Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ည ….. သည်

ည ….. သည်
မှောင်နေ၏ …..။

ည ….. သည်
တိတ်ဆိတ်နေ၏ …..။

ည ….. သည်
အိပ်စက်သူတို့၏
နှစ်သက်ရာလည်း ဖြစ်၏ …..။

ည ….. သည်
တိုးတိုးတိတ်တိတ် အသံတို့
ကြီးစိုးရာလည်း ဖြစ်၏ …..။

ည ….. သည်
အိပ်မက် အများအပြား
ပေါက်ဖွားရာလည်း ဖြစ်နေ၏ …..။

ည ….. သည်
ကြောက်မက်ဖွယ်လည်း
ကောင်းနေ၏ …..။

ည ….. သည်
အိပ်မရသူအတွက်
ပျင်းရိဖွယ်လည်း ဖြစ်တတ်၏ …..။

ည ….. သည်
အနောက်က ချောင်းပြီး ရိုက်တတ်သူနှင့်
တူသေး၏ …..။

ည ….. သည်
“လ” ကို အဖော်ပြု၍
တစ်ခါတစ်ရံ
အေးချမ်းတတ်သေး၏ …..။

ည ….. သည်
မှောင်မိုက်ခြင်းကို ကိုယ်စားပြု၍
“မိစ္ဆာ” စာရင်းအတွင်း
သွပ်သွင်းသင့်ပါသော်လည်း
“အနုပညာ” တည်းဟူသော
ခံစားချက် အနုအလှ၊ အယုအယတို့
ပေါက်ဖွားရှင်သန်ရာလည်း
ဖြစ်နေသောကြောင့်
“မင်းသား” စာရင်းလည်း
သွပ်သွင်းသင့်နေ၏ …..။

ည ….. သည်
ဆိုး၏ ……………….။
ည ….. သည်
ကောင်း၏ ……………..။

အချိန်ကာလတိုင်းသည်
အဆိုးနှင့် အကောင်းတို့
ဒွန်တွဲလျက်သာ
ရှိနေကြတော့၏ ………..။

ဤတွင် ပြီး၏ ….။

By – မဟာရာဇာ အံစာတုံး

16 comments

  • YE YINT HLAING

    August 21, 2012 at 12:16 pm

    ညသည် ညဖြစ်သည်
    ညသည် နေ့မဟုတ်ပါ
    ဤတွင် ပြီးပါပြီ ။
    ဟဲဟဲ ! နောက်တာနော် ! ရေးသမျှ ကောင်းနေပါလား ! ဖတ်ရှု ခံစားသွားပါတယ်ဗျာ !

  • ဦး ဂျစ်

    August 21, 2012 at 12:28 pm

    ည ၏ အရောင် မဲပြောင်ပြောင်
    နေ့၏ အဆင်း လင်းလက်ခြင်း

  • ko khin kha

    August 21, 2012 at 2:00 pm

    ညအခါ လသာသာ၊
    ကစားမလား စားမလား။

  • ဘဲဥ

    August 21, 2012 at 2:08 pm

    ညတွင် အရက်သောက်၏
    ညတွင် အမြည်းစား၏
    ညတွင် ………. :mrgreen:

  • ရွှေ ကြည်

    August 21, 2012 at 2:17 pm

    မောင်ငယ်အံစာ ညဘက်တွေမှာစာပေတွေခံစားရေးဖွဲ့တတ်တယ်ထင်တယ်။

  • manawphyulay

    August 21, 2012 at 3:47 pm

    ညတစ်ညမှာ
    လတစ်လ မရှိရင်
    ကြယ်လေးတစ်ပွင့်ဟာ
    သာယာသင့်ရဲ့လား…

  • Shwe Ei

    August 21, 2012 at 3:56 pm

    ည….သည် ကြူချင်သူများ ချက်တင်ဝင်ရန်
    ည…..သည် အီချင်သူများ ဖုန်းပြောရန်
    အကောင်းဆုံးအချိန်ဖြစ်၏
    အနိစ္စ 😀

  • မဟာရာဇာ အံစာတုံး

    August 21, 2012 at 4:37 pm

    ဟုတ်ကဲ့ပါ ခည ..
    ခုလို လာရောက် အားပေးသွားကြသူများကို
    ကျေးဇူး အထူးတင်ပါလယ် ခည ..
    အားလုံးကို ချစ်ပါလယ် ခည ..
    (မှတ်ချက် ။ ။ တစ်မျိုး မတွေးရ .. 😀 )

