ကျွန်ုပ်နှင့် ရွှေဥ ဥသော ငှက်အကြောင်း
တစ်နေ့သ၌ ကျွန်ုပ် မောင်မင်း သည် ဆူညံလွန်းခြင်း၊ တိတ်ဆိတ်လွန်းခြင်း စသည့် အစွန်းနှစ်ပါး လွတ်ပြီး အတန်အသင့် လူသွားလူလာ ရှိသော လမ်းကလေး နံဘေး၌ ဖွင့်လှစ်ထားသည့် လက်ဖက်ရည်ဆိုင်ကလေး၌ ထိုင်ရင်း လက်ဖက်ရည် တစ်ခွက်အား ဇိမ်ခံ၍ သောက်နေလေ၏။ လက်ဖက်ရည် တစ်ဝက်ခန့် ကုန်သွားသောအခါ အသင့် ဆောင်ထားသော စီးကရက်ဘူးအတွင်းမှ စီးကရက်တစ်လိပ်အား ထုတ်ယူ၍ မီးညှိ ရှိုက်ဖွာကာ ဟိုတွေး ဒီငေးဖြင့် အားလပ်ခြင်း အရသာအား အပြည့်အဝ ယူနေမိလေတော့၏။
ထိုအခိုက်တွင် အသက်အားဖြင့် (၄၀) ဝန်းကျင်ခန့်ရှိသည့် မှုတ်ဆိတ်မွှေးများ ထူထပ်စွာ ပေါက်ရောက်လျက်ရှိသော လူကြီး တစ်ဦးသည် ကျွန်ုပ်ထိုင်လျက် ရှိသည့် လက်ဖက်ရည် ဆိုင်လေး အတွင်းသို့ ဝင်ရောက်လာခဲ့လေ၏။ ထိုလူကြီးသည် ဆိုင်အတွင်းသို့ အကဲခတ် ကြည့်ရှုလိုက်ပြီးနောက် ကျွန်ုပ် ထိုင်လျက် ရှိသော စားပွဲသို့ လာရောက် ထိုင်လေ၏။
ထိုအခါ ကျွန်ုပ်မှာ လူကြီးအား တစ်ချက် ကြည့်လိုက်ပြီးနောက် ဆိုင်အတွင်းမှ စားပွဲဝိုင်းများကိုလည်း လှည့်ပတ်ကြည့်ရှုမိလေ၏။ အဘယ်ကြောင့်ဆိုသော အခြားဝိုင်းများမှာ ထိုင်သူများ ရှိနေသည့် အတွက် မအားလပ်သောကြောင့် ထိုလူကြီး ကျွန်ုပ် စားပွဲသို့ လာရောက် ထိုင်ခြင်း ပေလော ဟူ၍ စူးစမ်းလိုသဖြင့် ကြည့်ရှုမိခြင်း ဖြစ်ပေသည်။ ယင်းသို့ ကျွန်ုပ် ကြည့်ရှုလိုက်သောအခါ အားလပ်လျက် ရှိသော စားပွဲဝိုင်း (၃) ဝိုင်းခန့် ရှိနေသည်ကို တွေ့လိုက်ရသည့်အတွက် ကျွန်ုပ်မှာ အတန်ငယ် ဒေါပွမိသွား၏။
ကျွန်ုပ်မှာ တစ်ယောက်တည်း အေးအေးလူလူ ထိုင်၍ ဇိမ်ခံနေခြင်းအား လာရောက်ကာ အနှောက်အယှက် ပေးနေသော လူကြီးအား မျက်စောင်းထိုးကာ ကြည့်လိုက်ပြီးနောက် ကျွန်ုပ်၏ သောက်လက်စ လက်ဖက်ရည်ခွက်အား ကိုင်ကာ အခြားဝိုင်းသို့ ပြောင်းရွှေ့ထိုင်ရန် ဟန်ပြင်လိုက်၏။ ထိုအခိုက်တွင် မှုတ်ဆိတ်မွေးများနှင့် ထိုလူကြီးမှ —
“မောင်ရင်၊ ကျုပ်လာထိုင်လို့ အနှောက်အယှက် ဖြစ်သွားသလား၊ ကျုပ်က မောင်ရင့်ကို ပြောစရာလေး ရှိလို့ တမင်တကာ မောင်ရင့်ဝိုင်းမှာ လာထိုင်တာပါ၊ ဝိုင်း မပြောင်းပါနဲ့ဦး၊ ဒီမှာပဲ ခဏဖြစ်ဖြစ် ထိုင်ပြီး ကျုပ်ပြောတာလေးကို နားထောင်ပေးပါဦး”
