နေရာများ ၏ ဆွဲငင်အား…….
ကျွန်တော် ရင်ခုန်မြန်နေပါသည် ။ လိုင်းကား ကျပ်ကျပ်ကို
တိုး စီးသွားရမှာ ဆိုပေမယ့်..ခါတိုင်းလို စိတ်မရှုပ်မိပါ။ ဒီနေ ့သည်
အလုပ်သစ်တစ်ခုုအတွက် အင်တာဗျူး.ဖြေဆိုရမည့်နေ ့ဖြစ်သည် ။ဤ အလုပ်သည်
ကျွန်တော့် ဘဝ အတွက် အရေးကြီးပါသည်။ ရန်ကုန်ကို ထွက်လာပြီး ကတည်းက
အနည်မထိုင်သေးသောကျွန်တော်… ဤအလုပ်ကို ရမှ တည်တည်တံ့တံ ့ဖြစ်ပါလိမ့်မည် ။
ဦးလေး.တစ်ဝမ်းကွဲ၏ အိမ်တွင် ကပ် နေပြီး အလုပ်အကိုင်
မည်မည်ရရ မရှိသောအခါ ကျွန်တော့်ကို ဦးလေး ၏ မိန်းမ က သိပ်
မကြည်ချင်တော့ပါ။ ကျွန်တော်က အလုပ်မရရင်သာနေမည် ။ ရရာ အလုပ်ကိုတော့ မည်းမညူ…လုပ်ကိုင်ပြီး..
ဦးလေးတို ့မိသားစုကို….
ထောက်ပံ့တတ်၍သာ ဘာမှ မပြောသေးတာဖြစ်သည် ။
ကျွန်တော် ့အဖေကို ရွာမှာ တစ်ယောက်ထဲ..ထားခဲ့ရတာ
စိတ်မချနိုင်သော်လည်း ကျွန်တော်လိုချင်သောအောင်မြင်မှု တချို ့ကို
ရွာမှာနေပြီးလှမ်းယူချင်လို ့မရသောကြောင့်သာရန်ကုန်လို မြို ့ ့ကြိီးပြကြီး မှာ….ဒုက္ခခံပြီး လာနေရတာဖြစ်သည် ။
ကျွန်တော်က စာရေးဆရာဖြစ်ချင်သည်။ စာတွေရေးပြီး
မဂ္ဂဇင်းတိုက်တွေကို လိုက် ပို့ချင်သည်။ စာပေလောက ထဲ.သို ့
တိုးဝင်ချင်သည် ။ ထို ့အတွက် စာပေလောကသား အများစုနေထိုင်ကြသော /
မဂ္ဂဇင်းတိုက် များစွာလည်း ရှိနေသော ရန်ကုန်ကို စွန့်စားပြီး. ထွက်လာရသည်။
ရန်ကုန်သိ ု့ရောက်သောအခါ…… စာပေလောက သားများနှင့် တွေ ့ဆုံခွင့်ရဖို ့/ စာတွေရေးပြိး အနုပညာတောမှာ
မျောချင်တိုင်းမျော ဖို ့ထက် အလုပ်အကိုင် တစ်ခု ရဖို ့က
ပိုအရေးကြီးတာကို သိလိုက်ရသည် ။ ထို ့ထက်ပို၍ စာပေ အနုပညာ ဖြင့်
အသက်မွေးဖို ့ဆိုသည်မှာ ခက်ခဲ မှန်းလည်း.သိလိုက်ရတော့သည် ။
ဒါပေမယ့် အနုပညာကို ကျွန်တော် ချစ်မြတ်နိုးဆဲ..။ ရရာ
အလုပ်တွေက်ို လိုက်လုပ်ရင်း….. ၊ ရသည့်ငွေ ထဲမှ ရွာမှာ ကျန်ခဲ့သော အဖေ
ထံ ( အနည်းငယ်မျှ ) ပို ့သင့်သည်ကိုပို ့ ၊ ဦးလေးတို ့ မိသားစုကို
ပေးသင့်သည်ကိုပေး ၊ ပိုသမျှလေးကို..ခြိုးခြံ ချွေတာပြီး အတတ်ပညာ
တစ်ခုခု သင်ယူဖို ့ စုဆောင်း ခဲ့ရပါသည် ။
ကျွန်တော်လို ရှစ်တန်းတောင် အောင်မြင်အောင်
ကျောင်းမတတ်ခဲ့ရသော လူ တစ်ယောက်အတွက် အောင်လက်မှတ်များဖြင့်
အသက်မွေးလို ့မရပါ ။ ကျွန်တော် ချစ်သော အနုပညာဆိုတာကလည်း ထူးမြတ်သော
စိတ်ခံစားမှု များကိုသာ ပေးပြီး…. ကျွန်တော့်ကို အနုပညာက
ထမင်းမကျွေးနိုင်ပါ ။
ထို ့ကြောင့် ……. ကျွန်တော်..ငွေ စု ပြီး..ကားမောင်း တတ်အောင် သင်ခဲ့ပါသည် ။ လောလောဆယ်တော့….
