Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဘလက်ချော ပြောချင်တဲ့ Two Piece အကြောင်း…။

black chawNovember 8, 20121min83926

အားကျစရာလား…၊ တရားရစရာလား…။
ယူချင်သလို…၊ ယူတတ်သလိုသာ ယူကြပေတော့ ကျောင်းဒကာတို့…။
လွန်ခဲ့တဲ့ တစ်လလောက်ကပဲ သာမာန် Torist Guide မလေး အဖြစ် ဘဝကို ဖြတ်သန်းနေခဲ့တဲ့
နန်းခင်ဇေယျာ ဆိုတဲ့ ၂၄ နှစ်အရွယ် ရှမ်းပအို့(ဝ်) မလေးတစ်ယောက် …
ဂျပန်နိုင်ငံ အိုကီနာဝါ ကျွန်းပေါ်မှာ ကျင်းပခဲ့တဲ့
Miss International 2012 ပြိုင်ပွဲကြီးမှာ
Miss Internet ဆုနဲ့ Miss People Choice ဆုတွေ ဆွတ်ခူးနိုင်ခဲ့တဲ့ အချိန်မှာတော့
တိုင်းသိပြည်သိ ထင်ရှားကျော်ကြားသူများစာရင်းထဲကို နေ့ချင်းညချင်း ရောက်ရှိသွားခဲ့ပါရောလား ဗျာ…။
အောင်မယ်…သူလေးနဲ့ အင်တာဗျူးမယ်…ဓါတ်ပုံရိုက်မယ်ဆိုရင် အခကြေးငွေပေးရမယ်ဆိုလား…
မန်းဂဇက်ပေါ်အထိတောင် သတင်းတွေတောင်ကြီးလိုက်သေး…။
တစ်ဆက်တည်းမှာပဲ…
လွယ်ဟိန်းကုမ္ပဏီရဲ့ Brand Ambassador အဖြစ် ခန့်အပ်ခံရခြင်းနဲ့အတူ…
ဒါရိုက်တာစင်ရော်မောင်မောင် ရိုက်ကူးမယ့် Alpine သောက်ရေသန့်ကြော်ငြာ…၊
Blue Mountain အချိုရည်ကြော်ငြာတို့မှာလည်း ဝင်ရောက်သရုပ်ဆောင်ပေးဦးမယ်လို့
သတင်းတွေထွက်လာပါတယ်…။
ကိုကြွက်နီကြီးလေနဲ့ပြောရရင်…
နန်းခင်ဇေယျာလေးဟာ Two Piece (နှစ်နေရာတည်း လုံခြုံခြင်း) နဲ့ ယှဉ်ပြိုင်ခဲ့ရတယ်ပေါ့ဗျာ…။
ဒါပေမယ့် ဒါဟာ ပြိုင်ပွဲစည်းကမ်းအရလိုအပ်လို့ ဝတ်ရတယ်ဆိုတာကို…
မြန်မာပြည်သူတွေက နားလည်ပေးနိုင်ကြတာကိုလည်း မမျှော်လင့်ပဲ သိလိုက်ရတဲ့အတွက်…
နောက်နှစ်…နောက်နှစ်တွေမှာ ယှဉ်ပြိုင်ကြမယ့် Miss Myanmar မလေးတွေအတွက်…
လမ်းသစ်ဖေါက်ပေးခဲ့တယ်လို့တောင် ပြောလို့ရပါတယ်…။
စိတ်ချလက်ချသာ Two Piece ကြပေတော့ သမီးလေးတို့ရေ…။
တချို့က…ပြောကြတယ်ပေါ့ဗျာ…။
ဒီကလေးမလေး ဒီလောက်အထိနာမည်ကြီးသွားတာ Two Piece နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ဓါတ်ပုံကြောင့် ဖြစ်ရမယ်တဲ့…။
နန်းခင်ဇေယျာလေးရဲ့ Two Piece နဲ့ ဓါတ်ပုံလေးတွေကို သေသေချာချာပြန်ကြည့်စမ်းပါဦးတော့လားကွယ်…။
အဲဒီလောက်ကြီး Sexy ဖြစ်နေတာမျိုးကြီး မဟုတ်ပါဘူး…။
ပြစ်မှားချင်လောက်အောင်လည်း စွဲဆောင်မှု မရှိခဲ့ပါဘူး…။
အံ့ဩစရာကောင်းလောက်အောင် အေးချမ်းတဲ့ အတွေးကိုပဲ ပေးခဲ့တဲ့ ဓါတ်ပုံလေးတွေပါ…။
ဆိုတော့ ကောက်ချက်ဆွဲရမယ်ဆိုရင်…
ပြိုင်ရင် နိုင်မှ ကြိုက်တတ်ကြတဲ့ မြန်မာလူမျိုးတွေရဲ့ ပျင်းထန်လွန်းတဲ့ မျိုးချစ်စိတ်ကြောင့်လို့…
စွတ်စွဲချင်တယ်ဗျာ…။
ဘယ်လောက်အထိများလဲဆိုရင်…
တချို့များ နေ့မအိပ်ညမအိပ် Vote ကြတဲ့လူတွေတောင် ရှိခဲ့တယ်ဆိုလား…။
ကာယကံရှင် နန်းခင်ဇေယျာလေးကတောင် တောင်းပန်ယူရတဲ့အထိပါပဲတဲ့…။
ကဲ…
သမီးလေးတို့ရေ…
နောက်တစ်နှစ်များ ဒီပြိုင်ပွဲကို ဝင်ဖြစ်ကြမယ်ဆိုရင်တော့…
Miss Internet Award လောက်နဲ့ ကျေနပ်မနေကြပဲ…
Miss International ဖြစ်အောင် ကြိုးစားကြဖို့ တိုက်တွန်းချင်ပါတယ်…။
Miss Universe ဖြစ်အောင်လည်း ကြိုးစားကြပေါ့ကွယ်…။
အားပေးကြမယ့်သူတွေ အနေနဲ့လည်း Vote လုပ်ကြတာလည်း လုပ်ကြပေါ့ခင်ဗျာ…။
တစ်ဖက်ကလည်း Miss International ဖြစ်အောင် အားပေးကြပါလို့…
အကျိုးမျှော်၍ နှိုးဆော်လိုက်ရပါသည် ခင်ဗျာ…။
မျက်ကန်းမျိုးချစ်လို့ ပြောချင်လည်း ပြောကြပါစေတော့…။
Miss International ဆုသည် Miss Myanmar များ အတွက်သာ ဖြစ်ရမည်…
ဆိုတဲ့ ဆောင်ပုဒ်လေး နဲ့ဆို…
ဘယ့်နှယ့်လဲဗျ…ကျောင်းဒကာ…ဟေးဟေး…အပျော်ပါဗျာ…။

