Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဂျီအက်စ်အမ်ဖုန်းများ အလိုအလျောက် ငွေဖြတ်ခံရသော ပြဿနာ

the bestOctober 12, 20121min70621

ဂျီအက်စ်အမ်ဖုန်းများ အလိုအလျောက် ငွေဖြတ်ခံရသော ပြဿနာဖြေရှင်းပေးနေပြီဟုဆို

မြန်မာ့ဆက်သွယ်ရေး၏ Server Error ကြောင့် ဂျီအက်(စ်)အမ်မိုဘိုင်းဖုန်း သုံးစွဲသူများ ကြုံတွေ့ခဲ့ကြရသော

ဖုန်းလက်ကျန်ငွေပမာဏထဲမှ  ငွေကျပ်နှစ်ထောင်ကျော်စီ အနုတ်ခံခဲ့ရသည့် ပြဿနာကို

ပြန်လည်ဖြေရှင်းပြီးဖြစ်ကြောင်း သက်ဆိုင်ရာဌာနများမှ သတင်းရရှိသည်။

ယင်းဖြစ်စဉ်မှာ ဝ၉ ၅၁ xxxxx ဖြင့်စသော ဂျီအက်(စ်)အမ်ဖုန်းများတွင်

ယခုလ ၉ ရက်က ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါဖုန်းများသို့ My Ringtune စနစ်ကို

ဝန်ဆောင်မှုပေးသော ကုမ္ပဏီဘက်မှ ပေးပို့သည့် စာတိုတစ်စောင် ဝင်ရောက်လာခဲ့ပြီးနောက်တွင်

ဖုန်းလက်ကျန်ငွေပမာဏထဲမှ ငွေကျပ်နှစ်ထောင်ကျော်စီ အနုတ်ခံခဲ့ရခြင်းဖြစ်ကြောင်း

ယင်းဖြစ်စဉ်ကို ကြုံတွေ့ခဲ့ရသူများကပြောသည်။

“ကျွန်တော်တို့ဖုန်းတွေထဲကို သူတို့ရဲ့မိုင်ရင်းကျွန်းဝန်ဆောင်မှုကို သုံးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဆိုပြီး

စာတစ်စောင်ဝင်လာတယ်။ ကျွန်တော့်ဖုန်းကို အဲ့ဒီဝန်ဆောင်မှုမထည့်ထားဘဲ အဲ့ဒီစာရောက်လာတာ။

နောက်တော့ မိတ်ဆွေတစ်ယောက်ဆီ ဖုန်းခေါ်ကြည့်တာမှာ ဖုန်းကခေါ်မရတာနဲ့ မသင်္ကာလို့ လက်ကျန်ငွေကို

ပြန်စစ်လိုက်တော့ နှစ်ထောင်ကျော် အဖြတ်ခံထားရတယ်။ ဒါက မမှားသင့်ဘူးလို့ ထင်တယ်”ဟု

ဖုန်းထဲမှလက်ကျန်ငွေ အနုတ်ခံလိုက်ရသည့် အဆိုပါ ဖုန်းကိုင်ဆောင်သူတစ်ဦးကပြောသည်။

ယင်းဖြစ်စဉ်ကို ကြုံတွေ့ခဲ့ကြရသည့် အဆိုပါ နံပါတ်ကိုင်ဆောင်သူများသည်

ယင်း My Ringtune ကုမ္ပဏီဘက်သို့ ဖုန်းခေါ်ဆိုမှုများ တောက်လျှောက်ပြုလုပ်ခဲ့သော်လည်း

