စဉ်းစားကြစေလိုပါတယ် ( ၄ဝ ) ( သင် ဆင်းရဲခြင်းနှင့် ထိုက်တန်နေပါသလား )
စဉ်းစားကြစေလိုပါတယ်
( ၄ဝ ) ( သင် ဆင်းရဲခြင်းနှင့်
ထိုက်တန်နေပါသလား )
ဘာရယ် မဟုတ်ပါဘူး ။
ဟိုဘက် Post မှာ ၊
အဘ မန့်ထားတာလေးကို ၊
အမှတ်တရ ကျန်ခဲ့အောင် နှင့် ၊
ထပ်ပြောချင်တာ နဲနဲ ရှိလို့ ၊
Post တစ်ခု လုပ်လိုက်တာပါ ။
Comment ကျတော့ ၊
ခဏလေး နှင့်ပျောက်သွားပြီး ၊
ပြန် ရှာလို့ မလွယ်ဘူးလေ ။
အမှန်တော့ ဟိုဘက် Post က ၊ စာရေးသူက သူ့ဘာသာသူ ၊ ရသ စာပေလေး ရေးထားတာပါ ။
ဖတ်လို့လဲ တော်တော်ကောင်းပါတယ် ။ အပြစ်ပြောစရာလဲ ဘာမှ မရှိပါဘူး ။
အခု Post ကလည်း သူ နှင့် မဆိုင်ပါဘူးကွယ် ။
အဘ မှာသာ စပ်ဆော့ပြီး ၊ အစလေးတစ်ခုကို ဖြန့်တွေးကြည့်မိနေတာပါ ။
တစ်ချို့ အဘ စကားလုံးတွေက ရက်စက်သလိုရှိပေမယ့် ၊
တစ်ခါတစ်လေ အိပ်ပျော်နေတဲ့သူကို ရေပက်နှိုးတန်နှိုးရ သလိုပေါ့လေ ။
ရွာသူားတို့လဲ လိုက်တွေးကြည့်ကြပါအုန်း ။
Quote ။
—————————————————
စဉ်းစားမိတာလေးပြောပြမယ်နော် ။
” ခင်ပွန်းသည်ပြန်မရောက်ခင်ငွေကုန်ပြီဟေ့ဆိုမှဖြင့် မရွဲဖြူတို့ကုန်းရုန်းရှာပေ တော့ ”
ခင်ပွန်းသည် ရှိရှိ မရှိရှိ ကုန်းရုန်းပြီး အလုပ်လုပ်ရမှာပေါ့ ။
ဆင်းရဲတယ်လဲဆိုသေး ၊ လင်ရောမယားရော နှစ်ယောက်လုံး ၊
နေ့စဉ် ပြဲကားနေအောင် အလုပ် မလုပ်ရင်တော့ ။
ပြောစရာစကားက တစ်ခွန်းထဲ ရှိပါတယ် ။
အဲဒီ လင်မယားဟာ ဆင်းရဲခြင်းနှင့် ထိုက်တန်ပါတယ် ။
ဘာမှ သနားနေစရာ မလိုပါဘူး ။
အဘတို့ ငယ်စဉ်က ၊
အဘ အဖေဟာ နံနက် ဝ၇၀ဝ – ည ၂၂၀ဝ နေ့စဉ် လုပ်ရပါတယ် ။
အဘ အမေဟာ နံနက် ဝ၇၀ဝ – ည ၂၀၀ဝ နေ့စဉ် လုပ်ရပါတယ် ။
ဆင်းရဲတယ် ဆိုတိုင်း မသနားနိုင်ပါဘူး ။
ပျင်းလို့ / တုံးလို့ က အနည်းဆုံး ၇ဝ % လောက် ရှိပါတယ် ။
ဥပမာ ပြရရင် ၊ ရှေး တရုတ်တွေ ဗမာပြည်လာတုန်းက စစ်ပြေးလာခဲ့တာ ၊
ဘာ ပိုက်ဆံမှ လောက်လောက်လားလား မပါခဲ့ဘူး ။
အခု ဆင်းရဲတဲ့ ရှေး တရုတ် လိုက်ရှာကြည့်အုံး ။
ပညာမတတ်တဲ့ ရှေး တရုတ် လိုက်ရှာကြည့်အုံး ။
တရုတ် တွေ ပျင်းလား မပျင်းလား ကတော့ ၊
လက်သမားချင်း အတူတူ ၊ အလုပ်ချိန်ချင်း အတူတူ ဆိုရင် ၊
တရုတ် လက်သမားကို ဈေး နှစ်ဆ ပေးခေါ်ရတယ် ။
အခုတော့ တရုတ် တွေက ချမ်းသာကုန်လို့ လက်သမားတောင် မလုပ်ကြတော့ပါဘူး ။
အဲလို အပျင်း ဆင်းရဲသားတွေကို သိပ်သနားပြနေတဲ့စာတွေက ၊
( ဖတ်လို့ ကြားလို့ တော့ ကောင်းပေမယ့် ၊ လူကြိုက်များမှာ သေချာပေမယ့် )
အဘတော့ သိပ်မကြိုက်လှဘူး ။
အတုံး အပျင်း တွေကို သနားပြ ( မြှောက်ပေး နေသလိုဘဲ ) ။
သေသေချာချာ စဉ်းစားကြစေလိုပါတယ် ။
—————————————————
” ကျွန်မဝတ္ထုရဲ့နောက်ခံဒေသမှာ အလုပ်လွန်ရှားပါးသလို၊လုပ်ခငွေလည်းအလွန်နည်းပါးပါတယ်။
ပုံမှန်အလုပ်လိုချင်တဲ့လူတွေများပြီး အလုပ်ပေးနိုင်သူတွေရှားပါးလွန်းတဲ့အတွက်ပါ။
ကျွန်မအမြင်မှာဒီဒေသက ဆင်းရဲသားတွေဟာ မပျင်းကြပါဘူး၊
ပိုက်ဆံလေးရဖို့ ဘယ်မှာဘာလုပ်ရမလဲရှာနေရတာပါ ”
ဆက်ပြော / မန့်ရမယ် ဆိုလို့ရှိရင်တော့ ၊
ကျနော်ပြောခဲ့တဲ့ ” ဆင်းရဲတယ် ဆိုတိုင်း မသနားနိုင်ပါဘူး ။
ပျင်းလို့ / တုံးလို့ က အနည်းဆုံး ၇ဝ % လောက် ရှိပါတယ် ” ဆိုသလိုပဲ ။
အဲဒီ အခြေအနေမှာ ၊ မနေသင့်တဲ့ အဲဒီဒေသကို မစွန့်ခွာပဲ ဆက်နေမှုဟာ ၊
မပျင်းဘူးဆိုရင်တောင်မှ တုံးတယ်လို့ ပြောရမှာပေါ့နော် ။
တစ်ချို့ ကိစ္စတွေမှာ ကုသိုလ်ကံ ကလည်း အရေးပါသော်ငြားလည်း ၊
ကံ ဉာဏ် ဝီရိယ သုံးပါးထဲက ၊ ကံ မလိုက်သော်ငြားလဲ ၊
ဉာဏ် နှင့် ဝီရိယ နှစ်ပါးကို အားစိုက်ခဲ့ရင်ဖြင့် ၊
အနဲဆုံး ဝီရိယ အကျိုးကို ခံစားရလိမ့်မယ်လို့ ယုံကြည်ပါတယ် ။
—————————————————
” တောရွာကလူတွေက နယ်မြို့တွေကိုလာတယ်…
နယ်မြို့ကလူတွေက မြို့ကြီးတွေကိုပြောင်းတယ်…
မြို့ကြီးကလူတွေက နိုင်ငံခြားကိုထွက်တယ် ”
အဘ အထင်တော့ ၊
လက်ရှိ အချိန် မှာ / အထိ အဲဒီအဆင်လေး မှန်သားပဲဗျ ။
နိုင်ငံခြား မှာတောင်မှ အဆင့်ဆင့်ဗျ ။
မလေးရှား က လူက စင်္ကာပူ ပြောင်းတယ် ။
စင်္ကာပူ က လူက အမေရိကန် ပြောင်းတယ် ။
ရေကြည်ရာ မျက်နုရာ ပြောင်းကြရတာပေါ့ ။
သေချင်တဲ့ကျား တောပြောင်း ဆိုတဲ့ စကားပုံ ရှိသော်ငြားလည်း ။
လက်ရှိတောမှာ မရှင်မှာ သေချာနေရင်တော့ ၊
သေခါမှ သေရော ၊ နောက်တောကို ပြောင်းကို ပြောင်းရမှာပဲ ။
( လက်ရှိတောမှာ ကောင်းကောင်းရှင်နေသောသူများ မပါ ။ ဥပမာ ။ ။ ဦးတေဇ )
နောက် တစ်ချက်က ၊
ရေကြည်ရာ မျက်နုရာ ပြောင်းလို့ ၊
ကိုယ့်လက်ထက်မှာ မချမ်းသာ / မအောင်မြင် ခဲ့ရင်တောင်မှ ၊
ကိုယ့်ရဲ့ သားသမီး အတွက် ပိုကောင်းတဲ့ ရေခံမြေခံ ကို ပို့ပေးနိုင်တာ ၊
ကြီးမားတဲ့ အမြတ်လို့ပဲ ယူဆရမှာပဲ ။
အဘ သူငယ်ချင်း Captain တွေဆိုရင် ၊
လက်ရှိတော ( မြန်မာ ) မှာ ကောင်းကောင်းရှင်နေ / သူဋ္ဌေးဖြစ် ဇိမ်ခံနေရတာတောင်မှ ၊
သူတို့ သားသမီး တွေရဲ့ နောင်ရေးအတွက် ၊
နောက် တစ်တော ( စင်္ကာပူ ) ကိုပြောင်းပြီး ၊
အောက်ခြေကနေ ပင်ပင်ပန်းပန်း ပြန်စကြသေးတယ်လေ ။
အဘ အဖေက မေါ်လမြိုင်ကနေ ရန်ကုန်ကို ပြောင်း အခြေချခဲ့တယ် ။
သူ့ သားသမီး အဘတို့ လက်ထက်မှာ ရန်ကုန်ကနေ နိုင်ငံခြားကို အကုန် ပြောင်းခဲ့ကြတယ် ။
ဒီလိုပါပဲ ၊ တစ်ဖြေးဖြေးချင်း Generation by Generation မြှင့်ယူရတာပေါ့ ။
ဒီနေ့ နက်ဖြန် သူဋ္ဌေးဖြစ်ချင်လို့တော့ မရဘူးပေါ့လေ ။
သားသမီး နောင်ရေးကို ဘယ်လောက် ဦးစားပေးခဲ့သလဲဆိုရင် ၊
အဖေ နယ်ပြောင်းတာ ၊ အမေ လိုက်မသွားပါဘူး ။
သားသမီး တွေ ပညာရေး ရေခံမြေခံ အတွက် ရန်ကုန်မှာပဲ နေခဲ့ပါတယ် ။
လင်မယား အဆင်မပြေနိုင်တာ / မိန်းမငယ်တွေနှင့် ငြိစွန်းနိုင်တာ ၊
စသဖြင့် အန္တရာယ် / ဒုက္ခ ( Risk ) တွေ ရှိသော်ငြားလည်း ၊
မစွန့်ရဲရင် မစားရတဲ့ လောကကြီးမှာ ၊ ( Calculated Risk ) စွန့်စား ရုန်းကန်ခဲ့ကြတယ် ။
ကိုယ့် ဆင်းဆင်းရဲရဲ ဘဝလေးကို ကျေနပ်နေရင် ၊
တောပြောင်းဖို့ သတ္တိ မရှိဘူးဆိုရင်တော့ ၊
အဘ သဘောပြောရရင်ဖြင့် ၊
ကိုယ်တိုင်ရဲ့ ဆင်းရဲမှုရဲ့ တရားခံဖြစ်ရုံတင်သာမက ၊
သားသမီးတွေရဲ့ ဆင်းရဲမှု အတွက်ပါ တာဝန် ရှိ တရားခံ ဖြစ်ပေတယ် ။
စဉ်းစားနိုင်ဖို့ ပြောပြတာပါ ။
—————————————————
Unquote ။
နောက်ထပ်ပြီးတော့ အဘ ပြောပြချင်နေတာ တစ်ခု ကတော့ ၊
အဘ တို့ငယ်စဉ်အခါ မိဘတို့ ရတဲ့ ဝန်ထမ်း အိမ်ယာ ဝန်းကြီးထဲမှာ ၊
ရာထူးတူ / သိပ်မကွာတဲ့ အရာရှိငယ် မိသားစုပေါင်း မြောက်များစွာ အတူနေခဲ့ရပါတယ် ။
တခြား အရာရှိငယ်တွေက ညနေ ၅ နာရီလောက်ဆိုရင် ရုံးဆင်း ၊ ရေမိုးချိုး ၊
ညနေ ၆ နာရီလောက်ဆိုရင် အစိုးရကပေးတဲ့ ကားလေးနှင့် သူတို့မိသားစုကိုတင်ပြီး ၊
မြို့ထဲသွား ၊ ရုပ်ရှင်ကြည့် ၊ ကြေးအိုးသောက် ၊ ပျော်ကြပါးကြပေါ့လေ ။
အဲဒီ ခေတ် အခါတုန်းက ဓါတ်ဆီ ကလည်းပေါတာကိုး ။ မာဇဒါဂျစ် တစ်စီး တစ်လ ဂါလံ ၈ဝ ရတယ် ။
ရုံးဝင်းထဲမှာတင် ဝန်ထမ်းအိမ်ယာတွေက ရှိနေတော့ ဒီဆီတွေ ဘယ်နားသွားသုံးမလဲ ။
ဇနီး မယားတွေ အားလုံးလောက်နီးနီးက အလုပ်မလုပ်ပဲ ယောက်ျား လုပ်စာ ထိုင်စားကြပါတယ် ။
စားလို့လဲလောက်တယ်လေ ၊ ပြန်တမ်းဝင် အရာရှိ လစာ ၄၅ဝ ဆို ၊ ရွှေတောင် ဝယ်စုနိုင်သေး ။
အဲဒီအချိန်မှာ အဘ အဖေ ရော အမေ ရောရဲ့ နေ့စဉ် အစောဆုံး အိမ်ပြန်ချိန်က ည ၉ နာရီပေါ့ ။
အဲဒီ အချိန်မှာ အဘ အဘွား ကလည်း အိုကြီးအိုမ တုန်ချိတုန်ချိ နှင့် ၊
ဘတ်စကားစီးပြီး မြို့ထဲက တရုတ်ကျောင်းမှာ စာသွားပြ ပိုက်ဆံရှာနေတုန်း ။
အဲဒီတုန်းကဆို အဲဒီ ကတော်တွေက ၊ အဘ အမေ အလုပ်လုပ်နေတာကို အတင်း ပြောကြတယ် ။
မနေနိုင် မထိုင်နိုင် ဟိုဘဝက ” ဝဋ် ” ပါလာလို့ အလုပ်လုပ်နေရတာ ၊ သနားပါတယ် တဲ့ ။
အဘတို့ ညီအကိုတွေမှာလဲ မချောင် ၊ တစ်ခါငှား ၅ ပြား/၁ဝ ပြားကျတဲ့ ကာတွန်းအဟောင်းပုံထဲက ၊
ကာတွန်း တစ်အုပ်ငှားချင်ရင်တောင်မှ ၊ အဖေက ကွက်ပေးထားတဲ့ ၁ဝ ပေ ပတ်လည်မြေကွက်ကို ၊
မြက် ပြောင်အောင် ရိတ်ပြီးမှ ၅ ပြား / ၁ဝ ပြား ဖိုး ကာတွန်း တစ်အုပ် ငှားပေးတာပါ ။
ထားပါတော့ ၊ အဲဒီလိုနှင့် သွားနေလိုက်တာ ၊ ဆယ်စုနှစ် ၂ ခု / ၃ ခု ကြာလာရော ။
အဘတို့ ညီအစ်ကိုတွေ အားလုံးက သူတို့ရဲ့ Field အသီးသီး မှာ အောင်မြင်လာတယ် ။
လွယ်လွယ်ပြောရရင် ( အိမ်ဖေါ်ကလွဲရင် ) ၊
အဘတို့ အိမ်ရှိလူကုန် အောင်မြင် ချမ်းသာလာတယ် ဆိုပါတော့ ။
အဲဒီတုန်းက ဝန်းခြံကြီး တစ်ခုထဲမှာ ၊ အတူတူကြီးပျင်းလာကြတဲ့ အထဲမှာ ၊
တခြား အောင်မြင် ချမ်းသာလာတာ ဆိုလို့ ၊ တစ်ယောက်စ နှစ်ယောက်စ ကလွဲလို့ မရှိ ။
အဘတို့လို ၊ တစ်မိသားစုလုံး အိမ်ရှိလူကုန် အောင်မြင် ချမ်းသာလာတာ ၊
သူတို့မှာ တစ်မိသားစုမှ မရှိ ။
အဲဒီအခါကြတော့ ၊ မင်္ဂလာဆောင် ပွဲလမ်းသဘင်တွေမှာတွေ့ရင် ပြောကြပြန်ကော ၊
အဘမိဘ တွေက ” ကံ ” ကောင်းလိုက်တာတဲ့ ။ အော် ၊ ဒုက္ခ ၊ ဒုက္ခ ။
သူတို့မှာလည်း ဘုရားဟောထားတဲ့ ” ဝဋ် ” နှင့် ” ကံ ” ဆိုတာကို ထည်လဲ သုံးတတ်လိုက်တာ ။
သူတို့ မ အောင်မြင် ၊ ဆင်းရဲဖို့ အကြောင်းပြချက်ကြီးက လွယ်လိုက်တာ ။
အဘ ကတော့ အဲဒါကို Well planned, disciplined, trained & hard working လို့ပဲမြင်တယ် ။
ရွာသူားတို့ကော ဘယ်လိုမြင်ကြလည်း ဟင်င်င်င် ။
ဒါတောင် အခု အဘ ထောက်ပြခဲ့တဲ့ အရာရှိ မိသားစုတွေဟာ ၊
အခုခေတ် လူတွေလို အရက် ၊ လောင်းကစား နှင့် စာရိတ္တ မပျက်ခဲ့ဘူး ။
သိပ် မကြိုးစားမိတာလေး တစ်ခုနှင့်ထင် ၊ နောက် နှစ်အစိတ်မှာ မြောင်းထဲ ကျန်ခဲ့ကြတာနော် ။
High Light လုပ် ထင်ရှားစေချင်တာလေးတွေက ။
၁ ။ လက်သမားချင်း အတူတူ ၊ အလုပ်ချိန်ချင်း အတူတူ ဆိုရင် ၊
တရုတ် လက်သမားကို ဈေး နှစ်ဆ ပေးခေါ်ရတယ် ။
၂ ။ မနေသင့်တဲ့ အဲဒီဒေသကို မစွန့်ခွာပဲ ဆက်နေမှုဟာ ၊
မပျင်းဘူးဆိုရင်တောင်မှ တုံးတယ်လို့ ပြောရမှာပေါ့နော် ။
၃ ။ ကံ ဉာဏ် ဝီရိယ သုံးပါးထဲက ၊ ကံ မလိုက်သော်ငြားလဲ ၊
ဉာဏ် နှင့် ဝီရိယ နှစ်ပါးကို အားစိုက်ခဲ့ရင်ဖြင့် ၊
အနဲဆုံး ဝီရိယ အကျိုးကို ခံစားရလိမ့်မယ်လို့ ယုံကြည်ပါတယ် ။
၄ ။ လက်ရှိတောမှာ မရှင်မှာ သေချာနေရင်တော့ ၊
သေခါမှ သေရော ၊ နောက်တောကို ပြောင်းကို ပြောင်းရမှာပဲ ။
၅ ။ ရေကြည်ရာ မြက်နုရာ ပြောင်းလို့ ၊ ကိုယ့်လက်ထက်မှာ မချမ်းသာ/မအောင်မြင် ခဲ့ရင်တောင်မှ ၊
ကိုယ့်ရဲ့ သားသမီး အတွက် ပိုကောင်းတဲ့ ရေခံမြေခံ ကို ပို့ပေးနိုင်တာ ၊
ကြီးမားတဲ့ အမြတ်လို့ပဲ ယူဆရမှာပဲ ။
၆ ။ အန္တရာယ် / ဒုက္ခ ( Risk ) တွေ ရှိသော်ငြားလည်း ၊
မစွန့်ရဲရင် မစားရတဲ့ လောကကြီးမှာ ၊ ( Calculated Risk ) စွန့်စား ရုန်းကန်ခဲ့ကြတယ် ။
ရ ။ တောပြောင်းဖို့ သတ္တိ မရှိဘူးဆိုရင်တော့ ၊
ကိုယ်တိုင်ရဲ့ ဆင်းရဲမှုရဲ့ တရားခံဖြစ်ရုံတင်သာမက ၊
သားသမီးတွေရဲ့ ဆင်းရဲမှု အတွက်ပါ တာဝန် ရှိ တရားခံ ဖြစ်ပေတယ် ။
၈ ။ ဘုရားဟောထားတဲ့ ” ဝဋ် ” နှင့် ” ကံ ” ဆိုတာကို ထည်လဲ သုံးတတ်လိုက်တာ ။
အဘ ကတော့ အဲဒါကို Well planned, disciplined, trained & hard working လို့ပဲမြင်တယ် ။
၉ ။ အခုခေတ်လူတွေလို အရက် ၊ လောင်းကစား နှင့် စာရိတ္တ မပျက်ခဲ့ဘူး ။
သိပ် မကြိုးစားမိတာလေး တစ်ခုနှင့်ထင် ၊ နောက် နှစ်အစိတ်မှာ မြောင်းထဲ ကျန်ခဲ့ကြတာနော် ။
အမှန် ကို မြင်နိုင်ကြပါစေ ။
အမှန် ကို မြင် ရဲတဲ့ သတ္တိလည်း ရှိကြပါစေ ။
အမှန် ကို ပြင် ရဲတဲ့ သတ္တိလည်း ရှိကြပါစေ ။
ချစ်လို့ ပြောတယ် မှတ်ကြပါ ။
တော်သေးဘီ ။
အဘ ဖေါ ( FR ) ။
120 comments
အရီးခင်လတ်
November 14, 2012 at 3:57 am
စဉ်းစားဖို့ စာစု ၄ဝ တောင်ရှိသွားပြီကိုး အဘဖောရေ။
အခုတော့ Alarm မြည်နေပြီ။
ဝင်ဆွေးနွေးချင်တာတွေ အများကြီး။
ပြန်လာပါမည်။
aye.kk
November 14, 2012 at 9:36 am
အဘဖောရေ
ကျမအဖေကရှေးတရုတ်ပါ။
ပိုက်ဆံတပဲရဖို ့ကူလီထမ်းရပါတယ်။
ကူလီထမ်းစဉ်က ထမင်းကို ဆားပုံ ငရုတ်သီးတတောင့်နဲ ့
ကိုက်ပြီးရေနဲ ့မျှောချစားခဲ့ရပါတယ်။
ပိုက်ဆံတပဲစုဆောင်းရလာတော့ ပဲတီစိမ်းကိုတပဲဖိုးဝယ်ပြီး
တစ်နေ ့ရေအထမ်း(အခေါက်ပေါင်းငါးဆယ်)လောင်းပြီးပဲတီပင်ဖောက်ပြီး
