တောင်ကြီးမှလက်ဆော့ခဲ့သမျှ




















“တောင်ကြီးမြို့မှာလက်ဆော့ခဲ့သမျှ”
လမ်းလျောက်တဲ့မနက်မှာ မိုးတွေက ကျလာ ထီးမပါ အဲတာနဲ့လမ်းတစ်ဝက်ကလှည့်ပြန်ခဲ့ရပါတယ်။
အဲဒါနဲ့စည်ပင်သာယာပန်းခြံထဲမှာခဏမိုးဝင်ခိုလိုက်ပါတယ်။
သိပ်မကြာခင်မိုးတိတ်သွားတော့ ကလေးတွေဆော့ဘို့စင်ကလေးလုပ်ထားတာတွေ့ရပါတယ။်
ဒါနဲ့ဘဲအဲဒီစင်ပေါ်တက်ပြီး မြန်မာပြည်မြေပုံ ပုံစံလုပ်ထားတဲ့ ပန်းခင်းလေးကို ရိုက်ပါတယ်။
ပထမတစ်ခေါက်ကတည်း ကဒီပုံလေးကို လက်ဆော့ချင်ပေမယ့် အပေါ်စီးကမြင်ရတဲ့နေရာမရှိလို့မရိုက်ဖြစ်ခဲ့ပါဘူး။
ဒီတစ်ခါတော့ စိတ်တိုင်းကျလက်ဆော့နိုင်ခဲ့ပါတယ်။
မိုးလေးက နည်းနည်းရွာထားတော့ သစ်ပင်ပေါ်တင်နေတဲ့ရေစက်ရေပေါက်တွေကိုလက်ဆော့
ဘို့လိုက်ရှာပြန်ရော။
အဲဒါတွေမတွေ့ခင်ခေါင်းပေါ်မော့ကြည့်လိုက်တော့ မယ်ဇလီပွင့်ဝါဝါကြီးတွေ။.
မန်းလေးကအပွင့်ကသေးပါတယ်။
အဲတော့ ဘာရမလဲ လက်ဆော့ တာပေါ့။
ပန်းခြံမြောက်ဘက်အထွက်နားရောက်တော့ သစ်ပင်လေးတွေပေါ်မှာ မုးိစက်တွေသီးနေတာမြင်တော့
လက်ဆော့မိပြန်ရော။
ကုန်းလိုက်ကွလိုက် ထိုင်လိုက်ငုံ့လိုက်လုပ်နေတဲ့ ကျနော့်ကို ပန်းခြံစောင့် တာဝန်ယူထားသူ မျက်စေ့နောက်တဲ့အထိပါဘဲ။
အဲဒီမှာလက်ဆော့လို့အားရလို့ထွက်လာလိုက်တာ ကမ္ဘောဇဘဏ်ရှေ့ရောက်တော့ လှလိုက်တဲ့နှင်းဆီပင်တွေဗျာ
လက်ဆော့ ချင်တာ ဘဏ်ပိတ်ရက်ဆိုတော့ ဝင်လို့မရ။
အဲတော့အပြင်ကဘဲလှမ်းလက်ဆော့ရတော့တာပေါ့။
တစ်ခါတည်းခိုခန်းရောက်တော့ ခေါင်မိုးပေါ်တက်ပြီးထပ်လက်ဆော့တော့
တင့်တင့်ထွန်းပန်းတွေ တွေ့ပြန်ရော။
နောက်အမည်မသိတဲ့ပန်းရော သစ်ခွတွေရောလက်ဆော့သပေါ့။
တစ်ခါ ဈေးထဲရောက်တော့ ရောင်းဘို့ချထားတဲ့ယုန်ကလေးတွေတွေ့ပြန်ရော။
နောက်လမ်းလျောက်သွားရင် လမ်းဘေးမှာ ထိကရုန်းပင်လေးတွေမြင်တော့ လက်ဆော့မိပြန်ရော။
လက်ဆော့လို့ကိုအတောမသတ်နိုင်ပါလားနော်
ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့
တောင်ကြီး အောက်တိုဘာ
(14-10-2012)
13 comments
Ma Ei
October 24, 2012 at 10:58 am
တင့်တင့်ထွန်း ပန်းတွေ လို့ဆိုရင်
ဧသင်ချိုဆွေ ပန်းတွေလို့ ပြောလဲ ရတာပေါ့နော်…
:hee:
ကိုပေါက်(မန္တလေး)
October 24, 2012 at 11:16 am
အင်းသွားလေရာရာ လက်ဆော့ တဲ့ကိုပေါက် တွေ့သမျှလက်ဆော့တဲ့ကိုပေါက်
ဘယ်အချိန် အဆော့ကောင်းလို့ အဆော်ခံရမယ်တော့ မသိဘူးဗျာ
ဆူး
October 24, 2012 at 11:28 am
ပုံ နံပါတ် ၉ ထဲက အပင် ကို မေမြို့က တခါ ဝယ်ပြီးတော့ အိမ်မှာ စိုက်ဖူးတယ် ၂နှစ်လောက်တော့ ခံတယ်။ ကြာတော့ အရွက်တွေ တဖြုတ်ဖြုတ် နဲ သေပါလေရော…
ဆိုင်သမားက အပင်နာမည်က ကွမ်ရင်မယ်တော်ကြာတဲ့.. နာမည်ကတော့ တော်တော် လှတယ်။ ခေါ်ချင်ရာ ခေါ်တာလည်း ဖြစ်နိုင်တယ်။
