မပြီးဆုံးသေးသော ပန်းချီကား………….
ငြိမ်းချမ်းခြင်းရဲ့ နံဘေးမှာ
အေးမြတဲ့ တေးသံဇဉ်တွေက
နွေးထွေးစွာ ကခုန်လျှက်ပေါ့
စမ်းချောင်းလေးရဲ့ဘေးမှာ
ခမ်းချောက်မသွားတဲ့ လေနုအေးလေးတွေနှင့်အတူ
ကြေးဌက်လေးတွေကလည်း ပျော်မြူးခြင်းတွေနဲ့လေ
ရင်ထဲမှာ ငြိမ်းချမ်းခြင်းတွေနဲ့အတူ
တရား ဒေဿနာတွေ ပွားများရင်း
လူသားအပေါင်း သောသတွေ မာနတွေ ကင်းစင်ပါစေလို့ပေါ့
ကလေးငယ်လေးတွေလည်း အေးမြတဲ့ ရင်ခွင်လေးတွေမှာ
သံဇဉ်တွေးသွားလေးတွေ အစဉ်ပိုင်ဆိုင်နိုင်မယ်ဆိုရင်
လောကကြီးက ပြီးပြည့်စုံမှာ အမှန်ဘဲလေ
ငါရေးဆွဲခဲ့တဲ့ ပန်းချီကားတစ်ချက်လဲ အရောင်တွေစုံရင်း
ပြီးပြည့်စုံမည့်တစ်နေ့ မျှော်တွေးစောင့်စားလို့
အေးခြမ်းတဲ့ လောကကြီး တစ်နေ့ရောက်ခဲ့မယ်ဆိုရင်
လောဘ ဒေါသ မောဟ မာန်မာနတွေလဲ ကင်းစင်လို့
အထက်မိုးကောင်းကင်လဲ ဝင်းပလာလိမ့်မယ်လို့ မျှော်တွေးရင်း……………
ပိတောက်မိုး