ကျွန်တော့်မှာ သက်တမ်း နှစ် နှစ်ပင် မပြည့်သေးသော ခ လိုင်စင်ကလေးတစ်ခု သာရှိပါသည် ။။
ဒီနေ ့မနက်တော့….. ထို
လိုင်စင်ကလေးဖြင့်…ယာဉ်မောင်း..အလုပ် တစ်ခုကို သွားလျှောက်ရမည် ။ မရ ၍
မဖြစ်ပါ ။ ကျွန်တော့်အတွက် ဒီ အချိန် အရေးအကြီးဆုံးသည် ဒီ အလုပ်ကို
ရရှိရေးသာ ဖြစ်ပါသည် ။
ဆင်းရဲသော ဦးလေးတို ့မိသားစု နှင့် ရွာမှ
အဖေ့ကို.. များများထောက်ပံ့ချင်လှပါပြီ ။ နေရာ တစ်ခုတော့ ကျွန်တော်….
လိုချင်နေပါသည် ။
လိုင်းကားက အတော် ကျပ်ပါသည် ။ ဂိတ် စ မှ စီးလာ၍ ကျွန်တော် နေရာ ရပါသည်။
သို ့သော်……. ကျွန်တော်…ခဏလေး သာ ထိုင်ရသေးသည် ။ ကျွန်တော့်
ဘေးမှာ..အဘိုး အို တစ်ဦး.. လာရပ်သောအခါ… မှာတော့…ကျွန်တော်… နေရာမှ
..ထ ပေးလိုက်ပါသည် ။
ကျွန်တော်… အခုလို နေရာ မှ ထပေးလိုက် ရသော…
အကျိုးကြောင့်… အလုပ်မှာလည်း..ကျွန်တော့် အတွက် နေရာ တစ်ခု ရပါစေသား…..
.. ဘာ..ညာ ဆိုပြိးလည်း.. ဆုတောင်းမိသေးသည် ။
နေရာ တစ်ခု ရနိုင်ကောင်းပါရဲ ့
ဟုူသော..မျှော်လင့်ချက်သည် ကိုယ် ..ထိုင်နေရသော နေရာ တစ်ခုကို
သူတပါးအား…. ထ ပေးရဲသည် အထိ…. အားကောင်းသည် ဟု..ထင်သည် ။
အလုပ်ရှင် သည်….. ကျွန်တော့် စိတ်ကူး ထဲကလို … ခန် ့ခန် ့ချောချော
စမတ်ကျကျ အမျိုးသားကြီး တစ်ယောက် ဖြစ် မနေပဲ……. အမျိုးသမီး..ငယ်ငယ်
တစ်ယောက် ဖြစ်နေပါသည် ။
သူမ က ကျွန်တော့် လိုင်စင်ကို ယူကြည့်ပြီး….
လိုင်စင် သက်တမ်းက အတော် နည်းသေးတာပဲ… ဟု ပြောသည် ။
သူမ က ကျွန်တော် ကားမောင်းမှ ကျွမ်းကျင် ပါ့မလား…. ဟု သံသယ ဝင်နေပုံ ရသည် ။
အမှန် တကယ်လည်း… ကျွန်တော်…..
ကားမောင်း ..မကျွမ်းကျင်ပါ ။ သင်တန်းမှ သင်ပေးလိုက်သော
အတွေ ့ ့အကြုံသာ ရှိပြီး….. တခြား…ဘယ်ကားကိုမှ လည်း မမောင်း ဖူးသေးပါ ။
အခုလည်း…. အိမ်ကားလေး..မောင်းရမှာ… ဆို၍သာ…
လာလျှောက်တာ ဖြစ်ပါသည် ။
“ ကျွန်မ ကားနဲ ့ မြို ့ထဲ… ဘက်ကို ခဏ မောင်း ပြရမယ်….. ။ ”
သူမ က အမိန် ့ပေး သလို…. ပြောပါသည် ။
“ ဟုတ်ကဲ့ ။ ”
—————————————————————————————————
အဖြူရောင်PRADO ။ ဘုရား..ရေ…။ ငါ ..ဒီ ကားကို မောင်း ရမှာ..တဲ ့.