ဟု ဆိုလေရာ ကျွန်ုပ်မှာ တစ်ချက် တွေဝေသွားရလေ၏။ ကျွန်ုပ်မှာ ထိုလူကြီးအား မသိကျွမ်းပေ။ ထိုလူကြီးမှမူ ကျွန်ုပ်အား သိကျွမ်းသကဲ့သို့ စကားစနေသဖြင့် ကျွန်ုပ်၏ စိတ်အတွင်း၌ သို့လောသို့လော ဖြစ်သွားရခြင်း ဖြစ်လေ၏။ သို့ဖြင့် ကျွန်ုပ်လည်း အခြားဝိုင်းသို့ ပြောင်းရွှေ့ခြင်း မပြုတော့ဘဲ ထိုင်မြဲ နေရာ၌ပင် ပြန်လည် ထိုင်လိုက်လေတော့၏။
“ခင်ဗျား၊ ကျုပ်ကို ပြောမှာဆိုတာ ဘာတုန်း၊ ခင်ဗျားကိုလည်း ကျုပ် မသိပါလား”
“မောင်ရင်က ကျုပ်ကို မသိပေမယ့် ကျုပ်ကတော့ မောင်ရင့်ကို သိနေတဲ့ လူတစ်ယောက်ပဲ ဆိုပါတော့၊ ဒါကို ထားပါဦး၊ ကျုပ်ပြောချင်တဲ့ အကြောင်းက တကယ့်ကို ထူးခြားဆန်းပြားတဲ့ အကြောင်းပဲ မောင်ရင်ရဲ့”
ယင်းသို့ လူကြီးမှ ပြောလိုက်သော အခါ ကျွန်ုပ်မှာ သူ၏ ထူးခြား ဆန်းပြားသည့် အကြောင်းကို မြန်မြန်ပြီး ပြီးတာပဲ ဟူသော သဘောဖြင့် စိတ်ဝင်စားသွားဟန် ပြကာ မြန်မြန် ပြောဆိုရန် တိုက်တွန်းမိလေ၏။
“ဒီလို မောင်ရင်ရဲ့၊ ငန်း က ရွှေဥ ဥပေးတယ်ဆိုတဲ့ အကြောင်းကို ကြားဖူးသလား”
“ကြားဖူးတယ်လေ၊ ငန်းက တစ်နေ့ကို ရွှေဥ တစ်လုံး ဥပေးတယ်၊ လောဘကြီးတဲ့ ငန်းပိုင်ရှင်က ငန်းဗိုက်ထဲမှာ ရွှေဥတွေ အများကြီး ရှိဦးမှာပဲ ဆိုပြီး ငန်းကို သတ်ပြီး ဗိုက်ခွဲကြည့်တယ်၊ ဒီဇာတ်လမ်း မဟုတ်လား”
“ဟုတ်တယ် မောင်ရင်၊ အဲ့ဒီ အကြောင်းပဲ၊ ဒါ့ထက် မောင်ရင့်ကို မေးရဦးမယ်”
“မေးဗျာ”
ယင်းသို့ ကျွန်ုပ်မှ ပြောလိုက်တော့အခါ လူကြီးမှ ကျွန်ုပ်အား သေချာစွာ စိုက်ကြည့်၍ မေးလိုက်လေ၏။
“အဲ့ဒီလိုမျိုး ရွှေဥ ဥပေးတဲ့ ငှက်မျိုး အပြင်မှာ တစ်ကယ်ရှိတယ်ဆိုရင် မောင်ရင် ယုံမလား”
ထိုအခါ ကျွန်ုပ်မှာ ရီချင်သွားမိလေ၏။ အဘယ်ကြောင့် ဆိုသော် ထိုလူကြီးမှာ စာရေးဆရာတို့၏ စိတ်ကူးဖြင့် ဇာတ်လမ်းဆင် ရေးသားထားသည့် စာများအား ဖတ်ရှုပြီး တကယ် အဟုတ်ရှိသည်ဟု မှတ်ထင်နေသည့် ငပေါကြီး တစ်ယောက်ပါတကား ဟူ၍ ကျွန်ုပ်၏ စိတ်တွင်းမှ မှတ်ထင်၍ ရီချင်မိခြင်း ဖြစ်လေ၏။
လူကြီးမှာ ကျွန်ုပ်၏ ဟန်အမူအယာအား ကြည့်လိုက်ပြီးနောက် ပြောလေ၏။
“မောင်ရင်ကတော့ ကျုပ်ကို ငပေါကြီးလို့ ထင်နေလိမ့်မယ်။ ကျုပ် မပေါ ပါဘူးဗျာ။ ကျုပ်က တကယ် မေးတာပါ”
ထိုအခါ ကျွန်ုပ်မှ ရီကျဲကျဲ အမူအယာဖြင့် “မယုံဘူးဗျာ” ဟူ၍ ဖြေဆိုလိုက်ရ၏။
“လက်တွေ့ ပြမယ်ဆိုရင်ရော မောင်ရင် ယုံမလား”
“အင်း …၊ ဒါဆိုရင်တော့ ယုံရမှာပေါ့ဗျာ”