ဈေးရောင်းစားခဲ့ပါတယ်။
အဲဒီအချိန်ဆားပုံမစားတော့ပါဘူး။
ပဲတီပင်ဖောက်ရောင်းတဲ့အချိန် ငပိရေနဲ ့ထမင်းငုံ ့ခဲ့ရတာအနပ်ပေါင်းများစွာပါ။
ပဲတီပင်ဖောက်ရောင်းပြီး လက်ထဲငွေအရင်းအနှီး နည်းနည်းပါးပါးရလာတော့
အရင်းအနှီးနည်းပြီး အမြတ်အစွန်းများတဲ့ ကြံသကာချက်တဲ့လုပ်ငန်းကို
ကရင်တော(ယခင်အခေါ်အဝေါ်ပညတ်တခုပါ)ထဲအထိ
သွားပြီးအပင်ပန်းခံကြံသကာချက်လုပ်ရောင်းစားခဲ့ပါတယ်။
ကြံသကာချက်လုပ်ငန်းကနေအမြတ်အစွန်းများလာတဲ့အချိန်။
အသားငါးကိုရက်သတ္တပါတ်မှာနှစ်ကြိမ်မျှဝယ်စားပြီး စိတ်ကြေနပ်အောင်စားပြီး
အစားအသောက်ကိုခြိုးခြံချွေတာပြီး အရင်းနှီးများအောင်စုဆောင်းခဲ့ပါတယ်။
အရင်းအနှီးများများလက်ထဲကိုင်လာနိုင်တဲ့အချိန်
စားသောက်ကုန်လုပ်ငန်းရောင်းဝယ်ဖောက်ကားခဲ့ပါတယ် ။
အလေးတင်းတောင်းများလည်း နိုင်ငံတော်ကထုတ်ပြန်ထားတဲ့
အလေးတင်းတောင်းအချိန်အတွယ်များကိုသာ။
အသုံးပြုရောင်းဝယ်ဖောက်ကားခဲ့ပါတယ်။
အဲဒီကနေပိုက်ဆံချမ်းသာလာတော့ ပြန်ချီကုမ္ပဏီ တည်ထောင်ပြီး
နိုင်ငံခြားအလှကုန်များတင်သွင်း ရောင်းဝယ်ဖြန် ့ချီခဲ့ပါတယ်။
ဦးနေဝင်းလက်ထက်ပြည်သူပိုင်သိမ်းခံရတော့
အမေကယောက္ခမတွေမူရင်းလပ်ကိုင်ခဲ့တဲ့ရေချိုငပိလုပ်ငန်း
ကိုမိသားစုတစ်ပိုင်တစ်နိုင်လုပ်စားခဲ့ပါတယ် ။
(ကျမတို ့မောင်နှမအားလုံးငပိကိုနံတယ်လို ့မထုတ်ဖော်မပြောရဲခဲ့ကြပါဘူး)။
လုပ်စဉ်ကနံပေမယ့်သုံးနှစ်မှဖော်တဲ့ငပိဟာအနံ ့မွှေးလှပါတယ်။
ငပိကောင်စားချင်ရင်တစ်နှစ်ပြည့်ပြီးငံပြာရည်ထုတ်ယူတဲ့အခါ
ကောင်ကြီးကြီးတွေဖော်ပြီး နှုတ်နှုတ်စင်းစင်းလို ့ငပိချက်လုပ်ကြွေးခဲ့ပါတယ်။
သားသ္မီးတွေအတွက်လည်းရေရှည်ကျောင်းထားနိုင်ဘို ့အတွက်ကျောင်းစရိတ်နဲ ့
စားစရိတ်ကာမ ိဘို ့အတွက်အနှစ်တစ်ရာအထိသက်တန်းရှည်တဲ့
အုန်းတွေကိုခြံနောက်ဖေးမှာစိုက်ပြီးအုန်းသီးရောင်းချငွေရှာခဲ့ပါတယ်။
ကျမတို ့လည်းနွေရာသီမှာအုန်းလက်ခြောက်ကြွေတာတွေကောက်ပြီး
အုန်းလက်ခြောက်အရွက်ကရိုးတံကိုသင်ပြီးအုန်းတံမျက်စီးလုပ်ပေးကြရပါတယ်။
်ပြီးမှပိုလျှံတာရောင်းချပါတယ်။
ဒီကြားထဲမှာအဖေကကျမတို ့မောင်နှမတွေကိုရောင်းဝယ်ဖောက်ကား
ဈေးရောင်းစားတတ်အောင်ကုန်ခြောက်ဆိုင်တည်ပေးပါတယ်။
မအားမလပ်နိုင်ဘဲကြီးပျင်းလာတဲ့ဘဝကို ပြန်စဉ်းစားတော့။
အချိန်တိုင်းဟာအဖိုးမဖြတ်နိုင်အောင်တန်ဘိုးရှိတာကိုသိမြင်ခဲ့ပါတယ်။
အခုလည်းဘာဝနာအလုပ်လုပ်ပြီးအကျိုးရှိအောင်နေထိုင်သွားနိုင်ဖို ့ပြင်ဆင်နေပါပြီအဘဖောရေ။
အဘဖောရေးတာဖတ်ပြီးရင်ထဲကခံစားချက်ဖွင့်ဟမိပါကြောင်း
ဝန်ခံပြောပြလိုက်ပါရစေ။။
်
Foreign Resident
November 14, 2012 at 1:47 pm
မ aye.kk ရေ ။
ကျနော်တို့ မိသားစု လည်း ၊
ပြည်သူပိုင် သိမ်းတဲ့ဒါဏ်ကို အလူးအလဲ ခံခဲ့ရသပေါ့ ။
ဘဝ ကို သုည နီးပါးကနေ ဒီ အခြေအနေ ရောက်အောင် ၊
မနည်းကို ပြန်ကြိုးစားခဲ့ရတာပေါ့ ။
အောက်မှာ ရေးထားပါတယ်လေ ။
သကြားလုုံးကြော်
November 14, 2012 at 6:07 am
“ပျင်းလို့ / တုံးလို့ က အနည်းဆုံး ၇ဝ % လောက် ရှိပါတယ် ။”
အဘရေ၊ မစ်ရော်မနီကသူ့ရဲ့ 47% quote နဲ့ နာမည်ကြီးနေသလိုု၊ ရွာလဲမှာ မကြာခင် အဘဖောရဲ့ ၇၀% ဆိုုပြီးလူပြောများတော့မလား မြင်ယောင်တယ်။
ခိုင်ဇာ
November 14, 2012 at 8:30 am
ဘဖောရေ။ မနက်ကမှ ဖတ်ဖြစ်ပါတယ်။ တွေးစရာ ၄ဝ ရှိသွားပြီလား။
တခြားတွေးစရာတွေက ဘယ်လောက်ရှိလည်း မသိရပေမဲ့ ဘဖောပြောတဲ့ ဒီ တွေးစရာက ကျနော်ဖြင့် တွေးရင်း ကားမှတ်တိုင်ကျော်သွားပါရဲ့။
မနေ့ညက မဖတ်ဖြစ်လို့ တော်သေး။
သာမာန်အားဖြင့် ကျနော် သိပ်မရင်းနှီးဘူးလို့ ခံစားရသူ တစ်ယောက်နဲ့ ကျနော် အတိုက်အခံ ငြင်းလေ့ မရှိပါ။
ဘဖောကို တော့ဖြင့် စပိန်ကိုကို တွေကိစ္စနဲ့ ပတ်သက်ပြီး ရင်းနှီးတယ်လို့ ထင်မိတဲ့အတွက်ပြောမှာပါ။
အတိုက်အခံ ငြင်းတယ်လို့တော့ မထင်စေချင်ပါဘူး။ ကျနော့ အတွေးသက်သက်သာဖြစ်ပါတယ်။
အဘ ရေ၊ ပျင်းလို့ တုံးလို့ ၇၀% ရှိတယ်ဆိုတော့ ဘယ်သူမှတော့ ဆင်းဆင်းရဲရဲ မနေချင်ကြပါဘူးလေ။
အဘပြောတာကို လည်း ကျနော်နားလည်နိုင်ပါတယ်။ ကျနော့နားမှာပဲ ဘဖောလို အတွေးမျိုးရှိတဲ့ သူတွေ ၂ ယောက်လောက်ရှိပါတယ်။
သူတို့ဟာ ဘယ်လိုဘဝမျိုးက ပဲ စ စ တိုးတက်ရာ တိုးတက်ကြောင်း ဖောက်ထွက်နိုင်တဲ့ အရည်အသွေးမျိုး ရှိတဲ့သူမျိုးတွေပါ။
ကိုယ်လုပ်မှ ကိုယ်ရ၊ ဘာမှမဖြစ်တာ ကိုယ်ညံ့လို့ စသည်ဖြင့် အတွေးမျိုးတွေဝင်သွားတတ်တာမျိုးပေါ့။
ကိုယ်တော်သလောက် သူများမလုပ်နိုင်တာကိုလည်း ဂရုဏာ ဒေါသော အားမရတတ်ကြပါဘူး။
ကျနော်ပြောတာပြန်ဆက်ရမယ် ဆိုရင် ဘယ်သူမှ မဆင်းရဲချင်ကြပါဘူး ဘဖောရယ်။ ထွက်ပေါက်ကိုမသိ၊ ဖောက်မထွက်တတ်ကြတာပါ။
လမ်းပြသူမရှိ၊ ရှိတဲ့လမ်းပြသူကို မယုံကြည် တဲ့ အခါမှာ ကျနော်တို့ လမ်းဆုံးသွားတတ်ပါတယ်။ ရေရှည် ရင်ဆိုင်ခဲ့ရတဲ့ တိုင်းပြည် စံနစ် နဲ့ မူ အရလည်း စဉ်းစားနိုင်တဲ့၊ ပြောင်းလဲနိုင်တဲ့ အသိဉာဏ်မျိုးတွေ မရနိုင်ခဲ့ဘူးကိုး။
ကျနော်တို့ အနေနဲ့ကလည်း ဘယ်လိုလုပ်ပါဟဲ့လို့ အကုန်လုံးကို ပညာပေးလို့မရ၊ သူတို့ကံကြမ္မာတွေကို မပြုပြင်နိုင်တဲ့ အခြေအနေမှာ ပေးနိုင်တာက နားလည်မှုပဲ ဖြစ်နေတာတယ်။
မျက်ကန်းလို့ပဲ ပြောပြော၊ ဘလိုင်းလို့ပဲ ပြောပြော၊ ဆင်းရဲသားချင်းတူရင် ကျနော့နိုင်ငံက ဆင်းရဲသားကို ပဲ သနားတယ်ဗျာ။ ကျနော် ကူညီနိုင်သမျှဟာ သူတို့ အတွက်ပဲ ဖြစ်ချင်တယ်။ (ဘာမှတော့ လောက်လောက်လားလား
မလုပ်ပေးနိုင်သေးပါဘူးလေ)။ စိတ်မဆိုးပါနဲ့ ဘဖောရေ။ ကျနော်တွေးမိသလောက်လေး ရေးရတာပါနော်။ 🙂
အင်္ဂ ါZ
November 14, 2012 at 8:43 am
အွန် မသနားပါဘူးကွယ်။
ကြာပေါ့ …သနားတဲ့အလုပ်ကို မလုပ်တော့တာ …
သုတ္တန်လေး ဟောရရင် ဆင်းရဲမွဲတေမှုကို တိုက်ဖျက်မဟဲ့
ဆိုပြီး အဖွဲ့အစည်းတခု ကြိုးပမ်းပါသတဲ့ …
အသက်မွေးဝမ်းကျောင်း ပညာမတတ်လို့ အောက်ခြေအလုပ်တွေလုပ်နေရင်း
ဆင်းရဲနေကြတာ ဆိုပြီး ဆင်းရဲသားရပ်ကွက်တွေက အမျိုးသမီးတွေကို
အပ်ချုပ်သင်ပေးသတဲ့ .. အဲ … သင်တန်းပြီးတော့ တယောက်စီကို
အပ်ချုပ်စက် တလုံးစီ ထောက်ပံ့ပေးသေးတယ်.. (ဖရီးပေးတာလား
ဘယ်လောက်နေရင် ဘယ်လောက်ပြန်ဆပ် ဆိုပီး ပေးတာလားတော့ မမှတ်မိ)
အံမယ် အလယ်တန်းပညာရေးလောက်ပဲ ရှိပစေဦး credit, debit ကို
အလွယ်နည်းနဲ့ တတ်အောင် ဝါးကျည်ထောက် ၂ခုနဲ့ သင်ပေးသေးသတဲ့
ရတဲ့စာရင်းကို သည်မှာထည့် ပြန်ဝယ် (ပြန်ရင်း) ရမယ့် စာရင်းကို သည်မှာထည့်
ဆိုပြီးတော့.. ဂလိုနဲ့ ၁နှစ်လောက်နေတော့ အခြေအနေသိရအောင် ကွင်းဆင်း လေ့လာသတဲ့…
အဟတ်..
ဝါးကျည်ထောက်က ထင်းစိုက်လိုက်ပြီ ဖြစ်သလို အပ်ချုပ်စက်ခေါင်းကလည်း
ရောင်းချပေါင်နှံပြီး ချဲထိုးပလိုက်တာ ကြာပြီ ဖြစ်တယ်။
ဆိုတော့…ကံဆိုတာ အလုပ်ပါ။ ဘယ်သူမပြု မိမိမှု။
တနေ့သေကြရမည် မသေခင် လုပ်ချင်တာ လုပ်ကြ။
ခိုင်ဇာ
November 14, 2012 at 8:48 am
အဲ့ဒါ က ရှင့် အပိုင်းလေ။ ကျုပ်လည်း ကျုပ်အတွေးကို ပြောရတာ။
ကျုပ်တို့ကတော့ သနားတယ်၊ နားလည်တယ်။ ဒါပဲ တတ်နိုင်တယ်ကွယ်။
နောက် ၅နှစ်အတွင်းပြန်ဖြစ်အောင်ကြိုးစားမယ်။ ကိုယ့် တစ်နိုင် တတ်နိုင်သလောက် ကူညီမယ်။
ဘဝနောက်တစ်ဆစ်မချိုးသေးရင်ပေါ့လေ။ 🙂
အင်္ဂ ါZ
November 14, 2012 at 9:00 am
အဘနဲ့ မခိုင်ဇာရေ …
ဆက်ဆွဲရရင် အချောင်ရလိုတာ အလွယ်လမ်း လိုက်ချင်တာ
သိပ်တော့ အပြစ်မပြောလိုဘူး။ စိတ်ဓါတ်အောက်တမ်းနောက်တမ်းကျတာက
ဆင်းရဲမွဲတေခြင်းရဲ့ ရာခိုင်နှုန်းတော်တော်များများ သော အကြောင်းအရင်းခံ
ဖြစ်တော့တာကိုး။ (အဲ့ဒါနာတာရှည် .. ပျောက်ဖို့ဆိုရင် edu ဘက်ရောက်ကုန်လိမ့်မယ်
မပြောလိုပါ…)
အဲ .. တခုပဲ။ ဆင်းရဲမွဲတေတယ်ဆိုတာ licence to break laws မဖြစ်သင့်ပါဘူး။
မရှိလို့ ခိုးတယ်။ ဆောက်လုပ်ရေးက သံချောင်းတွေ ထမင်းချိုင့်ထဲထည့်တယ်။
သူများ ခြံက ပစ္စည်းကို ယူတယ်။ အလှူအိမ် ဖိနပ် ခိုးတယ်။
ဆိုတာမျိုးတွေပေါ့..။စိတ်ဓါတ်ကောင်းရင် ဒါမျိုးလုပ်မှာမဟုတ် ဒါမျိုးလုပ်လို့
စိတ်ဓါတ်ကို အပြစ်မတင်တာလည်း ပြောရရင် အစကတည်းက မကောင်းမှန်း
သိထားလို့ ထပ်ပြီး အပြစ်မတင်တဲ့သဘောပါပဲ။ ဆိုတော့ သည်လိုလူတွေနဲ့
ဆက်ဆံတဲ့အခါ security first ဆိုပြီး ဆက်ဆံဖို့ လိုတာ ပဲ ရှိပါတယ်။
အဲ ..အချောင် လမ်းလိုက်တာ ။ အလွယ်ချမ်းသာချင်တာ..။
တနည်း လောင်းကစားပေါ့ဗျာ … တလုံး၊ နှစ်လုံး၊ သုံးလုံးက တော်တော်ကြီးကိုလှိုက်စားနေတာ။
လူတွေ မွဲကြတဲ့ တရားခံတွေပေါ့။ တကယ်က လောင်းကစားက စနစ်တကျ အခွန်နဲ့
တရားဝင် ဖြစ်ချင်ဖြစ် မဖြစ်ချင် ပပျောက် ။ အဲ့၂ဖက်စွန်းကို မထွက်သေးဘဲနဲ့တော့
မလုပ်သင့်တဲ့အရာ လို့ မြင်မိပါရဲ့။ သူဌေးတွေ ဒေါ်လှကစားလို့ ပဲကစားလို့ ရွှေကစားလို့
ရှုံးပြီး ထမင်းစားပျက်တာ မပြောလိုဘူး ။ ဆင်းရဲသားဘဝတွေကို ဒုက္ခပေးနေတဲ့ အဲ့ဒါတွေကိုတော့
အတော်လေး စိတ်ပျက်မိရဲ့ဗျာ။
အချုပ်ပြောရရင် စိတ်ဓါတ်မကောင်းမှန်း သိပါတယ်။ အလွယ်လမ်း အချောင်လမ်းတွေလိုက်နေရင်း
လှုပ်လေ မြုပ်လေ ဖြစ်ဖြစ်လာပြီး ပိုပိုဆိုးသွားတာ မြင်ရလေတော့ ဆင်းရဲမွဲတေမှုကို တိုက်ဖျက်ချင်ရင်
အနှီ အချောင်လမ်း ဖြစ်တဲ့ လောင်းကစားလိုဟာမျိုးတွေ ကို ပိတ်သင့်သလို တရားဥပဒေ စိုးမိုးဖို့လည်း
လိုပါတယ်။ အင်း … ချစားနေတဲ့ ရဲတွေနဲ့ကတော့ …ဟီဟိ… ဟိုတလောက ချဲဒိုင်ဖမ်းသတဲ့
သိမ်းဆည်းရရှိငွေ သောင်းဂဏန်းလောက်နဲ့ … တယ်နောက်တဲ့လူတွေဗျာ….။
:kwi:
မခိုင်ဇာရေ လုပ်ချင်ရင် trade, no aid ဆိုတာလေးကို စဉ်းစားစေချင်တယ်(C/D အဘဖော)
အချောင်လမ်းဆိုလို့ .. ကျုပ် အိမ်ဆောက်ပေးတဲ့ ပန်းရံဆြာလက်သမားတွေ တဝက်ကျော်
သေကုန်ပီတဲ့ဗျ… ရန်ကုန်ပြန်တုန်းက သိခဲ့တာ။ အိမ်ဆောက်စားနေတာ အကောင်း လက်ရာလေး
ဈေးလေး မဆိုး .. အဲ့ဒါကို လက်ကျော တင်းအောင်မလုပ်ချင်ဘူး .. လုပ်ငန်းတဖြည်းဖြည်း
ကြီးလာ အောင်မြင်လာအောင် မလုပ်ချင်ဘူး …။ ဟို တောထဲမှာ ရွှေသွားတူးသတဲ့လေ…။
ငှက်ဖျားပေါ့ …သိတဲ့အတိုင်း…။ ပြောပါတယ် မသနားပါဘူးဆို..။
:harr:
P.S ကိုယ့်ကိုကိုယ်ပဲ သနားတယ်..
myanmarcitizen
November 15, 2012 at 5:21 pm
အင်္ဂ ါZ says: “ဆင်းရဲမွဲတေတယ်ဆိုတာ licence to break laws မဖြစ်သင့်ပါဘူး။”
ကျွန်တော် လုံးလုံးကြီးကိုလက်ခံတယ်ဗျာ။ ကျွန်တော့တို့အမျိုးထဲမှာလဲ တစ်ယောက်ရှိတယ် မွေးထားတဲ့ကလေးတွေကအများကြီး သူ့အမျိုးသားကလဲသိပ်အား ကိုးမရ။ ဒီတော့ ကလေးတွေကို ကျောင်းထားဖို့အတွက် ဟို့လူ့ဆီကလှည့် ဒီလူ့ဆီလှည့် နဲ့နောက်ဆုံး လိမ်ညာတဲ့အဆင့်ကိုရောက်သွားတယ် သူရဖို့ဆိုရရင်ရသလိုလုပ်တယ် သူများဆွဲကြိုးယူပေါင်သလိုလိုနဲ့ရောင်းတုပ်လိုက်တယ် ဒါမျိုးတွေလုပ်တယ်။ တစ်ရက် စကားစပ်မိရင်းနဲ့ သူအကြောင်းပြောဖြစ်တော့ ကျွန်တော့အမျုးိတစ်ယောက်က မင်းအဖေကမကူညီဘူးဆို ပြီးပြောလာတယ် (အဖေနဲ့အမျိုးနီးစပ်တော်တယ်လေ)။ သူကဆက်ပြောသေးတယ် သူ့မှာလဲခလေးတွေ ကျောင်းထားနိုင်အောင်လို့ ဒီလိုလူတွေဆီကနေလိမ်ရတဲ့သူဖြစ်သွားတာပဲတဲ့ နားလည်ပေးလိုက်ပါတဲ့။ သူစကားကို ကျွန်တော်စဉ်းစာကြည့်မိတယ် လူတိုင်းလူတိုင်း (မိသားစုအတွက်၊ ကလေးတွေအတွက်)အလုပ်လုပ်နေကြတဲ့သူတွေပဲလေ ဟုတ်ဘူးလား အားလုံးအတူတူပဲဟာ ဒါဆိုအားလုံးက ကလေးတွေအတွက်ပဲဆိုပြီး လိမ်လည် လှည့်ပတ် ပြီးစီးပွားရှာကြရတော့မှာပေါ့။ (ဒါပေမဲ့ ကျွန်တော် အဲ့တစ်ယောက်ကို ဘာမှပြန်မပြောလိုက်ပါဘူး .. ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့က စကားနဲတာကိုး 🙂
တိမ်မည်း (ခရီးသွားနေည်)
November 14, 2012 at 9:18 am
အင်ချုပ်စက်ခေါင်းကို ပေါင်တာလည်း နဲတောင်နဲသေး….
ဝါးကျဉ်တောက်ထင်စိုက်တာကလည်း မပြောပလောက်ပါဖူး……
ကျွန်တော်တို ့လည်း အပ်ချုပ်စက် အလကားပေးတဲ့ project လုပ်ဖူးပါတယ်…..
ပြသာနာက နဂိုကတည်းက တရွာလုံး မှာ ချုပ်လောက်စရာ တနည်းအားဖြင့် ဝယ်လိုအား မရှိတာကိုး….
ဒီအပ်ချုပ်စက်ကြီးသွားပေးမှတော့ ဘာလုပ်မှာတုန်း…..
ပီးတော့ တအိမ်တအိမ် ချုပ်စရာကကော ဘယ်လောက်များများစားစားရှိမှာလည်း….
