Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

သကြားမပီးမဖြစ် ရေးသူများသို့ ………

Khaing KhaingOctober 12, 20121min130351

ကျွန်မ ဒီနေ့ညနေ ပျင်းပျင်းရှိတာနဲ့ အခွေဆိုင်ဘက်ကို လမ်းလျှောက်ထွက်ခဲ့မိတယ် …. မိုးလည်းမရွာဘဲ သီတင်းကျွတ်နီးတော့ ရာသီဥတုလေးက သာယာနေတယ်လေ …. အရင်ကဆို သူရှိတုန်းက ကျွန်မကြိုက်တဲ့ သရဲကားတွေကို ဝယ်ပေးထားလို့ အိမ်မှာသရဲကားပဲ ကြည့်ဖြစ်တယ် …. ဒီကြားထဲမှာ မြန်မာဗွီဒီယိုခွေတွေလည်း ငှားကြည့်တတ်သေးတယ် …. သူခရီးထွက်တော့ အပြင်ကို တစ်ယောက်တည်းထွက်ရမှာ ပျင်းတာနဲ့ အခွေမကြည့်ဖြစ်တာ နည်းနည်းကြာသွားခဲ့တယ် …

ခွေဆိုင်ရောက်တော့ ၁ လလောက်မငှားဖြစ်တဲ့ကားတွေထဲက ဘယ်ကားက ဟာသကားတွေလဲဆို ပြီးရွေးနေမိတယ် …. ကျွန်မက ခွေကြည့်ရင် သရဲကားနဲ့ဟာသကားပဲကြိုက်တယ် .. မြန်မာသရဲကားကျတော့ ကြည့်လို့မကောင်းလို့ မကြည့်ဘဲ မြန်မာဟာသကားပဲကြည့်ဖြစ်တယ် ….အခုခေတ်က ဟာသကားတွေ ကျော်ရဲအောင်ကသရုပ်ဆောင်တာများတယ် … ကျော်ရဲအောင်တစ်ခါမြုပ်သွားခဲ့ဖူးတယ် … အခုတဖန်မှာ ကျော်ရဲအောင်က ဟာသရုပ်ရှင်ကားကြီး မှာ နံမည်ပြန်ရပြီး အသက်ဝင်လှုပ်ရှားလာခဲ့တာ ယနေ့အထိပါပဲ … အစပိုင်းကတော့ ဟုတ်တုတ်တုတ်ပါပဲ … အခုကျတော့ သူ့အသက်အရွယ် သူ့ခေါင်းပေါ်ကဆံပင်မရှိထိပ်ပြောင်နေတာရယ် … တွဲတဲ့မင်းသမီးကလည်း တစ်ခါလာ စိုးမြတ်သူဇာတို့ ညီအစ်မတွေနဲ့ ကြည့်ရတာ ရိုးအီလာခဲ့တယ် … ကျော်ရဲအောင်က ကျန်းမာရေးမကောင်းလို့ ဆေးရုံမကြာခဏတက်ရတော့ တစ်ချို့ရုပ်ရှင်ကားထဲမှာဆို သူ့အရွယ်က အတော်ကျနေတယ် … လူငယ်တွေနဲ့ဟာသကားတွဲရိုက်တော့ မျက်စိထဲမလဲ ဘယ်လိုမှ သဟာဇာတမဖြစ်နိုင်တော့ဘူး ……. ဒါနဲ့ ကျွန်မလည်း မြန်မာဗွီဒီယိုခွေတွေကို ကြည့်ဖို့စိတ်ကုန်လာခဲ့ပြီး အိမ်ကိုပြန်လာခဲ့မိတယ် …….

 

ဒီလိုနဲ့အိမ်ရောက်တော့ ကွန်ပျူတာလေးဖွင့်ပြီး မန်းတလေးဂေဇက်ထဲကစာတွေ ပုံတွေကြည့်ပြီး ရီမယ်ဟားမယ်ဆိုဖွင့်လိုက်တော့ …. အံမယ် သူကြီးဦးခိုင်ကို ဇာတ်ကောင် (စာအခေါ်) တင်ထားကြတာတွေ့ပြန်ရော … ပထမက တော်တော်ကို ဖတ်လို့ကောင်းသား ရီလည်းရီရတယ် … ဒါနဲ့ နောက်တစ်ပို့စ်ကို ဖွင့်ဖတ်ပြန်ရော … ဟော ဇာတ်ကောင်က ဦးခိုင်ပဲ …. နောက်တစ်ပို့စ် ဖတ်တော့လည်း ဦးခိုင် … အာစိတ်ရှုပ်လာပြီကွာ … ဦးခိုင်က သူကြီးဆိုပြီး ရွာထဲမှာ နံမည်ခံထားတာလေ … သူကဇာတ်ကောင် ဇာတ်လိုက်မဟုတ်ဘူး … ကျွန်မစိတ်ထဲထင်တာတော့ သူကြီးဆိုတာ ကိုယ်မကျေနပ်တာကို တိုင်မယ်တောမယ် ရွာထဲမှာ အကူအညီလိုရင် သူကူညီရမယ် … နှလုံးပြူးလေးကိုင် ပြသနာတက်ရင်ဖြေရှင်း … ဒါမျိုးတွေဖြစ်နေရမှာကို …. ဘယ်နှယ့် သူ့ကို သူများတွေက သူကြီးကို သူကြီးနရာမထားပဲ ပေါတောတော ဇာတ်ကောင်တွေရေးနေတာကို သူကကျေနပ်ပီတိဖြစ်နေသေးတယ် … ဘာတဲ့ သူကလေးကလားရေးထားတာရှိသေးတယ် …

ဟုတ်တယ်နော..
ဟားတိုက်လို့..ရယ်ချင်စရာ..

ဒါနဲ့..စကားအတင်းစပ်..
ဘာကိုပြောနေတာလည်းဟင်င်င်… 😕

မောင်မောင်ခိုင်အား ရွာ့ဇာတ်ကောင်အဖြစ်မကြာခဏသုံးခြင်းကို ခေတ္တရပ်နားပေးပါရန် အဆိုတင်သွင်းပါသည် ….ပို့စ်တွေမှာ ဖတ်ရတာ ငြီးငွေ့လာပီ … 🙂

51 comments

  • ဘဲဥ

    October 12, 2012 at 12:36 pm

    ဖတ်ရတာ ငြီးငွေ့လာရင် မဖတ်ပဲနဲ့ အိပ်ပလိုက်ပေါ့အေ့ တကဒဲမှဘဲ
    ဟွင်း ……

    • Khaing Khaing

      October 12, 2012 at 1:01 pm

      ဟဲ့ … ဘဲဥပုပ်မ … ညည်းနဲ့ အဲဒီလူနဲ့က ဘာတော်လို့ ကြားကနာနေတာလဲ …

  • kai

    October 12, 2012 at 12:46 pm

    ဟုတ်ပါတယ်ဗျို့..
    ရွာသူတွေထဲ.. ဒီဗိုက်ကြီးသည်ကမှ.. အလိုက်သိသေးတယ်..။

    …ဉာဏ်ကောင်းတဲ့.. ချောချောလှလှ.. ကလေးလေးမွေးပါစေဗျာ..။
    ( မှတ်ချက်။ ။ အကြွေးပေးရန်ကျန်သေးတာ မမေ့ပါ) :kwi:

