ဗလာ
ဟိုးရှေးရှေးတုန်းက တံငါရွာလေးတစ်ရွာမှာ အဘိုးအိုတစ်ယောက်နေထိုင်တယ ်၊ အဘိုးအိုဟာ သူ့ရဲ့ ဘဝတစ်လျှောက်လုံး ငါးဖမ်းခြင်းနဲ့ပဲ အသက်မွေးဝမ်းကျောင်းပြုခဲ့ ပါတယ်။ သူဟာ သူ့ရဲ့ဘဝကို ဒီလို သက်တောင့်သက်သာလေးပဲ ကျော်ဖြတ်ခဲ့တယ်။ ဒါပေမဲ့ တစ်ခုသော ငါးဖမ်းနိုင်တဲ့ ရာသီမှာတော့ အဘိုးအို ဟာ ရာသီကုန်ခါနီးသည်အထိ ငါးတစ်ကောင်မှ မဖမ်းနိုင်ခဲ့ပါဘူးတဲ့.. ကျန်တဲ့ တံငါသည်တွေကလည်း အဘိုးအိုဟာ.. လဘ်တိတ်နေတယ်.. သူနဲ့အတူငါးဖမ်းမထွက်ကြနဲ့ ဆိုပြီး.. သူနဲ့ဘယ်သူမှ ငါးအတူ ဖမ်းမထွက်ကြဘူးတဲ့။ အဲဒါနဲ့အဘိုးအိုဟာ တစ်ယောက်တည်းပဲ လှေတစ်စင်းနဲ့ငါးဖမ်းထွက်ခ ဲ့ပါတယ်။ သူဟာ ရွာနဲ့အတော်လှမ်းတဲ့နေရာမှ ာ ငါးမျှားချိတ်လေးချပြီး..မျှော်လင့်ချက်မဲ့စွာနဲ့ ငါးဖမ်းနေခဲ့တယ်။ အဲဒီမှာ ရေအောက်ကတစ်စုံတစ်ရာဟာ သူ့ရဲ့လှေကိုစွေ့ခနဲ ဆွဲလိုက်တယ်ဆိုရင်ပဲ သူ့ရဲ့ပါးစပ်ထဲက ဆေးလိပ်တိုလေးဟာ လှေဝမ်းထဲကိုပြုတ်ကျသွားခဲ ့တယ်။ သူထိတ်လန့်သွားတယ် “ဟာ.. ဘာပါလိမ့်”.. ဆိုပြီး သူကြည့်လိုက်တဲ့အခါ သူတအား အံ့ဩပြီး ဝမ်းသာသွားတယ် ဘာလို့လဲဆိုတော့ သူ့ငါးမျှာချိတ်မှာမိနေတာက သူ့တသက်မှာ တစ်ခါမှ မရခဲ့ဖူးတဲ့ ငါးကြီးကြီးတစ်ကောင်လေ။ သူ့ရဲ့လှေထက်တောင် ကြီးသေးတဲ့ ငါးကြီးကြီးတစ်ကောင်ပေါ့။ သူဟာ ဆုံးဖြတ်ချက်ချလိုက်တယ်.. ဒီငါးကြီးကို သူရအောင်အိမ်ပြန်သယ်မယ်လို့.. အဲဒီမှာ ငါးကြီးနဲ့သူ့ရဲ့တိုက်ပွဲစ တော့တာပါပဲ..
