Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

သူများ စာ (Copy & Paste)

မြစပဲရိုးOctober 29, 20121min71248

သီတင်းကျွတ် တစ်ခါ လာပြန်ပါပြီ။
နောက် တစ်ဝါမဆို ခင်မှာ တစ်ကိုယ်တည်း ဘဝမှ ကျွတ်လိုသူများ / ကျွတ်တော့မည့် ဆဲဆဲ သူများ ဘဝ မကူးခင် စဉ်းစားနိုင်သလောက် စဉ်းစားနိုင်ကြစေရန် တွန်းပို့ စာလေး ကို တင်လိုက်ပါတည်။
သူများ ရဲ့ စာ ဖြစ်ပါသည်။
အဲဒီ စာကနေ
စိတ်ပျက်ပြီး ဒီ အတိုင်းဘဲ နေကြတော့ မလား။
ဖြစ်ချင်ရာဖြစ် ဆိုပြီး အတင်း တိုးဝင် ကြမလား။
ဘယ်ဘက် ကို တွန်းမိ မလဲ တော့ မသိဘူး။
ဘာဘဲဖြစ်ဖြစ်
ကျွတ်ကြ လွတ်ကြ စေသတည်း။

ခင်မင်စွာဖြင့်
အရီး  :hee:

နိဒါန်း
“နှုတ်ထွက် ဂတိ သစ္စာ စကားများပေးကာ အပြန်အလှန် နှောင်ဖွဲ့ ခြင်းဖြင့် ချစ်မေတ္တာ သည် တည်မြဲရာ၏။”
ဤကဲ့သို့ သော စာကြောင်း ကို ပျက်လုံး ထင်၍ မည်သူ့ ကို မှ ဂတိ သစ္စာ ဖြင့် နှောင်ဖွဲ့ ခြင်း မရှိသော၊ မိမိ ကိုလည်း မည်သူ၏ ဂတိ သစ္စာ နဲ့မှ နှောင်ဖွဲ့မခံ သော မိန်းမ တစ်ယောက် ရှိခဲ့ ပါသည်။
ထိုမိန်းမ ကို သည်းခံ စိတ်ရှည် စွာ နားလည်စောင့်ဆိုင်း နေ ပေးခဲ့သော ယောကျာင်္း တစ်ယောက် လဲ ရှိခဲ့ ပါ သည်။

 

စာကိုယ် (တစ်)
လက်ထပ်စာချုပ် ဆိုတာ ရုံးသုံး စာရွက် တစ်မျိုးသာ ဖြစ်တာမို့ အဲဒါအတွက် ထူးခြားပြီး ပိုက်ဆံ ကုန် စရာ မလို ဟု ဆိုကာ နီရဲရဲ အဆောက်အဦ ဗဟိုတရားရုံးတော်ကြီး မှာ နှစ်ယောက်ထဲ သွားကာ “မသိသော လူကြီး နှစ်ယောက်” ကို အသိသက်သေပြု ကာ လက်မှတ်ထိုးခဲ့သော၊ အစ်ကို ဖြစ်သူရဲ့ “အမေ့ သမီး က တမင် စတန့် ထွင် နေတာ” ဆိုတဲ့ အပြော ကို ရီကျဲကျဲ နဲ့ သွားဖြီး ပြခဲ့ သော မိန်းမ တစ်ယောက် ရှိခဲ့ပါသည်။

ထိုမိန်းမ ဘာလုပ်လုပ်ချင်ချင် လိုက်လျော ပေးခဲ့ သော ယောကျာင်္း တစ်ယောက် လဲ ရှိခဲ့ ပါ သည်။

စာကိုယ် (နှစ်)
အိမ်နီးချင်း နိုင်ငံ ရဲ့ မြို့လည် Apartment တစ်ခု က အခန်းကျဉ်း လေးထဲမှာ မိဘဆွေမျိုး များနဲ့ဝေးပြီး မမြင်နိုင် သေးတဲ့ ရင်သွေးပိုက် အိမ်တွင်းပုန်း ကာ Website လေးတစ်ခု ကို ခြောက်တိခြောက်ချက် လုပ် ရင်း အရှေ့တိုင်းနိုင်ငံရဲ့ လုပ်သား ပီသစွာ ညဖက် ရှစ်နာရီ ကျော် ကိုးနာရီ မှ အိမ်ပြန်ရ သူကို နားလည်စွာ ဖြင့် မျှော် နေခဲ့သောမိန်းမ တစ်ယောက် ရှိခဲ့ပါသည်။

ကိုယ်ဝန်ကြီး နဲ့ တစ်ယောက်ထဲ အပြင် လျှောက်မသွားပါနဲ့ ဆိုပြီး စိတ်ပူစွာ ဟုထင်ရတဲ့ ချုပ်ချယ် စကား ကို ပြောခဲ့ သော ယောကျာင်္းတစ်ယောက် လဲ ရှိခဲ့ ပါ သည်။

မနက်စောစော တစ်ရက် မှာ ခွဲမွေးဖို့ သတ်မှတ်ရက်ထက် အပြင်လောက ထဲကို စော ထွက် ဖို့ ကြိုးစား လာတဲ့ သူလေး ကြောင့် OG ဆရာဝန်မကြီးဆီ အမြန် ဖုန်းဆက်၊ ဆေးရုံ အပြေးအလွှား သွားကာ ချက်ချင်း အရေးပေါ် ဗိုက်ခွဲ မွေး ခဲ့သော မိန်းမ တစ်ယောက် ရှိခဲ့ပါသည်။

အဖြစ်အပျက်များမှာ မြန်လွန်း၍ ရုပ်ရှင်တွေ ထဲကလို မွေးခန်း အပြင်မှာ  စိတ်လှုပ်ရှား စွာ ခေါက်တုန့်ခေါက်ပြန် လမ်းလျှောက် စရာ မလို ဘဲ ငါးမိနစ် လောက်အတွင်း ထွက်လာတဲ့ ကလေး နီတာရဲ ကို ကြည့်ရင်း ငိုရမလို၊ ရီရမလို ဖြစ်ခဲ့ သော ယောကျာင်္းတစ်ယောက် လဲ ရှိခဲ့ ပါ သည်။

စာကိုယ် (သုံး)
ခြောက်လ အရွယ် ကလေးလေးကို ပိုက်ကာ မိဘရင်ခွင်နဲ့ မိုင်ပေါင်း လောက်ဝေးတဲ့ အရပ် သို့ မောင့်မျက်နှာ တစ်ရွာမှတ် လိုက်ခဲ့ပြီး နှစ်တစ်စုံ တော့ ကလေးငယ် လေးနဲ့ ပျော်ရွှင်စွာ အချိန်ကုန်ရင်း အတော်နေသာ ခဲ့သော မိန်းမ တစ်ယောက် ရှိခဲ့ပါ သည်။

Environment နဲ့ Job Culture အပြောင်းအလဲ ကြား အပြင်းအထန် ရုန်းကန်ခဲ့ ရသော ယောကျာင်္းတစ်ယောက် လဲ ရှိခဲ့ ပါ သည်။