    • အောင်မာ ..
      မာမီခိုင်က သဂျီးဆီက အကြွေး မရသေးလို့
      စိတ်ဆိုးနေဒါဂိုး …
      :kwi:

      ဒါ့ထက် စကားမစပ် …
      အောက်ဆုံး အပိုဒ်လေးကို ဖတ်ပြီး ဟိုဟာသလေး သွားသတိရမိတယ် ..
      နိုင်ငံရေး ဟာသလေးပါပဲ။ ဇာဂနာကြီး ပြောခဲ့တာလား မသိဘူး … 🙄
      ဘာတဲ့ …
      သတင်းစာ ရှေ့မှာဆိုလားပဲ ခွက်တစ်လုံးထားပြီး ဖတ်တယ်ဆိုပဲ …
      အဲ .. ဟိုလူဂျီးတွေလည်း တွေ့ရော ..
      သတင်းစာ နားက ခွက်ကလေး ကိုင်ကိုင်ပြီး
      “ဒီသောက်ခွက်က ရှုပ်ကို ရှုပ်တယ်” ……. တဲ့ …။
      ခုလည်း ….. အဟဲ … သဂျီး .. ကျုပ် ဘာမှ ထပ်ပြောဘူးနော့ … :mrgreen:

    • Khaing Khaing

      October 12, 2012 at 12:52 pm

      အမြင်ကပ်လို့ရေးတာနော် … အကောင်းမတွေးနဲ့ …

      သူ့အကြောင်းတင်လို့ ဂုဏ်ယူနေပြန်ပီနဲ့တူတယ် … သူများလို နံမည်ကို လူသိမှာစိုးလို့ ဘိုး မတင်ဘဲ မှိန်ထားတာသာကြည့် ဘယ်လောက်အမြင်ကပ်နေလဲဆိုတာ …

      အမှန်တော့ သူကြီးကိုအမြင်ကပ်တာထက် သူကြီးနံမည်သုံးပြီး ပို့စ်တင်ဖားနေသူတွေကို ပိုအမြင်ကပ်နေတာ ……. နားပိတ်ထားသည် မျက်စိမှိတ်ထားသည် သံခမောက်စောင်းထားသည် ……. သံကြပ်ကာဝတ်ထားသည် … ပို့စ်တင်သူများအမြင်ကပ်မည်ဆိုပါက … ကိုရင်စည်သူပေးတဲ့ ဆေးနည်းသုံးရန် မီးသွေးမှုန့်တွေကို အဆင်သင့်ဘေးမှာ ချထားသည် …. ခြေဖဝါးကို အီးနင်းထားသည် ……..

      • ဘဲဥ

        October 12, 2012 at 1:08 pm

        ဗိုက်ဖုံး သံချပ်ကာ ရှိလားဟင် .. :mrgreen:

        • ရှိဒယ်လို့ဒေါ့ ကြားဒယ် …
          နာဒေါ့ သေချာတိဝူးးးး
          မာမီကို မေးကျည့်ပေါ့လို့ .. အဟီးးး :mrgreen:

        • etone

          October 12, 2012 at 2:22 pm

          ဟေ့ … ညည်းတို့ကလည်း .. အထင်တွေ စွတ်မကြီးနဲ့ . ဗိုက်ဖုံးသံချပ်ကာ မချိဘူးအေ့ ..
          နာ့ ယောက္ခမဂျီး ဝတ်ထားတဲ့ သံချပ်ကာက … ကလေးဆိုဒ်ထဲက အကြီးဆုံးလေ .. ဟိဟိ 😆

          တဂျီးပြောသလို သားချောလေးမွေးရင် … တမီးကိုပဲ ပေးရမယ် ..နော်နော် .. ဟိုမိပြားကို ပေးရဘူးနော် .. နော် ရို့ … ခွိခွိ :kwi:

    • P chogyi

      October 13, 2012 at 4:26 pm

      11. ပုဂ္ဂိုလ်ရေးထိခိုက်စေသော ပို့စ်၊ကော်မန့်များကို ကာယကံရှင်မှ အယ်ဒီတာထံ ကန့်ကွက်စာအီးမေးလ်ပေးပို့ပြီး ဖျက်ပေးရန် တောင်းဆိုစေလိုသည်။ ထိုကဲ့သို့သော ပို့စ်တင်သူအား ပွိုင့်၁၀၀ဝ နှုတ်ပါမည်လို့ စည်းကမ်းသတ်မှတ်ထားတာ သိရပါတယ်။
      သူကြီးကိုကျေနပ်လို့ ဇာတ်လိုက်တင်တာ မခိုင်ခိုင်က ကန့်ကွက်တော့ မခိုင်ခိုင်စည်းကမ်းဖောက်သလို ဖြစ်နေတယ်၊ သူကြီးကမကျေနပ်ရင်ဘယ်သူဆီမေးလ်ပို့ပြီး
      တောင်းဆိုရမှာလဲ။

      • kai

        October 14, 2012 at 1:06 am

        အိုဘားမားဆီတိုင်ရမလား.။ ဦးသိန်းစိန်ဆိုရင်ကော…
        ရှုပ်ပါတယ်.. လေဒီခိုင်ဆီပို့ပြီးတိုင်ရင် ကောင်းမယ်ထင်တယ်.. ။

        • ကျုပ်ကတော့ 88 မျုိုးဆက်သစ် မင်းကိုနိုင်တို့ဆီဘဲတိုင်မယ်
          လောလောဆယ် သူတို့ကမှ ထစ်ကနဲဆို အပြေးရောက်လာမှာ

  • မောင်ပေ

    October 12, 2012 at 12:48 pm

    အဲဒါ ဂေဇက်ရွာရဲ ့ ပွိုင့်တစ်သိန်း ကျိန်ဆာ ပဲကွဲ ့
    သဂျီးက သူ ့နှလုံးပြူးကို မကိုင်ပဲ ပစ်ထားတာလေ
    အဲဒါ အဲဒါ… ( ခရက်ဒစ် တူ သဂျီး )
    :kwi:

    • Khaing Khaing

      October 12, 2012 at 1:04 pm

      တကယ်ဒေါ့ … အဲဒီလူကြီးက နှစ်လုံးပြူးကိုင်တာမဟုတ်ဘူး … ကျိုက်ထီးရိုးသေနပ်ကိုင်တာ … အသံတော့ မြည်တယ် အဆံတော့မရှိဘူး ……..

