Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ငွေ

manawphyulayJuly 14, 20101min2443

ငွေ၏အသုံးတည့်မှုက တိုး၍သာလာနေတော့သည်။ ရှေ့ကိုရောက်လေ
အရေးပါလာလေဖြစ်နေဦးမည်။ ငွေအကြောင်း စဉ်းစားမိတိုင်း ငွေထည့်ပြောသော
စကားတွေ ၊ ငွေတွေဖြင့်လိမ်းကျံနေသော မြင်ကွင်းတွေ ၊ ငွေကြောင့်
လမ်းချော်တိမ်းမှောက်ကုန်သော တစ်သုတ်ပြီးတစ်သုတ်၊ တစ်ယောက်ပြီးတစ်ယောက်
လမ်းချော်ထွက်သွားသော ရထားတွဲနှယ် ဘေးရောက်ကုန်သည့်မြင်ကွင်းတွေ
ခေါင်းထဲဝယ် အတွေးပုံရိပ်တွေအဖြစ် တရိပ်ရိပ်ဖြတ်ပြေးနေသည်။

လူသည် ငွေနှင့်ဖက်မွေးလာရသည်။ ထို့အတူ လူသည် ငွေနှင့်ကြီးထွား
ဖွံ့ဖြိုးကာ ရှင်သန်လာရသည်။ ထို့အတူ လူသည် ငွေနှင့်ဖက်ကာ အသက်
ပျောက်ရပြန်သည်။ ထိုလူသည် သူ့နေ့စဉ်ဘဝတလျှောက် ငွေကိုကြည့်ကာ
ငွေနှင့်ဆက်စပ်နေသောကြောင့် ငွေလူသား ငွေအထိန်းအချုပ်အောက် နစ်မြုပ်
နေတော့သည်။ ထိုက်သင့်သည်ထက် ပိုမိုလွန်းသော ငွေတွေက လူ
တွေတစ်ယောက်ပြီးတစ်ယောက် သတ်ပစ်သည်။ ထိုက်သင့်သလောက်ပိုပင် မရသောအခါ
ငွေကလူကို သတ်ပြန်သည်။

လူသည် ငွေကိုချစ်လာသည်မှာ ငွေသည် လူတွေဖြစ်ချင်သော လူတွေ
ပို်င်ဆိုင် ချင်သော အရာတော်တော်များများကို ရအောင် လုပ် ပေးနိုင်သော
ကြောင့် ဖြစ်သည်။ ထိုငွေသည် သက်မဲ့ဖြစ်သည်။ သို့သော် လူအတော ်များများ
ကို သူက ပါးစပ်လှုပ်အောင် ၊ လက်လှုုပ်အောင် ၊ပြောတတ်မြင်တတ်အောင်၊
သတ်တတ်ဖြတ်တတ်အောင၊် ဆိုးသွမ်းမိုက်ကမ်းတတ်အောင်၊ အရာထူးအရာခံရအောင် ၊
ဩဇာအာဏာရှိအောင်လုပ်တတ်သည်။ ငွေကြောင့် လူတွေစိတ်တွေ ခက်ထန်လာကုန်သည်။
ထို့အတူ ငွေကြောင့်ပင် လူတွေ သိမ်မွေ့ကုန်တတ်ပြန်သည်။

ပညာသည် ငွေနှင့်ဆက်စပ်ပြန်သည်။ အချိန်သည် ငွေနှင့် ဆက်စပ် ပြန် သည်။
အလုပ်သည် ငွေနှင့်ဆက်စပ်ပြန်သည်။ စေတနာသည် ငွေနှင့် ဆက်စပ်ပြန်သည်။
ထို့ကြောင့် လူသည် ငွေနှင့်ဆက်စပ် ပတ်သက် နေရပြန် သည်။
ရုန်းထွက်ဖို့မဖြစ်နိုင်သော ချည်နှောင်ထားချက်တော်တာ်များများသည်
လူ၏အတွေးတွေကို ဖြန့်ကျက်ထားခံရသည်မှာ ငွေဖြစ်သည်။

