Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

STUPID & ACTIVE ဘလက်…

black chawNovember 1, 20121min78837

အပျော်ပါဗျာ…။
ပေါ့ပေါ့ပါးပါး ဖတ်ပေးကြပါဦး…။
မောင့်ဘက်တန်က စာအုပ်တစ်အုပ်ထဲမှာ ရေးခဲ့ဘူးတယ်တဲ့ ကျောင်းဒကာတို့ရေ…။
လူတွေမှာတဲ့ Active & Lazy ဆိုပြီး နှစ်မျိုးခွဲလို့ ရပါတယ်တဲ့…။
တက်ကြွလှုပ်ရှားသူနဲ့ မတက်ကြွမလှုပ်ရှားသူလို့ မှတ်လိုက်ရအောင်ပါ…။
ဆိုတော့ ဒီနေရာမှာ Lazy ကို Negative Image နဲ့ မမြင်ကြစေချင်ပါဘူး…။
မတက်ကြွမလှုပ်ရှားသူလို့သာ မှတ်ပေးပါဗျာ…။
နောက်ထပ်တစ်ခါ Clever & Stupid ဆိုပြီးလည်း ခွဲလို့ ရပါသေးတယ်တဲ့…။
တော်တဲ့လူနဲ့ မတော်တဲ့လူပေါ့ဗျာ…။
ဆိုတော့ အဲဒီ Active & Lazy နဲ့ Clever & Stupid တို့ကို
ထပ်တွဲကြည့်လိုက်ရင် လူလေးမျိုးရပါတယ်တဲ့…။
၁။ Clever & Lazy
တော်ပြီး မတက်ကြွမလှုပ်ရှားသူပေါ့ဗျာ…။
အဲဒီလူမျိုးကို ဥကဌ ခန့်ပါတဲ့…။
သိတ်လှုပ်ရှားစရာမလိုပဲ ဦးနှောက်နဲ့ စီမံခန့်ခွဲရမယ့်လူမျိုးပေါ့…။

၂။ Clever & Active
တော်ပြီး တက်ကြွလှုပ်ရှားသူပေါ့ခင်ဗျာ…။
အဲဒီလူမျိုးကို အတွင်းရေးမှူးခန့်ပါတဲ့…။
သူကတော့ ဦးနှောက်လည်းသုံးရမယ်…လှုပ်လည်း လှုပ်ရှားရမယ့်လူမျိုးပေါ့…။

၃။ Stupid & Lazy
ညံ့ပြီး မတက်ကြွမလှုပ်ရှားသူပေါ့ခင်ဗျာ…။
အဲဒီလူမျိုးတွေကတော့ အဖွဲ့ဝင်တွေပါတဲ့…။

၄။ Stupid & Active
ညံ့ပြီးတက်ကြွလှုပ်ရှားသူတွေပေါ့ခင်ဗျာ…။
အဲဒီလူမျိုးတွေကတော့ ပြသနာရှိပါတယ်တဲ့…။
သူတို့က ညံ့ရတဲ့ကြားထဲ တက်ကလည်း တက်ကြွနေသေးဆိုတော့
အဖွဲ့အစည်းကို ဒုက်ခပေးတတ်တဲ့လူမျိုးတွေပါတဲ့…။
အဲဒီလိုလူမျိုးတွေကို ရှာပြီး တတ်နိုင်ရင် အဖွဲ့ထဲက အမြန်ဆုံးထုတ်ပစ်ပါတဲ့…။

ကဲ…အဲဒီလူလေးမျိုးထဲမှာ ခင်ဗျားတို့ကရော ဘယ်လိုအမျိုးအစားထဲမှာပါသလဲဆိုတာလေး
အပျော်သဘောပေါ့ဗျာ…။ နည်းနည်း ပဟေဌိအဖြေညှိကြည့်ကြပါလားနော့်…။
ခင်ဗျာ…။
ဘလက်ကြီးလား…။
အော် ဘလက်ကြီးကိုတော့
Stupid & Active စာရင်းထဲထည့်လိုက်ပါဗျာ…။
ညံ့ဖျင်းရတဲ့ကြားထဲ သူက တက်ကလည်း တက်ကြွနေလိုက်တာ ဖလန်းဖလန်းကိုထလို့…။
လုပ်လိုက်သမျှလည်း တလွဲတွေကို ဖြစ်လို့…။
အော်ဒီနေ့ကံမကောင်းပါလားကွယ်…။
လေးစားခင်မင်စွာ
Stupid & Active ဘလက်…။

(ဇာဂနာ ဟောခဲ့ဘူးတဲ့ စာပေဟောပြောပွဲတစ်ခုကိုနားထောင်ပြီး ရေးခြင်းဖြစ်ပါသည်…။)

37 comments

  • weiwei

    November 1, 2012 at 1:51 pm

    ကျွန်မကတော့ Stupid & Lazy ပါ …
    ညံ့ရတဲ့ကြားထဲ ပျင်းလဲပျင်းသေးတယ်ဆိုတော့ …

    • pooch

      November 1, 2012 at 2:02 pm

      ကျမက tri *( triple stypid & triple lazy ) ပါ ။ 😀

      • စိန်ဗိုက်ဗိုက်

        November 1, 2012 at 8:22 pm

        ME 3
        ဘဘ ဘလက်ရေ
        နောက်မှ လာပေမဲ့ ထိပ်ဆုံး တက်မန် ့တာ ဆိတ်မစိပါနဲ ့ဗျ

  • မဝေဝေ နောက်က လိုက်ပါတယ်… မွန်မွန်လည်း အဲ့ဒါရေးမလို့ လော့အင် လုပ်တုန်း မမဝေ ကွန်မန့်အရင်တက်သွားလို့…

    ခင်တဲ့
    Stupid & Lazy မွန်မွန်

  • may flowers

    November 1, 2012 at 2:00 pm

    မီသရီး………..ဟီဟိ….

