တောင်ပေါ်က တယောသံ
+++++++++++++++++++++++
ထိုတောင်
ထိုတောင်သည် အမြင့်အားဖြင့် မနိမ့်လွန်း၊ မမြင့်လွန်းပေ။ ထိုတောင်ပေါ်၌ ထုံးဖြူဖြူ စေတီတစ်ဆူလည်း တည်ထားလေ၏။ သို့ရာတွင် ထိုတောင်ပေါ်သို့ တက်ရောက်၍ ဘုရား ဖူးမြော်သူမှာ နည်းပါး၏။ အဘယ်ကြောင့် ဆိုသော် ထိုတောင် ပတ်လည်တွင် ချုံပုတ်များ၊ ဆူးရှိသည့် အပင်များ များစွာ ပေါက်ရောက်နေသည့် အပြင် လူသွားလမ်း ဟူ၍ ကောင်းစွာ မရှိသောကြောင့်လည်း ဖြစ်ပေသည်။
ထိုတောင်၏ မြောက်အရပ် နှစ်မိုင်ခန့် အကွာတွင်မူ ရွာငယ်တစ်ရွာ ရှိလေသည်။ ထိုရွာငယ်၏ အမည်မှာ ရွက်လှရွာ ဟူ၍ တွင်လေ၏။ ထိုရွာမှ ရွာသူရွာသားများမှ ထိုတောင်အား ရန်အောင်တောင် ဟူ၍ ခေါ်တွင်ကြလေ၏။ ယင်းအမည်တွင်ရခြင်း အကြောင်းမှာလည်း ယခင်က ထိုတောင်ပတ်လည်တွင် တည်ရှိသော မြေပဲ၊ နှမ်းများ စိုက်ပျိုးသည့် ယာခင်းများမှာ ဦးရန်အောင် ဟူသော လူကြီးတစ်ဦးမှ ပိုင်ဆိုင်လေသောကြောင့် ထိုတောင်ကိုလည်း ဦးရန်အောင် တောင်ဟူ၍ နောက်ပြောင် ခေါ်ဝေါ်သည်မှစ၍ ရန်အောင်တောင် ဟူသောအမည်မှာ တွင်ခဲ့ခြင်းသာ ဖြစ်လေသည်။
ထိုတောင်ပေါ်တွင် တည်ထားသော ထုံးဖြူဖြူ စေတီလေးကိုလည်း တောင်၏ အမည်ကို အစွဲပြု၍ပင် ရန်အောင်စေတီ ဟူ၍ ခေါ်တွင်လေ၏။ ထိုစေတီလေးအား မည်သည့်အချိန်၊ မည်သည့်အခါ၌ မည်သူ တည်ထားခဲ့သည်ကို မည်သူမှ အတိအကျ မသိကြပေ။ ထိုစေတီနှင့် ထိုတောင်တွင် အစောင့်အရှောက်များ၊ ဥစ္စာစောင့်များ ရှိသည်ဟူ၍လည်း ထိုပတ်ဝန်းကျင်ရှိ ရွာများတွင် သတင်းကြီးလေ၏။ ယင်းအချက်သည်လည်း ထိုတောင်ပေါ်သို့ အသွားအရောက် နည်းခြင်း အကြောင်းအချက် တစ်ခု ဖြစ်၍ နေပေတော့၏။
ရန်အောင်တောင်နှင့် မလှမ်းမကမ်း အရပ်တွင် ဦးသာအောင် ဟူသော အဖိုးကြီးတစ်ဦး ပိုင်ဆိုင်သည့် ယာတစ်ကွက် ရှိလေ၏။ ထိုအဖိုးကြီးသည် ၎င်း၏ ယာကွက်အတွင်း ၎င်းနေထိုင်ရန်အတွက် တဲငယ်တစ်လုံး ဆောက်လုပ်ထားလေ၏။ အဖိုးကြီး ဦးသာအောင်မှာ ရွက်လှ ရွာသားတစ်ဦး ဖြစ်ပြီး ၎င်းမှ ရွာအတွင်း ဆူညံလှသည်ဟူသော အကြောင်းပြချက်ဖြင့် ၎င်းပိုင်ဆိုင်သော ယာကွက်အတွင်း ယင်းကဲ့သို့ တဲငယ်တစ်လုံး တည်ဆောက်၍ နားအေးပါးအေး ဆိုသကဲ့သို့ပင် တစ်ယောက်တည်း နေထိုင်လေ့ ရှိလေသည်။
