အိုင်အိုဝါသားတွေ မသိစေနဲ့ (ဝင်းဖေ)။
၁၉၉၅ ဧပြီလထုတ် မြားနတ်မောင် မဂ္ဂဇင်းမှာ ဖေါ်ပြခဲ့တဲ့ ဆရာဝင်းဖေရဲ့ အိုင်အိုဝါသားတွေ မသိစေနဲ့
ဝတ္ထုလေးကို ဗလအားကိုးနဲ့ ပြန်ရိုက်တင်ပေး လိုက်ပြန်ပါပြီဗျာ…။
ဒီဝတ္ထုလေးကို ဆရာဝင်းဖေက အိုင်အိုဝါတက္ကသိုလ်မှာကျင်းပတဲ့
“နိုင်ငံတကာ စာရေးဆရာများ အလုပ်စခန်းဆွေးနွေးပွဲ ကို တက်နေရင်း
အလုပ်စခန်း ထုံးစံအရ စာလုံးရေ ၁၀ဝ လောက်နဲ့ ဝတ္ထုတို တစ်ပုဒ်စီရေးပြီး
ဖတ်ပြကြရတဲ့ ထုံးစံကြောင့်…၊
အဲဒီလို ဖတ်ပြဖို့ ရေးလိုက်တဲ့ ဝတ္ထုလေးပါတဲ့ ဗျာ…။
မြန်မာတစ်ယောက်အနေနဲ့ အိုင်အိုဝါမှာရှိနေတုန်း အိုင်အိုဝါဘောလုံးပွဲကို ကြည့်ဖို့ကောင်းတယ်လေ…။
မှုတ်ဘူးလား…။ အထူးသဖြင့် အိုင်အိုဝါ ဟော့ခ်အိုင်း(ဝ်)နဲ့ မစ်ရှီဂန် ကစားကြမှာလေ…။
ပွဲက အိုင်အိုဝါမြေပေါ်မှာ…။ အိုင်အိုဝါစီးတီးမှာ…။
ကျုပ်လည်းအိုင်အိုဝါသားတွေနဲ့ တစ်စိတ်တည်းတဝမ်းတည်းရှိသင့်တာပေါ့…။
ဘောလုံးကွင်းကြီးက အကြီးကြီးပဲ…။ပရိသတ်က ကွင်းနဲ့ အပြည့်…။
တစ်ကွင်းလုံးလှုပ်ရှားကြွရွနေတယ်…။
အမေရိကန်ဘောလုံးကစားနည်းကို ကျုပ်ဘာမှနားမလည်ဘူး…။
ကြစုသီးလိုဘောလုံးကိုလည်း ကျုပ်ဘဝင်မကျဘူး…။
တရားလွန်ကြီးလွန်းတဲ့ လူ့ဘီလူးကြီးတွေလို ဖြစ်နေအောင် ဝတ်ဆင်ကြရတဲ့ အားကစားဝတ်စုံကလည်း တစ်မျိုးကြီးပဲ…။
ချီးယားလီဒါလို့ခေါ်တဲ့ အိုင်အိုဝါ လှပျိုဖြူတွေရဲ့ အားပေးတဲ့ အားကစား ပန်းဖွားအကတွေက မြူးကြွလှုပ်ရှားနေတယ်…။
အဲဒါက နားလည်ဖို့မလိုဘူး…။ သိပ်ကြည့်လို့ကောင်းတယ်…။
ဘာပဲဖြစ်ဖြစ် ဒီပွဲမှာ အိုင်အိုဝါအသင်း နိုင်ဖို့ အရေးကြီးတယ်…။ ပွဲက အချိန်တစ်ဝက်ကျော်လာပြီ…။
အိုင်အိုဝါ ဟော့(ခ်)အိုင် အသင်း နိုင်နေတယ်ဆိုတာတော့သိတယ်…။
ကျုပ်လည်းအိုင်အိုဝါသားတွေနဲ့အတူ သိပ်တက်ကြွနေမိတယ်…။
နေဦး…။
ဒီနေ့ဘာနေ့လဲ…။
တနင်္ဂနွေနေ့…။
ဘာလလဲ…။
အောက်တိုဘာ…ဘယ်နှစ်ရက်ပါလိမ့်…။
ဒုက္ခပဲ…။ သေတော့မှာပဲ…။ ဒီနေ့ဟာ ကျုပ်အတွက် ပြသဒါးရက်…။
ကျုပ်အတွက်မကောင်းဘူး…။ ဒီအတိုင်းဆိုရင် ဒီနေ့ အိုင်အိုဝါအသင်း နိုင်ဖို့ မဖြစ်နိုင်ဘူး…။
