“သင်၏ သုညများကို ကျွန်တော်တို့ စောင့်နေသည်”
(၁)
“မင်းတကယ် သိတာပြောစမ်းကွာ”
“ဗျာ”
“အေး .. မင်းတကယ်သိတာ အရင်ပြောကြည့်စမ်း”
“ဒါဆို ကျွန်တော်ပြောပြီးရင် ခင်ဗျား ပြောမှာလား”
“အေး .. ပြောမယ်”
ထိုသို့ဖြင့် ကျွန်တော်တို့ ဘာစကားမျှ မပြောဖြစ်ခဲ့။ တစ်သက်လုံး။
(၂)
သူတို့အားလုံး ဝိုင်းဝန်းစဉ်းစားနေကြတဲ့ ပုစာ္ဆတစ်ပုဒ်ပါ။ ကျွန်တော်လည်း ပါဝင် စဉ်းစားကြည့်တယ်။
“ငှက်တွေက အတောင်နှစ်ဘက်ထက်ပိုရင် ဒီထက်ပို ပျံသန်းနိုင်ကြမလား”
တစ်ချို့က ဆိုတယ်။
“ပျံသန်းနိုင်မှာပေါ့ကွ”
တစ်ချို့က တွေးတယ်။
“ဟာ .. အတောင်တွေများတော့ အဲဒီ အလေးချိန်ကြောင့်ပဲ ပျံသန်းနိုင်မှာ မဟုတ်တော့ဘူး”
တစ်ချို့ကလည်း ဒီလိုပါ။
“ဘယ်ကသာ .. သဘာဝတရားနဲ့ သွေဖီနေရင်တော့ .. အားလုံး ကျရှုံးရမှာပဲ”
ကျွန်တော့် စကားကြားတော့ အားလုံး တွေဝေသွားကြတယ်။
“ငှက်နှစ်ကောင်ကို ကြိုးတစ်ချောင်းနဲ့ ပူးချည်လိုက်ရင် အတောင်လေးဘက် ရှိနေပေမယ့် ပျံသန်းနိုင်ပါ့မလား”
ကျွန်တော်တို့ အားလုံး ဦးတည်ချက် တူသူများတောင် တကယ်တော့ နှေးနှေးသွားမလား၊ မြန်မြန်သွားမလား မတူကြ။ မဖြစ်နိုင်တဲ့ အရာများကြားမှာ ကျွန်တော်တို့ အဖွဲ့အစည်းများ တည်ဆောက်မိတာဟာ ငှက်တွေကို အားနာစရာ။
(၃)
အရေးကြီးတဲ့ အစည်းအဝေးတစ်ခုကို သူငါးမိနစ်နောက်ကျတဲ့အတွက် အားလုံး ဝိုင်းဝန်း အပြစ်တင်လိုက်ကြတယ်။ သူက အေးအေးဆေးဆေးပါပဲ။ မချိပြုံးတစ်ခုနဲ့ အားလုံးကို ပြန်ကြည့်တယ်။
“မင်းကွာ .. ခုကိစ္စက ကမာ္ဘတစ်ခုလုံးရဲ့ တတိယ မြောက် စစ်ပွဲကွ”
“အေးလေ.. ငါတို့က မင်းကို အထင်ကြီးထားတာ”
“နောက်ကျရမယ့် အကြောင်းအရင်းကို မရှိတာ”
တစ်ယောက်တစ်မျိုး ဝိုင်းဝန်း အပြစ်တင်လိုက်ကြတယ်။ သူကတော့ အေးအေးဆေးဆေးပါပဲ။
“ကျွန်တော် ငါးမိနစ်တည်း နောက်ကျတာပါ.. နေရဲ့ အလင်းတောင် ကမာ္ဘကို ရောက်ဖို့ ရှစ်မိနစ်နောက်ကျတယ်
ခင်ဗျားတို့ ဘာကို လောနေတာလဲ.. ကျွန်တော်တို့အတွက် အနည်းဆုံးတော့ ခုချက်ချင်း သေရင်တောင် ရှစ်မိနစ်နောက်ကျပြီးမှ သေရမှာပါ”