အဖိုးကြီး ဦးသာအောင်မှာ ညခင်း မှောင်ရည်စပျိုးချိန်တွင် ရွာမှ ၎င်း၏ မြေးဖြစ်သူ မောင်အောင်ဦး လာရောက်ပို့ပေးသည့် ထမင်းအား မြိန်ယှက်စွာ စားသောက်လေ့ ရှိ၏။ ပြီးနောက်တွင် ခံတွင်းချဉ်ခြင်းအား ဖြေဖျောက်ရန် အလို့ငှာ ပြောင်းဖူး ဆေးလိပ်ကြီးအား မီးတရဲရဲဖြင့် ဖွာရှိုက်လေ့ ရှိပြန်၏။ ယင်းနောက်တွင် မူကား အဖိုးကြီး ဦးသာအောင်မှာ အိမ်ယာ ဝင်လေ့ ရှိလေသည်။
ဦးသာအောင်မှာ ည သန်းခေါင်ယံ အခါတွင် တစ်ရေးနိုးလေ့ ရှိ၏။ ထိုအခါ အပေါ့အပါး သွား၍ ၎င်း၏ တဲအရှေ့ရှိ ကွပ်ပျစ်ပေါ်တွင် ထိုင်ကာ ဓာတ်ဗူးအတွင်း အဆင်သင့် ထည့်ထားသော ရေနွေးကြမ်းအား ဇိမ်ခံ၍ သောက်နေတတ်လေသည်။ ဤနေရာတွင် ဖြည့်စွက်၍ ပြောရပါလျှင် ဦးသာအောင်မှာ ကြောက်တတ်သူတစ်ယောက် မဟုတ်ပေ။ ဥစ္စာစောင့်များ ရှိသည်ဟူ၍ နာမည်ကြီးသော တောင်အနီးတွင် တစ်ယောက်တည်း ညအိပ်ညနေ နေထိုင်သည်ကို ကြည့်ခြင်း အားဖြင့်ပင် ဦးသာအောင်မှာ တော်ရုံ ကြောက်တတ်သူ စာရင်းတွင် မပါဝင်ကြောင်းကို စာဖတ်သူတို့ သတိပြုမိပေလိမ့်မည်။
++++++++++++++++++++++
သူတို့ မြေးအဖိုး
အဖိုးကြီး ဦးသာအောင်၏ မြေးဖြစ်သူ မောင်အောင်ဦးသည် နေ့စဉ် ညနေချိန်တိုင်းတွင် ဦးသာအောင်အတွက် ထမင်း လာရောက်၍ ပို့လေ့ ရှိလေသည်။ တစ်ခုသော နေ့တွင်မူ မောင်အောင်ဦးသည် ရွာသို့ မပြန်တော့ ဟူ၍ ပြောကာ ဦးသာအောင်နှင့်အတူပင် အဆိုပါ တဲကလေး၌ အိပ်စက်ခဲ့လေသည်။ အဖိုးကြီး ဦးသာအောင်မှာ ၎င်း၏ ထုံးစံအတိုင်း ဆိုသကဲ့သို့ပင် သန်းခေါင်းယံ အချိန်၌ နိုးလာခဲ့၍ တဲကလေး အရှေ့ရှိ ကွပ်ပျစ်ပေါ်တွင် အေးအေးလူလူ တစ်ယောက်တည်း ထိုင်ရင်း ရေနွေးကြမ်း သောက်နေလေသည်။
မောင်အောင်ဦးသည် ဦးသာအောင် နိုပြီး အတန်ငယ် ကြာသောအခါ ၎င်းသည်လည်း တစ်ရေးနိုး နိုးထလာခဲ့လေ၏။ မောင်အောင်ဦးသည် နိုးထကာစတွင် တဲအရှေ့ ကွပ်ပျစ်ပေါ်၌ ထိုင်လျက် ရှိသော ၎င်း၏ အဖိုးဖြစ်သူအား သရဲ ဟူသော အမှတ်ဖြင့် ကြောက်ရွံ့နေသေး၏။ သို့ရာတွင်မူ ၎င်း၏ အဖိုးမှန်း သိသွားသောအခါတွင် အိပ်ယာမှ ထ၍ အဖိုးဖြစ်သူထံ သွားရောက်၍ ထိုင်နေလေ၏။
“ဘယ်လိုတုန်း ငါ့မြေးရဲ့၊ တစ်ရေးနိုးလာတာလားကွ”