ပညာသင်သည်။ တချိန်တွင် ငွေရှာဖို့အလုပ်လုပ်ဖို့ ဖြစ်ရသည်။ ကုန် သွားသော
မိနစ်တိုင်း စက္ကန့်တိုင်းသည် ငွေနှင့်ပင် ပက်သက်နေပြန်သည်။
ပြောတတ်သူတို့က မိနစ်ကိုပင် စိန်စီထားတတ်ချင်ကြသည်။ လူသည် အတ္တကြီး
လာတတ်တော့သည်။ ငွေဖြင့် တည်ဆောက်ချင်လာတတ်တော့သည်။ ငွေဖြင့်
ဝယ်ယူလာတတ်တော့သည်။ ငွေဖြင့် ပျော်ပါးတတ်လာတော့သည်။ သို့သော် ငွေဖြင့်
ဖုံးအုပ်ထားသော အတွင်းကိုတော့ မမြင်တတ်တော။ စိတ်မဝင်စား တော့။
မသိချင်တော့။ လက်ရှိအောင်မြင်မှု၊ လက်ရှိပျော်ရွှင်မှုကိုု
မူးယစ်ရီဝေစွာဖြင့် ငွေကိုမြင်နေတော့သည်။

ငွေ၏သားကောင်ဘဝဝယ် ချို့တဲ့သူရော ချမ်းသာသူပါ ပြားပြားဝပ်
ကြရသည်။ မုန်တိုင်းသည် တဲစုတ်အိမ်ငယ်အတွက် လွင့်စင်မြောပါနိုင်သည်။
မုန်တိုင်းထန်လေလေ ပျက်စီးဆုံးရှုံးမှုများလေလေဖြစ်သည်။ ငွေမရှိသူအတွက်မူ
ထိုသဘောဖြစ်သည်။

လူတစ်ယောက်၏ ရှင်သန်ခြင်းကို စပါးပင်၊ အသား၊ ဥ၊ နို့ တွေကဆင့်
ပေးသည်မဟုတ်ပေ။ ထိုငွေဆိုသော သက်မဲ့တစ်ခုက ပေးနေခြင်းဖြစ်သည်။ ငွေ၏
ဩဇာသည် လူတွင်တည်သည်မှာ လူ့အသက်ကြောင့် ဖြစ်နေလေ တော့ သည်။
ချမ်းသာသူတစ်ယောက်သည် နေ့လည်စာစားသလို ဆင်းရဲသူ တစ် ယောက်လည်း
နေ့လည်စာစားသည်။ ဒါလူ၏သဘောသဘာဝ ဖြစ်သည်။
with many merit (ku tho )
if so we meet at next time after dealth
ငွေအကြောင်းပေါ်ပေါက်လာသည်က အရောင်းအဝယ်အတွက် ကိုယ်စား ပြုရန်သာ
ဖြစ်ခဲ့သော်လည်း တစ်ကျပ်ပေး၍ ပစ္စည်းတစ်ခု ရသည်အတွက် တစ်ကျပ်ပေးကာ
ပစ္စည်းနှစ်ခုဝယ်ယူပိုင်ဆိုင်ရန် လူ၏ဝါယမကြောင့် အတ္တနှင့် လောဘကြောင့်
ငွေကပေးသော ခေတ်အဆက်ဆက်က ဒဏ်သည် ယခုတိုင်ပူးဝင်ပက်သက်လာခြင်း
ဖြစ်ပေလိမ့်မည်။ ထိုအတွက ်ငွေသည် လူ ကြောင့် ဖြစ် သည်။ ယခုအချိန်ဝယ်တော့
လူသည် ငွေကြောင့် ဖြစ်တော့သည်။

3 comments

  • kopauk mandalay

    July 14, 2010 at 6:49 am

    ဒါကြောင့်လဲ ရှေးသီချင်းတပုဒ်ရှိခဲ့ တယ်လေ။
    ငွေ ငွေ ငွေ လောက မှာ ငွေဟာလေ လူတန်းစားမခွဲခြားဘက်ဖျက်ဆီးတတ်ကြပေ
    ကောင်းသတင်းထွက်တာငွေ မကောင်းသတင်းထွက်တာငွေ တဲ့……………
    ငွေရယ် ရေရယ် မီးရယ် က ရန်သူဆိုလဲဟုတ် မရှိလို့ကလဲမဖြစ်။
    ခိုင်းတတ်ရင်ကောင်းပေမဲ့ မခိုင်းတတ်ရင် ကိုယ့်ပြန်ပါတ်မယ်လေ။
    ဟုတ်တယ်ဟုတ်

  • manawphyulay

    July 14, 2010 at 7:23 am

    ဒါကြောင့် မရှိလည်းကောင်း ရှိလည်းကောင်းဆိုတဲ့ထဲမှာ ထိပ်ဆုံးက ပါနေတာပေါ့

  • babyshan

    September 12, 2010 at 6:46 am

    ငွေဆိုတာ ဒုတိယဘုရားသခင်လား။ လူတွေက ငွေကြောင့် ကိုယ်ကျင့်တရားပျက်ကြရတယ်။ အော် ငွေငွေ မရှိမကောင်း ရှိမကောင်းပါလားနော်။

Leave a Reply