ကျွန်တော်… ဒူး တုန်သွားမိသည် ။ လမ်းကြော ရှုပ်ရှုပ်ထဲမှာသာ…. တစ်ခုခု
နဲ ့ တိုက် မိလို ့ကတော့…. လျော်လို ့ကောင်းလိုက်မယ့် ဖြစ်ခြင်း ။
သေတော့မှာပဲ….။ မင်း..ကားမောင်းတတ်တာပဲ ။
ဘာနဲ ့မှ တိုက်မိမှာ … မဟုတ်ဘူးလေ ။
ကျွန်တော်…ကိုယ် ့စိတ်ကို..ကိုယ် အား..တင်းရင်း….. ကားကြီးပေါ်…
တက်လိုက်သည် ။ သူမ ကလည်း ကျွန်တော့် ဘေးမှာ… အမိန် ့သား…ထိုင်နေပါပြီ ။
ကျွန်တော် လုပ်သမျှ အပြုအမူတွေကို အပြစ်ရှာနေမယ့် မျက်လုံးတွေ…နဲ ့
..ကျွန်တော့် ဘက်ကို ကြည့်နေပါပြီ ။
ခဏ ကြာသော အခါမှာတော့
PRADO သည်….ကျွန်တော့် လက်ထဲတွင်..အမိန့် ့ နာခံတတ်သော မြင်းလိမ္မာ
တစ်ကောင်လို ….. ငြိမ်သက်စွာ… ပြေးလွှားနေပါသည် ။
သို ့သော်………………………။
မဟာ ဗန္ဓုလ ပန်းခြံလမ်းထဲမှ…. လျှပ်စစ် ပစ္စည်း အရောင်းဆိုင် တစ်ခု အရှေ
့မှာ…. ကားကို ပါကင် ထိုးခိုင်းသော အခါမှာတော့……. ပြဿနာ
..စ…တက်ပါတော့သည် ။
ကား..နှစ်စီး…ရပ် ထားသော……ကြားမှ ကပ်ကပ်သပ်သပ်
နေရာ ကလေးထဲ… နောက်ဆုတ်၍ ဝင် ရသော အချိန်တွင်..ကျွန်တော် ့
နှလုံးသားသည် အပြင်းအထန်… လှုပ်ရှားနေပါပြီ ။
ဒူး..တုန်…. / လက် တုန် ဖြစ်နေပါပြီ ။
ဒုန်း းးးးးးးးးးးးးးးးးးးးးးးးးးး းးးးးးးးးးးးးးးးးး…….
အတန်တန် သတိထားနေသည့် ကြားမှ…… ရပ်ထားသော… ကား.ကိုယ်ထည် နှင့် ….
ကျွန်တော် မောင်းနေသော ကား… နောက်မီးသီး…က ဝင် တိုက်မိသွား းသည် ။
ဒုန်း း ခနဲ..မြည်သံသည်….. ကျွန်တော်..အလုပ် လည်း..မရ / မတန်တဆ လည်း. လျော် ရပြီ.. …. ဟု သတိပေးလိုက်သော အသံ ဖြစ်သည် ။
ရတော့မည့် ရမည့်ဆဲဆဲ..နေရာ တစ်ခု……..ကို..ဆုံးရှုံးလိုက်ရသော အခါ…. ထို ဆုံးရှုံးမှု ကြောင့် ရလိုက်သည် ့… နာကျင် မှုကို ..ကျွန်တော်…
အလွန် မုန်းတီး သွားပါတော့သည် ။
========================================
လိုင်း ကား ကျပ်ကျပ်ကို တစ်နာရီ ခွဲ လောက် တိုးစီးရမည့် အဖြစ်သည်…ကျွန်တော့် ဆုံးရှုံး နာကျင်မျုများကို…
ပို၍ ပင်… ဖိအားပေးလာပါတော့သည် ။
ကျွန်တော့်မှာ..ရှိသမျှ အားအင်တွေ… အရှုံ းးးးးးးးးးးးးးး ထဲမှာ…. ပျော်ဝင် သွားပြီလား…။
ကျွန်တော်…ခွေ….ယိုင်….လဲ…ကျ ….သွား…လု မတတ်….။
မတ်မတ် ပင် မရပ်နိုင် တောေ့လာက်အောင်……………
စိတ်ဓါတ်ကျနေသော….. ကျွန်တော့် အတွက်…. ဘတ်စ် ကား ပေါ်တွင်… ထိုင်စရာ ခုံကလေးတစ်လုံးတလေ…မှ စောင့်ကြို.မနေပါ ။
လုူ တွေက ကျပ်.. လာလေလေ… ကျွန်တော်… ပူလောင် မွန်ကြပ်လာလေလေ….