ဆက်သွယ်မှု လုံးဝမရခဲ့ဟု ၎င်းတို့က ဆိုသည်။

My Ringtune ကုမ္ပဏီဘက်မူ ယင်းအဖြစ်အပျက်သည် မြန်မာ့ ဆက်သွယ်ရေးဘက်မှ

နည်းစနစ်လွဲချော်မှုကြောင့်သာဖြစ်ပြီး ဖုန်းထဲမှ  ငွေနုတ်ယူခံခဲ့ရသူများကိုလည်း

ပြန်လည်ဖြည့်သွင်းပေးပြီး ဖြစ်သည် ဟုဆိုသည်။

အဆိုပါကိစ္စသည် မြန်မာ့ဆက်သွယ်ရေးဘက်မှ server error ကြောင့် ဖြစ်ပွားခဲ့ရခြင်းဖြစ်ပြီး

ဖြစ်ပွားပြီးသည်နှင့် မကျေနပ်သည့်ဖုန်းများ တောက်လျှောက်ဝင်ရောက်ခဲ့ကြောင်း

ရတနာပုံတယ်လီဖုန်းစင်တာ၏ မြန်မာ့ဆက်သွယ်ရေးဌာနမှ ဖြေကြားသည်။

ထိုအဖြစ်အပျက်ဖြစ်ပွားပြီး ယနေ့နံနက်တွင် ငွေနုတ်ယူခံခဲ့ရသည့် မိုဘိုင်းဖုန်းများထဲသို့

တောင်းပန်သည့် စာတစ်စောင် ပြန်လည်ဝင်ရောက်ခဲ့ပြီး နုတ်ယူခံခဲ့ရသည့် ငွေပမာဏကို

ပြန်လည်ဖြည့်သွင်းပေးမည်ဖြစ်ကြောင်းပါရှိသည်။
My Ringtune စနစ်ဆိုသည်မှာ ဖုန်းခေါ်ဆိုသည့်အခါတွင် ဖုန်းဝင်သည့် အော်တိုမြည်သံနေရာဖြစ်သော “တီ တီ တီ” ဆိုသည့်

အသံနေရာတွင် တစ်ဖက်ဖုန်းခေါ်ဆိုသူဘက်မှ နားဆင်နိုင်မည့် သီချင်းများကို ထည့်သွင်းနိုင်သည့် စနစ်တစ်ခုဖြစ်သည်။

http://www.facebook.com/7daynews/posts/425482747513365

မြန်မာ့ ဆက်သွယ်ရေးက မှားလိုက်ရင် သူတို ့ဖက်က အသာချည်းပဲ။

တစ်ခါမှ ပြည်သူတွေဖက်က အသာရတဲ့အမှားမရှိဘူး။

မြန်မာ့ဆက်သွယ်ရေးရဲ့ Server က  “လိပ် Server” ပဲ။

 

မြန်မာ့ဆက်သွယ်ရေးရဲ့ ပညာရှင်တွေက အရမ်းတော်တယ်။

မြန်မာ့ဆက်သွယ်ရေးဘက်ရဲ့ server error ကြောင့်လို ့ပြောနိုင်တာ သူတို ့တော်လို ့ပေါ့။

Server Error ကြောင့်လို ့ပြောတာ အကြိမ်မနည်းတော့ဘူးနော်။

 

နောင်ဒီလိုမဖြစ်အောင်  Server အသစ်လဲသင့်လား၊ လူအသစ်လဲသင့်လား။

21 comments

  • surmi

    October 12, 2012 at 9:25 am

    ဟေးးးးး
    ထောက်ခံပါတယ်ဗျို ့။ကျုပ်လည်းတစ်ညလုံးတစ်နေ ့လုံးဖုန်းခေါ်ပြီး
    ရလည်းရရော ပိုးစိုးပက်စက်ပြောလိုက်ပြီးပြီ ။အမှန်က ဆက်သွယ်ရေးနဲ ့
    ကုမ္ပဏီပေါင်းရိုက်တာ ။ ပြောသာပြော ဒါမှ သိပ်လူပါးမဝရဲမှာ