အိမ်တွင်းပုန်းများလို့လား၊ ဟိုမုန်းအပြောင်းအလဲ လို့ အပြစ်ချမလား၊ စိတ်ရောဂါ ဘဲလား စွမ်းရည်နိမ့်၊ မှတ် ဉာဏ် လျှော လာကာ မိမိ ကိုယ်ကိုအသုံးမကျတော့သူ လို့သတ်မှတ်၍ Depression ရ လာသော မိန်းမ တစ်ယောက် ရှိခဲ့ပါသည်။

အလုပ် Pressure နဲ့အတူ အိမ်ပြန် နောက်ကျတိုင်း မိန်းမရဲ့ နားလည်မှုမရှိစွာ အပြစ်တင်မှု ကို ခံရတာ ကြာချိန် မှာတော့ “ဘာလုပ်ရမှန်းကို မသိတော့ အောင် အရမ်း စိတ်ညစ်တာ ဘဲ” ဟု ညည်းတွား လာသော ယောကျာင်္းတစ်ယောက် လဲ ရှိခဲ့ ပါ သည်။

စာကိုယ် (လေး)
မိမိကိုယ်ကို အားပြန်တင်းကာ လက်ရှိ အခြေအနေမှာ လိုအပ်သော Certificate စာ မေးပွဲများ ဖြေဖို့ ကလေး ကို ပိုက်ရင်း စာပြန်ကျက် ခဲ့သော မိန်းမ တစ်ယောက် ရှိခဲ့ ပါသည်။

အလကားနေရင်း အဓိပ္ပါယ်မဲ့စွာ ရန်လို နေသော မိန်းမ ကို နားလည်ပေး ဖို့ကြိုးစားရင်း နားမလည်နိုင်တော့သော ယောကျာင်္းတစ်ယောက် လဲ ရှိခဲ့ ပါ သည်။

ကလေး Pre-School စတက်တဲ့ နေ့မှာ ဝမ်းသာရမလို၊ ဝမ်းနည်းရ မလို ဖြစ်ကာ ကလေး ကို မခွဲရက်၊ မထား ခဲ့ ရက် ဘဲ ကျောင်းခန်းထဲမှာ ရက်အတော်ကြာ ထိုင်စောင့် နေခဲ့သော မိန်းမ တစ်ယောက် ရှိခဲ့ပါသည်။

အချိန်တိုင်း အပြစ်ရှာ စကားပြောနေတဲ့ မိန်းမကို တစ်ဖြေးဖြေး လျှော့ကြိုးကုန် လာကာ သည်းခံမှု ဒီဂရီ နဲလာသော ယောကျာင်္းတစ်ယောက် လဲ ရှိခဲ့ ပါ သည်။

စာကိုယ် (ငါး)
ကလေး Full time-School စတက်တဲ့ နေ့မှာ ချက်ချင်း ရရာ အလုပ် ကို ရှာခဲ့ပြီး လူအ များကြား အသားပြန်ကျ အောင် ကြိုးစား ခဲ့ သော မိန်းမ တစ်ယောက် ရှိခဲ့ပါသည်။

အလုပ် ဟူသမျှ ဂုဏ်ရှိစွ ဆိုသော စကား ကို လက်တွေ့မှာ Apply မလုပ် နိုင်ဘဲ စားပွဲ သုပ်၊ တံမျက်စည်းလှည်း နေသော မိန်းမ ကိုယ်စား ရှက်နေ သောယောကျာင်္းတစ်ယောက် လဲ ရှိခဲ့ ပါ သည်။

မိမိဘွဲ့နှင့်ဆိုင်သော အလုပ် ရှာ မရ တာ ကို စိတ်မညစ်ဘဲ ပညာတတ်စရာ မလိုတဲ့ ကော်လံ ပြာ အောက်ခြေ အလုပ်ကို တာဝန်ကျေလုပ် ရုံမက စိတ်ပါပျော်ရွှင်စွာ လုပ်ခဲ့ သော မိန်းမ တစ်ယောက် ရှိခဲ့ပါသည်။

ခေါင်းမာပြီး လုပ်ချင်ရာလုပ် လေ့ရှိတဲ့ မိန်းမ ကို ပညာနှင့် ဆိုင် သော အလုပ် ရှာရန် ပဋိ ပက္ခ အဖြစ်ခံ ကာ အစဉ် တိုက်တွန်း ခဲ့သော ယောကျာင်္းတစ်ယောက် လဲ ရှိခဲ့ ပါ သည်။

မိမိ စိတ်သွားရာ ကိုယ်ပါ၍ မရ တဲ့ အခြေအနေမှာ ချောင်ပိတ်ရိုက် ခံ ရတဲ့ခွေးတစ်ကောင် လို ခံစား နေခဲ့ ရ သော မိန်းမ တစ်ယောက် ရှိခဲ့ပါသည်။

မိမိ ရဲ့ ထားရှိတဲ့ မေတ္တာတရား နဲ့ စေတနာ တိုက်တွန်းချက် ကို ဒေါသနဲ့ အမြဲ တုန့်ပြန် ခံ ခဲ့ရ သော ယောကျာင်္းတစ်ယောက် လဲ ရှိခဲ့ ပါ သည်။

စာကိုယ် (ခြောက်)
“ရည်မှန်းချက်ထားရှာနေတဲ့ အလုပ်” မဟုတ်ဘဲ ပြန်မဝင်တော့ဘူး လို့လုံးဝ Give Up လုပ်ထားလိုက်တဲ့ “အလွန် နှစ်သက် ခဲ့ဘူးသော အလုပ်” ကို (တတ်ကျွမ်း ကြောင်း ခိုင်လုံ သော စာရွက်စာတန်း မပြ နိုင် ဘဲ) အိမ်မက်တစ်ခုမက် သလို ပြန်ရ လိုက် တာဟာ ဆရာ သမား ကို ညတိုင်း ရိုသေစွာ ကန် တော့လို့ သိကြားမင်း နဲ့ နတ်ကောင်း စောင်မ တာ (သို့) ခရစ်ယန် အယူဆိုရင်တော့ ဘုရားသခင် ဂုဏ်ကျေးဇူးတော် ကြောင့်လို့ ယုံ ကြည် သော မိန်းမ တစ်ယောက် ရှိခဲ့ ပါ သည်။

You ဒီ Field မှာ ဆက်နေမယ် ရင်တော့ စာမပြတ်ဖတ်နေ ရမှာနော် လို့ အားပေးသလိုလို ၊ ခြိမ်းခြောက်သလိုလို ပြောခဲ့ ယောကျာင်္းတစ်ယောက် လဲ ရှိခဲ့ ပါ သည်။

နိဂုံး
ရင်သွေးလေး ရဲ့ ပထမဆုံး မျက်လုံး ဖွင့်ချိန် ကြည့်လိုက်တဲ့ အကြည့်လေး တစ်ချက်မှာ သူ့ဘဝ ကို ကလေး ရဲ့ စိတ် တိုင်းကျ နှောင်တွယ်ခွင့် ပေးလိုက်သော မိန်းမ တစ်ယောက် ကို မာမီ လို့ ခေါ် ပါ သည်။
မိန်းမကို စိတ်ရှည် စွာ နားလည် မပေးနိုင် တော့ပေမဲ့ ရင်သွေးလေး ကိုတော့ အချိန်တိုင်း အနှိုင်းမဲ့ မေတ္တာဖြင့် စိတ်ရှည် စွာ အစဉ် နားလည် ပေးသော ယောကျာင်္း တစ်ယောက် ကို တော့ ဒက်ဒီ လို့ ခေါ်ပါ သည်။