    Stupid & Lazy မေဖလားဝါး

  • nozomi

    November 1, 2012 at 2:05 pm

    ပို Stupid ပို Lazy တဲ့ မောင်နိုပါ ခင်ဗျ

  • Wow

    November 1, 2012 at 2:16 pm

    ညံ့ကညံ့ ပျင်းကပျင်းနဲ့ သုံးစားမရသူဂျီးပါချင့်… ဟင့် ရှက်လဲရှက်ပါရဲ့ :harr:

  • မိဂီ

    November 1, 2012 at 2:19 pm

    အထူကြီးမန့်မယ် ဘဘဘလက်ရေ..
    သည်လိုဗျာ …ဒီပိုစ့်လေးဖတ်တော့ HR Wizard တွေရဲ့
    A(Attitude) M(Mortivation) O(Opportunity) မော်ဒယ်လေးသွားသတိရတယ်…
    ဆိုတော့ ဘဘဘလက်ရဲ့ Active/InActive & Smart/Stupid နဲ့ တွဲကြည့်ချင်စိတ်ပေါက်လာတယ်…
    ဆိုတော့ Active/ Inactive က Motivation မို့ ပေါင်းလိုက်တော့ စုစုပေါင်း ၄ခု ရသဗျ..
    အနှီ အက်ထွီဗျူ လေးခုကို မေးထွစ် ဆွဲလိုက်တော့ … သည်လို လူစား ၁၆ယောက် ရလာပါတယ် ခင်ဗျား…

    1Positive (Attitude), Active (Motivation), Get (Opportunity) and Smart Guy အကောင်းဆုံးပဲပေါ့ဗျာ …
    2Positive (Attitude), Active (Motivation), Get (Opportunity) and Stupid Guy အော်.. အစစ ကောင်းနေတာတောင် ၆၃ကမကျ
    3Positive (Attitude), Active (Motivation), Lack (Opportunity) and Smart Guy ရုန်းကန်ရရှာသူပေါ့ .. စိတ်ကလေးကောင်း လုပ်ချင်ကိုင်ချင်စိတ်ကလေးရှိ ပြီး အခွင့်အရေးမရရှာတဲ့ လူတော်ကလေး..
    4Positive (Attitude), Active (Motivation), Lack (Opportunity) and Stupid Guy သူကျ လုပ်ချင်စိတ်ကလေးတော့ ရှိပါရဲ့ လုပ်ပိုင်ခွင့်လည်း မရရှာ ပိန်းကလည်း ပိန်းသေး
    5Positive (Attitude), Lazy (Motivation), Get (Opportunity) and Smart Guy ကျန်တာကောင်းလျက်နဲ့ တော်တော်ပျင်းတဲ့ သတ္တဝါဗျို့..
    6Positive (Attitude), Lazy (Motivation), Get (Opportunity) and Stupid Guy စိတ်ထားလေးကောင်းတဲ့ ဖိုးကံကောင်း ပေါ့ဗျာ ညံ့ပီး ပျင်းတာတောင် အခွင့်အရေးက ရနေသေး
    7Positive (Attitude), Lazy (Motivation), Lack (Opportunity) and Smart Guy စိတ်ကောင်းပြီးတော်ပေမယ့် ပျင်းပြီး လုပ်ခွင့်မရတော့ ..ထိပ်တက်နိုင်မယ်မထင်ဘူး ..ဒီအချက်က နံပါတ်-၃က ဆြာနဲ့ ရေရှည်မှာ ကွာသွားမယ့်အချက်ပါပဲ
    8Positive (Attitude), Lazy (Motivation), Lack (Opportunity) and Stupid Guy နောက်-၃ခုလုံး စုတ်တယ် ဆိုမှတော့ … ဘာမှ မထူးပါဘူးဗျာ ..အဲ့လိုလူရှောင်တာပဲ ကောင်းပါရဲ့
    9Negative (Attitude), Active (Motivation), Get (Opportunity) and Smart Guy လူရွှင်တော်တွေပြောသလိုပေါ့ …မင်းကအားလုံးကောင်းတယ် တခုပဲပြင်.. သောက်ကျင့် ဆိုတာလို လူစား
    10Negative (Attitude), Active (Motivation), Get (Opportunity) and Stupid Guy သူရှိနေတဲ့အဖွဲ့အစည်းကတော့ အန္တရာယ်ပါပဲဗျာ ပိန်းပီး စိတ်ဓါတ်မကောင်းတော့ ကြွတက်ပီး အခွင့်အရေးရလည်း …အင်း…
    11Negative (Attitude), Active (Motivation), Lack (Opportunity) and Smart Guy တော်ရဲ့ သားနဲ့ကွယ်..စိတ်ဓါတ်မကောင်းလို့ ကံမကောင်းသလား ကံမကောင်းတာကိုမဲပြီး စိတ်ဓါတ်မကောင်းသလားတော့ မဆိုနိုင်…
    12Negative (Attitude), Active (Motivation), Lack (Opportunity) and Stupid Guy တက်ကြွတာတခုကလွဲရင် ကျန်တာ သုံးစားမရဘူး ..
    13Negative (Attitude), Lazy (Motivation), Get (Opportunity) and Smart Guy သူလည်း တမျိုးပဲ .. စိတ်ဓါတ်မကောင်းလို့ ပျင်းသလား ပျင်းလို့ စိတ်ဓါတ်မကောင်းသလားတော့ မသိ.. ဆက်စပ်ချင်မှလည်း ဆက်စပ်မယ်..စားရမှာလည်း သဲတရှပ်ရှပ်ပေါ့..
    14Negaetive (Attitude), Lazy (Motivation), Get (Opportunity) and Stupid Guy သည်လိုလူစားတွေ အခွင့်အရေးရရနေတာ သိပ်စိတ်ပျက်ဖို့ကောင်းပါရဲ့ဗျို့
    15Negative (Attitude), Lazy (Motivation), Lack (Opportunity) and Smart Guy ဘယ်တော့မှချမ်းသာမှာမဟုတ်တဲ့ မွဲနေတဲ့လူတော်တွေကို ပြောတာဗျ
    16Negative (Attitude), Lazy (Motivation), Lack (Opportunity) and Stupid Guy တေတာပဲ အေးပါတယ်အေ…