    • the best

      October 12, 2012 at 10:09 am

      ပိုးစိုးပက်စက် ဂုဏ်ပြုပါတယ်။

  • etone

    October 12, 2012 at 10:05 am

    15 သိန်း G တွေမှ မဟုတ်ပါဘူး … ကျွန်မတို့ 5သိန်း CDMA 800 MHz တွေလည်း … အဖြတ်ခံရပါတယ် ။ ဘာစာမှ မလာပဲ … ဘာဆားဗစ်မှ မယူထားပဲနဲ့ကို ဖြတ်သွားတာ ပြန်လည်း မရပါဘူး … ။

    နေ့တော့မမှတ်မိတော့ဘူး …….. တပတ်လောက်တော့ ရှိရောပေါ့ … ညနေပိုင်း အင်တာနက်သုံးနေတုန်း connection ကျသွားတယ် … အဲ့အချိန်ဖုန်းထဲ missed call တစ်ခုမြင်လို့ ပြန်ခေါ်ပါတယ် ဖုန်းက ဘာသံမှ မကြားတော့ဘူး ။ ဒါနဲ့ … မဟုတ်သေးပါဘူးပေါ့ … အင်တာာနက်မသုံးခင်ကတောင် ပိုက်ဆံစစ်လိုက်ပါသေးတယ် … ထောင်ဂဏန်းကျန်သေးတော့ .. သုံးပြီးမှ ထပ်ဖြည့်ချင်ဖြည့်မယ်တွေးထားတာ …. ။ ပိုက်ဆံက 0 ဆိုတော့ … နည်းနည်းတောင် လေသွားတယ် …. ။ ဒါနဲ့ပဲ … မျက်လှည့်ပြသလို ပျောက်သွားတဲ့ ဖုန်းထဲက ပိုက်ဆံအတွက် ဘယ်သူ့ကို ကျိန်ဆဲရမှန်း မသိတာနဲ့ …စိတ်တိုတိုနဲ့ပဲ … ပိုက်ဆံကဒ်ထပ်ဖြည့်လိုက်ရပါတယ် … ဟီး :hee:

    ကျွန်မမဖြစ်ခင်က …ညီမဝမ်းကွဲလေး တစ်ယောက်လည်း ဖြစ်ခဲ့ပါတယ် …. G သုံးနေတာပါ .. သူလည်း သုံးထောင်ကျော် .. ပါသွားတယ် … အဲ့ဒီပုံစံနဲ့ပဲ .. …
    ဝန်ဆောင်မှုဖြင့် မကောင်းပဲ …. ပြည်သူတွေကို ပါးပါးလှီး …. လိမ်လည် လှည့်ဖျားပြီး စားသောက်နေတာ … မုန်းစရာ …. ။ 👿

    • the best

      October 12, 2012 at 10:21 am

      ကျွန်တော် ဝ၉-၅၀——- လည်း etone အတိုင်းပဲ။
      လက်ကျန်ငွေ ၄၀၀ဝကျော်ကနေ ဝ ဖြစ်သွားတယ်၊ အင်တာနက်မပိတ်မိလို ့ထင်နေတာ။
      အခုထိဘာမှဖြေရှင်းချက်မပေးသေးဘူး။
      ဆက်သွယ်ရေးဝန်ကြီးအသစ်လဲလိုက်ရင် server error မတက်တော့ဘူး။

      • etone

        October 12, 2012 at 11:36 am

        လူတွေက ကိုယ်တယောက်တည်း ခံရသလား အမှတ်နဲ့ … အသံမထွက်လို့ … အချဉ်လား ဆိုပြီး .. သတ်သတ် ဘတ်တာပါ အစ်ကိုရေ … ။
        ဒါတောင် အခုမှ သူတို့ဘတ်တာ လူသိတာနော် … prepaid card တွေ ပေါ်လာလို့ စစ်လို့ ရတာ .. အရင်ကလို Credit နဲ့ သုံးနေလို့ကတော့ .. ဘယ်လောက်ဖြတ်လို့ ဖြတ်မှန်း လည်း မသိ … ၊ လာထည့်ပါဦးဆို သွားထည့်ရတယ် … ၊ အရမ်း အမောင့် အများကြီး ကွာနေမှသာ details ထုတ်ကြည့်ကြတာလေ … 100မှာ 99ယောက်က details တောင်းမကြည့်တာများ တယ် … ။ တောင်းဖို့ကလည်း မလွယ်ဘူးကိုး … အဆင့်ဆင့် … အလုပ်တွေမရှုပ်ရှုပ်အောင် လုပ်ထားတာ … ။ ဂွင်ဖန်တဲ့ နေရာမှာ တကယ့်ကို ဆြာတွေပါပဲ … ။

  • ကိုခင်ခ

    October 12, 2012 at 10:21 am

    အမလေး မြန်မာ့ဆက်သွယ်ရေးရယ် နှိပ်ဆက်နေတာလည်း၊
    နှစ်ပေါင်းမနည်းတော့ပါနော်။
    လုပ်နေတဲ့သူတွေလည်း တစ်ချို့ဆိုပင်စင်တောင်နီးတော့မယ်၊
    ဒါလည်းခုထိ စမ်းသပ်စဲ မှားပြန်ဆိုဘဲလားဟင်၊
    ပြောကိုမပြောချင်တော့ဘူးနော်၊
    ဆက်ရေးရင် ဆဲမိတော့မယ်၊
    ဟင်း—-နော်။

    • the best

      October 12, 2012 at 10:27 am

      ဆက်ရေးပါ၊ ဆက်ရေးပါ။

  • eipu

    October 12, 2012 at 11:01 am

    အားပေးပါတယ်

    • ကိုခင်ခ

      October 12, 2012 at 12:48 pm

      ဆက်ရေးရရင် ကိုယ့်တွေ့လေးတစ်ခုဗျာ၊ ပြီးခဲ့တဲ့သင်္ကြန်ရုံးပိတ်ရက်ရှည်ပိတ်တော့ အကြိုနေ့မှာ ကျွန်တော်ရန်ကုန်ရောက်တယ်၊ အဲဒီမတိုင်မှီ ကျွန်တော်တူလေးက ညအင်တာနက်မသုံးမှီ ငွေလက်ကျန် ၅၀၀ဝ ကျော်ကျန်လို့ ညဘက်သုံးနေရင်း လိုင်းမရတော့ ဖုန်းခေါ်တော့လည်း မရ ဒါနဲ့ ငွေကဒ်ထပ်ဖြည့်
      သော်လည်းအင်တာနက်လိုင်းက မပွင့် ဒါနဲ့ဖုန်းဆိုင်တွေမေးကြည့်တော့ ဆက်သွယ်ရေးမှာ လိုင်းပြန်ဖွင့်ပြန်လျှောက်ရမှာတဲ့၊ ဆက်သွယ်ရေးမေးကြည့်တော့ သင်္ကြန်ရုံးပိတ်ရက်ပြီးမှ လျှောက်ရမှာတဲ့၊
      ကဲ သင်္ကြန်ပိတ်ရက်(၁၀)ရက် ငုတ်တုတ်မေ့မယ့်ကိန်းဗျာ။ ဒါနဲ့ဘဲ ဆိုင်ရာပိုင်ရာခလုတ်တွေနိပ်တော့မှ
      ပြန်ပွင့်တယ်လေ။ ဆိုလိုချင်တာက ဆက်သွယ်ဖို့ ထုတ်ပေးတဲ့ဖုန်း ဆက်သွယ်လို့ အမြဲမရတာတွေနဲ့ ထိန်းထား နေစဲ၊ အင်တာနက်လည်း တစ်မိနစ် ဘယ်လောက်ယူတယ် အဲဒီမှာ များများရအောင် ကွန်နက်ရှင်ကို လိပ်ပေါ်တင်ပြီးလွှတ်တယ် ကွန်စောင့်ရတဲ့ဖိုးက သုံးတဲ့ဖိုးထက် အခများနေတယ်၊
      ဂျီ ကို ပထမထုတ်တော့ ၅ သိန်း၊ နောက်တော့ ၁ဝ သိန်း၊ အဲဒီကနေ ၁၅ သိန်း ဒါတောင် လိုချင်တိုင်းမရဘူးနော် ဂွင်တွေကရှိသေးတယ်၊ ဒါပေမယ့် ဟိုလူတွေကတော ့အဲဒီအချိန်မှာ ခါးမှာကျည်ကပ်ချိတ်ထား သလားအောင့်မေ့ရအောင် ပတ်လည်ဘဲ လွှတ်တော်မှာ အမေးခံ ရတော့ သိန်းဇော်က ဈေးမြင့်နေတာ မကိုက်လို့ပါတဲ့၊ ဘာမကိုက်တာလဲ သူအိမ်ဆောက် ကားဝယ်ဖို့
      မကိုက်တာလား၊ နောက်တော့ ၅ သိန်းနဲ့ ဈေးချရောင်း အခု ၂ သိန်းနဲ့ရောင်း ၊ သူများ ၅၀၀ဝ နဲ့ရောင်းမယ်ဆိုတော့ ဘာဖြစ်တယ်ညာဖြစ်တယ်ပြောလို့တားတယ်၊ ပြောတာတော့ ပြည်သူတွေအတွက် စဉ်းစားပြီးလုပ်နေ တာတဲ့၊ မှန်ပါတယ် ပြည်သူတွေအတွက်စဉ်းစားနေတယ်ဆိုတာ ဘယ်လိုပြည်သူဆီက ဂွင်ရိုက်ရမလဲ ဆိုတာဘဲဖြစ်မယ်ဗျာ။ Server Error က စက်တင်မဟုတ်ဘူး ဆက်သွယ်ရေးက သူတွေ လည်း Error တက်နေတာပါဗျာ။ တော်ပြီ ရေးရင်းနဲ့ ပိုစ်တစ်ခုလောက်ဖြစ်နေတော့မယ် the best ရယ် ဒီလောက်ဆို စုတ်ပြတ်သတ်ပြီး ခြစားနေတယ်ပြောရင်တောင် တောင်ပို့လိုက်ထွက်ပြီးစားနေတဲ့ ခြဘဲဖြစ်မဲ့
      မြန်မာဆက်သွယ်ရေးရုံးပေါ့ဗျာ။