စာကြွင်း
ဘဝ ဆိုတာ တစ်ခါတစ်ခါ တော့လဲ အထစ်အငေါ့ တွေ နဲ့ လွဲလွဲ လေး လဲ ကောင်း တတ် ပါတယ်။

မဟုတ်ရင် ပြန်ပြောစရာ မရှိဘဲ ပျင်းစရာကြီး။  :kwi:

Image From – http://breadformyjourney.blogspot.co.uk/2012/04/gift-of-hands.html

48 comments

  • အရီးခင်လတ်

    October 29, 2012 at 10:17 pm

    တစ်ခြားသော သက်ကြီး ဝါကြီး များရဲ့ ရင်ဖွင့်သံ လေးများ ကြား ရရင်ဖြင့်
    ကလေးများမှာ စဉ်းစားစရာ အားပို ရမယ် ထင်တာဘဲ။
    အတိတ်ကြောင်းတွေ တူးဆွ ကြပါဗျို့။
    ကကြီးမိုက် ကတော့ ကတိခံထားပြီး ဖြစ်ပါ၏။ :harr:

    • surmi

      October 29, 2012 at 11:10 pm

      တစ်ခါက ……………ရှက်ရွံ ့အားငယ်တတ်သော ကောင်လေးတစ်ယောက်လည်းရှိပါသည် …။
      တစ်ခါက…………….စိုးရိမ်ကြောက်လန် ့တတ်သော ကောင်လေးတစ်ယောက် ရှိခဲ ့ဖူးပါသည် …..။
      တစ်ခါက…………….ယုံကြည်မှုမဲ့၍ လမ်းပျောက်နေသော ကောင်လေးတစ်ယောက်လည်း ..ရှိခဲ့ဖူးပါ၏ ..။
      တစ်ခါက…………… ဘာလုပ်လုပ်မှားယွင်းနေ၍ လွဲချော်နေသောကောင်လေးတစ်ယောက်လည်း ရှိခဲ့ပါ၏ ။
      တစ်ခါက…………..
      တစ်ခါက…………. သို့နှင် ့ …………………
      တစ်ခါကနှင် ့ အမှတ်တရများစွာ …။
      တစ်ခါကနှင် ့ မယုံဘူး ကြုံဖူးမှသိမယ်….။
      တစ်ခါကနှင် ့ လျော့စားခဲ့သာ ထမင်းတစ်နပ်..။
      တစ်ခါကနှင် ့ ကားထွက်တားသော သရဲမလေးများ ….။
      တစ်ခါကနှင် ့ ဘိုးတော်ဘဝ …။
      တစ်ခါကနှင် ့ ဂျိုးအမတေဥ (အမြုတေဥ)ရှာပုံတော်…..။
      တစ်ခါက နှင် ့ ပယောဂဆရာ …။
      တစ်ခါက နှင် ့ လရောင်အောက်က ညတစ်ည……။
      တစ်ခါကနှင် ့ ကိုနဝင်း မိုးလင်းမှသိမယ်…..။
      တစ်ခါက နှင် ့ စာဖတ်ဝါသနာ ….။
      တစ်ခါက နှင် ့ ……….
      တစ်ခါက နှင် ့ ……..
      ………………………………………….
      ……………………………………..
      ကဲ အရီးရေ…
      ဘာရယ်မဟုတ်ဘူး ကြော်ငြာတော့ဝင်လိုက်ပြီနော် ….
      ရေးစရာမရှိ …..အကျိုးပြုတွေဘာတွေလည်းမသိ ….ခေတ်ပေါ်ဗဟုသုတလည်းနည်း ၊ အတွေးအခေါ်
      ကျပြန်တော့လည်း နုံချာဆိုတော့ အဲဒီလို အတိတ်မြို ့ဟောင်းတစ်နေရာကိုပဲ တူးရတော့မှာပဲဗျို ့ …..။
      ဖတ်တဲ့သူတွေတော့ ရိုးအီပြီး ငြီသွားမယ်ထင်တယ် ….။
      ………မကြာမှီ လာမည် ….မျှော် …….

      • အရီးခင်လတ်

        November 5, 2012 at 4:24 am

        တစ်ခါက များစွာ အတွက် ဘီစီ ပါရှင်။
        ဂတိမဖျက်ကြေး။ :kwi:

  • ဦးဦးပါလေရာ

    October 30, 2012 at 12:30 am

    အိမ်ထောင်ပြုတယ်ဆိုတာ
    ဗလာမပါတဲ့ကံစမ်းမဲနှိုက်ရသလိုပဲ…..
    ကံကောင်းရင် မက်လောက်စရာဆုကြီးရမယ်လို့တွေးလိုက်…
    ပြီးတော့ တကယ်ပေါက်တဲ့ ရသလောက်ဆုလေးနဲ့ ကျေနပ်လိုက်…

  • မမလေး

    October 30, 2012 at 1:53 am

    ခုချိန်မှာတော့ ယောကျာ်းတွေ စိတ်ကုန်နေတယ် … စိတ်နာနေတယ် …. အရမ်းမုန်းတယ် … ယောကျာ်းယောကျာ်း လှည့်တတ်ပတ်တတ်တယ်တဲ့ … အိမ်ထောင်တောင်မပြူချင်တော့ဘူး 🙁

  • မိုက်ကယ်ဂျော်နီအောင်ပု

    October 30, 2012 at 3:53 am

    တစ်ခါမှ မတစ်ခါ အိမ်ထောင်မကျဘူးသေးသော လူတစ်ယောက်ရှိခဲ့ဘူးဘာဒယ်

  • အရီးခင်လတ်

    October 30, 2012 at 5:17 am

    ကဆာမိ ရေ –
    စာအရေးအသား ကောင်း တဲ့ ကဆာမိ ရဲ့ “တစ်ခါက” တွေ က ရွာသူ/သား တွေ အတွက် ဆွဲဆောင်အား ရှိတဲ့ စာတွေပါရှင်။
    ကျွန်မတို့ အားလုံး မျှော်နေပါတယ်။
    အခုလို ရွာထဲ မှာ ဟိုဟိုဒီဒီ ဝါဒ ဖြန့် မီးမွှေး စာတွေ များနေချိန်မှာ အဲဒီလို ရသ အပြည့် စာလေးတွေ ကို ပိုဖတ်ချင်ပါတယ်။

    ကိုပါ
    မဲပေါက်တာ ဗူးသေးသေးလို့ ထင်ပြီး ဖွင့် လိုက်တော့ မှ အဖိုးတန် ပစ္စည်း ဖြစ်နေတတ်တာလဲ ရှိပါတယ်ရှင်။
    ရှင့် မဲ ကရော ဘယ်လိုလဲ။ 😉

    မမလေး ရေ
    တော်တော်လေး ခံစားထားရတယ် ထင်ရဲ့။
    စိတ်မကောင်းပါဘူးကွယ်။

    ဘပုရှင့်
    မှတ်ချက် လာရောက်ချီးမြှင့် တာ လူပိုဂျီး ဖြစ်ကြောင်း ဝင်ကြော်ငြာ တာလား။
    တကယ် …. 🙄

    လာရောက် မှတ်ချက်ပေးသူများ နဲ့ ဝင်ရောက်ဖတ်ရှူ သူများ ကို ကျေးဇူး တင်ရှိပါကြောင်း။
    ဒီရက်မှာ စာဖတ်သူအပေါင်း အာရုံ နောက်နေကြတာမို့ ပိုနောက်အောင် လုပ်လိုက်ခြင်း ဖြစ်ပါကြောင်း။
    :harr:

  • မိဂီ

    October 30, 2012 at 6:26 am

    တခါက သင်ချာလေး သီလရှင် ဝတ်သွားသောကြောင့် ကျန်ရစ်ဖစ်ရရှာသော ငတိတယောက်ရှိဖူးလေသည်
    ဟိ..

