံရသူသည် ကျောင်းတက်နေစဉ်ကာလ တစ်လျှောက်လုံး ကျောင်းသားအဖြစ် တက္ကသိုလ်တွင်မှတ်ပုံတင် ထားရန်လိုအပ်သည်။ ကျောင်းစာကို ရာနှုန်းပြည့် အာရုံစိုက်နိုင် သူဖြစ်ရမည့်အပြင် HBS နှင့်သဘောတူ လက်မှတ်ရေးထိုးထားသော
MOU တွင်ပါရှိသော အချက်အလက်များအားလုံးကို လိုက်နာရမည်။

၅။ ဖောင်ဒေးရှင်းအနေဖြင့် မြန်မာနိုင်ငံတွင် လုပ်ငန်းအတွေ့အကြုံရှိပြီး ရပ်ရွာအကျိုး သယ်ပိုး လိုစိတ်ပြင်းပြသော၊ အရပ်ဘက်လူ့အဖွဲ့အစည်းများ၊
အစိုးရနှင့် ပုဂ္ဂလိက လုပ်ငန်းများ တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူများကို ဦးစားပေးရွေးချယ်လိုသည်။

၆။ ထို့ပြင်ကျားမညီမျှရေးကို အလေးဂရုပြုသည့် အားလျော်စွာ ပညာသင်ဆုအရေအတွက် အချိုးတွင် အမျိုးသားလျှောက်ထားသူများရော၊ အမျိုးသမီးလျှောက်ထားသူများ ကိုပါမျှတစွာ စဉ်းစား ရွေး ချယ်သွားမည်ဖြစ် သည်။ ထို့ပြင်တိုင်းရင်းသား လူမျိုးများပါဝင်နိုင်ရေးကိုလည်း ထည့်သွင်းစဉ်းစားသွားပါမည်။

ပညာသင်ကြားခွင့်ရရှိသော ကျောင်းသားကျောင်းသူများအနေဖြင့် လုံလောက်သော ပညာသင်စရိတ်ကို ခံစားခွင့်ရှိမည်ဖြစ်သည်။ HBF ၏ရည်ရွယ်ချက်မှာ
ကျောင်းသားကျောင်းသူများကမာ္ဘ့အရေး နှင့် ဒသတွင်းနိုင်ငံများ အရေးသာမကနိုင်ငံဖွံ့ဖြိုးရေး နှင့် ရေရှည်ခံ တည်တံရေးကို ပညာရပ်ဆန်ဆန် ဆင်ခြင်သုံးသပ်နိုင်ရန်နှင့် ကိုယ်ရည်ကိုယ်သွေးမြင့်မားလာစေရေး အတွက် ကူညီနိုင်ရန် ရည်ရွယ်သည်။

ပညာသင်ဆုရရှိသူများအတွက် အောက်ပါအသုံးစရိတ်များကို HBF မှပံ့ပိုးပါမည်။

၁။ ကျောင်းလခနှင့် ကျောင်းသားအဖြစ်မှတ်ပုံတင်ကြေးများ

၂။ လေယာဉ်လက်မှတ်ခအပါအဝင်ခရီးစရိတ်များ
(က) မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံကြား အသွားအပြန်လက်မှတ်တစ်စောင်စီ
(ခ) အကယ်၍ ခရီးထွက်ရသောသုတေသနရှိခဲ့လျှင် လိုအပ်သောခရီးစရိတ်

၃။ နေထိုင်စရိတ်နှင့် နေ့စဉ်အစားအသောက်အတွက် သုံးစွဲနိုင်ရန်လစာငွေ

၄။ စာအုပ်စာတမ်းဝယ်ရန်နှင့်ဘွဲ့ယူစာတမ်းအတွက်ကုန်ကျငွေ

၅။ကျန်းမာရေးအာမခံ

လျှောက်လွှာကိုနိုဝင်ဘာလ ၁ ရက် ၂၀၁၂ မှစတင်ကာ ၃၁ဒီဇင်ဘာ ၂၀၁၂ ရက်နေ့နောက်ဆုံး ထား၍ပေးပို့နိုင်ပါသည်။ လျှောက်လွှာများကို စာအိတ်ဖြင့်
(အီးမေးလ်ဖြင့်မဟုတ်ပါ) အောက်ပါလိပ်စာ အတိုင်းပေးပို့နိုင်ပါသည်။

Graduate Studies Program Faculty of Economics, Thammasat University:
The Faculty of Economics, Thammasat University
2 Prachan Rd., Bangkok
10200, THAILAND

Contact person: Ms. Wannah Vejbrahm
E-mail: wannah@econ.tu.ac.th
Tel: +66 2 613 2422, +66 2 613 2425
Fax: +66-2-224-9428
Website: http://www.econ.tu.ac.th/