အပ်ချုပ်စက်ကြီးလိုလောက်အောင် ရှိမလား…..
နောက်ပီး အပ်ချုပ်စက်နဲ ့ အထည်ချုပ်စက်ရုံတွေလို တနိုင်ချုပ်ပါပီတဲ့….
ဘယ်မှာလဲ ကုန်ကြမ်း…..
ရော့အပ်ချုပ်စက် ယူဆိုပီး တနှစ်လုံး ပစ်ထားမှတော့ သေသေချာချာ ရောင်းပစ်တာတောင် ကျေးဇူးတင်ရအုံးမယ်….
အနဲဆုံးတပတ်တော့ အူစိုတာပေါ့နော်…..
နောက်ပီး ဝါးကျဉ်တောက်ကိတ်စ…….
တနေ ့လုပ်လို ့ တနေ ့စားရတဲ့လူတွေကို လခစားများမှတ်နေလား ကိုကိုရယ်……
ဝါးကျဉ်တောက်သွားပေးရင် ခေါင်းရိုက် မခွဲလိုက်တာကံကောင်း…..
နဲနဲ ရိုင်းသွားရင် တောင်းပန်ပါတယ်နော်….
အဲ့ဒါက ကိုယ်ရှေ ့မှာ လက်တွေ ့ဖြစ်နေတာတွေဆိုနော်….
နဲနဲ အာဘောများသွားတယ်…..
လေးစားလျက်
တိမ်မည်း
အင်္ဂ ါZ
November 14, 2012 at 10:01 am
မှန်ပဗျာ …
အန်ဂျီအိုတွေ ..အပါအဝင် အော်ဂနိုက်ဇေးရှင်း အကြီးကြီးတွေ ဖြစ်တတ်တဲ့ရောဂါဗျ..
ဗစ်ရှင်း အအော်ကောင်းရင်းနဲ့ နောက်ဆုံး အဝေးမြင် အနီးမှုန် ဖြစ်ကုန်ကြပါလေရော..
ကိုယ့်ဆြာပြောတဲ့ ဝယ်လိုအား ..ဆိုတဲ့စာလုံး ကွက်တိဗျို့ … ဆင်းရဲလို့ အဝတ်စုတ်တွေ စုပြီး
စပ်ပြီး စပ်ထမီဝတ်နေရတဲ့ နေရာမှာ ဘယ်လိုလုပ် အပ်ချုပ်ဆိုင် ထောင်နိုင်မတုန်း ..
ဆိုတော့ ..
ဆင်းရဲမွဲတေမှု ကို တိုက်ဖျက်ကြမယ် ဆိုရင်ဖြင့် ကိုယ်ကိုယ်တိုင် အဆိုပါစာရင်းကနေ
နှုတ်ထွက်နိုင်အောင် ကြိုးစားကြခြင်းကပဲ လက်တွေ့အကျဆုံးနဲ့ အဖြစ်နိုင်ဆုံးကိစ္စလို့
မြင်မိပါကြောင်းး
ပြောပါတယ် ..ကိုယ့်ကိုကိုယ် သနားပါတယ်ဆို..
လောင်းကစားနဲ့ မူးရစ်ဆေးဝါးမှာ တခု မကင်းလို့…
:kwi:
Foreign Resident
November 14, 2012 at 9:45 am
” ဘဖောကို တော့ဖြင့် စပိန်ကိုကို တွေကိစ္စနဲ့ ပတ်သက်ပြီး ၊
ရင်းနှီးတယ်လို့ ထင်မိတဲ့အတွက်ပြောမှာပါ ”
စပိန်ကိုကို တွေကိစ္စ ဆိုတဲ့ အပြောလေးကို သဘောကျတဲ့အတွက် ၊
Best Comment ပေးလိုက်ပါတယ် ။
Idea တွေကတော့ ဖြေးဖြေးချင်း ဆက်ငြင်းကြတာပေါ့ကွယ် ။
ခိုင်ဇာ
November 14, 2012 at 9:14 am
တွေးမိပါရဲ့။ တွေးရင်း အဲ့ဒီ ပညာရေးတို့ တရားဥပဒေစိုးမိုးရေးတို့၊ စိတ်ဓာတ်အဆင့်အတန်းမြှင့်တင်ရေးတို့နဲ့ ကြက်ဥကြက်မ အစရှာမရလို့
အတွေးတွေ ရပ်လိုက်ရတာလည်း ခဏခဏ။ လက်လှမ်းမမှီဘူးကိုး။
အင်္ဂါသားပြောမှပဲ ကိုယ့်ကိုယ်ကို အရင်သနားတာပဲကောင်းမယ်ထင်ရဲ့။ 🙁
ဒီကောမန့်လေးအတွက်တော့ ကျေးဇူးတင်ပါ၏။
မိုချို
November 14, 2012 at 9:32 am
အဘရေ
အဘ ရဲ့ စေတနာ ကို နား လည် ပါတယ်။ ဆင်း ရဲ တဲ့ သူတွေ ကို မကြိုး စား ရ ကောင်း လား ၊ ရုန်း မထွက် ရ ကောင်း လား လို့ အား မလို အား မရ ဖြစ် တဲ့စိတ် ကိုလည်း သဘော ပေါက် ပါတယ်။ ဘယ်လောက်ပဲ ကြီုး စား ချင်ပေမယ့် ကြိုး စား ဖို့ အခြေအနေ ၊ အချိန်အခါ မပေးတဲ့ သူတွေ၊ ကြို းစား သလောက် အကျိုး မခံစား ရ တဲ့ သူတွေ အများ ကြီး ရှိပါတယ်။ ပညာ မတတ် တဲ့ လက်လုပ်လက်စားတွေ အတွက် ထားတော့ ပညာ သင်ထား ၊ တတ်ထားတဲ့ သူတွေ တောင် ကြိုးစားချင် ရဲ့ နဲ့ အခွင့် မကြုံ တဲ့ သူတွေ တပုံ ကြီး။ မြန်မာပြည်ရဲ့ ဒီခေတ်၊ ဒီ အခြေ အနေ မှာ ပိုတောင် ဆိုး ပါသေး တယ်။
ဝတ္ထု ထဲ က ဆင်း ရဲတဲ့ ဇာတ်ကောင် ကို တခြား တနေရာ ကို ပြောင်း နေဖို့အဘ ပြောခဲ့ တယ်။ တနေ့ လုပ်မှ တနေ့ စား ရတဲ့ ဆင်း ရဲ သား တစ်ယောက်အတွက် တနေရာကတနေရာ ပြောင်းရွေ့ အခြေ ချ ဖို့ ဆို တာ ပြောသလောက် မလွယ်တာ ကြုံ ဖူး မှ သိမှာပါ။
ကျမ တို့ ကိုယ်တိုင် ဒီ ကို မလာ ခင်က မြန် မာပြည်မှာ အလုပ် အမျိုး မျိုး လုပ် ကိုင် ခဲ့ကြတယ်။ ကျမတို့၂ ယောက ် လုံး က စက်မှု တက္ကသိုလ် ကို မိဘ ရဲ့ ပံ့ ပိုး မှု လုံးဝ မပါပဲ၊ ပိုသေချာအောင် ပြောရရင် ကိုယ့် ကျောင်း စရိတ် အပြင် မောင်နှ မတွေ ကို ပါ ပြန်ထောက်ပံ့ ရင် း ကျောင်း ပြီးအောင် တက်ခဲ့ရ တဲ့ သူတွေ ပါ။ ကျောင်းပြီးတော့ သူများတွေ နိုင်ငံခြား ထွက် ပြီး ကျောင်း ဆက်တတ်၊ အလုပ် ထွက် လုပ်ကြတဲ့ အချိန် မှာ ကျမ တို့လည်း ဆန္ဒ ရှိပေ မယ့် အခွင့် အရေး က ဘယ်လိုမှ မရ ဘူး။ ရှာလို့ ရတဲ့ ငွေ က မိခင်မုဆိုး မတွေ ဦးဆောင်တဲ့ မိသား စု ၂ စု အတွက် စားဖို့ ပဲ ဖြစ်ခဲ့ တယ်။ ဒါတောင်ဝင်ငွေ က မနည်း လှ ဘူး။ စင်ကာပူ ကို ထွက် လာရင် ပို အဆင် ပြေ နိုင် မယ်မှန်း သိပါရက် နဲ့ စရိတ် စက ရင်း နှီး ဖို့ ငွေ ၁၅ သိန်း ၊ သိန်း ၂ဝ လောက် မရှိလို့ ၈ နှစ်လောက် နောက်ကျပြီး မှ ထွက် လာခဲ့ ရတယ်။ ဒီတော့ ဒီ မှာ ကားသမား က အစ ပီအာ တွေ ပေါချင်း သောချင်း ချပေးတဲ့ အချိန် ကောင်း ကို မမှီ တော့ ဘူး။ ကျမ ပြောချင် တာ က ကြိုးစားချင်စိတ် ရှိတိုင်း၊ ကြိုစား နေတဲ့ သူတိုင်း လည်း အချိန်အခါ မပေးသေး သမျှ စိတ်တိုင်းကျတဲ့ အောင်မြင် မှု တစ်ခု ကို မရ နိုင်ပါဘူး။
အဘ ရဲ့ အဘိုး အဘွားတွေ က ကြိုး စား ခဲ့ လို့ ၊ အဘ မိဘ တွေ အရာရှိတွေ ဖြစ်တယ်၊ တနည်း ပြော ရရင် တဖက် တလမ်း က နေ တခြား အလုပ်တွေ လုပ်ဖို့ လမ်း စ ရှာ လို့ ရ တယ်။ အဘ တို့ လက်ထက် ကျတော့ အခွင့် အရေး ပို သာ သွား တယ်။ လမ်း အဆင်သင့် ရှိတယ်။ ကိုယ့် ရဲ့ အားထုတ် မှု ကို ထပ်ဆင့် ပံ့ ပိုး လိုက်တာ နဲ့ အဘ တို့ အခု အခြေ အနေ ကို ရောက် သွားတယ်။ အဘ တို့ သား သမီးတွေ လက်ထက် ကျရင် ဒီ ထက် ပို သာ မယ်။ ဒီတော့ ကြိုး စား အား ထုတ် ဖို့ အခွင့် အရေး တွေ ရှိ နေ တဲ့ သူက ပြော အား ရှိတာပေါ့ အဘ ရယ်။
မိုချို
November 14, 2012 at 10:06 am
ဆက်ပြောဖို့ ကျန်သွားတယ်။ သေပြီးတဲ့ သူတွေ ကို အပြစ်တင် တာ မဟုတ် ပေမယ့် ကျမ တို့ အဖေ တွေ လက်ထက် မှာ ပညာတွေ တတ် ရဲ့ နဲ့ ကြိုး စား အားထုတ် မှု တွေ နည်း ခဲ့ တာ၊ အဘ ပြောတဲ့ တခြား အရာ ရှိ တွေ လို ပဲ နေခဲ့ ကြတာ ဝန်ခံပါတယ်။ အဲဒါကြောင့် လည်း ကျမ တို့ ပို ပြီး ရုန်းကန် ရ တယ်၊ ကြိုးစား မှု ချင်း တူ ခဲ့ ရင် သူများထက် နောက်ကျ ခဲ့ ရတယ် ။
သူများ မပြောခင် ကြို ပြော ထား တာ၊ ကိုယ့် ဘာ ကို ထောင်းတော့ နည်းနည်း သက်သာတာပေါ့ ။
Foreign Resident
November 14, 2012 at 10:48 am
” စက်မှု တက္ကသိုလ် ကို မိဘရဲ့ ပံ့ပိုးမှု လုံးဝ မပါပဲ ၊
ပိုသေချာအောင် ပြောရရင် ကိုယ့် ကျောင်း စရိတ် အပြင် ၊
မောင်နှမတွေကိုပါ ပြန်ထောက်ပံ့ရင် း ၊
ကျောင်းပြီးအောင် တက်ခဲ့ရတဲ့ သူတွေ ပါ ”
မ မိုချို ရေ ။
မ မိုချို ရေးသွားတာတွေက ကျနော့်အဆိုကို ကန့်ကွက်နေသလို ရှိပေမယ့် ၊
မ မိုချို ရေးခဲ့တဲ့ မ မိုချို တို့ရဲ့ အဖြစ်အပျက် ကြိုးစား ရုန်းကန်မှုတွေ ဟာ ၊
ကျနော့် အဆိုကို ထောက်ခံနေတဲ့ အကောင်းဆုံး ဥပမာတွေ ပါပဲ ။
မဆုတ်မနစ် ပြင်းပြင်းထန်ထန် ကြိုးပန်းရင် နှေးတယ် ဆိုစေအုန်း ၊
အတိုင်းအတာ တစ်ခုတော့ ခရီး ရောက်ပါတယ် ဆိုတာကို ပြနေတာပါပဲ ။
ကျနော် Post ထဲမှာ ရေးထားပြီးသားပါ ။
” တစ်ဖြေးဖြေးချင်း Generation by Generation မြှင့်ယူရတာပေါ့ ။
ဒီနေ့ နက်ဖြန် သူဋ္ဌေးဖြစ်ချင်လို့တော့ မရဘူးပေါ့လေ ” ဆိုပြီး ရေးထားပါတယ် ။
၁၉၆၂ ခုမှာ ၊ ကျနော်တို့ အမေဖက်က အဘိုးရဲ့ ၊
စက်ရုံ ၊ ဂျစ်ကား ကအစ ရှိရှိသမျှကို ပြည်သူပိုင်သိမ်းလိုက်တဲ့အပြင် ၊
တစ်ချိန်တည်းမှာ အခွန်လည်း ( အဲဒီခေတ်က ပိုက်ဆံ ) သိန်းချီချခဲ့တာပါ ။
သိမ်းတာမှ မီးခံသေတ္တာကိုပါ ချိတ်ပိတ်ပြီး အကုန် သိမ်းတာပါ ။
ဗိုလ်ချုပ် တင်ဖေ ကိုယ်တိုင် အိမ်အထိလာပြီး ရှိသမျှအကုန် ချိတ်ပိတ်ပြီး သိမ်းတာပါ ။
အဲဒီ အချိန်မှာ ကျနော့်အဖိုးဟာ ၊ အသက် ၆ဝ ရှိပြီဖြစ်တဲ့အတွက် ၊
ဘဝကို နောက်တစ်ကြိမ် အစကနေပြန်စကြဖို့ အားအင် မရှိတော့တဲ့အတွက် ၊
အဲဒီ စိတ်နှင့်ပဲ စိတ်ဆင်းရဲပြီး ဆုံးသွားခဲ့တာပါ ။
ကျနော့်တို့ အဖွားဟာ ဆင်းဆင်းရဲရဲနှင့် သူတတ်သမျှ တရုတ်စာလေး နှင့် ၊
တရုတ်ကျောင်းမှာ စာပြ ၊ တစ်အိမ်တက်ဆင်း ကျုရှင် အိမ်လိုက်သင်ပြီး ၊
ကျနော့် အမေကို ဆေးကျောင်းပြီးအောင် ပညာသင်ပေးခဲ့ရတာပါ ။
ကျနော်တို့ အဖေ အမေ တွေဟာ သုညလောက်နီးနီး ဘဝ ကနေပြန်စခဲ့ရပြီး ၊
ကျားကုတ် ကျားခဲ ရုန်းကန် တက်ခဲ့ပြီးမှ အခုဒီလို အခြေအနေကို ရောက်ခဲ့တာပါ ။
ကျနော်တို့ ညီအကိုတွေ အားလုံးကိုလည်း သုညကနေ စရဲအောင် သွန်သင်ခဲ့ကြပါတယ် ။
ကျနော့် မိဘတွေ အမြဲပြောတဲ့စကားတစ်ခွန်း မှတ်မိပါသေးရဲ့ ။
” တိုင်းပြည်ဟာ မတည်ငြိမ်ဘူး ၊ အဲဒီတော့ ငါတို့က ထွက်ဆိုတဲ့ အချိန်မှာ ၊
တစ်မိသားစုလုံး နိုင်ငံခြားကိုထွက်ပြီး အသီးသီး ကိုယ်စီ လုပ်ကိုင်စားနိုင်အောင် ၊
အားလုံးဟာ အသက်မွေးဝမ်းကြောင်းပညာ ကိုယ်စီ သင် / ပြင် ထားကြပါတဲ့ ”
( ဆိုလိုတာက ဆရာဝန် ၊ အင်ဂျင်နီယာ ၊ သင်္ဘောသား ပညာကို သင်ခိုင်းတာပါ ၊
Academic ဝိဇ္ဇာ သိပ္ပံ ဘွဲ့ မဟုတ်ပါဘူး )
ကျနော်တို့ ညီအကိုတွေမှာလဲ ဒီ ( တရုတ် ) စိတ်ဓါတ် ဝင်သွားပါပြီ ။
ဘဝ ကို သုည ကနေပြန်စဖို့ လုံးဝ မကြောက်ပါဘူး ။
မင်းတို့ ( တရုတ်တွေကို ) ဘယ်လောက် ဖိနိုပ်နိုင်မလဲ ။
လာစမ်းပါ ၊ ငါတို့ ရိုးသားပြီး ၊ ငါတို့ ကြိုးစားမယ် ။
လွန်ရော ကျွံရော Generation ၂ ဆက်အတွင်း ပြန်ချမ်းသာလာမှာ ၊
မြေကြီး လက်ခတ် မလွဲလို့ ခိုင်ခိုင်မာမာ ယုံကြည်ပြီးသားပါ ။
နင်လားဟဲ့ လောကဓံ ။ ဆင်းရဲတယ်ဆိုတာ ၊ ငပျင်းတွေ ၊ ငတုံးတွေ ကိစ္စ ။
ငါတို့လို ရိုးသားပြီး ၊ ကြိုးစားတဲ့သူတွေ နှင့် လားလားမှ မဆိုင် ဆိုတဲ့ စိတ်ဓါတ်ဟာ ၊
ငယ်ငယ်ထဲက အသားသေအောင် ရိုက်သွင်း ယုံကြည်ပြီးသားပါ ။
လွန်ရော ကျွံရော Generation ၂ ဆက်ပါ ။ မခက်ပါဘူး ။
တိမ်မည်း (ခရီးသွားနေည်)
November 14, 2012 at 11:06 am
ဘဖောရေ…..
” မင်းတို့ ( တရုတ်တွေကို ) ဘယ်လောက် ဖိနိုပ်နိုင်မလဲ ။ ”
အဲ့စကားကတော့ တကယ်ဘဝင် မတွေ ့တာပါ…..
တရုတ်က ရိုးသားကြိုးစားပီးတယ် လို ့ တောင်တောကသာပါတယ်ဆိုတဲ့ အပြောမျိုးပြောလိုက်ချိန်မှာ….
မြန်မာတွေက မိုက်ရိုင်းပီးယုတ်မာတယ်လို ့ ပြောသလိုဖြစ်သွားတာကိုတော့ သတိပြုသင့်တယ်လို ့ ထင်ပါတယ်…..
ဝါးလုံးရှည်နဲ ့ ပတ်ရမ်းတဲ့ အရေးအသားကိုတော့ အပြင်းအထန် ကန် ့ကွက်ကြောင်း……..
လေးစားလျက်
တိမ်မည်း
Foreign Resident
November 14, 2012 at 11:23 am
ဟင် ။
အဘ တစ်သက်တော့ ၊
မြန်မာပြည်မှာ တရုတ်တွေ ဖိနှိပ်ခံနေရတာပဲလေ ။
အခွင့်အရေးတွေ ပိတ်ခံနေရတာပဲဟာ ။
ရှင်းရှင်းကြီးပဲလေ ၊ ဘာမှားလို့တုန်း ။
မြန်မာတွေက မိုက်ရိုင်းပီးယုတ်မာတယ်လို ့တော့ မပြောမိပါဘူး ။
ကိုယ့်ဖါသာကိုယ် ချဲ့တွေးတာတော့ မတတ်နိုင်ဘူး ၊ ကို တိမ်မည်းရယ် ။
တိမ်မည်း (ခရီးသွားနေည်)
November 14, 2012 at 11:38 am
တရုတ်တွေကို ဖိနှိပ်တယ်ဆိုတာကတော့ အဘအမြင်လို ့ ဆိုချင်ပါတယ်…..
ကျွန်တော် တတိယအမြင်အနေနဲ ့ပြောရရင်….
ဒီနိုင်ငံမှာ…..
တိုင်ရင်းသား အားလုံးကော ကုလားကော တရုတ်ကော အားလုံးဟာ ဖိနှိပ်ခံနေရတယ်လို ့ အော်နေတာပါ….
တရုတ်တယောက်တည်း ကွက်ပီး ဖိနှိပ်တာတော့ မဟုတ်ပါဖူး…..
ဖိနှိပ်ခံရပုံခြင်းမတူတာတော့ ရှိမှာပေါ့နော်….
အဘက တရုတ်ကို အဖိနှိပ်ခံလို ့ပြောတော့…..
ကျန်တာတွေက ရွေပေါ်မြတင်ပီး နေနေပီး
ကျွန်တော့်မျက်စိထဲမှာ တရုတ်ကပဲ အမေရိကားက လူမည်းတွေလို ့ ကျွန်ဘဝကနေ တက်လာသလိုလို…….
ကျွန်တော်အမြင်ကတော့ တရုတ်မှမဟုတ်ပါဖူး….
ဘယ်လူမျိုးဖြစ်စေ သုညကနေ စလာတဲ့ ဇာတ်လမ်းတွေရှိပါတယ်…..