  • လယ်ထွန်Z

    October 12, 2012 at 1:01 pm

    @လောကဓာတ်ဆြာဂျီး

    အကြွေးမပေးလို့ ဖုပီး သကာလ ..
    အူးကြောင်ရဲအော် နဲ့ ထပ်တူပြုပီး
    သူ့ခေါင်းပေါ်ကဆံပင်မရှိထိပ်ပြောင်နေတာရယ် …
    တို့ .. ရုပ် ကျနေဘီ တို့ .. ဟိုညီအစ်မဒေ ထည်လဲ တွဲတယ်တို့
    ဆိုပီး .. သမ-ထားတာ ..မသိရှာဝူးကိုး ….
    ခုခိခုခိ..

    @ပူကြီးဗိုက်
    ဟာဂျာ ..
    နောက်ရေးမယ့် သိုင်းဝတ္ထုမှာ ခြေချုပ်၍ မြေဖုတ်ကဝေပမာ
    ဆိုတဲ့ သိုင်းထိပ်သီး ဗီလိန်ဂိုဏ်းချုပ် အဖြစ် သုံးမလို့ဟာ ..
    တကလဲတော် တကလဲတော်…

    တော်ပါဘီအေ…သဂျီး ကိုယ်စား
    သဂျီးနဲ့ နာမည်ဆင်တဲ့ ရွာ့ ကာလသားသမီးအပေါင်းရဲ့
    အနာဂါတ် ယောက္ခမ ဝက်ဒုတ်သယ်ကြီးကိုပဲ
    အဲ့နေရာ ပေးလိုက်ပါ့မယ်.. ဟီဟိ..

    • Khaing Khaing

      October 12, 2012 at 1:08 pm

      ပေါ်လာပီ … မိဂီ ညည်းကိုတော်တော်အမြင်ကပ်နေတာ … ညည်းပို့စ်တင်တိုင်း အဲဒီလူချီးနှာမည်ကို သုံးသုံးနေတာ ဖတ်ရတာကြာတော့ တကယ်ကိုငြီးငွေ့လာပီ … ဘယ်နှယ့် သူကြီးမျက်နှာပေးတာခံချင်တိုင်း အမျိုးမျိုးကို လှည့်ပတ်ဖားယားနေတယ် … တခြားနည်းလေးသုံးပါလားအေ ….. အမြင်ကပ်လု့ိကို ညည်းမနေ့က တင်တဲ့ပို့စ်ကို အနည်းငယ်ပဲမြည်းပြီး ကော်မန့်တောင်မပေးဘူး ……..

      င့ါကို အမြင်ကပ်ဖို့ မစဉ်းစားနဲ့နော် ကိုရင့်နည်းသုံးဖို့ အဆင်သင့်ပဲ ….. ငှဲလျောင်း ငှဲလျောင်း …….

  • Shwe Ei

    October 12, 2012 at 1:19 pm

    ယောက်ခမရီးကို(ဗိုက်ဗိုက်ခိုင်) ရှေ့တန်းရောက်ဖို့(ဂဇက်ရွာရဲ့ရှေ့တန်း)ပါဝင်ကူညီမည်။
    ရွာသူအပေါင်းကို(အပျိုရီးများသာ) ချောက်ထဲချဖို့ အစဉ်ကြိုးစားပါမည်။

    * သားလေးကိုပိုင်ဆိုင်ခွင့်ရရေး ဒို့အရေး ဒို့အရေး

    * သဂျီးကိုအဓိကဇာတ်ဆောင်နေရာကဖယ်ပီး ယောက်ခမရီးကို အစားထိုးရေး ဒို့အရေး ဒို့အရေး

    ((၃ကြိမ်တိတိ ကြွေးကြော်သီဟုမှတ်ပါ))

    :harr:

    • လယ်ထွန်Z

      October 12, 2012 at 1:24 pm

      စကားမစပ် … ဟိုဘက်မိန်းမခိုးတဲ့ ပိုစ့် နဲ့ ဆက်စပ်လို့ပါ …
      မိန်းမခိုးတဲ့ ကာလချာ ကို စခဲ့တာ သိကြားမင်းကြီးပါတဲ့ …
      ဝေပစိတ္တိ အသူရာနတ်မင်းကြီးရဲ့ ရင်နှစ်သည်းချာသမီးတော် ကလေး
      သုဇိတာ နတ်သမီးလေးကို ခိုးပြေးတော်မူသတဲ့လေ…

      အောင်မာ သိကြားတို့များ မခန့်တာ ..သူ့သမီးလည်း ယူသေး
      ယောက္ခမလည်း တာဝတိ ံသာ က ကန်ချသေး ..
      ကန်ချယုံတင် အားမရလို့ ..အာလမ္ဗရ စည်တော်ကြီး ဆိုလား
      အဲ့ဒါကြီးပါ ဖလာကျိတ် လိုက်သေး ..
      အတော်ကောင်းတဲ့ သားမက်လေး …

      ယောက္ခမလုပ်သူ ရှက်ကီမန်း အဲအဲ .. ရှက်ကီနတ်များကလည်း
      မူးရူးနေလိုက်တာ သခွပ်ပင်မြင်မှ တာဝတိ ံသာ မဟုတ်မှန်းသိသတဲ့
      အံ့ကျော်ပဲ..။

      အဲ့ဇာတ်မှာ ပူကြီးဗိုက် ကို ဟဲဟဲ ..အဓိက ဇာတ်ဆောင်နေရာမှာထားမယ်..
      သိကြားနေရာမှာ တော့ ရွာ့ ကာလသမီး တသိုက်ပေါ့ကွယ်. …
      (အစက ကိုကိုကြောင်နဲ့ သဂျီး ကို တည်ထားတာရယ်..)

      ညင်းညင်း….

      ပုံ
      ဖုတ်သွင်းစာရေးဆြာ
      လယ်ထွန်Z

      • Khaing Khaing

        October 12, 2012 at 1:28 pm

        ဒီငမိုက်သား ပြောလေကဲလေ … မာန်းလေပြဲလေပါလား … အကျွန်ုပ်နံမည်ကို မူပိုင်ခွင့်မတင်ပဲ ယူသုံးခွင့်မပြုရ …

        • လယ်ထွန်Z

          October 12, 2012 at 1:52 pm

          အချိန်ကား ခရစ်သက္ကရာဇ် ၂၀၃၂ခုနှစ် ။ နေရာကား ရန်ကုန်မြို့။
          ခုတလော ဝက်သားဒိုင် သာထိန်းမကြီး ဒေါ်မာမာမွှေး (ရှာရှေနဲ့ ..ခိုင်တာနဲ့ မာတာတူတူဗျဲ)
          တစ်ယောက် အတော်လေး စိတ်ညစ်နေလေသည်။ အကြောင်းမူကား ……..။

          မင်းသား ။ မောင်မာပျော်။
          မင်းသမီး ။ အိသဒ္ဒါမိုး၊ ခင်ကုမုဒြာလွင်၊ ဂျူလီမြအိုတူး၊ စီစီလီယာဇော်။
          ဇာတ်ပို့ဇာတ်ရံအဖြစ် ဒါဇင်ပလပ်စ် ဝိုင်းတော်သားများ အထူးသရုပ်ဆောင်သည်။

          မကြာမီ လာမည် .. မျှော်..

