မလေးရှားသွား မြန်မာအလုပ်သမားများ

Zaw WonnaJuly 13, 20101min874

မလေးရှားလေဆိပ်ရောက် နိုင်ငံခြားအလုပ်သမားများ ကျနော့်ရဲ့ မလေးရှားနိုင်ငံ ကွာလာလမ်ပူ လေဆိပ်မှာ တွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက် လေးတစ်ချို့ပါ။ မလေးရှားနိုင်ငံကို လာရောက် အလုပ်လုပ်ကိုင်ဖို့ စိတ်ဝင်စားတဲ့ သူငယ်ချင်း တွေကို ပြောပြချင်လို့ပါ။ ကျနော်သွားတုန်းက မလေးရှားက ကုမ္ပဏီတစ်ခုနဲ့  အွန်လိုင်းမှာ အင်တာဗျူးအောင်လို့ Technician အနေနဲ့ သွားတာပါ။  ဆိုလိုတာက Free calling မဟုတ်ပဲ Work permit နဲ့ပါ။ကျွန်တော်က ၂၀၀၉ ၊ ဧပြီလ အတွင်းမှာ မလေးရှားကို ရောက်လာခဲ့တာပါ။
ကျနော် စီးလာတဲ့ လေယာဉ်က ကွာလာလမ်ပူ လေဆိပ်ကို ညနေ ၅ နာရီခွဲလောက်မှာ ဆိုက်ပါတယ်။ လေယာဉ်ပေါ်က ဆင်းပြီး လူဝင်မှုကြီးကြပ်ရေးဌာနကို မဝင်ခင်မှာပဲ လေဆိပ်လုံခြုံရေးရဲတွေက လေယာဉ်ပေါ်က ဆင်းလာတဲ့ ခရီးသည်တွေထဲမှာ အလုပ်လုပ်ဖို့လာတဲ့ လူတွေအားလုံးကို သီးသန့် တန်းစီခိုင်းပါတယ်။ လူဝင်မှုကြီးကြပ်ရေးဌာနက စစ်ဆေးပြီးတာနဲ့ အားလုံးရဲ့ နိုင်ငံကူးလက်မှတ်တွေကို သိမ်းဆည်းထားလိုက်ပါတယ်။ အဲဒီကစပြီးတော့ ဒုက္ခ တွေ့တော့တာပဲ။ လေယာဉ်ပေါ်မှာ ပါလာသမျှ လူတွေထဲက အလုပ်လုပ်ဖို့ လာတဲ့လူတွေ အကုန်လုံးကို ကြမ်းပြင်ပေါ်မှာပဲ မိန်းမ၊ ယောက်ျား ခွဲပြီးထိုင်ခိုင်းထားပြီးတော့ ရဲတွေကစောင့်ကြည့် နေပါတယ်။ အဲဒီအချိန်မှာ ဗီယက်နမ် ကောင်လေးတစ်ယောက်က ဖုန်းဆက်ချင်လို့ ရဲကိုလက်ဟန်ပြပြီး အကူအညီတောင်းမိတာ ရဲက ဘာမပြော ညာမပြောနဲ့ နားရင်းအုပ်လိုက်တာကို ထူးထူးဆန်းဆန်းပဲ စတွေ့လိုက်ရပါတယ်။ နောက်မှသိရတာက အဲဒီကောင်လေးဟာ ဗီယက်နမ်ဖြစ်ပြီး ကွာလာလမ်ပူမှာရှိနေတဲ့ သူ့အဖေနဲ့ ဆက်သွယ်ချင်တာလို့ သိရပါတယ်။ ဗီယက်နမ်တွေ အားလုံးကလည်း ဒီအတိုင်း ဘာမှ ဝင်မပြောရဲဘဲ ကြည့်နေကြပါတယ်။ အဲဒီအချိန်မှာ ကျနော့်ဘေးနားကလူ(မြန်မာ)နဲ့ ကျနော်ကတော့ ငါတို့မြန်မာတွေကို အဲလိုစော်ကားရင် ဘာပဲဖြစ်ဖြစ် ပြန်လုပ်မယ်လို့ တိုင်ပင်ထားကြပါတယ်။ ဒါပေမဲ့ မြန်မာတွေနဲ့တော့ ပြဿနာဖြစ်တာ မတွေ့ရပါဘူး။
အဲဒီမှာ ထိုင်နေရတာက တစ်နာရီနီးပါးလောက် ကြာတယ်။ ပြီးမှ ခရီးဆောင်အိတ်တွေ စုပုံထားတဲ့နေရာကို တန်းစီသွားပြီး ကိုယ့်အိတ်ကိုယ် ရှာဖွေယူရပါတယ်။ ပြီးရင်တော့ ကိုယ့်အထုပ်ကိုယ်ဆွဲပြီး ရဲတွေလမ်းပြတဲ့အတိုင်း တန်းစီချီတက်ရတော့တာပဲ။ အဲဒီမှာ ရဲတွေက ရပ်ဆိုရပ် သွားဆိုရင်သွား၊ ဘာမှလုပ်မနေနဲ့၊ မရဘူး။ ဒီကြားထဲ လှေခါးထစ် အတက်အဆင်းတွေမှာ ကြာနေရင် နောက်ကနေများ တုတ်နဲ့ရိုက်တော့မယ့်အတိုင်း အော်နေလိုက်တာများ မြန်မာပြည်မှာ စစ်တပ်နောက် လိုက်ရတဲ့ ပေါ်တာတွေကျနေတာပဲ။ ဒီကြားထဲ သယ်ယူလာတဲ့ အထုပ်အပိုးတွေကို ဘေးချပြီး ဆောင့်ကြောင့်ထိုင်နေရတဲ့ နေရာတွေ ရှိသေးတယ်။
နောက်ဆုံးမှာတော့ ကားပါကင်နေရာကို ပြုပြင်ပြီး အခန်းဖွဲ့ထားတဲ့ ထိန်းသိမ်းရေးစခန်းလို နေရာမျိုးကို ရောက်မှပဲ ခရီးဆုံးတော့တယ်။ အဲဒီနေရာမှာ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ ဗီယက်နမ် စသည်ဖြင့် အခန်းတွေခွဲပြီး ထားပါတယ်။ အမျိုးသမီးတွေက တစ်ခန်း သီးသန့်ပါ။ အခန်းဝမှာ ရဲတွေကစောင့်နေပါတယ်။ အခန်းထဲမှာက ခါးလောက်မြင့်တဲ့ စားပွဲကျယ်ကြီးတွေ ချထားပါတယ်။ လာကြိုမယ့်လူတွေမလာမချင်း အဲဒီမှာအိပ်ပြီး စောင့်ပေတော့။ လူအရမ်းများနေရင်တော့ ကြမ်းပြင်မှာ အိပ်ရပါလိမ့်မယ်။ အစားအသောက် ဝယ်ချင်ရင် စားသောက်ဆိုင်ကိုသွားပြီး အပေါက်ကျဉ်းကျဉ်းလေးကနေ လှမ်းဝယ်နိုင်တယ်။ ဖုံးဆက် ချင်ရင် စောင့်နေတဲ့ ရဲတွေဆီကဖုန်းနဲ့ ဆက်လို့ရတယ်။ မလေးရှားပြည်တွင်း တစ်ခါဆက်ရင် 5 Rm (ရင်းဂစ်)တော့ ပေးရလိမ့်မယ်။ အချုပ်ကျနေတဲ့ လူတွေနဲ့ ဘာမှမထူးပါဘူး။ လေဆိပ်ကြီးတစ်ခုလုံး လေအေးပေးစက်တွေအပြည့်တပ်ထားပေမဲ့ အဲဒီ အခန်းတွေထဲမှာတော့ ပန်ကာတစ်လုံးစီပဲရှိတယ်။ အဲဒီမှာ ကိုယ့်ကိုလာခေါ်မဲ့ ကုမ္ပဏီကလူ ဒါမှမဟုတ် အေးဂျင့်ကလူကို မလာမချင်း စောင့်နေပေတော့။
အဲဒီအကြောင်းတွေကို ကြိုတင်သိမထားတဲ့ လူတွေကတော့ အိမ်ပြန်ချင်စိတ်ပေါက်သွားမှာပါ။ မြန်မာပြည်က အေးဂျင့်တွေကတော့ အဲဒီအကြောင်းတွေကို လုံးဝပြောပြလေ့မရှိတာ သေချာပါတယ်။ သူတို့ကတော့ ဘာမှစိတ်မပူနဲ့၊ လေဆိပ်မှာလာကြိုနေမှာ  ဘာညာပြောပြီး လေယာဉ်ပေါ် ထိုးတင်ပေးလိုက်ကြတာပဲ များပါတယ်။ လေဆိပ်မှာလာမကြိုမချင်း ဒုက္ခရောက်ရတာတွေကိုတော့ တစ်ကွက် ချန်ထားကြတယ်။
တစ်ချို့ဆိုရင် သုံးလေးရက်လောက်နေပြီးတာတောင် အေးဂျင့်တွေက လာမကြိုသေးလို့ အရမ်းဒုက္ခရောက် ကြတယ်။ တစ်ပတ်လောက်နေလို့မှ လာမကြိုရင်တော့ အချုပ်ထဲရောက်ဖို့ သေချာနေပြီ။ အဲဒီနေရာမှာပဲ လာကြိုမဲ့လူ မလာမချင်းစောင့်နေရတယ်။ လာကြိုမဲ့လူ မလာပဲ တစ်ပတ်ကျော်သွားရင်တော့ သီးသန့်အခန်းတစ်ခုကို ပြောင်းရပါတယ်။ အဲဒီကမှ လာကြိုမဲ့လူမရှိပဲ တစ်ပတ်လောက်ရှိရင်တော့ အချုပ်ခန်းကို ကြွပေတော့။ အဲဒါကတော့ မလေးရှားနိုင်ငံ ကွာလာလမ်ပူလေဆိပ်ရဲ့ ထုံးစံတွေ ပါပဲ။ နောက်ဆုံးမှသိရတာ တစ်ခုကတော့ နိုင်ငံခြားသားတွေအနေနဲ့ မလေးရှားနိုင်ငံရဲ့ လေဆိပ်အဝင်ကို ရောက်လာပေမယ့်လည်း နိုင်ငံအတွင်းဝင်ခွင့်ရရေး/မရရေးဟာ မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေး အရာရှိ ရဲ့ ဆုံးဖြတ်ချက်ကသာ အရေးအကြီးဆုံးဖြစ်တယ်ဆိုတာ သိလိုက်ရလို့ပါပဲ ။ အခြားနိုင်ငံတွေရဲ့ လေဆိပ်တွေမှာတော့ နိုင်ငံခြားအလုပ်သမားတွေနဲ့ ပတ်သက်ပြီးဘယ်လို ဆောင်ရွက်တယ်ဆိုတာ မသိပါ။ မလေးရှား လေဆိပ်ကတော့ အဲဒီအတိုင်းပါပဲ။ ဘာပဲဖြစ်ဖြစ် လူ့ဂုဏ်သိက္ခာ အချိုးနှိမ်ခံရတာကိုတော့ ဘယ်သူမှ မကျေနပ်ကြပါဘူး။
ဒါက ကျနော့်ကိုယ်တွေ့ ကြုံခဲ့ရတဲ့ အတွေ့အကြုံလေးပါ။ နောက်နောင် မလေးရှားကို အလုပ်သွားလုပ်မဲ့ သူတွေအတွက် ကြိုတင်ပြင်ဆင်နိုင်အောင် သိထားသင့်တယ်ထင်လို့ တင်ပြလိုက်ရခြင်း ဖြစ်ပါတယ်။