အားလုံး တိတ်ဆိတ်သွားကြတယ်။ တကယ်ပဲ ကျွန်တော်တို့ အားလုံးဟာ ရှစ်မိနစ်နောက်ကျပြီး မိုးလင်းခဲ့သူတွေလား။ ဘဝဟာ မသေချာ။ အတွေးများဟာ မသေချာ။ အားလုံး တိတ်ဆိတ်လို့ နေတော့တယ်။
(၄)
“အလင်းဟာ တစ်စက္ကန့်မှာ မိုင်ပေါင်း ၁၈၆၀၀ဝ ပြေးနိုင်တယ်”
ပါမောက္ခကြီး စကားကြားတော့ အပြေးသမားက စိတ်ညစ်သွားတယ်။
“ကျွန်တော်က တစ်မိုင်တောင် မပြေးနိုင်ဘူးပဲ”
ပါမောက္ခကြီးက ဆက်ပြောတယ်။
“မင်းခုထက်ပို ပြေးနိုင်ဖို့ တစ်ခုပဲလိုတယ်”
“ဘယ်လိုမှ မဖြစ်နိုင်တာကို တစ်ခုပဲလိုတယ်ဆိုတဲ့ စကားက ကျွန်တော့်ကို ပိုစိတ်ညစ်စေတယ်”
“မင်းထင်လို့ပါကွာ …”
ပါမောက္ခကြီး စကားကြားတော့ သူတွေဝေသွားတယ်။ လူတစ်ယောက်က တစ်စက္ကန့်ကို တစ်မိုင်ပြေးနိုင်ပါသလား။ သူတွေဝေရင်းက မဖြစ်နိုင်ဘူးလို့လည်း ထပ်တွေဝေကာ ဝေခွဲမရဖြစ်နေပြန်တယ်။
“ဟုတ်လို့လားဗျာ.. သေချာမှလည်းလုပ်ပါဗျာ” လို့ သူက ပါမောက္ခကြီးကို မေးလိုက်တယ်။
“တစ်ခုပဲ လိုတာပါ..
မင်း ခြေထောက်နှစ်ဘက်လုံး မြေကြီးနဲ့ အချိန်ကြာကြာ ကင်းလွတ်ဖို့ပဲ ကြိုးစားကြည့်ပါ.. အဲဒီအခါ ကမာ္ဘရဲ့ လည်ပတ်မှုဟာ မင်းရဲ့ အရှိန်ကို တွန်းကန်အားပေးလိမ့်မယ်”
သူ သေသေချာချာ နားမလည်ခဲ့။ ပါမောက္ခကြီးက ဆက်ပြောတယ်။
“အသံထက်မြန်တဲ့ ရထားပေါ်မှာ လူနှစ်ယောက်က တန်းနစ်ကစားရင် ဘာဖြစ်မယ်ထင်လဲ”
“ဘာဖြစ်မှာလဲ”
“တန်းနစ်ဘောလုံးဟာ လူတစ်ဦးရိုက်လိုက်လို့ လေပေါ်မှာရောက်နေတိုင်း ရထားကလည်း ရွေ့နေမယ်
ဒီလိုဆို ဘောလုံးအောက်ကျတဲ့ နေရာဟာ ရိုက်လိုက်တဲ့ လူရဲ့ အားနဲ့ တိုက်ရိုက်အချိုးမကျတော့ဘူး
သူရိုက်လိုက်တာနဲ့ ပိုမြန်လာနိုင်သလို ပိုလည်း နှေးသွားနိုင်တယ်”
(၅)
ကျွန်တော်တို့အားလုံး စကားသံတိတ်ဆိတ်နေကြတယ်။ ပတ်ဝန်းကျင်တစ်ခုလုံးက အမှောင်ကျလို့။ တစ်ဦးနှင့် တစ်ဦးပင် မမြင်ကြရ။ အားလုံးကလည်း အသက်ရှူသံပင်မကြားရအောင် တိတ်ဆိတ်ငြိမ်သက်နေကြတယ်။ ညကလည်း ပိုမှောင်သထက် အမှောင်ကျကာ။ ကြယ်မလင်း လမသာတဲ့ အမှောင်ကမာ္ဘမှာ ကိုယ့်အသက်ကိုယ် ထိန်းရှူနေကြ။
“အဟမ်း ..”