ယင်းသို့ ကျွန်ုပ်မှ ပြောလိုက်သောအခါ လူကြီးမှာ ၎င်း၏ လွယ်အိတ်ကြီးအတွင်း တစ်စုံတစ်ရာအား ထုတ်ယူ၍ အခြားသော လူများ မမြင်စေရန်အတွက် ၎င်း၏ လက်ခုပ်အတွင်းတွင် ထိုအရာများ ထားကာ ကျွန်ုပ်၏ မျက်နှာအနီးသို့ ကပ်၍ ပြလေ၏။ ထိုအရာမှာ လွန်စွာ အရည်အသွေးကောင်းသော ကြက်ဥ ပုံသဏ္ဍာန် ရွှေအလုံးပင် ဖြစ်လေ၏။
ကျွန်ုပ်မှာ ၎င်း၏ လက်ခုပ်အတွင်းမှ ထိုရွှေဥ အား ကြည့်ရှုလိုက်ပြီးနောက် တွေးမိသည်မှာ ထိုရွှေဥအား ရွှေဆိုင်များ၌ ပြုလုပ်၍ ရနိုင်ကြောင်း တွေးမိသော်လည်း လူကြီးနှင့် စကားစ အမြန် ပြတ်လိုသည့်အတွက် “ယုံပါပြီဗျာ” ဟူ၍ပင် အလွယ်တကူ အဖြေပေးလိုက်၏။ ထိုအခါ လူကြီးမှာ သဘောကျသွားဟန်ဖြင့် ပြုံးလိုက်သည်ကို တွေ့ရလေ၏။
“မောင်ရင့်ကို ကျုပ်ပြောချင်တာ ဒီအကြောင်းပဲ မောင်ရင်ရဲ့”
ယင်းသို့ လူကြီးမှ ပြောလိုက်သော အခါတွင် ကျွန်ုပ် စိတ်တွင်း၌ ထိုလူကြီးကား အရပ်တကာ လှည့်လည်၍ ၎င်း၏ ရွှေဥ အား လိုက်လံ ပြသကာ ကြွားဝါနေသော လူကြီး တစ်ယောက် ဖြစ်ပေလိမ့်မည်ဟု တွေးထင်မိသကဲ့သို့ လူဆိုးလူမိုက်များနှင့် တွေ့ပါမူ ထိုလူကြီး ဒုက္ခ ရောက်ရလိမ့်မည်ဟု၍လည်း တွေးလိုက်မိသေးတော့၏။
“ခင်ဗျား ပြောချင်တာ ဒီအကြောင်းဆိုတော့ ပြီးပြီပေါ့နော့”
“အဟဲ …၊ မောင်ရင်က ကျုပ်ကို အတင်း နှင်နေပါရောလား၊ မောင်ရင် မယုံဘူးဆိုတာ ကျုပ်သိပါတယ်၊ ဒါပေမယ့်လည်း ကျုပ် ထပ်ပြောရလိမ့်ဦးမယ်ဗျ”
“ဒါဖြင့်လည်း မြန်မြန်သာ ပြောဗျာ”
“ဒီလို မောင်ရင်ရဲ့၊ အခု ကျုပ် မောင်ရင့်ကို ပြတာဟာ နမူနာပဲ ရှိသေးတယ်ဗျ၊ အဲ့ဒီလို ငှက်မျိုးတွေ ရှိတဲ့ နေရာမှာ ရွှေဥ တွေက အပုံကြီးရယ်၊ မောင်ရင် ယုံမလားတော့ မသိဘူး၊ အဲ့ဒီ နေရာကို ကျုပ် သိထားတယ်ဗျ။ သွားရမယ့် ခရီးကတော့ အန္တရာယ်တွေတော့ ရှိတာပေါ့ မောင်ရင်ရယ်၊ လွယ်လွယ်နဲ့ ရနိုင်ရင် လူတိုင်း သူဌေးတွေ ဖြစ်နေမှာပေါ့နော့”
“ခင်ဗျား သိတယ်ဆိုတာကို ကျုပ်က ယုံတယ်ပဲ ထားပါတော့ဗျာ”
“မောင်ရင်၊ ယုံတာ မယုံတာကို ထားဦး၊ ကျုပ် အဲ့ဒီနေရာကို သွားမယ်ဗျ၊ ဒါပေမယ့် အန္တရာယ် ရှိတဲ့ ခရီးကို အဖော် မပါဘဲနဲ့ ခရီး မသွားနဲ့ ဆိုတဲ့ စကားအတိုင်းပေါ့ဗျာ၊ ကျုပ် တစ်ယောက်တည်း သွားမှာထက် ဒီခရီးနဲ့ သင့်တော်မယ့် လူတွေကို ကျုပ်က လိုက်ရှာနေတာပဲ၊ ပြောရရင် မောင်ရင်က ကျုပ်နဲ့ အတူသွားဖို့ သင့်တော်တဲ့ လူတစ်ယောက်ဖြစ်ကြောင်း