ကာရံ

ကာရံOctober 6, 20121min14811

     အသွင်ရယ်သူပြောင်း ညို့တော့မယ့်သူ့မာန်

     ဟန်ပြင်ကာရယ် ဖန်ဆင်းပြီးမှ

     ပြေးတော့မယ့်သူ့အကြံ မှန်းဆရမမှန်…………

     တွဲလဲရယ်ခိုမလို့နဲ့ ငိုတော့မယ့်သူ့အဆင်

     သူ့အသွင် တစ်မူထူးရယ်နဲ့

     ဘယ်သူရှင်ပြိုင် နိုင်မယ်မထင်ပ

     အဆင်ကမှန်းဆလို့မရ……….

     ဖန်ဆင်းရှင် တုပလို့မနိုင်

     ရှင်နိုင်သူရှားလောက်တယ်

     လွမ်းလို့မှမဝနိုင်…………..

                                             ပိတောက်မိုး

11 comments

  • padauk moe

    October 6, 2012 at 10:55 pm

    ဘာများဖြစ်မလဲ မှန်းဆပေးနော်

  • မောင်ပေ

    October 7, 2012 at 3:19 am

    မှန်းဆပေးနော်
    ငန်းသမျှဘေးချော်
    လွမ်းစွငေးမျှော်
    ပန်းလှဈေးအော်
    တမ်းတကြေးခေါ်

  • padonmar

    October 7, 2012 at 3:40 am

    padauk Moe ရေ
    `ဘယ်သူယှဉ်ပြိုင်၊ယှဉ်နိုင်သူ´ ဆိုမှ ဖန်ဆင်းရှင်နဲ့ ကွဲပြီး ပို အဓိပ္ပါယ်ရှိမယ်လို့ သတ်ပုံအဖွဲ့ကြီးကိုယ်စား ဆရာလုပ်ပါရစေ။
    ပန်းထိမ်မနိုင်ပန်းများလား။

  • padauk moe

    October 7, 2012 at 7:57 am

    ကြေးခေါ်ရမယ်ဆိုရင်
    အတွေးပေါ်သာရေးလိုက်ပါ
    ထက်တူကျရင်တော့
    မှန်းဆတက်သူကို
    ကျွန်တော်ကလေ
    အမှတ်တရလက်ဆောင်လှလှလေးတွေ
    ပို့ပေးလိုက်ပါ့မယ်……………………

  • ကိုခင်ခ

    October 7, 2012 at 4:36 pm

    ပိတောက်မိုးရေ ကဗျာဆိုရင်း
    ကောင်းမွန်ခြင်းသည်
    သတ်ပုံအလွဲကြောင့်
    အတွေးချော်တာ
    ရှိတတ်ပါသည်။

  • ရွှေ ကြည်

    October 8, 2012 at 10:56 am

    မိုးရွာမယ်ဟန်ဆင်ပြီးမှ လေနောက်ပါသွားတာရယ်
    မိုးသားတိမ်ရိပ်တွေက အရောင်တွေပြောင်းနေပြီး မှန်းဆမရဖြစ်နေပြီး
    လွမ်းဖွယ်ကောင်းနေတာကိုရေးဖွဲ့တယ် လို့မြင်ပါကြောင်း
    မှန်မှန် မမှန်မှန် ပေး လက်ဆောင်.. 😆

  • mamanoyar

    October 8, 2012 at 12:56 pm

    ပိတောက်မိုး သင်္ကြန်မိုး………

  • padauk moe

    October 8, 2012 at 10:14 pm

    အဖြေမှန်ပါတယ် ကိုရွှေကြည်နဲ့ mamanyar မေးလိပ်စာလေးပေးပါလား ဒါမှမဟုတ် အိပ်လိပ်စာပေးပါလား
    လက်ဆောင်ကို ၁၈ရက်နေ့ပြန်မယ့်လူကြုံနဲ့ ပေးလိုက်မယ်နော် စင်္ကာပူလက်ဆောင်လှလှလေးပေါ့…….

    • mamanoyar

      December 31, 2012 at 3:26 pm

      လက်ဆောင်လဲပေးဝူး ချိတ်ချိုးတယ် ;(

  • ရွှေ ကြည်

    October 10, 2012 at 9:52 am

    အောင်မလေး ကိုရွှေကြည်တဲ့လား ပိတောက်မိုးရေ 😥
    ဓေါ်ရွှေကြည်ပါတော့ 😆
    လက်ဆောင်ကိုအကြွေးသာမှတ်ထားပါတော့လို့ နောက်များမှရွာသူားတွေဆုံဖြစ်ကြရင်ပြန်တောင်းမယ်..။

Leave a Reply