          ဟီဟိ..

      • Mr. MarGa

        November 22, 2012 at 9:14 am

        ဟေ့ ဟေ့
        နေရင်းထိုင်ရင်း ဦးမာဃ ဆွဲမထည့်ရဘူးလေကွယ်
        သိကြားမင်းအတင်းဆိုတာ မပြောကောင်းဘူး

    • Khaing Khaing

      October 12, 2012 at 1:26 pm

      * သဂျီးကိုအဓိကဇာတ်ဆောင်နေရာကဖယ်ပီး ယောက်ခမရီးကို အစားထိုးရေး ဒို့အရေး ဒို့အရေး
      ရွှေအိရယ် … အဲသလိုတော့မလုပ်ပါနဲ့ … အမကနားတော့မှာ …. နံမည်ကောင်းနဲ့ပဲ အနားယူချင်တယ် …… (ဟဲ ဟဲ သမ္မတကြီး၏ အတွေးအခေါ်အယူအဆများ)

      • etone

        October 12, 2012 at 1:54 pm

        သဂျီးကိုအဓိကဇာတ်ဆောင်နေရာကဖယ်ပီး ယောက်ခမရီးကို အစားထိုးရေး ဒို့အရေး ဒို့အရေး

        သဘောကျလွန်းလို့ပါအေ …. ။ :harr:

        မိကြည်ပြာရေ …….. ကျုပ်တော့ .. အသက်စေ့ ရွတ်သွားပါတယ် …..
        1,2,3,………………. 18+ 😆

  • ကိုခင်ခ

    October 12, 2012 at 1:38 pm

    သဂျီးရေ အဓိကဇာတ်ဆောင်နေရာ သရုပ်ဆောင်ဖို့ အရင်စာချုပ်ထားတာတွေ ကျန်နေသေးရင်
    တောင်းဆိုသူလည်းရှိပြီဆိုတော့ ဒီလိုလုပ်ပါလား အဓိကဇာတ်ဆောင်နေရာပါမစ် လေလံတင်ရောင်းဗျာ၊
    ကိုဆာမိတော့ မသိစေနဲ့ပေါ့၊ တော်ကြာဈေးနှိမ်ဝယ်နေအုံးမယ်ဗျ။
    မခိုင်ကလည်း သူစန်းနဲ့သူ ဇာတ်ကောင်နေရာရတာ ရပါစေပေါ့ မဖြစ်ဘူးလား။

    • Khaing Khaing

      October 12, 2012 at 1:45 pm

      ဦးဦးခကလဲ … သူ့စန်းနဲ့သူဟုတ်ပါဘူး …. မြန်မာပြည်ကကြံ့ဖွတ်ပါတီမဲပေးတုန်းကလိုကြီးဖြစ်နေတာ … သူတို့ ထောင်တဲ့အဖွဲ့ သူတို့ပဲမဲပေး … သူ့လူတွေပဲ ထောက်ခံ …. သူ့တို့ကိုထောက်ခံအောင် မသိမသာ လက်ကြိတ်တိုး ရာထူးတွေ မက်လုံးတွေပေး ….အဲသလိုကြီး တဖက်သတ်ကြီး …

      • etone

        October 12, 2012 at 1:58 pm

        မာမီရယ် … ဗိုက်ထဲက ..တမီး ချစ်ချစ်ယေးကိုလဲ အားနာပါဦးအေ .. ။
        လောဘ……
        ဒေါသ…..
        မောဟတွေ .. လျော့ … လျော့ … အထူးသဖြင့်
        မနာလိုတာတွေ ..လျော့ ..ေ အာ့ဟော့.. ဟော့ …… အဟွတ်ဟွတ် …. ရွှတ်ဘတ် ……. :mrgreen:

        ချောင်းဆိုးရင်း နှပ်ချေးထွက်သွားသူ
        ချွေးမဂျီး … 😎

        • Khaing Khaing

          October 12, 2012 at 2:18 pm

          ဒွတ်ခ ….. ဒွတ်ခ … ရေးတာတစ်မျိုး တွေးနေတာတစ်မျိုးတွေဖြစ်နေပါပေ့ါလား …

          ဒီပို့စ်ထဲမှာ လောဘ ဒေါသ မောဟတွေမပါပါဘူးကွယ် ….

          ပို့စ်ရဲ့နောက်ဆုံးစာကြောင်းလေးကို သေသေချာချာလေးဖတ်ပေးရင် … နားလည်ပါလိမ့်မယ် ….

          တစ်ခုတော့ရှိပါတယ် .. ထင်မြင်ချက်လွဲမှားစွာပေးတဲ့ လူအုပ်စုက တူနေသလိုပဲနော့ … (သူကြီးလေသံ)

        • etone

          October 12, 2012 at 2:28 pm

          ခွိခွိ .. .ခစ်ခစ် . … ခွတ်ခွတ် … ခွီးးးး … ဟီး ..
          ယောက္ခမဂျီးကလည်း .. ချစ်ယို့ ကျီစားတာကို …. ဂယ်ပဲ .ဂယ်ပဲ …… ။
          တမီးက .. သေနတ်ထမ်းကျင့်နေတာပါ .. မိုးပေါ် ထောင်ပစ်မယို့ ဟိဟိ …….. ။ ဗိုက်ကား ကား ကြီးနဲ့ … ဒိုင်းလုပ်လိုက်ရလျှင်တော့ကွာ … နာ့ယောက္ခမ အတော်လှမှာပါပဲ .. ဟိဟိ … ။ အာပွား .. ဟီး ။ :chit:

        • Khaing Khaing

          October 12, 2012 at 2:35 pm

          မိုးပေါ်ထောင်မပစ်နဲ့ ချွေးမ .. မဆီမဆိုင်တဲ့ ငှက်တွေထိသွားမယ် ….

          ဟွန်းနော် …. ချွေးမလေး … ကျီးစားသန်က ရန်များ၏တဲ့ … မာ့မီကို ကာယကံ ဝစီကံ မမနောကံနဲ့တောင်မပြစ်မှားနဲ့ တိယား ….