ကျုပ်မှာ ပျော်ပျော်ရွှင်ရွှင်နေရဖို့ကိန်း မရှိဘူး…။
ဒုက္ခပဲ…။ ကျုပ်ဘာလုပ်ရမလဲ…။
ကျုပ်ကြောင့် အိုင်အိုဝါအသင်း ရှုံးရတော့မလို ဖြစ်နေပြီ…။
ဒီကွင်းထဲက ကျုပ် အမြန်ဆုံးထွက်သွားမှဖြစ်မယ်…။
ကျုပ်ဟာ ဒီဘောလုံးပွဲနဲ့ ဘာမှ မပတ်သက်ဖို့လိုတယ်…။
ဪ…ခက်လိုက်တာ…။ ဒီလူကလည်း ကျုပ်ကိုမိတ်ဆက်ပြီး မေးမြန်းနေလိုက်တာ အကြာကြီးပဲ…။
ကျုပ်ကဒီလူအုပ်ကြီးကို တိုးဝှေ့ပြီး အပြင်ထွက်ရမှာ…။
အချိန်အများကြီးလိုတယ်…။
ခပ်ဝေးဝေးအထိထွက်သွားဖို့မှဖြစ်မယ်…။
ကျုပ်ကံနဲ့ အိုင်အိုဝါ ဘောလုံးအသင်း လုံးဝ အဆက်အစပ်မရှိဖို့လိုတယ်…။
ကြည့်စမ်း…။ အခုကို အိုင်အိုဝါအသင်းဟာ နိုင်ရာကနေ ရှုံးစပြုနေပြီ…။
ကဲ…မိတ်ဆွေကြီး…။ အားတော့နာပါရဲ့…။
ကျုပ်သွားပါရစေတော့…။ အလိုက်မသိတဲ့ မိတ်ဆွေကြီးကို အတင်းစကားဖြတ်ပြီး ကျုပ်ထွက်ခဲ့တယ်…။
ဒါပေမယ့်…ကွင်းထဲက အပြင်ကို ထွက်ဖို့ကတော့ တအား ကြိုးစားရဦးမယ်…။
အရေးထဲမှာ…ထွက်လမ်းက မှားနေသေးတယ်…။ နောက်ပြန်သွားပြီး ပြန်ကွေ့ရမယ်..။
လုပ်…လုပ်…။ မြန်မြန်လုပ်…။
ဟော…ပွဲပြီးသွားပြီတဲ့…။
ဘာတဲ့လဲ…။ ဘာတဲ့လဲ…။ ဘယ်သူနိုင်တာတဲ့လဲ…။
ဘာ…အိုင်အိုဝါအသင်းရှုံးသွားပြီ… ဟုတ်လား…။
ကျုပ်သိသားပဲ…။
ဒီနေ့က ကျုပ်အတွက် ပြသဒါးနေ့လေ…။ ဒီလိုပဲ ဖြစ်ရတော့မှာပေါ့…။
အိုင်အိုဝါသားတွေကတော့ အဓိကအားဖြင့် သူတို့အသင်း ဘာကြောင့်ရှုံးရတယ်ဆိုတာ သိကြမှာ မဟုတ်ဘူး…။
ကျုပ်အဖို့ ရေငုံနှုတ်ပိတ် အိန္ဒြေမပျက်နေနေရတော့မှာပဲ…။ အဲဒါပဲ…။
အိုင်အိုဝါသားတွေ မသိပါစေနဲ့ဗျာ…။
ဝမ်းနည်းစွာဖြင့်
ဝင်းဖေ
(ခေတ္တ အိုင်အိုဝါ)
17 comments
blackchaw
October 18, 2012 at 7:07 am
1995′ June လထုတ် မဟေသီမဂ္ဂဇင်းထဲမှာ ဆရာစာအိုး ရေးခဲ့တဲ့
ဒီဝတ္ထုလေးအပေါ် ဝေဖန်ချက်လေးကိုလည်း
အမှတ်တရ ပြန်ရေးပေးလိုက်ပါတယ်…။
ရှေးဖြစ်ဟောင်း အောက်မေ့ဘွယ်ပေါ့ဗျာ…။
အဂ္ဂမဟာ သရေစည်သူ ဝဏ္ဍကျော်ထင် အောင်ဆန်းသူရိယ မဏိဇောတဓရ အကယ်ဒမီ လယ်ထွန်Z
October 18, 2012 at 7:19 am
အိုင်အိုဝါ ဘောလုံးအသင်း ….