“ဟုတ်တယ် အဘ၊ ဒါနဲ့ အဘကလည်း ညကြီးမင်းကြီး တစ်ယောက်တည်း ဘာလို့ ထိုင်နေတာတုန်း၊ ခုဟာက ရွာထဲလည်း မဟုတ်ဘူး၊ တောထဲ အဘရဲ့”
“ဟ … ငါ့မြေးကလည်း၊ တောထဲနေနေ ရွာထဲနေနေ ညဟာ ညပါပဲကွ၊ တောထဲက ရွာထဲထက် ပိုပြီးတောင် လေကောင်းလေသန့် ရပါသေးတယ်ကွာ”
“အဘ ကလည်းဗျာ၊ ကျုပ်က လေကောင်းလေသန့် ရတာကို ပြောတာ မဟုတ်ဘူးဗျ၊ တောထဲဆိုတော့ … ဟိုလေ .. သရဲတွေ ရှိတယ်ဗျ”
ဟူ၍ မောင်အောင်ဦးသည် ဘေးဘီဝဲယာ ပတ်ဝန်းကျင်အား ကြောက်ရွံ့သော မျက်လုံးများဖြင့် ကြည့်ရင်း ၎င်း၏ အဖိုးဖြစ်သူ ဦးသာအောင်အား တိုးညှင်းစွာ ပြောလိုက်လေ၏။
ထိုအခိုက် တိုက်ဆိုင်စွာပင် အစောင့်အရှောက်များနှင့် ဥစ္စာစောင့်များ ရှိသည်ဟူ၍ နာမည်ကြီးလှသော ရန်အောင်တောင်ပေါ်မှနေ၍ လွန်စွာ လွမ်းဆွေးဖွယ် ကောင်းလှသော တယောသံသည် ည သန်းခေါင်ယံအချိန်တွင် ထူးဆန်းစွာ ပေါ်ထွက်လာလေတော့၏။
ထိုအသံကို ကြားသောအခါ မောင်အောင်ဦးမှာ ကြက်သီးများပင် ထသွားပြီး ၎င်း၏ အဖိုးဖြစ်သူနားသို့ တိုး၍ ကပ်ထိုင်ကာ တိုးညှင်းစွာ မေးမြန်းလေ၏။
“အဘ၊ အဲ့ဒီ အသံက တောင်ပေါ်က လာတာလားဟင်”
ယင်းသို့ မေးလိုက်သောအခါတွင် အဖိုးကြီး ဦးသာအောင်မှ အေးဆေးစွာပင် –
“ဟုတ်တယ်လေ ငါ့မြေးရဲ့၊ တောင်ပေါ်က လာတာပဲကွ၊ တော်တော် လွမ်းစရာ ကောင်းသံ လက်သံပဲ ငါ့မြေးရဲ့”
ဟူ၍ ပြောလေရာ မောင်အောင်ဦးမှာ ၎င်း၏ အဖိုးဖြစ်သူ၏ အေးဆေးနေသော ဟန်အမူအယာကို အားမလို အားမရ ဖြစ်သွားပြီးနောက် –
“ဟာဗျာ အဘကလည်း၊ လက်သံက ကောင်းကောင်း မကောင်းကောင်း၊ အဲ့ဒါ သရဲ ခြောက်တာဗျ”
ဟူ၍ ပြောလိုက်လေရာ အဖိုးကြီး ဦးသာအောင်မှာ ၎င်း၏ မြေးဖြစ်သူ မောင်အောင်ဦးအား ကြည့်၍ တခွီးခွီး ရယ်မောလိုက်ပြီး –
“ငါ့မြေးနိုင်ရောကွယ်၊ သရဲ နေနေ ဘာနေနေပေါ့ကွာ၊ အဘ က လက်သံ ကောင်းလို့ ကောင်းကြောင်း ပြောတာပဲ၊ အဲ … ပြောရရင်၊ အဲ့ဒီ လက်သံလေးကို နားထောင်ချင်လို့ အဘက အခု ထိုင်နေတာပဲ ငါ့မြေးရဲ့”
ဟူ၍ ပြောလိုက်လေရာ မောင်အောင်ဦးမှာ အဖိုးဖြစ်သူ၏ စကားအား အံ့အား သင့်၍သွားလေတော့၏။
“ဗျာ …..။ အဘ က အဲ့ဒီ အသံကို အရင်ကလည်း ကြားနေရတာပေါ့နော်”
“ဟုတ်တယ်လေ ငါ့မြေးရဲ့၊ အရင်ကလည်း ကြားနေရတာပဲကွ”