လူတစ်ဦးက ချောင်းဟန့်လိုက်တယ်။ မကြာပါ ထိုသူထံမှပဲ ထင်တယ်။ စကားသံထွက်ပေါ်လာတယ်။
“ဘာကိုမှ မမြင်ရခြင်း၊ ဘာကိုမှ မကြားရခြင်းဟာ သုညပါပဲ”
“နက်ရှိုင်းလွန်းတဲ့ အတွေးအခေါ်များကို စကားလုံးတွေနဲ့ ဖေါ်ပြဖို့သိပ်ခက်ပါတယ်”
ကျွန်တော်တို့အားလုံး ခဏ ပြန်ငြိမ်သက်လိုက်ကြတယ်။
သုည…….။ သုည….။ ကျွန်တော်တို့အားလုံး ဘာမှမမြင်ရခြင်းဟာ သုညလား။ ကျွန်တော်တို့ မကွဲပြား။ ခဏနေတော့ နောက်ထပ်ပုဂ္ဂိုလ်တစ်ဦးက ခပ်မြင့်မြင့် တစ်နေရာမှ စကားသံထွက်ပေါ်လာတယ်။ သူဘယ်နေရာမှာ ရောက်နေတာလဲ။ မမြင်ရပေမယ့် သူ့အသံဟာ အပေါ်တစ်နေရာကလာတာ။
“ဘာကိုမှ မမြင်ရခြင်းက သုည မဟုတ်ဘူး.. ဘာကိုမှ မကြားရခြင်းကလည်း သုညမဟုတ်ဘူး
အသက်ကို ထိန်းရှူနေရပေမယ့် ကိုယ့်အသက်ရှူသံကို ပြန်ကြားနေရတယ်
တကယ်တော့ ဘာကိုမှ မတွေးခြင်းက သုညပဲ”
အားလုံးတိတ်ဆိတ်သွားကြပြန်တယ်။ ဘာကိုမှ မတွေးဘဲ နေလို့ရပါသလား။ မေးခွန်းကိုယ်စီနဲ့။
“ဘာကိုမှ မတွေးဘဲ နေလို့ မရဘူး”
“ဟုတ်တယ်.. ကျုပ်ရောပဲ”
“အင်း.. နေလို့မရတာဟာ စိတ်ထဲက အတွေးတွေကို ခင်ဗျားတို့က အတင်းထုတ်ချင်နေလို့ပဲ
ဖန်ခွက်ထဲက ရေကို သွန်ပစ်ဖို့ ဖန်ခွက်ထဲကို လေပြန်ဝင်ဖို့ လိုတယ်
အဲဒီလိုပဲ စိတ်ထဲက အတွေးတွေ မှောက်ပစ်ဖို့ဆို ခင်ဗျားတို့ အသိတရားသုညကို ပြန်ထည့်ဖို့ လိုတယ်”
“အို ….”
အသိတရားသုည….။
(၆)
ကမာ္ဘဦးတစ်ခေတ်က လူသားများက မေးခွန်းတစ်ခုကို ကောက်ရကြလေသည်။ သူတို့ ကောက်ရသော မေးခွန်းကို ကျန်သူများကို မျှဝေ၍ ဝိုင်းဝန်း အဖြေရှာကြ၏။ သို့သော် မည်သူမျှ အဖြေရှာမရ။ ဖြေသူတွေကလည်း မှန်မမှန် မသေချာ။ လက်တွေ့သာဓက မပြသနိုင်ဖြစ်ကြလေသည်။
ထိုသူတို့၏ ပုစာ္ဆကား …….