  • ကိုခင်ခ

    October 30, 2012 at 8:54 am

    အိမ်ထောင်ပြုတယ်ဆိုတာကို ဓားတလက်ပိုင်ဆိုင်ရယူ သွေးတယ်လို့ တွေးတယ်ဗျ၊
    ကိုယ်အသွေးတတ်ရင် ကောင်းမွန်ထက်မြက်သော ဓားကောင်းတစ်လက် ပိုင်ဆိုင်နေမှာဖြစ်ပြီး၊
    ကိုယ်အသွေးမတတ်ရင်တော့ လက်ရှလို့ ဒဏ်ရာရမပေါ့ဗျာ။

  • kyeemite

    October 30, 2012 at 9:46 am

    ကကြီးမိုက် ကတော့ ကတိခံထားပြီး ဖြစ်ပါ၏။

    :harr:
    ကိုခင်လတ်ကစတော့လည်း ကြိုက်မီးက နောက်ကလိုက်ရတာပ…
    မျှော်………………..
    ကျနော့အဖို့ကတော့….အိမ်ထောင်ပြုတယ်ဆိုတာ
    လူသားပိုဆန်သွားတာလို့ပဲထင်ပါဂျောင်းးးးးး
    ဇကားမစပ်….ရွာသူတွေထဲက အားလုံးရင်းနှီးနေပြီးသူတစ်ဦး
    ရှေ့လထဲ လူသားပိုဆန်တော့မည်ဟုသိရပါဂျောင်းးးးး
    :harr:

  • စိန်ဗိုက်ဗိုက်

    October 30, 2012 at 9:49 am

    ကျွတ်ချင်သူတွေလဲ ကျွတ်ကြပါစေလေ..
    မကျွတ်ချင်သူတွေလဲ မကျွတ်ကြပါစေနဲ ့လေ..

  • weiwei

    October 30, 2012 at 10:00 am

    တစ်ခါက အချစ်သည်ဘဝအတွက် အရေးအပါဆုံးလို့ ထင်ခဲ့တဲ့ ကောင်မလေးတစ်ယောက်ရှိခဲ့ပါ၏ …

    • surmi

      October 30, 2012 at 10:27 am

      တောင်းဆိုပါတယ် မဝေရေ ့
      စာမြည်းလေးပေးပြီး မထားခဲ ့ပါနဲ ့
      စောင့်မျှော်နေမည်ဖြစ်ပါကြောင်း းးးးးးးးးးးးးးး

  • padonmar

    October 30, 2012 at 10:30 am

    င်္Final Part (2) မှာ အတန်းထဲ အော်တိုစာအုပ်လုပ်တော့
    အတန်းကြီးက ကိုယ့် အတန်းထဲရောက်လာတဲ့ အကိုကြီးတစ်ယောက်က ဒီလို ရေးပေးခဲ့တယ်။

    `ယောင်္ကျားတစ်ယောက်ရဲ့ လိမ်ညာလှည့်ဖျားခြင်းကို တစ်ခါလောက် ခံကြည့်စမ်းပါ´ တဲ့။

    အဲဒီကတည်းက ယောကျင်္ားဆိုရင် လိမ်ညာလှည့်ဖျားမှာချည်းပဲလို့ တွေးထင်မိပါရဲ့။

    အော်မေ့ဂိုဏ်းဝင်
    ပဒုမ္မာ
    ……
    ကဆာမိ ရဲ့ တစ်ခါကတစ်ဘဝ တွေ မျှော်နေမယ်နော်။

  • ကထူးဆန်း

    October 30, 2012 at 12:02 pm

    တစ်ခါက ..အရပ်မြင့်မြင့် ရုပ်ချောချော ကောင်လေးတစ်ယောက်သည် .
    …. အဲ ..ခဏလေး ။
    မဒမ်ထူးဆန်း သွားမေးဦးမယ်… ဘယ်လိုရေးရမလဲလို့ ..
    တော်ကြာ ဒုတ်ကောက်ခဲ့ အပြောခံနေရဦးမယ် ………………….. :harr:

  • amatmin

    October 30, 2012 at 12:33 pm

    တခါက. တူနှစ်ကိုယ်ဇာတ်လမ်းရေးမည် ကြံလိုက်တိုင်း လွဲတတ်ခဲ့သော ကောင်လေးတယောက်ရှိခဲ့ဖူး၏..။ 🙂

    • အဂ္ဂ မဟာ ဘီးဇီး ပျားတုပ် အမြီးလှုပ် အလကားကျော်စွာ etone

      October 31, 2012 at 12:50 pm

      အို … တိုမတ်ရယ် ….. ဂယ်ဆိုလျှင် အခြစ်ပဲ လိုဒယ် .. ဘာတောင် သတိ္တ မချိတလဲကွယ် …. ။
      ဒီညလာခိုးပါ……….. တဲ့ ….. မောင်းနားက အရူးမဂျီးက …
      ခိခိခိ :kwi:

  • ကိုရင်စည်သူ

    October 30, 2012 at 1:21 pm

    တစ်ခါ အရပ်ရှည်ရှည် ရုပ်ဖြောင့်ဖြောင့် ဗလတောင့်တောင့် ဗေဒင်မတောက်တခေါက်
    စာရေးမပျောက်တစ်ပျောက်နှင့် အိမ်ထောင်ရေးကို ထောင်ဟုမှတ်၍ မထူထောင်ရဲသေးဘဲ
    အရှေ့အလယ်ပိုင်းပင်လယ်တွင် ပျော်မွှေ့နေသော အရီးလတ်၏ တူတော်လေး အူးစည်ဆိုသော
    လူပျိုကြီး ရွာတစ်ရွာတွင် ရှိခဲ့ပါလေသည်။ အချစ်ဆိုသော ရစ်ပတ်နှောင်ဖွဲ့တတ်တဲ့ သံယောဇဉ်တွေကို
    ကြောက်လို့ ကြောင်ကြီး တို့ ထုံးနှလုံးမူ၍သာ ပျော်မွှေ့နေတော့သတည်း…။ :kwi:
    အရီးလတ်ရေ.. အူးစည် ဘဝတော့ အရီးလတ်တို့ ချွတ်ပေးမယ် ပဲ.. ကျွတ်တော့မယ်ထင်တယ်.. ဟီးး.. 🙂

