Human-Chicken လူကြက်ကလေးများ(သို့)မဆန်းတဲ့ဖြစ်ရပ်
အမေရိကန်၊အင်္ဂလန်၊
ဂျပန်နဲ့ ကိုရီးယား
အော်ဇီသားများပါမကျန်
Cholestrol မတက်ဖို့အရေး
သံလွင်ဆီရွေးလို့စားမယ်တဲ့။
သဘာဝလွန်တဲ့ ဂျီအမ်ဖုဒ်
စိတ်တော်ခုလို့ ရှောင်ကြဉ်မယ်တဲ့။
ရောဂါပိုးမွှား အိုကပ်ပါးတု့ိ
သူတိုု့့တိုင်းပြည်ထဲ မဝင်ရဲအောင်
ပါလာသမျှမျိုးစေ့
လေဆိပ်မှာ ထားခဲ့ရမယ်တဲ့ဟေ့။
…………………..
ဒို့ရွှေမြန်မာက သူဌေးးကြီးများ
ပေါများတဲ့အရေး
ဒေါ်လှတွေ အထပ်လိုက်ပေးတယ်တဲ့ဟေး။
………………………..
မလပ်တလပ် လူတန်းစား
ဒို့များကလည်း
ဆေးဆိုးတဲ့ မျှစ်
ဒို့မချစ်ပေါင်၊
ပန်းရောင် သမ်းတဲ့ ငါးပိ
စေ့စေ့မကြည့်ပါအမိ။
ကြွပ်ကြွပ်အိတ်ထည့်ထား
အကြော်များ ဝေးရာကရှား။
မြောင်းဆီလူဆီ
ဒို့မသတီ
ရွတ်မည်ဖတ်မည်
ကန့်ကွက်ပါမည်။
လိုအပ်ရင်လည်း
ဆန္ဒတွေထုတ်ဖော်ဖို့အရေး
ဒို့အရေး။
သို့သော်
ဒီလူမပီကြက်မပီကလေးတွေမှာတော့
အမှိုက်ပုံတွေရဲ့ကြား
တိုးဝှေ့ကာသွား
ဘယ်သူတွေ ပစ်ထားထား
ဘယ်သူတွေ နင်းသွားသွား
ကြက်ကလေးတွေလို ယက်ပါလား
တွေ့တာလေးတွေ ကောက်လို့သွား။
အိ်မ်ကအမေတွက် ဟင်းစား။
ကျေင်းနေဖို့ကို မတွေးအား၊
Child Labour ဆိုတာ မကြားဖူးပါလား။
သူမရှာရင် ငတ်မှာအများ၊
တစ်အိမ်လုံးတွက် မနေမနား၊
ရှေ့ရေး နောက်ရေး မတွေးအား။
အမေစုလည်း မကြိုအား၊
သမ္မတဆိုတာ ရုပ်ရှင်ရုံလား။
သူတို့အတွက်ကော
ဘယ်သူစဉ်းစား၊
အင်း…ခက်ပါလား။
17 comments
မှောင်ကြီး
October 10, 2012 at 11:57 pm
….ဪလူ ့ဘဝတဲ့…..
pooch
October 10, 2012 at 11:57 pm
ဒေါ်ဒေါ်ရေ ဒီကဗျာလေးရယ်
အလင်းဆက်ရဲ့” န=နည်းနည်းလေးတော့ လွဲသွားတယ်” ဆိုတာလေးနဲ့ တွဲဖက်ရင်
ရွေအိမ်စည် ရဲ့ ” စိတ်မပျက်နဲ့ကွယ်… ကလေးရယ်” ဆိုတာလေးနဲ့တွဲဖက်ရင် ကျမတို့ တိုင်းပြည်အုပ်ချူပ် မင်းလုပ်သူများ ဘယ်က စရမယ် ဆိုတာ ခပ်ရေးရေးတော့ သိနိုင်ကောင်းပါရဲ့နော်။
ကျမတို့လည်း ကိုယ်မြင်တာကို အပြုသဘောဆောင်လို့ ခဲတွေနဲ့ ပစ်ပေးနေတာပဲမလား ။
နောက်တခုက ကိုယ့်မှာရှိတာနဲ့ ကိုယ်ရောက်ရာအရပ်ကနေ ကိုယ်တတ်နိုင်တာကို လုပ်ပေးနေတာကလည်း ကူညီခြင်း တမျိုးလို့ မြင်မိပါတယ်။
surmi
October 11, 2012 at 10:27 am
cj ဒေါ်ဒေါ်ကြာ
ကလော်ကာပြတော ့လည်း
အော် မြင်ရတာကမသက်သာ
မနေသာ ဝင်ကာပြောရင်ဖြင် ့
သင် ့ မသင် ့တော ့မသိဘူး
ဒီလို ရှိမယ်ထင်တယ်ကျောင်အစ်မရဲ ့ …………
……………………………………….