“သုညတွေ အများကြီးပေါင်းရင် တစ်ဖြစ်နိုင်သလား…….” ဟူ၍ ဖြစ်လေ၏။
ထိုမေးခွန်းသည် နှစ်ပေါင်းများစွာ အဖြေမရှိဘဲ နေခဲ့ပြီးသကာလ တစ်ရက်တွင် သချာင်္ပညာရှင် တစ်ဦးက သက်သေနှင့် တကွ အဖြေပေးခဲ့လေသည်။
“သုညတွေ အများကြီးပေါင်းရင် တစ်ဖြစ်နိုင်သလို တစ်ထက်ပို၍ လည်း ဖြစ်နိုင်ပါတယ်”
ထိုအဖြေကို လူသားများအားလုံး စိတ်ဝင်စားကြလေသည်။ ထို့နောက် သချာင်္ပညာရှင်ကြီးက အောက်ပါအတိုင်း ရှင်းပြလေသည်။
“မူလပထမမှာတော့ အစက်အပြောက်တွေရှိတယ်.. သူတို့မှာ ဧရိယာတန်ဖိုး သုညနဲ့ တည်ရှိကြတယ်
နောက်တော့ သူတို့ကို ပူးကပ်ပေးလိုက်တဲ့အခါ မျဉ်းတစ်ကြောင်းဖြစ်လာတယ် မျဉ်းတစ်ကြောင်းဟာ
အလျားတန်ဖိုးရှိပေမယ့် ဧရိယာတန်ဖိုးကတော့ သုညပဲ.. အဲဒီအတိုင်းသာ အစက်ပြောက်တွေပေါင်းထားတဲ့
မျဉ်းကြောင်းလေးကြောင်းကို ဆက်ပေးလိုက်မယ်ဆို စတုဂံတစ်ခုအဖြစ် ဧရိယာတန်ဖိုး ရှိလာပြီ
ဒါကြောင့် သုညတွေ အများကြီးပေါင်းရင် တစ်ဖြစ်နိုင်ပါတယ်”
(၇)
ကျွန်တော့်တွင် အသုံးမလိုသော သော့တစ်ချောင်းရှိ၏။ ခင်ဗျားတွင် သော့ပျောက်နေသော ရွှေသေတ္တာရှိ၏။ ကျွန်တော့်အတွက် အသုံးမလိုသော သော့ (သုည)နှင့် ခင်ဗျားတွင် ဖွင့်မရသော ရွှေသေတ္တာ (သုည) တို့ပေါင်းစပ်သောအခါ ကျွန်တော်တို့ ကြီးမားသော တန်ဖိုး တစ်ခုကို ရရှိလိမ့်မည်။ ကမာ္ဘ့သမိုင်း အဆက်ဆက်တွင် သုညတို့ပေါင်းစည်း၍ အောင်မြင်ခဲ့သူများစွာ ရှိခဲ့သည်။
မိတ်ဆွေ ..
ခင်ဗျားမှာ အသုံးမဝင်သော သုညများကို သိမ်းမထားပါနှင့်။
လွင့်မပစ်ပါနှင့်။
ကမာ္ဘကြီး၏ နေရာများစွာတွင် ခင်ဗျားသုညများကို စောင့်နေသူများရှိနေသည်ကို သတိရပါ။ ။
ရင်နင့်အောင်
18 comments
မောင်ပေ
November 2, 2012 at 1:46 pm
သုညများ
ဖုံထသွား
စုံမဖား
ချုံဝကား
ပုံဝစား
Wow
November 2, 2012 at 3:25 pm
ရွာထဲက ဘီဘီချစ်သူများ လာဂျ ဒီဂို…
နာတောင် မသောက်ဘဲ ရီဝေဝေ ဖစ်လာဒယ်.. :harr:
Mr. MarGa
November 2, 2012 at 8:49 pm
ရီဝေဝေ တင်ပဲလားဗျာ
ဦးမာဃတော့ ချာချာလည်သွားတယ်။
:eee:
မမလေး
November 3, 2012 at 4:05 am