ကျုပ် ကောင်းကောင်းကြီး စုံစမ်းပြီး သိထားတယ်ဗျ၊ အခု ကျုပ်လာတဲ့ အကြောင်းကလည်း မောင်ရင့်ကို တကူးတက လာဖိတ်တာပါပဲ၊ မောင်ရင် ကျုပ်နဲ့ လိုက်ပါလိုတဲ့ ဆန္ဒရှိတယ်ဆိုရင်တော့ဖြင့် သင်္ဃန်းကျွန်းဘူတာနားက အိမ်မဲကြီး ကိုသာ သန်ဘက်ခါ မနက် လာခဲ့ဗျာ၊ အဲ့ဒီကျရင် အကြောင်းစုံကို ထပ်ပြောပြဦးမယ်”
ဟူ၍ လူကြီးမှ ကျွန်ုပ်အား ပြောလိုက်ပြီးနောက် လက်ဖက်ရည်ဖိုးအား ကျွန်ုပ်အတွက်ပါ ရှင်းပေးပြီးနောက် ကျွန်ုပ်အား “ဆက်ဆက် လာခဲ့နော့” ဟူ၍ နှုတ်ဆက်ကာ ထွက်ခွာ သွားလေတော့၏။ ထိုအခါ ကျွန်ုပ်လည်း ၎င်း၏ ကျောပြင်အား ငေးကြည့်ပြီးနောက် “အရူး” တစ်ယောက်ပါတကားဟူ၍သာ မှတ်ချက်ပြုလိုက်မိလေတော့၏။
ရေးသားသူ —
မဟာရာဇာ အံစာတုံး
(၁၂၊ ၁၀၊ ၂၀၁၂)
31 comments
Khaing Khaing
October 12, 2012 at 12:16 pm
အံချာတုံး အရူး ………..
မဟာရာဇာ အံစာတုံး
October 12, 2012 at 12:20 pm
အန် …
ဒီဂဒေါ့ ပထမဆုံး ကွန်မန့်လေးအတွက် ကျေးဇူးတင်ပါလယ် .. ဘာလယ် ..
ဆိုပြီး ပြောမလို့ လာလိုက်ဒါ ..
ဒီရောက်တော့ … “အရူး” .. ဒဲ့ ..
မာမီ အားဂျီး ရက်စက်လယ် …
Khaing Khaing
October 12, 2012 at 1:00 pm
လက်စသတ်တော့ နာ့အိမ်တွင်းစင်က မမနှဲလေးလက်ပေါ်က ရွှေဥပျောက်တာ ဟိုလူဂျီး ခိုးပြီး မောင်မောင်အံကို သွားပြတာကို …..
သင်္ကန်းကျွန်းဘူတာနားမှာက အိမ်မဲမဲရှိမရှိမသိဘူး … နှင်းဆီကုန်းဘူတာနားမှာတော့ လူမဲမဲ တွေအများကြီးနေတာသိတယ် …. တကယ်အိမ်မဲမဲကြီးရှိတယ်ဆိုလည်း ဟိုတစ်လောက ဈေးမီးလောင်တုန်းက မီးကျွမ်းထားတဲ့အိမ်ပဲဖြစ်မယ် ……
မဟာရာဇာ အံစာတုံး
October 12, 2012 at 2:04 pm
မာမီက
ဘူတာနားမှာ အိမ်မဲကြီး ရှိမှန်း မသိဘူးဂိုး …
အိမ်မဲကြီး မှ ဟီးထနေတာပဲဗျို့ …
နှင်းဆီကုန်း နားကတော့
ကုလားရပ်ကွက် ဆိုတော့ မဲမှာပေါ့ ..
မောင်ပေ
October 12, 2012 at 12:22 pm
ဒီလိုနဲ ့ပဲ… နီးစပ်ရာဆေးဆိုင်တစ်ဆိုင်ကနေ ၊ ဦးနီဆက် အလကားပေးထားတဲ့ အဖော် ကို ငွေပေးဝယ်ပြီး ကိုထူးဆန်း အဲလေ… ထူးဆန်းတဲ့ လူကြီး အိတ်ထဲ ထည့်ပေးလိုက်တယ်ပေါ့လေ
Ma Ei
October 12, 2012 at 12:31 pm
အဲ့ဒီတော့…
“ဆက်ဆက် လာခဲ့နော့”
လို့ပြောသွားတဲ့ လူကြီးနောက်ကို
လိုက်သွားခဲ့လား၊မလိုက်ဘူးလား…
ဒါဘဲပြော…
:bar:
ဘဲဥ
October 12, 2012 at 12:33 pm
ရွှေဥတဲ့ အာဟိဟိ…..
ဟိုစကားပုံလေး သွားသတိရမိတယ်
ဘာတဲ့…….
ရည်းစား လူ လု
အူနု ကျွဲခတ်
ရွှေဥ ကြမ်းညပ်…. :harr:
မဟာရာဇာ အံစာတုံး
October 12, 2012 at 12:45 pm
►မောင်ပေ
ဟေ့လူဂျီး ..
ကျုပ်ပြောတဲ့ ထူးဆန်းတဲ့ လူဂျီး ဆိုတာ
ဥထူးဆန်း ကို ပြောဒါ ဟုတ်ဘူးနော့ …
►Ma Ei
လိုက်သွားခဲ့လား ..
လိုက်မသွားခဲ့ဘူးလား … ဆိုတာတော့ ..
ခုလောလောဆယ်တော့ မလိုက် တလိုက် ပေါ့ဗျာ .. အဟဲ ..
►ဘဲဥ
ဟဲ့ .. ဟဲ့ ..
ရွှေဥ ကြမ်းညှပ်တာနဲ့
ငါ့ရွှေဥ .. အဲလေ .. ငှက် ရွှေဥ နဲ့ ဘာဆိုင်လို့ဒုန်း ..
တောင်မရဲ့ …
may flowers
October 12, 2012 at 12:54 pm
ဘာပဲပြောပြောလက်ဖက်ရည်တော့ အလကားသောက်လိုက်ရတယ်မဟုတ်လား ရွှေဥမရပေမဲ့ :harr:
Shwe Ei
October 12, 2012 at 1:35 pm
ဒီမယ်မဟာဘာဂျာ ရွှေအုရမဲ့အရေးကို ဂလိုဘဲ လက်လွတ်စပယ် လုပ်ပလိုက်ရတလား။
အိုက်ဒီနေ့ကထဲက ဟိုလူရီးနောက် နောက်ယောင်ခံလိုက်ပါတော့လား။
အထုတော့ ဘူတာနားက အိမ်မဲဆိုတာနဲ့တင် ရှာဖို့ဘယ်လွယ်ပါတော့မလဲ။
ဝှီး မောထှာ ဒီငတုံးနဲ့တော့ :chee:
Guest
October 12, 2012 at 1:42 pm
အဲ့လူကြီးက မုတ်ဆိတ်တွေနဲ့ဆိုတော့ အယ်လ်ကိုင်ဒါ ကလွှတ်ထားတဲ့လူ ဖြစ်နေအုံးမယ်.. လိုက်မသွားနဲ့ ..သူ့ရွှေဥမရဘဲ ကိုယ့်မှာရှိတဲ့ ရွှေဥပါ ပါသွားအုံးမယ်.. 😀 😛
ကိုခင်ခ
October 12, 2012 at 1:45 pm
နောက် မဟာရာဇာ အံစာတုံး လဘက်ရည်သောက်နေတာတွေ့ရင် ကျွန်တော်လည်း အိမ်ဖြူကြီးမှာ ချိန်းဖို့ လဘက်ရည်ဝင်သောက်ရင်း စကားပြောအုံးမှဘဲ။ အဲဒီ အိမ်ဖြူကြီးကိုဆိုရင်တော့ မောင်မင်း ချက်ခြင်း —–။
လုံမလေး မွန်မွန်
October 12, 2012 at 1:47 pm
တွေ့လား..အမြဲတမ်း တိုးလို့တန်းလန်း… စာရေးတာကို ပြောပါတယ်…
ဖတ်ရတဲ့သူက မတင်မကျနဲ့.. ပိတ်သတ်ရင်ထဲ တစ်ခုခုကျန်အောင်ဆိုပီး ရေးနေတာလား..ကအံဇာ..
နောက်တစ်ခါ အဲလို တိခနဲဖြတ်ချလို့ကတော့ မဟာရာဇာသောဘာသော နားမလည်ဘူး..အဲဒီ အံစာတုံးကို ခြောက်မျက်နှာလုံး ဆေးမည်းကြီးသုတ်ပြီး အဲဒီအိမ်မည်းကြီးထဲ သွားမြှုပ်ထားလိုက်မယ်..ကြားလား.. :kwi:
Khaing Khaing
October 12, 2012 at 3:39 pm
မွန်ရယ် … အမရဲ့ပထမဆုံးကော်မန့်ကိုသာကြည့်လေ .. သူ့ဇာတ်သိမ်းကအဲဒါပဲ ………
မဟာရာဇာ အံစာတုံး
October 12, 2012 at 4:49 pm
မာမီ ….