          စကားအတင်းစပ် သီတင်းကျွတ်ခါနီးပီ အပြစ်တွေဆေးကြောချင်ရင် အိမ်လာခဲ့ ………

      • ကိုခင်ခ

        October 12, 2012 at 2:50 pm

        မမခိုင်ရေ စာရေးဆရာကြီး ကိုသုမောင်က သူစာတွေမှာ သူ့အမျိုးသမီး အေးဘုံ ကိုနာမ်စားသုံးပြီး ထဲ့ရေးတတ်တယ်၊ အဲလိုဘဲ နန်းတော်ရှေ့ဆရာတင်က သူ့သီချင်းတွေမှာ ဆရာတင် နန်းတော်ရှေ့ ရယ်လို့ သူ့ကိုယ်သူဘဲ နာမ်စားသုံးရေးတယ်၊ ဦးကျော်သူက သူ့အမျိုးသမီး ရွှေဇီးကွက် ကို နာမ်စားပြုရေးကြတယ်၊ တစ်ချို့ကတော့သူ့ဇာတ်ကောင် သူဖော်ပြီးရေးတယ် ဥပမာ-စာရေးဆရာ သိပ္ပံမောင်ဝဆိုသူ့ ဇာတ်ကောင် မောင်လူအေး ဆိုပြီး ဖော်ညွှန်းရေးတယ်၊ အဲဒါဘာလို့လဲဆိုတော့ ကိုယ်ခွင့်မတောင်းဘဲသုံးပေမယ့် ပြဿနာ ရှာခြင်း ကင်းနိုင်လို့ရယ်၊ ကိုယ်စိတ်ထဲ ရင်းနှီးတဲ့သူကို သုံးစွဲလိုက်ခြင်းရယ်၊ ကိုယ်နာမ်စား သုံးစွဲလိုက်တဲ့ သူကို လည်းစာဖတ်သူတို့ သိပြီးသားဖြစ်တော့ ဇာတ်အိမ်ဖွဲ့မှုမှာ ပိုပြီးရင်းနှီးစွာ စာဖတ်သူတို့အသိထဲ ရောက်သွားလို့ပါဘဲ၊ အခြားဖားတာတို့ အုပ်စုဖွဲ့တာတို့တော့ ဟုတ်မယ်မထင်ပါဘူးဗျာ။
        မခိုင်လည်း သဂျီး ဦခိုင် အမည်နာမကို အမွေးစားအမွေခံ ပင်တိုင်သုံးရင်လည်း သဂျီးကတော့ ကန့်ကွက်စာပို့မယ်မထင်ပါဘူး၊ မယုံရင်စမ်းသုံးကြည့်ပါလား၊ ကျွန်တော်တော့ သဂျီးဆိုတဲ့ အရှိန်နဲ့ကို မသုံးရဲလို့ ခုထိတော့ မသုံးဖြစ်တာပါ။

        • Khaing Khaing

          October 12, 2012 at 3:16 pm

          ဦးခင်ခကလဲ …… သူကြီးနံမည်က ညီမနံမည်နဲ့တူနေတာကို သူ့နံမည်ကြီးကို ယူမသုံးချင်ပါဘူး …. ဘာလို့လဲ ဆိုတော့ ငယ်ငယ်ကတည်းက ကိုယ့်နံမည်ကို ကိုယ်မုန်းလို့ … အတန်းထဲမှာ ရက်ဂျစ်စတာခေါ်ပြီဆို ကိုယ့်နံမည်နားရောက်ရင် သိပ်စိတ်ညစ်တယ် … နံမည်ကြီးကမလှလို့ … အခုတော့ နံမည်တွေဘာတွေက အရေးမကြီးမှန်းသိလာပါပီ …

          ဒါပေမယ့် ဘာပဲဖြစ်ဖြစ် သွားချီးနံမည်ကြီးတော့ တကယ်ရိုးအီနေတာမှန်တယ် …
          အဲဒီကိစ္စနဲ့ပတ်သက်ရင် လူတိုင်းက သဘောထားကွဲလွဲလို့ ရတယ်ထင်လို့ တင်ပြတာပါ .. ကျွန်မ တွတ်ပီဇာတ်လမ်းတွေဆိုမကြိုက်ဘူး … သူ့ဇာတ်သိမ်းမှာ အမြဲတမ်းကံမကောင်းလို့ … အဲလိုကံမကောင်းတဲ့ ဇာတ်သိမ်းကို သိသိကြီးနဲ့ ဖတ်ရတာ ပျင်းတယ် ……

          နောက်ပြီး စာရေးဆရာမ အိုမာဆမ် .. သူ့ဇာတ်သိမ်းမှာ ဘယ်တော့မှ မပေါင်းဘူး … လွမ်းချင်ရင်တော့ သူ့ဇာတ်လမ်းဖတ် .. တစ်ခါတစ်လေတော့ အိုမာဆမ်ရဲ့ ဝတ္ထုတွေကို ညီမဖတ်ဖြစ်ပါတယ် … အပြောင်းအလဲလေးပေါ့ … အခုလည်း အပြောင်းအလဲကို လိုချင်လို့ပြောတာပါ …..

  • တိန်..တူများက ဗားရှင်းအသစ်ရေးရင် တဂျီးကို ဇာတ်ပို့နေရာက ထည့်မလို့..
    ခုဒေါ့…ချစ်မမ ပြောတာနဲ့ပဲ ရေးတော့ဝူး…
    (အစကတည်းက ဘာရေးရမှန်းမသိတာနဲ့ အတော်ဖြစ်သွားတာပဲ..ငှဲ.ငှဲ..) :harr:

    • Khaing Khaing

      October 12, 2012 at 1:50 pm

      မွန်လေးရယ် … ရွာထဲမှာ သူကြီးထက် ပိုသရုပ်ဆောင်ကောင်းသူတွေအများချီးပါ …. တခြားနူနူထွတ်ထွတ် ရွာသားနံမည်လေးကို ထည့်သုံးပီးရေးကြည့် စပါယ်ရှယ်လန်းသွားမယ် … ကံကောင်းရင် ဖူးစာဖက်ပါ ရသွား ဦးမှာ …

        • Khaing Khaing

          October 12, 2012 at 2:27 pm

          အမလေး နုနုထွဋ်ထွဋ်တဲ့ … ရှောက်သီးဆေးပြားလာရောင်းနေတယ် … ကပြပါလား … မောင်မောင်အံ …. အားပေးမယ်လေ ….