    :harr:

    ဘာရယ်မဟုတ် ဒီဇိုင်းအလုပ်ကလေး လက်စသပ်လိုက်နိုင်လို့..
    တွေးမိ ရေးမိသွားတယ်ဗျို့…

    ဒီမော်ဒယ် ဘူ့မှ မပြောသေးရင် …
    ကျော့် မော်ဒယ်ပေါ့ …ခိခိ..
    AMOS Matrix by Inz@ghi (C)
    တွေဘာတွေ လုပ်ပစ်လိုက်မယ် ခွစ်ခွစ်…

    ခင်တဲ့
    ကျပ်မပြည့်တဲ့ ဆိုက်ကိုလောဂျစ်စ်
    မိဂီ

    • Wow

      November 1, 2012 at 2:34 pm

      ညီးကကော နံပါတ်ဘယ်လောက်လဲအေ့ ဆိုက်ကိုးစစ် အဲလေ ဆိုက်ကိုလောဂျစ်စ်ကြီး… :kwi:

    • pooch

      November 1, 2012 at 2:38 pm

      ကိုသစ်ပြောဖူးပါတယ် ။ 😀

      ABC တဲ့ ယောင်ယောင်လေးတော့ ကွဲတယ်။
      လက်ဆောင်ပေးထားတာ ။ ဖတ်ပြီး ဆံပင်တွေတောင် ဖြူချင်ချင် ။ facebook ကနေ ပြန် share ခဲ့တယ်။
      ( အမှန်က ကိုသစ် ပြန်လာချင်အောင် ပြန်ရေးပြတာ။ ) 😀

      A=Attitude ( သဘောထား )

      B=Behavior ( ပြုမူလုပ်ဆောင်ချက် )

      C=Contradiction ( ကွဲလွဲခြားနားဆန့်ကျင်ဘက်ဖြစ်ခြင်း )

      (အေ=မှန်သောစိတ်ထား)+(ဘီ=ကောင်းသောအပြုမူ)+(စီ=Cooperationပူးပေါင်းခြင်း) =အောင်မြင်မှု(ချမ်းသာ/သုခ)

      ဒီနေ့ဘဲ ရေးပြီး တင်တဲ့ အသစ်ပါ မပူးချ်ရေ။
      အဓိက ပွိုင့် ကို “ဟ” ထားပေးတယ် လေ။

      ABC ၃ ခုအနက် တခုခုက ဇီးရိုး ဖြစ်ရင် ရလာဒ်=? ပေါ့နော်။

      ညီမျှခြင်း ရေးထားပေးတာ တမင်တကာ။
      Pattern (ပုံစံ ) ၈ မျိုး စဉ်းစားလို့ရတယ်ခင်ဗျ။
      ပြောပြပေးမယ်နော်။စဉ်းစားကြည့်ပေါ့။

      1. A=0, B=0, C=0 total non-conflict (the state of death)
      (လက်တွေ့မှာမဖြစ်နိုင်တဲ့ ပုံစံပါ။)

      2. A= some value, B=0, C=0
      (စိတ်ကိုထိန်းထားနိုင်တဲ့အခြေနေမျိုးပါ)

      3. A=0, B= some value, C=0
      (ကြိုမစဉ်းစားထားတဲ့တုန့်ပြန်မှု၊မသိစိတ်ကဖြစ်သွားတာမျိုးပါ)

      4.A= some value, B= some value, C=0
      (စိတ်ရောကိုယ်ပါ၊ပါနေပေမဲ့ပြဿနာမကြီးအောင်ထိန်းနိုင်တာမျိုးပါ၊ ကျနော်တို့နဲ့အရမ်းနီးစပ်ပါတယ်)

      5.A=0, B=0 , C= some value
      (ပြဿနာတွေကရှိနေပါတယ်၊ကိုယ်ကခပ်ဝေးဝေးမှာနေပါတယ်ပေါ့..စိတ်ထဲအဝင်ကိုမခံတာပါ)

      6.A= some value, B=0, C=some value
      (အဇ္ဈတ္တတိုက်ပွဲပါ၊စိတ်ထဲကတော့ အကြိမ်ကြိမ် “သတ်”နေတာမျိုးပေါ့။ဖြစ်ဖူးကြမှာပါ)

      7.A=0, B= some value, C=some value
      (သူများစိတ်နဲ့ ကိုယ့်ကိုပါတဲ့။ခိုင်းလို့လုပ်ရတာမျိုးပါ)

      8.A= some value, B=some value, C=some value
      (ကျနော်အကျယ်တဝင့်ရှင်းပြခဲ့တဲ့ လက်တွေ့လောကရဲ့ဖြစ်နေကြပုံစံပါ။)

