Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

Elite မှာဖုန်းဝယ်မိပါတယ်

ဦးသုOctober 17, 20121min65421

မနေ့က သူငယ်ချင်းတစ်ယောက်က WCDMA Sim Card ဝယ်ချင်တယ် Elite မှာသွားမေးရအောင် ဆိုပြီး ကျွန်တော့်ဆီဖုန်းဆက်လာတယ် ။ အဲဒါနဲ့ ကျွန်တော်လဲ ကျွန်တော်တို့ ရုံးနဲ့ နီးတဲ့ လမ်း ၄ဝ Elite တော့ရှိတယ် ဆက်ဆံရေးကတော့ တအားဆိုးတယ် လို့ပြောလိုက်တယ်။

အဲဒါနဲ့ ကျွန်တော့်သူငယ်ချင်းလဲ သွားမေးတာပေါ့ စုံစမ်းရုံနဲ့ ဝန်ထမ်းတွေရဲ့ ဆက်ဆံရေးကိုမကြိုက်လို့ မဝယ်ဖြစ်ပါဘူး။ အဲဒါနဲ့ ကျွန်တော်လဲ အရင်တစ်ခေါက် သူငယ်ချင်းတစ်ယောက် ဝယ်တာ အဖော်လိုက်သွားတုန်းက အဖြစ်အပျက်လေးကို သွားသတိရမိတယ်။

အဲဒီတုန်း ကလမ်း ၄ဝ အလယ်ဘလောက် Elite မှာ WCDMA လိုင်းကဒ် ဝယ်တော့ ခဏစောင့်ပါ ဆိုလို့ ဘာများလဲ မှတ်တယ် အဲဒီက မယ်တော် တွေက ကြက်ကြော်သွားဝယ်စားတာကိုး အဲဒီတော့ ကျွန်တော်တို့ လဲ ခဏ ဆိုတော့ စောင့်တာပေါ့ ဗျာ ။ ပြီးတော့ Customer ကိုရှေ့ထားပြီး အေးဆေးစားနေတယ် ခဏလေးနော် ဆိုပြီးတော့ပေါ့။ အဲဒီအချိန်မှာ အဖွားကြီးတစ်ယောက်က ဖုန်းပျောက်လို့ ဆိုပြီး လာမေးတယ် အဲဒါကို ဝန်ထမ်းတစ်ယောက် (အမျိုးသားဝန်ထမ်း)  ရုံးချုပ်သွားပါဆိုပြီး ပြောတယ် ။  အဖွားကြီးက ပြန်လျှောက်ဖို့ ရဲစခန်း ထောက်ခံစာ လိုလားလို့ မေးတယ်  ။  အဲဒီဝန်ထမ်း ကလဲ လေသံမာမာနဲ့ ခပ်ရင့်ရင့်ပဲ ကျွန်တော်မသိဘူး ရုံးချုပ်ကိုပဲ သွားမေး လို့ပြောတယ် ။ တကယ် ပါ ကျွန်တော်သာ အဲဒီအဖွားကြီးရဲ့ တူလောက်သာ တော်ကြည့် အဲဒီကောင်ကိုဆွဲထိုးတယ်။ အဖွားကြီးကလဲ   နင်တို့မသိဘူးလို့တော့ မပြောပါနဲ့ဟယ် နင်တို့ ဆီက ဝယ်ထားတာပါ ဘာမေးမေးမသိဘူးပြောနေတာ ပဲ ဆိုပြီး ထွက်သွားတယ်။