      • the best

        October 12, 2012 at 2:06 pm

        မြန်မာ့ဆက်သွယ်ရေးက“ ခြစား” နေတာမဟုတ်ပါဘူး။

        မြန်မာ့ဆက်သွယ်ရေးက “ချစား” နေတာပါ။

  • Good™

    October 12, 2012 at 1:11 pm

    ကျနော် ရေးတာ တော့ လူတိုင်းသိမှာ ပါ။
    ဆက်သွယ်ရေးနဲ့ ပတ်သက်လို့ ပြောပါတယ်။ ခု လည်း တောနယ် ရွာ တွေ ထိကို ဆင်ကြံ ကြံနေတယ်။
    လေးသောင်းစသွင်း ပြီး အရစ်ကျ တစ်လ တစ်သောင်း နဲ့ ရောင်း နေတယ်။
    တရွာ ဆယ်လုံး ရောင်း ရ ရောင်းရ ရပ်ကွက် အုပ်ချုပ်ရေးမှုး တွေ နဲ့ ပေါင်းပြီး လုပ်နေတယ်။
    အပြောကတော့ ရပ်ကွက်အုပ်ချုပ်ရေးမှုး ထောက်ခံချက် နဲ့ တောနေပြည်သူတွေ ဖုန်းသုံးနိုင်အောင် စေတနာထား အကြွေးရောင်းပေးမှာ တဲ့ ဗျား။
    ကျနော် တို့ မြို့နယ် ဆို ရွာပေါင်း ၁၀၁ ရွာ ( အင်္ဂလိပ်ခေတ်ထဲ က သဂျီး ၁၀၁ ပိုင် ရှိတဲ့ မြို့နယ် ပေါ့။
    ၁ဝ x ၁၀၁ = ၁၀၁ဝ x ၂၆ မြို့ နယ် ရှိတဲ့ ဧရာဝတီ တိုင်း အတွက်ဆို ၂၆၂၆ဝ ရောင်း ရ လဲ မနည်းဘူးဆို ပြီး လုပ်နေ လေရဲ့။