အထက်ကပြောကြား
ဒေါ်ပုချ်စကားလို
အစိုးရမင်းများကလည်း
တာဝန်ရှိတာလည်းတစ်ပိုင်းပေါ ့
ကျုပ်တို ့လူအများကလည်း
ပြည် သူ ့ဘဏ္ဍာ
သက်သာဖို ့အရေး
တစ်လုပ်စာထမင်းများ
လျော ့စားကြလို ့လား
အမှိုက်ပုံမပို ့ခင်
ချွေတာရေးအရင်လုပ်ပါလား
ကျိတ်ကျိတ်တိုးတဲ ့စူပါစင်တာ
ခြေချစရာမရှိတဲ ့မင်္ဂလာဈေး
သွေးညှီနံ ့ လွှမ်းတဲ ့သားငါးဒိုင်
အပြိုင်အဆိုင်ဝယ်ကြပေါ ့
တစ်ကယ်ရော သုံးကြရဲ ့လား
သုံးသမျှရောကုန်ရဲ ့လား
ကုန်သလောက်ရော လိုအပ်လို ့လား
လိုအပ်မှသုံး
သိပ်မဖြုံးနဲ ့ တဲ ့
ရှေးလူကြီးလက်သုံးစကား
ခဏတော ့ငှါးသုံးလိုက်ဦးမယ်
ချမ်းသာ ဆင်းရဲ ဖြစ်မြဲဓမ္မတာ
သဂျီးကတော ့လက်ခံမှာမဟုတ်ဘူး
အကြောင်းရှိလို ့ အကျိုးရှိတာ
သဂျီးကတော ့လက်ခံမှာမဟုတ်ဘူး
အတိတ်ကံ ပစ္စုပ္ပန်ကံ
သဂျီးကတော ့လက်ခံမှာမဟုတ်ဘူး
သဂျီး လက်ခံတာတစ်ခုပြောရရင်
အစိုးရလက်ခံတဲ ့
NGO တစ်ခုခုကဦးဆောင်
ပြည်သူကပံ့ပိုး
အစိုးရကထောက်ပံ ့
ခန် ့ခန် ့ကြီး ကျောင်းတက်နိုင်မှာလေ
သို ့ပေမဲ ့ ကျောင်းအစ်မရဲ ့
အရပ်စကားနဲ ့ပြောရင်
လက်သည်ချည်းအားမကိုးနဲ ့
ကိုယ်တိုင်က ညှစ်ပေးဦးမှ
ကာယကရှင်တွေက
လှူသမျှ ထိုင်ယူနေလို ့မဖြစ်ဘူး
အလှူရှင်ကိုထောက်ထား
ကြိုးစားသင် ့သပေါ ့
ရေသာခိုအချောင်လိုက်ရင်
သူတို ့လည်းအပြစ်တင်ရမယ်
ကျုပ်တို ့ကလည်းချွေတာ
သူတို ့ကလည်းစုဆောင်း
ဘယ်လောက်များကောင်းလိုက်မလဲ
မလိုပဲနဲ ့ဝယ်
မဆာပဲနဲ ့ နင်းကန်စား
မကုန်နိုင်တော ့လွှင် ့ပစ်
အသစ်အသစ်တွေထပ်ဝယ်
အမှိုက်တောင်မှပုံစရာမရှိတော ့
သိပ်မှန်တဲ ့ယုံတမ်းစကားလေးက
အမှိုက်ထဲကရွှေ တဲ ့
တကယ်ပဲ ကျောင်းအစ်မရေ
အမှိုက်ပုံတွေမှာ
အမှိုက်အဝယ်ဒိုင်ရှိသတဲ ့
အမှိုက်ပုံမှာနေ
အမှိုက်ပုံမှာစား
အထင်တော့သွားမသေးနဲ ့
ဝင်ငွေ ဘယ်လောက်ရှိသလဲမမေးနဲ ့