အဲဒီမှာကျွန်တော်ဖုန်းဝယ်တဲ့ အလှည့်ရောက်လာပါတယ်  ကျွန်တော့်ရှေ့ က ဝန်ထမ်းမမက ခပ်ချောချော အသားဖြူဖြူ မျက်တောင် ကော့ကော့လေးနဲ့ CP ကြက်ကြော်  ပေါင်တုန်းလေးကိုတစ်ကိုက်  ကိုက်လိုက်ပြီး သူ့စားပွဲပေါ်မှာ ရှိနေတဲ့ ဖုန်းစာချုပ်တစ်ခုပေါ် အဲဒီကြက်ပေါင်ကိုတင်လိုက်ပါတယ်။   ပြီးတော့ လက်သုတ်စရာ လိုက်ရှာတာ မတွေ့လို့ ထမီနဲ့ မသိမသာလေး သုတ်လိုက်တယ် ကျွန်တော်ကလဲ မြင်ဖြစ်အောင်မြင်တယ်ဗျ။  အော်ရုပ်ကလေးနဲ့မှ မလို်က်အိမ်မှာဆို ဘယ်လိုများနေလဲမသိဘူး ဆိုပြီးတွေးမိရင်း အော်ဒီလိုမိန်းမမျိုးနဲ့ မရတာကံကောင်းဆိုပြီး အတွေးတွေ ဆင့်ပွားနေတုန်း ဟိုဘက်ကိုသွားလိုက်ပါ ဟိုဘက်မှာ ရေးပေးလိမ့်မယ် ဆိုပြီး သူ့ဘေးက အမျိုးသမီး တစ်ယောက်ဆီညွှန်တယ်။

အဲဒီ ခုံ က အမျိုးသမီးကို ကျွန်တော့်သူငယ်ချင်းရဲ့ မှတ်ပုံတင်နဲ့ ဓာတ်ပုံ နှစ်ပုံ ပေးလိုက်တယ်။    မ အဝှာ ကလဲ တကယ့် တစ်လွဲ ပါပဲ ခင်ဗျ ။ မှတ်ပုံတင်ထဲ က ဖခင်အမည်ကို ဖုန်းဝယ်တဲ့သူ နေရာမှာ ကောက်ရေးလိုက်တယ် ။ အဲဒါ အဖေနာမည်ကြီးလေလို့ ကျွန်တော်ပြောတော့ ဟာ မှားလို့ ဆောရီးဆိုပြီးတော့ ဒီအတိုင်းဘောပင်နဲ့ ဆွဲခြစ်လိုက်ပြီး နာမည်အမှန်ပြန်ရေးပေးတယ် ။ နောက်ဆုံးတော့ ဖုန်းစာချုပ်မှာ အခြစ်ရာ ဗရပွနဲ့ ရလိုက်တာပါပဲ။

ဆက်သွယ်ရေးရုံးကဝန်ထမ်းတောင် သူတို့လောက် ဆက်ဆံရေးမညံ့ ကြပါဘူး နောက်ပြီးသူတို့လောက်လဲ မမှားကြပါဘူး Elite က ဖုန်းငွေဖြည့်ကဒ်တွေသူတစ်ဦးတည်း မူပိုင်ဆိုပြီး ဖင်ဂေါင်းကျယ်ချင်တိုင်းကျယ်နေတာကို သူနဲ့ ပြိုင်ဘက်မပေါ်သေးသမျှဘယ်အချိန်အထိ်ခံရမလဲမသိဘူး။

 

 

21 comments

  • etone

    October 17, 2012 at 11:04 am

    ကျွန်မလည်း ကြုံဖူးပါတယ် ….
    ဘုရင့်နောင် Elite မှာပါ ။
    ရုံးမှာလာတဲ့ ဧည့်သည်တွေကို ပေးသုံးဖို့ ငါးသိန်းဖုန်းနဲ့ ၊ prepaid card ရော FEC ကဒ်ရော ဝယ်ဖို့ သွားတာ အခုလို ဆက်ဆံတာမျိုးခံလိုက်ရပါတယ် ။ သူတို့ကို မြင်ပြီး အရမ်းလည်း အံ့အားသင့်သွားတယ် ။
    အလုပ်ကို အလုပ်နဲ့တူအောင် မလုပ်တတ်တာ အထက်က ဝန်ထမ်းတွေရဲ့ အုပ်ချုပ်မှုပိုင်းအားနည်း လို့လား ၊ ကာယကံရှင်ဝန်ထမ်းတွေကပဲ အသိတရားခေါင်းပါးသလား မပြောတတ်ပါဘူး ။

