Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

စင်ကာပူကျောင်းတက်မယ်ဆိုရင် ဘာတွေသိထားဖို့လိုအပ်သလဲ။

manawphyulayJuly 14, 20101min3704

မိမိကိုယ်ကို မိမိမေးရမည့် မေးခွန်း ၅ ခု
၁။ ဘာကြောင့် စင်္ကာပူနိုင်ငံမှာ ပညာသင်ကြားချင်ရတာလဲ။
၂။ မိမိတက်ရောက်လိုသော သင်တန်းအတွက် လုံလောက်သော ငွေကြေးပမာဏကို ပြင်ဆင်ထားပြီလား။ သို့မဟုတ် အနည်းဆုံးပေးရမည့် ငွေကြေးနှင့် လစဉ်အသုံးစရိတ်အတွက် အဆင်သင့်ဖြစ်ပြီလား။
၃။ နိုင်ငံခြားမှာ ပညာသင်ကြားရန်အတွက် ဘာသာစကားလိုအပ်ချက်တွေ ပြင်ဆင်ထားပြီလား။
၄။ စင်္ကာပူနိုင်ငံပညာရေးစနစ်နဲ့ပတ်သက်ပြီး လုံလုံလောက်လောက် သတင်းအချက်အလက်တွေ ရပြီလား။
၅။ မိမိပညာသင်ကြားမည့်ကျောင်းနှင့် မိမိရဲ့စိတ်ဝင်စားမှု တစ်ထပ်တည်းကျပြီလား။

ပညာသင်ကြားမည့်ကျောင်း (သို့) အေးဂျင့်ကို မိမိမှာ မေးရမည့်မေးခွန်း ၁ဝ ခု

၁။ မိမိတက်ရောက်မည့်ကျောင်းမှ မည်သည့်ဘာသာရပ်များကို သင်ကြားသလဲနှင့် သင်ကြားမှုပုံစံ မေးရန်။
၂။ စင်္ကာပူအစိုးရ အသိအမှတ်ပြု န SQC(Singapore Quality Class)ှင့် Case Trust ရထားသော ကျောင်း ဟုတ် မဟုတ် မေးရန်။
၃။ ပညာသင်ကြားရေးစရိတ်အပြင် ကျောင်းနှင့်ပတ်သက်သည့် အထွေထွေစရိတ်၊ အသင်းဝင်ကြေးနှင့် အခြားကုန်ကျစရိတ် ရှိ မရှိ မေးရန်။
၄။ ကျောင်းနေရာအနေအထားကို မေးရန်။ သို့မှသာ နေမှုထိုင်မှုအတွက် ကြိုတင် ပြင်ဆင်နိုင်မည်။
၅။ ဤသင်တန်းပြီးပါက အနာဂတ်အတွက် အလုပ်အကိုင်သေချာမှု၊ ဆက်လက်ပညာသင်ကြားနိုင်မှုများကို မေးရန်။
၆။ သင်တန်းကြေးများကို ခွဲသွင်းခွင့်ရပါက မည်ကဲ့သို့သော စနစ်ဖြင့် ပေးသွင်းရကြောင်း မေးရန်။
၇။ သင်တန်းကာလနှင့် Student pass သက်တမ်းကို မေးရန်။
၈။ သင်တန်းကာလ အပိုင်းအခြားတစ်ခုတွင် အနည်းဆုံးဘာသာရပ် မည်မျှ တက်ရောက်ရန် လိုအပ်သည်ကို မေးရန်။
၉။ သင်တန်းမစမီ အချိန်ကာလမည်မျှအတွင်း Discount ရ မရ မေးရန်။
၁၀။ ပညာသင်စရိတ်ထောက်ပံ့ကြေးငွေရရန်အတွက် အနည်းဆူံး ပညာရေး လိုအပ်ချက်များ။

ဒါတွေ သိထားရင်တော့ နည်းနည်း ပိုလွယ်မလားလို့ပါ။ သိသလောက်ကို တင်ပြရခြင်း ဖြစ်ပါတယ်ရှင်။