လေးစားခင်မင်တဲ့…
ဘလက်ချော…။

26 comments

  • အင်္ဂ ါZ

    November 8, 2012 at 1:17 pm

    အိုဘယ့် နန်းချင်ဇယာလေးရယ်..
    ရိုက်မယ့်ရိုက်တော့ ဇင်ယော်ရီးနဲ့ စရိုက်ပါလားကွယ်..
    စိုးတယ် …စိုးမိတယ်… စိုးထိတ်မိတော့တယ်ကွယ်…

    :kwi:

    ဒက်ဂလောက် ..ဒက်ဂလောက်..

  • Mon Kit

    November 8, 2012 at 1:45 pm

    အဲဒီ နန်းချင်ဇယာလေးက မြန်မာဝတ်စုံ.. တိုင်းရင်းသား ရိုးရာဝတ်စုံလေးတွေနဲ့ဘဲပြိုင်ရရင်… နိုင် နိုင်တယ်…. အဲ… တူးပိစ် နဲ့ ပြိုင်ရတော့ အားနည်းချက်တွေ ပေါ်ကုန်ဒါပေါ့…
    😆

  • thit min

    November 8, 2012 at 1:51 pm

    ကိုဘလက်ချောရေ
    သူလိုငါလို ဘဝ တခုကနေ နေရာတနေရာ ရအောင် ဖောက်ထွက်နိုင်တယ်
    ဆိုတာ ချီးကျူးစရာပါဘဲ။ စွမ်းနိုင်သူတဦး အနေနဲ့ လေးစားစရာပါ။

    ပုံမှန်လည်ပါတ်နေရတဲ့ ဘဝတခုကနေ ပိုကောင်းတဲ့ဘဝတခုကို
    ဖောက်ထွက်နိုင်တယ် ဆိုတာ ဖောက်ထွက်ခွင့် နဲ့ ဖောက်ထွက်နိုင်စွမ်း
    ၂ ခု စလုံး ရှိဖို့လဲ လိုပါလားလို့ စဉ်းစားသွားမိစေပါတယ်။

    သာမန် တိုးဂိုဒ် လုပ်နေတဲ့သူတွေထဲမှာ (ကျနော့အမြင်ပါ) သူ့ထက် လှပြီး၊စွဲဆောင်မှု ရှိသူတွေ
    ရှိမှာပါ။ ဒါပေမဲ့ သူတို့က သူ့လိုတော့ ဒီနေရာ ကို မရကြပါဘူး။

    ကောက်ချက်ဆွဲကြည့်တော့
    သာမန် နေ့စဉ်လူမူ့ဘဝ တွေမှာ ကျပ်တည်းကျဉ်းမြောင်းစွာလုပ်ကိုင်စားသောက်နေရသူ
    တွေ အတွက် ဒီလို “ဖောက်ထွက်ခွင့်” ဆိုတာ ရှိနိုင်မယ်၊ မရှိနိုင်ဘူး ၊ ရှိသော်လည်း စွမ်းနိုင်မယ်၊
    မစွမ်းနိုင်ဘူး ဆိုတဲ့ အရေးကြီးတဲ့လူ့ဘဝရဲ့ ဒဿန တခုကို လက်တွေ့ပြလိုက်သလိုပါဘဲ။