    ကိုယ်ပိုင်အလုပ်မဟုတ်လို့ ရောင်းရချင် ရောင်းရ မရောင်းရချင်ပြီးရော ဆိုပြီး အော်ဟစ်ဆူညံစွာ လျှပ်စီးထနေတာတွေကိုလည်း မြင်ခဲ့ရပါတယ် ။ အတော်လေးတော့ စိတ်အနှောက်ယှက်ဖြစ်တဲ့အပြင် ၊ စိတ်ပျက်မိပါတယ် … အလုပ်ခွင်မှာ အလုပ်နဲ့ မတူတဲ့ ဘုရင့်နောင် အဲ့ဒီဆိုင်မှာ နောက်ပိုင်း မဝယ်ပဲ …. ဖုန်းတွေဝယ်စရာရှိလျှင် ၊ သူနဲ့ ကပ်လျှက်က xxx မင်း ဆိုတဲ့ ဆိုင်မှာပဲ … ဝယ်ဖြစ်တော့တယ် ။ အများနဲ့ ဆက်ဆံရတဲ့ အလုပ်တွေမှာ ဝန်ထမ်းတွေရဲ့ အပြောဆိုနဲ့ ဆက်ဆံရေး ပြေပြစ်မှုက အရမ်း အရေးကြီးပါတယ် ။ 🙄

    • Black Cloud

      October 17, 2012 at 11:14 am

      မအိတုန်ရေ

      အထက်ပါ ကိတ်စနဲ ့ပတ်သက်လို ့ Elite ကနေ အောက်ပါအတိုင်းအရေးယူလိုက်ကြောင်း….
      သွယ်ဝိုက်သောနည်းနဲ ့သိရှိရပါတယ်…..

      တစ်ရုံးလုံးပြုတ်တာ ၆ခု
      မန်နေဂျာပဲ ပြုတ်တာ ၅ခု
      ဝန်ထမ်းပဲ ပြုတ်တာ ၃ခု
      အားလုံးပေါင်း
      ၁၄ခု
      ရန်ကုန်ဆိုင်ကြီးပဲ ၁ဝခု

      လေးစားလျက်
      တိမ်မည်း

  • Black Cloud

    October 17, 2012 at 11:12 am

    ကိုသုဝေရေ

    အခုပဲ Elite က အသိတယောက်ကို လှမ်းမေးလိုက်ပါတယ်………
    အဲ့ဒီ လမ်း ၄ဝ ရုံးတရုံးလုံးကို Elite ကနေ အလုပ်ဖြုတ်ပစ်လိုက်ကြောင်း သိရှိရပါတယ်…………

    လေးစားလျက်
    တိမ်မည်း

    • Thu Wai

      October 17, 2012 at 12:47 pm

      တကယ်ကြီးလား မဖြစ်နိုင်ဘူးနော် မနေ့ကတင် အဲဒီဆိုင်ကိုသွားပြီးပြီ

      • Black Cloud

        October 17, 2012 at 2:24 pm

        မနက်ကပဲမေးလိုက်တာပါဗျာ ကိုသုဝေရယ်….
        အခုအကိုရေးတဲ့ပိုစ်က အကြောင်းအရာတွေက မနေ ့က အကြောင်းဆိုရင်
        ကျွန်တော် သေချာ ထပ်မေးပေးပါ့မယ်…..

  • Mလုလင်

    October 17, 2012 at 11:12 am

    အားမနာပါးမနာ ပြောရရင် … အလုပ်သမား စိတ်ဓာတ် နဲ့ ပိုင်ရှင် စိတ်ဓာတ် ခြားနားချက်ပါ။ ဝန်ထမ်း ခန့်တဲ့အခါ မှာ ခပ်ချောချော အသားဖြူဖြူ ဆိုတာ …. မလှတာပြင်လို့ မရဘူး .. မတတ်တာ သင်လို့ ရတယ် ဆိုတဲ့ ဆောင်ပုဒ် နဲ့ ခန့် ထားတဲ့ မမ တွေ ဖြစ်ပါလိမ့်မယ်..။