        • နုထွတ်တာဟုတ်ဝူး.. နငယ်နှစ်ချောင်းငင် ထဆင်ထူးဝဆွဲကသတ် နေတာ.. ခိခိ.. :kwi:

  • surmi

    October 12, 2012 at 1:41 pm

    ဒီလိုရှိမယ်ထင်တယ် မခိုင်ခိုင်ရေ
    ပြောလည်းပြောစရာပဲ ။ ဒီနေ ့ဆို မပါမဖြစ် ပို ့စ်နှစ်ခုတိုက်ဆိုင်သွားတယ် ။
    ကျနော ့အမြင်လေးပဲပြောမယ်နော် ။ သဂျီးက တကယ်တော ့အလွန်စည်းရုံးရေးကောင်း
    ပါတယ် ။ မီဒီယာရဲ ့ အထာကို အရည်ကြိုသောက်ထားတာဆိုတော ့ဘယ်လိုအခြေအနေမှာ
    ဘယ်လိုဗျူဟာသုံးရမယ်ဆိုတာ သိနေတာပေါ ့ ။ ရွာရဲ ့အသက်လို ့ပြောလို ့ရတဲ ့
    ကွန်မန် ့ကောင်းကောင်းတွေ ၊ ဆွေးနွေးပွဲပို ့စ်တွေ ဟာ သဂျီးရဲ ့ပါးနပ်မှုကြောင် ့ဖြစ်
    ပေါ်လာတာပဲ ။ ကျုပ်သဂျီးကိုဖားနေတာမဟုတ်ဖူးနော် ။အက်ဒမင်ပိုင်းကို သုံးသပ်
    ကြည် ့တာ ။ ကျနော်တို ့ ပြင်ပလုပ်ငန်းတွေရဲ ့အုပ်ချုပ်ရေးပိုင်းမှာ ကိုယ် ့ဝန်ထမ်းတွေ
    ကိုအမြဲမပြတ်ကြည် ့ပြီး ချိန်ခွင်လျှာ ထိန်းပေးရသလိုပဲ သဂျီးအနေနဲ ့လည်း ရွာသူား
    တွေ ရဲ ့အနေအထားကိုအမြဲမပြတ်လေ ့လာပြီး ထိန်းညှိပေးနေတယ်လို ့ထင်ပါတယ်။
    ဒါကြောင့် မခိုင်ခိုင်ပြောသလို ခန် ့ခန် ့ကြီးမနေပဲ ရွာထဲမှာစည်းရုံးရေးဆင်းနေတာပေါ ့
    တကယ်ဆို ကိုယ် ့ပိုက်ဆံနဲ ့ကိုယ်ထောင်ထားတဲ ့ဆိုက်မှာ ဘယ်ကလာပြီးအပြော
    အဆိုခံနေမှာလဲ ။ သူ ့မှာကျနော်တို ့ မသိတဲ ့အကြောင်းတွေလည်းရှိပါလိမ့်မယ်။
    တစ်ခုစဉ်းစားကြည် ့ပါစို ့ ။ မန်ဘာအသစ်တစ်ယောက်တင်တဲ ့ပို ့စ်တစ်ခုမှာ
    သဂျီးက ကော ့မန် ့ပေးလိုက်တယ်ဆိုရင် အဲဒီ မန်ဘာဘယ်လောက် သဘောခွေ ့
    သွားမလဲ ။ ဥပမာပေးရရင် ဟိုတစ်လောကကိုကျော်သိန်း က ကျောင်းနဲ ့ပါတ်သက်ပြီး
    ပို ့စ်တင်တယ် ။ အားပေးဆွေးနွေးသူတွေရှိသလို ဆန် ့ကျင်တဲ ့သူတွေနဲ ့ အနီကဒ်
    တွေမြင်မကောင်းလောက်အောင်ပါပဲ ။ အဟောင်းဆိုရင်တော ့အေးဆေးပေါ ့
    ဒါပေမဲ ့ ကိုကျော်သိန်းကအသစ်ဆိုတော ့ ဆက်ရေးဖို ့လက်တွန် ့ကြောင်း သူ ့
    ကော့်မန် ့မှာတွေ ့ရတယ် ။ ချကြ်ခင်းပဲ ကျုပ်တို ့သဂျီးက စတစ်ဆွဲ ပေးလိုက်တယ်။
    အကျိုးရှိတဲ ့ပို ့စ်တွေ ရေးတဲ ့သူ ကိုလက်တွန့် ့သွားမှာစိုးလို ့ပါ ။ဒီလိုပဲ ရွာထဲဝင်ပြီး
    ရေးနေပြောနေတာကလည်း မားကက်တင်းတစ်မျိုးပေါ ့။ သူ ့လိုသည်းခံတဲ ့သူမျိုးရှိလို ့လဲ
    တစ်ဘက်ကရွာစီတာပေါ ့ ။ရွာမှာ သိပ်ငြိမ်နေရင် သူကိုယ်တိုင် ချဉ်ပေါင်ဟင်းက
    ဗမာ ့အော်ရီဂျင်နယ်ဟုတ်ဖူး ဆိုပြီး ငြင်းခုံပွဲတွေ ဖန်တီးပေးသေးတာလေ ။
    ရွာသူားတွေ အရှိန်ရပြီးသွေးပူမှ လွှတ်ပေးလိုက်တာ အဲလိုသဂျီးမင်း ။
    အဲ ကျုပ်တို ့သူ ့ကိုဇတ်ဆောင်ထာပြီးရေးရတာကတော ့ သူကစိတ်မဆိုးချင်ယောင်
    ဆောင်နိုင်တယ်လေ ။ သူ ့ဆီလာတဲ ့ဧည် ့သည်ကိုသည်းခံတဲ ့သဘောပေါ ့ ။
    ကျုပ်တို ့ဘယ်လိုပဲ ပြောပြော တကယ်တော ့ ပညာ သဘာ ဝါ ကိုတော ့လေးစား
    ပြီးသားပါ ။ သရော်စာ ဆိုတာခိုင်းနှိုင် းပြီးလှောင်ပြောင်တာဆိုတော ့ နိုင်ငံတော်ကို
    ပြောချင်လည်း ရွာနဲ ့ဘဲနှိုင်းရပါတယ် ။ ဦးကြောင်ကြီးရဲ ့ရေးကွက်တွေပေါ ့ ။
    ရွာထဲက ကိုယ်မနှစ်မြို ့တဲ ့အကြောင်းအရာတွေကို ပြောချင်တော ့လည်း စိတ်မဆိုး
    တာသေချာလောက်တဲ ့သူတွေကို ထည် ့သွင်းရေးသားရပါတယ် ။
    ကျနော် ဒီနေ ့တင်တဲ ့ပို ့စ်က မနေ ့ကတက်လာတဲ ့ ရခိုင်ဗမာသွေးခွဲရေးပို ့စ်ကို
    သရော်ထားတာပါ ။ အဲဒီကကော် ့မန့် ့တွေကိုဖတ်မိရင် ဘာကိုဆိုလိုလည်း
    သဘောပေါက်မှာပါ ။ သရော်စာ ရဲ ့သဘောက ရီရယုံသက်သက် တော ့လည်း
    မဟုတ်ပါဘူး ။ တခါတလေ အသည်းခိုက်အောင်နာဖို ့ကောင်းပါတယ် ။
    တစ်ချိန်က ဇဂနာ ထောင်နှစ်ရှည်ကျတာ သရော်တာကောင်းလွန်းလို ့ပါ ။
    သရော်ခြင်းရဲ ့နောက်ကွယ်မှာ လေးနက်တဲ ့ အဓိပ္ပါယ်တွေ ရှိနေစမြဲပါ ။ ကိုအောင်ပု
    မရေးတာကြာလို ့ သူရေးရင်လည်း သရော်စာအရေးများပါတယ် ။ စတိုင်တော ့ကွဲ
    တာပေါ ့နော် ။ မခိုင်ခိုင်ရဲ ့ ခံစားမှုကို နားလည်ပါတယ် ရှင်းပြရုံသက်သက်ပါ ။
    :hee:

    • Khaing Khaing

      October 12, 2012 at 1:58 pm

      ကိုစာမိရေ … မနက်ကတည်းက ညီမကိုစာမိပို့စ်ထဲမှာ request လုပ်ထားပါတယ်နော် ….