လွန်ခဲ ့တဲ ့ဆယ်စုနှစ်ကျော်ကျော်
ဖုန်းတစ်လုံး လေးဆယ်ကျော်ခေတ်မှာ
ဖုန်းနဲ ့ ကားနဲ ့
မယုံမရှိနဲ ့ ကျောင်းအစ်မရေ
မင်္ဂလာဒုံအမှိုက်ပုံမှာ
ကိုယ်တိုင်ကြုံခဲ ့ဖူးတာမို ့
ဟူးးးးးးးးးးးး…………မောလိုက်တာကျောင်းအစ်မရေ …….။
:kwi:
etone
October 11, 2012 at 12:22 am
အခုတော့ဖတ်ရုံဖတ်သွားပါတယ်
မနက်ဖြန်မှပဲ ကော့မန့်လာရေးပါဦးမယ်အန်တီရေ
etone
October 12, 2012 at 1:07 pm
အန်တီရေ … ဒီလို မျိုး မြင်ကွင်းလေးတွေ မြင်လျှင် ၊ စိတ်မကောင်းဖြစ်မိပါတယ် ။
ကိုယ်တိုင်တောင် အိမ်က အမှိုက်သွားသွန်ပြောလျှင် မသွားချင်လို့ ၊ လှည့်ပတ်ပြေး အချောင်ခိုနေမိခဲ့တာ … အခုလို အမှိုက်ထဲက ပြန်ရှာကောက်နေတာတော့ ….. မြင်ရတာ ရင်ထဲမကောင်းဘူး … ။
စားစရာမရှိလို့ ကောက်စားတာ ဘာမှ မပြောလိုပါပါဘူး ..ဒါပေမယ့် … စားစရာမဟုတ်တာကို စားနေရတဲ့အတွက် … အမှိုက်တွေကို အခုလို စည်းမရှိကမ်းမရှိ ပစ်ချစ်သလို လမ်းမပေါ် လွယ်လွယ်ပစ်ထားတဲ့ လူတွေကိုပဲ အပြစ်တင်ချင်ပါတော့တယ် အန်တီရေ ။ :om:
kyeemite
October 11, 2012 at 9:06 am
မပဒုမ္မာက ကလေးတွေရှေ့ရေး
မျှော်ကာတွေးလို့ ကဗျာလေးရေး
ထောက်ပြသတိပေး ကြောက်စရာ့ ရှေ့ရေး
ကမောက်ကမ မဖြစ်ရေး
ဒို့အရေးလိုသဘောထား
ရှု့စားကြပါ အိုဘယ့်..အမတ်မင်းများ… :bar:
ဇကားမစပ်..ကားလေးကတော်တော်ကောင်းတယ်နော်..ဘရင်းနယူးပဲ..
:harr: :hee:
မောင်ပေ
October 11, 2012 at 9:07 am
ဘာပြောရမှန်း မသိတော့အောင်ကို ဝမ်းနည်းမိပါတယ်
kyeemite
October 11, 2012 at 9:10 am
ဒီနေ့ တိုက်တိုက်ဆိုင်ဆိုင် တီချယ်ကြီးလည်းဒီလိုပို့စ်မျိုးတင်ထားတယ်..
ရွှေအိမ်စည်ကလည်း “စိတ်မပျက်နဲ့ကွယ်… ကလေးရယ်”တဲ့…
ဘာလုပ်ကြမလဲ?????
မဟာရာဇာ အံစာတုံး
October 11, 2012 at 8:21 pm
သို့ဆိုသော် ..
ယင်းနေ့အား ..