သတိပြုရန်အချက်များ

၁။ လျှောက်လွှာများကိုဖောင်ဒေးရှင်းသို့သီးသန့် ပေးပို့ရန်မလိုပါ။

၂။ တက္ကသိုလ်ကပြည့်စုံသောလျှောက်လွှာများကိုသာလက်ခံ မည်ဖြစ်သည်။အကယ်၍ လျှောက်လွှာ တင်ချိန်လွန်မှ ပေးပို့နိုင်မည့် စာရွက်စာတမ်းများ ရှိပါက တက္ကသိုလ်၏ သက်ဆိုင်ရာ ဌာနသို့ ကြိုတင် အကြောင်းကြားပါ။

၃။ လျှောက်လွှာတွင် The Heinrich Böll Foundation ဖောင်ဒေးရှင်းမှ ပညာသင်ဆုကို လျှောက်ထားလိုသည့်အကြောင်းရှင်းလင်းစွာဖြည့်စွက်ပါ။

၄။ လျှောက်လွှာပေးပို့မှုနှင့် ပတ်သက် ၍အဆင့်ဆင့် လုပ်ဆောင်ရန် လိုအပ်သည်များကို အသေးစိတ်ထပ်မံသိရှိလိုပါက အထက်ပါဌာန လိပ်စာသို့တိုက်ရိုက်ဆက်သွယ်နိုင်ပါသည်။

၅။ လုံလောက်သောပညာအရည်အချင်း၊ အင်္ဂလိပ်စာအရည်အချင်း ရှိသဖြင့် တက္ကသိုလ်က ရွေးလိုုသူများသာ HBF ကရွေးချယ်ရမည်ဖြစ်ပြီး ထိုသူများ၏လျှောက်လွှာများသာလျှင် တက္ကသိုလ်က HBF ထံသို့ ပေးပို့မည် ဖြစ်ပါသည်။

၆။ http://www.econ.tu.ac.th/၏ admission တွင် လျှောက်လွှာကို download ရယူနိုင်ပါသည်။

၇။ နောက်ဆုံးအဆင့်တွင် ပညာသင်ဆုအပ်နှင်းရန် အထက်ပါ အရည်အချင်းများနှင့်ကိုက်ညီသူကို HBF နှင့် သက်ဆိုင်ရာ တက္ကသိုလ်တို့က စကာတင်စာရင်းမှ ထပ်မံရွေးချယ်ရမည်ဖြစ်သည်။

၈။ ရွေးချယ်ခံရသူများကို ၂၀၁၃ ခုနှစ် အစောပိုင်းတွင် HBF နှင့် သက်ဆိုင်ရာ တက္ကသိုလ်တို့က အကြောင်းကြားပေးပါမည်။

၉။ ထိုသို့အကြောင်းပြန်ရာတွင် ပညာသင်ဆုအတွက်ရွေးချယ်ခံ ရသူကိုသာ အကြောင်းပြန်မည် ဖြစ်ပါသည်။

၁၀။ သို့သော် စိတ်ဝင်စားသူများအနေဖြင့် လာမည့်နှစ်များတွင်လည်း ဆက်လက်လျှောက်ထားနိုင်ပါသည်။

၁၁။ လိုအပ်ပါက ၂၀၁၃ စာသင်နှစ်များမတိုင်မီ ပဏာမပြင်ဆင်ချိန် အတန်းများ တစ်လခန့် တက်ရောက် ခွင့်ရရှိနိုင်ပါသည်။

Contact
Heinrich Böll Stiftung Southeast Asia:
Contact person: Ms. Nwet Kay Khine
Email: boell.yangon@gmail.com
For further information see also:
http://www.boell-southeastasia.org/

2 comments

  • ပန်းစံပါယ်

    October 3, 2012 at 1:51 pm

    အင်း စီးပွားရေးပညာရပ်ကိုလေ့လာသင်ယူဖို့ စိတ်လည်းဝင်စား ဝါသနာလည်းပါပေမယ့် စီးပွားရေးနဲ့ပတ်သက်တဲ့ဘွဲ့ကိုရထားတာမဟုတ်လေတော့ ဖတ်ရုံပဲ ဖတ်ရှုပြီး နီးစပ်ရာကို ထပ်ဆင့် သတင်းပေးလိုက်ပါမယ်နော်။

  • the best

    October 3, 2012 at 7:35 pm

    ဒီလိုအခွင့်အရေးမျိုးတွေ၊ ဘာသာရပ်တိုင်းမှာ ရှိပါတယ်။
    BA, MA, PhD, Engineering, IT စသဖြင့် အားလုံးရှိပါတယ်။

    သတင်းအရင်းအမြစ်ရထားတဲ့ တာဝန်ရှိသူတွေက
    အခုလိုသတင်းမပေးပဲ နီးစပ်ရာကို လက်သိပ်ထိုး အကြံအဖန်လုပ်သွားကြပါတယ်။

    အခုလို manawphyulay ရဲ့ သတင်းပေး ပို ့စ်ဟာ သက်ဆိုင်သူတွေအတွက်
    သိပ်တန်ဖိုးကြီးပါတယ်။ ကျယ်ကျယ်ပြန် ့ပြန် ့သိနိုင်အောင် နည်းလမ်းရှာပေးစေလိုပါတယ်။

    လေးစားပါတယ် manawphyulay ရေ။

Leave a Reply