  • အလင်းဆက်

    August 21, 2012 at 6:43 pm

    ကဗျာ..သည်..
    လှ..ပ သည် ။

    ပုံကလေးသည်…
    လှ..ပ သည်

    ကိုအံစာ၏ အတွေးသည်…
    လှ ..ပ သည် ။

    ကိုအံစာ၏ အရေးသည်..
    လှ..ပ သည်…

    ကျွန်တော်..သည်…
    လှပ ချောမောပြီး… မင်းမော်ကွန်းနှင့် တူသည် ။
    😀

  • aye.kk

    August 21, 2012 at 7:26 pm

    “ည”
    ည-မနက်ဖန်အတွက်မျှော်လင့်ခြင်း၊ရှင်သန်ခြင်းကိုမွေးဖွားပေးနိုင်သည်။
    ည-ကြယ်တွေလင်းလက်တောက်ပစေနိုင်သည်။
    ည-ဘဝအတွက်အိပ်မက်၊စိတ်ကူးဆန်းသစ်မှုများပေးစွမ်းနိုင်သည်။
    ည-လမင်းအလင်းကိုပေးစွမ်းနိုင်သည်။
    ည-လူ ့စိတ်နှလုံးရည်ခွန်အားများပြည့်ဝအောင်ဖြည့်စွမ်းဆောင်နိုင်သည်။
    ည-အဓိပ္ပါယ်ရှိသော,လှပသောကြောင့်ချစ်ပါသည်။။

  • kotun winlatt

    August 21, 2012 at 9:04 pm

    ညဟာ..ညမဆန်…
    ညသည် မမှောင်မိုက်
    ထိုအခိုက်ဝယ်….
    လမင်းကိုမျှော်ငေးးးး
    အင်းးးးးကိုအံစာကြီးလိုရေးချင်ပေမယ့်
    မရေးတတ်ဘူးဗျာ…
    လာအားပေးသွားတယ်ဗျို့…။

  • မောင်ပေ

    August 21, 2012 at 11:01 pm

    ငါ့လက်ထဲ စားစရာ တစ်ခုထဲက…
    တောက်ပလွန်းသော အဝါ သစ်သီးများးး…
    ကိုလေးဖြူ၏ အဝါရောင် ကိုက်ခဲမှု မှ

  • pooch

    August 21, 2012 at 11:22 pm

    ညတွေထဲမှာ…… မိုးည…….က ပျင်းရိစရာအကောင်းဆုံးပဲ။

    အဲ…. လျှပ်စီးတွေပါ လျှပ်ပြီး မိုးကြိုးတွေ ပစ်တဲ့ ညဆိုရင်တော့ … နားတွေပါပိတ်ပြီး ကြောက်ခဲ့ဖူးတယ်။

    အလင်းနဲ့ အသံရဲ့ သဘောတရားကို အနည်းငယ် တီးခေါက်မိတဲ့ နောက်တော့

    လျှပ်စီးလက်တဲ့ ညတွေမှာဆို မိုးကောင်းကင်ကို အသာအယာချောင်းကြည့်လို့ အမှောင်ထုကြားက မှော်ဆန်တဲ့ အလင်းတန်းတွေရဲ့ ဖျားယောင်းမှုကို ဂရုတစိုက်နဲ့ ငြိမ်ငြိမ်သက်သက်ကြည့်တတ်လာတယ်။

    ဒီလို မိုးညတွေကတော့ ဆွဲဆောင်ဖျားယောင်းမှုတွေ အပြည့်နဲ့ပေါ့။ 😀

    • YE YINT HLAING

      August 22, 2012 at 12:11 am

      ဟား — တယ်ကောင်းတဲ့ ကွန်မန့် ပါလား ! ( တယ် = တကယ် )

    • surmi

      August 22, 2012 at 12:15 am

      ဒေါ်ပုချ်ရဲ ့
      မိုးညတွေဆိုသိပ်ကြိုက်ဗျ
      မိုးတွေပက်နေတဲ ့ပြတင်းပေါက်နားသွားပြီး
      အတွေးတွေချဲ ့ရတာအမော
      ခုတော ့လဲ

      ဒါနဲ ့ ဘိုအံရေ
      မောင်ရင် ့ညတွေက တကယ်လှသကွာ

  • ကြည်ဆောင်း

    August 22, 2012 at 12:03 pm

    ညရှိနေလို့သာအိပ်ရနားရပြီး နောက်တနေ့ အလုပ် လုပ်ဖို့အားရှိတာနော်…
    ဒါကြောင့်ညကိုကြိုက်တယ်.. 😀

Leave a Reply