ကားကလည်း..မှတ်တိုင်တွေမှာ…… ကြာ..လာလောလေ….
အားးးးးးးးးးးးးးးးးးးးး ခနဲ..အော်ဟစ် ပေါက်ကွဲ ပစ်လိုက် ချင်သော..စိတ်ကို… မနည်း ထိန်းထားရပါသည် ။
အလာ တုန်းကတော့….. ထိုင်နေသော ထိုင်ခုံကို…. ဒါန ပြုပြီး…. ရပ်..လိုက် လာတာပဲ ။
အခု..ဘာလို ့မရပ်နိုင်ရမှာလဲ….။
ဟင့်အင်း…..
အလာတုန်းက….. ဒီလို…အင်အားတွေ..မမဲ ့သေးဘူး ။
ဒီလို အရှုံးတွေကို..ရင်မဆိုင်ရသေးဘူး ။
ရွှေရောင်တောက်တောက်..မျှော်လင့်ချက်တွေနဲ ့
အားအင်တွေ..ပြည့်ဝ..လန်းဆန်းနေခဲ့တာလေ ။
အခုကျတော့………………..
ဒီအချိန်မှာပဲ……………………
ကျွန်တော့်ရှေ ့ ခုံမှာ..ထို်ငနေတဲ ့အမျိုးသမီး တစ်ယောက်….. ဆင်းမည့် မှတ်တိုင် ရောက်၍..ထ ရပ်လိုက်ပြီ ။
ကျွန်တော်..လည်း….
ထို ထိုင်ခုံမှာ .ဝင်ထိုင် ပစ်လိုက်မှပဲ…. ဟု… ဟန်…ပြင်လိုက်သောအခါ……………….
ကျွန်တော့် လိုပင်……………..
ထို် ထိုင်ခုံ မှာ……. အလွန်အမင်း ထိုင် ချင်နေပုံရသော…. ပုံစံ ဖြင့် အမျိုးသမီး တစ်ဦး..လှုပ်လှုပ်ရွရွ ဖြစ်နေသည် ။
ထို အမျိုးသမီး….. က ဝင် ထိုင်တော့မလို…ဟန် ပြင်နေတုန်းမှာပဲ…..
ကျွန်တော်က…. ဦးအောင်… ထိုင် ချလိုက်သည် ။
အမျိုးသမီးက…ကျွန်တော့်ကို….. အမြင် ကပ် ဟန်နှင့်.. ကြည့်နေသည် ။
ကားထဲမှ…. အချို ့လူများကလည်း….
ကျွန်တော့်ကို..မိန်းကလေး တစ်ယောက် ကိုတောင် ..ဦးစားမပေးပဲ…. အတ္တ ကြီးတဲ ့ကောင်...ဟူုသော…
အကြည့်များဖြင့်.ကြည့်နေကြပါလိ်မ့်မည် ။
မတတ်နိုင်ပါ ။
လောလောဆယ်..ကျွန်တော်… နေရာ တစ်ခု ..ရမှ ကို… ဖြစ်တော့မှာ..မို ့လို ့…။
အခုလို…မိန်းမ တစ်ယောက်နဲ ့…နေရာ…. လု ထိုင်လိုက်ရတာပါ ။
ကျွန်တော်…. ရပ်…မနေ…နိုင်တော့ဘူး…။
ဒီ ထက် ဆိုးတာက………………..
နေရာမရတဲ ့အဖြစ်….. / နေရာ တစ်ခုခုကို… ဆုံးရှုံးလိုက်ရတဲ ့အဖြစ်မျိုး..ကို..ထပ် မခံစားနိုင်တော့ဘူး ။
လောလော လတ်လတ်..နေရာ တစ်ခု ရဖို ့ကြိုးစားရင်း….. နေရာ မရပဲ… တပ် ခေါက် ပြန် ခဲ့ရတဲ ့ကျွန်တော့် အတွက်…
ဒီ ..နေရာ../ဒီ ထို်ုင်ခုံကလေးတော့…….
ရ ပါရစေ….။
အဲဒီနောက်မှာတော့……………………………….
ကျွန်တော့်ဘေးကို….
ကိုယ်ဝန်သည်..အမျိုးသမီးတစ်ယောက်..လာရပ် ပြန်သည် ။
ကျွန်တော်……………………………ထိုင်ခုံကို မှီ ပြီး………..
အတင်းပဲ…. အိပ်ချင်ယောင် ဆောင် နေလိုက် သည် ။
နေရာ တစ်ခုကို..ရတော့မည့် ဆဲဆဲ… အချိန်မှာမှ….. ဆုံးရှုံး ဖူးသွားသော..ကျွန်တော်သည်…..