အင်း ..ဘဘဘလက်ရေ့ …
ကျော်တို့ အားပေးတဲ့ (အမေဒစ်ကင်န် အခေါ် ဆော်ကာ) တော့ မဖစ်လောက်ဝူး
ကမာ္ဘက အမေဒစ်ကင်န် ဆော့ကာ လို့ ခေါ်တဲ့ ကြံ့ခိုင်မှုအသားပေးတဲ့ ဆန်လုံးညိုလို ဘောလုံး ရှည်မျောမျောကစားပွဲပဲ ဖစ်မယ်ထင်ရဲ့ဗျာ ..
အားပေးသွားပါရဲ့ဗျာ ..
kai
October 18, 2012 at 7:59 am
အင်း..
ကွင်းပြင်ရောက်မှ ထပ်ပြောလိုက်ရဦးမယ်..
ကျုပ်က အမေရိကန်ဖွတ်ဘောကြည့်ရင်.. နယူးအော်လင်း အားပေးအော်သံ လိုက်ညည်းတတ်တာဗျ..
“Who dat? Who dat? Who dat say dey gonna beat dem Saints?” လို့..
အေးပါ.။ လိုက်အော်ကြည့်လေ..
ကဲ..။ ဆိုလို့မကောင်းလား…
ဒါကိုလည်း အိုင်အိုဝါသားတွေ မသိပါစေနဲ့..။ :kwi:
==
More recently, the phrase ‘Who dat?’ has become a chant of team support. It is most widely used by fans of the New Orleans Saints, an American football team. The entire chant is: “Who dat? Who dat? Who dat say dey gonna beat dem Saints?” “Who dat” may also be used as a noun, describing a Saints fan.
kyeemite
October 18, 2012 at 9:11 am
အင်း..လက်တမ်းကောက်ရေးလိုက်ပုံရတဲ့ ဝတ္ထုတိုလေးတောင်
တော်တော်ဖတ်လို့ကောင်းသားဗျ…ဆရာကြီးတွေကိုး..နော
ကျနော်ကတော့ ဘောပွဲဆိုလုံးဝ ဝါသနာမပါတာ ရဲဘော်ဘလက်ရ..
ဖတ်ပီး အရေးအသားကို အတုယူသွားပါဂျောင်းဗျာ..
:kwi:
ခင်တဲ့..
ကြည်ဆောင်း
October 18, 2012 at 9:15 am
သရော်စာ ကိုသရုပ်ခွဲကြည့်ရင် မုန်းစရာကောင်းတာ နဲ့ ုပြုံးစရာကောင်းတာ တွေ့ဘူးတာ …
ဒါကတော့ ပြုံးစရာ သရော်စာလေးပေါ့ …
မြန်မာတွေရဲ့ တစ်ခါတစ်လေလှောင်ချင်စရာအယူ တွေနဲ့လဲကိုက်ရဲ့…
ဖတ်ရတာစိတ်ကျေနပ်စရာ ….။
ကြောင်ကြီး
October 18, 2012 at 9:42 am
အိုင်အိုဝါ
ယိုင်ပြိုကာ
ထိုင်ငိုရှာ
ဆိုင်အိုမှာ
ုkaiဆိုတာ
ဒိုင်ဖိုရွာ
ကြိုင်ထိုဝါ
မပြိုင်လိုပါ..။
Wow
October 18, 2012 at 9:56 am
အရင်တစ်ခေါက်ဖတ်ဖူးထဲက အဲဒီ့ဝတ္တုတိုလေးကို တော်တော်သဘောကျတာ…
မေ့သလောက်ရှိမှ တစ်ခေါက်ပြန်ဖတ်ရတော့ကျေးကျေးပါ… :hee:
သူရဇော်
October 18, 2012 at 10:13 am
လေးဘလက်ရေ ဖတ်လို့ကောင်းပီး အတုယူစရာကောင်းတဲ့အရေးအသားမျိုး ရှင်း၊တို၊ပြတ်၊ ထိမိလှတဲ့ ဝတ္တုလေးကို ဖတ်၍ ပညာယူသွားပါကြောင်း…… ဒီကိစ္စကို အူးဘလက်မသိပါစေနဲ့ခင်ည
သီရိသုဓမ္မသိဂီ င်္ကြောင်ဝတုတ်
October 18, 2012 at 10:21 am
အဲဒါကြောင့်စာရေးဆရာဖြစ်တာပဲနော်…
ကျွန်တော်တို့လို့ ခေါင်းထဲရှိတာချရေး ဗရမ်းဗတာမဖြစ်ဘူး…
အင်း… ပါရမီ… ပါရမီ…
ခင်မင်လျက်-
ကြောင်ဝတုတ်
Wow
October 18, 2012 at 10:34 am
သီရိသုဓမ္မသိဂီ င်္ကြောင်ဝတုတ် သို့…
ဂျဂါးမစပ် ဝတုတ်ရေ..