ဖွဲကြီးလှတဲ့ငါးကြိးကလည်း သူ့ရဲ့အာခေါင်မှာ သွေးစိမ်းရှင်ရှင်ထွက်ပြီး နာကျင်နေတဲ့ ဒဏ်ကို ကျိတ်မှိတ်ခံပြီး လူသားရဲ့လက်ကအပြင်းအထန်ရုန ်းထွက်နိုင်အောင်ကြိုးစားတ ယ်။ အဘိုးအိုကလည်း သူ့ရဲ့အတ္တအတွက် ငါးကြီးကိုမလွတ်မြောက်အောက ် အားကန်ပြီး ဆွဲထားတယ်။ အဘိုးအိုရဲ့အသားမာတက်ပြီးသ ား လက်တွေဟာ.. အက်ကွဲလုမတတ်ပါပဲ… လက်ရဲ့ဆွဲအားတစ်ခုတည်းနဲ့ ဆိုရင် ငါးလွတ်သွားမှာစိုးတဲ့အတွက ်.. သူ့ရဲ့ပခုံးမှာ ငါးမျှားချိတ်ကြိုးကို သိုင်းချည်ပြီး ဆွဲထားခဲ့ရတယ်.. အဲလိုနဲ့ ငါးကြီးနဲ့ အဘိုးအိုရဲ့အားပြိုင်ပွဲမှ ာ.. နောက်ဆုံးတော့ ငါးကြီးကအဘိုးအိုကို အရှုံးပေးလိုက်ရပါတယ်…အဲဒီအချိန်မှာ အဘိုးအိုရဲ့လှေဟာလည်းပင်လယ ်ထဲကို ရောက်လုနီးပါးဖြစ်နေပါပြီ… ငါးကြီးနဲ့ အားပြိုင်ခဲ့တဲ့ အဘိုးအိုဟာလည်း ခြေကုန်လက်ပန်းကျလုမတတ်ပါပ ဲ… ဒါပေမဲ့ အဘိုးအိုရဲ့စိတ်ကတော့ လန်းဆန်းနေစဲပါပဲ.. သူ့ရဲ့မျက်စိထဲမှာ.. ငါးကြီးကိုထမ်းပြီး ရွာထဲကိုဝင်ရတဲ့ခြေလှမ်း.ရွာထဲကလူတွေက သူ့ကိုလှမ်းကြည့်တဲ့ ချီးကျုးဂုဏ်ပြုတဲ့အကြည့်… ဒီငါးကိုရောင်းလိုက်ရင် ရလာမဲ့ ငွေ.. ဒါတွေကိုပဲ သူမျက်စိထဲမှာ မြင်နေခဲ့တယ်.. သူရဲ့လှေပင်လယ်ထဲရောက်လုနီ းပါးဖြစ်တာလဲသူမကြောက်ခဲ့ပ ါဘူး.. အခုအချိန်မှာ သူဟာ အရာရာကို စွမ်းဆောင်နိုင်တဲ့လူဖြစ်ေ နပြီလေ… သူဟာ.. ငါးကြီးကိုသူရဲ့လှေဘေးမှာ ဖြစ်သလိုချည်ပြီး.. အိမ်ကိုပြန်ခဲ့ပါတယ်… အိမ်ကို ပြန်ခဲ့တဲ့ လမ်းမှာပဲ……………… သူ့ရဲ့လှေနောက်ကို ငါးမန်းအုပ်စုကလိုက်နှောက် ယှက်တာကို သူခံရပါတယ်…ငါးကြီးကကျတဲ့ သွေးညှီနံ့တွေက ငါးမန်းတွေကို ဆွဲဆောင်ခဲ့တယ်လေ… ဒီတစ်ခါလည်း အဘိုးအိုဟာ.. ငါးကြီးကို ငါးမန်းလက်ထဲက မပါအောင်.. ကာကွယ်နိုင်ခဲ့ပါတယ်.. သူ့မှာ ကျန်သမျှအားနဲ့ မှိန်းနဲ့ ထိုးစိုက်… ထိုးပစ်ပြီး…ငါးမန်းတွေကို မောင်းထုတ်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့…………………..
သူ… သူ့လက်ထဲက ငါးကြီးလွတ်မထွက်သွားအောင် ………. ငါးမန်းတွေရဲ့ပါးစပ်ထဲကို… ငါးကြီးပါမသွားအောင်………….. ကာကွယ်နိုင်ခဲ့ပေမဲ့….. သူရလိုက်တာဘာဖြစ်မယ်ထင်သလဲ …..