နေရာ တစ်ခုကို…. .ရ…. ..ထားသည့်…အရသာကို… ကြိုက်သွားပါတော့သည် ။
ဘယ်သူမဆို…………………………..
အင်း..ဘယ်သူမဆိုပေါ့ …။
ကိုု်ယ်..ရ ထားတဲ ့…. နေရာလေး…..
ပျောက်ဆုံးသွားမှာကိုတော့……..
ကြောက်ကြမှာပဲ….. မဟုတ်လား ။ ။
======================================================================
လေးစားစွာဖြင့်….
အလင်းဆက်
18 comments
အလင်းဆက်
October 22, 2012 at 8:51 am
ရသ တစ်ခုခု ပေးစွမ်းနိုင်မယ်..ထင်ပါတယ် ။
ဝတ္ထုတိုလေးတစ်ပုဒ် ခံစားရေးဖွဲ.့ လိုက်ပါတယ် ။
အားပေး ဖတ်ရှု…
ခံစား..ဝေဖန်ပေးကြပါဦးနော် ။
ချစ်သော…
အလက်ဆင်း
ရဲစည်
October 22, 2012 at 10:22 am
ဖတ်သွားပါတယ်ဗျို့
ရသတော့ ရသပါဘဲ
ရီရယ်လ်ဇင် ချစ်သူ တမျိုးပြောင်းရေးတော့
နည်းနည်းတော့ အသားမကျဘူးထင်ပ
ဖုန်းပိစိနဲ့ မန့်နေရတာ ကျနော်လဲ အကျယ်မရေးတော့ဘူး
အမှားပါရင် ခွင့်လွှတ်ဗျာ…..။
စကားပြေမှာ ဘာ…ညာ စတဲ့ အသုံးအနှုန်း မပါရင် ပိုကောင်းမလားလို့ အထင်ပြောတာပါ။
jullies cezer
October 22, 2012 at 10:54 am
အားပေးသွားပါတယ်……..
အားလုံးတော်တန်တိတ်၊ မွတ်စ်သဂျီးသမက် မာမူကြောင်ကြီး
October 22, 2012 at 11:02 am
ကြိုက်တယ်တွေးအခေါ်
မိုက်တယ်ရွေးဆော်
ဗိုက်ကယ်ပြေးမတော်
တိုက်နယ်သေးသနော်..။
kyeemite
October 22, 2012 at 1:35 pm
ကြိုက်ပါတယ် အရေးအသားကို…ဆက်လုပ်ပါဗျာ
အလင်းဆက်
October 22, 2012 at 2:15 pm
ကိုရဲစည်ရေ...
အသားမကျသေးတဲ ့ ရသ ပေါ့ဗျာ .။
အဟိ ။
ကျွန်တော် အခု ရေးထားတဲ ့စကားပြေမှာ.. ဘာ..ညာ ဆိုတဲ ့စကားလုံးလေး… ရော./ မျော ပါလာပါတယ် ။
ကျွန်တော်လည်း… ရေးသာ ချလိုက်တာ ။ ပါသင့် မပါသင့်တွေ..သိပ်မတွေး မိဘူး ။
အခု..ကိုရဲ ပြောမှ… ရေးထားတာကို အဲဒီ အမြင်နဲ ့ပြန် ဖတ်ကြည့်တော့…..
ဟုတ်ပါ ့ ဗျား..။
အဲဒီ ဘာညာ ဆိုတာ မပါရင်…. ပိုကောင်းမှာပါ ။
ကျွန်တော်… အခုလို နေရာ မှ ထပေးလိုက် ရသော…
အကျိုးကြောင့်… အလုပ်မှာလည်း..ကျွန်တော့် အတွက် နေရာ တစ်ခု ရပါစေသား…..
ဆိုပြိးလည်း.. ဆုတောင်းမိသေးသည် ။ ။
ကဲ…အခုလိုလေး.ပြန်စီကြည့်လိုက်တယ် ။
ဘာ ညာ..ဆိုတဲ ့စကားလုံ့းကို…ဖြုတ်ထားခဲ့လိုက်ပါပြီ ။
ပိုစ့်ထဲမှာ.တော့ သွားမပြင်ချင်တော့လို ့…
အခု..ဒီနေရာမှာပဲ .ပြင်လိုက်ပါရဲ ့ နော် ။
ကိုရဲရေ….