      ညီမက တစ်ခြားသရော်တာတွေ ဘာတွေကို သိပ်စိတ်မဝင်စားပါဘူး … ညီမက ဘာမဆို အပျော်ပဲမြင်တာ များပါတယ် … စာတွေဖတ်တာ ဗဟုသုတနည်းတော့ တော်ရုံကို ဝင်မပြောချင်ဘူး … ဒါပေသည် ညီမ အခု ဒီပို့စ်လေးက ကိုကျော်ရဲအောင်ကိုပြောချင်တာရယ် ….. ပို့စ်တွေဖတ်တိုင်းလည်း သူကြီးနံမည်ကြီး ဇာတ်ကောင်လုပ်ဖတ်ရတာများတော့ တကယ့်ကိုငြီးငွေ့လာတာပါ … သကြီးကိုလည်း ဘယ်လိုမှ မမြင်ပါဘူး … ကျွန်မလိုပဲ တစ်ခြားလူတွေမှာ အဲဒီခံစားချက်တွေရှိချင်ရှိနေမှာပါ …. အစ်ကို့ရဲ့ အမြင်လေးဆွေးနွေးချက်က အရမ်းကောင်းပါတယ် ….

      • surmi

        October 12, 2012 at 2:08 pm

        မခိုင်ခိုင်ပြောတာအမှန်ပါပဲ
        သဂျီး မှမဟုတ်ဘူး တစ်ခါတစ်လေ အကြောင်းအရာတွေ ထပ်သွားတတ်ပါတယ်
        မနေ ့က တိုက်တိုက်ဆိုင်ဆိုင် ကလေးများနေ ့ဖြစ်သွားသေးတယ်လေ
        ဒါနဲ ့ သဂျီးကိုလည်းပြောလိုက်ဦး
        ဇတ်ဆောင်နေရာကနှုတ်ထွက်ပေးပါ လို ့ ဟဲဟဲ
        :harr:

      • Hnin Hnin

        October 13, 2012 at 2:31 am

        ခိုင်ရေ…သူကြီးခေါင်းစဉ်တပ်ထားတဲ့ post မြင်တာနဲ့ အပ်ကြောင်းထပ်နေပြီ
        လို့တော့ ခံစားရတယ်..ငြီးငွေ့သလို နည်းနည်းဖြစ်မိတယ်။ ဒါပေမယ့် မတူတဲ့
        အရေးတွေသိချင်လို့ ဝင်တော့ဖတ်တာပဲ။
        အကောင်းဘက်ကကြည့်ရင်တော့ ဒါလည်းသွယ်ဝိုက်ပြီးတော့ သူကြီးအတွက်
        ခေါင်းစဉ်တပ် ရေးသလိုပဲဖြစ်သွားတာမို့ ” ခိုင် ၂ မင်္ဂလာထပ်တော့ မြတ်”
        ကြောင်းပါ( ‘ခိုင်’ to ‘ခိုင်’ ရေးခြင်းမို့)… း) 😛

        ကိုဆာမိရေးထားတာ ကောင်းလိုက်တာ +1 …သူကြီးနဲ့ပတ်သက်ပြီး ကိုဆာမိ
        ရေးထားသလို အတွေးတစ်ချို့လည်း တွေးဖူးတယ်…သူကြီးကတော့ အားလုံးရဲ့
        ဒူပေဒဏ်ပေရော၊အပြောအဆိုရော ပယ်ပယ်နယ်နယ်ခံရရှာပါတယ်…တခါတခါ သနားလည်းသနားမိပါတယ်..ဒါပေမယ့် တခါတခါ မသိမသာပေါက်ကွဲပြတတ်
        တာလေးကလွဲလို့ သည်းခံစိတ်လည်း များပါတယ်…ဒါကြောင့် နော်လည်း သူများ
        အားကျမခံ…ဟိ..ပြောဖူးပါတယ်..ပြောပြီးတော့ ဘုမသိဘမသိ…ကိုယ်လားဆိုပြီး
        လန့်ပြီးညအိပ်မပျော်တာလေးတစ်ခုပါပဲ။ သူကြီးက တခါတခါ ဘုဂလန့်ဂွကျ
        သလိုနဲ့ ဇွတ်အတင်းဆွဲပြောတတ်၊ တစ်ယူသန်တတ်တာလေးကလွဲလို့ အားလုံး
        အတွက် ချစ်ဖို့ကောင်းတဲ့ သူကြီးပါ.. 528…နှင်းနှင်း ဖေဖေလည်း အဲ့အတိုင်း
        တစ်ပုံစံထဲမို့ …ကိုယ့်အဖေနဲ့နှိုင်းပြီး မြင်တာရေးတာပါနော်..Mullah.. :mrgreen:

  • etone

    October 12, 2012 at 1:45 pm

    ဒီမယ် ..ယောက္ခမဂျီး …
    အမှန်ပြောတာ ဆိုပေမယ့် .. အပြောမှန် ဖို့ လိုပါလိမ့်မယ် … ပြောလည်းပြောချင် … မပြောလည်း မပြောတတ် … ဇာတ်စင်ရှေ ့မှာ ရူးရူးထွက်သလို ဖြစ်နေပြီ ယောက္ခမဂျီး ဒေါ်ဗိုက်ဖူးခိုင်ရဲ့ …. ခွိခွိ … :kwi:

    သူဂျီးကို … ယခုကဲ့သို့ ….