ကြိုးနဲ့ချည်ထားတဲ့ ငါးရိုးခပ်ကြီးကြီး တစ်ခုပါပဲ…. ဘာမှ.. သုံးလို့မရတဲ့ ငါးရိုးခပ်ကြီးကြီး တစ်ခုပါပဲ……………
————————————————————————————————-
အချို့သူများအတွက်တော့ ဖတ်ပြီးသားဖြစ်ပါလိမ့်မယ်။ မဂ္ဂဇင်းတစ်အုပ်က ဖတ်ရတဲ့စာလေးကိုမှတ်မိသမျှပြန်ခံစားကြည့်တာပါ။ ကျမအမှတ်မမှားခဲ့ဖူးဆိုရင် မဂ္ဂဇင်းထဲကစာကတော့ ဆရာနန္ဒသိန်းဇံရေးထားတာဖြစ်ပြီး။ ဆရာမဂျုးက ကျမနှစ်သက်မိသောစာအုပ်များထဲမှာ စာမြည်းပေးထားတဲ့ ဝတ္တုတိုလေးလို့ထင်ပါတယ်။
13 comments
ကိုခင်ခ
October 6, 2012 at 1:08 pm
လင်းလင်းရဲ့ ဗလာပိုစ့်ဖတ်ပြီး ဗလာအတိုင်း ဘာမှမရတာ ဟုတ်ဘူးနော်၊
အလိုကြီး အရနည်း၊ အားအင်ကုန်ခန်း စိတ်ပင်ပန်း အစချီလို့ အတွေးလေးတွေ ရခဲ့ပါတယ်။
linnlinnn
October 6, 2012 at 1:40 pm
ပထမဆုံးကော်မန့်အတွက်ကျေးဇူးတင်ပါတယ်ရှင်။ ဟုတ်ကဲ့ ကျမဒီစာမြည်းလေးကိုဖတ်တုန်းက စာရေးသူက စာဖတ်သူကို ဘယ်လိုmessage မျိုးပေးချင်တယ်တော့ မသိပေမဲ့ ကျမလည်း ကိုခနဲ့ထပ်တူအတွေးရခဲ့ပါတယ်။ တခါတလေတော့လည်း..ဘယ်လောက်ပဲသွေးစိမ်းရှင်ရှင်ထွက်အောင် ကြိုးစား ကြိုးစား ပြန်ရလာတာက ဘာမှမဟုတ်တဲ့ ရလဒ်မျိုးလည်း ရှိသေးပါလားလို့လည်း ခံစားမိပါတယ်။
surmi
October 6, 2012 at 2:00 pm
ဒါနဲ ့ပါတ်သက်ပြီးနဲနဲပွားချင်ပါတယ်
ဒီဝတ္တုရဲ ့ မူရင်းနာမည်က The old man and the sea ပါ
ရေးသူက နိုဗယ်ဆုရှင် အားနက်စ်ဟဲလ်မင်းဝေး ပဲဖြစ်ပါတယ် ။
ဘာသာအသီးသီးပြန်ဆိုကြမယ်ထင်ပါတယ် ။ အခုဟာကတော ့ အတိုချုပ်
မြန်မာမှုပြုလိုက်တဲ ့ သဘောပဲ ဖြစ်ပါတယ် ။ ဒါကြောင် ့ မူရင်းစာရေးဆရာ
ပေးချင်ခဲ ့တဲ ့ မက်ဆေ ့ချ် ကို မရတော ့ပဲ လမ်းလွဲသွားမယ်ထင်ပါတယ်။
မြန်မာပြည်မှာလည်း စာရေးဆရာ အတော်များများဘာသာပြန်ဘူးမယ်ထင်တယ်
ကျနော်အကြိုက်ဆုံး ဘာသာပြန်သူကတော ့ မောင်ဆုရှင်ပါ ။