4 comments

  • etone

    July 13, 2010 at 2:48 am

    မိုက်ရိုင်းလိုက်တာကွာ သူတို့နိုင်ငံအပဲ့အစုတ်ကများ စောက်ကြီးစောက်ကျယ်နဲ့ ။ ဟိုနွားတွေကလည်း မလေးရှားလိုကုလားတောကိုမှသွားချင်ကြတယ် ။ သွားပါလား တခြားနိုင်ငံတွေအများကြီးရှိရက်နဲ့ ။

  • chitlay

    July 13, 2010 at 2:59 am

    မလေး မလေးနဲ့ အထင်ကြီးပြီး အေးဂျင့်တွေပြောသမျှယုံပြီး သွားချင်အုံးလေ ။

  • Pyaung Gye

    July 13, 2010 at 3:04 am

    ဟုတ်တယ ်– ငါတို့ လူမျိုးတွေလဲ ကုလားရုပ်တွေများများလာဘီ
    မျိုးတုံးလိမ့်မယ်
    တတ်နိုင်ရင်း အမျိုးသမီးတွေလုံးသမသွားသင့်ဘူး
    မြေပြိုလို့ လူမျိုးမပြုတ်ဘူးနော်

  • winne

    July 13, 2010 at 8:17 am

    မိုးပြိုလို့ လူမျိုးမပြုတ် ကုလားမြိုမှ လူမျိုးပြုတ်မှာ တကယ်မှန်တယ်။ ဖတ်ရတာ တော်တော်လေး စိတ်တိုမိတယ် ဒီလိုသတင်းမျိုး ဗဟုသုတရအောင် ရေးပေးလို့ ကျေးဇူးတင်ပါတယ်။ သူထက်စာရင် စလုံးကမှ အဆင့်ရှိတယ်။ လူကို လူလို တန်ဖိုးထားတယ် အလုပ်သမားအဖြစ်လာတယ် ဆိုတာနဲ့ စစချင်းကတည်းက နိမ့်တော့တာဘဲ သိပ်ခွဲခြားတာဘဲ။

Leave a Reply