  • pooch

    October 30, 2012 at 3:44 pm

    ပြန်လာမယ် အရီး အခု ချိန်းထားလို့ သွားရတော့မယ် 😀

    • pooch

      October 31, 2012 at 5:59 pm

      ပြန်လာပြီ အရီး မနေ့က သီတင်းကျွတ်မုန်းစားဝိုင်းကို ကိုယ်တိုင်ချက်ပြီး သူငယ်ချင်းများနဲ့ တပျော်တပါးသွားနွှဲခဲ့တယ်။ ဖုန်းဆက်အော်လို့ အမြန်ပြေးရတာ။ 😀

      အရီးရေ စိတ်ဓာတ်မာကျောသူ တွေကတော့ ဘယ်လိုအနေထားမျိုးနဲ့ပဲ ကြုံကြုံ ဖောက်ထွက်နိုင်တဲ့ သတိ္တတွေ ရှိတတ်ပါတယ်။ အရီးက စိတ်ခွန်အား ရှိသလို သူတပါးအတွက်လည်း အား ကိုးရာ ဖြစ်မှာပါ။ ကိုယ်တိုင်ကလည်း စိတ်ကျနေတဲ့ ကာလတခုကို ကြုံခဲ့ဖူးတယ်။ လွန်ခဲ့တဲ့နှစ်တချို့ဆီက ။ ပုံမှန်ပြန်ရောက်လာတာ မကြာသေးဘူး။ ရွာဝင်စထိ စိတ်က သိပ်ဟုတ်ချင်တာ မဟုတ်ဖူး။

      စာရေးဖူးတယ် တီချယ်နဲ့ ကျမဆိုပြီး ။

      ခုထိကိုယ်ပိုင် လမ်းကို လျှောက်ခွင့်မရသေးဘူး။ အသာလေး မျှောလိုက်နေတာ။

      အချစ်လားလို့ မေးရင်တော့ သူအိပ်နေသေးတယ် လို့ပဲ ပြောရမှာပဲ။

      မျက်နှာကြောတင်းတင်း မလှမပ မာရေ ကျောရေ နဲ့ အထက်စီးဆန်ဆန် စကားပြောတတ်တဲ့ မိန်းမတယောက်အတွက်တော့ ဝါကျွတ်ဖို့ အခွင့်အရေး သိပ်မရှိတော့ပါဘူး။ ခုထိ အားပြိုင်နေဆဲပဲ ။
      နေလို့ ရသရွေ့ နေချင်သေးတယ်။

      ကိုယ်သာ မပြောမဆို ဝါကျွတ်လိုက်လို့ကတော့ အနော့်ပတ်ဝန်းကျင်တခုလုံး ပွက်ပွက်ရိုုက်သွားမှာ မြင်ယောင်သေး :mrgreen:

      • အရီးခင်လတ်

        October 31, 2012 at 6:14 pm

        ကျေးဇူးပါ ပုလေးရေ။
        အမှန်တော့ ဒီလောက် မဟုတ်ပါဘူး။
        ကိုယ့်ထက်မာတဲ့ သူတစ်ယောက် ရင်ဖွင့်ချက်ကို ခံစား ရေးတာပါ။

        သမီး ရဲ့ စာလေးမျှပါ။ ဖတ်ချင်တယ်။

        သမီးတို့ အင်မတန် ငယ်ကြသေးပုံပါဘဲ။
        နေနိုင်သလောက် နေသာနေ။
        ဘဝ ပြောင်းပြီးတာနဲ့ အဲဒီလွတ်လပ်မှု ကို ဘယ်တော့မှပြန်မရတော့ဘူး။
        ကိုယ်က တာဝန်ကျေချင်စိတ် ရှိခဲ့ရင်ပေါ့။
        ဒါထက် ပုချ်က ဒီလောက်ချစ်ဖို့ကောင်းတာ။
        တမင်မကျွတ်ချင်လို့ ကို နေတယ် ဆိုတာ သိပါတယ်အေ။ :528:

  • မိုချို

    October 30, 2012 at 4:29 pm

    အရီး လတ်ရေ
    အရီး ရဲ့ ချစ်ချစ် အကြောင်း တစွန်းတစ အခု ပိုစ့် ကျမှ ပဲ ဖတ်ဖူးတော့ တယ်။ မိုချို ကတော့ ရေး သမျှ အိမ်က လူကြီး မပါရင် မပြီး ဖြစ်နေခဲ့ တာ ရွာထဲ ဝင်ကထဲက ပဲ။ နောက်လဲ ပါနေဦး မှာပဲ။ သူက ကိုယ့် ရဲ့ အနီး ကပ်ဆုံး သူ ပဲကိုး ။

  • Hnin Hnin

    October 30, 2012 at 5:02 pm

    အရီး..အရီးရေးထားတာဖတ်ပြီးတော့ အရီးရဲ့ မိန်းမဆန်ဆန် နူးညံသိမ်မွေ့မှု၊
    ချစ်ခင်တွယ်တာမှုတွေကို တွေ့ရတယ်…
    ကိုယ်ယုံကြည်ရာကို မဆုတ်မနစ် မလျော့တဲ့ဇွဲနဲ့ သည်းခံပြီးလုပ်နိုင်စွမ်းလည်း
    ရှိတယ်..
    ယောကျာ်းတစ်ယောက်လို စိတ်ဓာတ်ခွန်အား ကောင်းတယ်…
    အဲဒီလို အကုန်ရောယှက်နေတဲ့ စိတ်ဓာတ်တွေကို ကြိုက်တယ်…
    ကရေးတစ်ယောက်တော့ ချင်းချားချရာ အားပိုရတွားပါပြီ… 😀

    အရီး မန့်တာတွေကြည့်ပြီး တစ်ကယ် လေးစားမိတာပါ..အခု ပိုသွားပြီ 🙂

    စကားမစပ်..ကြော်ငြာဝင်တဲ့သူတွေတော့ အတော်များတယ်နော်..
    အဟုတ်လား..မဟုတ်လား.. :kwi:

  • may flowers

    October 30, 2012 at 6:33 pm

    တစ်ခါက………….အင်း..ဘာရေးရမလဲသိတော့ ဝူး..

    ဖတ်သွားပါ တယ်အရီးရေ……… :kwi:

  • TheWinner

    October 30, 2012 at 9:16 pm

    အမြဲတမ်း မချောမွေ့ခဲ့ကြပေမယ့် အပြန်အလှန် ဖြည့်ပေါင်းခဲ့ကြတဲ့ မိသားစုလေးတွေကို အရမ်းကို အားကျမိပါတယ်။