“ဟာ … ဒါဆို အဘ ကို အဲ့ဒီ တောင်ပေါ်က သရဲက အဘ နေကတည်းက နေ့တိုင်း ခြောက်နေခဲ့တာပေါ့”
“အမလေး … ငါ့မြေးရယ်၊ အသံကြားရတိုင်း သရဲ ခြောက်တယ်လို့ချည်း ပြောနေတော့တာပါပဲလားကွ၊ ပြီးတော့ ပြောရဦးမယ် ငါ့မြေးရေ၊ အဲ့ဒီ အသံကို အဘ ကြားရတာ အဘ တစ်ယောက်တည်း ဟောဒီနေရာလေးကို လာနေကတည်းက မဟုတ်ပါဘူးကွယ်၊ ဒီအသံက လွန်ခဲ့တဲ့ ၁ဝ ရက်၊ ၁၅ ရက်လောက်ကမှ ကြားရတဲ့ အသံပါကွ”
ဟူ၍ အဖိုးကြီးမှ ပြောလိုက်သော်လည်း မောင်အောင်ဦးမှာ တိုးလိုက် မြင့်လိုက်ဖြင့် ထွက်ပေါ်လာနေသော တယောသံအား သရဲ ခြောက်သည်ဟူ၍သာ ကြောက်ရွံ့နေသည့်အတွက် မိမိ ယခုကဲ့သို့ လာရောက် အိပ်မိခြင်းကိုပင် နောင်တရနေသကဲ့သို့ ရှိနေလေတော့သည်။ ထိုအခြင်းအရာအား ရိပ်မိသော အဖိုးဖြစ်သူမှ မောင်အောင်ဦးအား –
“ငါ့မြေးကတော့ကွယ် ကြောက်တတ်လိုက်တာ၊ ဒါနဲ့ အိပ်နေတဲ့လူဟာ မကြောက်တတ်ဘူးတဲ့ကွ၊ ငါ့မြေး မကြောက်ရအောင် သွားအိပ်ချေတော့”
ဟူ၍ ပြောလိုက်လေရာ မောင်အောင်ဦးမှာ အဖိုးဖြစ်သူ၏ စကားအား သဘောကျသွားပြီး “ဟုတ်လောက်တယ် အဘ၊ ကျုပ် ပြန်အိပ်တာပဲ ကောင်းတယ်ဗျာ” ဟူ၍ ပြောဆိုပြီးနောက် ထိုင်ရာမှထကာ မကြောက်အောင် ဇွတ်အတင်း အိပ်တော့မည်ဟူ၍ တဲအတွင်းသို့ သွားရောက်ရန် ဟန်ပြင်လေတော့၏။ ထိုအခါတွင် အဖိုးဖြစ်သူမှ –
“အင်း … ငါ့မြေး အိပ်တဲ့ နေရာကလည်း အဘ ထိုင်နေတဲ့ နေရာနဲ့စာရင် အဲ့ဒီ ရန်အောင်တောင်နဲ့ ပိုနီးသွားမလားပဲ”
ဟူ၍ တစ်ယောက်တည်း ရေရွတ်သလိုလိုဖြင့် ကြောက်ရွံ့နေသည့် မြေးဖြစ်သူအား စနောက်လိုက်လေရာ တဲအတွင်းသို့ ဝင်ရန် ဟန်ပြင်နေသော မောင်အောင်ဦးမှာ ဝင်ရနိုးနိုး အဖိုးဖြစ်သူဆီပဲ ပြန်သွားရနိုးနိုးဖြင့် ခြေတုံချတုံ ဖြစ်သွားပြီးနောက် “ဟာဗျာ .. အဘကလည်း” ဟူ၍ ပြောလိုက်လေတော့၏။
++++++++++++++++++
ရေးသားသူ – မဟာရာဇာ အံစာတုံး
24 comments
ကြည်ဆောင်း
November 8, 2012 at 4:46 pm
ဒီပိုစ့်ကိုတော့ဆုံးအောင်ရေးမယ်မို့လားဟင် ???????/
Mon Kit
November 8, 2012 at 4:47 pm
မင်းသား ရန်အောင်တော့ ဟုတ်လောက်ပါဝူးနော်…. :hee:
ထုံးစံအတိုင်း ဆက်လက် စောင့်မျှော် နေပါ့မယ်… နောက်အပိုင်းများကို…… 🙂
candle .