      အဲဒီ ညီမျှခြင်းတွေသာ ပြပြီးရေးလိုက်ရင် လူတွေ စိတ်ညစ်ကုန်မှာစိုးလို့
      မပူးချ်ကတော့ စဉ်းစားအားကောင်းသူမို့ လက်ဆောင်နော်။
      လေးစားခင်မင်စွာ(^^)

    • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

      November 2, 2012 at 9:33 am

      ဦးဘလက်ရေ…
      သူငယ်ချင်းဂီဂီပြောလိုက်တာ စုံလို့…
      ဦးဘလက်ပြောတဲ့ ပေါ့ပေါ့ပါးပါးစာလေးကနေ လေးလေးနက်နက်ကြီးဖြစ်အောင်ဆွဲတင်သကိုး…

      အဲဒီတော့ ကျွန်တော်လဲ ပေါ့ပေါ့ပါးပါးလေးဖြစ်အောင်ပြန်ဆွဲချဦးမယ်ဗျာ…
      ဒီလိုပါ…
      ကျွန်တော်ကို သူငယ်ချင်းတွေက Planner လို့ခေါ်ကြတယ်…
      Plan ဆွဲပေးမယ်… ဒါပေမယ့် Operation Run လုပ်ရင် တလွဲချည်းပဲ…
      မြန်မာစကားပုံလေးနဲ့ ယှဉ်ပြောရရင်တော့ တွက်ရေးကစက်သူဌေးပေါ့…
      တကယ်တန်းကျတော့ တွက်ကြည့်တော့စက်မရှိသူပါ…

      ဦးဘလက်ပြောတဲ့ (၄)ချက်နဲ့တိုက်ဆိုင်အဖြေညှိတဲ့အခါကျတော့…
      (၁) Clever & Lazy လို့ပြောရအောင်လဲ… ကိုယ့်ကိုကိုယ် Clever လို့မခံယူရဲပါဘူး…
      အကြိမ်တော်တော်များများမှာ ကိုယ့်ဆော်နေတာသူများပြောမှသိတဲ့အခါမျိုးတွေရှိသကိုး…
      Lazy လို့ဆိုရင်တော့ မှန်တယ်ဗျ… တစ်နေရာမှာထိုင်ပြီး တွေးချင်ရာတွေးနေချင်တဲ့လူကိုး…
      အရာရာကို Computerize နဲ့ သက်သာရာသက်သာကြောင်းရှာတတ်တဲ့လူမို့ပါ…

      (၂) Clever & Active
      အဲဒါတော့ မဖြစ်နိုင်ပါဘူးဗျာ… ဒီတစ်သက်ဘယ်လိုမှမမှန်းနိုင်တဲ့ကိစ္စ…

      (၃) Stupid & Lazy
      Lazy ဆိုတဲ့နေရာမှာ မှန်ပေမယ့် ကိုယ့်ကိုကိုယ် Stupid ဖြစ်တယ်လို့တော့မထင်ပါဘူး…
      အဲဒီတော့ အဲဒီနေရာမှာလဲ ကိုယ်မပါဘူး…

      (၄) Stupid & Active
      အဲဒါကတော့ လုံးလုံးမဆိုင်တဲ့ကိစ္စပါ…
      Active မဖြစ်တဲ့အပြင်… Stupid လဲမဟုတ်ပါဘူ…

      နောက်ဆုံးအဖြေထုတ်လိုက်တော့…
      ငါဘာကောင်လဲပေါ့….???????????
      အဖြေထွက်လာပါတယ်… အဲဒါကတော့….

      (၅) Dreaming & Lazy ပါတဲ့…
      အရမ်းကောင်းတဲ့အိပ်မက်တွေကြားမှာ ပျင်းရိငြီးငွေ့နေသူပါ…

      ခင်မင်လျက်-
      ကြောင်ဝတုတ်

  • P chogyi

    November 1, 2012 at 2:20 pm

    အမျိုးအစားရွေးရမှာကို
    ပျင်းလွန်းလို့/တုန်းလွန်းလို့
    မရွေးတော့ပါဘူး။

  • ကထူးဆန်း

    November 1, 2012 at 2:32 pm

    ကျွန်တော်လည်း stupid and active ဖြစ်နေလို့
    ငှက်ကထကြီးရေ ကျွန်တော့်ကို အမြန်ထုတ်ရပါလိမ့်မယ်…. :harr:

  • kyeemite

    November 1, 2012 at 3:34 pm

    အစပိုင်းတော့…Stupid & Lazy ရောင်းကောင်းနေတာ….
    မစ္စတာဂီ ရဲ့A(Attitude) M(Mortivation) O(Opportunity)
    မပူးချ် ပြန်ရေးပြသော ဆရာသစ်ရဲ့ABC သီအိုရီ….
    အဲဒါတွေအကုန်လျှောက်ဖတ်တော့မှ…ခေါင်းထဲချာချာလည်သွားပီး
    ကိုယ်ဘာကောင်လည်းတကယ်မသိတော့ပါဘူး ရဲဘော်ဘလက်ရေ….
    (တကယ့် အမှန် ဖြစ်သင့်တာပြောရရင် ဒီရွေးချယ်မှု့ က ကိုယ့်ကိုယ်ကို
    လုပ်တာထက် Clever & Activeဖြစ်တဲ့သူတစ်ယောက်ယောက်က
    ကိုယ့်ကိုအကဲဖြတ်ပေးတာပိုနီးစပ်မယ်ဗျ…)
    ဆိုတော့…ကျွန်တော်က ဒီရွာထဲကအခြားလူတွေကို
    အကဲဖြတ်ပေးရရင် အားလုံးကActive/InActive သာကွာ ရင်ကွာမယ်
    အားလုံးက Cleverတွေပါ.. :harr: :hee:

  • လေး ဘလက် ကျွန်တော်ကတော့ တစ်ခါတလေ…။ တက်ကြွသူ ။ တစ်ခါတလေကျရင် ပျင်းရိသူ … တစ်ခါတလေကျရင် တော် သူ ။ တစ်ခါတလေ ကျရင် ညံ့လွန်းလှသူ….တစ်ယောက်ပါ…။

  • uncle gyi

    November 1, 2012 at 4:44 pm

    အမှုမဲ့အမှတ်မဲ့နဲ့
    လုပ်ကိုင်လာတာကိုဘလက်ပြောတာ
    ကွက်တိကိုဖြစ်နေတာကိုး
    ဦးတို့တော့အခုလောလောဆယ်ဘာမှမဟုတ်ပဲ
    မကြာခင်နာယကတန်းရောက်တော့မယ်ထင်တာပဲ

  • အလင်းဆက်

    November 1, 2012 at 9:10 pm

    လေးလေးဘလက်ရဲ ့ပို်စ်ရော.
    အထုူကြိး မန့်သွားတဲ ့ မိဂီကြီ းရဲ ့ မန့်ချက်ကိုရော..
    နှစ်သက်မိကြောင်းပါ ။

  • အရီးခင်လတ်

    November 1, 2012 at 9:34 pm

    ကိုယ့်ဟာကိုယ် stupid လို့ သိလိုက်ကထဲ က stupid မဟုတ်လောက်တော့ဘူး ကဘချော ရေ။
    Stupid များဟာ သူတို့ stupid ဖြစ်တာ မသိရှာဘူး လို့ ဆိုတာဘဲ။
    အစ်မ ကတော့ stupid ဖြစ်သည်လဲ မဟုတ်၊ stupid မဖြစ်ဘူး လဲ မဟုတ်။
    အလယ် မှာ နေရင်ကောင်း တယ် ဆိုလို့။ 😆

  • ဦးဦးပါလေရာ

    November 2, 2012 at 12:01 am

    ကျုပ်ကတော့ စတူးပစ်အင်လေးဇီး…
    ဒါကြောင့် သိပ်မကြာခင် လိမ်လိမ်မာမာနဲ့ ကုပ်ကုပ်လေးနေပါတော့မယ် ကျောင်းဒကာရေ….
    😀

  • MaMa

    November 2, 2012 at 6:29 am

    ကိုယ့်ကိုယ်ကို ထင်နေတာက Clear& Active (အကောင်းချည်း) :hee:
    အခုကိုဘလက်ပြောပြလို့ ဖြစ်ချင်တာက Clever & Lazy :harr:
    လူတကာတွေအမြင်မှာက Stupid & Lazy (နည်းနည်း သုံးစားလို့ရမယ်ထင်ပါရဲ့) :kwi:
    တကယ်ဖြစ်နေတာက Stupid & Active (ကန်ထုတ်ပစ်ချင်စရာ) :byae:

  • blackchaw

    November 2, 2012 at 11:10 am

    @ weiwei :
    တက်ကြွခြင်းရဲ့ သင်္ကေတဖြစ်တဲ့ ပထမဆုံးကွန်းမန့်လေးအတွက် ကျေးဇူးပါဗျာ…။
    အန်တီဝေက Lazy တော့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်…။
    ပထမဆုံးကွန်းမန့်ကို ရေးနိုင်တယ်ဆိုကတည်းက…
    တက်ကြွလှုပ်ရှားသူ သာ ဖြစ်ပါသည်…။
    Stupid လည်းမဖြစ်နိုင်ပါ…။
    မန်းဂဇက်တစ်ရွာလုံးတွင်
    ညံ့ဖျင်းမိုက်မည်းသောသူ တစ်ယောက်မှ မရှိသောကြောင့် ဖြစ်ပါသည်။
    :mrgreen: :mrgreen: :mrgreen: :mrgreen: :mrgreen:

    @ pooch :
    သူက ပိုဆိုးနေသေး…ဟေးဟေး။
    ၃ ဆလောက်တောင် Stupid ပြီး Lazy နေသေးသတဲ့…။
    :mrgreen:
    ဆိုတော့…
    ကိုသစ် ကြီးရဲ့ Facebook ပေါ်ကနေ ပြန်ယူလာပေးတာ ကျေးဇူးပါ…။
    ဒါပေမယ့် နားမလည်ဘူးဗျာ…။
    ကိုသစ်ကိုယ်တိုင်ကြီး လာရှင်းပြမှ နားလည်နိုင်လိမ့်မယ်ဆိုတဲ့ အကြောင်း…။
    :mrgreen: :mrgreen: :mrgreen: :mrgreen: :mrgreen:

    @ စိန်ဗိုက်ဗိုက် :
    နင့်ဟာနင် မန့်ချင်တဲ့ နေရာတက်သာမန့်ပါ စိန်ဗိုက်ရယ်…။
    နင်တို့က ရဲတွေကိုးကွယ့်…။
    :mrgreen:

    @ လုံမလေး မွန်မွန် :
    မထင်ရဘူးနော့…။
    ကွန်းမန့်လေးအတွက်ကျေးဇူးပါဗျာ…။
    :mrgreen:

    @ May Flower :
    ဟွန့်…သူကလည်း မီသရီး ဆိုပဲ…။
    :mrgreen:

    @ nozomi :
    ပို stupid ပို Lazy သူများ
    ဒီပို့စ်မှာ ကွန်းမန့်ရေးခြင်း သည်းခံပါခင်ဗျာ…။
    :mrgreen:

    @ Wow :
    လုံးဝ မထင်ရဘူးဗျာ…တကယ်ပါ…။
    :mrgreen:

    @ P chogyi :
    တော်သေးတယ်…မရွေးလို့…။
    ရွေးများရွေးရင် နာသိတယ်နော် နာသိတယ်…။
    :mrgreen:

    @ ကထူးဆန်း :
    ဟားဟား တွေ့ပြီဗျို့…။
    ကိုယ်လိုလူ ရှိမှ ရှိပါ့မလားလို့…
    အဖေါ်ရှိသေးတယ်ဗျာ…။
    ပို Stupid ပြီး ပို Active ကြစို့ ကထူးဆန်းရေ့…။
    :mrgreen:

    @ အလင်းဆက် :
    ကွန်းမန့်လေးအတွက် ကျေးဇူးပါ အလင်းဆက်ရေ…။
    :mrgreen:

  • blackchaw

    November 2, 2012 at 11:33 am

    @ မိဂီ :
    ဒီကွန်းမန့်လေးအတွက်
    အရိုးသားဆုံးပြောရရင် ကျေနပ်တယ်ပဲပေါ့ဗျာ…။
    တကယ်ပါ…
    ဒီကွန်းမန့်လေးအတွက် ကျေနပ်ပါတယ်ဗျာ…။
    ဒါတောင် သူက ကျပ်မပြည့်သေးဘူး ဆိုပဲ…။
    :mrgreen:

    @ ကြောင်ဝတုတ် :
    အရမ်းကောင်းတဲ့အိပ်မက်တွေကြားမှာ ဆိုတော့
    ပျင်းစရာမကောင်းတော့ဘူးပေါ့ ညီလေးရယ်…။
    အိပ်မက်ထဲမှာ နန်းခင်ဇေယျာလေးက ကြောင်ဝဝတုတ်တုတ်လေးတစ်ကောင်ကို
    ရင်ခွင်ထဲပွေ့ပြီး လက်ကလေးနဲ့ ပွတ်သပ်လို့…
    မက်ချင်သလိုသာ ဆက်မက်ပေတော့ ဝတုတ်ရေ…။
    ကြောင်သေးတွေတော့ ပေါက်မချလိုက်နဲ့ပေါ့ဗျာ…။
    :mrgreen:

    @ kyeemite :
    ဟုတ်တာပေါ့ ကိုမိုက်ရေ…။
    ကိုယ့်ကိုယ်ကို ဘယ်လိုလူမျိုးလဲဆိုတာ သုံးသပ်တာထက်
    တစ်ခြားတစ်ယောက်ယောက်က သုံးသပ်တာက ပိုသင့်တော်မှာပေါ့ဗျာ…။
    အားလုံးက Clever တွေပါဆိုလို့ နည်းနည်း မြောက်သွားပါတယ်ဗျာ…။
    :mrgreen:

    @ အရီးခင်လတ် :
    အစ်မပြောသလိုဆို ကျွန်တော်က သိတ် Stupid ကြီးမဟုတ်သေးဘူးပေါ့နော်…။
    အလယ်အလတ်တန်းစား Stupid လောက်ဆိုရင်တော်သေးတာပေါ့ အစ်မရေ…။
    အစ်မကိုတော့ အပြင်မှာလည်း မြင်ဘူးထားလို့
    Clever & Active စစ်စစ်ကြီး ဖြစ်တဲ့အကြောင်း…။
    :mrgreen:

    @ ဦးဦး ပါလေရာ :
    လုပ်ပြီ…။
    နှိမ်ချပြောတာမှန်း ရွာသူရွာသားတွေက
    နားလည်နိုင်ပါတယ်ဗျာ…။
    ကုပ်ကုပ်လေး နေစရာမလိုပါဘူး…။
    :mrgreen:

    @ MaMa :
    သတ်ပုံအဖွဲ့ကြီးကိုယ်စား သတ်ပုံ စစ်လိုက်ပါတယ်မမရေ…။
    Clever ရေးထားတာ Clear ဖြစ်နေပါတယ်ဗျာ…။
    Stupid & Active ဆိုရင်လည်း အားမငယ်ပါနဲ့ဗျာ…။
    ကထူးဆန်းနဲ့ ကျွန်တော်တို့ အဖွဲ့မှာ ခေါင်းဆောင်လာလုပ်လှည့်ပါဗျာ…။
    :mrgreen:

    @ R Ga :
    ညီလေးရေ…
    အဲဒါကောင်းပါတယ်ဗျာ…။
    အမြဲတမ်း ပုံသေ မဟုတ်တော့ဘူးပေါ့နော့…။
    :mrgreen:

    @ uncle gyi :
    နာယက ဆိုတာလည်း နည်းတဲ့ ဂုဏ်ပုဒ်မှ မဟုတ်တာပဲ
    အန်ကယ်ကြီးရေ…။
    ဆက်သာလုပ်ပါဗျာ…။
    :mrgreen:

    • MaMa

      November 2, 2012 at 10:50 pm

      သူများအပြစ်ကိုသာ မြင်အောင်ကြည့်တတ်တာ…….
      ကိုယ်တိုင်မှားတော့ ပညာရှိ သတိဖြစ်ခဲ လို့ အဆိုရှိတယ် မဟုတ်လား :harr:

  • Fall Guy

    November 2, 2012 at 11:53 am

    အဆင့်မြင့်ချင်သော်လည်းတကယ်တမ်းကျတော့Stupid & Lazy သာ
    အိပ်ချင်စားချင်တာကပိုသေး

  • Thu Wai

    November 2, 2012 at 12:56 pm

    ကျွန်တော်က တော့ ကိုငှက် သီချင်းထဲကလိုပဲ ကံအကျိုးပေးနဲ ရတဲ့ အထဲ အပျင်းကလဲ ကြီးသေး ဆိုတဲ့ ထဲမှာပါတယ်ဗျို့

  • Shwe Tike Soe

    November 2, 2012 at 1:50 pm

    သူဟာနဲ.သူ ရွေးသွားလိုက်ကျတာ… ကျွန်တော်အတွက်တောင်မကျန်တော့ဘူ…
    အဲဒီတော့ ကိုယ့်အကျင့်ကိုရွေးရတော့မှာပေါ့…
    ကျွန်တော်ကတော့ Lazy & Short ပါ……. ပျင်းကပျင်းသေး ပုကပုသေး အဟီးးးးးးးးးးးးးးးးးးးးးး

    ဦးဘလက်ရေ ကိုယ့်ကိုကိုယ်နှိမ့်ချပီး ထွက်မယ်မကြံနဲ.နော် ဦးမိုက် ကိုတိုင်လိုက်မှာ.. ဟိဟိဟိ …
    ရဲဘော်ဘလက် သတိ ညာာာာာာလှည့် ချီတက်…. ဘယ်ညာဘယ်ညာဘယ်ညာ ဘယ်ယ်ယ်လှည့် ရောက်ပီ Prom………. အဟိ

  • ပြန်တွေးကြည့်တော့ ကိုယ်ကိုကိုယ် မယုံကြည်လို့
    မှန်တောင်မကြည့်ဖြစ်တာကတော့ လူရော စိတ်ရောဘဲဗျ။
    ကိုယ်ဘာသူကိုယ်တော့ ခေါင်းစဉ်မတပ်တော့ဘူး သူများပေးတဲ့ခေါင်းစဉ်အောက်နေတာက
    ပိုသဘာဝကျမယ်ထင်ပါတယ်။.

  • Novy

    November 2, 2012 at 4:34 pm

    နိုဗွီကတော့ ကိုယ့်ကိုကိုယ် ထားစရာမရှိဖြစ်နေတယ်
    စိတ်ကမြန်/ လက်ကမြန်/ ပါးစပ်ကလည်းဆိုး/
    ဒေါသကကြီး ….အမလေးးးးးးးးးများလိုက်တဲ့ ဂုဏ်ပုတ်တွေ..

  • thit min

    November 2, 2012 at 5:06 pm

    လီဗာပူး အသင်းထက်
    ကိုဘလက်နဲ့ မပူးချ်ရဲ ့ဘလက်ပူးချ် အသင်းက ဘောလုံးအပေးအယူကောင်းနေပါလားဗျာ။
    ဟုတ်ပါပြီ။ရှင်းပြရမှာပေါ့။
    မတူတဲ့စာ ၃ပုဒ်လို့…ပြောရမှာပါ။

    ၁။ ကိုဘလက်ရေးတာက လူ့အကြောင်း မူလစိတ်ထားပုံစံ။

    ၂။ ညီလေး ဂီဂီ ရေးတာက အဲဒီလူရဲ့ လမ်းကြောင်းတခုခုပေါ်မှာ တကယ်လှုပ်ရှားမှုပုံစံ။

    ၃။ကျနော်ရဲ့ အေ ဘီ စီ က လူ့ဘဝရဲ့ ပြဿနာနဲ့အဲဒီအပေါ် လူ့စိတ်တုံ့ပြန်တတ်တဲ့ ပုံစံ။

    (ကားနဲ့ ဥပမာပေးရရင် ကိုဘလက်က ကားအမျိုးအစား ကို ပြောပြနေတာ။

    ညီလေးဂီက အသုံးပြုပုံ၊ တောလမ်းမောင်းလို့ကောင်းတယ် အစရှိဖြင့်ဘယ်ခရီးဆိုမကောင်းဘူးဆိုတာမျိုး။

    ကျနော်က ဘယ်လိုဆိုပျက်တတ်တယ်၊ ပျက်ရင်ဘယ်လိုပြင်တယ် ဆိုတာမျိုး မို့ တခုနဲ့တခုမတူပါဘူး)

    ဆိုရေးရှိကဆိုအပ်လှဆိုတော့ ABC ကို ရှင်းလင်းစွာသိချင်သူများ

    ကျနော့ဆောင်းပါး ကိုသာ ဖတ်ကြည့်ကြပါတော့လို့။

    လေးစားစွာဖြင့်
    မောင်သစ်မင်း (^^)
    ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

    • Wow

      November 2, 2012 at 5:17 pm

      ဟယ် ပညာရှိများ ရှင်းလိုက်ရင် ပြောင်ကရောဆိုတာလို… :harr:
      နားမလယ်ဒါ မရှိဒေါ့ဘူးလို ဆိုလိုဒါဘာာာာ :kwi:

  • Green Rose

    November 2, 2012 at 5:53 pm

    အောင်မလေး..
    ရွာထဲကို မဝင်လိုက်နဲ့ ဝင်လိုက်မိတာနဲ့ ပေါ့ပေါ့ပါးပါးဆိုတဲ့ ပို့စ် တောင်ဒီလောက် လေးနက်နေတာနော်။
    ကိုဘလက်ချောရေ.. Green Rose ကတော့ စိတ်ပါဝင်စားတဲ့ကိစ္စဆိုရင် တတ်ကြွပြီး Plan လည်းထောင့်စေ့အောင်ဆွဲ (ကိုယ့်ဖာသာတော့ ကိုယ် အဲလိုပဲထင်မိတာပဲ)၊ အဲဒီ့ plan ကို run တဲ့အချိန်မှာလည်း အင်မတန်မှ Active ဖြစ် ပေမယ့် ကိုယ်စိတ်မပါတဲ့ကိစ္စဆိုရင် အင်မတန်မှ ထုံထိုင်းပြီး အပျင်းကြီးတာပါ။
    နောက်ပြီး တစ်ခါတစ်ခါ အများနဲ့တစ်ယောက်တောင် ကန့်လန့်တိုက်ပြီး ကိုယ်မှန်တယ်ထင်ရာကို (တစ်ခါတစ်ခါ မှားမှန်းသိသိကြီးနဲ့ သူများပြောတာလက်မခံချင်လို့) ဇွဲကောင်းကောင်းနဲ့ မဖြစ်ဖြစ်အောင်လုပ်တတ်တာမျိုးဆိုတော့ လူ့အဖွဲ့အစည်းအတွက် အန္တရယ်ကြီးတဲ့လူမျိုးထဲမှာလည်း ပါသေးတယ်ထင်တယ်။
    ပြောပြကြပါ Green Rose က ဘယ်အုပ်စုထဲမှာပါတာလဲဟင်… ဒီအတိုင်းဆိုရင်တော့ ရွာပြင်များ အထုတ်ခံရမလားမသိ ဟီ.. ဟိ
    (ဪ ကိုအင်ဇာဂီရဲ့ comment ရယ်၊ မ Pooch ရဲ့ comment ရယ်ကိုတော့ အချိန်ယူပြီးဖြေးဖြေးဖတ်ဖို့ Print ထုတ်သွားမယ်.. ခုတော့ ခေါင်းမူးချင်လာပြီ)
    လေးစားလျှက်
    (Green Rose)

  • ဦး ကျောက်ခဲ

    November 2, 2012 at 7:08 pm

    ကိုဘလက်ရေ

    ထူချင်တဲ့နေရာ သူများတဲ့ထူ (အသိခေါက်ခက် အဝင်နက်)
    တော်ပြန်ရင်လဲ သူများထက်တော် (တလွဲဆံပင်ကောင်း)
    ပျင်းချင်ရင် သူများထက်ပျင်း (အလုပ်အကိုင်)
    တက်ကြွရင်လဲ သူများထက်သာ (အပျော်အပါး)

    ကြားထဲက “ဂွ” ဖြစ်နေတဲ့ မောင်ကျောက်ကို ဘယ်ချောက်ထဲ ကန်ချမတုံး ခင်ဗျ…
    :hurr:

  • Silver Twig

    November 2, 2012 at 10:25 pm

    When I went job interview, I’d get to take PILI test. The boss gave me a paper written the same Personal Index and Liable Index on both pages, kinda friendly, relax, active, lazy, blah blah. First page I have to choose what kind of people I am and second page page I have to choose what other think who I am.
    So to answer the question, I think I am kinda lazy and stupid but I want other think I am awesome

  • Sweet Tooth

    November 3, 2012 at 12:56 am

    အင်း….ကိုယ့်ကိုကိုယ် တွေးကြည့်မိတော့ မိချစ်ရေ တို့အဖြစ်က ဒီလိုကြီးလား။
    တလွဲတွေ လုပ်မိတဲ့ နေရာမှာတော့……..Clever (စာရေးဆရာ နီကိုလွဲရဲ့စာတွေမှ ကြိုက်မိတာကိုး)
    ဖွန်ကြောင်တဲ့ နေရာမှာတော့……………..Active (ဗီဇ ဆိုတာ ဖျောက်လို့မှ မရဘဲကိုး)
    ဒါပေမယ့် နောက်ပိုးလုပ်တဲ့နေရာမှတော့……..Stupid
    အလုပ်အကိုင်မှာတော့………..Lazy(ထိုင်နေရင်တောင် ဒူးနန့်ဖို့ ပျင်းတဲ့ကောင်)
    ရွာသူတွေ ကြိုက်ကုန်ကြမှာ စိုးလို့ Low profile နဲ့နေ,နေတာ။
    မနေသာလို့သာ တို့က အတင်းအာပလာ ရှင်းလင်းပွဲ ဝင်လုပ်ပေးတာ။ဟွန့်……ဒီကကောင်က နယ်နယ်ရရ မဟုတ်ဘူး။
    လေးဘွဲ့ရ နော်။

  • မမလေး

    November 8, 2012 at 2:11 am

    Clever & sometime lazy … sometime active ဆိုရင်ရော … ဘာလုပ်ရမလဲ … ?

    • အရီးခင်လတ်

      November 8, 2012 at 3:19 am

      ကွန်ပျူတာ ပလိုဂရမ်မာလုပ်။ 😆

  • Shwe Ei

    November 8, 2012 at 11:37 am

    သများကလေ Clever & Lazy လို့ထင်တာ တကယ်တမ်းကျတော့
    Positive (Attitude), Active (Motivation), Get (Opportunity) and Smart Girl ဖြစ်နေတာတော့။
    နောက်ပီး Positive Attitude+Good Behavior+ Cooperation sense ကလဲ ရှိတော့လေ…..
    ဆက်ပျောရင် မနာလိုဖစ်ကုန်ကျတော့မယ် ခိခိ။
    :mrgreen:

Leave a Reply