  • Guest

    October 17, 2012 at 11:13 am

    အဲလို အကျင့်တွေကို အရင်ကတော့ အစိုးရရုံး အတော်များများမှာ တွေ့ရတတ်တယ်..။ ခုလို ပုဂ္ဂလိက လုပ်ငန်းမှာ ဒီကိစ္စမျိုးရှိနေတာ အတော်ဆိုးတာပဲ..။ ပိုက်ဆံလည်းပေးရ.. စိတ်လည်း ညစ်ရဆိုရင်တော့ အဲလိုဆိုင်မျိုးကို ..နောက်တစ်ခါ ကိုယ်တင်မဟုတ်.. ကိုယ်နဲ့ ပတ်သက်သူမှန်သမျှပါ သွားမဝယ်ဖြစ်အောင် လုပ်ရမှာပဲ။ [:@]

  • jullies cezer

    October 17, 2012 at 11:21 am

    Elite ဆိုမှသတိရပြီး ပြောပါအုံးမယ် ဖုန်းတစ်မျိုးထဲကြီးကျယ်တယ်မထင်လိုက်နဲ့ ဟိုင်းဝေးကားဆိုလဲကြီးကျယ်တာပဲ နေပြည်တော်-ပျဉ်းမနားသွားလို့ တစ်ခါလေးစီးမိပါတယ် ဆင်းချင်တဲ့နေရာရပ်မပေးဘူး ရပ်လို့မရဘူးတဲ့လေ အရင်လည်း တခြားကားတွေစီးဖူးပါတယ်အဲလိုမဖြစ်ပါဘူး သူ့ကျမှဘာလို့အဲလိုဖြစ်လဲမတွေးတတ်တော့ဘူး ဖမ်းမှာစိုးလို့တဲ့ ဖမ်းတဲ့သူက Elite ပဲရွေးဖမ်းပြီးကျန်တဲ့ကားတွေမဖမ်းဘူးထင်တယ် ပျဉ်းမနားဆိုတာလဲသိတဲအတိုင်း ညကြီးမိုးချုပ်လမ်းလျှောက်လို့မသင့်တော် ရန်ကုန်လိုလိုင်းကားကမပေါ ဆိုင်ကယ် တက်စီဆိုတာလဲ အမောင်းကြမ်းလို့မစီးရဲ အထုတ်တွေနဲ့ လမ်းလျှောက်ခဲ့ရတယ် ဗျာ Elite ကောင်းမှုအကြောင်းပြုလို့………….

  • Khaing Khaing

    October 17, 2012 at 11:25 am

    Elite က ဝန်ထမ်းတွေက ဘာလို့အဲသလို သတင်းတွေပဲ ကြားနေရတာလဲမသိဘူး … ကျွန်မတို့အိမ်နားက ဆိုင်မှာလည်းဒီလိုပဲ ကျွန်မက အင်တာနက်လျှောက်လို့ရတယ်ဆိုလို့ ဝင်မေးတာ ဟိုလူက ဟိုလူ့ကို လက်ညှိုးထိုး ဟိုလူက ဟိုလူ့ကိုညွှန်နဲ့ တစ်ဆိုင်လုံးကို ပတ်ချာလည်လိုက်သွားတယ် … ဘုရင့်နန်းတော်ထဲမှ ခစားရသလို သူတို့ရှိတဲ့နေရာက ခခယယနဲ့သွားမေးရခဲ့ရတယ် …. ကျွန်မသွားချိန်က ညနေစောင်းဆိုတော့ ပိုက်ဆံရီသူကရီနေကြလို့လို ထင်ခဲ့တာ အခုတော့ လူတော်တော်များများဒီလိုဆက်ဆံခံနေရတာကို ….

    နံမည်ရဆိုင်မှာအလုပ်လုပ်ရ လခတွေဘာတွေများကောင်းလို့လား ဖယ်ရီအကောင်းစားလေးစီးရတော့…. Elite မှာလုပ်တဲ့ဝန်ထမ်းတွေက သွေးများကြီးနေလားမသိဘူး ….