တောင်ဘတ်တောကလူတွေပဲ အဖိနှိပ်ခံနေရတယ်ဆိုလို ့ ဖြည့်စွက်ထောက်ပြတာပါ…
လေးစားလျက်
တိမ်မည်း
လုံမလေးမွန်မွန်
November 14, 2012 at 10:20 am
အဘရေ..တစ်ခုလောက်ပြောချင်ပါတယ်.. ရေကြည်ရာမြက်နုရာပြောင်းတယ်ဆိုတဲ့အကြောင်းပေါ့နော်.. လူတွေက တစ်ခုခုဆို ကံကိုပဲ ပုံချကြတယ်ပြောကြတယ်..တကယ်တော့ ကံဆိုတာ အလုပ်၊ ကိုယ့်ကံဆိုတာ ကိုယ်လုပ်တဲ့အလုပ်ပေါ်မှာ မူတည်တယ်ပေါ့နော်…
တစ်ခါတစ်လေတော့လည်း အဲ့ဒီကံဆိုတာ လက်ရှိကံမဟုတ်ဘဲ အတိတ်ကံတွေအကျိုးပေးပြီး လုပ်တိုင်းမဖြစ်တာတွေ အများကြီးပါပဲ အဘရယ်…
လုံမအဒေါ်နဲ့ဦးလေးဆို ရွာမှာ လယ်လုပ်တယ်…ဒါပေမယ့် လယ်ဆိုတာမျိုးက ကိုယ့်အရင်းအနှီးနဲ့ကိုယ်မဟုတ်ရင် ဘာမှဖြစ်မလာတဲ့အမျိုးလေ… မိုးတွင်းဆို ချေးငှားပြီး ရင်းလိုက်ကြ…စပါးထွက်ချိန်ကျတော့ အတိုးတွေအရင်းတွေကို ဆပ်လိုက်ကြနဲ့ ဝမ်းစာစပါးချန်ဖို့တောင် အနိုင်နိုင်…ဒီကြားထဲ ရာသီဥတုတွေ၊ ရေလေတွေနဲ့ စပါးအထွက်များကျရင် အဲ့ပိုက်ဆံ ဘယ်လိုများဆပ်ကြမလဲ…ဆိုတော့ အဘပြောသလိုပဲ ဖောက်ထွက်မယ်ဆိုပြီး ရွာက လယ်တွေခြံတွေကိုရောင်း၊ မြို့ထဲမှာ ဆိုင်ခန်းလေးငှားပြီး ကုန်ခြောက်ဆိုင်ဖွင့်တယ်ပေါ့…. နေရာကလည်းကောင်းပါတယ်… ရွာက မိတ်ဆွေဖောက်သည်တွေလည်းရှိတယ်.. လင်မယားနှစ်ယောက်စလုံးလည်း ကြိုးစားကြပါတယ်..အသောက်အစားလည်းကင်းတယ်..လောင်းကစားလည်း မလုပ်ဘူး…ဒါပေမယ့် မိသားစုဦးရေများတာရယ်..ကလေးတွေရဲ့ကျောင်းစရိတ်တွေရယ်နဲ့..ရောင်းလို့ရတဲ့ပိုက်ဆံကို ဖဲ့သုံးရင်းနဲ့ အရင်းပြန်မစိုက်နိုင်ဖြစ်ပြီး… နောက်ဆုံး ဆိုင်ကို ပြန်အပ်လိုက်ရပါလေရော..အခုတော့ လုံမတို့မြို့တစ်ဖက်ကမ်းမှာ ရာဘာခြံလေးလုပ် (ရာဘာခြံဆိုတာကလည်း နှစ်နဲ့ချီပြီး ရင်းထားနေရတုန်းလေ..)..ကွမ်းလေးစိုက်ပြီး ထပ်ကြိုးစားနေကြလေရဲ့..ဒါတောင် ကွမ်းကအထွက်ကောင်းပေမယ့် ကွမ်းဈေးကျချိန်နဲ့ကြုံတဲ့အခါတွေလည်း ရှိသေးတယ်….အခုဆို သူတို့က အလုပ်မှာ..ကလေးတွေနဲ့ တူမတွေကို လုံမအမေကပဲ စောင့်ရှောက်ပေးနေရတာပေါ့…
ဆိုတော့ အဘတို့ခေတ်၊ အဘအဖေတွေခေတ်နဲ့ ဒီခေတ်နဲ့က မတူတော့ပါဘူး…အဘတို့ခေတ်က ဦးနှောက်နဲ့ ဒီခေတ်လူတွေရဲ့ ဦးနှောက်တွေ မတူတော့ပါဘူး…အကြောက်တရားတွေသွင်းခံထားရပြီး ဦးနှောက်တွေရိုက်ချိုးခံထားရတဲ့ ခေတ်မှာ ဆင်းရဲသားတွေအတွက် ဘယ်လိုဖောက်ထွက်ရမလဲဆိုတာ မသိတာကို တုံးတယ်လို့ပြောချင်ရင်တောင် အဲ့ဒီလိုတုံးတာကို အပြစ်တစ်ခုလို့ မထင်စေချင်ပါဘူး.. အခွင့်အလမ်းတွေရှားပါလာတဲ့အချိန်၊ ငွေရှာရခက်လာတဲ့အချိန်မှာ ရလိုရငြားဆိုပြီး လောင်းကစားတွေလုပ်ကြတယ်ဆိုရင်တောင် အဲ့ဒီလောင်းကစားတွေဖွံ့ဖြိုးလာအောင် မျက်စိမှိတ်ကြည့်နေတဲ့ သူတွေမှာ တာဝန်ရှိပါတယ်…
ပြီးတော့ အဘတို့ မိသားစု ပြောင်းတယ်ဆိုတာ မချမ်းသာဘူးဆိုရင်တောင် ပညာတတ်တွေဖြစ်မှာပါ…ပညာဆိုတာမျိုးက ဘယ်နေရာသွားသွား မချမ်းသာရင်တောင် မငတ်ဘူးလေ…ပိုက်ဆံမရှိ၊ ပညာမတတ်တဲ့ ဆင်းရဲသားတွေကတော့ အခြားနေရာကို ပြောင်းဖို့ ကြောက်ကြတာ မဆန်းပါဘူး…အနည်းဆုံးတော့ ကိုယ့်ရပ်ရွာနဲ့၊ ကိုယ့်ဇာတိနဲ့၊ ကိုယ့်ဆွေမျိုးနဲ့က အရေးဟဲ့အကြောင်းဟဲ့ဆို ဆိုးဆိုးဝါးဝါးကြီး မဖြစ်နိုင်ဘူးလေ….
ဆိုတော့..တုံးလို့ ဆင်းရဲတယ်ဆိုပြီး မသနားဘူးလို့ ပြောနေမှာထက် ဒီလို ဆင်းရဲသားလူတန်းစားရဲ့ ဘဝကို…သူတို့ရဲ့ တုံးနေတဲ့ဦးနှောက်ထဲကို ဘယ်လိုအသိတွေဖြန့်ဝေပေးရင် ဆင်းရဲသားလူတန်းစားဆိုတာ လျော့နည်းသွားမလဲဆိုတာ ထပ်စဉ်းစားပေးရင် ပိုကောင်းမယ်လို့ ထင်ပါတယ်….
အင်္ဂ ါZ
November 14, 2012 at 10:37 am
အင်း လောင်းကစားတွေ အသောက်အစားတွေ မသနားတာတွေက ကျုပ်တူးထားတာတွေ
ဆိုတော့ ကျုပ်ပြန်လာရှင်းပြရမပေါ့ လုံမလေးရေ…။
ဂလိုဗျ။ ပထမအချက် လောင်းကစားကိစ္စ တိုင်လေးလုံးနဲ့ ဟိုလူကြီးတွေကို ထိုင်လက်ညှိုးထိုးနေလို့ကတော့
ဘာမှ မထူးတာအမှန်။ သူတို့ ဆိုးသည်ဖြစ်စေ တာဝန်ရှိသည်ဖြစ်စေ။ ကိုယ်ဆင်ခြင်ဖို့ပဲ
လိုတာမဟုတ်လားဗျာ ။
ဒုတိယ အသောက်အစား ကိစ္စ … ဒါကလည်း ဘယ်သူမပြု မိမိမှုပါပဲ။
နောက်ဆုံးအချက် မသနားတဲ့ကိစ္စ .. ကြိုးစားပြီး ကြီးပွားချမ်းသာတိုးတက်သွားတယ် ဆိုတဲ့လူတွေဆိုတာ
ရေရေလည်လည် ဒုက္ခခံခဲ့ကြ ခံခဲ့ရတာကလား..။ အပေါ်က အန်တီအေး ရေးထားတဲ့ သူ့အဖေ ဖြတ်သန်းပုံက
သက်သေကောင်း တခုပါပဲဗျာ။ ကျုပ်တို့ လူမျိုး ဆင်းရဲတယ် ဆင်းရဲတယ်နဲ့ ..တကယ်တမ်းမှာကြိုးစားအားထုတ်မှုပိုင်း
ခြွေတာတာရေးပိုင်း ဒုက္ခခံနိုင်မှုပိုင်း အားနည်းနေတုန်းပဲလို့ မြင်မိပါတယ်။
P.S : ၁၂လရာသီ ပွဲတော်တွေနဲ့ တနှစ်တာလုံး ဟေးလားဝါးလားတွေများတဲ့အကြောင်း ဆက်ဆွဲရင် ရောက်တော့မှာမို့
(သဂျီးအကြိုက် ကစားကွက်ဖြစ်သွားမှာ စိုးလို့ ဘာသာရေးဘက်ကလှည့်မရေးတော့ဘဲ ချန်ထားလိုက်ပါကြောင်း..ဟိ..)
Foreign Resident
November 14, 2012 at 2:32 pm
” ကြိုးစားပြီး ကြီးပွားချမ်းသာတိုးတက်သွားတယ် ဆိုတဲ့လူတွေဆိုတာ
ရေရေလည်လည် ဒုက္ခခံခဲ့ကြ ခံခဲ့ရတာကလား..။
အပေါ်က အန်တီအေး ရေးထားတဲ့ သူ့အဖေ ဖြတ်သန်းပုံက
သက်သေကောင်း တခုပါပဲဗျာ။
ကျုပ်တို့ လူမျိုး ဆင်းရဲတယ် ဆင်းရဲတယ်နဲ့ ..တကယ်တမ်းမှာ
ကြိုးစားအားထုတ်မှုပိုင်း
ခြွေတာတာရေးပိုင်း
ဒုက္ခခံနိုင်မှုပိုင်း
အားနည်းနေတုန်းပဲလို့ မြင်မိပါတယ် ”
ထောက်ခံပါတယ် ။
Foreign Resident
November 14, 2012 at 11:00 am
နင်လားဟဲ့ လောကဓံ ။ ဆင်းရဲတယ်ဆိုတာ ၊ ငပျင်းတွေ ၊ ငတုံးတွေ ကိစ္စ ။
ငါတို့လို ရိုးသားပြီး ၊ ကြိုးစားတဲ့သူတွေ နှင့် လားလားမှ မဆိုင် ဆိုတဲ့ စိတ်ဓါတ် ။
( စိတ်ဓါတ် ) ပြင်းထန်တဲ့ အဲဒီ စိတ်ဓါတ် ဟာ ၊ လူကို ချုပ်တည်းလာနိုင်စေတယ် ။
လောင်းကစား ၊ အရက် ၊ မိန်းမ အဲ့ဒါတွေနှင့် ဘာမှပါတ်သက်စရာ မရှိဘူး ။
အဘတို့ မိသားစု အားလုံး အရက်ကိုဝေးစွ ၊ ကွမ်း ၊ ဆေးလိပ် တောင် မသောက်ဘူး ။
တခြားမကြည့်နှင့် အဘတောင် သင်္ဘောသားဖြစ်ရက်နှင့် အရက်မသောက်ခဲ့ဘူး ။
အေး မချမ်းသာခင်မှာ သွားပြီး ၊
လောင်းကစား ၊ အရက် ၊ မိန်းမ အဲ့ဒါတွေနှင့် ပါတ်သက်မိလို့ကတော့ ။
အဲဒီလူ မွဲ လည်း သနားစရာ ကိစ္စ မဟုတ်ဘူး ။
kyeemite
November 14, 2012 at 10:28 am
ဒီနေရာမှာ..ဒီပို့စ်ပါ အကြောင်းနဲ့ နဲနဲ ဆက်စပ်မယ်ထင်တာလေး
တင်ပြပါရစေ…လက်ခံတာ လက်မခံတာတော့ စာဖတ်သူအပိုင်းပါ…
ဟောင်ကောင်သူဌေးကြီး လီကာရှင်းရဲ့ မှတ်သားဖွယ် စကားကြီးတွေပါ၊ facebook ပေါ်မှာ share နေကြတာ တွေ့လို့…အဲထဲက စာပိုဒ်တစ်ချို့ တင်ပြပါရစေ…သူက…
:kwi:
Foreign Resident
November 14, 2012 at 2:34 pm
” တတိယ ၈ နာရီ ”
အလုပ်လုပ်ပါ / ပညာရှာပါ ။
စိန်ဗိုက်ဗိုက်
November 14, 2012 at 10:36 am
မူးသွားပြီ အဘရေ
အဘပြောတာတွေလဲ မှန်တယ်
အောက်က ပြောကြတာတွေလဲ ကွက်တိပဲ..
အမူးပြေရင် ထပ်လာဖတ်ဦးမယ်ခင်ဗျ
Passing By
November 14, 2012 at 10:52 am
ဘ ဖောရဲ့ Post တိုင်းကျွန်တော်ဖတ်ဖြစ်ပါတယ် ဘဖောရဲ့ အတွေးအခေါ်၊ အရေးအသား တွေကို အရမ်း ကြိုက်ပါတယ် .. တလောကစာစောင်ထဲမှာ ဖတ်လိုက်ရတယ် .. 1988 အရေးအခင်းပြီးတဲ့နောက် မြန်မာနိုင်ငံသားတွေ နိုင်ငံခြား သွားလိုက် တာ ၆သန်းကျော်ရှိတယ်တဲ့ဗျ .. သမ္မတကြီးကခုတော့ ပြန်လည်ချော့မော့ပြီးခေါ်နေပါပြီ ..
comment လေးလည်း နည်းနည်းပါးပါးပေးပါရစေ .. 🙂
ကျွန်တော် ကြားဘူးတဲ့ ဟာသတစ်ခုတော့ရှိတယ်ဗျ .. စီးပွားပျက်လို့တစ်ကမာ္ဘလုံးမွဲနေပြီ တဲ့ .. ဒါနဲ့ ခပ်နုံနုံ လူတစ်ယောက်ကမေးတယ် .. ဟာ ဒါဆိုပိုက်ဆံတွေနိုင်ငံတော်ကသိမ်းသွားတာပေါ့နော .. တဲ့ .. ဒါကို ခပ်အအလူက ပြောတယ် . မဟုတ်ဘူး သူဋ္ဌေးတွေသိမ်းသွားတာကွ တဲ့ ..
ပြောချင်တာက စီးပွားရေးပျက်ကပ်ဆိုတာ လူအများကြီး ပိုက်ဆံက လူအနည်းစုဆီကိုရောက်သွားလို့ ပါဘဲ .. အခွင့်အရေးဆိုတာလေး .. ပြောကြည့်တာပါ .. စီးပွားပျက်တယ်ဆိုတာ သူဋ္ဌေးတွေ သူဆင်းရဲဘဝပြောင်းပြီး သူဆင်းရဲတွေ သူဋ္ဌေးဘဝပြောင်းတဲ့ခေတ်ပါဘဲ
လောကရဲ့ ဓမ္မတာကိုက Survival of the Fittest လို့ကြွေးကြော်ထားတာပါ။ လူတွေက ဉာဏ်ပညာ ပိုကြီးကြတယ် ဒါကြောင့် တိရစာ္ဆန်တွေကို ကျွဲလိုနွားလိုခိုင်းနိုင်တယ်၊ သတ်စားနိုင်တယ်၊ သစ်ပင်တွေကိုလည်း အဲ့ဒီအတိုင်းဘဲ ..
အဲ့ဒီလိုဘဲ လူလူချင်းမှာလည်း ငွေကြေး၊ အခွင့်အရေးတွေအတွက် ဒီ Theory ကတစ်ပြားမှ မလျှော့ပါဘူး .. လူတွေက ပိုချမ်းသာချင်တယ်၊ ပိုပြီးနေပျော်တဲ့ဘဝရချင်တယ်၊ ပိုပြီးပြည့်စုံချင်တယ်၊ ပိုပြီးလွတ်လပ်ချင်တယ်၊ ပိုပြီး Secure ဖြစ်ချင်ကြတယ် ဒါတွေရရှိဘို့ ဘုရားကို Pray နေရုံ၊ ယတြရာ ခြေရုံနဲ့ အုံဘွ ဖြစ်လာဘို့ ကတော့ ဘုရားဆုပန်တာထက် များကြီး ပိုခက်ဦးမယ် .. ဒါပေမယ့် လူတွေက ဘုရားဆုထက်ပိုခက်တဲ့ပန်းကိုဘဲ ပန်ချင်နေကြတာပါ ..
သူဋ္ဌေး ဆိုတာ ကံကောင်းလို့ .. ဆင်းရဲသားဆိုတာ ကံဆိုးလို့လို့ ပြောကြလေရဲ့ ..
ဘုရားရှင် ကလည်း ဒါကြောင့် ကြိုဟောထားတာထင်ပါရဲ့ .. ကံဆိုတာ အလုပ် လို့လေ .. အဟဲ
jullies cezer
November 14, 2012 at 11:04 am
အဘဖော ပြောတာလဲမှန်သလို မမိုချိုပြောတာလဲမှန်ပါတယ် ဆင်းရဲတဲ့သူတွေမှာ
တုံးတဲ့ပျင်းတဲ့သူရှိကြသလို မမိုချိုပြောခဲံသလိုပါပဲ ဆင်းရပြီးကြိုးစားချင်တဲ့သူတွေ
အနည်းစုတော့ရှိကြပါတယ် ဒါပေမဲ့ ကံမရှိဉာဏ်ရှိတိုင်းမွဲဆိုသလို သူများထက်ပိုပြီး
ပင်ပန်းကြိုးစားရလို့ဝရိယ အကျိုးခံစားရပေမဲ့ ကြိုးစားမှုချင်းအတူတူ သူများထက်
နောက်ကောက်ကျတယ်ဆိုတာတကယ်အမှန်ပါ မမိုချိုရေ အခုခေတ်မြန်မာပြည်ရဲ့
အခြေအနေနဲ့ဆိုဘယ်လောက်တော်တော်အကပ်မရှိရင်နေရာကောင်းမရဘူး
ဘယ်လောက်ပဲတော်တော်ဆင်းရဲတဲ့သူကို ဘာမှအပေါင်ပစ္စည်းမရှိရင်ငွေမချေး
ကြဘူး အဲဒီတော့ဉာဏ်ရှိပေမဲ့ဘယ်မှာလဲအရင်းအနှီး အဲဒီအရင်းအနှီးရဖို့ရာတွက်
သူများထက်အချိန်တွေပေးဆပ်ရတာကိုက တစ်လှမ်းမကနောက်ကျနေပြီ ……..
Foreign Resident
November 14, 2012 at 2:36 pm
” တစ်လှမ်းမကနောက်ကျနေပြီ ”
မလှမ်းတဲ့လူထက်တော့ အများကြီး သာပါတယ် ။
ဦးဦးပါလေရာ
November 14, 2012 at 11:09 am
ဒီပိုစ့်မှာတော့ ငြင်းစရာတွေ ထောက်ခံစရာတွေ ဖြည့်ပြေစရာတွေ အပြည့်ပဲ….
(တသက်လုံးတောင်ငြင်းလို့မပြီးလောက်ဘူး :D)
ဒီတော့ ကျုပ်က ငြင်းဘို့နဲ့ ဖြည့်ပြောဘို့ကို ဇောင်းပေးပြီး မန့်ပါမယ်….
လောလောဆယ် နဲနဲ ပြောနှင့်ရရင်
လူတွေ ပိုက်ဆံမချမ်းသာတာရဲ့ အကြောင်းတွေထဲမှာ
ပိုက်ဆံရဘို့ကို မရွေးချယ်ခဲ့ကြတာလဲ တကြောင်းပေါ့ဗျာ…
ငယ်ငယ်တုန်းကတော့ သူများ(မိဘ)ရှာထားတဲ့ပိုက်ဆံကိုပဲ တိုက်ရိုက်သော်၎င်းသွယ်ဝိုက်သော်၎င်း သုံးနေကြရတော့ ပိုက်ဆံကို အခြားအရာတွေထက် (ဥပမာ- အနုပညာထက်၊ အချစ်ထက်၊ ဝါသနာထက်) ပိုပြီး သိပ်အရေးကြီးလှတယ်မထင်ကြဘူး…..
ခက်တာက ပိုက်ဆံက ကြာလေ အရေးပါလေဖြစ်လာတော့
ခေါင်းမာတဲ့၊ အရွေးမှားတဲ့လူတွေ ကြာလေ ဂိ လေ ဖြစ်တော့တာပေါ့….
အဲဒီမှာတင် ပစ္စည်းမဲ့ဒေါသတွေ ပေါက်ကွဲတဲ့သူလဲပေါက်ကွဲပေါ့….
ကိစ္စမရှိပါဘူး…. ပေါက်ကွဲပါ…. မနာလိုစိတ်တွေ ပစ္စည်းမဲ့ဒေါသတွေကို တခြားပုံပြောင်းပြီး ဖေါ်ထုတ်ကြပါ….
တခုပဲရှိတယ်…. အဲလိုလုပ်လို့ ပိုက်ဆံတော့ပိုရမလာဘူး….
ဘဝလဲ ပိုအဆင်မလာဘူး….
လူဆင်းရဲရုံမက စိတ်အညစ်အကြေးတွေများလာလို့ စိတ်ပါဆင်းရဲဘို့ပဲရှိတယ်…
ဦးဦးပါလေရာ
November 14, 2012 at 11:17 am
ဒုတိယကွန်မင့်အနေနဲ့…..
လူတွေ ပိုက်ဆံရှာလို့ခက်တဲ့တကြောင်းက
သူကိုယ်တိုင်က ပိုက်ဆံကိုမရိုသေလို့….
သူကိုယ်တိုင်က ပိုက်ဆံကိုအလေးမထားလို့….
ပိုက်ဆံကို အလေးမထားတော့ ပိုက်ဆံလွယ်လွယ်သုံးတယ်၊ လွယ်လွယ်ချေးတယ်၊ ပြန်မဆပ်ပဲလွယ်လွယ်ကတိဖျက်တယ်…..။
အဲဒီလိုလူမျိုးကို ပိုက်ဆံက ပြန်ပြီးပညာပေးတတ်တယ်…
ကိုပုစကားငှားပြောရရင်- ပြောရရင်အောလဘုံပေါ့…….
ကိုယ်ပြုတဲ့ကံ ကိုယ့်ထံပြန် သတဲ့…….
အဲဒါ အခု မမြင်ချင်အဆုံး မြင်နေကြရတဲ့ ဆင်းရဲမွဲတေမှု့တွေပဲ…..