  • blackchaw

    October 31, 2012 at 8:48 am

    အော်…အရီးလတ်လုပ်မှ
    တမင်တကာမေ့ထားခဲ့တဲ့ အတိတ်က အကြောင်းတွေကို
    ပြန်ဆွပေးသလို ဖြစ်ခဲ့ရပြီ အစ်မရေ…။
    မဒမ်ချောနဲ့ မညားခင် ထားခဲ့ဘူးတဲ့
    ရည်းဇား လေး…ငါး…ခြောက် ယောက်လောက်ကို
    ပြန်သတိရမိသွားတယ်…။
    (မယုံရင်လည်း ပုံပြင်လို့ မှတ်ပါတော့ အစ်မရေ…။)
    ပြီးတော့…
    ဒီပို့စ်ကို မဒမ်ချောလည်း ဖတ်မိတော့မှာ ကျိန်းသေတယ်ခင်ဗျ…။
    ဆိုတော့…
    သူလည်း ကျွန်တော်နဲ့ မတွေ့ခင် ထားခဲ့ဘူးတဲ့…
    ရှားရှားပါးပါး ရည်းဇားတစ်ယောက်စ နှစ်ယောက်စကို
    သတိရနေမှာခင်ဗျ…။
    အဲဒီလို သူလည်း သတိရနေမှာပဲ
    ဆိုတဲ့ အတွေးလေးကိုက
    ကျွန်တော်တို့ကြားမှာရှိနေခဲ့ပြီဖြစ်တဲ့
    နားလည်ခြင်း ပါပဲ…။
    စာရေးဆရာ အကြည်တော်က ပြောဖူးပါတယ်…
    ဒုက္ခဆိုတာ နောင်တစ်ချိန်မှာ ဟာသပါပဲ တဲ့…။
    အဲဒီလိုဆိုရင်တော့
    ကျွန်တော်တို့ ဘဝမှာ ရယ်စရာဟာသတွေအများကြီးကို
    ဖြတ်သန်းခဲ့ဘူးပါတယ်…။
    အော်…တစ်ခါကပေါ့ အစ်မရေ…
    ခင်မင်လေးစားစွာ…
    ဘလက်ချော
    :mrgreen: :mrgreen: :mrgreen: :mrgreen: :mrgreen:

  • ရွှေ ကြည်

    October 31, 2012 at 10:18 am

    အရီး တကယ်ပဲသူများစာလား အရီးစာလား ပြောဦး :harr:
    အရီးရေ နားလည်မှုကတကယ်အရေးကြီးတယ်နော် အတ္တနဲ့ယှဉ်လာရင်တခါတလေအချစ်ကနောက်ရောက်သွားတတ်တယ်ထင်ပါ့။

  • အဂ္ဂ မဟာ ဘီးဇီး ပျားတုပ် အမြီးလှုပ် အလကားကျော်စွာ etone

    October 31, 2012 at 12:44 pm

    အဲ့လာ … အဲ့လာတွေကြောင့်ပေါ့ .. အရီးရယ် …. ။
    ဟိုဘက်လှည့်တွေ း .. ဒီဘက်လှည့်တွေး …. ဘယ်လိုပဲ တွေးတွေး…အတော် ခေါင်းအတော်ကိုက်စရာ ကိစ္စချည်းပဲ … ။
    တစ်ယောက်တည်းနေတုန်းကတောင် ၊ ကိုယ့်စိတ်နဲ့ကိုယ် အလိုမကျရန်ဖြစ်ရတာ တရက်ကို နာရီ နှစ်ဆယ်လောက် (ကျန်တဲ့လေးနာရီက အိပ်ချိန် :mrgreen: ) ……. ၊ အပေးယူမျှတဖို့ ၊အေးတူပူအမျှဆိုတာ သီချင်းတွေထဲမှာသာ နားထောင်လို့ကောင်းတာ …. ။ ကြာကြာဝါးမှခါးမှန်းသိဆိုတဲ့ စကားပုံကလည်း ရှိနေလေတော့ …… ဘွဆိုတာ .. အနိစ္စ… အနိစ္စ …. ဟီး 😉

  • သီ ဟ သူ ရ ချာ လ တာ အာ ပေ တူး (DragonEmpireGroup)

    October 31, 2012 at 1:46 pm

    ရုတ်တရက်အပြောင်းအလဲတစ်ခုကြောင့် စဉ်းစားရင်း ခေါင်းကိုက်ကိုက်လာသော
    လေဒီတစ်ယောက်လဲရှိနေပါသည်။ 🙁

  • Mon Kit

    October 31, 2012 at 3:22 pm

    အရီးခင်လတ်ရယ်….
    အရီးရေးထားတဲ့ စာကြွင်းလေးကို အပြည့်အဝ ထောက်ခံသွားပါတယ်……

    “”ဘဝ ဆိုတာ တစ်ခါတစ်ခါ တော့လဲ အထစ်အငေါ့ တွေ နဲ့ လွဲလွဲ လေး လဲ ကောင်း တတ် ပါတယ်။””

    လက်တွေ့ဘဝတွင် ထပ်တူခံစားနေရသူ……… :byae:

  • ကိုယ့်ကိုကိုယ်အထင်ကြီးလွန်းသော မိန်းမတစ်ယောက် ရှိခဲ့ဖူးလေသည်။
    အချစ်သည် ပြုပြင်ပေးနိုင်စွမ်းရှိသည်ဟု ယုံကြည်သော မိန်းမတစ်ယောက်ရှိခဲ့ဖူးလေသည်။
    နယူတန်၏ နိယာမတွင် အချစ်ကိုပါ ထည့်ထားသော မိန်းမတစ်ယောက် ရှိခဲ့ဖူးလေသည်။
    အချစ်သည် အိမ်ထောင်ရေးနှင့်မသက်ဆိုင်ဟု ရူးနှမ်းနှမ်းယုံကြည်သော မိန်းမတစ်ယောက် ရှိခဲ့ဖူးလေသည်။
    အိမ်ထောင်ရေးကံတရားကို ကြောက်ရွံနေသော မိန်းမတစ်ယောက် ရှိခဲ့ဖူးလေသည်။
    ယောက်ျားတွေကို မယုံကြည်သော စိတ္တဇဆန်သည့် မိန်းမတစ်ယောက် ရှိခဲ့ဖူးလေသည်။
    :mrgreen:

  • Hnin Hnin

    October 31, 2012 at 4:35 pm

    – စစချင်း ‘သူများရဲ့ စာ ဖြစ်ပါသည်’ ဆိုတာ ယုံသွားသည်။
    – စာဆက်ဖတ်တော့ ‘အရီးရဲ့စာ’ ဖြစ်နေသည်။
    – စစချင်း ‘အရီးရဲ့မန့်’ ဖတ်မိတော့ အရီးရဲ့စာ 100% sure ကို ဖြစ်သွားသည်။
    – စဉ်းစားကြည့်တော့ ‘သူများ ရဲ့စာ ဖြစ်ပါသည်’ မှ နာမ်စား ‘သူများ’ သည် ‘အရီး’
    ကိုယ်တိုင်ပင် ဖြစ်တော့သည်…
    – နှင်းနှင်းကိုယ်တိုင်လည်း ‘သူများ’ သုံးလို့ အဖြေပေါ်သွားခြင်းဖြစ်သည်… 😀

    ညက ပုတီး ၃ဝ ပတ်တိတိစိပ်ပြီး မန့်၃ပြီး စာပြန်မယ့် အရီးကို ၃နာရီတိတိ
    အပီထိုင်စောင့်နေခဲ့တာ(သက်သေတည်ဖို့လိုရင် Mullah,danpauksayar,
    baporter တို့ သက်သေရှိပါတယ်… :mrgreen: … 11p.m. – 2a.m. )

    ..အဲ့တာ တနားသွားရင် ‘အရီးကျိကျိ စာလား’ ဆိုတာ မလျှှိုဘဲ ပြောပြ 🙂
    အဖြေကို စောင့်မျှော်နေတဲ့
    ရွှေကြည့်မမ