  • ဦးဦးပါလေရာ

    October 17, 2012 at 11:31 am

    လုပ်ပိုင်ခွင့်တွေ လက်ဝါးကြီးအုပ်ခွင့်ရထားတဲ့
    ဗွီအိုင်ပီနဲ့ ခရိုနီတွေရဲ့ လုပ်ငန်းခွင်တွေမှာ အမြဲ အဲလိုတွေ့ရပါတယ်။
    အလုပ်ရှင်ရဲ့ ကြပ်မတ်အရေးယူမှု့မရှိလို့ပါ….
    တစ်ခါကဆို ဝန်ကြီးဟောင်းတယောက်ရဲ့သား ပိုင်တဲ့ပို့ဆောင်ရေးလုပ်ငန်းက ဒရိုင်ဘာနဲ့စပါယ်ယာတွေဟာ အုပ်စုဖွဲ့ပြီး သူများကားကြီးတွေထဲက ဒီဇယ်တွေကို ဖေါက်ခိုးတဲ့အလုပ်ကို ဂိုဏ်းဖွဲ့ပြီးတော့ကို လုပ်ပါတယ်။ ကားကြီးပိုင်ရှင်တွေက သိတော့သိပေမယ့် လက်ပူးလက်ကြပ်မမိတော့ ဘာမှကိုမပြောရဲဘူး။ သူတို့လဲ အဲဒိဝန်ကြီးသားကို မျက်နှာချိုသွေးရသူတွေမဟုတ်လား။
    ကျုပ်ပြောတာ လမ်းချော်သွားပြီထင်တယ်..

    ဆိုလိုတာက အလုပ်ရှင်ရဲ့ကြပ်မတ်အရေးယူမှု့ပါ….
    အဲဒါက ဘယ်တော့မှရှိမလဲဆိုရင် ကိုယ့်အလုပ်သမားတွေ စည်းကမ်းမဲ့ရင် ကိုယ်ပါထမင်းငတ်မယ် ဆိုတဲ့အချိန်ကျရင် ရှိလာပါလိမ့်မယ်…။

  • ka tootyo

    October 17, 2012 at 11:31 am

    ကျုပ်လဲကိုယ်တွေ့ပါ ဗျာ။ ပြန်ပြီးရှိမခိုးခိုင်းတာတောင် ကျေူးဇူးတင်ရ အုံးမယ် ။
    ဖန်းကဒ်ဝယ် မလိုသွားတာ။

  • မောင်ပေ

    October 17, 2012 at 11:44 am

    အော်…ခလေးမလေးတွေ ၊ ခလေးမလေးတွေ
    သူရို ့လေးတွေခဗျာလဲ .. နောက်ထပ်အလုပ်သစ်တစ်ခု ပြောင်းချင်ရှာလို ့
    အခုလို လုပ်နေကြတယ်လို ့… အကောင်းမြင်ပေးလိုက်ကြပါကွယ်
    :kwi:

  • Wow

    October 17, 2012 at 11:58 am

    တောက်ကျင့်မကောင်းတာပြင်လို့ရဒယ်…
    မလှဒဲ့သူကို လှအောင်လုပ်လို့မရဘူး…
    တောက်စ် (ခွက်ဒစ်တူ အာဂ) …. ကမ္ဘာကျော်လောက်တဲ့ motto :harr:
    :eee:

    • etone

      October 17, 2012 at 12:06 pm

      အစ်မရေ .. အားမငယ်နဲ့ …. မလှတာကို လှအောင်ပြင်ပေးမယ် ့ အလှဖန်တီးရှင်တစ်ယောက် .. မိဂီပို့စ်ထဲ ရောက်လာတော့မတဲ့ … ကြားဖြတ်သတင်းရသွားပါကြောင်း .. 😆