Foreign Resident
November 14, 2012 at 2:38 pm
” ပိုက်ဆံရဘို့ကို မရွေးချယ်ခဲ့ကြတာလဲ တကြောင်းပေါ့ဗျာ ”
ပိုက်ဆံ ကို လုံလောက်အောင် မချစ်ကြဘူး ။
ဦးတည်ချက် ( ပိုက်ဆံ ) မပြတ်သားကြဘူး ။
အဲဒါကြောင့် ဆင်းရဲကြတာ ။
ဦးကြောင်ကြီး
November 14, 2012 at 11:30 am
ကံဆိုတာ အလုပ်လို့ ပြောထားတော့ လုပ်တိုင်းဖြစ်တာကို ကံခေါ်နိုင်သလို လုပ်တိုင်းမဖြစ်ရင်လည်း ကံမည်သဗျ၊ ဒီတော့ တဝက်ဖြစ် တဝက်မဖြစ်လည်း ကံထဲဝင်တာပဲ…။ ကံဆိုတာကို တနည်းအားဖြင့် ထောက်မပေးတဲ့ အစွမ်းသတ္တိ စပရိန်တခုလို့ မြင်ကြည့်ရင် အလုပ်တခုထဲအပေါ် ဇောင်းပေးလို့ ဖြစ်ရတဲ့ ဂရုဏာဒေါသ လျော့နည်းသွားပါလိမ့်မယ်။ တကယ်တော့လည်း ကြုံဖူးမှ သိနိုင်တာမျိုးပါ။ ကျောင်းတက်တုံးကတော့ သိပ်တော်တဲ့ဆရာ (သူ့ပီအိပ်ချ်ဒီ ဘယ်ကျောင်းကရလည်း ယေဘူယျ ကြည့်တာပေါ့နော်) ဆိုရင် ဝေါင်ဝေါင်ရှေး ဝေးဝေးရှောင်တယ်။ ဒင်းတို့က ကိုယ်တော်တိုင်း ကျောင်းသားတွေကို မညှာမတာ ခိုင်းလွန်းလို့…။ ဒါပဲဗျာ သိပ်ပြောရင် ဆန့်ကျင်ဖက်တွေ ဖြစ်ကုန်မယ်။
Foreign Resident
November 14, 2012 at 2:48 pm
” ကျောင်းတက်တုံးကတော့ သိပ်တော်တဲ့ဆရာ ဆိုရင် ဝေါင်ဝေါင်ရှေး ဝေးဝေးရှောင်တယ်။
ဒင်းတို့က ကိုယ်တော်တိုင်း ကျောင်းသားတွေကို မညှာမတာ ခိုင်းလွန်းလို့ ”
ဦးကြောင် အခွင့်အလမ်းကောင်းကို လက်လွှတ်ခံလိုက်တာပဲ ။
အဘလည်း အဲလိုလူ နှင့် တွေ့ခဲ့ဘူးတယ် ၊ အရမ်းမေါင်း ခံရဘူးတယ် ။
တစ်ခုကောင်းတာက ကိုယ်က အရမ်းမေါင်း ခံရဘူးသွားတော့ ။
ကိုယ့်လက်ထက်ကျတော့ လည်း ၊
၁ ။ ကိုယ့်အောက်ကလူတွေကို အရမ်းမေါင်း တတ်သွားတယ် ။
၂ ။ ကိုယ့်အောက်ကလူတွေကို အရမ်းမေါင်း ဖို့လည်း ဝန်မလေး အားမနာတော့ဘူး ။
အခု လူကြီးဖြစ်လာတဲ့ အချိန်မှာ ပြန်စဉ်းစားကြည့်တော့ ၊
အဲလိုလူတွေနှင့် တွေ့ရတာ ဘဝ မှာ / အလုပ်မှာ အကျိုးရှိပါတယ် ။
Novy
November 14, 2012 at 11:34 am
ကံ ဉာဏ် ဝီရိယ သုံးပါးထဲက ၊ ကံ မလိုက်သော်ငြားလဲ ၊
ဉာဏ် နှင့် ဝီရိယ နှစ်ပါးကို အားစိုက်ခဲ့ရင်ဖြင့် ၊
အနဲဆုံး ဝီရိယ အကျိုးကို ခံစားရလိမ့်မယ်လို့ ယုံကြည်ပါတယ်
အဘဖေါရေ. ထောက်ခံပါတယ် နိုဗွီကိုယ်တွေ့ပါ
၁ဝတန်းအောင်းပြီးကတည်းက အလုပ်တစ်ဘက်ကျောင်းတစ်ဘက်နဲ့
ဒီကြားထဲမှာ သင်တန်းတွေကိုလည်းတက်ခဲ့ပါသေးတယ်
တစ်နေ့အိပ်ချိန် ၅နာရီထက်မပိုခဲ့ပါဘူး နှာခေါင်းသွေလျှံအောင် အလုပ်လုပ်ခဲ့ရပါတယ်
ဒီဝီရိယ အကျိုးတွေကြောင့် ဒီနေ့ဒီအချိန်မှာ မချမ်းသာပေမဲ့ လူတန်းစေ့နေနိုင်ပါတယ်
ဆင်ရဲတဲ့လူတော်တော်များများကို ဘဝမှာ ကြုံဘူးပါတယ်
ဒီထဲက (အိမ်ဖေါ် )တွေအကြောင်းပြောရရင်တော့ ပိုက်ဆံလေးနဲနဲစုမိပြီဆိုတာနဲ့
တောပြန်ပါတယ် ပြီးရင်ပါလာတဲ့ငွေနဲ့ဘာအရင်းအနှီးမှ မလုပ်ပဲ လအနည်းငယ်အတွင်းပဲသုံးပစ်လိုက်တယ် ကုန်သွားရင် သူများတွေဆီကပိုက်ဆံချေးပြီသုံးကျတယ်
အကြွေးတွေထူလာပြီးဆိုရင်တော့ ဒုံရင်းအတိုင်းပဲမြို့တက်ပြီး အိမ်ဖေါ်ပြန်လုပ်ကျတယ်
ဒီမှာတင်သံတရာလည်းနေ့ကျတယ်
ပြောစရာတွေကတော့ အများကြီးပဲ…
ရွာစားကျော်
November 14, 2012 at 1:10 pm
တစ်ဖြေးဖြေးချင်း Generation by Generation မြှင့်ယူရတာပေါ့ ။
မှန်ပါတယ်ဗျာ..
ရေငန်သောက် မျက်ခြောက်စားလို့ ပြောကြတဲ့ အရပ်မှ ကျနော့် မိဘတွေဟာ သူ့သားကို သူတို့လို ဘဝက လွတ်စေရမယ်ဆိုတဲ့ စိတ်နဲ့ ပညာတွေသင်ပေး၊ ရေခံမြေခံကောင်းတွေ ရစေခဲ့လို့ နေပူတော် အစိုးရဌာနတစ်ခုက တောက်တိုမယ်ရအလုပ်ရာထူးလေးရပြီး ကျောပူအောင် မရုန်းရတဲ့ ဘဝရောက်ခဲ့တယ်
ကျနော့် သားသမီးတွေကျရင်တော့ ဘဖောတို့ အော်ဇီမရောက်တောင် ခြင်္သေ့ကျွန်းလောက်တော့ ပို့နိုင်အောင် လုပ်ရမပေါ့ (မဆိုနိုင်ဘူး.. ကျုပ်တို့နောက် ခေတ်ရောက်ရင် စလုံးကလူတွေ မြန်မာ PR လျှောက်ရတဲ့ အဖြစ် ရောက်များနေမလားနော်)
ကျုပ်လေ ရွာပြန်တဲ့အခါတိုင်း မေးခံရတယ်.. လစာ ဘယ်လောက်ရသလဲပေါ့.. အဲ့ဒါနဲ့ပြီးသေးဘူး နောက်ထပ် ဘေးပေါက်က ဘယ်လောက်ရတုန်းတဲ့ ပါသေးတယ်..
ကျုပ်တို့နိုင်ငံကြီးမှာဗျာ ဝန်ထမ်းဆိုတာနဲ့ ဘေးပေါက်တို့ အောက်ဆိုဒ်တို့ တွဲမြင်ထားကြတာကလား
မေးကြပေမပေါ့ဗျာ တချို့က လစာမက်လို့မဟုတ်ဘူး… အဲဒီ ဘေးပေါက်၊အောက်ဆိုဒ်ပဲ မက်ကြတာလေ
ပြောရရင် ဂွင်ပေါ့ဗျာ…
ဆိုတော့ ဆင်းရဲတွင်းကလွတ်ပြီး ချမ်းသာကြွယ်ဝဖို့က ကံ၊ ဉာဏ် ဝီရိယ သုံးပါးအပြင် ခေတ်ကာလနဲ့အညီ (ဟိုကာတွန်းလေး တခုထဲကလို) ဂွင်လည်း မြင်ဦးမှ၊ လမ်းကြောင်းလည်း သိပါမှ.. အဲ မရှိမဖြစ် အကပ် ဆိုတာတည်း ရှိထားရဦးမယ်ထင်ပါရဲ့လေ
ကံ၊ ဉာဏ် ဝီရိယ အပြင် ဂွင်ရယ် လမ်းကြောင်းရယ် အကပ်ရယ်ပေါ့ဗျာ.. 🙂
Foreign Resident
November 14, 2012 at 2:52 pm
” ဘေးပေါက်က ဘယ်လောက်ရတုန်း ”
ဘေးပေါက် လာဘ်ပေး လာဘ်ယူ ကိုတော့ အားမပေးပါရစေနှင့်ကွယ် ။
အဘ ကိုင်စွဲတဲ့ ဆောင်ပုဒ်ကတော့ ၊
” Honesty is the best policy ” ပါ ။
Ko Khin Kha ( သရီးကေ )
November 14, 2012 at 3:12 pm
( အဘ ကိုင်စွဲတဲ့ ဆောင်ပုဒ်ကတော့ ၊
” Honesty is the best policy ” ပါ ။ ) ကြိုက်တယ်ဗျာ အဘဖောရေ။
ရိုးသားစွာ နေခြင်းသည် သေခြင်းမရှိတဲ့လေ။
လူ့အသက်ဇီဝိန်ချုပ်သွားတာတောင် ရိုးသားမှု့ဂုဏ်ကတော့ တသသကျန်ခဲ့လို့လေ။
ရွာသူ jujuma .
November 14, 2012 at 2:03 pm
ကံ ကို ပုံချ … ဉာဏ်ကို ဘေးဖယ်
ဝီရိယကို အားမစိုက် … သင်ဟာ လူမိုက် …
ဦးဦးပါလေရာ
November 14, 2012 at 3:46 pm
ဇတ်နာအောင် ဇွတ်စိတ်ကူးယဉ်ရေးထားတဲ့ သရုပ်မှား ဝတ္ထုတွေမှာဆို-
ခပ်ချောချောကောင်မလေးတယောက် ကျောင်းဆရာလူရိုးလေးနဲ့ကြိုက်…
သူ့မိဘတွေက အတင်းခွဲပြီး (ဒီပိုစ့်ရေးတဲ့အဘဖေါလို) သင်္ဘောကက်ပတိန်နဲ့ပေးစားဖို့ဇွတ်လုပ်….
ကောင်မလေးကငြင်း၊ မိဘတွေက နှလုံးရောဂါဖြစ်၊ မျက်ရည်လည်ရွဲနဲ့ မိဘတွေစီမံတာခံလိုက်…
ကုလားကားသာဆို ဒီနေရာမှာ သီချင်းထဆိုတာပေါ့…..
ဘာမှဟုတ်ပါဘူး…..
အဲဒီဇတ်လမ်းမျိုးတွေထဲက ထာဝရဗီလိန်မျိုးဖြစ်တဲ့
ကိုဖေါရင်းရဲ့ ဒီပိုစ့်ကို ငြင်းဆိုချေဖျက်ကြပါဗျို့…….
:harr:
Ko Khin Kha ( သရီးကေ )
November 14, 2012 at 4:32 pm
တကယ်အဖြစ်ပျက်ပဲလား ဘယ်တော့မှဆုံးမလဲ၊
မင်းသမီးများကွဲအုံးမှာလား အလှည့်ကျနွဲ့လို့မရဘူးကွာ
လူကြမ်းတွေလဲရင်ကြိုက်လား
အလွမ်းခန်းတွေရောက်ရင် လူသားတွေမျက်ရည်ဝဲမယ်။
ဦးဦးပါရဲ့ ကွန့်မန်ဇာတ်ညွန်းဖတ်ရင်း ညီတွားလိုက်တဲ့ သီချင်းစာပိုဒ်လေးပါ။
မိုချို
November 14, 2012 at 4:32 pm
”ဆင်းရဲမွဲတေမှု ကို တိုက်ဖျက်ကြမယ် ဆိုရင်ဖြင့် ကိုယ်ကိုယ်တိုင် အဆိုပါစာရင်းကနေ
နှုတ်ထွက်နိုင်အောင် ကြိုးစားကြခြင်းကပဲ လက်တွေ့အကျဆုံးနဲ့ အဖြစ်နိုင်ဆုံးကိစ္စလို့
မြင်မိပါကြောင်းး”
ဂီဂီ ရေ
အဲဒီ စကား က ငါတို့ အမြဲ ပြောဖြစ်ကြတဲ့ စကား ပဲ။ ကိုယ့် နိုင်ငံ ထဲ မှာ ဘယ် နေရာ က ဘယ်သူတွေ ဘယ်သူ တွေ ဘယ်လို ဒုက္ခ ရောက် နေတယ် လို့ ကြား ရင် ကိုယ် က ဘာ မှ မတတ် နိုင် တဲ့ အတွက် စိတ် ဆင်း ရဲ မိတယ်။ ဒီတော့ ကိုယ့် မိသားစု ရယ် ၂ ဘက် မိသားစု အသိုင်းဝိုင်း ရယ်ကို ဆင်း ရဲ တွင်း ထဲ က လွတ်အောင် ရုန်းပေး နိုင် တာ ပဲ တော် လှ ပြီ လို့ ကိုယ့် ကိုယ် ကို ဖြေ နေ မိတယ်။
weiwei
November 14, 2012 at 4:38 pm
ဆင်းရဲတယ် ချမ်းသာတယ်ဆိုတာကို ဘာပေတံနဲ့များ တိုင်းတာလဲလို့ သိချင်မိတယ် …
မနေ့ကတင်ပဲ စင်ကာပူမှာအပြီးနေပြီး အလုပ်လုပ်နေတဲ့ သူငယ်ချင်းတစ်ယောက်လာလည်တာနဲ့ သူ့အလုပ်အကိုင်နဲ့ ဝင်ငွေအကြောင်းသိရတယ် … စလုံးဒေါ်လာ ၅ ထောင်နီးပါးရပြီး အလုပ်ကလဲ ပင်ပင်းပန်းပန်း ကလေးကျောင်းစရိတ် မိဘခေါ်ထားတဲ့စရိတ်နဲ့ သူ့ဘဝ ပင်ပန်းဆင်းရဲမှုတွေ ကို နားထောင်လိုက်ရတယ် ..
ကျွန်မကတော့ တစ်လကို မြန်မာငွေ နှစ်သိန်းလောက်ပဲ ဝင်ငွေရှိတယ်ဆိုတော့ သူနဲ့ယှဉ်ရင် သိပ်ဆင်းရဲနေသလိုဖြစ်နေတာပေါ့နော် … ဒါပေမယ့် တကယ်တမ်းမှာ ကျွန်မက သူ့ထက် ချမ်းသာပါတယ် (အချိန်၊ စိတ်၊ ကျန်းမာရေး၊ လူမှုရေး၊ ဝါသနာ၊ မိသားစု) …
NAJA
November 14, 2012 at 10:19 pm
အစ်မ ဝေဝေ ခင်ဗျာ
ကျွန်တော်လဲ ဒီရက်ပိုင်း ဆင်းရဲခြင်း ချမ်းသာခြင်းအကြောင်း
တွေးနေမိလု့ိ နဲနဲဝင်ပြောချင်ပါတယ်..
ကျွန်တော်မြင်တာတော့ အတွေးအခေါ်ပိုင်းအရ သုံးနှုံးတဲ့ “ချမ်းသာခြင်း” နဲ့
ရုပ်ဝထ္ထုပိုင်း အရ “ချမ်းသာခြင်း” ဆိုတဲ့ နှစ်မျိုးမှာ “ချမ်းသာခြင်း” ဆိုတဲ့ စကားလုံးခြင်းတူပေမဲ့
အဓိပ္ပာယ်အရ ကွာခြားမှုအထူးပဲ ရှိတယ်လို့ မြင်မိပါတယ်..
ချမ်းသာခြင်းကို ဘယ်ပေတံ နဲ့တိုင်းမလဲ ဆိုတဲ့နေရာမှာ
အတွေးအခေါ်ပိုင်းအရဆိုရင်တော့ “ရောင့်ရဲနိုင်စွမ်း”
နဲ့တိုင်းလိမ့်မယ်လို့ထင်ပါတယ်… ရောင့်ရဲနိုင်တဲ့လူဟာ
လိုအပ်တာထပ်မရှိလို့ သူ့စိတ်ဟာ ပစ္စည်းဥစ္စာအမြောက်အများ
ပိုင်ထားတဲ့လူထက် ပိုချမ်းသာပါလိ့်မ်မယ်…
အဲဒါကိုပဲ လူအချို ့အဝတ်ကတော့ “ချမ်းသာခြင်းအစစ်အမှန်” လို့
ယူဆကောင်းယူဆမယ်ထင်ပါတယ်..
ကျွန်တော်ကိုယ်တိုင်လဲ
တစ်ခါတစ်လေ နွားခြေရာခွက်ထဲက ဖားတစ်ကောင်လိုပဲဖြစ်လိုက်ချင်ပါတယ်
အိုင်ဖုန်းတွေ အင်တာနက်တွေ
အင်္ဂါဂြိုဟ်သွားတဲ့ ယာဉ်တွေ.. ကမ္ဘာ့အံဖွယ်တွေ..မသိချင်တော့သလို
တောင်တန်းကြီးတွေ ကြားက ရွာလေးမှာ
ဒီတောင်တန်းကြီးတွေ ဟိုဘက် ဘာရှိမှန်းလဲမသိ သိလဲမသိချင်ခဲ့ပဲ
လယ်တစ်ကွက်နဲ့ ဘဝကိုအေးအေးဆေးဆေးဖြတ်သွားတဲ့
ကျွန်တော့်အဖိုးလိုပဲ ဖြစ်ချင်စိတ်ပေါက်မိပါတယ်…
ိတစ်ခါတစ်လေ စိတ်ကူးပေါက်တာကို ပြောတာပါခင်ဗျ…
ဒါပေမဲ့
ဒီနေရာမှာ ပြောတဲ့ “ချမ်းသာခြင်း” ကျတော့ တစ်တိုင်းပြည်လုံးရဲ့
ချမ်းသာတဲ့ အတိုင်းအတာကို တိုင်းမှာ ဖြစ်တဲ့အတွက်
စိတ်ပိုင်းဆိုင်ရာ အရ တင်းတိမ်ရောင့်ရဲ နိုင်လို့ စိတ်၏ ချမ်းသာခြင်း
ဆိုတာနဲ့ ရပ်ထားလို့ မဖြစ်နိုင်တော့ဘူးထင်ပါတယ်..
လူတစ်ဦးချင်း လောဘရှိ
မှန်မှန်ကန်ကန်ကြိုးစားမှ
တစ်ဦးချဉ်း တစ်အိမ်ထောင်ခြင်း ချမ်းသာပါမယ်
တစ်အိမ်ထောင်ခြင်းချမ်းသာမှ တစ်ပြည်နယ်
တစ်တိုင်းပြည်လုံး ချမ်းသာပါမယ်..
တစ်တိုင်းပြည်လုံး ချမ်းသာမှ
တစ်တိုင်းပြည်လုံး ကို ငြိမ်းချမ်းမှုပေးနိုင်တဲ့
အရာတွေ ကို ဖော်ဆောင်ပေးနိုင်မဲ့
ပညာရေးတွေ လူမှုရေး တွေ ဖန်တီးနိုင်ပါလိ့မ်မယ်..
(ကျွန့်တော့်အမြင်ဝင်ပြောရင်း ပို့စ်အတွက်ပါ တစ်ခါထဲ comment ပေးမိပါတယ်)
အထက်မှာ ပြောခဲ့ကြသလိုပဲ
ဆင်းရဲတာ ကို အပြစ် မြင်တယ် မမြင်ဘူးဆိုတဲ့ နေရာမှာ
ဒီဆင်းရဲ တွင်းကလွတ်လောက်တဲ့ အတွေး အခေါ် ပညာအရည်အချင်းတွေ
ရနိုင်မယ့် စနစ်ကို မဖော်ဆောင်ပေးနိုင်တဲ့ အုပ်ချုပ်သူ လူတန်းစားတွေကိုသာ
လက်ညှိုးထိုးရင်း ဆက်မှားပြီးရင်း မှားကြရင်း
မုန့်လုံးစက္ကူကပ်နေတယ်လို့ မြင်မိပါတယ်..
အဲဒီအတွက် ပြုပြင်ရေးဘက်က တွေးပြီး အလွယ်ဆုံးလုပ်နိုင်တာကတော့
ကျွန်တော်တို့တွေရဲ့
လွှဲချတတ်တဲ့ စိတ်တွေ…
ဆင်ခြေပေးတတ်တဲ့ စိတ်တွေ..
တာဝန်မယူရဲ တဲ့ စိတ်တွေ.. ကို အရင်ဆုံး ပြင်ဖု့ိလိုမယ်ထင်ပါတယ်..
“ဆင်ခြေတွေ ဆိုတာ တစ်ကယ်တမ်းတော့ ကျွန်တော်တို့တွေ
အခြေအနေဆိုးတစ်ခု ကနေ လွတ်မြောက်ဖို့ ရှိနေသင့်တဲ့ အရာတွေ မဟုတ်ပါဘူး..”
“ဆင်ခြေတွေ ဟာ အလုပ်တစ်ခုကို စတင်ဖို့ ငါးဆယ်ရာနှုံးသော
အင်အားတွေကို ဖြုံးတီးပြစ်နိုင်ပါတယ်”
ပညာရေး စနစ်ကို လက်ညှိုးထိုးနေမယ်..
အုပ်ချုပ်ရေး စနစ်ကို လက်ညှိုးထိုးနေမယ်ဆိုရင်တော့
အဲဒိစနစ်တွေ ကောင်းလာမယ့်အချိန်ကိုသာ စောင့်နေလိုက်ပါတော့..
(ဆင်းရဲနေရင်း အချိန်တွေနဲ့ပေါ့)
“တာဝန်မယူရဲကြဘူး”
ဆိုတာမှာလဲ ဆင်ခြေတွေ
ပေးကြတာ ကိုယ်ညံ့တာ ကိုယ်မသိတာ ကိုယ်မတတ်တာကို
တာဝန်မယူရဲ ကြတဲ့ အတွက်ပါ..
ဒီတော့
ငါအခု ထမင်းမဝတာ ငါညံ့လို့
ငါအခု လူတန်းမစေ့ ငါတာကြိုးစားမှုလိုသေးလို့
စသဖြင့် ကိုယ့်လိုအပ်ချက်၊ ကိုယ့်အမှားကို ပြင်ဖို့ တာဝန်မယူရဲကြဘူးလို့ မြင်မိပါတယ်
အဲဒါကြောင့်လဲ ဆင်ခြေတွေ ဖြစ်လာတာပါ..
အခုကျွန်တော်ပြောတဲ့ “ဆင်ခြေ” နဲ့ “တာဝန်ယူမှု” အကြောင်းဟာ
လူတွေ ဆင်းရဲရတာနဲ့ တစ်နည်းတစ်ဖုံပတ်သက်နေတယ်လို့ယူဆလို့
မြင်မိသမျှကို ပြောပြရခြင်းဖြစ်ပါတယ်..
ကျွန်တော်ကိုယ်တိုင်လဲ ကျွန်တော့်ပတ်ဝန်းကျင်မှာ
ဒီအချက်တွေကို သူများတွေ ကို တိုက်ရိုက်သွားပြောင်းလဲခိုင်းမယ့်အစား
ကိုယ်တိုင် စကျင့်သုံးပြရင်..
ကိုယ်နဲ့ ထိစပ်နေတဲ့ လူတွေ ဟာလဲ တဖြည်းဖြည်း..
အပြစ်တင်သံတွေ လျော့လာတာ
ညည်းညူသံတွေ လျော့လာတာ
ကိုယ့်အမှားအတွက် သူများကို လက်ညိုှးထိုးမိရင် ရှက်တတ်လာတာတွေ
ဟာ လက်တွေ့ အနည်းငယ်သော အောင်မြင်မှုလေးတွေလို့ မြင်ပါတယ်..
..