    ကံ တရားက ဖောက်ထွက်ခွင့် ပေးလို့ပါလို့ ပြောရင်တောင် လုပ်နိုင်စွမ်း ဆိုတာ သူ့အရည်အချင်းနဲ့
    သူ့ကြိုးစားမှု လို့ ဆိုရမှာပါ။

    ငါး ၃ ကောင် ပုံပြင်ထဲက ဉာဏ် ငါးလေး “ဉာဏ်သုံးပြီး”၊ လှေအစောင်း(ကံအကောင်းမှာ)၊
    အားကုန် ခုန်ထွက် (ဝိရီယစိုက်)လိုက်လို့ တံငါလက်ကလွတ်တာမျိုး လေးနဲ့မြင်ကြည့်မိပါရဲ့။

    ခင်ဗျားကဘာရယ်မဟုတ်ရေးလိုက်တော့ ကျနော်ကလဲ ဘာရယ်မဟုတ် တွေးလိုက်မိတာပါ။

    ခင်မင်စွာဖြင့်
    သစ်မင်း (^^)

  • jullies cezer

    November 8, 2012 at 2:06 pm

    Two Piece ဝတ်တာချင်းအတူတူသူက မြန်မာပြည်ကိုအိုးမဲသုတ်တာမဟုတ်ဘူးလေ
    တချို့က Tow Piece ဝတ်ပြီး မြန်မာသိက္ခာချနေတာကို ………

  • Wow

    November 8, 2012 at 2:41 pm

    လှတာ မလှတာထက် အရှိအတိုင်း ရိုးရိုးသားသား ချပြရဲတဲ့ ရိုးဂုဏ်လေးကြောင့် သူ့ကို လူတွေနားလည်ပေးကြတာလို့ထင်ပါတယ်…
    2 piece မဝတ်ပင်မဲ့ အရည်တရွှဲရွဲ စက်ဆီမျက်နှာကြီးဒွေနဲ့ လှချင်ယောင်ဆောင်နေတဲ့ ဟာတွေကတော့ ရွန်စရာပါအေ… 👿

  • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

    November 8, 2012 at 3:39 pm

    ကျောင်းတကာကြီးရေ…
    အရှိကိုအရှိအတိုင်း… အမှန်ကိုအမှန်အတိုင်းပြောရရင်…
    မစ္စအင်နာနေရှင်နယ်ဖြစ်ဖို့ မြန်မာမိန်းခလေးတွေအနေနဲ့ အတော်ကြီးကြိုးစားရဦးမှာပါ…

    ကျောင်းတကာကြီးရဲ့ကျွေးကျော်သံလေးကြားတော့
    အကော်ဒယံအုန်းကျော်ကြီး လေလေးချွန်ပြီးဆိုခဲ့တဲ့ သီချင်းလေးကိုသတိရတယ်…
    မြန်မာ့အားကစားကမ္ဘာကိုလွှမ်းစေရမည်တဲ့…
    အရင်ဆုံး အာရှအဆင့်ကနေဖောက်ထွက်နိုင်အောင်ကြိုးစားရပါဦးမည်… ပြီးမှကမ္ဘာအဆင့်ကိုမျှော်လင့်ပါ…

    အတိုက်အခိုက်တွေကြားထဲက ဖောက်ထွက်ခဲ့တဲ့သူမို့ လေးစားပါတယ်…
    အဲဒီလိုပဲ… အနိုင်ကိုပဲလိုချင်နေတဲ့ မြန်မာ့စိတ်ဓာတ်ကိုပြင်စေချင်ပါတယ်…
    ဂုဏ်သိက္ခာရှိရှိ… ကမ္ဘာမှာ မြန်မာဆိုတာကိုသိရင်ကျေနပ်ပါပြီ…
    မြန်မာ့အားကစား ကမ္ဘာမလွှမ်းချင်နေပါ…

    စကားမစပ်ပြောလိုက်ပါဦးမယ်…
    ကမ္ဘာဖလားမှာ အီတလီရှုံးတော့ ဂရုဏာသက်ပြီးမျက်ရည်ကျချင်ကြပါမယ်…
    သုဝဏ္ဏကွင်းမှာ ရေသန့်ဘူးတို့ အုတ်နီခဲတို့နဲ့ပေါက်ပြီးနိုင်လာတဲ့ မြန်မာအသင်းကိုတော့ ဂုဏ်မယူချင်ပါ…

    ခင်မင်လျက်-
    ကြောင်ဝတုတ်

    • အင်္ဂ ါZ

      November 9, 2012 at 7:39 am

      လောင်းရဲတယ် ပေါင်တုတ်တုတ်ကြီးနဲ့ ဗမာမယ် မနိုင်စေရဘူးလို့…
      ဖိုင်နယ်လစ် စာရင်းမထွက်ခင် ကိုဖုန်းကျော်ကြီး ဖေ့စ်ဘုတ်မှာ ရေးတင်တာ
      သွားအမှတ်ရမိတယ်..