    • အရီးခင်လတ်

      October 31, 2012 at 6:07 pm

      ဒီမှာ ဆောင်းဝင်လာပြီမို့ ညည နက်အောင် နေလို့ မရလို့ သမီး နဲ့ အရင်လို မတွေ့ဖြစ်တော့တာ၊
      ဒါတောင် ကလေး တစ်ပါတ် ကျောင်းပိတ် ထားလို့ မနေ့က သန်းခေါင်နီးသွားသေးတယ်။
      မဟုတ်ရင် စောစောထ ကျောင်းပို့ လုပ်ရလို့ စောစောအိပ်တဲ့ အကျင့်ပြန်လုပ်နေရတယ်။
      အဲဒီ စာက အရီးရဲ့ ခက်ဂေါက်ဂေါက် သူငယ်ချင်း ရင်ဖွင့်တာကို ခံစား ရေးထား တာပါ။

      အရီး ငယ်ငယ်က စာရေးဆရာ (ဆရာ) အောင်ပြည့် ရဲ့ “ပလီ နွဲ့လို့ ရီတဲ့လို့ ချစ်သမီးသို့” ဆိုတဲ့ စာအုပ်လေးဖတ်ပြီး အကြီးအကျယ် စိတ်ထိခိုက်ဖူးတယ်။
      သူ့သမီးလေး သွေးလွန်တုတ်ကွေး ဖြစ်ပြီး ဆုံးသွားတာကို ဖွဲ့ ရေးထားတာ။
      သူ့အဖြစ်အပျက်လို သူကိုယ်တိုင် ဇာတ်ကောင်ပေါ့။
      နောက်မှ အသိကတစ်ဆင့် မေးခဲ့တာ စာရေးသူ ဆိုတာ ဒီလို ဘဲ၊ မဟုတ်တာလဲ အဟုတ်ရေးဖွဲ့ရတယ် ဆိုလား။

      ဒါကြောင့်ပြောတာ ကလေးတို့။
      အွန်လိုင်းပေါ်မှာ ငိုပြတိုင်း မသနားကြနဲ့ ကွဲ့။
      အဟုတ်မမှတ် ကြနဲ့ ကွဲ့။ :kwi:

      • Hnin Hnin

        October 31, 2012 at 8:30 pm

        ဟေးးးးးးးးးး…. :harr: အရီးကျိကျိ စာပြန်ပြီ….အပြင်မသွားခင် ခဏလေး
        ဝင်လာချောင်းတာ 🙂 နှင်းနှင်းလည်း စောစောအိပ်ကြည့်နေပါတယ်…
        မနေ့ကသာ…
        ဟုတ်လား…အရီးလည်း စိတ်က တော်တော်နူးညံ့တာပဲနော်…
        နှင်းနှင်းလည်း ဟိုနေ့က ..ကိုရင်စည်သူ..တင်တဲ့ ‘အို..မေမေ’ ဖတ်ပြီး မျက်ရည်
        တွေ တွေတွေကျ tissue ကူပြီးငိုရတာ…ကင်ဆာက စလိုက်တဲ့အငိုက ဆက်သွား
        တာလေ…
        အရီးစကား အတေမှတ်ထားလိုက်ပြီ…ကရေးမို့လို့… 🙂

        • ရွှေ ကြည်

          November 1, 2012 at 7:18 pm

          ရွှေကြည့်မမ နှင်းနှင်းက ကရေးချိုတော့ ရွှေကြည်က အူဝဲ :harr:

  • မိုးသောက်ချိန်

    October 31, 2012 at 5:44 pm

    နှစ်ယောက်လုံးကိုလည်း ချစ်တယ်
    နှစ်ယောက်လုံးကလည်း ချစ်တယ်
    ငါ့ကိုယ်ငါပဲ သတ်သေလိုက်ချင်တယ် (ဒါက စိုင်းစိုင်းသီချင်း)
    ……………………………………………………………………..
    အကုန်လုံးကိုလည်း ချစ်တယ်
    အကုန်လုံးကလည်း ချစ်တယ်
    တောထွက်တာပဲ ကောင်းတော့မယ် ….. (ကော်ပီ ဖန်တီးသည်) 😆

  • တစ်ခါက
    သူပြန်ပေးမယ့်အဖြေ မျှော်လင့်ရင်း
    စိတ်တွေတင်းကျပ်နေခဲ့ဘူူးပါတယ်။
    တစ်ခါက
    မူနွဲ့နွဲ့နဲ့ ချစ်တယ်လို့ သူအဖြေစကားကြားလိုက်ရတော့
    နှလုံးသားတွေ တဒုန်းဒုန်းခုန်
    ရင်ခုန်သံတွေမြန်ခဲ့ဘူးပါတယ်။
    တစ်ခါက
    အကြောင်းပြချက်မရှိဘဲ သူစိတ်ကောက်တော့
    စိတ်တွေယောက်ယက်ခပ်ခဲ့ဘူးပါတယ်။
    တစ်ခါက
    ရေရေရာရာမသိတဲ့ငြင်းပယ်ခြင်းတွေနဲ့
    လမ်းခွဲစကားကို သူဆိုတော့
    ငိုချင်သလိုလို ဖြစ်ခဲ့ဘူးတယ်။
    တစ်ခါက
    ကျနော်ရဲ့နာကျင်စိတ်တွေကို ညှာတာစိတ်အပြည့်နဲ့
    ဖြေသိမ့် လို့ အမောတွေပြေစေသူလေးကြောင့်
    စိတ်တွေကြည်လင် ဘဝကို အသစ်စဘို့ခွန်အားတွေဝင်လာခဲ့ပါတယ်။

    တစ်ခါက…………………….
    တစ်ခါက………………………
    တစ်ခါက…………………….
    တစ်ခါက………………………
    တစ်ခါက…………………….
    တစ်ခါက………………………

  • မိဂီ

    October 31, 2012 at 8:20 pm

    ဂျူးနံ့ ရတယ်ဗျာ.
    ဟိ.

    အဲ့လာလေးတေ. ခက်တာ.
    ဂျူး ဆိုသည်မှာ. ကိုကမ်းစကား ကိုးကားရရင်.
    သားခါနီးသောက်ကာနီး အသီး. သူ့စနက်ကြောင့် ကျကျကွဲရတာ မနည်းးးး
    ကျော်တော့ အချဉ်ပေါက်တာ. အစာအိမ် ထိသွားလို့ သည်ရက်. နားမယ်အရီးရေ.
    တာ့တာ

    တခါတလေတော့လည်းအေ. အွန်လိုင်းမှာ ငိုပြတတ်တာတွေကို ခံစားနားလည်ပေးသင့်ပါတယ်.
    သူတို့မှာ. အပြင်မှာ ငိုရမယ့်. ပုခုံးတဖက် မီစရာ မရှိရှာဝူးကိုးး
    (ဒီစာ သဂျီး မမြင်စေရ)

    စာကြွင်း
    ဆေ့ဖတီး ဖာစ့်နဲ့ ရေးရတာ တယ်ခက်သကိုးး.
    ခက်ဆို လစ်ဘရယ် ပါတီရဲ့ အထေ့အငေါ့လည်း မခံနိုင်
    ကွန်ဇာဗေးတစ်ပါတီရဲ့. ကလိတိတိရိတိတိ ကိုလည်း. သွေးပျက်

    မှားပါတီ.
    ကျော်က. ဘာကောင်ရီးတုန်းဗျာ.
    တိပီ.
    ဟစ်ပီ.