အချုပ်အားဖြင့်
ဆင်ခြေမပေး၊ တာဝန်ယူရဲ တယ်ဆိုတဲ့ အချက်ကလေး နှစ်ချက်နဲ့တင်
အလုပ်တွေလုပ်ဖို့ အင်အားတွေ အဆင်သင့်ရှိနေမှာဖြစ်သလို
ပိုပြီး ကြိုးစားတဲ့ ပိုပြီးတော်တတ်တဲ့ အဆင့်မြင့်တဲ့
လူအသိုင်းအဝိုင်းကြီးကိုထူထောင်မယ့်နေရာမှာ
အဓိက အချက်တွေလို့ ထင်မြင်မိသမျှ ဝင်ပွားလိုက်ရပါတယ်..
အမဝေဝေခင်ဗျာ
အမကို စိတ်ထဲ ခံစားမိတာချင်းတူတာဝင်ပြောရင်း
ပို့စ်အတွက် ပါ ရေးရင်း မဆိုင်တာတွေနဲ့ ရောထွေးကုန်ရင်
တောင်းပန်ပါတယ်ခင်ဗျာ…
အိမ်လွမ်းသူ
November 15, 2012 at 8:30 am
မဝေရေ ကျွန်တော်ကို စောင်းပြောနေသလားမှတ်ရတယ်။ သေချာတာပေါ့ဗျာ ချမ်းသာမှူ့ မချမ်းသာမှူ့ ဆိုတာ လူတယောက်ရဲ့ စိတ်ခံစားမှူ့ နဲ့ တန်ဖိုးထားမှူ့ အပေါမှာပဲမူတည်ပါတယ်။ ကျွန်တော်ကတော့ ပိုက်စံတွေ အများကြီးရနေပေမယ့် ဒီဘဝကို လုံးဝမပျော်မွေပါဘူး။ မဝေပြောတဲ့ (အချိန်၊ စိတ်၊ ကျန်းမာရေး၊ လူမှုရေး၊ ဝါသနာ၊ မိသားစု) တွေအကုန် ဆုံးရှုံးနေရလို့ပါ။ ဒါ့ပေမယ့် ဒီဘဝကို ပဲ့ ပျော်မွေနေတဲ့ သူလဲရှိပါတယ် ဒါကတော့ အပေါ်မှာပြောသလိုပဲ အဲဒိလူရဲ့ စိတ်ခံစားမှူ့ နဲ့ တန်ဖိုးထားမှူ့ အပေါမှာပဲမူတည်ပါတယ်။ အဲဒီတော့ ထပ်ပြောရရင် ချမ်းသာမှူ့ မချမ်းသာမှူ့ ဆိုတာ လူတယောက်ရဲ့ လက်ရှိရှိနေတဲ့ ဘဝပေါ်မှာ ခံစားရတဲ့ စိတ်ခံစားမှူ့ နဲ့ တန်ဖိုးထားမှူ့ အပေါမှာပဲမူတည်ပါတယ်။
မောင်သုည
November 14, 2012 at 4:50 pm
အဘဖောရဲ့ ဒီပိုစ့်လေးကိုတော့ အပြည့်အဝထောက်ခံပြီးလက်မလေးလဲထောင်သွားခဲ့ပါတယ်…။
အဘရဲ့ ဒီပို့စ့်လေးက ကျနော့်ရဲ့ ပတ်ဝန်းကျင်မှာရှိနေ့တဲ့ လူတွေကိုတိုက်ရိုက်မှန်ကန်စေပါတယ်…။
ကျနော့်ဘဝရဲ့ အစိတ်အပိုင်းတွေနဲ့တိုက်ရိုက်အချိုးကျစွာမှန်ကန်နေပါတယ်…။
Robert T-Kyosaki ရေးခဲ့တဲ့ RICH DAD & POOR DAD ထဲကလို ကြွက်ပြေးလမ်းထဲက ရုန်းမထွတ်နိုင်သေးတာပါ…။
E – S ,B – I E (Employers ) to S (Small Business) /B (Business Owner) to I (Investor) …
ဆိုတော့ Employers (ဝန်ထမ်း အလုပ်သမား) ဘဝ မှ Small Business (အသေးစားလုပ်ငန်းရှင်) အဖြစ်သို့
ထိုမှ Business Owner (လုပ်ငန်းရှင်ကြီး) မှ Investor (ရင်းနှီးမြုံ့ပ်နှံသူ) အဖြစ်သို့ ….
အဲဒီ နေရာမှာ E ကနေ S ကို ရောက်ဖို့ S ကနေ B ကိုရောက်ဖို့ အဓိကထား ကြိုးစားကြည့်သင့်ပါတယ်လို့ ထပ်လောင်းအသိပေးလိုပါတယ်…
***အာမခံရှိတဲ့ အလုပ်တစ်ခုမှာ အလုပ်သမားကောင်းဖြစ်နေဖို့နဲ့၊ခြိုးခြံချွေတာဖို့၊ကိုယ်မျှော်မှန်းထားတာထက် နိမ့်ချစွာနေတတ်ဖို့၊ အငြိမ်းစားယူချိန်အတွက် အခုထဲကပင် ကြိုတင်စုဆောင်းထားတတ်ဖို့တို့ပါပဲ…***
uncle gyi
November 14, 2012 at 4:56 pm
ကိုရင်ဖော
လူတိုင်းလူတိုင်းကြိုးစားတာတူပေမဲ့
အကျိုးပေးကွာသေး
ဒါကိုလက်မခံလို့မရ
အကျုးိပေးကွာတယ်ဆိုပြိီး
ထိုင်နေလို့တော့ဘာမှဖြစ်မလာဖူး
ကျိုးစားမှုရဲ့ရလဒ်
ထိပ်မရောက်ရင်တောင်
အောက်မကျနိုင်လောကဓံ
ကိုခံနိုင်ရည်ရှိမယ်
ငါကွဲ့လူသား
linnlinnn
November 14, 2012 at 4:59 pm
ဘဖောရေ..အဘရဲ့ စဉ်းစားကြစေလိုပါတယ်ကို အပိုင်း(1) ကနေ ယခုအထိ အပိုင်းစုံစေ့အောင်တော့ မဖတ်ဖြစ်ပါဘူး။ ဒါပေမဲ့ အဘရဲ့ စဉ်းစားကြစေလိုပါတယ် တက်လာတိုင်း ဖတ်ဖြစ်နေတဲ့ ပရိတ်သတ်တစ်ဦးပါ။ ဒီပို့စ်ကိုတော့ ကြိုက်နှစ်သက်စွာနဲ့ ကူးယူမှတ်သားထားပါတယ်ရှင်။
တရုတ်လိုရှာ၊ ကုလားလိုစု။ ဗမာလိုမဖြုန်းနဲ့ဆိုတဲ့ ဆိုရိုးစကားလည်း ရှိသေးပါရောလား။ အမှန်တကယ်ပဲ ကျမတို့ မြန်မာအများစုဟာ..နဲနဲရှာပြီး များများသုံးချင်ကြသူတွေပါ။ ကျမတို့ကလည်း ပြာပုံကနေထခဲ့ရတဲ့ ဘဝပါ။ ဒါပေမဲ့ ရေကုန်ရေခန်းကြိုးစားချင်စိတ်မရှိခဲ့တဲ့အတွက် ထိုက်သင့်သလောက်တော့ မပြည့်စုံသေးပါဘူးလို့တော့ ဝန်ခံပါရစေ..ကျမတော့ အဲလိုပဲတွေးမိပါတယ်။ လိုအပ်လာတိုင်း အော်..ငါကြိုးစားတာ လိုနေသေးလို့.. သေလောက်အောင်မှ မကြိုးစားခဲ့ရသေးတာလို့ တွေးပါတယ်။ သေလောက်အောင်မှ ပိုက်ဆံကိုမလိုချင်ခဲ့သေးတာလို့ တွေးပါတယ်။
ကျမပတ်ဝန်းကျင်မှာ မြင်ရတာလေးတစ်ခုကို မျှဝေပါရစေရှင်။ အဲဒီအဖြစ်အပျက်ကလေးက ကျမရင်ကို နာကျင်စေလို့ပါ။တစ်ညနေ ကျမအိမ်ပြန်ရောက်တဲ့အချိန်မှာ ခြေရင်းခြံက လင်မယားရန်ဖြစ်သံကြားရပါတယ်။ ယောကျာ်းဖြစ်သူက အော်ပြောတဲ့ အသံပါ။ နင်ပေးလိုက်တဲ့ 450 နဲ့ငါက တနေကုန် ဘယ်လိုစားပြီး..ပြန်ပိုလာမှာလည်းတဲ့.. နင်တို့ သားအမိစားတာ ပဲပြုတ်ကဘယ်လောက်..ဘယ်ဟာက ဘယ်လောက်..အဲဒါကို ငါစားတဲ့ 450 ကိုလာပြောနေရသလားတဲ့. မိန်းမလုပ်သူက ပြန်ပြောတယ်..ငါလည်း ငါ့လုပ်စာငါစားနေတာတဲ့..အဲဒိမှာ ယောကျာ်းလုပ်သူ ပေါက်ကွဲပြီးမိန်းမကို တအုန်းအုန်းနဲ့ ထုတော့တာပါပဲရှင်။ သူတို့ရဲ့လသားကလေးကလည်း လန့်ပြီးငိုတာ..ကျွတ်ကျွတ်ကိုညံနေတာပါပဲ..ကျမလေ ရင်ထဲနာလိုက်တာ။ သူတို့ရန်ဖြစ်ကြတာ..ပိုက်ဆံ 450 ကျပ်လေးအတွက်ရယ်ပါ။
ဇမ္ဗူ့လောကပါလကြောင်ဝတုတ်
November 14, 2012 at 5:25 pm
ကဲ… ဒီနေရာမှာ မီသလောက်ဉာဏ်လေးနဲ့ နဲနဲဝင်ပြောချင်ပါတယ်…
ဆြာဖောရဲ့ကော်မန့်တွေကိုကြည့်ပြီး နှစ်ပိုင်းခွဲချင်ပါတယ်…
တစ်ခုကတော့ အခုတလောခေတ်စားနေတဲ့ ဆင်းရဲမွဲတေမှုပပျောက်ရေး…
နောက်တစ်ပိုင်းကတော့ ရေကြည်ရာမြက်နုရာရွာဖွေခြင်းပေါ့ဗျာ…
အရင်ဆုံး ဆင်းရဲမွဲတေမှုကိစ္စကိုပြောပါ့မယ်…
မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေအရ နယ်တွေမှာ မြို့ကြီးတွေထက် အလုပ်အကိုင်အခွင့်အလန်းမှာ သိသိသာသာကွာဟပါတယ်… ပိုမိုသိသာအောင်ပြောရရင် မန္တလေးနဲ့ ရန်ကုန်နဲ့ရဲ့ စီးပွားရေး တည်ဆောက်မှုပုံစံကိုပဲ သိသိသာသာကွဲပြားပါတယ်…
မြန်မာနိုင်ငံက ရွာကြီးတစ်ရွာမှာ အမြင့်ဆုံးကုန်စုံဆိုင်ဖွင့်… ယမကာဆိုင်ဖွင့်ပြီးစီးပွားရှာတတ်တဲ့ သူကလွဲရင် တော်တော်များများက လယ်စိုက်၊ သူရင်းငှားလုပ်နဲ့ ဒီလိုပဲ ကာယကိုရင်းပြီးရှာဖွေစားသောက် ရတဲ့ဘဝတွေပါ… သူတို့ဘဝမှာ မပြည့်စုံလို့ တစ်ယောက်လုပ်လုပ် နှစ်ယောက်လုပ်လုပ် တစ်မိသားစုလုံး လုပ်လုပ် ဒီဘဝမှာ ဒီအတိုင်းပဲ နဲနဲချောင်လည်တာပဲရှိတယ်… စုစုဆောင်းဆောင်းဖြစ်နိုင်ပေမယ့်… သူတို့အတွက် ချမ်းသာတဲ့သူဌေးတစ်ယောက်လို အိမ်စေတွေနဲ့နေနိုင်တဲ့အဆင့်တော့ဘယ်ဖြစ်နိုင်မလဲ…
သူတို့ဘဝအတွက် ကိုယ်ပိုင်လယ်လေးနဲ့ ကိုယ်ပိုင်မီးစက်လေးလောက်ရတယ်ဆိုရင်ပဲအတော်လေး ဟုတ်နေပြီလို့ ပြောရမပေါ့…
ထပ်ပြောရရင် အလုပ်သိမ်းကျုံးလုပ်တိုင်းဝိရိယရှိတိုင်း ချမ်းသာတယ်လို့တော့လက်မခံပါဘူး…
အလုပ်ဘယ်လောက်ပြီးသလဲ… ဘယ်လောက်အထိတွေးခေါ်နိုင်စွမ်းရှိသလဲ… ဘယ်လောက်အထိ လာဘ်မြင်တတ်လဲဆိုတဲ့အပေါ်မှာမူတည်ပြီးတော့ လူတွေဟာချမ်းသာတဲ့လူဖြစ်လာကြတာပါ…
ဥပမာလေးပြောရအောင်ဗျာ… ဆိုက်ကားတစ်နေ့ (၈)နာရီနင်းတဲ့လူနဲ့ (၁၆)နာရီနင်းတဲ့လူ ဝင်ငွေကွာခြားပေမယ့် (၁၆)နာရီနင်းလို့သူဌေးဖြစ်တဲ့ဆိုက်ကားသမားရယ်လို့တော့မရှိဘူးလေ…
အဲဒီလိုပဲ… အလုပ်အကိုင်အခွင့်အလမ်းကို မမြင်တတ်သ၍ဘယ်လောက်အလုပ်လုပ်လုပ် ချမ်းသာမယ့်လမ်းပေါ်ကိုမရောက်ပါဘူး…
အဲဒီတော့ ပျင်းတိုင်းဆင်းရဲတာမဟုတ်ဘူးလို့ချေပပါရစေ…
လူတန်းစေ့နေနိုင်ခြင်းရဲ့အဓိကအချက်ကတော့ လူတန်းစေ့ပညာတတ်မြောက်ခြင်းလို့ဆိုလိုချင်ပါတယ်…
ဆင်းရဲတော့စာမသင်နိုင် စာမသင်နိုင်တော့လုံလောက်တဲ့အသိပညာမရှိ အဲဒီတော့အောက်ခြေအလုပ်က မတက်နိုင်တဲ့ဘဝမျိုးတွေအများကြီးပါ… ပျင်းလို့ဆင်းရဲတာထက် ချမ်းသာဖို့လမ်းစရှာမရတဲ့ဘဝတွေ အများကြီးလို့ပဲပြောချင်ပါတယ်…
လူတိုင်းဟာ happy & better life ကိုမျှော်လင့်ကြတဲ့သူတွေချည်းပါပဲ…
ရေကြည်ရာမျက်နုရာရှာကြတဲ့အနေအထားမှာ ဆြာဖောတို့လိုမိဘရေခံမြေခံလေးကောင်းခဲ့တော့
နိုင်ငံခြားအထိသွားရောက်အခြေချနေနိုင်တာ မိဘရဲ့ကျေးဇူးကိုထောက်ရှု့ရပေမပေါ့…
ဒါပေမယ့် ရေခံမြေခံညံ့ညံ့လေးမှာ Better Life ကိုတည်ဆောက်ကြတဲ့လူတွေက ပိုပြီးကြိုးစားရပါတယ်…
နိုင်ငံခြားထွက်ကြမယ့်လူတွေကို ကျွန်တော်ပြောလေ့ပြောထရှိတဲ့စကားတစ်ခွန်းရှိပါတယ်…
ဖြစ်နိုင်ရင်ပြန်မလာကြနဲ့လို့…
ဘဝကို အသစ်ကနေခဏခဏပြန်မစစေချင်လို့ပါ…
နောက်တစ်ခုက…
တိုင်းပြည်ထဲက လူစွမ်းလူစရှိသူများ ရေကြည်ရာမျက်နုရာရှာရင်း တခြားနိုင်ငံတွေရောက်သွားပြီး
တိုင်းပြည်ထဲမှာ ကျန်ခဲ့တဲ့လူတွေကိုအပြစ်မပြောစေလိုပါဘူး…
မိမိတိုင်းပြည်ကောင်းစားစေချင်ရင် မိမိကိုယ်တိုင်တိုင်းပြည်သားတစ်ယောက်အနေနဲ့ တတ်နိုင်ရာလက်တစ်ကမ်းကိုဝင်ပြီးထမ်းစေချင်ပါတယ်…
တိုင်းပြည်စုတ်ပြတ်နေတုန်းက ဖုတ်ဖက်ခါထွက်သွားပြီး တိုင်းပြည်ကောင်းစားတော့မှ နိုင်ငံတကာက ယူလာတဲ့ဘွဲ့တွေ၊ လက်မှတ်တွေတစ်ပုံကြီးပြပြီး တိုင်းပြည်ထဲမှာတစ်သက်လုံးရုန်းနေတဲ့လူတွေအပေါ်
ရေပေါ်ဆီခပ်စားတဲ့ပုံစံမျိုးကိုတော့ မဖြစ်စေချင်တာပါ…
ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့သလို… တိုင်းပြည်ကောင်းဖို့ဝင်ရုန်းမယ်ဆိုလာခဲ့ပါ…လို့ပဲဆိုချင်ပါတယ်…
ဆြာဖောရေ…
ကျွန်တော့ခံစားချက်ကို ခံစားချက်လို့ပဲသဘောထားပေးပါနော်…
ဦးဦးပါလေရာပြောတဲ့ ဗီလိန်လိုမျိုးစာကို ဗီလိန်တုံ့ပြန်သလိုရေးတဲ့အတွက် စာကိုစာလို့ပဲဖတ်စေချင်ပါတယ်…
ပုဂိ္ဂုဟ်ရေးထိခိုက်မှုမျိုးဖြစ်သွားမှာစိုးလို့ ကြိုတင်တောင်းပန်ထားတာပါ…
ဆြာဖောက ဗီလိန်ကို ဖြစ်ချင်နေမှန်းသိပါတယ်…
အော်… နောက်တစ်ခုက ကြောင်ဝတုတ်ဆိုတဲ့သူတစ်ယောက်က အဲဒီလိုမျိုးမတူသောအမြင်လေးရှိခဲ့တယ်ဆိုတာကို မှတ်တမ်းကျန်စေချင်လို့ပါနော်…
ခင်မင်လျက်-
ကြောင်ဝတုတ်
garuda
November 14, 2012 at 7:40 pm
ဟဲဟဲ..ကိုကြောင်ဝကြီးဝင်မန့်တာတွေ့တော့..အံ့အားသင့်သွားတယ်။ သူအဲဒီလိုမန့်တာ ကျွန်တော်လက်လှမ်းမှီသလောက် မတွေ့ဖူးသလိုပဲ။ အဘကိုတော့ သိပ်ပြီးဝင်မမန့်တော့ပါဘူး။အဘကလည်းရွာထဲမှာ လူကြီးလူကောင်း တစ်ယောက်မှုတ်လား။ အဘပြောချက်အရဆိုရင်တော့ ရွာပြင်မှာလည်း မြေမနင်းသားလေး ဖြစ်ခဲ့ပုံရပါတယ်။ မာဇဒါဂျစ်စီးနိုင်တယ်ဆိုတော့။ တစ်ခုတော့ပြောချင်တယ် လောကမှာ အဖိနှိပ်ခံနှစ်မျိုးရှိတယ်။
ကိုယ့်လူမျိုးက(မြန်မာလူမျိုး) ကိုယ့်ကိုပြန်ဖိနှိပ်ခြင်းခံရတဲ့အဖြစ်ဟာ ဘယ်ဖိနှိပ်ခံရတာနဲ့မှ မတူဘူး။ ပြန်ထဖို့ရ မလွယ် စိတ်ဓာတ်ရိုက်ချိုးခြင်းခံလိုက်ရတာပါ။ ရှင်းရှင်း ဥပမာပေးရရင် သင်းကွပ်ခံလိုက်ရတဲ့ ယောကျာင်္းလိုပါဘဲ။ မျှော်လင့်ချက်ကင်းသွားတာပေါ့ဗျာ။ အဲ သူများနိုင်ငံမှာ သွားနေရင်းအဖိနှိပ်ခံရတာကတော့ လူအများစုကို အားဖြစ်စေပါတယ်။ သူက မခံချင်စိတ်ကိုမြှင့်ပေးလိုက်တာကိုး။ ရှင်းရှင်း ဥပမာ ကတော့ circumcise လုပ်ထားတဲ့ လူလိုပေါ့ဗျာ အစမှာအထိတော့ နာမယ်ပေါ့ နောက်ပိုင်း ကျန်းမာရေး ပိုကောင်းလာတာပေါ့။ ကန်တော့ပါရဲ့ဗျာ အမေနှမချင်းစာနာ၍ ပြောလိုတာက တော့ ဆေးပညာရှုထောင့်/ ဇီဝရှု့ထောင့်ကပဲ ကြည့်ပြီးဖတ်ပေးကြပါ ခင်ဗျာ။ နောက်ဆုံးတစ်ခုပဲ ပြောပါရစေ။ တရုပ်၊ကုလား ဆိုတာ ကျွန်တော်တို့ မြန်မာတွေထက် လူအား/စီးပွားအား ဘယ်လိုမှ ယှဉ်၍မရပါ။ ဘာသာ/ယဉ်ကျေးမှု အားဖြင့်လည်း ကျွန်တော်တို့က အများကြီး အတုယူရတာပါ။ ဥပမာ- သင်္ကြန်၊ ရာမ/လက္ခဏာ ဇာတ်ဆိုတာတွေဟာ ကုလားပြည်ကဆင်းသက်လာတာပါ။ ဘယ်လိုပဲဖြစ်ဖြစ်လေ အဘ ယှဉ်ပြချက်က နဲနဲ mildly racist ဖြစ်နေသလိုပါပဲ။ အဘ သတိမထားမိလိုက်လို့ ဖြစ်မယ် ထင်ပါတယ်။ အဘကလည်း ကိုယ့်ခံစားချက်နဲ့ကိုယ်ပြောတာ လို့သာထင်ပါတယ်။ တစ်ခြားတော့ ဆက်မရေးတော့ပါဘူး။နို့မို့ရင် ဒီညအိပ်ဖြစ်တော့မှာ မဟုတ်ဘူး။ 🙂
AKKO
November 14, 2012 at 7:43 pm
ဪ…. လူတွေများ…….ဖြစ်ချင်တာ ဖြစ်နေတဲ ့လူနဲ ့ ဖြစ်ချင်တာ မဖြစ်ရတဲ ့လူနဲ ့။ အကြောင်းတရားတွေကြောင့် အကျိုးတရား တွေဖြစ်လာရတာပဲနော်။
:harr:
လမ်းဆုံကချစ်စု
November 14, 2012 at 8:32 pm
မင်္ဂလာအပေါင်းနဲ့ခညောင်းကြပါစေတော်…..
ကျုပ်မှာ ကိုယ့်တဝမ်းတခါးကိုယ်မနဲယက်ကန်ရှာဖွေနေရလို့
ရွာထဲဖြတ်ဖြတ်သွားပေမယ့် အသံမပေးဖြစ်ခဲ့ပါဘူး….
အခုတော့ ဟိုခေါင်းဖြူကွက်ကြားကြီး လှမ်းလက်တို့လို့ တခွန်းစနှစ်ခွန်းစ ဝင်ပြောပါရစေတော်…..