“ကမ္ဘာ့ ကလေးများနေ့” ဟူ၍
သတ်မှတ်စေသဒီး …….။
ပုံ/
မဟာဘာဂျာ
နေဝန်းနီ
October 11, 2012 at 9:33 am
ဒီလိုလေးတွေ တွေ့တိုင်း ဆရာ တစ်ယောက်ရဲ့ စကား သွားသတိရတယ်…။ သမိုင်းတွင်သလား မတွင်းသလားတော့ မသိ နေဝန်းနီ ရင်ထဲတော့ ဘယ်တော့ မှမေ့မှာမဟုတ်ဘူးလေ………။ အဲဒိ ဆရာပြောသွားတဲ့ စကား က
” မကြောက်ပါနဲ့ ………. သံချောင်းခေါက်တာပါ ” တဲ့
ကဲ မီးကင်းစောင့်တဲ့သူကတော့ တာဝန်ကျေပြီ…။ ဘယ်သူတွေက ဒီမီး ငြိမ်းကြမလဲ…။
ကြည်ဆောင်း
October 11, 2012 at 10:05 am
ပုံကလေးတွေမြင်ရတာစိတ်မကောင်းလိုက်တာ …
တူတွေ တူမတွေရှိတော့ ဒီလိုကလေးမျိုးလေးတွေမြင်ရင် စိတ်ထဲတကယ်မကောင်းမိဘူး …
ကိုယ်တိုင်လဲဦးဆောင်ဦးရွက်မပြုနိုင်တော့ ဒီလိုကလေးတွေမြင်တိုင်း ဝမ်းနည်းမိတယ် ..
တိုင်းပြည်ကဦးဆောင်ဦးရွက်ပြုမှဘဲ ပြည်သူလူထုကတစ်တပ်တစ်အားပါဝင်လာပြီး ဒီလိုကလေးတွေ နည်းလာနိုင်မယ် တချိန်ချိန်မှာ တဖြည်းဖြည်းပပျောက်သွားနိုင်မယ်လို့ ယူဆမိတယ်
မိုချို
October 11, 2012 at 3:55 pm
အန်တီ ရေ
ှအဲဒီ ကလေးတွေကို မြင် ရတဲ့ သူတွေ မှာ သာ စိတ်မကောင်း ဖြစ်ရ၊ သနား ရ ၊ ရင်မော ရ ပေ မဲ့ ကာ ယကံ ရှင ်ကလေးတွေ မပြောနဲ့ သူတို့ ရဲ့ မိဘ တွေ တောင် ဒီ လို ဘဝ တွေ ဟာ နိမ့် ကျမှန်း၊ ရုန်း ထွက် ရ ကောင်း မှန်း မသိ လောက်အောင် ကို အသိ အမြင် အတွေး အခေါ် နိမ့်ပါး ကြတယ် ။
ဒဂုံ ကျမ တို့ လမ်း ထဲ မှာ အမှိုက် နဲ့ အသက် မွေးတဲ့ မိသား တစ်စု ဆို ရင် ကလေးတွေ အများ ကြီး မွေး ထား ပြီး တစ်ယောက်မှ ကျောင်း မထား ပဲ အကုန် ခိုင်း စား ထား တာ။ စေတနာရှင် အဖွဲ ့ လေး တစ်ခု က သူတို့ ကလေး တချို့ ကို ကျောင်း ထား ပေးတာတောင် ကလေးတွေ က မပျော် သလို မိသား စု ဝင်ငွေ လျော့ တယ် ဆို ပြီးမိဘတွေ က လည်း ပြန် ထုတ် ပစ်တယ်။ အခုတော့ အားလုံး လမ်းပေါ် မှာ ပဲ ပျော် နေကြတယ် တဲ့ ။
လမ်း ထဲကလူတွေ မှာ သူတို့ မိသားစု ကြောင့် ၊ လက်ဆော့ တတ်တဲ့ သူတို့ ကလေးတွေ ကြောင့် စိတ်ညစ်ရတယ်။
ဆိုရရင် ဒီလို ကလေးတွေ ပပျောက်ဖို့ အတွက် သူတို့ မိဘတွေ ကို အရင် ပညာပေး ဖို့ လို တယ် လို့ ထင်မိတယ်။
အန်တီ ့ ပုံထဲ က ကလေးတွေ ဆို မိန်း ကလေးတွေ ဖြစ်နေတဲ့ အတွက် သူတို့ရဲ့ အနာ ဂတ် ဟာ ဘာတွေ ဖြစ် လာ နိုင် သလဲ ….တွေး ကြည့် ရုံ နဲ့ ရင် မော တယ်။
ဦးဦးပါလေရာ
October 11, 2012 at 6:37 pm
ဒီလိုလူ(ကလေး/လူကြီး)တွေဟာ
ဒီလိုလုပ်ရမှာ ဝန်မလေးဘူး
ဒီလိုလုပ် ဒီလိုနေ ဒီလိုအသက်မွေးရတာပျော်မွေ့တယ်
ဘာကြောင့်လဲဆိုတော့
သူတို့ဟာ ဒီလိုနိမ့်ကျတဲ့ဘဝမှာ နေသားကျသွားကြလို့ပဲ…..