ခံစား.ဖတ်ရှု…အား.ပေးလို ့ကျေးဇူးအထူးဗျို ့ ။
🙂
==============================
jullies cezer ရေ…
အမြဲ…တမ်း.အားပေး.ခံစား.ပေးနေလို ့..
ကျေးဇူးပါပဲဗျ ။
==============================
မာမူကြောင်ကြီး.…..တဲ ့ ။
ဖြစ်မှ ဖြစ်ရလေ….တဂျီး.တမက်ရယ်…
:kwi:
————————
============
ဦးကြီး..မိုက်....
အရေးအသားလေးကို ချီကျူး..ဂုဏ်ပြု..လို ့…
ဝမ်းသာမိပါတယ်ခဗျ ။
ကျေးဇူး ပါပဲ ။
ဒါမျိုး.အရေးအသားကိုကျွန်တော်.. ရေးလေ ့မရှိတာမို ့…
ကိုရဲ ပြောသလို..အသားတော့ သိပ်မကျသေးပါဘူး ။
ဘာပဲ.ပြောပြော….. ကျွန်တော်… စာတွေ..ဆက်ရေးနေမှာပါ ။
ခံစားရတာကို ခံစားမိသလို….
ရေးတတ်သလို… ချရေးနေမှာပါ….လို ့…
=============
လေးစား ခင်မင်စွာဖြင့်
အလက်ဆင်း
alinsett.art@gmail.ocm
အောင်ဆန်းသူရိယ သီဟသူရ သူရ ဗိုလ်ချုပ်တကာ့ဗိုလ်ချုပ်မှူးကြီး ရှူံးနိမ့်မှုများနဲ့.. လူ
October 23, 2012 at 5:24 am
ကိုအလက်ဆင်းခဗျာ့..
မန့်မယ်ဆိုတော့ သိသလောက်လေးနဲ့ မန့်ရမှာပေါ့၊ ပိုသိ ပိုတတ်သူများ သည်းခံပါကုန်။
ကိုအလက်ဆင်းရေးသားရာမှာ အကြောင်းအရာပိုင်း ကောင်းမွန်ပါတယ်၊ အရေးအသားပိုင်းချောမွေ့ပါတယ်၊ စာဖွဲ့စည်းပုံ အနည်းငယ်လိုနေသေးတယ်ထင်ပါတယ်… ဘာလို့လဲဆိုတော့ ကိုအလက်ဆင်းပေးချင်တဲ့အပိုင်း၊ ထင်ရှားစေလိုတဲ့အပိုင်းကိုမှ စာလုံးအနည်းငယ်ခွဲထုတ်ပြီး စိတ်ဝင်စားမှု အရှိန်မြင့်တက်စေမည့် အကြောင်းအရာတွေကို စာပိုဒ်တစ်ခုအနေနဲ့ စုစည်းတင်ပြမယ်ဆို စာဖတ်သူတွေအနေနဲ့ အရှိန်ရလာမယ်ထင်ပါတယ်.. ခုတော့ ဖတ်ရင်းနဲ့ စိတ်စုစည်းမရဖြစ်နေပါတယ်(ကျွန်တော့်အမြင်သက်သက်သာ)
ဆိုတော့ကာ ပေးလိုရင်းကိုမြင်ပါတယ်၊ ရစေလိုတဲ့ ရသလဲရပါတယ်၊ သို့သော်အနည်းငယ်မွမ်းမံလိုက်လျင်ဖြင့် အတော်လေး ကျေနပ်အားရစရာကောင်းသွားပါမည်ဆိုတဲ့အကြောင်း..
မောင်ပေ
October 23, 2012 at 10:46 am
ညီငယ်အလင်းစက်ရေ
သိပ်ကောင်းတဲ့ တွေးစရာလေးပါပဲ
နေရာ
၂လုံးထဲဆိုပေမယ့် ဆင့်ပွားတွေးကြည့်တော့ အဆုံးမရှိပါကလား
မိုး မင်းသား
October 23, 2012 at 6:17 pm
:kwi:
အလင်းဆက်
October 23, 2012 at 9:01 pm
ကိုကို ရှုံးရေ…
အခုလို… သေသေချာချော ဖတ်ရှု.ခံစားပြီး..ကျကျကနန ဝေဖန် အကြံပေးတာလေး.အတော့်ကို
ကျေးဇူးတင်တယ်ဗျိုူ ့ ။
ကျွန်တော့်လို ့… စာပေသမားတစ်ယောက်ဖြစ်ချင်လို ့ကြိုးစားနေတဲ ့ ကလောင်သစ်တစ်ယောက်အတွက်
ဒီလို..အကြံပေး..လမ်းပြ ဝေဖန် ပေးတာကို..သိပ်လိုအပ်ပါတယ် ။
ကျွန်တော်လည်း.ဒီ စာမူကို… ဖတ်ပြိး..တစ်ခုခုတော့ လိုနေသေးတယ် ထင်ပါတယ် ။
ဒါပေမယ့်.. ကိုယ်ရေးထားတာ..ကို..ကိုယ် တိုင်.ကောင်းလှပြီ ထင်နေတဲ ့အတ္တကြောင့်..