အဘဆရာကပ်ပီတန်ကြီးရေးထားတာတွေကို သဘောကျပါသတော်….
သူ့ဝမ်းထဲက စေတနာတွေလဲ ရိပ်မိပါတယ်
ဒါပေသိ ကျုပ်ကို (ရတဲ့နေရာက ကပ်ငြင်း) လို့ ချွန်တွန်းလိုက်လို့ …….
pooch
November 14, 2012 at 10:53 pm
သူ့အတွေး ကိုယ့်အတွေး ရှုထောင့်စုံက ချပြလိုက်တာ စုံစိနေတာပဲ ။ ပြည့်စုံနေပါပြီ။
စာတွေ အားလုံး ဖတ်ပြီး လူက မူးသွားလို့
အဘရေ ဘာမှတော့ မပြောတော့ပါဘူး ။
သိချင်တာလေးပဲ မေးပါတော့မယ် အမှားပါရင် အမိုက်မဲလေးမို့ ဗွေမယူပါနဲ့နော်။
“၅ ။ ရေကြည်ရာ မြက်နုရာ ပြောင်းလို့ ၊ ကိုယ့်လက်ထက်မှာ မချမ်းသာ/မအောင်မြင် ခဲ့ရင်တောင်မှ ၊
ကိုယ့်ရဲ့ သားသမီး အတွက် ပိုကောင်းတဲ့ ရေခံမြေခံ ကို ပို့ပေးနိုင်တာ ၊
ကြီးမားတဲ့ အမြတ်လို့ပဲ ယူဆရမှာပဲ ။”
လို့ အဘက ဆိုထားတော့ ခုနောက်ပိုင်း မန်းလေးမှာ ဟိုဘက်က လာတဲ့ ချိုင်းနီးစ်တွေ ခြေချင်းလိမ်လာတာ တဖြည်းဖြည်းများလာတာက ဘာသဘောလဲဟင်… (တချို့ဆို မှတ်ပုံတင်တောင် ရကုန်ပြီ။ ကိုယ့်စည်းရိုးကိုယ် ပြန်ခွေပြီး ထင်းလုပ်သုံးတဲ့ လူ့ အတ္တဘောတွေတချို့ကြောင့် )
ယေဘုယျ အားဖြင့် ကျမတို့ က ဆင်းရဲတဲ့ တိုင်းပြည်မဟုတ်လား ရေခံမြေခံ လည်း သိပ်မကောင်းလှတော့ပါဘူး..
ဒါနဲ့တောင် ဘာဖြစ်လို့ ဝင်လာမဆဲ တသဲသဲဖြစ်နေတာလဲဟင်….
nature
November 14, 2012 at 10:59 pm
ဆင်းရဲမွဲတေမှုပပျောက်ရေးအတွက်ငွေပေးနေမယ်ဆိုရင် ကိုယ့်လုပ်ငန်းအမြတ်က ဘယ်လောက်ကြာကြာထောက်ပံ့နိုင်မှာလည်း။
သိပ်မကြာသေးခင်က ဆင်းရဲမွဲတေမှုမပျောက်ရေးအတွက်ဆိုပြီး တယောက်ကို တသိန်းပေးပြီး အရောင်းအဝယ်လုပ်ဖို့မတည်ပေးတာတွေ့ဘူးတယ်။ ငွေတွေကို တခြားမှာသုံးပစ်မှာစိုးလို့ ပွဲရုံတွေကိုလိုက်ပြီး ကုန်ဝယ်ပေးတယ်။ အဲဒီလူတွေအခုတော့လာတာမတွေ့တော့ဘူး။ လုပ်ငန်းအတွက် ငွေထုတ်ပေးတယ်ဆိုတာလည်း ကောင်းပေမဲ့ လုပ်ငန်းတခုဆိုတာ ခုရေတွင်းတူး ခုရေကြည်သောက်လို့ ရတာမဟုတ်တော့ ဈေးရောင်းမယ်ဆိုရင် ဈေးရောင်းဖို့ အရင်းအနှီးလိုမယ်။ စရိပ်ဘယ်လောက်ရှိတယ် အလေအလွင့်ဘယ်လောက်ရှိတယ် ဘယ်လောက်ဈေးတင်ရောင်းရင် ဘယ်လောက်မြတ်မယ် ၊ကိုယ့်ဘေးက လူက ဘယ်ဈေးနဲ့ရောင်းနေတယ် ၊ အရည်အသွေးက ဘယ်လိုရှိတယ်ဆိုတာ ဖောက်သည်စိတ်ဝင်စားအောင် ဘယ်လိုဆွဲဆောင်ရမယ်ဆိုတာတွေလိုအပ်မယ်ထင်တယ်။ ကျွမ်းကျင်ရာလိမ်မာဆိုသလိုပေါ့။
သမုဒယာဝမ်းတထွာ တထွာတဲ့ ။ နေ့စဉ်စားဝတ်နေရေးအတွက် နေ့စဉ်စားဖို့အစားအသောက်ဆိုတာလိုပါတယ်။အစားအသောက်ဝယ်ဖို့အတွက်ငွေလိုပါတယ်။ ငွေရဖို့အတွက် အလုပ်လုပ်ရပါမယ်။ ကြောင်ဝတုတ်ရဲ့အလှူနဲ့ ဆက်စပ်ပြီးပြောရမယ်ဆိုရင် တနေ့ ရသိန်း လိုအပ်ချက်ရှိနေတဲ့ ကျောင်းဟာလည်း ဆင်းရဲတဲ့အထဲပါသလိုပဲထင်မိတယ်။ နေ့စဉ်အလှူငွေ ရသိန်းပုံမှန်ရဖို့ဆိုတာ ဘယ်လိုမှ မလွယ် ဘူးဆိုတာကတော့ ပြောစရာလိုမယ်မထင်ပါဘူး။ ငွေရဖို့အတွက် အလုပ်လုပ်ဖို့ကလည်း မဖြစ်နိုင်တဲ့ကိစ္စမို့ ဘယ်လိုနည်းနဲ့ဖြေရှင်းကြမလဲ။
ဘုန်းကြီးကျောင်းမှာ ရှိတဲ့မြေကွက်လပ်ကလေးမှာ အသီးရောအရွက်ပါ ပေါပေါများများစားလို့ရတဲ့ လွယ်လဲလွယ်တဲ့ ကဇွန်းရွက် ကင်မွန်း ၊ ဗူးပင် ချဉ်ပေါင် ၊ ဒန့်သလွန် ၊သရက် ပိန္နဲ မာလကာ အုန်း ငှက်ပျော စတဲ့အပင်များကို လုံလောက်စွာ ဥယျာဉ်တခုလို စိုက်ပျိုးထားပေးရင် နောင်တနှစ် ၂နှစ်လောက် ကြာရင် စားစရိပ်ကို အတန်အသင့် အထောက်အကူပြုပြီး သက်သာစေမယ်ထင်တယ်။ စိုက်ပျိုးရင်လဲ သံဃာပစ္စည်း အဆိပ်သီး ဖြစ်လို့သံဃာပိုင် အနေနဲ့မစိုက်ဖို့တော့လိုမယ်ထင်ပါတယ်။ ကျောင်းနေတဲ့ကလေးတွေကို စိုက်ပျိုးရေးပညာပေးပြီး အလှည့်ကျရေလောင်းပေါင်းသင်လုပ်ခိုင်းပေ့ါ။ ကလေးတွေလည်းစိုက်ပျိုးရေး ကိုလက်တွေ့သင်ပေးပြီးသားဖြစ်တာပေါ့။
ကံမရှိလည်းဉာဏ်နဲ့ဝီရိယကိုအားကိုးရင်ဝီရိယအကျိုးတော့ခံစားရမယ်။ ဉာဏ်နဲ့ဝီရိယနဲ့လုပ်တဲ့အလုပ်တွေမှာ ထားတဲ့စေတနာတွေက ကံကိုဖြစ်စေပါတယ်။
မောင်သုည
November 15, 2012 at 12:29 am
ပုံမှန်အားဖြင့်တော့ လူတိုင်းလူတိုင်းမှာ ခံယူချက်ချင်းတော့ မတူညီကြပါဘူး…အဘဖော ရေးသမျှတွေထဲမှာ များသောအားဖြင့်စေတနာလေးတွေပါပါတယ်…လူမျိုးရေး အသုံးအနှုံးများကို ထည့်သွင်းရေးသားလိုက်သည့်အတွက် တရုတ်၊ဗမာ၊မွန် ဆိုပြီး ခွဲခြားတွေးခေါ် ပြောဆိုနေမိတာလိုထင်ပါတယ်…ကျနော်လည်း မနှစ်က မေလ၊၁၉ရက်နေ့မှာ (လူငယ်များအတွက်ဆေးတစ်ခွက်) ဆိုပြီးရေးသားခဲ့ဘူးပါတယ်…အဘဖော တို့လောက်တော့ စာမရေးတတ်ဘူးပေါ့နော်…
…http://madalaygazette.com/4930/…မှာပါ…
နောက်ထပ်…. ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့တာလေး တစ်ခုကလည်း …ဘယ်အစိုးရပဲတက်တက် အစိုးရကိုပဲ အားကိုးမနေပါနဲ့တဲ့ အစိုးရကိုပဲ အားကိုးနေရင်တော့ အဲဒီအစိုးရဟာ အင်အားကြီးမားလာမှာပဲတဲ့…
ဒီရွာထဲမှာ စာရေးစာဖတ်သူတွေ အားလုံးဟာ ကိုယ်စီကိုယ်စီ အသိပညာ၊အတတ်ပညာတွေရှိပြီးသားပါ။မိမိတို့ရဲ့ မတူညီတဲ့ ရှုတောင့်လေးတွေကနေ ဝေဖန်သုံးသတ်တတ်ကြသူတွေပါပဲ…
မိုးတိမ်
November 15, 2012 at 2:26 am
အာ အဘဖောရေ ဖတ်ဖို့ဖွင့်ပြီးဟိုဘက်မှာကော်မန့်ရေးပြီးတော့ညစ်လာတာနဲ့ဇာတ်ကားထိုင်ကြည့်နေတာ ကော်မန့်တွေအ
တော်များသွားတယ်ခင်ဗျ။လိုက်ဖတ်ရင်းကမျက်စိတောင်ညောင်းကရောပါပဲ။
အတော်ကိုပြည့်စုံကြပါပေတယ်။
အဲဒါကြောင့် ဒီဆိုဒ်လူများကြတယ်ကိုး။ဆိုလိုတာပြောရရင်တော့ အဘပြောတာလုံးဝဒီတစ်ချက်ကိုထောက်ခံပါတယ်။ကျွန်တော်ငယ်ငယ်က အမေမုန့်ပြားသလက်ရောင်းရပါတယ် ၄နာရီထရပါတယ်၊ခုံဖိနပ်စီးရပါတယ်၊ခဲဖျက်မရှိလို့ သူငယ်ချင်းရာဘာဖိနပ်တောင်ခဏဌားဖျက်ရတဲ့ဘဝဆိုရင်ယုံမလားမသိ။သူများမုန့်စားနေတဲ့အချိန်မှာထိုင်
ကြည့်ခဲ့ရတာတွေတောင်မမေ့နှိုင်သေးဘူး။သောက်ညင်ကပ်စိတ်နဲ့ဘဝကိုပိုကြိုးစားဖြစ်ခဲ့တယ်ဆိုရင်ပိုမှန်မလားပဲ။အခုတော့ ကျုပ်ကိုလှောင်ပြောင်ခဲ့တဲ့ကောင်တွေဟာ ဘိန်းစားဘဝနဲ့အဆုံးသတ်၊အရက်သမားဘဝနဲ့အေးအေးနေ၊ လူတွေ့ရင်တောင်း အဲဒါတစ်ကယ်ပါပဲအဘရေ။အမေမျက်ရည်နဲ့ဆင်းခဲ့ရတဲ့အိမ်ကိုပြန်ဝယ်နှိုင်ခဲ့တဲ့အပြင် တစ်ချိန်ကစော်ကားခဲ့တဲ့ မောင်နှမသားချင်းတွေကိုအမေတင်မဟုတ် တော့ဘူးဗျ။
ကျွန်တော်ပါအခုတင်ကျွေးပြီးတော့ဆေးကုပေးပေါ့။အဲဒီအိမ်ကိုလဲ အခုအမေမနေပါဘူး။အဘပြောသလိုရေကြည်ရာမျက်နုရာပေါ့ဗျာ။မြီု ့ကြီးတစ်ခုမှာ တိုက်နဲ့အေးရာအေးကြောင်းနေပါတယ်။အခုချိန်အထိအရှိန်မသေသေးတာကတော့ ဓါတ်ဆီတိုးနေဆဲပါပဲ။အပြင်ကဝယ်သုံးရင်ငွေပိုကုန်တယ်လို့ခံစားရတယ်တဲ့။ပါးစပ်လှုတ်နေသရွေ ့လက်လှုတ်နေရမယ်ဆောင်ပုဒ်ကို တရုတ်တင်မဟုတ်ဘူးဗမာစစ်စစ်ကြီး ကျွန်တော်တို့ကပါလုပ်ဆောင်နေပါတယ်။အရေးအခင်းတွေဆန်တိုးတုန်းကတောင် ကျွန်တော်(၇)နှစ်သားနဲ့တိုးခဲ့ရတာဆန်တစ်ပြည်ရဖို့ မနက် ၃ နာရီလောက်ကစတိုးတာ နေ့လည် ၁း၃ဝလောက်မှရတာဆိုရင် အဘ ရီမလားမသိဘူး။အဲဒါပျော်စရာကောင်းတယ်လို့များထင်နေရင်တော့ ကလေးဆိုပြီးခေါင်းခေါက်ခံကြည့်မှသိပါလိမ့်မယ်။ရင်နာစရာတွေအများကြီးရှိပါတယ်အဘရေ။သို့သော်အားလုံးကိုမေ့ထားပါတယ်။အခုတော့လဲ အဘတို့ဩစီတော့ လာဖို့ကျွန်တော့ရဲ ့အရင်းအချာကြီးတစ်ယောက်ရှိနေပါတယ်။ချင်ကာပူ AMD(advance micro device) က chip set software engineer တစ်ယောက်ပါ။ပြောချင်တာက ချင်ကာပူကနေဩစီ၊ဩစီကနေ အမေဒစ်ကန်များလားလို့ဘာ။သဂျီးနဲ့ပိုနီးသွားတာပေါ့လေ။ခစ်ခစ် တော်ဘီဂျာအိပ်ချင်ဘီ။
Foreign Resident
November 15, 2012 at 8:39 am
” အရေးအခင်းတွေဆန်တိုးတုန်းကတောင် ကျွန်တော်(၇)နှစ်သားနဲ့ ”
ကိုမိုးတိမ်က အဘတို့ထက် တော်တော်ငယ်တာပဲ ။
အခုမှ ၃ဝ ကျော်ရုံ ရှိသေးတာပဲ ။
ပြောလိုရင်းက ၃ဝ ကျော်ရုံလေးနှင့် ၊
အိမ်ခြံ ပိုင်ပြီး အခြေကျနေပြီဆိုတော့ ၊
တော်တော် တော်တယ်လို့ ပြောရမှာပဲ ။
မိုးတိမ်
November 17, 2012 at 3:02 am
ကျွန်တော်တစ်ရက်မှအခုထိတော်တော်များများနေ့တွေမှာ(၄-၅)နာရီထက် ပိုမအိပ်ရဘူးခင်ဗျ။အဲဂဒါ ချမ်းသာတာဆိုရင်လဲမချမ်းသာရပါစေနဲ့တော့အဘရေ။အခုတော့ ဆွေမျိုးများကမကောင်းကျောင်းပို့ဆိုသလိုကျုပ်ဆီပို့ကြသဗျ။ အင်တာနက်လဲ ညမှသုံးနှိူင်ပါတယ်။ဆေးပါကုပေးနေရပါတယ်။ကျုပ်မတော်ပါဘူး ညံ့ပါတယ်ခင်ဗျ။ညံ့လို့ကို အခုလိုဖြစ်နေတာပါခင်ည။ကျုပ်ခင်ဗျားနဲ့ သဘောထားကွဲလွဲတာတွေ ခင်ဗျားကိုရှင်းချင်ပါသေးတယ်။အဘတစ်ကယ်များအဲလိုအတူတကွနေထိုင်ရေးကိုယုံလား။UN ကကောသူ့အကျိုးအမြတ်မရပါပဲနဲ့ လာလုပ်မယ်ထင်လား။အဘ ၅ သိန်းထည့်တာကျုပ်လေးစားပေမယ့်အဘလိုစိတ်ထားသန့်သန့်အကုန်ရှိတယ်ထင်လား။အဘမြန်
မာနိုင်ငံမှာနေ မြန်မာ့ရေသောက်ပြီး မြန်မာ့စိတ်ထားနှိုင်ပါစေ……….