အမပဒုမ္မာရေ
ဒီအဖြစ်မျိုးတွေကို ရှောင်လွှဲနိုင်ဘို့ ဘယ်လိုဖြေရှင်းရမယ်ဆိုတဲ့
အဖြေရှာမှု့များစွာတော့ ရှိမှာပါ..။
တစ်ဦးချင်းဝင်ငွေတိုးလာအောင်၊
အလုပ်အကိုင်အခွင့်အလမ်းများလာအောင်
ဆင်းရဲချမ်းသာကွာဟမှု့နည်းလာအောင်.. စသည် .. စသည် ပေါ့..။
ဒါပေမယ့် တခြားဖက်က ကျွန်တော်တွေးမိတာလေးက
လူတွေကို တဖက်က မြှင့်တင်ပေးသလို
တဖက်ကလဲ နိမ့်ကျခွင့်မပြုပဲ တားမြစ်နိုင်ဘို့လိုတယ်ထင်ပါရဲ့ဗျာ..။
MaMa
October 12, 2012 at 10:03 am
နိမ့်ကျခွင့်မပြုဖို့ တားမြစ်နိုင်ဖို့ လိုတယ် ဆိုတာကိုထောက်ခံတယ်။
လူဟာ တစ်ခါနိမ့်ကျဖူးသွားရင် နောင်ကို နိမ့်ကျမှာ မကြောက်တော့ဘူးတဲ့။
(မာန်မရှိတော့ဘူးလို့ ဆိုချင်တာပေ့ါ။)
သာမန်လူတစ်ယောက်ဟာ ငတ်သေချင်သေ တောင်းတော့ မစားဘူးဆိုတဲ့ မာန်ကလေးများ ရှိခဲ့ရင်…….. :byae:
uncle gyi
October 12, 2012 at 3:20 pm
အရပ်စကားနဲ ့ပြောရင်
လက်သည်ချည်းအားမကိုးနဲ ့
ကိုယ်တိုင်က ညှစ်ပေးဦးမှ
ကာယကရှင်တွေက
လှူသမျှ ထိုင်ယူနေလို ့မဖြစ်ဘူး
အလှူရှင်ကိုထောက်ထား
ကြိုးစားသင် ့သပေါ ့
ရေသာခိုအချောင်လိုက်ရင်
သူတို ့လည်းအပြစ်တင်ရမယ်
surmi ရဲ့စာကိုကြိုက်လို့ငှါးသုံးလိုက်ပြီဗျို့
ဟုတ်ပါတယ်ပဒုမ္မရေ
အခုကချောင်လို့လုပ်နေတဲ့သူတွေလည်းရှိနေတော့ခက်ပါတယ်
ကို်ယ်ကသာသနားတာ
မန်းလေမှာလူတယောက်ရှိတယ်
ခြေ၂ဖက်စလုံးမရှိဖူးလမ်းဆုံတွေမှာတောင်းစားတာ
တနေ့၁သောင်း၂သောင်းဝင်သတဲ့
နောက်တယောက်ခြေ၂ဖက်စလုံးမရှိဖူး
ဘီး၃ဘီးတပ်လှည်းကလေးနဲ့ကိုယ့်ဖာသာကိုယ်ဘီးလှည့်ပြီ
အရပ်တကာလှည့်ဂက်စ်မီခြစ်ဖြည့်ပြီးကိုယ့်ထမင်းကိုယ်ရှာစားနေတာ
ဘယ်သူ့မှအောက်မကျို့
ခြေ၂ဖက်မရှိတာချင်းအတူတူ
လှူသမျှထိုင်ယူနေသူနဲ့
လက်သည်အားမကိုး
ကိုယ်တိုင်ညှစ်တဲ့သူ