  • ဒုဗိုလ်ကြီးမိုက်ကယ်ဂျော်နီအောင်ပု

    October 17, 2012 at 12:15 pm

    ဟုတ်ပ အဲ့ဒီဂကောင်မတွေ ပေါက်ဆိုး အပေါက်နံဒေ
    ဒဂယ် …………………
    ပြောရင်းနံလာဘီ 👿

  • Shwe Ei

    October 17, 2012 at 3:11 pm

    သောက်ချိုးမပြေကျတာတော့ အရောင်းဝန်ထမ်းမှအစ ရုံးပိုင်းအဆုံးပါဘဲ။ လေသံမာမာနဲ့ ဟောက်တာတောင် မဖြုံတဲ့ရုပ်နဲ့ပြန်ရှိုးပါသေးတယ်။ ကျမကတော့ သူတင်းရင် ကိုလဲတင်းမယ် ဆိုပီး မလျှော့သောဇွဲလုံ့လနဲ့ အနားကပ်ပီး အာဖြဲအော်ပါတယ်။ ဂလိုအော် ရင် သူတို့ဆီက ကိုလိုတဲ့အဖြေထွက်လာပါတယ်။ လိုရင်းရောက်ဖို့ အဓိကမဟုတ်လားချင်။ :harr:

  • we R one

    October 17, 2012 at 5:46 pm

    ဟောဒီ က Customer Service သင်တန်းပေးနေတယ် တက်ကြ အုံးမလား ဗျို့….။ အထူးသဖြင့် အစိုးရရုံးက ဝန်ထမ်းများ ၊ ကျောင်းသားရေးရာ က ဝန်ထမ်းများ ၊ Elite က ဝန်ထမ်းများ ကို အထူး သက်သာသော နှုန်းထားဖြင့် အိမ်တိုင်ရာရောက် လိုက်လံ သင်ကြားပေးနေသည်..။ 😀

  • uncle gyi

    October 17, 2012 at 10:18 pm

    ဂေလောက်တော့သည်းခံပါကျောင်းအမရယ်
    သူတို့ကဆက်သွယ်ရေးကလိုနှစ်ရှည်လများစားထားအဲလေလေ့ကျင့်ထားတဲ့သူတွေမှ
    မဟုတ်တာ
    ပြိုင်ဘက်မပေါ်သေးသမျှဘယ်အချိန်အထိ်ခံရမလဲမသိဘူး။
    ရှင်းပါတယ်ပြိုင်ဘက်ပေါ်ရင်ပြီးသွားမှာပါမသုရယ်

  • အဂ္ဂမဟာ သရေစည်သူ ဝဏ္ဍကျော်ထင် အောင်ဆန်းသူရိယ မဏိဇောတဓရ အကယ်ဒမီ လယ်ထွန်Z

    October 18, 2012 at 8:06 am

    ကောင်းထှာ …
    သူများတိုင်းပြည်လို ..
    စုံထောက်ဆန်ဆန် ဈေးဝယ်သူဟန်ဆောင်ပီး လျှို့ဝှက်
    ဗီဒီယို ကင်မလာနဲ့ မှတ်တမ်းတင်လို့ ရုံးချုပ်တွေကို ပြန်လည်အစီရင်ခံတဲ့
    ဒါမှမဟုတ်လည်း အွန်လိုင်း တင်ပစ်တဲ့
    ပရိုတွေ ဗော်လန်ဒီယာတွေ (စီဂျေတေ) ပေါ်လာစေချင်ပီ

    ဆိတ်ကွယ်ရာမရှိအောင်ပါ ..ခုတော့ ပြုတ်ကုန်ဘီတဲ့လား ..
    သနားပေါင် …
    အမျှ ..

  • Davit

    October 18, 2012 at 4:05 pm

    ပြောဘာဒယ်……… MICT Park ထဲကရတနာပုံဆိုင်ကိုလာပါလို့…..လာရင် ဗစ်ဗစ်က လိုက်ဝယ်ပေးတဲ့အပြင် စူပါကော်ဖီပါ တိုက်ဦးးးးးးးးးးးးးးးးးးးးးးးမှာာာာာာာာာာာာာာာာာာာာာာာာာာာာ 😛

  • ကိုသင်း

    October 20, 2012 at 2:15 am

    Elite ဆိုးတာအခုမှ မဟုတ်ပါဘူး စဖွင့်ကတည်းကပါ
    ပြောရရင် သူတို့ ့က “မြေစွဲ” ဖြစ်နေပြိ၊
    မြေလှန်ပြိး ကမ္မဝါ ဖတ်မှ ရတော့မယ်ထင်တယ်။
    အင်း…… ပါရမိ လိုင်းကားတွေလည်း ခပ်ဆင်ဆင်ရယ်

Leave a Reply