တစ်နေ့သ၌ ကျွန်ုပ် မောင်မင်း သည် ဆူညံလွန်းခြင်း၊ တိတ်ဆိတ်လွန်းခြင်း စသည့် အစွန်းနှစ်ပါး လွတ်ပြီး အတန်အသင့် လူသွားလူလာ ရှိသော လမ်းကလေး နံဘေး၌ ဖွင့်လှစ်ထားသည့် လက်ဖက်ရည်ဆိုင်ကလေး၌ ထိုင်ရင်း လက်ဖက်ရည် တစ်ခွက်အား ဇိမ်ခံ၍ သောက်နေလေ၏။ လက်ဖက်ရည် တစ်ဝက်ခန့် ကုန်သွားသောအခါ အသင့် ဆောင်ထားသော စီးကရက်ဘူးအတွင်းမှ စီးကရက်တစ်လိပ်အား ထုတ်ယူ၍ မီးညှိ ရှိုက်ဖွာကာ ဟိုတွေး ဒီငေးဖြင့် အားလပ်ခြင်း အရသာအား အပြည့်အဝ ယူနေမိလေတော့၏။ ထိုအခိုက်တွင် အသက်အားဖြင့် (၄၀) ဝန်းကျင်ခန့်ရှိသည့် မှုတ်ဆိတ်မွှေးများ ထူထပ်စွာ ပေါက်ရောက်လျက်ရှိသော လူကြီး တစ်ဦးသည် ကျွန်ုပ်ထိုင်လျက် ရှိသည့် လက်ဖက်ရည် ဆိုင်လေး အတွင်းသို့ ဝင်ရောက်လာခဲ့လေ၏။ ထိုလူကြီးသည် ဆိုင်အတွင်းသို့ အကဲခတ် […]