November 8, 2012 at 7:35 pm
စိတ်ဝင်တစားအားပေးသွားပြီး နောက်ဆက်တွဲစောင့်မျှော်နေတယ်နော် အမြန်လေး..
ဒါနဲ ့စကားမစပ် ပုံမှာတယောထိုးနေတာ သကြားပုလင်းအံစာ များလားကွယ် .. 🙂
မဟာရာဇာ အံစာတုံး
November 8, 2012 at 8:04 pm
ဟုတ်ကဲ့ ..
ဆုံးအောင် .. အင်း .. ဆုံးအောင် ရေးမှာဘာလို့ ..
ဆက်လက် အားပေး ဖတ်ရှုကြမယ် ဆိုတာ သိရလို့လည်း
စာရေးသူ တစ်ယောက် အနေဖြင့် ဝမ်းသာအားရ ဖြစ်ရပါတယ် ခင်ဗျာ …
ပီးဒေါ့ .. ပို့စ်ထဲက ပုံကဖြင့် အင်တာနက်ပေါ်က တွေ့မိတွေ့ရာ တယောထိုးနေတဲ့ ပုံကို တင်လိုက်တာပါ ခည … အနော့်ပုံ ဟုတ်ရဘာဘူး ….
အနော့်ပုံကျည့်ချင်ရင် .. ဟောဒီမှာ …
[ Deleted by GaDoneGyi . ]
(ကြုံတုံးလေး ဝင်ပြီး ကျော်ညာရဒါဂိုးးးးး)
အားပေးဖတ်ရှုသွားကြသူ အပေါင်းတို့အား ..
ကျေးဇူး အထူးပင် တင်ရှိပါကြောင်း ……
ချစ်တဲ့ ……
အံစာတုံး
candle .
November 8, 2012 at 8:27 pm
အယ်.. ဟမ်းဆမ်း ပါဘဲလား အေ့..သက်စွန် ့ဆံဖျား ဘာတွေများတွေးနေပါလိမ့်.. 🙂
မောင်ပေ
November 8, 2012 at 8:35 pm
ရန်အောင်
သာအောင်
အောင်ဦး
အဲဒီနာမည်သုံးခုကို ပဟေဌိဖြေကြည့်တော့
အံစာတုံး ရဲ ့နာမည်ရင်းဟာ အောင်အောင်ဦး ပဲ ဖြစ်ရမယ်
မဟာရာဇာ အံစာတုံး
November 8, 2012 at 8:39 pm
ဒဂယ်ထဲ ..
ဒီဂလူဂျီးက ပဟေဠိ လာညှိနေသေး …
အနော့်နာမည်ဂ အောင်အောင်ဦး ..
ဟုတ်ရပါဝူးးးဂျာ ..
အောင်အောင်ဦးက ဂိုးသမားဗျ …
:kwi:
xxxxxxxxxxx
အပေါ်ဂ အမဂျီး Candle ခညာ ..
အဲ့ရုပ်လားဂျ ဟမ်းဆမ်းဒါ ..
ဂလောက်ဆိုးဒဲ့ ရုပ်ကို …..
ကိုယ့်ဂုဏ်ကို ဖော်ရဒါ ..
Khaing Zar Win
November 9, 2012 at 8:08 am
ဇာတ်လမ်း အစအဆုံးမှတ်လို့ ဝင်ဖတ်မိတာ၊ ခုတော့………. ။ ဆက်ရေး၊ ဆက်ရေး။ စောင့်ဖတ်မယ်။
အခုဖတ်ပြီးတော့လည်း ဆရာကြီးမင်းသိင်္ခကို သတိရသွားမိတယ်။
ဒါနဲ့ စကားမစပ် အဲ့ ဓာတ်ပုံက မြင်ဘူးပြီးသားကြီးအေ့။
စိန်ဗိုက်ဗိုက်
November 9, 2012 at 10:07 am
တောင်ဂဒုံးပေါ်က တယောသံရှင်ကိုပြောလိုက်
ဝိတ်လေးဘာလေးချဦးလို ့
ကျားလား..