ပင်လယ်ပြာနဲ ့ တံငါအို လို ့ခေါင်းစဉ်ပေးထားပါတယ် ။
မူရင်းအင်္ဂလိပ်စာအရေးအသားနဲ ့ တွဲဖတ်ကြည် ့ရင် မောင်ဆုရှင်ဟာ
စာရေးသူရဲ ့ အာဘော်ကို ကောင်းကောင်း လိုက်နိုင်တယ်ဆိုတာတွေ ့ရမှာပါ
သိပ်ကောင်းတဲ ့ စာအုပ်မို ့ အဆင်ပြေရင်ရှာဖတ်စေချင်ပါတယ်။
ဖတ်ပြီးရင် စာရေးသူပေးတဲ ့ရသကိုခံစားရပြီး ဘာကြောင် ့ကမ္ဘာကျော်
သလဲဆိုတာ တွေ ့မြင်ရမှာပါ
linnlinnn
October 6, 2012 at 2:15 pm
ကျေးဇူးတင်လိုက်တာ..ကိုဆာမိရယ်။ ဟုတ်ကဲ့..ကျမက စာမြည်းလေးပဲဖတ်ရတာပါ..ဒါတောင် မူရင်းကိုမဟုတ်ပါဘူး.. စာရေးဆရာတွေညွှန်းထားတဲ့ တကယ့်စာမြည်းလေးပါ..ဒါလေးကို ကျမဆင့်ပွါးတွေးကြည့်မိတာလေးမို့.. မူရင်းစာရေးဆရာ
ပေးချင်ခဲ ့တဲ ့ မက်ဆေ ့ချ် ကို မရတော ့ပဲ လမ်းလွဲသွားကောင်း လမ်းလွှဲသွားခဲ့မယ်ထင်ပါတယ်..လမ်းလွဲသွားခဲ့ရင်လည်း သည်းခံပြီးဖတ်ပေးပါအုံးလို့ တောင်းပန်ပါရစေရှင်..
စာအုပ်ဆိုင်မှာ သွားရှာနေရင် ကြာနေမှာမို့ အခုပဲ အွန်လိုင်းကနေရှာလိုက်တယ်.. အဟီး.. ဒါပေမဲ့ စာအုပ်ဆိုင်တော့ တရက်သွားမွှေရမယ်.. ကွန်ပျုတာပေါ်မှာ စာဖတ်ရတာက စာအုပ်ကိုင်ဖတ်ရတဲ့အရသာကို မမှီနိုင်ဘူးလေ..
padonmar
October 7, 2012 at 3:43 am
မောင်ဆုရှင်ရဲ့ ပင်လယ်ပြာနဲ့တံငါအို ကိုရှာရင် စာပေဗိမာန်ထုတ် စာအုပ်ဟောင်းတန်းမှာ ရှိလောက်မယ်ထင်ပါတယ်။
သူက စာပေဗိမာန် ဘာသာပြန်ဆုရ လို့ထင်ပါတယ်။
အလင်းဆက်
October 6, 2012 at 10:16 pm
—————————————————-
အပေါ်က… ကွက်လပ်က…
ဗလာ..ကွန်မန် ့… ပါ ။
အလင်းဆက်
October 6, 2012 at 10:17 pm
………………………………
…………………………….
…………………………..
………………………………..
Mobile
October 6, 2012 at 11:27 pm
ဒါပေါ့ဗျာ ကိုယ်နဲ့ထိုက်သလောက်ပဲ ရမှာပေါ့ လိုတာထက်ပိုပြီး လောဘကြီးရင်တော့
ကိုယ့်ဖက်ကနစ်နာသွားတာကများပါတယ် . . .