နံပါတ် ၁ဝ ပုံကလည်း အိမ်မှာ စိုက်ဖူးတယ်.. အဲဒီ အပင်က အကြမ်းခံတယ်။ အပူပိုင်းမှာ အဆင်မပြေဘူး။ အရွက်ကလေးတွေ မြေပေါ်ကျရင် အပင် ပြန်ပေါက်တယ်။
ရွှေ ကြည်
October 29, 2012 at 10:19 am
အဲ အဲဒါဆိုရွက်ကျပင်ဖြစ်ရမယ်
Khaing Zar Win
October 24, 2012 at 11:29 am
ကိုကြီးပေါက် စိန်ပန်းပြာတွေရော တွေ့ခဲ့သေးလား။ အဲ့ ဘက်မှာပေါတယ်။
(အဲ ဒီအချိန်မပွင့်သေးဘူးနဲ့ တူတယ်) 🙂
ကိုပေါက်(မန္တလေး)
October 24, 2012 at 12:54 pm
စိန်ပန်းပြာ က အေပရယ်လ သွားတုန်းက ရိုက်ပြီးတင်ခဲ့သေးတယ်ဗျာ
2012 မေလ ပိုစ်တွေထဲမှာပြန်ရှာရင်တွေ့နို်င်မယ်။
အဲဒီလတွေတုန်းက စိန်ပန်းနီစိန်ပန်းပြာပုံတွေတင်တာ။
တောင်ကြီးမှာတော့ တောင်ကြိးဟိုတယ်ရှေ့မှာတစ်ပင်နဲ့ စွယ်တော်ဘုရားပေါ်မှာ တစ်ပင်နှစ်ပင်တွေ့ခဲ့တယ်။
Hnin Hnin
October 24, 2012 at 3:08 pm
မြန်မာပြည်မြေပုံကို စာမဖတ်ခင်က ..ဟိ..ဂီတာ ထင်နေတာ…
(ပျားတုပ်လည်ခဲ့ရတာမို့ မေ့ကုန်ပြီ) နံပါတ် ၁ဝ အပင်က အတော်လှတယ်…
ဖော့ကိုအလှထွင်းပြီး ရုပ်လုံးကြွ ပန်းပွင့်ဖော်ထားတာနဲ့ တူတယ်…
နံပါတ် ၁၈ သစ်ခွစိုလွင် ကလည်း ခုမှမြင်ဖူးတယ်..ခွေးပေါ်က အကွက်တွေ
လိုနော်..လေးပေါက်….အကုန်လုံးလှတယ်…
ကိုပေါက်(မန္တလေး)
October 24, 2012 at 4:37 pm
နံပါတ်တစ်ဆယ် အပင်က တည်းခိိုခန်းအပေါ်ထပ်မှာစို်က်ထားတာကိုလက်ဆော့လာတာလေ
YE YINT HLAING
October 24, 2012 at 6:28 pm
နံပါတ် ( ၁၅ ) ပန်းကလေး နှင်းဆီ ပုံကို သဘောကျတယ် ဦး ပေါက်ရေ !
မမလေး
October 29, 2012 at 12:28 am
ဆော့ခဲ့တဲ့ လက်ကလေးထဲက ကင်မရာလေးက တော်တော်လေးကောင်းတယ်နော် … ပုံထွက်က စိုပြည်နေတာပဲ …
ကိုပေါက်(မန္တလေး)
October 29, 2012 at 9:24 am
မမလေးရေ
ကျနော်ကင်မရာက အိမ်သုံးလေးပါ
ကဲဒီလင့်ကနေကြည့်လိုက်ပါဗျာ
https://www.facebook.com/l.php?u=https%3A%2F%2Fwww.facebook.com%2Fphoto.php%3Ffbid%3D471282909569350%26set%3Da.471282766236031.109335.100000629354342%26type%3D1&h=eAQEpnhOu&enc=AZNoME_PkpXpAaV-QCCt4-IfAGdT6Y3mnsZxIs4V6BPu9Njb33QrXxMGcgzOD3XD56BkxaS8qOsBw3OxaATx9LuF7-hFcw9erp6AyLm1cakYszSKMoSJc4AFcOfYcr7G8IrCk5-kA9jnvyPb1hN6cpqqyvppcD8GFC46EUmNa2tBFV8B2jFL7XgzS7RXkpPs6miCpC0wRI7lEPxx2CO7wGliqQlmqTzTWC2f77mJ3ff3ww
ရွှေ ကြည်
October 29, 2012 at 10:22 am
လေးပေါက်ရေ နံပါတ် 9 နဲ့ 10 ပုံကို အတုလို့ထင်နေတာ။
တော်တော်လေးတော့လှတယ် ပန်းတွေက အတုကအစစ်နဲ့တူလို့လှတာလား အစစ်က အတုနဲ့တူလို့လှတာလားမသိတော့ဘူး ..။
ကိုပေါက်(မန္တလေး)
October 29, 2012 at 2:24 pm
အစစ်တွေပါဗျာ ကျနော်တစ်ခါက ဝါးရုံပင်ကြားထဲမှာ ငှက်အော်သံကြားလို့ ရိုက်လိုက်မိပါတယ် ငှက်အတုနဲ့ညားလာပါဘူးတယ် ရှက်လိုက်တာဗျာ