အဲ့ဒီ့ဘွဲ့က အမျိုးသမီးဒွေကိုပေးတာလားလို့… :kwi:
:gee:
အဂ္ဂမဟာ ဂန္ဓ ဝါစက္က ပဏ္ဍိတ ဘိဝံသ အဘိဓဇ အဂ္ဂမဟာဂုရု ဘဒ္ဒန ္တအူးဘဇင်းဗိုက် { B.E }
October 18, 2012 at 9:48 pm
ဘွဲ ့ အတပ်ကောင်းလို ့..ဘဝပါပြောင်းပါပကောလား ဒဂါတော်မကြီးရယ်..
သိင်္ဂ ီဆိုတာ အူးဘဇင်းတို ့ကျောင်းက ဆွမ်းချက်တဲ့ ဆရာလေးဖြစ်ပါတယ်
:harr:
စိန်ဗိုက်ဗိုက်
October 18, 2012 at 12:17 pm
ကြားဖူးတာလေး..
ဘာတဲ့..
ခရီးသွားက ရက်ရာဇာနေ ့ကို ရွေးပြီး ခရီးသွားတယ်ဆိုပဲ
ဓါးပြကလဲ ရက်ရာဇာနေ ့ဆိုပြီး ဓါးပြ ထွက်တိုက်တော့ ရှိတာလေး ပါသွားတယ်ဆိုပဲ
မှတ်မိသူများပြောပြကြပါဦး..
အဲဒီအယူတွေ ယုံရအခက် မယုံရအခက်
The Grand Duke & Commander in Chief of The Mandalay Gazette
October 18, 2012 at 2:21 pm
ထင်တယ်၊ ထင်တယ်။
မနေ့က ခလုတ် တိုက်မိ လိုက်ကထဲ က ဂဇက်ရွာလဲ ခလုတ်တိုက်ခံရတော့မယ်လို့။
ထင်တဲ့အတိုင်းဘဲ။
ဒီလိုပဲ ဖြစ်ရတော့မှာပေါ့…။
ဂဇက်ရွာသူကြီး ကတော့ ဘာကြောင့် ဒီလိုဖြစ်ရတယ်ဆိုတာ သိကြမှာ မဟုတ်ဘူး…။
ကျုပ်အဖို့ ရေငုံနှုတ်ပိတ် အိန္ဒြေမပျက်နေနေရတော့မှာပဲ…။ အဲဒါပဲ…။
သူကြီး မသိပါစေနဲ့တော်…။
ဝမ်းနည်းစွာဖြင့် 😥
အရီး
ကဘချောရေ
ကျွန်မ အရမ်းကြိုက်ပါတယ်။
အရမ်းကို အတွေးကောင်းကောင်း နဲ့ ရေးထားတာလေးကို စေတနာပါပါ နဲ့ ပြန်စမ်းသစ်ပေးလို့ ကျေးဇူးပါရှင်။ :hee:
သီဟသူရ ပရော်ဖက်ဆာဒေါက်တာကြီးမိုက်
October 18, 2012 at 4:06 pm
အားပါးပါး..ရဲဘော်ဘလက်ရေ..စာတပုဒ်တင်ပီး
ကျီးထိုးထိုး ခွေးစားစား ပစ်မထားပါနဲ့…လာကြည့်လှည့်ပါအုံး..ဟုန်း ဟုန်း ..ရွာထဲဂို
ကိုယ်စီကိုယ်စီ ဘွဲ့ထူးဂုဏ်ထူးတွေနဲ့ဟ..အ အ အ..
ဒို့ အရီးတောင်မှ..ဘာတဲ့..“The Grand Duke & Commander in Chief of The Mandalay Gazette ” ဆိုပဲဗျ.. ခေတ်နဲ့အမှီလိုက်နေကြတာပြောပါတယ်…
:hee:
pooch
October 18, 2012 at 4:54 pm
ဒီနေ့ကတော့ ကြာသပတေး ရက်ရာဇာ မနက်ထဲက အလွဲမရှိသေးဘူး။
လွဲသွားတာက မနိုနဲ့ မတွေ့လိုက်ရတော့ဘူး။ အရှုပ်ထဲမှာ ရောက်နေလို့။
ဒီနေ့ ပြသာဒါး မဟုတ်ပဲ ရက်ရာဇာဆိုတာ မနိုမသိပါစေနဲ့ ။ သိရင် ရက်ရာဇာမှာ စိတ်မကောင်းဖြစ်နေမှာစိုးလို့ 🙁
နေဝန်းနီ
October 18, 2012 at 5:50 pm
အဲဒါ ကိုပေ မသိပါစေနဲ့ ……။
😛
အလင်းဆက်
October 18, 2012 at 7:56 pm
ဗလ အားကိုးနဲ ့ ဖတ် သွားပီ…ဗျို ့
:kwi: