မရောက်မချင်း သွားကြပါစို့။
မရောက်မချင်း သွားကြပါစို့။
“ဖေကြီးရာ ဖေကြီးရောက်ချင်တဲ့နေရာ ခုထိမရောက်သေးဘူးလားဟင်´´
“သားရယ် ဒီတောင်ကိုကျော်ရင်တော့ ရောက်မှာပါတယ်ကွာ´´
´´ဖေကြီးကလည်း ဒီတောင်ကျော်ရင်ရောက်မှာပါနဲ့ဘဲ ဖြတ်လာခဲ့ရတဲ့ တောင်တွေ တောတွေ မနည်းတော့ ဘူးနော်´´
“အေးပါသားရယ် ဒီတစ်ခါတော့ တကယ်ရောက်လောက်ပါပြီ´´
“ဖေကြီးရာ ပေါ့ပေါ့ပါးပါးဆိုပြီး စီးလာတဲ့ကင်းဘတ်ဖိနပ်တောင် ခြေလှမ်းတိုင်း တဖြေးဖြေးသံဖိနပ်လား အောင့်မေ့ရလောက်အောင် ခြေတွေလည်း လေးသွဲ့လို့ လူလည်းမောပါပေါ့ဗျာ´´
“ဒါပေမယ့်လည်း သားရယ်အားတင်းပြီး လျောက်စမ်းပါ ရောက်မှာပါကွာ´´
“ဖေကြီးရာ လျောက်ရင်းနဲ့ မိုးချုပ်သွားလို့ ဖေကြီးပြောတဲ့ဆီမရောက်သေးရင် ဘယ်နဲ့လုပ်မလဲဟင်´´
“မိုးမချုပ်ခင်တော့ရောက်နိုင်ပါတယ်သားရယ်၊ အကယ်လို့မရောက်ရင်လည်း လုံခြုံတဲ့နေရာရှာပြီး အိပ်ရ မှာပေါ့ သားရယ်´´
“ဘာလို့လုံခြုံတဲ့နေရာရှာရတာလဲ ဖေကြီး´´
“လုံခြုံတဲ့နေရာမဟုတ်ရင် ညဖက်ကျ ကျားတွေ ခြင်္သေ့တွေ ဂုတ်လာဆွဲမှာပေါ့´´
“ဖေကြီးရေ အဲဒါဆို သားကြောက်တယ်နော်၊ ဖေကြီးအိပ်နေတဲ့ အချိန် လာပြီးဂုတ်ဆွဲခေါ်ရင် ဘယ်လိုလုပ် မလဲဟင်´´
“မကြောက်ပါနဲ့သားရယ် ဖေကြီးမအိပ်ဘဲ နေပေးမှာပေါ့´´
“ဒါနဲ့ဖေကြီးရ ကျားတွေ ခြင်္သေ့တွေက ဘာလို့ညကျမှာ ဂုတ်လာဆွဲကြတာလည်းဟင်၊ နေ့ဖက်ကျဘာလို့ လာမဆွဲကြတာလဲ´´
“သူတို့က နေ့ဖက်ကျ လူတွေတွေ့ရင် သူတို့ကိုပြန်ပြီး ရန်လုပ်တိုက်ခိုက်မှာ ဆိုလို့ပေါ့သားရေ´´
“ဖေကြီး အခုရောက်အောင်သွားရမယ့် နေရာမှာရော အဲလို ကျားတွေ ခြသေ့င်္တွေ ဂုတ်မဆွဲဘူးလားဟင်´´
“ဖေကြီးတို့ ရောက်အောင်သွားနေတဲ့နေရာက အဲလိုဂုတ်ဆွဲတာတွေမရှိဘူးလေ အဲဒါကြောင့်အရောက် သွားကြရအောင် လာခဲ့ကြတာပေါ့´´
“ဖေကြီးကလည်း အဲဒီနေရာက ဘယ်တော့ရောက်မှန်းမသိဘဲဗျာ၊ တော်ကြာမရောက်ခင် မှောင်သွားမှဖြင့်´´
“သားရယ် စစ်မရောက်ခင် မျှားမကုန်ချင်စမ်းမှာနဲ့လေ´´
“အခုရောက်နေတဲ့နေရာကနေ လာလမ်းကိုပြန်ကြရင်ကော ဖေကြီး´´
“သားကို အဖေရှင်းပြမယ်နားထောင်နော် အခုရောက်နေတဲ့နေရာက ဖေကြီးတို့သွားချင်တဲ့နေရာရဲ့ တစ်ဝက် ကိုရောက်နေပြီဆို ဘယ်လောက်ထပ်သွားရမလဲ´´
“တစ်ဝက်ထပ်သွားရမှာပေါ့ ဖေကြီး´´
“လှည့်ပြန်ရင်ကော ဘယ်လောက်သွားရမလဲ သား´´
“တစ်ဝက်ခရီးဘဲပေါ့ ဖေကြီးရာ´´
“သွားရမယ့်ခရီးက အတူတူဘဲလေ သားဘာလုပ်မလဲ´´
“သွားမယ့်နေရာဘဲ ဆက်ဘဲလျောက်ရမှာပေါ့ ဖေကြီးရာ၊ ဒါပေမယ့် ဆက်သွားရမယ့်ခရီးက ပြန်လှည့်ရမယ့် ခရီးထက် ပိုဝေး နေရင်ကော ဘယ်လိုလုပ်မလဲ´´
“အဲဒီလိုတွေးရင် သားရောက်နေတဲ့နေရာက ဖေကြီးတို့သွားရမယ့်နေရာရဲ့ သုံးပုံ တစ်ပုံ ရောက်နေတယ်ဆို နောက်ထပ်ဖေကြီးတို့ သွားရမှာ ခရီးကနှစ်ပုံပေါ့၊ အဲဒီမှာ သားလှည့်ပြန်သွားရင် တစ်ပုံခရီးကို ပြန်လျောက်ရတာ သက်သာတယ်ထင်ပေမယ့်၊ အကယ်လို့ အခုသွားချင်တဲ့နေရာကို နောင်များပြန်သွားချင်လို့ အစကပြန် လျောက်ကြရင် ဒီနေရာပြန်ရောက်တဲ့အခါ အစကနေ ဒီနေရာထိက တစ်ပုံ အစောကလှည့်ပြန်သွားခဲ့တာ တစ်ပုံနဲ့ပေါင်းရင် ခရီးနှစ်ပုံဆိုတော့ အခုကျန်နေတဲ့ ခရီးနှစ်ပုံဘဲ လျောက်တာပိုမကောင်းဘူးလား သားရယ်´´
“အင်း ဖေကြီးရှင်းပြတော့လည်း ဟုတ်သားဘဲနော်၊ ဒါနဲ့ သားတို့အရောက်သွားကြမယ့် နေရာရောက်ရင် ဘာတွေတွေ့ရမှာလဲဟင်´´
“သားရေ ဖေကြီးတို့ အရောက်သွားကြရမယ့်နေရာရောက်ရင် လွတ်လပ်ခွင့်ဆိုတာကို အပြည့်အဝ ရမှာ လေ´´
“ဘယ်လိုလွတ်လပ်ခွင့်လဲ ဖေကြီးရ´´
“လွတ်လပ်စွာရေးသားခွင့် လွတ်လပ်စွာပုံနှိပ်ခွင့် လွတ်လပ်စွာပြောဆိုခွင့် လွတ်လပ်စွာဆွေးနွေးခွင့်တွေပေါ့´´
“အဲဒီ လွတ်လပ်ခွင့်ကြောင့် ညဖက်ဂုတ်လာ လာဆွဲတဲ့ ကျားတွေ ခြင်္သေ့တွေ မရှိတာလား ဖေကြီး´´
“ဒါပေါ့ သားရယ်၊ ကဲ မမှောင်ခင်အားစိုက်လို့ လွတ်လပ်ခွင့် တွေပြည့်ဝမယ့်နေရာကို အရောက်သာ သွားကြ ရအောင် သားရေ´´
“ဟုတ်ကဲ့ပါ ဖေကြီးရေ မရောက်ရောက်အောင် သွားကြမယ်ဗျာ´´
အဲလိုနဲ့ဘဲ လွတ်လပ်ခွင့် တွေပြည့်ဝမယ့်နေရာကို အရောက်သွားဖို့ခရီးထွက်လာတဲ့သားအဖတွေ တက်ညီ လက်ညီ လျောက်လှမ်းသွားနေကြတာ အားမာန်အပြည့်ပါဘဲဗျာ။
ခင်ခရဲ့အတွေးပါးပါး အရေးများပါဗျာ။
ဖတ်ရှု့သူအပေါင်းကျေးဇူးပါ။
ကိုခင်ခ။
15 comments
အလင်းဆက်
November 12, 2012 at 7:42 pm
ပြောခင်တဲ ့ အကြောင်းအရာလေးကို..
လှလှ ပပ တည်ဆောက်ပြီး.ဖွဲ ့ပြသွားတာ…
တကယ်… ဖတ်လို ့ကောင်းပါတယ်..
ကိုခင်ခရေ..
အားကျ မိပါတယ်
ဒီလို ကျစ်လျစ်စွာ.. ဖွဲ ့တည် ထားတဲ ့စာမူမျိုး မြင်ရင်….
တကယ် အားကျမိတာပါ ။
AKKO
November 12, 2012 at 8:24 pm
ကိုခ လက်ရာကတော့ ဂွတ်ရှယ်ပါပဲ။။ကျနော်ကတော့ ၅စတား ပေးပါတယ်။ မာစတာပီစ့်မို ့လို ့နော်။
Ko Khin Kha ( သရီးကေ )
November 12, 2012 at 9:28 pm
ဦးဆုံးကွန်မန့်ပေးလာသူ ကိုအလင်းဆက်နဲ့ ဝင်ရောက်အားပေးကွန့်ခဲ့တဲ့ ကိုအေကေကေအို တို့ကို ကျေးဇူးပါနော်။
လွတ်လပ်စွာဆိုတာကို ဘယ်အချိန်ရောက်မှန်း မသိပေမယ့် မရောက်မချင်း မျှော်လင့်စွာ နဲ့ လျောက်နေရတဲ့ သတင်း မီဒီယာ စာပေသမားတွေအတွက် ခံစားကာတွေးလို့ ရေးမိရေးရာ
ရေးတာပါဗျာ။
ရွှေ ကြည်
November 12, 2012 at 9:39 pm
“အဲဒီလိုတွေးရင် သားရောက်နေတဲ့နေရာက ဖေကြီးတို့သွားရမယ့်နေရာရဲ့ သုံးပုံ တစ်ပုံ ရောက်နေတယ်ဆို နောက်ထပ်ဖေကြီးတို့ သွားရမှာ ခရီးကနှစ်ပုံပေါ့၊ အဲဒီမှာ သားလှည့်ပြန်သွားရင် တစ်ပုံခရီးကို ပြန်လျောက်ရတာ သက်သာတယ်ထင်ပေမယ့်၊ အကယ်လို့ အခုသွားချင်တဲ့နေရာကို နောင်များပြန်သွားချင်လို့ အစကပြန် လျောက်ကြရင် ဒီနေရာပြန်ရောက်တဲ့အခါ အစကနေ ဒီနေရာထိက တစ်ပုံ အစောကလှည့်ပြန်သွားခဲ့တာ တစ်ပုံနဲ့ပေါင်းရင် ခရီးနှစ်ပုံဆိုတော့ အခုကျန်နေတဲ့ ခရီးနှစ်ပုံဘဲ လျောက်တာပိုမကောင်းဘူးလား သားရယ်´´
ဗရာကြော်ပါ လေးခင်ခရေ
Ko Khin Kha ( သရီးကေ )
November 12, 2012 at 9:55 pm
နောက်ပြန်မလှည့်ကြေး
သွားမယ်ဒို့မနှေးပါ
မရွှေကြည်ရေ။
ကိုပေါက်(မန္တလေး)
November 12, 2012 at 10:11 pm
ကိုခရေ
ရှေးသီချင်းကြီးထဲက စကားလုံးလေး ယူသုံးလိုက်တော့မယ်
“အိုးးးးးးးးးးးးးးမဝေးဘူးရောက်လှပါပြီ………………..” တဲ့.
Ko Khin Kha ( သရီးကေ )
November 13, 2012 at 1:27 pm
ကိုပေါက်ရေ မဝေးဘူးရောက်လှပါပြီ မို့လည်း သားအဖနှစ်ဆက်လျှောက်သွားတာပေါ့ဗျာ။
ကျွန်တော်တစ်ခုဘဲ စိုးရိမ်မိတာပါ လာလမ်းကိုပြန်လှည့်သွားလိုက်မှာကိုဘဲဗျာ။
Fall Guy
November 13, 2012 at 8:40 am
“လုံခြုံတဲ့နေရာမဟုတ်ရင် ညဖက်ကျ ကျားတွေ ခြင်္သေ့တွေ ဂုတ်လာဆွဲမှာပေါ့´´
လွတ်လပ်စွာရေးသားခွင့် လွတ်လပ်စွာပုံနှိပ်ခွင့် လွတ်လပ်စွာပြောဆိုခွင့် လွတ်လပ်စွာဆွေးနွေးခွင့်တွေအမြန်ဆုံးရပါစေ….။
myanmar oscar
November 13, 2012 at 10:12 am
ကျွန်တော်ကတော့ ဒီလိုဆိုပြီးဂုဏ်ပြုလို်က်ပါတယ် ကိုခင်…..
ခါတော်ရောက်ချိန် နီးလို့လာပလေ၊
ဒေါ်ဒေါ် မမ နှမတို့ရေ၊
အသည်းစွဲချစ်မိတ်ဆွေ ခေတ္တခွဲလို့နေ၊
မြို့မနဲ့အတူတကွ လိုက်ပါနိုင်စေ…..
အောင်စည်ရွမ်းသံ ကြားပြီထင့် ပြည်တော်ဝင်မယ်လေ………..
Khaing Zar Win
November 13, 2012 at 10:49 am
ကိုခ ရေ။
ညကတည်းက ဖတ်မိတယ်။
ဖုန်းနဲ့ မြန်မာလိုရိုက်ဖို့အစဉ်မပြေလို့။ ကိုခ အတွေးလေးကို သဘောကျလို့ပါ။
ကိုခက မီဒီယာအတွက် တွေးမိပြီး ရေးပေမဲ့ နယ်ပယ် အကုန်လုံး အတွက် တွေးလို့ရနေလို့ပါ။
ရောက်ရမဲ့၊ ရောက်ချင်တဲ့ ပန်းတိုင်မျိုးကို မရောက်မချင်းသွားရမှာတော့ အကုန်လုံးတာဝန်ပဲထင်ပါတယ်။
တစ်ခါ တစ်လေတော့လည်း နောက်ပြန်လှည့်ချင်သူတွေ စောင့်ခေါ်၊ ဖြောင်းဖြ လုပ်နေရတာနဲ့ အချိန်နည်းနည်းဖင့်သလားလို့ပါ။
ခု ကိုခ က လူနှစ်ယောက်ကို ပဲအခြေခံသော်လည်း လက်တွေ့မှာ လူအမျိုးမျိုးပါပဲနော်။
ရှေ့ကလည်းမသွား၊ နောက်ကလည်းမလိုက်ချင်တဲ့ လူ့ လွယ်အိတ်တွေ၊ တော်ပြီး မကောင်းတဲ့ လူမျိုးတွေ၊ မထက်မြက်တဲ့ လူကောင်းလေးတွေ၊ ဘေးထိုင်ဘုပြောတွေ၊ စသည်ဖြင့် အများကြီးပါပဲလေ။
ဒီလို လူမျိုးတွေ တစ်မျိုးချင်း၊ တစ်ယောက်ချင်းရဲ့ စွမ်းရည်တွေကို အသုံးချနိုင်မဲ့ ခေါင်းဆောင်မျိုးကို ပဲ မျှော်လင့်မိပါတယ်။ ဒါမှပဲ အချိန်တိုတိုနဲ့ လိုရာရောက်မှာကိုး။
ဆက်တွေးမိတဲ့ အတွေးတွေ ဆက်ရေးရရင်လည်း မန့်တာ အတော်ရှည်တော့မယ်။
ကျနော့ အိမ်မက်ထိပါလာနိုင်သော ဒီအတွေးနဲ့ ဒီ ပို့(စ) အတွက် ကျေးဇူးတင်ပါတယ်။
“အားမလျှော့နဲ့ ရောက်လုပြီ၊ ကြိုးစားသွားပါမည်” 🙂
Ko Khin Kha ( သရီးကေ )
November 13, 2012 at 1:37 pm
Fall Guy ရေ ကျား ခြင်္သေ့တွေ တောရှင်းလို့မောင်းထုတ်ပြီးရင်ဖြင့် ရလောက်မှာပါဗျာ။
myanmar oscar ရေ အဲဒီသီချင်းကို ကျွန်တော်အရမ်းကြိုက်တယ်ဗျ။ စာသားလေးတွေ ကောင်းလို့လေ။
မခိုင်ဇာဝင်းရဲ့ ကောင်းသောကွန်မန့်လေးအတွက် ကျေးဇူးနော်။ နောက်ပြန်မလှည့်မိကြပါနဲ့လို့တော့
ဆုတောင်းနေမိတယ်ဗျာ။
လုံမလေးမွန်မွန်
November 13, 2012 at 12:49 pm
လေးလေးရေ..
ဖတ်ပြီးတာကြာပါပြီ..မမန့်ဖြစ်တာပါ…
သမီးပြောချင်တာကတော့ အဲ့ဒီ့ လွတ်လပ်ခွင့် ဆိုတဲ့နောက်မှာ ဥပဒေဆိုတာကို နားလည်သဘောပေါက်ပြီး လေးစားလိုက်နာဖို့ လိုမယ်ထင်ပါတယ်….
Ko Khin Kha ( သရီးကေ )
November 13, 2012 at 1:15 pm
ဥပဒေသည် တရားမျှတပြီး ပြည်သူအကျိုးအတွက် ဖြစ်သင့်သလို ဥပဒေအတိုင်းဘဲ တရားသူကြီးတွေက စီရင်ခွင့်ရှိရမယ် မဟုတ်လား လုံမလေးရေ။ လူပေါ်မူတည်ပြီး လိုသလိုပြုနေတဲ့ တရားသူကြီးနဲ့ ဥပဒေကိုတော့ မလေးစားနိုင်ပေါင်။
ဒါကြောင့် တရားနည်းလမ်းကျသော မည်သူဘဲဖြစ်ဖြစ် စီရင်ထုံး တသတ်မတ်ထဲရှိသော ဥပဒေနှင့် လွတ်လပ်ခွင့်ကို လိုချင်တောင်တမိသူ ခင်ခပါ လုံမလေးသမီးမွန်မွန်ရေ။
kyeemite
November 14, 2012 at 1:53 pm
အရေးအသား လေးစားပါ၏
ဆက်လျှောက် ကိုခင်ခရေ..
လမ်းဆက်လျှောက်နေတဲ့…
ကြီးမိုက်။
Ko Khin Kha ( သရီးကေ )
November 14, 2012 at 2:43 pm
ကိုကြီးမိုက်ရေ ဆက်လျှောက်ဖို့ အားပေးတဲ့အတွက် ကျေးဇူးဗျာ။
တစ်ခါတလေတော့လည်း ဆက်လျှောက်ရတာ မောတော့မောတာပေါ့ ဒါပေမယ့် မောလို့မဖြစ်ဘူးလေ။