ပြည့်စုံ ကျစ်လျစ်ပြီ..လို ့ တွက်ပြီး…
အခုလို..တင်ပြ မိတာဗျ ။
အဲဒီလို…ချက်ကျ လက်ကျ အကြံပေး လာတော့..ကျွန်တော်…
ဘယ်လို ဘယ်လို… ထပ်..ကြိုးစားရဥိီး မယ်.ဆိုတာ.. သိရပါတယ် ။
အနည်းငယ် မွမ်းမံ..စရာ လို နေသေးတာကို..ကျွန်တော်.. လက်ခံပါကြောင်း…
လောလောဆယ်တော့……….
<strong>ရေးသားရာမှာ အကြောင်းအရာပိုင်း ကောင်းမွန်ပါတယ်၊ အရေးအသားပိုင်းချောမွေ့ပါတယ်၊
ပေးလိုရင်းကိုမြင်ပါတယ်၊ ရစေလိုတဲ့ ရသလဲရပါတယ်၊..
ဆိုတဲ ့ ကိုကိုရုှံး ရဲ ့စကားလေး..ကို…. ပီတိ ဖြစ်မိပါကြောင်း….
ကိုရှုံး..ရေ..
ကျေးဇူးနော် ။
:buu:
======================
ဦးပေ...ရေ..
နေရာ ဆိုတဲ ့စကားလုံးလေးကို..ဆင့်ပွားတွေူးကြည့် သွားတဲ ့အထိ…
ခံစား..သွားလို ့….
ကျေးဇူးပါ..လို ့။
နေရာ… ဟုတ်ပါရဲ ့ ။
အဲဒီ နေရာ..ဆိုတဲ ့ စကားလုံးလေးကတော်တော် …. က ျ ယ် ြ ပန် ့တာ ပဲ.ေ နာ် ။
ဦးဦး.ပေရေ…
ဆက်လက် အားပေးပါဦး..နော် .။
:kwi:
====================
မိုးမင်းသား..
:buu:
padonmar
October 23, 2012 at 10:06 pm
အလက်ဆင်းရေ
လူတွေရဲ့စိတ်ဓာတ်ကလေးထင်ဟပ်နိုင်တဲ့ ပို့စ်လေးပါကွယ်။
ခုလိုဖတ်ရတော့ ဘတ်စကားပေါ်မှာ လူကြီးတွေ၊ ကိုယ်ဝန်ဆောင်တွေ၊သံဃာတွေကိုတောင် နေရာမပေးနိုင်တဲ့ ယောင်္ကျားကြီးတွေကို အထင်သေးခဲ့မိတာ၊အော်သူတို့မှာလည်း နေရာလေးမပေးချင်လောက်တဲ့ ခံစားချက်တွေရှိနေပါလားလို့ နားလည်ပေးချင်လာပါတယ်။
ကျေးကျေးပါ။
aemoshu
October 23, 2012 at 11:24 pm
အလင်းစက်ရေ … အတွေးတွေအများကြီးဆက်ပွားနေမိပါတယ် …
ဒါနဲ့ စကားမစပ် အလင်းစက်ရဲ့ စာမူလေးတွေ ရွှေအမြုတေမှာ အမြန်ဆုံးဖတ်ခွင့်ရဖို့လည်း ဆုတောင်းနေပါတယ်။
အလင်းဆက်
October 24, 2012 at 5:59 pm
အန်တီ ပဒုမ္မာရေ…
အကောင်းမြင်… ခံစားချက်တွေ..နဲ ့…
တားတားရဲ ့ စာမူလေးကို ခံစား အားပေးသွားလို ့…
ကျေးကျေးပါနော် ။
အန်တိ့ကို… တားတားမျှော်နေတာဗျ ။
တားတားရဲ ့ပိုစ့်ကို အန်တီ… ဘယ်အချိန်လာ..ပြိး.ကွန်မန် ့ ချီးမြှင့်မလဲ..လို ့..။
အန်တီ..ပုဒူမ္မာရေ..
ကျေးဇူး..ထာဝရ..။
🙂
==================
aemoshu ရေ….
ရွှေအမြု တေ..မှာ..စာမူပါဖို ့….