    အာဟိ. ဒက်ဂလောက်.

    :harr:

  • အရီးခင်လတ်

    November 1, 2012 at 5:20 am

    ဝင်ရောက်ဖတ်ရှူ ကြသော ညီအစ်ကို၊မောင်နှမ၊အစ်မ ညီမ၊ တူ တူမ များ အား ကျေးဇူး အထူး တင်ရှိပါ၏။
    ပြန်ရန် စကားများ စာစီ ပြီးသော်လည်း အပျင်းဓာတ်ကြွကာ လက်မှ မရိုက်နိုင်၍ တစ်ယောက်ချင်းစီ မပြန်နိုင်ခြင်း အတွက် ခွင့်လွှတ်တော်မူပါကုန်။

    သို့သော် တစ်ယောက်ချင်း ဆီ မှ အတိတ်သို့ ဇာတ်လမ်း လေးတွေ ပြောပြလျှင်ဖြင့် အလွန်နားထောင်၍ ကောင်းမည် ထင်ပါကြောင်း။
    တူးဆွကြပါလေ။ 😆

  • Khaing Zar Win

    November 1, 2012 at 8:09 am

    ဘုရား၊ ဘုရား။ အရီး တူးဆွလိုက်ချက်က အတိတ်က ဝေဒနာဟောင်းတွေ ပြန်လည်ပေါ်ပေါက်လာပြီဗျို့။
    ဒီရွာထဲတော့ နှလုံးသားခံစားချက်တွေမရေးဘူးလို့ ဆုံးဖြတ်ထားတာ။ ခု နဲနဲ ယိုင်လာပြီ။ (ဖေ့ဘုတ်မှာ မျက်စိနောက်ကြတယ် ဆိုလို့ နေရာပြောင်းမလားလို့)
    :mrgreen:

  • မိုး မင်းသား

    November 1, 2012 at 6:43 pm

    တစ်ခါက ……………ရှက်ရွံ ့အားငယ်တတ်သော ကောင်လေးတစ်ယောက်လည်းရှိပါသည် …

    ဒီလိုကောင်လေးက…..သားသားပေါ ့အရီးရဲ ့……

    သားသားလည်းကျွတ်ချင်ပါတယ်ခင်ဗျာ……

    သီတင်းကျွတ်…ပြီးတော ့..တန်ဆောင်မုန်းလေ….မရ..ရအောင်ကျွတ်တော ့မယ်

  • မောင်ပေ

    November 1, 2012 at 9:23 pm

    သူများစာ
    ယူသွားကွာ
    အလှူနားမှာ
    မူထားနာ
    ကူစားပါ

  • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

    November 2, 2012 at 9:41 am

    ရင်သွေးလေး ရဲ့ ပထမဆုံး မျက်လုံး ဖွင့်ချိန် ကြည့်လိုက်တဲ့ အကြည့်လေး တစ်ချက်မှာ သူ့ဘဝ ကို ကလေး ရဲ့ စိတ် တိုင်းကျ နှောင်တွယ်ခွင့် ပေးလိုက်သော မိန်းမ တစ်ယောက် ကို မာမီ လို့ ခေါ် ပါ သည်။

    မိန်းမကို စိတ်ရှည် စွာ နားလည် မပေးနိုင် တော့ပေမဲ့ ရင်သွေးလေး ကိုတော့ အချိန်တိုင်း အနှိုင်းမဲ့ မေတ္တာဖြင့် စိတ်ရှည် စွာ အစဉ် နားလည် ပေးသော ယောကျာင်္း တစ်ယောက် ကို တော့ ဒက်ဒီ လို့ ခေါ်ပါ သည်။

    အဲဒီစာစုလေးရဲ့အတိမ်အနက်ကိုတွေးနေတယ်…
    အတွေးထဲမှာ ” မိသားစု” ဆိုတဲ့အဓိပ္ပာယ်သတ်မှတ်ချက်နောက်တစ်မျိုးလို့ခံစားရတယ်…

    ခင်မင်လျက်-
    ကြောင်ဝတုတ်

  • Ma Ei

    November 2, 2012 at 1:21 pm

    လက်ထပ်စာချုပ် ဆိုတာ ပြင်ပအနှောင်ဖွဲ့နဲ့ ချည်နှောင်ခြင်း တစ်မျိုးပါဆိုပြီး
    လက်ထပ်စာချုပ်မချုပ်ဘဲ မင်ဂါဆောင်ခဲ့သော မိန်းကလေး တစ်ဦး ရှိပါသည်။
    :hee:

  • candle .

    November 2, 2012 at 7:39 pm

    လက်ထပ် အပြီး တစ်နှစ် ကြာသော်…. လက်ထပ်စာချုပ်အား ဆုပ်ဖြဲခဲ့ဖူးသော မိန်းမ တစ်ဦးလည်းရှိဖူးပါသည်….( သူကလည်းတစ်စောင် ဆုပ်ဖြဲတယ်လေ )….
    ဟိ…ခုတော့ သားနှစ်ယောက်…. 🙂

  • kai

    November 3, 2012 at 12:31 am

    မင်္ဂလာဧည့်ခံပွဲလုပ်ပြီး လက်ထပ်ကြကာ လက်ထပ်စာချုပ်မရှိသော လင်မယားလည်းရှိခဲ့ဖူးပါသည်။
    (ကျုပ် အဖနဲ့အမေပေါ့) :kwi:

  • အရီးခင်လတ်

    November 5, 2012 at 4:15 am

    ကျွန်မ မိဘတွေ ဆီမှာလဲ လက်ထပ်စာချုပ် ရှိတယ် ဆိုတာ မကြားဖူးပါဘူး။
    လက်ထပ်စာချုပ် ဆိုတာလဲ အနောက်တိုင်း က ကူးလာတဲ့ ဓလေ့များလား။
    သူတို့ဆီမှာက ပစ္စည်းပိုင်ဆိုင်မှု ဟာ တရားဝင်လက်မှတ်ထိုးထားမှ အကျုံးဝင်တာကိုး။
    မြန်မာပြည်မှာတော့ ရှေ့နောက် ရအိမ် သိရင် လင်မယား ဖြစ်သွားတာဘဲ။
    မြန်မာပြည်မှာက မယားကြီး/ငယ် လဲ ပြိုင်ထားခွင့် ရှိတာကိုး။
    ဒီလို ယောကျာင်္းလဲ ကြွသွားရော အမွေလုပွဲ တွေ နဲ့ တရားရုံးရောက်ကြတာများတယ်။
    အနောက်တိုင်းမှာက တစ်ယောက်ကို ရှင်းပြီးမှ နောက်တစ်ယောက် နဲ့ တရားဝင်လက်ထပ်နိုင်တာ မယားပြိုင် ထားလို့မရ (ထင်ရဲ့)။
    မဟုတ်ဘဲ ဖောက်ရင် lover အဆင့်ဘဲ ပစ္စည်းပိုင်လို့မရ။ 😆

Leave a Reply