    သဂျီး

    လို့ပေါင်းပါတယ် .. ဒါက သူ့ရဲ့ မူပိုင် စပါးလင်ပါ .. မတေမချင်း မှတ်ပါလေ …. :mrgreen: သဂျီးဘွဲ့ကလည်း ..ရွာကို အုပ်ချုပ်လို့ ဆိုတာထက် .. ရွာတော်ရှင် ဘာလို့ပေးခဲ့တဲ့ ဆိုတဲ့ သမိုင်းလေး သိချင်ရင်တော့ … နည်းနည်း ပြန်တူးစွလိုက်ပါ … ..ခွိခွိ ။ 😉

    သဂျိုင်ခီးပေါ်ပြူလာဖြစ်နေတာ … ယောက္ခမဂျီး က မနာလို ဖြစ်နေတယ် မို ့လား … ဒါဆို မောင်မောင်ခိုင်အစား … မာမီခိုင်ပြောင်းပြီး သုံးလို့ ဖြစ်မလားဟင်င်င်င် … ယောက္ခမရယ် .. ချွေးမဂျီး ဂုဏ်တက်ပါရစေလားနော် … နော် .. နော် … အာပွား … ခစ်ခစ်ခစ် … :chit: 😆

    • Khaing Khaing

      October 12, 2012 at 2:09 pm

      သဂျီး ဟုတ်ကဲ့ မှတ်ထားပါ့မယ့် ချွေးမလေး …. သက်ငယ်စကား သက်ကြီးကြား … ဆိုသလိုပေ့ါလေ ….

      မာမီက သူ့ရွာမှာနေပီး သူ့ကို မနာလိုဖြစ်စရာလားအေ …. အဲဒါဆို ဟိုစကားပုံထဲကလို ဖားတုလို့ ခရုခုန် အိုင်ပျက်ယုံသာ ရှိမပေ့ါ ဆိုသလို အခုနေ မာမီက သဂျီးကို တုလို လိုက်ခုန်ရင် မာမီ ဗိုက်ကြီး ဘာဖြစ်သွားမလဲ …. ခစ်ခစ် …

      လူဆိုတာ ကိုယ့်နေရာ ကိုယ့်အဆင့်ကို ကိုယ်သိပါတယ် … ချွေးမလေး မာ့မီ ကို တရားပြစရာမလိုပါဘူး …. မာမီက ယာက္ခမဆိုတာ တစ်ခါတုန်းက ချွေးမပါကွယ်

    • Shwe Ei

      October 12, 2012 at 2:10 pm

      ယောက်ခမဂျီး ယောက်ခမဂျီး နဲ့ ပနာဝင်မယူနဲ့ ဒေါ်etone။ သိပ်ကျိလို့မရတော့ဝူး။
      သဂျီး နဲ့ ကျုပ်ယောက်ခမကို ဓါးချင်းယှဉ်ခုတ်ခိုင်းမလား၊ ဒုတ်ချင်းယှဉ်ထိုးခိုင်းမလား(ဝက်သားဒုတ်ထိုး) ကျုပ်ယောက်ခမသာပီးသား။ ဘာမှ မနာလိုဖစ်စရာချိဘူး။ ဟွင်းးဟွင်းးးး :kwi:

  • မှောင်ကြီး

    October 13, 2012 at 1:15 am

    ဒေါက်…ဒေါက်…ဒေါက် ..
    ….ဂဇက်ရွာထဲတွင် ခရိုနီ ရှိပါလား…

    • မှောင်ကြီး

      October 13, 2012 at 1:18 am

      ဟီဟီး..ရှိပါသလား (” သ ” ကျန်ခဲ့လို ့)

    • အရီးခင်လတ်

      October 13, 2012 at 2:18 am

      ရှိပါ့တော်။ အများကြီး။
      ဘယ်သူတွေလဲ ပြောရမှာလား။ :kwi:

      • မှောင်ကြီး

        October 13, 2012 at 2:31 am

        …ဘူတွေယဲ.. :kwi:

        • အရီးခင်လတ်

          October 13, 2012 at 2:40 am

          ဘယ်ရောက်ပေးမှာရဲ??? 😆

        • မျက်နှာဖုံးစွပ်ထားပါတယ်
          မြင်အောင်ကြည့်ပါ
          မခိုင်ရေ

          ဘာဖြစ်ဖြစ် ပျော်စေပျက်စေနဲ့ သည်းညည်းခံမှန်းသိလို့ ဟာသလိုဇာတ်ဆောင်လုပ်ရေးသူတွေလဲတစ်ပုံတစ်ပင်ပါဘဲ။
          သူကြီးရဲ့ကောင်းသောအချက်တွေကိုလေးစားလို့ နာမယ်လေးထည့်ရေးကြတဲ့သူတွေလဲ ရှိနိုင်ပါတယ်။

          သူကြီးနဲ့ အမြင်မတူလို့ ကြုံတုံးလေး ကလိလိုက်အုံးမှာဘဲ ဆိုတဲ့အမြင်နဲ့ ကလိသူတွေလဲရှိမှာပါဘဲ။
          အဲ
          မဖားရ မနေနိုင်တဲ့ဝါသနာအရ ဖားတဲ့လူက လဲသူကြီးကိုဖားမှာပါဘဲ။
          နည်းတော့ အတော်လေးနည်းပါတယ် ဒီအရေအတွက်က
          အဲတော့ ဒီအတိုင်းထားလိုက်ပါကွဲ့ ။
          ဘာမှ မခံစားပါနဲ့ကွဲ့။အခုညည်းဗိုက်ထဲက
          မွေးလာမယ့်ကလေးသာ သူကြီးကိုစိတ်စွဲပြီး သူနဲ့မတူစေနဲ့ နုပ်ခမ်းမွှေးကြီးနဲ့ဆို မလှဘူးအေ့
          ငါကတော့မြင်တာနဲ့ယားလာသလိုဘဲ

    • Khaing Khaing

      October 13, 2012 at 11:13 am

      အိပ်နေပီနော် …. ဘယ်သူတံခါးလာခေါက်တာလဲ … ခေါ .. ခေါ .. ခေါ …

      အရီးရေ သိလည်းပြောနဲ့ …. ဈေးကိုင်ထား …

      ဒီပို့စ်လေးက ဘာရယ်မဟုတ်ပါဘူး … တင်စရာပို့စ်လည်းမရှိ … အလုပ်ကလည်းပါးနေ … ရွာထဲဝင်ဖတ်တိုင်း သူကြီးအဲ (သဂျီး) နံမည်ပါတဲ့ပို့စ်တွေပဲ ဖတ်နေရာ ပျင်းပျင်းရှိတာနဲ့ တင်ဖြစ်သွားတာပါ …

      • Mလုလင်

        October 13, 2012 at 11:17 am

        “သကြားမပြီး” ထက် စာရင် .. “သကြာမပြီး” က .. ပို အသံထွက် ကိုက် မလားလို့ ….
        အိပ်ပျော်အောင် အိပ် .. စားဝင်အောင် စား …. :kwi:

  • အလင်းဆက်

    October 13, 2012 at 8:41 pm

    တားတားတော့ တစ်ပူဒ်မှ ရေးရသေးဘူး။
    ရေးဥိးမယ်.ဂျာ..။

    :kwi:

Leave a Reply