ကို fatty ရဲ့ ကွန့်မတ်လေးပါ ပြန်ဖြည့်လိုက်ပါတယ်နော်။

ယနေ့ခေတ် မြန်မာ ကျောင်းသားအတွက် မရှိမဖြစ်လိုအပ်ပါတယ်တဲ့၊ ဒီနေရာမှာ အချို့အချက်အလက်တော်တော်များများ ဖြည့်ဖို့ ရေးသူကို ကျွန်ုပ် တောင်းဆိုပါတယ်၊ ပြည်ပသို့ ပညာသင်သွားလိုသော ကျောင်းသားအတွက်၊

သင့်ကို ကူညီမည့် အရေးပေါ်အခြေနေသင့်မှာရှိမယ်ဆိုရင် သင့်မိသားစုဝင် တစ်ယောက်ယောက်က သင့်နောက်ကို အဆောတလျင်ဆိုသလိုလိုက်နို်င်တယ်ဆိုတာ တွေးထင်ထားပါ။

သင့်မိသားစုတယောက်ယောက်ကို ပတ်စ်ပို့ အသင့်ရှိပါစေ။ WEB နဲ့ပက်သက်ပြီး တက်ရောက်ရန် ရည်ရွယ်သော ကျောင်းနဲ့ပက်သက်ရွေ့ရှာဖို့ရန် ဖြစ်နိုင်မယ်ဆိုရင် အေးဂျင့်ကို အရမ်းပဲ မမှီခိုပါနဲ့..တဲ့ ။
မြန်မာကျောင်းသားတစ်ယောက် စင်္ကာပူ POLYs ကို လျှောက်ထားဖို့ အေးဂျင့်ကနေတဆင့် ကြိုးစားခဲ့တယ်. သူ ဒေါ်လာ ၅၀ဝ ပေးခဲ့ရတယ် ၊ သူ တိုက်ရိုက် POLY ကို ဆက်သွယ်မယ်ဆိုရင် တစ်နာရီ ကျပ်၃၀ဝ ပဲသုံးရမှာပါ ၁ဝ နာရီဆီ လျှောက်ထားဖို့ လုံလောက်ပါတယ်တဲ့။ ကဲ သိသမျှလေး ဝင်ဆွေးနွေးပေးကြပါဦးနော်။

မနော လိုတာလေးတွေ ထပ်ဖြည့်ပေးပါမယ်ရှင့်။

ကို fatty ရေ ကျေးဇူးပါနော်။

4 comments

  • fatty

    July 14, 2010 at 7:59 am

    Good. This is necessary for todays’ Myanmar student. Here I request the writer to fill up some more facts:
    …for the student who wants to go abroad for further study….
    …….Think that if you have emergency case who will help you ..one of your families can follow you urgently, let one of your families keep a passport ready.
    …….Don’t rely on agent too much, if possible you’d better try to find about the school you intend to attend through the relevant WEB.
    ……one student from myanmar tried to apply SINGAPORE POLYs through the agent ( i don’t want to mention the name ) he paid US$ 500. if he try directly to the concerned POLY.
    ……he has to spend only 300 kyats for an hour….10 hoirs is enough to apply.
    ……not to be long, let me stop here….And I like your educational message very much.

  • manawphyulay

    July 14, 2010 at 8:46 am

    ကို fatty ရေ ဘာတွေလိုသေးလဲဆိုတာ ထပ်ပြောပြဦးနော်။ ဒါမှ သွားချင်တဲ့သူများအတွက် အခက်အခဲမရှိ သွားနိုင်အောင်လို့ပါ။ ကျေးဇူးပါနော်။

  • fatty

    July 14, 2010 at 9:54 am

    Thanks for your inviting. Today most of student cannot decide where to apply after completing matriculation…right !. Here in myanmar, most students try to attend Singapore POLYs because they provide grant and loan. But those should be prepare or brush up their English. At POLy, you have to make presentation without fail.
    Everyday you have to write an essay and to summit before midnight.
    How much money you can get as a grant and loan is : it will be a little bit long to tell you. So let me post about it more detail…..ok !
    thanks manawphyulay.

  • kopauk mandalay

    July 14, 2010 at 3:54 pm

    မရှိမဖြစ်လိုတာကတော့ ပိုက်ပိုက်လို့ထင်ပါတယ်။
    မှားများသွားလားမသိဘူး။

Leave a Reply