(၁) က တစ်ယောက်က အလျော့ပေးဖို့လိုတယ် … မလိုအပ်ပဲနဲ့ တင်းခံနေဖို့မလိုဘူး …
(၇) သူ့မှာရှိတဲ့အစွမ်းအစ ကိုယ့်မှာမရှိဘူး … ကိုယ့်မှာရှိတဲ့အစွမ်းအစ သူ့မှာမရှိဘူး … ဒီလိုနဲ့ တစ်ယောက်နဲ့တစ်ယောက် အားနည်းအားသာချက်တွေ စည်းလုံးစွာဖလှယ်လိုက်မယ်ဆို အရာအားလုံးအဆင်ပြေသွားလိမ့်မယ် … အဲ့လိုဆိုလိုတာလားဟင် … သိပ်လိုက်မမှီလို့ပါ …
ရင် နင့် အောင်
November 3, 2012 at 9:30 am
ခင်ဗျားတို့ ဘယ်နားကို နားမလည်တာလဲ။ ကျွန်တော် နားမလည်အောင် မရေးမိပါဘူး။ း)
uncle gyi
November 3, 2012 at 9:39 am
လောဂျစ်အရတစ်ကိုလက်ခံပေမဲ့
တကယ်အပြင်လောကမှာသုညတွေပေါင်းလို့တစ်မဖြစ်နိုင်ပါဖူး
ဒါပေမဲ့သုညကတစ်မဖြစ်လို့ဘာမှတွေပြီးတစ်ဖြစ်ဖို့ကြံနေစရာမလိုပါဖူး
သုညလည်းသုညတန်ဖို့ရှိနေလို့ပါ
ရင် နင့် အောင်
November 3, 2012 at 11:17 am
ကျွန်တော် ဒီထဲမှာ အသုံးပြုခဲ့တဲ့ သက်သေပြချက်က အိုင်ဆက်နယူတန် ပြသွားတဲ့ သက်သေပြချက်ပါ။
သချာင်္သဘောတရားမှာ သုညတွေ ပေါင်းလုံး လုံးဝတစ်မဖြစ်ဘူးလို့ ထင်တာ မှားပါတယ်။
ကပ်ကုလပ်စ်သချာင်္မှာ တစ်ဖြစ်ပါတယ်။ း)
Wow
November 5, 2012 at 2:26 pm
ဟုတ်လယ်.. မှန်မှန်မှားမှား ဖင်ပိတ်ပြီးသာငြင်း :harr:
အဲ့လာမှ ရွာသူားပီသဒါ :kwi:
ရင် နင့် အောင်
November 6, 2012 at 9:12 am
ရွာသားတော့ ပီသချင်ပါတယ်။ ဖင်ပိတ်တော့ မငြင်းပါရစေနဲ့ း)
kyeemite
November 3, 2012 at 10:30 am
ဒီအတွေးကိုတော့ ကြိုက်သဗျာ…. :bar:
Tun Tun Naing
November 3, 2012 at 11:01 am
ကြိုက်တယ်ဗျာ… က ကြီး နဲ့ကို ကြိုက်တယ်…
တော်တယ်…တ ဝမ်း ပူ နဲ့ ကို တော် တယ်…
ဆက်ရေးဗျာ…ရ ကောက်နဲ့ကို ရေး ပါဗျာ..
ရင် နင့် အောင်
November 5, 2012 at 2:21 pm
မြန်မာစာ ကျွမ်းကျင်မှု း)
Shwe Tike Soe
November 3, 2012 at 11:27 am
သုံညဆိုတာ သူဟာသူနေရင် ဘာတန်ဖိုးမှမရှိပေမဲ့ တန်ဖိုးရှိတဲ့ ဟာနဲ.ပေါင်းရင် အဲဒီပေါင်းတဲ့ တန်းဖိုးပိုရှိသွား တယ်ပေါ့နော်..
နဲနဲစဉ်းစားစရာ ရသွားတယ်ဗျ…… အားပေးသွားပါတယ်ဗျာ…
အလင်းဆက်
November 4, 2012 at 6:36 pm
အင်း..
