“အောင်ပန်းမြို့တောင်ဘက်က တိမ် အလှ”
















“အောင်ပန်းမြို့တောင်ဘက်က တိမ် အလှ”
အောင်ပန်းမြို့တောင်ဘက်အထွက်လမ်းကို သွားလိုက်တဲ့ညနေခင်းမှာ မိုးတိမ်တွေအုံးမိူင်းလို့နေပါတယ်။
မြို့တောင်ဘက်ခြမ်းက တောင်ဘေးက လယ်ကွင်းတွေကို ဓါတ်ပုံရိုက်မယ်လုပ်တော့ အလင်းရောင်က စိတ်တိုင်းကျအောင်မရ။
အဲဒါနဲ့မြို့တောင်ဘက်ကိုဆက်သွားလိုက်တဲ့အခါ ကျယ်ပြန့်လွတ်လပ်တဲ့ကွင်းပြင်နဲ့အတူ လှပသောတိမ်တွေကိုတွေ့ရပါတယ်။
လမ်းဘေးဝဲယာမှာ စိန်းလန်းသောလယ်ကွင်းတွေ
ဂေါ်ရခါးသီးပင်တွေကို စင်နဲ့တင်ပြီးစိုက်ထားတာတွေ ကလဲ စိုစိုစိမ်းစိမ်း။
လမ်းလေးတွေက လဲ ကွေ့ကွေ့ကောက်ကောက်နဲ့ လှတပတ။
တစ်နေရာအရောက်လမ်းဘယ်ဘက်ဘေးမှာရေကန်လေးတစ်ခုကိုတွေ့ရပါတယ်။
ငါးများနေသူတွေလဲရှိပါတယ်။
ကန်ရေပြင်ထဲကိုအရိပ်ကျတဲ့ပုံတွေကို လဲအမိအရ။
အဲဒီကထွက်အလာကောင်းကင်ကိုမော့ကြည့်တော့ တိမ်ထဲကိုရောက်နေတဲ့နေမင်းအလင်းများက
ဖြာထွက်နေပုံကအတော်လှ။
နောက်ဆက်သွားလိုက်တော့ တိမ်အတန်းလိုက်ကြိးကလဲလှပ
တကယ်ကို လှတဲ့ တိမ်တွေကိုကျနော်ရလိုက်ပါတယ်။
ကိုပေါက်လမ်းသလားနေသည်
အောင်ပန်း အောက်တိုဘာ 12
(18-10-2012)
8 comments
Ma Ei
October 31, 2012 at 11:39 am
8 မထင်မှတ်တဲ့ရောင်စဉ်…
10 ဖြာထွက်ခြင်းအလင်း…
ပုံလေးတွေလှသလို အမည်ပေးလေးတွေကလဲ
လှမှလှ ပါလား ကိုပေါက်ရေ…
ကိုပေါက်(မန္တလေး)
October 31, 2012 at 11:57 am
တကယ်လဲမထင်မှတ်ဘဲရလိုက်တဲ့ ပုံလေးတွေပါ.
ဒီတစ်ခေါက် အောင်ပန်းခရီးစဉ်က ကသုတ်ကရက်လဲနိုင်
အလုပ်တွေလဲများ ဒီအထဲက ကမန်းကတန်းထွက်ရိုက်တဲ့
ပုံလေးတွေက လဲ စိတ်တိုင်းကျတာလေးတွေရဆိုတော့ စိတ်ကျေနပ်စရာကောင်းတဲ့ခရီးစဉ်တစ်ခုပါဘဲ။
kyeemite
November 1, 2012 at 11:34 am
12 နဲ့ 16 ကဂေါ်ရခါးသီးပင်တွေကို စင်နဲ့တင်ပြီးစိုက်ထားတာတွေ
တွေ့တော့ ငယ်ငယ်က မေမြို့မှာနေတုန်းက အိမ်မှာစိုက်ခဲ့တာ
ပြန်သတိရမိပါတယ်…. လွမ်းသွားတယ်ဆိုပါစို့ ကိုပေါက်ရေ…
ရွှေ ကြည်
November 1, 2012 at 11:40 am
ရွှေကြည် ဘာပင်တွေကိုစင်တင်စိုက်ထားလဲဆိုပြီးသိချင်နေတာ ဦးကြိုက်မီးပြောလို့သိသွားပြီ။
လေးပေါက်ရေ 1 နဲ့ 12 အရမ်းကြိုက်တယ်။
blackchaw
November 1, 2012 at 12:48 pm
ဓါတ်ပုံလေးတွေကြည့်ပြီး
ကျွန်တော်အင်မတိအင်မတန်ကြိုက်သော
ချစ်သုဝေလေးရဲ့
တိမ်တွေနေတဲ့အရပ်ဆိုတဲ့ သီချင်းလေးသတိရသွားပါတယ်ဗျာ…။
လေးစားခင်မင်တဲ့
ဘလက်ချော…။
ကိုပေါက်(မန္တလေး)
November 1, 2012 at 1:17 pm
အခုရက်ကတော့ တိမ်လေးတွေဘက်ဆက်တိုက်လာနေပါဦးမည်။
Hnin Hnin
November 1, 2012 at 4:31 pm
တိမ်တွေက အလင်းတွေဖြာထွက်နေတာလှတယ်..
ဟိုနေ့ကပုံတွေကတည်းက ကြိုက်နေတာ…
၁၂ ကတော့ အတော်လှတယ်….ကြည့်ပြီး ခြံစိုက်စားချင်စိတ်တောင်ပေါက်သွားတယ်..
မေမြို့သူပိစိဘဝ..လွဲချက်ကယ်က…
ဂေါ်ရခါးပင်တွေကို ပဲတောင့်ရှည်ပင်တွေ ထင်နေတာ စာဖတ်ကြည့်မှ… 🙂
ကိုပေါက်(မန္တလေး)
November 1, 2012 at 5:19 pm
ကျနော်ကအဝေးကကြည့်လို့ပါ ပဲတောင့်ရှည်ပင်တွေလဲ ပါချင်ပါနို်င်ပါတယ်