မာမီ ….
အဟင်း … ဟင်း …
ဒါဗျဲ ကြောမယ်နော် … ငွင်း … ငွင်း …
မဟာရာဇာ အံစာတုံး
October 12, 2012 at 2:15 pm
►မေဖလားဝါး
ဒေါ်နေကြာရေ ..
လက်ဖက်ရည်တစ်ခွက် ၂၀၀၊ ၂၅ဝ ..
အလကား သောက်လိုက်ရလည်း နည်းဘူး မှတ်ပါဒယ် …
►Shwe Ei
အမငီး .. ဒေါ်ရွှေအိနှယ် ..
လူကိုများ အထင်စမောလိုက်ဒါ ..
သင်္ဃန်းကျွန်းတစ်ခွင် ပြဲပြဲစင်အောင်
မျက်စိမှိတ်တောင် သွားလို့ ရပါရဲ့ဗျာ …
ယုံဘာနော် ..
ဒါနဲ့ အိုက်ထဲက လူက မောင်မင်း နော် …
ကျုပ် ဟုတ်ဖူးရယ် …
►Guest
ကိုရွှေဧည့်သည်ရေ ..
ကိုယ့် ရွှေဥတော့ အပါ မခံနိုင်ဘူးဗျို့ …
ဒါကြောင့် လိုက်မသွားခဲ့ဒါပေါ့ …
►ကိုခင်ခ
ဦးခင်ခဂျီး ဟိုလူကြီးကတော့
လက်ဖက်ရည်ဖိုးကို ရှင်းပေးသွားခဲ့ဒါနော့ …
ကျုပ်ဆိုရင်တော့ ဆေးလိပ်ဖိုးလေးပါ ရှင်းပေးရင် ..
အိမ်မဲကြီး မက အိမ်ဖြူကြီးပါ လိုက်လည်မှာဗျား …
►လုံမလေး မွန်မွန်
ဟုတ်ဘာဘူး ခညာ …
ခုဟာက တို့လို့တန်းလန်း ဟုတ်ဘာဘူးဂျ ..
အစ အဆုံးဘဲလေ … အိုက်ဒါ ပီးပီပေါ့လို့ …
ဇာတ်လမ်းရဲ့ နောက်ပိုင်းတော့
ကိုယ် လိုသလို ဆွဲတွေးပြီး ဇာတ်သိမ်းလိုက်လို့ ရအောင်လို့ ရေးထားတာပါ ..
(ဂယ်ဒေါ့ ပျင်းတွားလို့ )
ကိုယ်က အပြဲအကွဲကို ကြိုက်ရင် အပြဲအကွဲဇာတ်ကို ထပ်ခင်းပြီး သိမ်းလိုက်ဗျာ ..
ကိုယ်က အချစ်အလွမ်းလေး ကြိုက်ရင်လည်း အဲ့လိုပေါ့ဗျာ .. အဟဲ ..
uncle gyi
October 12, 2012 at 2:34 pm
ကိုအံတို့ကလုပ်ချလို်ကပြန်ပြီဟ
ကိုအံစာရေးစားပါလားအားပေးနေမယ်
surmi
October 12, 2012 at 2:38 pm
အသက်လေးဆယ် မုတ်ဆိပ်မွှေးဗလဗျစ် ဆိုတော ့
ကျုပ်ကို တည် ့တည် ့ပြောဒါလား ဟေ
ကိုခင်ခ
October 12, 2012 at 3:04 pm
ကိုဆာမိ မုတ်ဆိတ် ပျားဆွဲရင်တော့ ကိုပေါက်နဲ့လာပြီး ဓာတ်ပုံလေးရိုက်လို့၊
ပလပ်စတစ်လောင်း ဆိုင်တွေလိုက်ရောင်းမယ်ဗျာ။
စီးပွားဖြစ်မဟုတ်တောင် ရန်ကုန်လမ်းစရိတ်ကြေလေးရရင်ကို မဆိုးဘူးလားလို့၊
ဆုပေးပွဲလေး အမှီဖြစ်ရင်ကောင်းမှာဘဲလေ။
ဒုဗိုလ်ကြီးမိုက်ကယ်ဂျော်နီအောင်ပု
October 12, 2012 at 3:01 pm
ကျုပ်ကတော့ စာရေးခြင်းရဲ့သဘောလေးကိုမြင်တယ်ဗျ
ကျုပ်အတွေးနဲ့ဆို ကျုပ်သိပ်ကြိုက်တဲ့ရေးကွက်ပဲဗျ
တစ်ခါတစ်လေ ကျုပ်လည်းအဲ့သည်လိုရေးခြင်တာ ရေးမတတ်လို့
လူတစ်ယောက်က အတည်ပေါက်နဲ့ လာဖေါက်တယ်
ကိုယ်ကနပ်တယ် သူ့ကိုအတည်ဖေါ်လိုလိုက်ပေးတယ်
သူကလည်း ခပ်တည်တည်ဘဲ ကြပ်သွားတာလား ဘာလားသိဘူး
တကယ်လိုလိုဘာလိုလိုဘာလိုလို
အိပ်မက်ထဲမှာ ကောင်မလေးလှလှလေးကို နင်လားငါလားဝရုန်းသုံးကားနဲ့
ညောင်……………….