Shwe Ei
November 9, 2012 at 1:08 pm
ဒီပို့စ်ဇာတ်သိမ်းဒဲ့ထိ ရေးပီး တင်ရင် တင် မဟုတ်လို့ကတော့
ဟင်းးးးးဟင်းးးးးးး
ထမင်းနဲ့ရောစားပစ်မယ်လို့
Ga Done Gyi
November 9, 2012 at 1:22 pm
ဟေ့ကောင် အံစာတုံး
မင်း ဘာတွေ လျှောက်ရေးနေတာတုံး …
မင်း ဂဂျောင်ဘဲကွ ..
မင်း မိုက်လား .. မိုက်ရင် လာခဲ့ …
ပုံ/
ကတုံးကြီး
kyeemite
November 9, 2012 at 1:35 pm
တောင်ဂဒုံးပေါ်က တယောသံရှင် ဟာ
တခြားလူဟုတ်ပါရိုးလား….အဲဒါကြောင်ဝတုတ်
:hee:
ကိုပေါက်(မန္တလေး)
November 9, 2012 at 1:42 pm
အေးပါ ကိုအံဇာ မင်းဇာတ်သိမ်းကိုရေးချင်ရေး
မရေးလို့ကတော့ ဝင်ပြီးအငှားခံစားလိုက်မှနော်
Ma Ei
November 9, 2012 at 3:02 pm
(ဥစ္စာစောင့်များ ရှိသည်ဟူ၍ နာမည်ကြီးလှသော ရန်အောင်တောင်ပေါ်မှနေ၍ လွန်စွာ လွမ်းဆွေးဖွယ် ကောင်းလှသော တယောသံသည် ည သန်းခေါင်ယံအချိန်တွင် ထူးဆန်းစွာ ပေါ်ထွက်လာလေတော့၏။…….)
…နားထောင်ကြည့်ချင်သား…
:hee:
ရွာစားကျော်
November 9, 2012 at 3:45 pm
ဓါတ်ပုံက ဘာလို့ ပြန်ဖျက်လိုက်တာတုံး ကိုအံဇာကတုံး
ခုထိတော့ သိပ်ကြောက်စရာ မပါသေးဝူး…
MaMa
November 9, 2012 at 4:25 pm
ရန်အောင်တောင် ဆိုတော့ အဲဒီတောင်နေရာမှာ ရန်သူတွေကို အောင်မြင်ခဲ့လို့လို့ ထင်နေတာ။
ဖတ်ပြီးမှပဲ :harr:
ကြောက်တတ်တဲ့မြေးကလေးကတော့ အခုဆိုရင် မဟာရာဂျာတွေ ဘာတွေ ဖြစ်နေလောက်ပြီထင်ပါရဲ့။ :kwi:
လုံမလေးမွန်မွန်
November 9, 2012 at 5:08 pm
ညည်းအကြောင်းကို သိလို့ နောက်ဆုံးကို အရင်ဖတ်လိုက်တယ်..ပီးဒေါ့ အောက်က ကွန်မန့်တွေကို ကြည့်လိုက်တယ်..သိရသလောက်ကတော့ မဆုံးသေးဝူးပေါ့…
ခု အစကနေ ပြန်ဖတ်လိုက်ဦးမယ်အေ… :kwi:
ပီးမှ ထပ်မန့်မယ်….
pooch
November 9, 2012 at 7:20 pm
ဒီဇာတ်လည်း ဟန်ကျပန်ကျ အဆုံးသတ်ပေးပါ သူငယ်အံ့ ။ ပေါက်ကရ တပိုင်းတစ ထားသွားလို့ကတော့ စာရေးတိုင်း အိပ်ငိုက်ပါစေတော် 😀
မဟာရာဇာ အံစာတုံး
November 9, 2012 at 8:42 pm
ဟုတ်ကဲ့ ခင်ဗျာ ..
ယခုကဲ့သို့ ကျနော့်ရဲ့ မဖြစ်ညစ်ကျယ် အရေးအသားဖြင့်
ရေးသားထားပါတဲ့ ပို့စ်လေးအား ..
ဝင်ရောက်ပြီးသကာလ ကွန်မန့်များ ချီးမြှင့် သွားကြပါကုန်သော …….