    • the best

      October 12, 2012 at 2:14 pm

      ဖုန်းက ဈေးလျှော့ရောင်းတော့မဲ့ အချိန်ဒီလို လိမ်ညာစားသောက်ရဲတာ အံ့ဩမိပါတယ်။

      မလုပ်သင့်၊မလုပ်ထိုက်တာတွေ အရှက်မရှိလုပ်ရဲကြတယ်နော်။

  • ဦး ဂျစ်

    October 12, 2012 at 2:10 pm

    ဈေးကောင်းကောင်းနဲ့ ရောင်းမစွံတော့တဲ့ ဖုံး တွေကို တဖက်လှည့်နဲ့ ပါးလှည့် နားရိုက်
    လုပ်တာနေမှာ …
    ခက်တာက ကျုပ်တို့နယ်ဖက်မလဲ အကြွေးသာရမယ်ဆိုရင် တိုုက်နယ်ကြီးတခုပဲ
    ဝယ်ရ ဝယ်ရ ယူမယ်ချည်းပဲဗျို့ …။

    • the best

      October 12, 2012 at 5:36 pm

      (၃)ကြောင်းထဲနဲ ့ အားပေးတာ ကိုပေ လိုနေ ပါသေးတယ်။

  • uncle gyi

    October 12, 2012 at 3:27 pm

    စက်မလဲလူလဲရန်သာလိုပါသည်

    • နေဝန်းနီ

      October 13, 2012 at 10:46 am

      အန်ကယ်ဂျီးရေ……… ဆက်သွယ်ရေးမှမဟုတ် အားလုံးလဲလိုက်ရင်အကောင်းဆုံးဖြစ်လိမ့်မယ်ထင်တယ်နော့ ဒါပေမဲ့ လေ့ကျင့်ပေးဖို့တော့ အချိန်ယူရလိမ့်မယ်…။ ခုတက္ကသိုလ်တက်နေတဲ့ကျောင်းသားတွေကို ဝန်ထမ်းပိုင်းဆိုင်ရာဘာသာရပ် ထည့်လိုက်ဗျာ…….. ဒါဆိုရင်တော့ တစ်ပြေးညီလေ့ကျင့်ပြီးသားဖြစ်သွားမယ်…။ ခုလုပ်နေတဲ့ဝန်ထမ်းတွေက ရှေ့ကလူလုပ်သွားတဲ့အတိုင်းလိုက်လုပ်ဆိုပြီး အမိန့်ပေးခံထားရတဲ့ စက်ရုပ်တွေနဲ့ဘာမှမခြားဘူးဖြစ်နေတယ်……။

  • jullies cezer

    October 12, 2012 at 3:34 pm

    လာသေးတယ် server error တဲ့ ပလာတာကျော်တဲ့ဒယ်အိုးလောက်မှဇောက်မနက်တဲ့ဟာတွေ………

    • the best

      October 12, 2012 at 6:09 pm

      ချာပါတီဒယ် ဆိုရင်ကော။

  • the best

    October 12, 2012 at 6:05 pm

    လူလဲပြီး မူမလဲရင်
    နောက်ထပ် server error လာအုံးမှာပဲ။

    server သာစကားပြောတတ်ခဲ့ရင်…. သူလေပြောပြလိမ့်မယ်
    MPT ဟာညစ်တာ..သူအသိဆုံး…အညစ်ပတ်ဆုံးရေ…။

  • ည စ်နေမှန်းသိနေပေမယ့် ဘာမှလုပ်မရတော့ ငုံ့ခံနေရာတာပါဘဲ။
    ကိုယ်ကလဲသူ့ကို မသုံးလို့မဖြစ်ဘူးကို

Leave a Reply