ဟဲ့တေဂျင်းဂျိုးကြောင်
ကောင်းခန်းရောက်မှ လာညောင်ရသလား ကြောင်ဇုတ်ကြောင်နာရဲ့
ဘာမှတော့မဆိုင်ပါဘူး ရေးစရာမရှိလို့ :harr:
Novy
October 12, 2012 at 3:56 pm
ခြောက်မျက်နှာရဲ့ ရွေဥကို တွေးရင်းနဲ့ဖတ်
ဘယ်လိုဇာတ်သိမ်းရင်ကောင်းမလဲစဉ်းစား….
ဘပုရဲ့ကွန်းမန့်ကိုဖတ်ရင်နဲ့ ရီသွားပါတယ်
မိုးတိမ်
October 12, 2012 at 4:51 pm
တရုတ်ပြည်မှာတော့ ရွှေဥတစ်လုုံး(၃)သိန်းဆိုလားကြားမိလိုက် သလိုလိုပဲ။
၆ မျက်နှာကြီးသွားရောင်းပါလား။:harr:
၂ လုံးဆို ၆သိန်းပဲ ကျုပ်ကို ၁သိန်းပဲပေး စပ်ပေးမယ် ဘယ်ဂလိုလဲ။သဘောတူရင်အကြောင်းပြန် ဒါဗျဲ…
မဟာရာဇာ အံစာတုံး
October 12, 2012 at 5:11 pm
►Uncle Gyi
မရောင်းခင်က ဖောက်သည်တစ်ယောက်တော့ ရပြန်ပဟ ..
တကယ် ရေးမှ အားမပေးဘဲ နေနဲ့နော် အန်ကယ်ဂျီး …
►ဥဆာမိ
ဥဆာမိဂျီးက မှုတ်ဆိတ်မွှေး ဗလဗျစ်ကြီးနဲ့ပေါ့ ..
ဟုတ်လားဂျ ….
:kwi:
►ဦးအောင်ပု
အမယ် …
ဥအောင်ပုဂျီးလို ဆြာဂျီးက မရေးတတ်ဘူးဒဲ့ …
ယုံဘာဘူးဂျာ ….
ဒါနဲ့ ဆြာကြောင် လာတဲ့ချိန်ကျရင်တော့
ဥအောင်ပုနဲ့ ဖိုက်တင် ပလေးရမယ် ထင်တယ် …
“ကောင်းခန်း ရောက်မှ ကြောင်က ဖျက်တယ်ဆိုလို့”
:harr:
►Novy
မနိုဗွီရေ …
သိမ်းချင်သလိုသာ ဇာတ်သိမ်းလိုက်ဗျာ ..
ကြာသလားလို့ …
►မိုးတိမ်
ဒါက အကြောင်းပြန်တာ ဟုတ်ဘူးနော် …
အပြတ်ပြောလိုက်မယ် …
ကျုပ်ကတော့ ဘယ်လောက်ပေးပေး ရောင်းနိုင်ဘူး …
အမေ မွေးကတည်းက ဒါလေးပဲ ချမ်းသာတဲ့ဟာကို …
အားပေး ဖတ်ရှုသွားကြသူအပေါင်းအား ကျေးဇူး အထူးပါ ခင်ဗျာ …
ချစ်တဲ့ …
အံစာတုံး
Good™
October 12, 2012 at 5:29 pm
ဝတ္ထု အစချီပုံ က ဆရာကြီး ရွှေဒုံးဘီအောင်၊ဆရာကြီး ရွှေဥဒေါင်း တို့ လို၊ မင်းသိင်္ခ တို့ လို ရေးတာ နော်။
အခု အဲဒီ ဖတ်ခဲ့တဲ့ ဝတ္ထုတွေ ကို ပြန်တွေးရင်း ယုံရ မှာလား၊ ရယ်ရ မှာ လား ပြန်မေးတဲ့ အခါ
အော် ငါဖတ်ခဲ့ တာ ဝတ္ထု တွေ ပဲ၊ ငါဖတ်တဲ့ အချိန်မှာ စာတစ်မျက်နှာ ကျော်သွားမှာ၊ စာအုပ်ကို လက်က မချနိုင်တာ ဖြစ်တဲ့ အထိ သူတို့ ရဲ့ ချိတ်ဆက် ရေးနိုင် စွမ်းကို ပဲ ချီးကျူး ရင်း ဝတ္ထု ဟာ ဝတ္ထု ပါပဲ လို့ အဖြေထုတ် လိုက်ရပါတော့ တယ် ခင်ဗျာ။
ခုစာရေးသူ မဟာရာဇာ အံစာခဲ ရဲ့ “ ကျွန်ုပ်နှင့် ရွှေဥ ဥသော ငှက်အကြောင်း ” ချိတ်ဆက် ရေးနိုင် စွမ်း ကို လဲ စောင့်မျှော် အားပေးနေပါမယ်။
မဟာရာဇာ အံစာတုံး
October 12, 2012 at 9:20 pm
ဟုတ်ပါတယ် ခင်ဗျာ …
ကျနော်က ကျနော် အားကျတဲ့ ဆရာကြီးတွေရဲ့ ရေးနည်းရေးဟန်ကို အတုမှီးပြီး ရေးကြည့်တာပါ ခင်ဗျာ ..