      ဟုတ်ပါတယ်… သူများတွေက power aerobic တွေ ဘာတွေ ဆော့ထားကြတာပါ…
      အားကစားသမားတယောက်လို ကျစ်လစ်ပေမယ့် ဖွံ့သင့်တဲ့နေရာတွေ ဖွံ့ကြပါတယ်..
      ကိုယ်တွေက သာမာန် ခပ်ပိန်ပိန် မိန်းကလေး တယောက် ဆိုတာထက် မပိုပါဘူး..
      အဲ့ဒါ…

      တူးပိစ်လေးလည်း ဝတ်လိုက်ရော ..
      ပတ္တလား တီးလို့ရတဲ့ နံရိုးလေးတွေရယ်..
      အဆီ မဆိုသလောက်လေး စုနေတဲ့ ပေါင်တံလေးတွေရယ်…
      မာဆယ်လုံးဝ မရှိတဲ့ ဘီနဲ့ ဂျီလေးတွေရယ်..
      ပေါ်လာပါရောလားကွယ် …

      တော်သေးဘီ
      ညှီသွားဘီ..

      p.s ကိုယ့်လူမျိုး နိုင်စေချင်လို့သာ ဗုတ်လိုက်ပါတယ်..
      မဲ့ခွက်ခွက်လေး မို့ … အားမရပါကြောင်း..
      သင်ချာလေးကိုပဲ အားရပါကြောင်း…
      အာ… ဟိ..

  • nozomi

    November 8, 2012 at 4:22 pm

    ကိုချော ခင်ဗျ

    အခုပဲ မဒမ်ချော လှမ်းပြောပါတယ်
    ရှင့် ကိုချောကြီး ကို မေးလိုက်စမ်းပါ တဲ့ နန်းခင်လေး တူးပိစ် ဝတ်တာ ကို

    နောက်နှစ်…နောက်နှစ်တွေမှာ ယှဉ်ပြိုင်ကြမယ့် Miss Myanmar မလေးတွေအတွက်…
    လမ်းသစ်ဖေါက်ပေးခဲ့တယ် …..

    အဲဒီလောက်ကြီး Sexy ဖြစ်နေတာမျိုးကြီး မဟုတ်ပါဘူး…

    ပြစ်မှားချင်လောက်အောင်လည်း စွဲဆောင်မှု မရှိခဲ့ပါဘူး……

    အံ့ဩစရာကောင်းလောက်အောင် အေးချမ်းတဲ့ အတွေးကိုပဲ ပေးခဲ့ပါတယ် တဲ့ ……. ဟင်း ဟင်း

    ကျွန်မ ပြီးခဲ့တဲ့ အပတ် စနေ က သူ နဲ့ ဈေးသွားတော့ ဝတ်ခဲ့တဲ့ ဝတ်စုံ လေးက ဘာ အရောင်၊ ဘယ်လို ပုံစံ ဆိုတာရော မှတ်မိသေးလား မေးကြည့်ပါဦးတဲ့

    အင်း ကိုချော အိမ် မပြန်ခင် သေချာအောင် စဉ်းစားသွားဦး ဗျ
    တစ်ယောက်တည်း အိမ်ပြန်လို့ ရော ဖြစ်ရဲ့လား ဗျာ

    • စိန်ဗိုက်ဗိုက်

      November 8, 2012 at 5:22 pm

      ဥပုဿ်စောင့် သီလမယူပဲ တူးပိစ်လုပ်နေတဲ့ ကျောင်းဒဂါတော့ ငြုတ်ကျည်ပွေ ့စာ မိတော့မယ်ဟေ့….
      သံခမောက်တွေရောင်းတယ်.သံခမောက်တွေ ရောင်းတယ်..
      ကတောင်ကတောင်ကတောင်

  • စိန်ဗိုက်ဗိုက်

    November 8, 2012 at 5:13 pm


    Miss International ဆုသည် Miss Myanmar များ အတွက်သာ ဖြစ်ရမည်…
    Miss Myanmar များသည် အူးဗိုက်အတွက်ဖြစ်သည်

    အဆိုပါ ဆောင်ပုဒ်ကို ပြင်ဆင်သူများ သဂျီးရဲ့ သုံးလုံးပြူးနဲ ့တွေ ့မည်မှတ်ပါ။
    ဒါဗျဲ

    • ခု တစ်ယောက် …
      နောက် အနှစ် ၂ဝ ဆိုရင် အယောက် ၂ဝ …
      နင်က … နိုင်လို့လား … :mrgreen:
      (ဘီအီးပုလင်း ပြောပါဒယ် …)

    • အူးဗိုက်

      November 9, 2012 at 4:38 am

      အေး အေး
      လက်ခံဒယ်။
      ဒီလို အဆိုပြုပေးလို့ သာဒု
      ပုံ
      မူရင်း
      အူးဗိုက်

      • စိန်ဗိုက်ဗိုက်

        November 9, 2012 at 10:20 am

        ဟမလေး..
        အူးဗိုက်တဲ့ဗျ..
        ကုန်ပါပြီတော့…

  • kai

    November 9, 2012 at 4:15 am

    ပြောရရင်.. မစ်စ်အင်တာနေရှင်နယ်က. သိပ်နာမယ်မကြီးပါဘူး..
    မစ်ယူနီဗာ့စ်နဲ့.. မစ်စ်ဝါ့လ်ဒ် ရှေ့မှာရှိပြီး.. အဲဒါတွေကို ဝင်ပြိုင်အနိုင်ရအောင်…ကြိုးစားသင့်ပါကြောင်း..

    Miss International (Miss International Beauty or The International Beauty Pageant) is an annual international beauty pageant held since 1960.[1]

    Miss Universe is an annual international beauty contest that is run by the Miss Universe Organization.[1][2][3] The contest was founded in 1952 by California clothing company Pacific Mills. The pageant became part of Kayser-Roth and then Gulf+Western Industries, before being acquired by Donald Trump in 1996.

    The Miss World pageant is the oldest surviving major international beauty pageant. It was created in the United Kingdom by Eric Morley in 1951.[1][2] Since his death in 2000, Morley’s wife, Julia Morley, co-chairs the pageant.

  • အရီးခင်လတ်

    November 9, 2012 at 4:30 am

    ကဘချော တို့ကတော့ ညီမချော က နဲနဲ လေး လွှတ်ပေးလိုက်တာ နဲ့ ပြောလို့ ကို မပြီး တော့ဘူး။
    မပြောတော့ဘူး။ မပြောတော့ဘူး။ ပြောကိုမပြောချင်တော့ဘူး။
    (စီအာ – ဒေါ်မြလေး)
    :harr:

  • ရွာစားကျော်

    November 9, 2012 at 10:02 am

    တူးပိစ်
    နူးအိ
    ဦးကြည့်
    ထူးဘိ
    ရူးမိ

  • blackchaw

    November 9, 2012 at 10:17 am

    @ အင်္ဂ ါ Z :
    ပထမဆုံးပေးတဲ့ ကွန်းမန့်လေးအတွက် ကျေးဇူးအထူးပါ
    အင်ဂါ Z ကြီးရေ…။
    သင်္ချာလေးကို Two Piece လေးနဲ့ မြင်ကြည့်လိုက်တဲ့အခါ…
    စိုးတယ် …စိုးမိတယ်… စိုးထိတ်မိတော့တယ်ကွယ်…။
    :mrgreen:

    @ Mon Kit :
    ဘယ်လိုပဲဖြစ်ဖြစ်…
    မြန်မာမလေးတစ်ယောက်ရဲ့…
    ပထမဆုံး Two Piece စွန့်စားခန်းကို…
    မုဒိတာပွားပေးလိုက်ကြရအောင်ပါဗျာ…။
    :mrgreen:

    @ Thit Min :
    ပို့စ်လည်းတင်ချင်တယ်…၊ ရေးဖို့အချိန်ကလည်း ရှားနေတယ်…၊
    ရသလောက်အချိန်လေးမှာ ရေးလို့လွယ်တာလေးနဲ့…၊
    ပို့စ်ဖြစ်အောင်ရေးတင်လိုက်တာကို…
    သည်းခံဖတ်ပေးပြီး
    အခုလို လေးနက်တဲ့ကွန်းမန့်လေး ချီးမြှင့်ပေးသွားတာ ကျေးဇူးအထူးပါကိုသစ်ရေ…။

    @ jullies cezer :
    ဟုတ်တာပေါ့ jullies cezer ရေ…။
    ခင်ဗျားပြောတာ ကျွန်တော်လည်း သဘောတူပါတယ်…
    ကွန်းမန့်လေးအတွက်ကျေးဇူးပါဗျာ…။
    :mrgreen:

    @ Wow :
    ရိုးဂုဏ်ကြောင့်ဖြစ်နိုင်တယ်လို့ ကျွန်တော်လည်း တွေးမိပါတယ် Wow ရေ…။
    ထောက်ခံပါတယ်ဗျာ…။
    :mrgreen:

    @ ကြောင်ဝတုတ် :
    နာမည်ပြန်မပြောင်းသေးဘူးလား ဝတုတ်ရေ…။
    အဲဒါလည်း ဟုတ်တာပဲ ဗျာ…။
    မြန်မာ့အားကစား ကမ္ဘာကို လွှမ်းစေရမည် ဆိုတဲ့ ဆောင်ပုဒ်ကြီးကို
    လှောင်ချင်ပြောင်ချင်လို့
    Miss International ဆုသည် Miss Myanmar များ အတွက်သာ ဖြစ်ရမည်…
    လို့ ရေးလိုက်တာပါ ဗျာ…။
    :mrgreen:

    @ nozomi :
    ဒီပို့စ်လေးတင်လိုက်တာ
    အဲဒီလို ပျော်စရာကွန်းမန့်လေးတွေ ဖတ်ချင်လို့ပါဗျာ…။
    ကိုနိုကြီးရေးတဲ့ ကွန်းမန့် ဖတ်လိုက်ရလို့…
    ရေးရကျိုးနပ်သွားပြီ…။
    :mrgreen:

    @ စိန်ဗိုက်ဗိုက် :

    Miss International ဆုသည် Miss Myanmar များ အတွက်သာ ဖြစ်ရမည်…
    Miss Myanmar များသည် အူးဗိုက်အတွက်ဖြစ်သည်

    အဲဒီလိုတွေးတတ်တာကိုက စိန်ဗိုက်ဗိုက် ရဲ့ အမှတ်လက္ခဏာ ဖြစ်တော့သတည်း…။
    :mrgreen:

    @ အံစာတုံး :
    ကွန်းမန့်လေး ဝင်ရေးပေးသွားတာ ကျေးဇူးပါ ညီလေးရေ…။
    :mrgreen:

    @ ကိုပေါက် :
    ကွန်းမန့်လေးအတွက် ကျေးဇူးပါ ကိုပေါက်ကြီးရေ…။
    :mrgreen:

    @ အာဂ :
    ဖြစ်ရမှာပေါ့ ညီလေးရယ်…။
    မြန်မာမလေးတွေ ဖလန်းဖလန်းထပြီး Miss International ဆုတွေရော…၊
    Miss Universe ဆုတွေရော…၊
    သူကြီးပြောတဲ့… Miss World ဆုတွေရော ဆွတ်ခူးနိုင်တဲ့ နေ့ကို
    ရောက်လာဦးမှာပေါ့ဗျာ…။
    စောင့်ကြည့်ကြတာပေါ့…။
    :mrgreen:

    @ kai :
    ကွန်းမန့်လေးအတွက် ကျေးဇူးပါ သူကြီးရေ…။
    မြန်မာမလေးတွေ Two Piece ဝတ်ပြီး ယှဉ်ပြိုင်တာကို
    အခုခေတ်လူမြန်မာတွေက
    ပြသနာတစ်ခုလို့ မမြင်ကြတော့ ဘူးခင်ဗျ…။
    အဲဒါလေးလည်း ပြောချင်တာပါ…။
    Miss Universe ကျတော့ သူတို့လေးတွေရဲ့
    အလှအပကို အားပေးနေကြပါခင်ဗျ…။
    Miss World ကိုတော့ မသိသေးဘူးခင်ဗျ…။
    :mrgreen:

    @ အရီးခင်လတ် :
    ဘုရားစူး…မိုးကြိုးပစ်…နန်းခင်ဇေယျာလေးနဲ့ ့ညားရပါစေရဲ့အစ်မရေ…။
    မဒမ်ချော က ကျွန်တော်ရေးတာဖတ်ပြီး
    ရယ်ရလို့တဲ့ဗျာ…။
    အဲဒါကြောင့်မရေးချင်ပဲနဲ့ ရေးနေရတာပါ ခင်ဗျာ…
    :mrgreen:

  • ဒီပိုစ်လေးထဲမှာ သူနဲ့ပါတ်သက်တာလေးတော့ ဝင်ပွားချင်ပါသေးတယ်။
    အခုသူရသွားတဲ့ဆုလေးအတွက် ကျနော်တို့လို အင်တာနက်သုံးသူများက
    အမျိုးချစ်စိတ်နဲ့ ဝင်ပြီး ဝိုင်း ဗုတ်လိုက်ကြတာပါ။
    ် နှစ်ငါးဆယ်လောက် ဝင်မပြိုင်နိုင်တာကနေ ပထမဆုံးဝင်ပြိုင်သူမို့လဲ
    ချစ်ခင်စွာ ဝိုင်းပြီးအားပေးလိုက်တယ်ဆိုတော့
    သူရယ်လို့နာမယ်စွဲကြောင့်မဟုတ်ဘဲ မြန်မာ ဆိုတဲ့ အသိနဲ့ တက်ညီလက်ညီဝိုင်းဗုတ်လိုက်တာကတော့အငြင်းပွားစရာမရှိပါ။
    နောင် လဲဒီလိုဝင်ပြိုင်သူမှန်သမျှကို အမျိုးချစ်စိတ်နဲ့ ဝင်အားပေးနေကြမှာလဲ အမှန်ပါဘဲ။
    ကြိုးစားပြီး ဝင်ပြိုင်သူကိုလဲ လေးစားတာပါ၏။

    ဓါတ်ပုံရိုက်ပေးဘို့ပြောတာ အနုပညာကြေး တောင်းတယ်ဆိုတာကိုလည်းပြောချင်ပါသေးတယ်။
    ဘာကြောင့် ဘယ်သူကြောင့် ဖြစ်လာလာ သူဖြတ်သန်းခဲ့ရတာကို သူကိုယ်တိုင်စတင်ခဲ့ရတာပါ။
    အဲတော့ ရသင့်ရထိုက်တဲ့ ရလာဒ်ကိုတော့ ခံစားချင်မှာ ခံစားခွင့်ရှိတာအသေအချာပါဘဲ။
    သို့သော် စီးပွားရေး သက်သက်မကြည့်ဘဲ လူမူ့ရေးလုပ်ငန်းတွေအတွက်ဆိုရင် တော့
    စေတနာရှေ့ထားပြီး လုပ်ပေးစေချင်တယ်လို့ ပွားလိုက်မိပါ၏

  • ဆိုင်မဆိုင်တော့မသိဘူးဗျာ။ သူလေးနဲ့ ပရိသတ်တွေ့စုံပွဲသတင်း

    ညီမကို အပင်ပန်းခံပြီး အားပေးပံ့ပိုးခဲ့ကြတဲ့ ပရိတ်သတ်ကြီးနဲ့ ညီမ ဆုံတွေ့ကြမယ့် ပွဲလေးရဲ့ အစီအစဉ်(အကြမ်း)လေးကို ညီမဖော်ပြထားလိုက်ပါတယ်။

    အခမ်းအနားအစီအစဉ်

    နေ့ရက် နိုဝင်ဘာလ ၂၃ ရက် ၂၀၁၂ ခုနှစ်။
    အချိန် ညနေ ၄ နာရီ မှ ရ နာရီအထိ။
    နေရာ ကန်တော်ကြီး(မျှော်စင်ကျွန်း)။

    ၁။ Photo Section အစီအစဉ်။
    ၂။ ဖျော်ဖြေရေးအစီအစဉ်။
    ၃။ နန်းခင်ဇေယျာမှ ခရီးစဉ်အတွင်း ပြိုင်ပွဲအတွေ့အကြုံ၊ ပရိတ်သတ်များရဲ့ ပံ့ပိုးမှုများအား ရှင်းလင်းပြောကြားခြင်း။
    ၄။ ဖျော်ဖြေရေးအစီအစဉ်။
    ၅။ Celebrity Interview အစီအစဉ်။
    ၆။ RedLink မှ Brand Ambassador ပေးအပ်ခြင်းအစီအစဉ်။
    ၇။ တက်ရောက်လာကြသော ပရိတ်သတ်များထဲမှ ၁ဝ ဦးအား RedLink Broadband WiMAX (Silver Plan) စက်နှင့် တစ်နှစ်သုံးစွဲခွင့်အား နန်းခင်ဇေယျာမှ Lucky Draw ကံစမ်းမဲဖောက်ပေးခြင်းအစီအစဉ်။
    ၈။ ဖျော်ဖြေရေးအစီအစဉ်။
    ၉။ ပရိတ်သတ်များ၏ ဆန္ဒပြုခြင်း။
    ၁၀။ RedLink ၏ Family Photo ရိုက်ကူးခြင်းနှင့် နန်းခင်ဇေယျာမှ ပရိတ်သတ်များအား လိုက်လံ နှုတ်ဆက်ခြင်းအစီအစဉ်။

    ညီမအနေနဲ့ ညီမရဲ့ ပရိတ်သတ်တွေအားလုံးကို ပါဝင်နိုင်ဖို့လည်းကြိုးစားနေပါတယ်။ တက်ရောက်ချင်တဲ့လူဦးရေ အရမ်းများရင်တော့ မဲနှိုက်ရွေးချယ်ပြီးဖိတ်ကြားရမှာဖြစ်လို့ ဒီပွဲလေးကို တက်ရောက်လိုတဲ့ ပရိတ်သတ်များအနေနဲ့ ညီမရဲ့ အီးမေးလ် ကို နာမည်နဲ့ မှတ်ပုံတင်အမှတ်တို့ကို ပေးပို့ပေးကြဖို့ မေတ္တာရပ်ခံပါတယ်ရှင့်…..