ဆုတောင်းပေး..လို ့.ပြောမပြ တတ်အောင် ဝမ်းသာ ပီတိ ဖြစ်မိတယ် ။
ကျွန်တော်.ကြိုးစား.ပမ်စားရေး.ပြိး.ပို့နေသမျှ..အပယ်ခံနေရ တာများတဲ ့အခါ…
အဲဒီ.. မဂ္ဂဇင်းမှာ.တစ်ပုဒ်ဖြစ်ဖြစ် ပါကို ပါရမယ်..ကွ….လို ့…
အားတင်း ထားတာ..။
============
aemoshu ရေ..
ဖတ်ရှု..ခံစား.သွားလို ့..ကျေးဇူး….နော ့။
:kwi:
===============
စာချစ်သူများ….
အားလူုံးကို…ခင်မင်လေးစားစွာ…
အလက်ဆင်း
aemoshu
October 24, 2012 at 8:32 pm
အော် အလင်းဆက်ကမှ ရေးပြီးပို့ရဲသေးတယ်။ အမဆို ရန်ကုန်စရောက်တဲ့ ၂၀၀၁ ခုနှစ်ကတည်းက ပို့မယ်လို့စိတ်ကူးထားတာ .. ခုထိမပို့ရဲသေးဘူး။ အမယုံကြည်ပါတယ် အလင်းဆက် တစ်နေ့အောင်မြင်မှာပါ။
YE YINT HLAING
October 24, 2012 at 6:47 pm
“နေရာ တစ်ခုကို..ရတော့မည့် ဆဲဆဲ… အချိန်မှာမှ….. ဆုံးရှုံး ဖူးသွားသော..ကျွန်တော်သည်…..
နေရာ တစ်ခုကို…. .ရ…. ..ထားသည့်…အရသာကို… ကြိုက်သွားပါတော့သည် ။”
အဲဒီနေရာ လေးမှာ ကျွန်တော် ပတ်ပြီး တွေးနေမိတယ် ။
အလင်းဆက်
October 25, 2012 at 7:51 pm
aemoshu ရေ…
တစ်နေ ့ အောင်မြင်မယ်.လို ့ ယုံကြည်ပေးတော့..
ကျွန်တော့်မှာ..အားတွေ..တက်လာတယ် ။
ကျေးဇူးပါဗျာ ။
=================
က်ိုရဲရင့်လှိုင်ရေ...
အတွေးတွေ..နဲ ့… အားပေး.ခံစား..စေချင်တဲ ့ ဝတ္ထုတိုလေး.ကို.
အတွေးတွေ..နဲ ့ ခံစား.. ပေးလို ့…ကျေးဇူး. ။
ကျွန်တော်..လည်း..နေရာ..အကြောင်းကို.. ဒီ ထက်မက.။ပြောချင်သေးတယ်ဗျာ ..။
ပြောနေပါဥိးမယ်..။
အားလုံးကို…
ကျေးဇူးတင်ပါတယ်..ခညာ။
:kwi:
MaMa
October 26, 2012 at 7:59 am
နေရာလေးတစ်ခု..
(ဘယ်လို နေရာမျိုးမဆို)
ဆွဲငင်အားရှိတာတော့ အမှန်ပဲ။
ကိုယ်ထိုင်နေတဲ့ ခုံကလေး သူများယူသွားမှာ စိုးတာကအစ….
ကိုယ့်မိသားစု
ကိုယ့်စည်းစိမ်
ကိုယ့်ရာထူး
ကိုယ့်ဂုဏ်သိမ်
ကိုယ့်အသက်
ကိုယ့်အိုးအိမ်
အစစ အရာရာ ကိုယ်နဲ့ပတ်သက်သမျှ ဆုံးရှုံးသွားမှာ ကြောက်နေတာ…..
အရင်းစစ်လိုက်တော့ အဲဒါတွေအားလုံးဟာ တဏှာတွေကြောင့်ချည်းပါပဲလေ။
ကိုပေါက်(မန္တလေး)
October 26, 2012 at 10:09 am
(အင်း..ဘယ်သူမဆိုပေါ့ …။
ကိုု်ယ်..ရ ထားတဲ ့…. နေရာလေး…..
ပျောက်ဆုံးသွားမှာကိုတော့……..
ကြောက်ကြမှာပဲ….. မဟုတ်လား ။ ။)
သိပ်ဟုတ်
ဒါပေမယ့် ကို်ယ်ရထားတဲ့နေရာလေးကို မပျောက်ပျက်အောင် တရားမျှတစွာ ကာကွယ်ဘို့တော့လိုအပ်တယ်လို့ယူဆပါကြောင်း