ပြီးတော့လည်း ကျနော်က အာပလာ ကောင် တစ်ယောက်ပါ …
ချိန်ဆက် ရေးနိုင်စွမ်းက မစွံလှပါဘူး ခင်ဗျာ …
ခုဝတ္ထုက ဆရာကြီး မင်းသိင်္ခရဲ့ ဝတ္ထုတိုများ ဆိုတဲ့ စာအုပ်ကို ဖတ်ရင်းက
အတိုလေး စမ်း ရေးကြည့်တာ ဖြစ်ကြောင်းကိုလည်း ဝန်ခံပါရစေဗျာ …
ဖတ်ရှု အားပေးသွားတဲ့အတွက်လည်း ကျေးဇူးပါပဲ ခင်ဗျာ ….
KyawThein
October 13, 2012 at 12:10 am
ဝတ္တု တိုရဲ ့ ရသ ဖွဲ့စည်းမှု အမှန်ပဲ ။ ဖတ်ပြီး ရှိန်းတမြမြကျန်ခဲ့တယ် ။
” ဆက်ရေးရန် ကျန်သောဝတ္တု ” လို ့ အမျိုးအစားခွဲရင်ကောင်းမယ်ထင်တယ် ။
အဓိက ကတော့ စာဖတ်သူရဲ ့စိတ်ထဲမှာ သို့လော သို့လော ကျန်ခဲ့စေတာ ….။
မင်းသိင်္ခက ရေးတာတော်တာတင်မဟုတ်ဘူး ၊ အရောအမွှေပါတော်တာ ။
သူမွှေထားတာ တော်ရုံလူမသိဘူး ။ ဗဟုသုတလည်းစုံတယ် အဓိက က စာဖတ်အားကောင်း
လွန်းတာပဲ ။
ကြောင်ကြီး
October 13, 2012 at 10:31 am
ရွှေဥငှက်
လေခုဖက်
နေစုလာဘ်
သေမှုတတ်
ဂွေထုဘက်
ဟေခုရှက်
ငွေရှုမှတ်
ထွေသူ့ဇာတ်…။
ကိုပေါက်(မန္တလေး)
October 13, 2012 at 2:11 pm
တော်သေးတာပေါ့ ရွှေဥတင်ပြသွားလို့
လေဥကြီးပါ ထုတ်ပြသွားရင်တော့ဒွတ်ခဘဲ သားကြီးရယ်
အနေအထိုင်ဆင်ခြင်ပါ လျောက်မလိုက်နဲ့နော် သူများခေါ်တိုင်း သီတင်းကျွတ်ခါနီးပြီ
TTNU
October 13, 2012 at 10:55 pm
မောင်အံစာရယ်
ရွှေဥ ဆိုတာသေချာရဲ့လားဟယ်။
သူများလာပြတဲ့ ဥတွေ သွားကိုင်မကြည့်နဲ့နော်။ :byae:
ဂန္ဓာရီ ဆြာအုပ်
October 14, 2012 at 8:27 am
ကိုကြောင်ကြီး တင်ထားတဲ့ post (http://myanmargazette.net/152069/economic-news-international-news-news-industry-people-in-the-news-us-news-news#comment-264544) အရဆိုရင် သေချာပြီဗျို့ဒါတာလီဗန်ပဲဗျ.. လိုက်ပြီးစည်းရုံးနေတာ ဖြစ်မယ်..
စိန်ဗိုက်ဗိုက်
October 14, 2012 at 11:38 am
ငါသိတဲ့ ရွှေအုကတော့ လမ်းထိပ်မှာ အသုပ်ရောင်းတယ်..
လက်တွေ ့ မြင်ချင်ရင် လာခဲ့
ပြမယ်