    ကြိုတင်စာရင်းပေးသွင်းရန်အီးမေးလ် nangkhinzayyar@gmail.com
    အမည်……….
    မှတ်ပုံတင်အမှတ်…………
    (ပရိတ်သတ်အတွက် မေတ္တာလက်မှတ်များသာထုတ်ပေးမှာဖြစ်ပြီး လက်မှတ်လုံးဝ မရောင်းပါ)

  • ကိုသင်း

    November 9, 2012 at 1:10 pm

    ပေါက်ကရတွေ သိပ်မရေးကြနဲ ့ဗျာ
    ကြမ်းကြားလေကြား ကြားသွားလို ့
    အကုန်ငတ်ကုန်မယ်၊ ဒါနဲ ့စကားမစပ်
    မျှော်စင်ကျွန်းမှာလည်း တူးပိစ် ပဲလားဟင်?

    ကိုနက်ချော နဲ ့ဘော်ဒါအပေါင်း
    ကျန်းမာ ချမ်းသာ လိုအင်ဟူသမျှ ပြည့်ကြပါစေဗျာ

  • မျှော်စင်ကျွန်းမှာ တူးပိစ်လိုက်လို့ကတော့
    မိချောင်းတွေထဲ ပစ်ချတာကမှ အရိုးကျန်အုံးမယ်ထင်တာဘဲနော်

  • ကထူးဆန်း

    November 9, 2012 at 1:39 pm

    ကျွန်တော်လည်းအခုဘဲ ပိုစ် တင်လိုက်မိတယ် ။လေးပေါက်ရေ ..လှုမှုရေးလဲ လုပ်နေပါတယ်တဲ့ ။
    နန်းခင်ဇေယျာ ဖေ့စ်ဘုတ်က ပါ ။
    အားလုံးပဲ မင်္ဂလာပါရှင့်… နိုဝင်ဘာလ ၂၅ ရက်နေ့(တနင်္ဂနွေ) မှာ ညီမနဲ့ အတူ လှည်းကူးမြို့နယ် မှာ တည်ရှိတဲ့ မေတ္တာပရဟိတဂေဟာ ခရီးစဉ်အပါအဝင် အခြားပရဟိတလုပ်ငန်းများမှာ တတ်နိုင်သလောက် ပါဝင် လှူဒါန်းလိုသူများ အနေနဲ့ အောက်ပါ ဖုံးနံပတ်များကို ဆက်သွယ်ပြီးလှူဒါန်းနိုင်ပါတယ်။ ရန်ကုန်မြို့မှ အလှူရှင်များအနေနဲ့ လာရောက်လှူဒါန်းရန်ခက်ခဲသူများကို လိုက်လံကောက်ခံပေးမှာဖြစ်ပါတယ်။ အခြားမြို့များမှ လှူဒါန်းလိုသူများ၊ နိုင်ငြံ
    ခားမှလှူဒါန်းလိုသူများအတွက်လည်း အောက်ပါဖုံးနံပတ်များကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

    မေတ္တာပရဟိတဂေဟာ ခရီးစဉ်အတွက် လှူဒါန်းလိုသူများဆက်သွယ်လှူဒါန်းရန်
    ၀၉၅၁၁၇၆၉၁၊ ဝ၉၄၃၀၉၇၆၈၄၊ ဝ၉၅၄၁၃၇၁၇၊ ဝ၉၄၂၁၁၁၈၈၀၀။

    မေတ္တာပရဟိတဂေဟာ ခရီးစဉ်အတွက်အလှူငွေနဲ့ လှူဒါန်းမည့်ပစ္စ္စည်းများကိုတော့ နိုဝင်ဘာလ ၂၃ ရက်နေ့ နောက်ဆုံးထားပြီးကောက်ခံသွားမှာပါ။ လက်ခံရရှိတဲ့အလှူငွေများကိုလည်း ညီမရဲ့ Facebook Account နဲ့ Fan Page များကြေငြာပေးသွားပါမယ်။
    နိုဝင်ဘာလ ၂၃ ရက်နေ့မှာ မနက် ၉ နာရီခွဲတိတိမှာ ရန်ကုန်မြို့ဆုံရပ်ကနေ(ဆုံရပ် နေရာကို ပြန်လည်ကြေငြာပေးပါ့မယ်) စတင်ထွက်ခွာမှာဖြစ်ပါတယ်။

    အားလုံးပဲကျန်းမာချမ်းသာကြပါစေရှင့်…. 🙂

  • လုံမလည်း သူ တူးပိစ်ဝတ်တာကို ဘယ်လိုမှမနေဘူး..မျက်နှာကလည်း sexy ဖြစ်မနေလို့ဖြစ်မယ်…ဒါပေမယ့် မြန်မာအချိုးအစားဖြစ်နေတော့ လှတော့ မလှဘူးပေါ့နော်…

    ဆိုတော့ကာ… ဒီလိုမျိုး ရဲရဲဝံ့ဝံ့နဲ့ တူးပိစ်ဝတ်ပြီး ကမ္ဘာ့အလယ်မှာ မြန်မာကိုယ်စားပြုပြိုင်ခဲ့တဲ့ Miss Myanmar အတွက်တော့ မုဒိတာပွားပြီး ဂုဏ်ယူပါတယ်လို့…

Leave a Reply