ဒီလို…စာသား အသွားအလာမျိုးကို…
တွေ ့ချင်နေတာ ။
ကြိုက်တယ် ။
ပြီတော့…
တာရာမင်းဝေ..ရဲ ့…
ဝတ္ထု တိုတွေ လိုပဲ… ဖတ်ရတာ… တစ်မျိုးလေး..ဆန်းနေလို ့…
ပိုပြီး..နှစ်သက်မိပါတယ် ။
အတွေး.လေးလည်း..ကြိုက်တယ် ။
အင်း.အကုန်ကြိုက်တယ်ဗျာ .။
လူရော..ဘာရော…
:kwi:
ရင် နင့် အောင်
November 5, 2012 at 2:21 pm
လူတော့ ပါနဲ့လေဗျာ း)
pooch
November 4, 2012 at 7:16 pm
စိတ်ပူမိတာက တခုက ကိုယ့်မှာရှိတဲ့ သုညက သူတပါးမှာရှိတဲ့ သုညနဲ့ ပေါင်းပြီး ရွှေသေတ္တာလို ကြီးမားတဲ့ တန်ဖိုးတွေ ထွက်မလာပဲ ကိုယ့်ဝန်းကျင်ကို အနှောင့်အယှက်ပေးမဲ့ အရာတွေ ဖြစ်လာမှာကို ပါ။
Foreign Resident
November 5, 2012 at 3:46 pm
” အရေးကြီးတဲ့ အစည်းအဝေးတစ်ခုကို သူငါးမိနစ်နောက်ကျတဲ့အတွက် ”
” ခင်ဗျားတို့ ဘာကို လောနေတာလဲ ”
အဘ ကတော့ သေရေး ရှင်ရေး ကိစ္စကလွဲရင် ၊
ခိုင်လုံတဲ့ အကြောင်းပြချက် မရှိရင် ၊
ချိန်းထားတာထက် ငါးမိနစ် ပိုနောက်ကျရင် ၊
အဲဒီလူကို ဆက်မစောင့်ပါဘူး ။
အဲဒီလူကို အထင်အမြင်သေး / ရွံရှာ ပါတယ် ။
၁ ။ နောက်ကျ မဲ့လူဟာ သိသိချင်း ကြိုပြော / အကြောင်းကြား ရပါမယ် ။
၂ ။ နောက်ကျ တဲ့လူဟာ အမှန်တကယ် တောင်းပန်ရပါမယ် ။
၃ ။ နောက်ကျတာဟာ အချိန် မတိကျတဲ့ လူ့ပေါ့သွပ်က ၊
အချိန်အတိအကျမှာ ရောက်နေမယ့် လူကြီးလူကောင်းကို ၊
စော်ကားတာ မလေးစားတာ ဖြစ်ပါတယ် ။
၄ ။ တနည်းအားဖြင့် အချိန်အတိအကျမှာ ရောက်နေမယ့် လူကြီးလူကောင်းကို ၊
လူကြီးလူကောင်း ရဲ့ ( စောင့်နေရတဲ့ ) အချိန်တွေဟာ တန်ဖိုးမရှိဘူးလို့ ၊
သွယ်ဝိုက်ပြီး ပြောလိုက်တာဖြစ်ပါတယ် ။
အချိန်ကို မလေးစားတဲ့သူတွေကို အထူး အထင်အမြင်သေးပါတယ် ။
မြန်မာလူမျိုးတွေ အချိန်ကို မလေးစားတာကို သတိပြုမိပါတယ် ။
အဲဒါကြောင့်လည်း ၊ မြန်မာလူမျိုးတွေဟာ ၊
သူတို့နှင့် ထိုက်တန်တဲ့ အစိုးရ (အာဏာရှင်) နှင့် အခြေအနေ (ငမွဲတိုင်းပြည်) ကိုရနေတာပါ ။
ရင် နင့် အောင်
November 6, 2012 at 8:57 am
မြန်မာလူမျိုးတွေလို့ ရောသမမွှေ စော်ကားထားတဲ့ ကွန်မန့်ကို မြန်မာစာရေးပြီး မြန်မာလိုတွေးပြီး မြန်မာလို လွယ်လွယ် ရေးလေရော့သလား။
ကျွန်တော် ပြောတာတွေ ရေးတာတွေက အမှန်လို့ ဘယ်တော့မှ မပြောပါဘူး။ တစ်ခါတလေ အမှားတွေလည်းပါလိမ့်မယ်။
စာဖတ်သူတွေက ကိုယ်လိုရာကို ကိုယ့်တွေးနိုင်သလောက် တွေးပြီး ရတာကို ယူကြပါတယ်။
ခု ကွန်မန့်ကို ရေးသွားသူကတော့ အချိန်ကို မလေးစားတာ မှန်တယ်လို့ ကျွန်တော် ရေးသွားတယ် ထင်ခဲ့ပုံရပါတယ်။
း)