ကြည်ဆောင်း၊ Mon Kit ၊ Candle ၊ ရောင်းရင်းကြီး၊ မခိုင်ဇာဝင်း၊ ငပေါက်ဖော်၊ မရွှေအိ၊ ကတုံးကြီး ၊ ဥကြီးမိုက်၊ ဖေပေါက်ဂျီး၊ အမအိ၊ ကိုရွာစား၊ အန်တီမမ၊ မမွန်မွန်၊ ဂျီးဒေါ်ပုချ်
တို့အား ကျေးဇူး အထူးပင် တင်ရှိပါကြောင်း ပြောပါရစေခင်ဗျာ …..
ချစ်တဲ့ ……..
အံစာတုံး
အလင်းဆက်
November 9, 2012 at 8:51 pm
ဝတ္ထုတိုလေးပေါ့နော်
ချစ်စရာကောင်းတဲ ့ စာမူလေးပါပဲ .။
အရီးခင်လတ်
November 9, 2012 at 8:51 pm
တယောသံ မဟုတ်ဘဲ ပလွေသံ ဆိုရင် အဲ့နောက် ကို လိုက်မသွား နဲ့ နော်။ ကောင်လေး။ 😆
အလင်းဆက်
November 9, 2012 at 8:56 pm
အရီး…ရေ…
ကြုံတုန်းမေးမယ်နော်
အရီး..ပိုစ်တွေမရေးတော့ဘူးလား..ဗျာ ။
အရီးရေးမယ့်စာတွ..မျှော်နေထာ…
အား ရင်…. စာတွေ.ရေးပြီး…
အလင်းဆက် တို ့ကိ်ု…
အလင်းတွေ.ပေးဦးနော် ။
အရီးပြ ထားတဲ ့ အလင်းကို ယူပြိး..
သားလည်း…တခြားနေရာမှာ..
အလင်းတွေ..နဲ ့ဆက်ပေးရအောင်….
မဟာရာဇာ အံစာတုံး
November 9, 2012 at 9:08 pm
အိမ်း …..
အရီးက ကျုပ်ကို အကြိုလွှတ်လိုက်တယ် …
မီးချောင်း တပ်ပေးဖို့ ….
နောက်တာပါ ….
ဟုတ် .. အရီး ..
ကိုလင်းဆက် ပြောသလိုပဲ အရီးလည်း ရေးဘာအုံးဂျ ….
မအားလည်း မအားတဲ့ကြားက ရေးဘာဂျ ..
++++++++++++++
ဒါနဲ့ ….
အထက်က ပို့စ်နဲ့ ပတ်သက်ပြီး ပြောရရင် …
အထက်က ပို့စ်က ကျနော့်ရဲ့ ကိုယ်တွေ့ မဟုတ်သလို အခြားသူတို့ရဲ့ အတွေ့အကြုံလည်း မဟုတ်ရပါ ခင်ဗျာ …
ဟိုလျောက်တွေး ဒီလျောက်တွေးနဲ့ ရေးသားထားခြင်းသာ ဖြစ်ပါကြောင်း …
ထိုသို့ ဟိုလျောက်တွေး ဒီလျောက်တွေးဖြင့် စိတ်ပေါက်ခိုက် စာတို့ရေးသားထားတတ်သည့် ကျနော့်ရဲ့ အကျင့်ကြောင့် ပို့စ်များအား အတို (ဒါမှမဟုတ်) အစပိုင်း များသာ ဖြစ်နေခြင်း ဖြစ်ပါကြောင်း …
သို့ရာတွင်မူကား …
ယခုပို့စ်ကို အဆုံးထိ ရေးသားသွားမည်ဟု တွေးထားပါကြောင်း ….
လာမည့် ဇာတ်ကွက်များကိုလည်း တွေးနေဆဲ ဖြစ်ပါကြောင်း …..
အားပေး ဖတ်ရှုကြတဲ့အတွက်လည်း ကျေးဇူး အထူးပင် တင်ရှိပါကြောင်း ………။
အင်း .. ကြောင်း တွေလည်း တော်တော် များသွားပြီ .. အဟိ ..
Guest
November 11, 2012 at 1:02 am
ထို့ကြောင့် …ဤစာကို ဖတ်ရှုရသော ထူးဆန်းသော ပုဂ္ဂိုလ်ကြီး သည် မိန့်မိန့်ကြီးထိုင်ကာ ပြုံးပြုံးကြီးလုပ်၍.. ခေါင်းကိုတဆတ်ဆတ် ညှိမ့်ကာ… နောက်ထွက်မည့် ဇတ်လမ်းတွဲကို …စိတ်မရှည်စွာ စောင့်မျှော်နေလေတော့သတည်း။ [:))]