ဘယ်သူ့ကိုကူညီချင်သလဲစဉ်းစား
ဘယ်သူ့ကိုကူညီသင့်သလဲစဉ်းစား
အရီးခင်လတ်
October 12, 2012 at 6:22 pm
အစ်မ ပဒုမ္မာ
ဒါမျိုးလေးတွေ တွေ့တိုင်း ဒီ ခေတ် မှာ လူတန်းစားကွာဟ လွန်းလာတာ ပိုပြီး မီးမောင်းထိုး ပြပါတယ်။
ကျွန်မ တို့ တုန်းက အင်းဂလိတ်လိုဘဲ ပြောရတဲ့ ကျောင်း ကို နိုင်ငံခြားပစ္စည်း အကောင်းတွေ ပါတဲ့ အသုံးအဆောင်တွေ၊ စားစရာတွေ နဲ့ ကားကောင်းကြီးစီးသွား ကြတဲ့ ကလေးတွေ မရှိသေးဘူး။
တဖက်မှာ လဲ လမ်းပေါ်က အမှိုက် ပုံထဲ မှာ စားဖို့ ရှာနေရတဲ့ ကျောင်းမသွားနိုင်တဲ့ ကလေးတွေ လဲ မရှိဘူး။
တကယ်တော့ လူတန်းစား ကွာဟတာ တိုင်းပြည်ပျက် နေတာဘဲ။
တွေးလိုက်ရင် ရင်ထဲမှာ တကယ်ဘဲ နာ တယ်။
အစ်မ စီဂျေ ပီသပါပေတယ်။
အခု ဆို ကျွန်မ လဲ အစ်မ ပဒုမ္မာ နဲ့ တီတီကြီး တို့လို ဒါ့ပုံ ပုံပြင်လေးတွေ ရမလားလို့ အိတ်ထဲ မှာ ကင်မလာ နဲ့။အဟိ။ :hee:
padonmar
October 14, 2012 at 11:03 pm
မှောင်ကြီး၊၊ဦးမိုက်၊မောင်ပေ၊မောင်အံ၊အဘနီ၊ဦးပါ၊အံကယ်ကြီး၊
ကြည်ဆောင်း၊မလတ်၊မိုချို၊မယ်ပု၊အိတုံ၊မမ
ဝိုင်းစဉ်းစားပေးတာ ကျေးကျေးပါ.
ကဆာမိရဲ့ မဟာကဗျာကြီးကတော့ ရှယ်ရှယ့် ရှယ်ပါပဲ။
အမှိုက်ပုံထကြရွှေဖြစ်တာ ဒီကလေးတွေတော့ မဟုတ်လောက်ပါဘူး။
မလတ်ပြောသလိုပဲ လူတန်းစားကွာဟချက်ကြိီးလွန်းလာတာကို ခံစားမိလို့ပါ။
ဒီကလေးတွေမှာ ဒီလို အမှိုက်ပုံထဲက ပစ္စည်းတွေ ညစ်ပတ်တယ်ဆိုတဲ့ အသိတောင်မရှိအောင် ဆင်းရဲရှာကြပါတယ်။
ဒါပေမယ့် သူတို့ တောင်းစားနေတာမဟုတ်သေးပါဘူး။
လစ်ရင် ခိုးဖို့တော့ ဝန်မလေးဘူးပေါ့။
ဝတ်ထားတဲ့ ဂါဝန်ကလည်း အစုတ်လေးကို ဆွဲချုပ်ထားရရှာတယ်။်
ဖိနပ်ပါတာတောင်ကံကောင်း။လမ်းပေါ်မှာ တွေ့ရာအမှိုက်ကောက်၊ဆီပေပါတွေထဲက ဆီတွေစုပ်။ကြက်သွန်ပုပ် အာလူးပုပ်တွေကောက် ပျော်နေကြတာပါပဲ။