လောဘတိတိလောဘော လို့ပါဠိလိုကြားဖူးတယ် လိုချင်တာလောဘတဲ့
ကြောင်ကြီး
October 7, 2012 at 6:22 am
လင်းလင်းဂလေးက ငါးဖမ်းသမားဆို ဦးကြောင်က ရွှေငါးကြီးပေါ့ကွယ်…။ ဖမ်းမှာလား ဖမ်းဘူးလား…။ ပစ်လိုက်စမ်းပါ ငါးမြှားချိတ် ဒီမှာ ပါးစပ်ဟထားရတာ ညောင်းလှဗီ..။
kai
October 7, 2012 at 6:24 am
ဒီခေတ်မတော့… အဲလိုအရိုးကြီးရယ်..။ အဲလိုအဖိုးအိုရယ်..။ အဲဒီအဖြစ်အပျက်ရယ်ကို မှီပြီး.. ကမ္ဘာကျော်တခုခုမွေးထုတ်ပေးနိုင်ပါတယ်..။
အဖိုးအိုကိုယ်တိုင်ဖြစ်ချင်ဖြစ်မယ်..။
ကမ်းစပ်အရောက်မှာ..ပြောပြတာတွေကို ဘေးကရပ်ကြည့်နေတဲ့..ကောင်လေးတယောက်ဖြစ်ချင်ဖြစ်မယ်..
.. အရိုးကို သေသေချာချာလေ့လာပြီး.. စာတမ်းပြုစုတင်ပြတဲ့.. အဲဒီနယ်က.. ပါမောက္ခတယောက်ဖြစ်ချင်ဖြစ်မယ်..
အဲဒီအဖြစ်အပျက်တခုလုံး.. ဇတ်လမ်းလုပ်ရိုက်ပြတဲ့.. တခြားနိုင်ငံက.. လူတယောက်ဖြစ်ချင်ဖြစ်မယ်လေ..
အိုဘယ့်လောက…။
====
မူရင်းဖတ်လိုသူများအတွက်..
http://www.classic-enotes.com/american-literature/american-novel/ernest-hemingway/the-old-man-and-the-sea/full-text-of-the-old-man-and-the-sea-by-ernest-hemingway/
surmi
October 7, 2012 at 8:14 am
ဒါမျိုးလေးတွေကြောင် ့ ကျုပ်တို ့သဂျီးကိုအားကိုးရတာ
:kwi:
linnlinnn
October 8, 2012 at 9:52 am
ဟုတ်ကဲ့..မပဒုမ္မာ..ညီမအွန်လိုင်းကရှာပြီး..ပရင့်ထုတ်ဖတ်နေပါတယ်ရှင်..ဒီလောက်ကမ္ဘာကျော်တဲ့စာအုပ်ကို ညီမရေးတာ အဖြစ်သဘောမျိုးဖြစ်သွားတဲ့ရှက်တောင်ရှက်မိပါသေးတယ်ရှင်..
ကိုအလင်းဆက်ရဲ့ ဗလာကော်မန့်အတွက်ကျေးဇူးပါရှင်.. 🙂
mobile ရေ..မှန်ပါတယ်ရှင်.. လိုချင်တာလောဘ..မသိတာက မောဟပေါ့..
ဦးဦးကြောင်ရေ..လင်းလင်းက ငါးမျှားချိတ်နဲ့မဖမ်းဘူးရှင့်…. 😛
သူကြီးရေ.. သူကြီးပေးတဲ့လင့်ကို ယူသွားပါတယ်ရှင်..အခုလောလောဆယ်တော့ ဗမာလိုပဲ အားရပါးရဖတ်ပါအုံးမယ်.. ဟီး.. :harr:
etone
October 8, 2012 at 2:55 pm
အတ္တတစ်ခုအတွက် ၊ အရာရာကို ပေးဆပ်ရင်း … ရလာတဲ့နောက်ဆုံးလက်ကျန်က .. အသုံးမဝင်ခြင်းတွေ ဖြစ်သွားတယ်ပေါ့နော် …. ။ ကိုယ်တွေလည်း ဒီလိုပါပဲ …. တစ်ခုခုအတွက် ဇောတွေကပ်ပြီး လုံးပန်းနေရချိန် ၊ ရှေ့နောက် မချင့်ချိန်နိုင်မှုတွေကြောင့် ၊ နောက်ဆုံးမှာ .. လိုချင်တာတော့ ရပါရဲ့ .. သိပ်ပြီး အသုံးမတည့်သလိုအဖြစ်တွေနဲ့ … ကြုံခဲ့ဖူးတယ် …. ။