ချစ်ခြင်းတရားကို ဖွင့်ဟခြင်း
ကျွန်မတို့ဟာ ကိုယ်အရမ်းချစ်ရတဲ့သူတွေကို လှိုက်လှိုက်လှဲလှဲ ကူညီချင်ကြတဲ့အချိန်တွေ ရှိတတ်ကြပါတယ်။ ဒါပေမယ့် အခြေအနေတွေက ကူညီခွင့်မပေးခဲ့တာ ဒါမှမဟုတ် သူကိုယ်တိုင်က အကူအညီကို လက်မခံခဲ့တာတွေလည်း ရှိတတ်ကြပါတယ်။
အဲဒီနောက်တော့ ကျွန်မတို့နဲ့အတူ ကျန်ရှိနေတဲ့အရာကတော့ ချစ်ခြင်းတရားပါပဲ။ ဘာမှမလုပ်ပေးနိုင်တဲ့အချိန်မှာတောင် ကျွန်မတို့ ချစ်နေပေးနိုင်ပါတယ်။ ဘယ်လိုဆုလာဘ်မျိုး၊ ဘယ်လိုပြောင်းလဲခြင်းမျိုး၊ ဘယ်လိုကျေးဇူးတရားမျိုးကိုမှ မမျှော်လင့်ဘဲနဲ့ပေါ့။
အဲဒီလိုလေးသာ ချစ်နေပေးလိုက်မယ်ဆိုရင် ချစ်ခြင်းစွမ်းအားက ကျွန်မတို့ရဲ့ စကြာဝဠာကမ္ဘာလောကကြီးကို ပြောင်းလဲပေးပါလိမ့်မယ်။ အဲဒီစွမ်းအားပေါ်ထွက်လာတာနဲ့ ပန်းတိုင်ကို ရောက်သွားစမြဲပါပဲ။ ဟင်နရီဒရမ်မွန်း (Henry Drummond) က ပြောခဲ့ပါတယ်။ “အချိန်က လူကို မပြောင်းလဲပေးပါဘူး။ စိတ်စွမ်းအားကလည်း လူကို ပြောင်းလဲမပေးပါဘူး။ ချစ်ခြင်းတရားကတော့ ပြောင်းလဲပေးပါတယ်” တဲ့။
ဘရာဇီးနိုင်ငံက ကောင်မလေးတစ်ယောက်အကြောင်းကို သတင်းစာထဲမှာ ဖတ်လိုက်ရပါတယ်။ မိဘတွေက ရက်ရက်စက်စက်ရိုက်တာကို ခံထားရတဲ့ ကောင်မလေးပါ။ နောက်ဆုံးတော့ သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာလှုပ်ရှားမှုတွေအားလုံး ဆုံးရှုံးသွားပြီး စကားတောင်မပြောနိုင်တော့ပါဘူး။
ဆေးရုံတင်လိုက်တဲ့အချိန်မှာတော့ သူနာပြုတစ်ယောက်က ပြုစုပေးခဲ့ပါတယ်။ “ငါ မင်းကို ချစ်တယ်” လို့လည်း သူ့ကို နေ့တိုင်းပြောပေးခဲ့ပါတယ်။ ကလေးက နားမကြားနိုင်လို့ သူပြောသမျှ အချည်းနှီးပါပဲလို့ ဆရာဝန်တွေက ပြောနေတာတောင်မှ အဲဒီသူနာပြုလေးက ဆက်ပြောနေခဲ့တုန်းပါပဲ။ “မမေ့နဲ့နော်။ ငါမင်းကို ချစ်တယ်” တဲ့။
သုံးပတ်အကြာမှာတော့ ကလေးက ပြန်လှုပ်ရှားနိုင်လာပါတယ်။ နောက်လေးပတ်မှာတော့ စကားပြောပြီး ပြုံးပြနိုင်လာပါတယ်။ သူနာပြုဆရာမလေးက ဘယ်အင်တာဗျူးကိုမှ မဖြေခဲ့သလို သတင်းစာတွေကလည်း သူ့နာမည်ကို မဖော်ပြခဲ့ပါဘူ။ ဒါပေမယ့် “အချစ်က ကုစားပေးနိုင်တယ်” ဆိုတာကို မမေ့ဖို့တော့ ဒီနေရာမှာ ကျွန်မချပြပါရစေ။
အချစ်က ပြောင်းလဲနိုင်တယ်၊ အချစ်က ကုစားနိုင်တယ်။ ဒါပေမယ့် တစ်ခါတစ်လေမှာတော့ အချစ်က အကြွင်းမဲ့ အညံ့ခံဖို့ သနိ္နဌာန်ချထားသူတွေကို တစ်ဘဝစာ အရှုံးတွေကိုပေးမယ့် ထောင်ချောက်လည်း ဖြစ်နေတတ်ပါသေးတယ်။ ဖုံးကွယ်လိုခြင်းဆိုတဲ့ ထူးဆန်းတဲ့ခံစားချက်ဆိုတာ အသက်ဆက်ရှင်သန်ဖို့၊ လှုပ်ရှားရုန်းကန်ဖို့၊ တိုးတက်မြင့်မားဖို့အတွက် တစ်ခုတည်းသော အကြောင်းပြချက်များလား…
အချစ်ကို အဓိပ္ပာယ်သတ်မှတ်ဖို့တော့ ကျွန်မအနေနဲ့ မစွမ်းနိုင်ပါဘူး။ ဘာလို့လည်းဆိုတော့ အခြားလူတွေလိုပဲ ကျွန်မလည်း ခံစားနိုင်ရုံသက်သက်မို့ပါပဲ။ အချစ်နဲ့ပတ်သက်ပြီး စာအုပ်ပေါင်းများစွာကလည်း ရေးခဲ့ကြတယ်။ ဇာတ်လမ်းတွေလည်း ဆင်ခဲ့ကြတယ်။ ရုပ်ရှင်တွေလည်း ရိုက်ခဲ့ကြတယ်။ ကဗျာတွေလည်း သီကုံးခဲ့ကြတယ်။ ပန်းပုရုပ်ထုတွေနဲ့လည်း ပုံဖော်ခဲ့ကြတယ်။ ဒါပေမယ့် အနုပညာရှင်အားလုံးက အချစ်ရဲ့သဘောတရားကိုပဲ ဖော်ပြနိုင်ခဲ့တာပါ။ အချစ်ဆိုတဲ့ ခံစားချက်အစစ်အမှန်တော့ မဟုတ်ခဲ့ကြပါဘူး။
ဒါပေမယ့် အချစ်ဆိုတာ သေးငယ်တဲ့အရာတွေမှာပဲ ရှိနေတာပါ။ လုံးဝအရေးမကြီးပါဘူးလို့ ထင်ရတဲ့ ကျွန်မတို့ရဲ့ အပြုအမူတိုင်းမှာ အထင်အရှားကြီးကို ရှိနေပါတယ်။ ဒါကြောင့် ကျွန်မတို့အနေနဲ့ ကိုယ့်ရဲ့ချစ်ခြင်းမေတ္တာကို ထုတ်ဖော်ပြသသည်ဖြစ်စေ၊ မပြသသည်ဖြစ်စေ၊ အဲဒီချစ်ခြင်းတရားကိုတော့ ကျွန်မတို့ရင်ထဲမှာ အမြဲတမ်းသိမ်းဆည်းထားဖို့ လိုပါတယ်။
ဖုန်းကိုကောက်ကိုင်လိုက်ပြီး နောက်မှပြောမယ်လို့ စဉ်းစားထားတဲ့ ချစ်စကားတွေကို ပြောလိုက်ပါ။ အကူအညီလိုအပ်နေတဲ့သူတွေအတွက် တံခါးဖွင့်ထားပေးပါ။ လုပ်သင့်တဲ့အလုပ်တွေကို လက်ခံပြီးလုပ်လိုက်ပါ။ အရေးမပါတဲ့အလုပ်တွေကို ထားခဲ့လိုက်ပါ။ နောက်မှလုပ်မယ်ဆိုပြီး နှောင့်နှေးနေတာတွေအတွက် ဆုံးဖြတ်ချက်ချလိုက်ပါ။ အရေးမပါဘူးဆိုပြီး လုပ်လိုက်မိတဲ့အမှားတွေအတွက် တောင်းပန်လိုက်ပါ။ ရပိုင်ခွင့်တွေကို တောင်းဆိုပါ။ ကျောက်မျက်ရတနာဆိုင်ထက် ပိုအရေးပါလှတဲ့ ပန်းအလှပြင်ဆိုင်မှာ ငွေစရင်းဖွင့်လိုက်ပါ။ ချစ်ရတဲ့သူတွေ အဝေးမှာရောက်နေတဲ့အခါ သီချင်းကို အကျယ်ကြီးဖွင့်ထားပါ။ အနားကိုပြန်ရောက်လာရင်တော့ ပြန်ပိတ်လိုက်ပါ။ အချစ်ဆိုတာ့ ကျွန်မတို့မှာရှိသမျှ ခွန်အားအကုန်ဖြစ်တဲ့အတွက် အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်ပါစေ။ နှစ်ယောက်ကစားလို့ရမယ့် အားကစားကို ရှာဖွေပါ။ သူများတွေရဲ့နည်းအတိုင်း လိုက်မလုပ်ပါနဲ့။ အခု ကျွန်မရေးနေတဲ့ ဒီစာထဲမှာ ပါနေခဲ့မယ် ဆိုရင်တောင်မှပေါ့။ ဘာလို့လဲဆိုတော့ အချစ်ဆိုတာ ကိုယ်တိုင်ဖန်တီးမှုကို လိုအပ်လို့ပါပဲ။
တကယ်လို့များ အခုကျွန်မပြောတဲ့အရာတွေကို လုပ်ပြီးတာတောင်မှ အထီးကျန်မှုကို ခံစားနေရတုန်းပဲဆိုရင်တော့ စာဖတ်သူတစ်ယောက် ကျွန်မဆီပို့ပေးခဲ့တဲ့ ပုံပြင်လေးကို သတိရလိုက်ပါ။
နှင်းဆီပန်းလေးတစ်ပွင့်ဟာ နေ့နေ့ညညဆိုသလို ပျားလေးတွေကိုပဲ မျှော်လင့်နေပါတယ်တဲ့။ ဒါပေမယ့် ဘယ်ပျားကမှ ခြေလာမချခဲ့ပါဘူး။ ဒါပေမယ့် ပျားလေးကတော့ ဆက်မျှော်လင့်နေတုန်းပါပဲ။ ရှည်လျားလှတဲ့ညအချိန်တွေမှာလည်း ပျားတွေနဲ့ပြည့်နေတဲ့ ဘုံကမ္ဘာလေးကို စိတ်ကူးယဉ်နေပါတယ်။ ပျားလေးတွေက ပန်းလေးကို အနမ်းပွင့်လေးတွေ ခြွေလို့ပေါ့။ အဲဒီလို စိတ်ကူးယဉ်နေတာ နောက်တစ်ရက်ကို ကူးသွားတဲ့အထိပါပဲ။ နောက်နေ့ကျတော့ နေမင်းရဲ့အလင်းရောင်အောက်မှာ ထပ်ပွင့်ရပြန်ရော။
တစ်ညမှာတော့ ပန်းပွင့်လေးရဲ့အထီးကျန်မှုကို သိနေတဲ့ လမင်းက မေးလာခဲ့ပါတယ်။
“မင်း စောင့်နေရတာ မမောဘူးလား ပန်းလေးရယ်…”
“မောတော့ မောတာပေါ့ရှင့်…ဒါပေမယ့် ကျွန်မကတော့ ဆက်စောင့်နေရဦးမှာပဲ..”
“ဘာလို့ပါလိမ့်…”
“တကယ်လို့ ကျွန်မသာ ဆက်ပွင့်မနေဘူးဆိုရင် ကျွန်မသေသွားလိမ့်မယ်….”
တစ်ခါတစ်လေမှာ အထီးကျန်ခြင်းက အလှတရားအားလုံးကို ဖျက်ဆီးပစ်လိုက်မယ်ဆိုရင်တောင်မှ ကျွန်မတို့တောင့်ခံထားရမယ့် တစ်ခုတည်းသောနည်းလမ်းက ကျွန်မတို့ရဲ့ချစ်ခြင်းတရားကို ဖွင့်ဟဝန်ခံနေဖို့ပါပဲ…။ ။
(ဒီရက်ပိုင်း စာရေးဖို့အကြောင်းအရာက အာရုံမရ၊ ရှိထားတဲ့အကြောင်းအရာတွေကျတော့လည်း အဆုံးမသတ်နိုင်သေး။ ဒါကြောင့် စာတွေပဲ လှိမ့်ပိတ်ဖတ်နေရင်းနဲ့ ထော်တိထော်နန်း အင်္ဂလိပ်စာလေး တိုးတက်ရာတိုးတက်ကြောင်းဆိုပြီး ကြိုက်မိတဲ့စာလေးတွေကို ဆီလျော်အောင် ဘာသာပြန်ရင်း ခံစားရေးဖွဲ့လိုက်ပါတယ်။ ဒီစာကတော့ Paulo Coelho ရဲ့ Like the Flowing River စာအုပ်ထဲက Remaining Open to Love ဆိုတဲ့ စာလေးပါ။)
37 comments
ကိုခင်ခ
October 19, 2012 at 10:57 am
တစ်ခါတစ်လေလည်း အထီးကျန်စွာ တစ်ယောက်ထဲနေရင်း တွေးမိတွေးရာ တွေးနေမိရတာလည်း
အရသာတစ်မျိုးပါ၊ ကံကောင်းရင် ပိုစ့်တစ်ပုဒ်ရေးဖို့ အတွေးစာသားလေးတွေ ရတတ်တယ်လေ။
မဟာသီရိသုဓမ္မ အာကာမိုးမြင့်ကောင်းကင်ဝေယံပျံချီ ဝေဟင်သိမ့်သိမ့်တုန် နှင်းကေသရာလုံမမွန်မွ
October 19, 2012 at 11:39 am
တကယ်တော့ သမီးလည်း တစ်ယောက်တည်းနေရတာကိုကြိုက်တယ်… စားချင်တာချက်စား၊ ကော်ဖီတစ်ခွက်နဲ့ စာဖတ်၊ အတွေးလေးတွေကို ချရေး..အေးချမ်းလိုက်တာနော်… 🙂
Hnin Hnin
October 19, 2012 at 6:24 pm
အရေးအသားကောင်းတယ်နော်…ကော်ဖီတစ်ခွက်နဲ့ ဂဇက်တက်၊ အတွေးလေး
တွေကို ချမန့်… 🙂 …ကျန်တာတော့ အတူတူပဲ…သမဂ္ဂတော့ မထောင်နဲ့အုံးနော်..
ကန့်ကွက်တယ်…ငယ်ပါသေးတယ်…မွန်ရေ့…. း)…
Shwe Tike Soe
October 19, 2012 at 10:59 am
အလဲ့ အနမ်းကို စောင့်နေတယ်ဆိုပါလား……… အာဟိ :hee:
ရွာလူပျိုကြီးတွေ ရင်တုံပန်းတုံအောင် လုပ်နဲ.လေအေ………… :kwi:
မဟာသီရိသုဓမ္မ အာကာမိုးမြင့်ကောင်းကင်ဝေယံပျံချီ ဝေဟင်သိမ့်သိမ့်တုန် နှင်းကေသရာလုံမမွန်မွ
October 19, 2012 at 11:44 am
မိတိုက်..ကျုပ်သာ နှင်းဆီပန်းဆိုရင် အနမ်းကိုတော့ မစောင့်ဘူး..လာကပ်သမျှကို ဆူးနဲ့ကို ထိုးပစ်မယ်… :kwi:
ဂျူဂျူး
October 19, 2012 at 11:02 am
ဟုတ်ပါတယ် လုံမရေ… စာလေးကို ဖတ်မိတော့ တစ်ယောက်သောသူကိုတောင် သတိရမိတယ်
🙂
မဟာသီရိသုဓမ္မ အာကာမိုးမြင့်ကောင်းကင်ဝေယံပျံချီ ဝေဟင်သိမ့်သိမ့်တုန် နှင်းကေသရာလုံမမွန်မွ
October 19, 2012 at 11:44 am
နာတိပါဒယ်ဟယ်… 🙂
ဦး ကျောက်ခဲ
October 19, 2012 at 11:12 am
တူမ မွန်မွန်
ပြောတော့ အပျိုဂျီး သမဂ္ဂ ထောင်မယ်ဆို……..
:kwi:
ဂျူဂျူး
October 19, 2012 at 11:36 am
မထင်င်င်င်…. (ကြေးစည်သံသာဖြစ်ပါသည်) ဟီး….
မဟာသီရိသုဓမ္မ အာကာမိုးမြင့်ကောင်းကင်ဝေယံပျံချီ ဝေဟင်သိမ့်သိမ့်တုန် နှင်းကေသရာလုံမမွန်မွ
October 19, 2012 at 11:46 am
ဟုတ်ပါတယ်ဆို… လေးကျောက်ရယ်… ဘေးစကားတွေကို မယုံပါနဲ့.. 🙂
Khaing Khaing
October 19, 2012 at 11:53 am
ကောင်းလိုက်ပို့စ်လေး … မွန်တို့ကတော့ အရေးအသားချက်က တော်ပါပေတယ် ………..
မဟာသီရိသုဓမ္မ အာကာမိုးမြင့်ကောင်းကင်ဝေယံပျံချီ ဝေဟင်သိမ့်သိမ့်တုန် နှင်းကေသရာလုံမမွန်မွ
October 19, 2012 at 12:59 pm
အဟီး..အစ်မက အဲလိုပြောတော့ မီးက ရှက်ထှာပေါ့လို့… :kwi:
သီရိမဟာ ဥမ္မာဒန္ဒီ ပပဝတီ ဦးဗြဲရမ်း ဒေါ်ဗလဗွ သမီး ညောင်ရမ်းဂွတို Wow
October 19, 2012 at 12:11 pm
ချစ်ခြင်းဟာမင်္ဂလာပါ…
ကိုယ့်ပတ်ဝန်းကျင်မှာ ဘယ်သူ့ကိုပဲဖြစ်ဖြစ် အတ္တတွေလျော့ပြီးချစ်ကြည့်ရင် စိတ်ချမ်းသာလာတာ လက်တွေ့ပါ…
မဟာသီရိသုဓမ္မ အာကာမိုးမြင့်ကောင်းကင်ဝေယံပျံချီ ဝေဟင်သိမ့်သိမ့်တုန် နှင်းကေသရာလုံမမွန်မွ
October 19, 2012 at 1:00 pm
ဂယ် ကိုယ်တွေ့လားဟင် အစ်မ… မီးမီး ချစ်ကြည့်လိုက်ရတော့မလား..
jullies cezer
October 19, 2012 at 12:44 pm
အပျိုလေး ဘာတွေတွေးနေပြီလဲ တို့သိတယ်နော်………….
မဟာသီရိသုဓမ္မ အာကာမိုးမြင့်ကောင်းကင်ဝေယံပျံချီ ဝေဟင်သိမ့်သိမ့်တုန် နှင်းကေသရာလုံမမွန်မွ
October 19, 2012 at 1:02 pm
ဘာမှ တွေးသေးပါဝူးရယ်… တွေးရင်ကောင်းမလား စဉ်းစားနေတုန်း.. အဟိ.. 🙂
1
October 19, 2012 at 12:54 pm
ချစ်တယ် ချစ်တယ်နဲ့ ပြောတဲ့ ဆရာမလေးနဲ့တွေ့ချင်စမ်းပါဘိ
မဟာသီရိသုဓမ္မ အာကာမိုးမြင့်ကောင်းကင်ဝေယံပျံချီ ဝေဟင်သိမ့်သိမ့်တုန် နှင်းကေသရာလုံမမွန်မွ
October 19, 2012 at 1:03 pm
တစ်နေလို့ ဆေးတိုက်ပါမယ်ဆို… :kwi:
Khaing Zar Win
October 19, 2012 at 12:54 pm
ဒီစာကို ဖတ်ပြီး ချစ်ခြင်းတရားကို ဖွင့်ဟချင်သော်လည်း၊ “ဖုန်းလည်း ဆက်လို့မရ၊ လူကြုံပါးလို့မရ” ဖြစ်နေတယ်။
မွန်မွန်လေးကိုပဲ ပြောသွားပါရစေတော့နော်။ 🙂
မဟာသီရိသုဓမ္မ အာကာမိုးမြင့်ကောင်းကင်ဝေယံပျံချီ ဝေဟင်သိမ့်သိမ့်တုန် နှင်းကေသရာလုံမမွန်မွ
October 19, 2012 at 1:05 pm
မမခိုင်ဇာရယ်…
မီးမီးရဲ့ အာကိုဂျီး တိုတိုအံဂျာ အတဲကွဲအောင် မရုတ်ပါနဲ့နော်… 🙄
ဘရန်းဒက် ကေဇီ
March 16, 2014 at 7:23 pm
See… See… What is the meaning of the comment??
:kwi:
လုံမလေးမွန်မွန်
March 17, 2014 at 10:17 am
ဟားဟား.. အဲ့တုန်းက ကွန်မန့်တွေဖတ်ပြီး ရယ်ချင်လိုက်တာ..
သျှားသက်မာန်
October 19, 2012 at 2:24 pm
တစ်ညမှာတော့ ပန်းပွင့်လေးရဲ့အထီးကျန်မှုကို သိနေတဲ့ လမင်းက မေးလာခဲ့ပါတယ်။
“မင်း စောင့်နေရတာ မမောဘူးလား ပန်းလေးရယ်…”
“မောတော့ မောတာပေါ့ရှင့်…ဒါပေမယ့် ကျွန်မကတော့ ဆက်စောင့်နေရဦးမှာပဲ..”
“ဘာလို့ပါလိမ့်…”
“တကယ်လို့ ကျွန်မသာ ဆက်ပွင့်မနေဘူးဆိုရင် ကျွန်မသေသွားလိမ့်မယ်….”
အဲစာကြောင်းလေးကိုဖတ်ဖူးတယ်။ဟုတ်တယ်။
အချစ်မှာ ထူးခြားဆန်းကြယ်တဲ့ ဆွဲဆောင်မှုတွေရှိတယ်။
အချစ်က လေကို တိုက်ခိုက်စေနိုင်သလို မိုးကိုလည်း ရွာသန်းစေတယ်။
လူကို သေရာက ရှင်သန်လာစေတယ်။ လူကို အမြဲနုပျိုစေတယ်။
ဒါကြောင့် အချစ်ရဲ့အင်အားကို ဘယ်တော့မှ အထင်မသေးပါနဲ့။
သျှားသက်မာန်
October 19, 2012 at 3:04 pm
ဒါကြောင့် အချစ်မှာ ထူးခြားဆန်းကြယ်တဲ့ ဆွဲဆောင်မှုတွေရှိတယ်။
အချစ်က လေကို တိုက်ခိုက်စေနိုင်သလို မိုးကိုလည်း ရွာသန်းစေတယ်။
လူကို သေရာက ရှင်သန်လာစေတယ်။ လူကို အမြဲနုပျိုစေတယ်တဲ့။
ဒါကြောင့် အချစ်ရဲ့အင်အားကို ဘယ်တော့မှ အထင်မသေးပါနဲ့။
ပင်လယ် ပျော်
October 19, 2012 at 4:19 pm
love + love = +love
or
love + love= – love
အလင်္ကာ ပန်တျာ ဘာရာဏသီ ဝေသာလီ ရာဇ သတိုး ဗြဇ္ဇ တေဇ သီဟ ဒီပ သမိန်မဟာ အမတ်ဒိန် ချစ်သော လဂွန်းအိမ
October 19, 2012 at 5:27 pm
ချစ်ခြင်းအနုပညာ(l’art d’aimer)က သက်ဆုံးတိုင် လူတိုင်း ကျင့်သုံးရမဲ့ပညာတရပ်ဆိုလား.. 🙂
ဘယ်လိုပဲ ဖြစ်ဖြစ်ပါ..နှင်းကေသရာကိုယ်တိုင်ဖွင့်ဆိုထားတာမို့..
သေသေချာချာကြီး ဖတ်သွားပါတယ် နော့. 🙂
မဟာ့မဟာ မဟာထိပ်ခေါင် ခေါင်းပြောင်ဖွတ်ကျား သောက်သောက်စားစား လူ့ငနွား
October 19, 2012 at 5:32 pm
love အပေါင်း love = ချစ်ခြင်းမေတ္တာ
(သို့တည်းမဟုတ်)
love အပေါင်း love = BABY
:kwi:
aemoshu
October 19, 2012 at 9:45 pm
အင် … နှင်းကေသရာ တဲ့ ၊ အမတ်ဒိန်ချစ်တဲ့ လဂွန်းအိမ်တဲ၊့ ဗြဇ တောင်ပါလိုက်သေး ။။
ဟေး … ငါဟဲ့ … အင်း အင်း .. ရာဇာဓိရာဇ် ပေးရင်ကောင်းမလား၊ မင်းကန်စီပေးရင်ကောင်းမလား …….
တော်လိုက်တဲ့ လုံမလေး … အားကျတယ်ဟေ့။
ဒါနဲ့ နေပါအုံးအေ့ ညည်းစာတွေကျနေတယ်နော်။ ညည်းကသူများစာကျရင်မြင်တတ်တော့ ညည်းကိုလည်း သူများတွေ ပြန်ပြောနေမှာဆိုးလို့ပါ .. ကျုပ်တို့ကတော့ အမှားနဲ့လူလုပ်လာသူဆိုတော့ နိုးပလုံပလုံ… ဟီး..
surmi
October 20, 2012 at 1:33 am
နှင်းကေသရာ ချစ်တဲ့ သူရဲကောင်း တဲ့ ချစ်ဦးညိုရဲ ့ နာမည်ကျော်ဝတ္ထု ပါ
ဘာမှမဆိုင်ပါဘူး ဟိုးတွေး ဒီတွေးမို့
ကဲ မန် ့တော့မယ် …။
မချစ်နဲ့
ချစ်တာမကောင်းဘူး
မင်းမသိဘူးလား
ဟိုတစ်နေ ့က လမ်းထိတ်မှာ
အဖိုးကြီးနဲ့ အဖွားကြီး
အသက်ကြီးမှကဲကြလို့
မနဲခွဲကြရတယ် …
မင်းမသိဘူးလား
ဟိုနေ့က ကောင်မလေးနောက်
လိုက်သွားတဲ့ လူနှစ်ယောက်
အချုပ်ထဲရောက်သွားတယ် ….
မင်းမသိဘူးလား
အိမ်ဘေးကစုံတွဲ
လက်ထပ်တာမှနှစ်လတာ
ဘာကြာသေးလို့လဲ
ခု သူတို့အိမ်ထဲ က
ပစ္စည်းတွေ ပျောက်ပျောက်သွား
အပေါင်ဆိုင်ပဲ ရောက်သွားတယ် ….
မင်းမသိဘူးလား
ငါ ့ကိုပဲကြည် ့
ရီးစားသက်စေ ့ထား
အလုပ်များသလားမမေးနဲ့
မယားကတစ်ယောက်
ကလေးနှစ်ယောက်
ရှူရှူး တောင်မပေါက်အားဘူး
ကဲ ……ငါနောက်တော့ အတုလိုက်မယူနဲ ့
သတိ ……..မချစ်နဲ့ …မချစ်နဲ့ ….။
သီ ဂရမ်း ဂျူ့ & ကွန်မန်ဒါ အင် ချိဖ် အော့ဖ် မန်းဒလေး ဂဇက် အရီး
October 20, 2012 at 2:43 am
Love you too ပါ လုံမလေးရေ။
ချစ်တဲ့
အရီး :hee:
မဟာရာဇာ အံစာတုံး
October 20, 2012 at 11:23 am
“I Love You …”
ဟိုးးးး လွန်ခဲ့တဲ့ နှစ်များဆီက
ကျုပ် နေ့တိုင်း ပြောဖြစ်ခဲ့တဲ့ စကား ….
ဒါပေမယ့် နယူတန်ရဲ့ နိယာမ ပြောင်းပြန်ကျခဲ့လေသလား …????
အသည်းမှာ ဒဏ်ရာ အမာရွက်များသာ …. 🙁
mayjuly
October 20, 2012 at 4:14 pm
စိတ်မပျက်လေနဲ ဥူးဥူးအံ Hirudoid ရှိတယ်ဂျ .. :Kwi:
mayjuly
October 20, 2012 at 4:15 pm
မွှားတွားရို့ :Kwi: :kwi:
လုံမလေးမွန်မွန်
March 16, 2014 at 6:53 pm
အံစရာအတုံး..
အဲ့တုန်းက ကွန်မန့်ကိုဖတ်ပြီး ရယ်ချင်ထှာ..
မဟာရာဇာ အံစာတုံး
March 17, 2014 at 10:17 am
သည်းလေးကို တွေ့တော့
အဲ့ဒီဒဏ်ရာတွေ ကြက်ပျောက်ငှက်ပျောက် ပျောက်ပီး
နှလုံးဟာ တတောက်တောက်နဲ့ လျှောက်သွားနေတဲ့ ကလေးတစ်ယောက်လို
ပြန်လည် နုပျိုသွားခဲ့တော့တာပေါ့ကွယ် …
အဲ့လို .. အဲ့လို …
alinsett (gazette)
March 17, 2014 at 10:36 am
အော် ပိုစ့်ဟောင်းလေးပဲ။
ခုတလော ပိုစ့်အဟောင်းတွေ အသက်ပြန် ပြန်ဝင် လာနေပါလား
အချစ် ချစ်ခြင်းမေတ္တာအကြောင်းကတော့
တို့က လေ့လာနေဆဲမို့. . .
လေ့လာသွားပါကြောင်း
Mr. MarGa
March 17, 2014 at 10:40 am
ကလေးတွေ နားမလည်တဲ့စကားလုံးတွေနဲ့ရေးထားတယ်