Foreign Resident
November 15, 2012 at 5:57 am
အင်း ၊ မထင်ခဲ့ဘူး ။
အဘ ရဲ့ ဒီ Post ကို ၊
၁ ။ လူသစ်တွေ က ။
၂ ။ Comment ပေးခဲတဲ့ လူဟောင်းတွေ က ။
တစ်ဖက် နှင့် တစ်ဖက် ပြစ်တင်တဲ့ သဘောမဟုတ်ဘဲ ၊
ဒီလို အနှစ်သာရရှိတဲ့ လေးနက်တဲ့ Comment တွေ ဝိုင်းပေးကြမယ်လို့ ။
ကျေးဇူးတင်ပါတယ် ။
ဘယ်က စ ရှင်း / အကြောင်းပြန် ရမယ်တောင် မသိတော့ဘူး ။
အဓိက လိုရင်း အချက်ကို ပြောရရင်တော့ ၊
အပေါ်ဆုံးက မ aye.kk ရဲ့ Comment ထဲကလို ၊
မ aye.kk ရဲ့အဖေ ရှေးတရုတ်ကြီး လောက်နီးပါး ကြိုးစားခဲ့ပြီးကြပြီလား လို့ပဲမေးချင်ပါတယ် ။
ရှေးတရုတ် မိသားစုတိုင်း ( တိုင်း ) ရဲ့ အဖေ / အဖိုးတွေဟာ ဒီလို ဘဝကို စွန့်လွှတ် ဖြတ်သန်း ခဲ့ရပါတယ် ။
ရှေးတရုတ် မိသားစုတိုင်း ( တိုင်း ) အတွက် အဲဒီအဖြစ်အပျက်ဟာ ပုံမှန်ပါ ။ သူ မဟုတ်ရင် ငါ ဖြတ်ခဲ့တာပါ ။
OK ။ အောက်က အချက်အလက်တွေ အားလုံးနှင့် မပြည့်စုံပဲနှင့်တော့ ၊
အဘ ကို ကြိုးစားခဲ့ပါတယ် ၊ စွန့်လွှတ်ခဲ့ပါတယ် ဆိုတဲ့ စကား လာမပြောပါနှင့် ။
အဘ လက်ခံမှာ မဟုတ်ဘူး ။
၁ ။ မ aye.kk ရဲ့အဖေ ရှေးတရုတ်ကြီး လောက်တောင်မှ မကြိုးစား မချွေတာ ခဲ့ပဲနှင့်တော့ ၊
၂ ။ နေ့စဉ် နေ့တိုင်း ၊ တစ်ရက်ကို လက်ကြောတင်းတင်းနှင့် ၁၂ နာရီလောက်မှ အလုပ်မလုပ်ခဲ့ပဲနှင့် ၊
( လက်ကြောတင်းတင်း ဆိုတဲ့စကားကို နားလည်ချင်သူများ အတွက်ကတော့ ၊
တရုတ်လက်သမားကို ဘာကြောင့် ဈေးနှစ်ဆ ပေးရလဲ ဆိုတာကို တစိမ့်စိမ့် စဉ်းစားကြည့်စေချင်ပါတယ် )
၃ ။ အရက် ၊ ဆေးလိပ် ၊ ကွမ်း ၊ မိန်းမ ၊ လောင်းကစား တစ်ခုခုကို မကြာခဏ လုပ်နေပြီးတော့ ၊
၄ ။ ယောက်ကျားလေးတွေ အသက် ၃၅ နှစ် မတိုင်မှီမှာ မိန်းမ ယူခဲ့ကြပြီး ၊
( ကိုယ်ပိုင်အိမ် ၊ ကိုယ်ပိုင် စီးပွားရေး လုပ်ငန်း ရှိပြီးမှ ယူရင်တော့ မပြောလိုပါ )
( အရှင်းဆုံး ဥပမာ ။ ။ အဘ ကိုယ်တိုင် သင်္ဘောကပ္ပတိန် ဖြစ်ပြီးတဲ့အချိန် အသက် ၃၉ နှစ် မှာမှ ၊
သင်္ဘော ကပ္ပတိန် ထက် ၊ အနဲဆုံး ၅ ဆ မက ဝင်ငွေ ပိုသာတဲ့ မိန်းမကို လက်ထပ်ခဲ့တာပါ )
၅ ။ အစွမ်းကုန် ရိုးသား ဖြောင့်မတ်မှု ( ရိုးဂုဏ် ) မရှိခဲ့ပဲနှင့်တော့ ၊
အဲဒီ အချက်တွေ မပြည့်စုံဘူး ဆိုရင်တော့ ၊ အဲဒီလူဟာ ၊
ပိုက်ဆံကို လုံလောက်အောင် မချစ်ခဲ့ဘူး ။
ချမ်းသာဖိုအတွက် လုံလောက်အောင် မစွန့်လွှတ်ခဲ့ဘူးလို့ အဘ ယူဆပါတယ် ။
Foreign Resident
November 15, 2012 at 5:58 am
နောက်တစ်ချက် ၊
အရင်ခေတ်အခါကမို့လို့ ဒီလို သုည ဘဝ ကနေ ချမ်းသာလာတာပါ ။
အခု ခေတ်မှာဆိုရင် မဖြစ်နိုင်ပါဘူး ဆိုတဲ့ စကားကို အဘ လက်မခံပါဘူး ။
အဘ ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းထဲက တစ်ယောက်ဟာ ၊
ငယ်စဉ် ဘဝ က ခုံဖိနပ် တခွမ်းခွမ်း ဝတ် ၊ လမ်းဘေး ရေဘုံပိုင်မှာ ရေချိုး ပြီး ၊
လမ်းဘေး မှာ တရုတ်မုန့် ကို ဗန်းသေးလေးနှင့်ချပြီး ရောင်းတဲ့ ဘဝကနေ စ ခဲ့တာ ၊
အခု အချိန်မှာ စက်ရုံ အသေးစား ပိုင်ရှင်ဖြစ်နေပါပြီ ။
အဘတို့ တရုတ်တွေရဲ့ အမြင်မှာ အခု ခေတ် / အချိန် ဟာ ၊
ချမ်းသာ အောင်မြင်ဖို့ အကောင်းဆုံး အချိန် ( Prosperous ) ပါ လို့တောင် ယူဆထားပါတယ် ။
အဲဒါရဲ့ အကောင်းဆုံး ဥပမာ ကတော့ ၊ သမီး Pooch အခု မေးနေတဲ့ ၊
ဒါနဲ့တောင် ဘာဖြစ်လို့ တရုတ်တွေ ဝင်လာမဆဲ တသဲသဲ ဖြစ်နေတာလဲဟင် ဆိုတာပါပဲ ။
Prosperous ဖြစ်လို့ ၊ ချမ်းသာဖို့ လွယ်နေလို့ ၊ ဝင်လာတာပါ ။
တရုတ်ပြည်မှာ အရည်အချင်းတူ / စိတ်ဓါတ်တူ တရုတ် အချင်းချင်း ပြိုင်ရတာပါ ။
ချမ်းသာဖို့ လုံးဝ မလွယ်ပါဘူး ။
ဗမာပြည် မှာ ကျတော့ ၊ တရုတ် နှင့် ဗမာ ပြိုင်ရတာလေ ။
( ဟဲ ဟဲ ။ အဘ မပြောရက်ဘူး ။ လက်ရှိမှာ လက်ရည်ကွာနေတယ် လို့ပဲ လွယ်လွယ် မှတ်ပါ )
Foreign Resident
November 15, 2012 at 5:58 am
နောက်တစ်ချက်က ၊ ကိုကြောင်ဝတုတ်ပြောခဲ့တဲ့ ၊
” တိုင်းပြည်စုတ်ပြတ်နေတုန်းက ဖုတ်ဖက်ခါထွက်သွားပြီး ” ဆိုတာနှင့် ပါတ်သက်လို့ ။
၁ ။ အခုထက်ထိ အဘ က မြန်မာ Passport ကိုပဲ ကိုင်ထားပြီး ၊
သာမာန် မြန်မာ သင်္ဘော ကပ္ပတိန် တစ်ယောက်အနေနှင့်ပဲ သင်္ဘောလိုက်နေတာပါ ။
အခုထက်ထိ မြန်မာပြည်ကနေ ဖုတ်ဖက်ခါကို ထွက်မသွားရသေးပါဘူး ။
မိန်းမက ဩဇီသူမို့သာ ၊ သူကျေနပ်အောင် ဩဇီကို မကြာခဏ သွားပေးနေရတာ ။
( ဩဇီကို သိပ်သွားချင်လှတာ မဟုတ်ဘူးရယ် ။ ဤကား စကားချပ် ။ ဟီ ဟိ )
၂ ။ အဘ ၊ တိုင်းပြည်အတွက် စွန့်လွှတ်ခဲ့တဲ့ ကိစ္စတွေဟာ ၊
သာမာန် မြန်မာပြည်သား အများစုကြီး ( အများစုကြီး ) ထက် အများကြီး သာပါတယ် ။
Detail သိချင်ရင်တော့ ၊ ရန်ကုန်မှာ လူချင်းတွေ့တော့မှသာမေးပေတော့ ။
လူချင်းကလည်းတွေ့မှာ သေချာသလောက်ပဲဟာ ။
နောက်တစ်ခု ၊ ကိုကြောင်ဝတုတ်ပြောတဲ့ ၊
” ဆိုက်ကားကို (၁၆) နာရီ နင်းလို့ သူဌေးဖြစ်တဲ့ ဆိုက်ကားသမားရယ်လို့တော့ မရှိဘူးလေ ”
ဟုတ်ပါတယ် ။ သူကတော့ ဆိုက်ကား နင်းလို့ သူဌေး မဖြစ်ပါဘူး ။
ဒါပေမယ့် ကြိုးစားမှုဟာ အလကား မဖြစ်ပါဘူး ။
ပုံမှန် ဉာဏ်ရည်နှင့်လူ ဆိုပါစို့ ၊
(၁၆) နာရီ နင်းတဲ့ အတွက် ၊ (၈) နာရီ နင်းတာထက် ဝင်ငွေပိုရမယ် ။
အဲဒါဆို သူ နင်းသားကနေ အုံနာဖြစ်လာမယ် ။
အနဲဆုံး ပိုလာတဲ့ ဝင်ငွေနှင့် သူ့သားသမီး ပညာတတ်လာမယ် ။
တစ်ဖြေးဖြေးချင်း Generation by Generation မြှင့်ယူရတာပါ ။
Foreign Resident
November 15, 2012 at 5:59 am
နောက်တစ်ခု မ Wei Wei ပြောတဲ့ ၊
” ကျွန်မကတော့ တစ်လကို မြန်မာငွေ နှစ်သိန်းလောက်ပဲ ဝင်ငွေရှိတယ်ဆိုတော့
သူနဲ့ယှဉ်ရင် သိပ်ဆင်းရဲနေသလိုဖြစ်နေတာပေါ့နော် …
ဒါပေမယ့် တကယ်တမ်းမှာ ကျွန်မက သူ့ထက် ချမ်းသာပါတယ် ”
ဆိုတဲ့ စကား ။
အဘ က ငွေကြေး ချမ်းသာချင်ရင် ကြိုးစားရင် ဖြစ်ပါတယ် ဆိုတာကို ရှင်းပြနေတာပါ ။
မ ဝေဝေ က ၊ စိတ်ချမ်းသာမှုကို ရှင်းပြနေတာ ။ အဲဒီတော့ ၊ ဦးတည်ချက် မတူဘူး ဖြစ်နေတယ် ။
စိတ်ချမ်းသာမှုကို ရွေးချယ်တဲ့ မဝေဝေ ကို မကောင်း မပြောဘူးနော် ။ သူ့အကြိုက်နှင့် သူပဲ ။
OK ။ ဒါဆို အဲဒီစကားကို အဘက ဘာလို့ ပြန် ရှင်းပြနေသတုန်း ။ မေးစရာ ဖြစ်လာတယ် ။
ဥပမာ ကောင်းမို့လို့ ။ အရမ်းကောင်းတဲ့ ဥပမာ မို့လို့ ။
ပိုက်ဆံ ဆိုတဲ့ ဦးတည်ချက် နောက်ကို ပြတ်ပြတ်သားသား လိုက်ကြမှာလား ။
ပိုက်ဆံ နောက်လိုက်ရင်တော့ အပြိုင်အဆိုင် ၊ အတိုက်အခိုက် များမယ် ၊ ကြမ်းတမ်း ပူလောင်မယ် ။
နို့ ၊ ကိုယ်က လူတကာ သည်းခြေကြိုက် ငွေ နောက်လိုက်နေတာကိုး ။
လမ်းဘေးက ကျောက်ခဲသလဲတွေ လိုက်ကောက်နေတာမှ မဟုတ်တာ ။
စိတ်ချမ်းသာချင်ရင် ၊ မပူလောင်ချင်ရင် ၊ ငွေနောက် မလိုက်နှင့် ။ သူဋ္ဌေးဖြစ် မကြံနှင့် ။
ငွေ ဆိုတဲ့ကောင်ဟာ ၊ ရှာနေတဲ့အချိန်ကော ၊ ရပြီးတဲ့အချိန်ပါ ပူလောင်တယ် ။
အေး ၊ ပြောလိုရင်းက ၊ ဦးတည်ချက် ပြတ်ပါ ။ ငွေ လား ၊ စိတ်ချမ်းသာမှုလား ။
ဟိုယောင်ယောင် ဒီယောင်ယောင် မလုပ်နှင့် ။ နှစ်ခုစလုံး မရပဲနေမယ် ။
အဘ ကတော့ ၊ ငယ်စဉ် အခါမှာ ငွေနောက် ပြတ်ပြတ် သားသား လိုက်ခဲ့တယ် ။
အခု ၊ ငွေ အသင့်အတင့် ရှိသွားပြီးမှ ( တနည်း စင်ပေါ်ရောက်ပြီးမှ ) ၊
အေးအေးဆေးဆေး စိတ်ချမ်းသာမှုနောက် လိုက်နေတယ် ။
အလုပ်ကို Feeling လာတဲ့ အချိန်မှလုပ်မယ် ။ ကမာ္ဘလှည့်မယ် ။ သုံးဖြုန်း ဇိမ်ခံမယ် ။
weiwei
November 15, 2012 at 10:43 am
ဦးဖောပြောတာတွေကို တစ်နည်းအားဖြင့် ထောက်ခံပါတယ် …
စိတ်ချမ်းသာမှုကိုပဲ ရှာပြီလို့ ရဲရဲကြီးပြောနိုင်တာကလဲ ရှေ့က generation ၂ ခုက ဦးဖောပြောသလို မအေး အဖေ လုပ်ခဲ့သလို လုပ်ခဲ့ပြီးပြီမို့လို့ပါ …
မအေးပြောခဲ့တဲ့ ဘဝမျိုးကို ကျွန်မတို့မိသားစုတွေလဲ ထပ်တူနီးပါး ကြုံခဲ့ဖူးပါတယ်။
အရီးခင်လတ်
November 15, 2012 at 5:59 am
အများ ဆွေးနွေး တာ အတော်လေး စုံနေပါပြီ။
သို့ပေမဲ့ ကျွန်မလဲ နဲနဲ တော့ ဝင်ပါပါရစေဦး။ 😆
ဒီ Post မှာ ဇာတ်လိုက်ဖြစ်တဲ့ ဆင်းရဲခြင်း ဆိုတာ လူနေမှုဘဝ ဆင်းရဲခြင်း ကို ဆိုလိုတာ လို့ ယူဆလိုပါတယ်။
အဘဖော ရေးထားတာ ကို မှတ်ချက်မပေးခင် စိတ်ထဲ တွေးမိလိုက်တာလေးတွေ ကြုံကြိုက်တုန်း အရင်ချပြပါရစေ။
ကျွန်မ စိတ်ထဲ ပေါ်ရာ အမြင်ရှုဒေါင့် က တစ်ခြားသူ ရဲ့ အမြင်ရှုဒေါင့် နဲ့ ကွဲနိုင်ပါမယ်။
အဲဒီလို ကွဲလွဲခြင်းကနေ ကျွန်မတို့ အတွေးတွေ ကို ပေါင်းစပ်ကြည့်ရအောင်။
တကယ်တော့ လူ ဆိုတာ အမြဲ တက်ကြွ နေတဲ့ ကြက်ဖ တွေ မဟုတ်လောက်ပါဘူး။
တစ်ခါတစ်ခါ ကြိုးစားလိုစိတ်တွေ ဖြစ်လိုက်၊ တစ်ခါတစ်ခါလဲ ပျင်းပြီး ဖြစ်သလို နေချင်လိုက် ဖြစ်တတ်ကြမယ်လို့ ထင်ပါတယ်။
အဲဒီ အပေါ်မှာ စိတ်ကို ထိန်းပေးရတဲ့ သဘောရှိပါတယ်။
ဒီနေရာမှာ လူတစ်ယောက် နဲ့ တစ်ယောက် ရဲ့ စိတ်ဓာတ်ရေးရာပေါ်မှာ မူတည်ပြီး ဘဝမှာ အောင်မြင်မှု၊ ဆုံးရှုံးမှု တွေ ကို တွေ့ရပါမယ်။
တကယ်တော့ အဲဒီ စိတ်ဓာတ်ရေးရာကိုလဲ တစ်ခြားသောအချက်တွေက မီးထိုးပေးပါတယ်။
ဥပမာ –
ကိုယ့်ပါတ်ဝန်းကျင်မှာ ရှိတဲ့လူ တွေ
ကိုယ်ဖတ်တဲ့ စာတွေ
မယုံရင် ပြန်စဉ်းစားကြည့်ပါ။
ကိုယ့်အနားက သူငယ်ချင်းတွေက စာကြိုးစားရင် အဲဒီလူ ရဲ့ ကြိုးစားမှု က ကိုယ့်ကိုလဲ ကြိုးစားချင်လာအောင် တွန်းအားပေးတတ်ပါတယ်။
ကိုယ်ဖတ်တဲ့ စာမှာ တက်ကျမ်း တွေ ပါရင် အဲဒါတွေက စိတ်ခွန်အားရပါတယ်။
ဒီလိုဘဲ။
ကိုယ်က ဖဲရိုက်၊ ဆေးစွဲ တဲ့သူတွေနဲ့ ပေါင်းသင်းမိရင် သူ့လိုဖြစ်ဖို့ အတော်လေး နီးစပ်သွားတတ်တယ်။
ကိုယ်ဖတ်တဲ့ စာက ကလူအိသို့ မြူအိသို့ ရည်းစားထားဖို့ ဖန်တီး တဲ့ စာတွေ ဆိုရင် ရည်းစားရှာဖို့ ကြိုးစားတော့မယ်။
ဒီတော့ လူတွေ ရဲ့ စိတ်ဓာတ်ရေးရာတွေကို မြှင့်တင်ပေးမှု ပေါ်မူတည်ပြီး ဘဝ တွေ ကွာသွားတယ် လို့ ကောက်ချက်ချရင် မှားနိုင်မလား။
အဲဒီလို မှန်ကန်တဲ့ စိတ်ဓာတ်ရေးရာတွေ ရဖို့ ကိုယ့်ဟာကိုယ်လုပ်ရမှာလား။ သူများ က လုပ်ပေးရမှာလား။
ပြသနာက ဒီမှာ လာပါတော့တယ်။
မှန်ကန်တဲ့ စိတ်ဓာတ်ရေးရာ ဆိုတာ ငယ်ကထဲ က လေ့ကျင့်မလာဘဲ ကြီးမှ ပြုပြင်ပေးလို့ ရသလား။
ဒါတော့ ကျွန်မ မပြောတတ်ပါ။
ရချင်လဲ ရမှာပါ။
ဒါပေမဲ့ ငယ်ကထဲ က အလေ့အကျင့်ဖြစ်လာတဲ့ သူတွေ ကတော့ ကြီးတဲ့ အချိန် တစ်ကူးတစ်က ကျင့် မနေရဘဲ ပိုပြီး သက်တောင့်သက်သာ ရှိမယ်။
ငယ်ကထဲ ကကျင့်ရမယ် ဆိုရင်တော့ ဘယ်ကလေးကမှ သူ့ဟာသူ လုပ်နိုင်မယ် မထင်။
တစ်ယောက်ယောက် က ကူညီ လမ်းပြဖို့ လိုမယ်။
ဒီတော့ ဘယ်သူတွေ ဖြစ်ရမလဲ။
ရှင်းရှင်းလေးပါ။
မိဘ (သို့) ဆရာ ပေါ့။
မိဘ ဆိုတာလဲ ပုံစံတူချမထား။
(၁) တစ်ချို့ ဆင်းရဲမယ်။ ဒါပေမဲ့ အသိရှိတယ်။
(၂) တစ်ချို့ ဆင်းရဲမယ်။ ဒါပေမဲ့ အသိမရှိ။
(၃) တစ်ချို့ ချမ်းသာမယ်။ ဒါပေမဲ့ အသိမရှိ။
(၄) တစ်ချို့ ချမ်းသာမယ်။ အသိလဲရှိ။
ဒီလို ပုံစံ (၄) မျိုး ဘဲရှိဖို့များပါတယ်။
ဒီမှာ (၁) နဲ့ (၄) ပုံစံ မိဘက ပေါက်ဖွားလာသူ တွေဆိုရင် အများစု အောင်မြင်ကြပါတယ်။
ပုံစံ(၃) က ကလေးတွေ တော့ ၅၀/၅ဝ ဘဲ ဖြစ်မလား။
သူက ဆရာကောင်း နဲ့ တွေ့ရင် အောင်မြင်နိုင်ပြီး အပေါင်းအသင်းဆိုး နဲ့ တွေ့ရင် ပျက်စီးဖို့များပါတယ်။
ပုံစံ(၂) က မိဘတွေ နဲ့ ကြီးပြင်းလာသူကလေး တွေ က ပညာရေးလဲ အားပေးခံရမှာ မဟုတ်၊ သူတို့ ကိုယ်တိုင်ကိုကလဲ အသိမရှိ လို့ ဖြစ်သလို နေစား နေတဲ့ လူမှုဘဝ မှာ ဆင်းရဲတွင်းနက်နေမှာပါဘဲ။
ဒါဟာ တကယ်တော့ ကျွန်မ ထွင်ပြီး ရေးတာ မဟုတ်ပါဘူး။
ကမ္ဘာ့ထိပ်တန်းတစ်နိုင်ငံဖြစ်တဲ့ ယူကေ မှာ Research လုပ်ထားတဲ့ ဆောင်းပါးတွေကပါ။
အဲဒါက ချမ်းသာတဲ့ ကလေးတွေရဲ့ ပညာရေး နဲ့ လူမှုဘဝ အတွေးအခေါ် ဟာ ဆင်းရဲတဲ့၊ စိတ်ဓာတ်အားယုံကြည်မှု နဲတဲ့ ၊ အသိမပြည့်တဲ့ (အဓိက မိခင် တဲ့) မိဘ က ကလေးတွေ ထက် အများကြီး ရှေ့ရောက်တာ ကို တွေ့တယ် လို့ ဆိုထားတာပါ။
ဒါတင်မကပါဘူး။
ဉာဏ်ကောင်းပေမဲ့ ဆင်းရဲတဲ့ ကလေးတွေရဲ့ စဉ်းစားတွေးခေါ်ပုံဟာလဲ ဉာဏ်ကောင်းပြီး ချမ်းသာတဲ့ ကလေးတွေရဲ့ နောက်မှာ ရှိနေသတဲ့။
http://www.bbc.co.uk/news/education-18644830
http://www.bbc.co.uk/news/education-16177406
ဒီလို နိုင်ငံကြီး တွေမှာ ဒီလို Research တွေ ဟာ ဟန်ပြ မဟုတ်ပါဘူး။
ဒီလို ဆင်းရဲတဲ့ မိဘက မပံ့ပိုးပေးနိုင်တဲ့ ကလေးတွေ ကို အောင်မြင်အောင် ဘယ်လို ပံ့ပိုးပေးမလဲဆိုတာ ဖြစ်လာဖို့ပါ။
ကျဉ်းကျဉ်းလေးကြည့်ရင်တော့ ဆင်းရဲသားတွေ ကို ဆင်းရဲတဲ့ ဘဝ မှာနစ်မနေအောင် ဆွဲထုတ်တဲ့သဘောဘဲ။
ဒါပေမဲ့ အကျယ်ကြည့်တတ်ရင် တွေ့ပါမယ်။
နိုင်ငံ ရဲ့ အနာဂါတ်ကို ကြည့်ပြီး ဒါတွေ လုပ်နေတာပါ၊
ဆင်းရဲတဲ့ မိဘ မပံ့ပိုးမပေးတဲ့ ကလေးတွေ ကနေ ပိုပိုပြီး ဆင်းရဲပြီး အသိ နဲ တဲ့ ကလေးတွေ ဖြစ်လာမယ်။
အဲဒီလို အသိအမြင်မရှိတဲ့ ကလေးတွေ များလာတဲ့ နိုင်ငံရဲ့ အနာဂါတ်ဟာ ဘာဖြစ်သွားမလဲ။
စဉ်းစားကြည့်ပါ။
ဒါကို နိုင်ငံအုပ်ချုပ်သူက မြင်တတ်ရပါတယ်။
ဒီမှာ နိုင်ငံအုပ်ချုပ်သူ ဆိုရာမှာလဲ ပုံစံ မတူပြန်ပါဘူး။
(၁) လက်ယာ အစွန်းရောက် အုပ်ချုပ်သူများ က ဒီလို ပါ။
တိုင်းပြည်က ဆင်းရဲသားဆိုတာ အလုပ်မလုပ်လို့ ဒီကောင်တွေ ဆင်းရဲတာ။,။ဒါကို ထောက်ပံ့စရာမလိုဘူး။
အလုပ်လုပ်ရင် အလုပ်လုပ်သူသာ အကျိုးခံစားရမယ်။
ဆိုပြီး ချမ်းသာသူတွေ ကိုမျက်နှာသာပေးတဲ့၊ ဆင်းရဲသားတွေကို လစ်လျုရှူတဲ့ မူဝါဒ တွေချပါတယ်။
ဒီတော့ လူတန်းစားကွာဟ တာတွေ များလာပါတယ်။
(၂) လက်ဝဲအစွန်းရောက် အုပ်ချုပ်သူများကတော့
တိုင်းပြည်မှာ အားလုံးညီမျှရမယ်။ လူတန်းစား ကွာဟမှုမရှိရဘူး။
ဒီတော့ ချမ်းသာသူတွေ ရုန်းလုပ်ထားတာ ကို အလုပ်မလုပ် အပျင်းထူသူများ က ထိုင်စားလို့ ရတဲ့ မူဝါဒတွေ ဖြစ်တတ်ပါတယ်။
ဒီတော့ တိုင်းပြည်က အဲဒီသူတွေ ကို ပံ့ပိုးပေးရတာနဲ့ လောက်မယ်တောင် မထင်တော့။
ဒီနေ့ခေတ်မှာတော့ ပါးနပ်ရည် ရှိတဲ့ အစိုးရ (ဥပမာ – အိုဘားမား) ဆိုရင် တဖြေးဖြေး နဲ့ အလယ်ကို တိုးတိုး လာတဲ့ သဘောရှိပါတယ်။
အတိုပြန်ချုပ် ရရင်တော့ အဘဖော သဘောက လက်ယာယိမ်းက တယ်လို့ထင်ပါတယ်။
မြန်မာပြည်မှာ တော့ လူတွေ ဟာ ပျင်းတယ်၊ ဖျင်းတယ် လို့ကျွန်မတော့ မထင်ပါဘူး။
ဘဝ လူမှုနေမှုကို အောင်မြင်ဖို့ ဘယ်လိုလုပ်သင့်တယ် ဆိုတဲ့ အသိဉာဏ် ပြတ်နေတဲ့ မျိုးဆက် တွေ ဖြစ်နေမှာကိုဘဲ စိုးရိမ်ပါတယ်။
လူနေမှု အသိ နိမ့်ကျတဲ့ လူတွေ ကို ပညာပေးရေး တွေ မရှိသလောက်ရှားလာတဲ့ အပြင် ထမင်းတနပ်စားဖို့ကိုတောင် အနိုင်နိုင်ရုံးနေရသူ တွေမှာ စိတ်ခွန်အား ကို ဘယ်ကနေ ဘယ်လို ရလာမှာလဲ။
ကိုယ်အသိပညာတိုးဖို့ ကိုယ်သာအဓိကကတော့ မှန်ပါတယ်။
အဲလိုလုပ်ဖို့ ကို အသိမရှိတော့ ဒီအတိုင်း လွှတ်ထားလိုက်ရင်တော့ မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ပညာအသိ သတိ မရှိတာတွေ လက်ဆင့်ကမ်းရင်း နိုင်ငံ ရဲ့ အနာဂါတ် လုံးပါးပါး မှာအသေအချာဘဲ။
ဒါဟာ နိုင်ငံပျက်မဲ့အရေး မို့ ပထမဆုံး တာဝန်ရှိသူဟာ နိုင်ငံ ကို အုပ်ချုပ်သူတွေဘဲ။
ှုဒါကို ကိုယ်ကလဲ အသုံးမကျ၊ ဘယ်လို ပြင်ရမယ်လဲ မသိ၊ အဆီတွေ အနှစ်တွေ က အင့်နေလို့ နေရာကလဲ မထနိုင် ဖြစ်နေကြတာ။
ဘာလုပ်ရမယ်မှန်းမသိလဲ အားလုံး ဖယ်ကြ။
လုပ်တတ်တဲ့ သူတွေ ကို နေရာပေးဖို့ သင့်ပြီ။
ဒီအတိုင်း အီရော အီရော သွားနေလို့ကတော့ ကလေးတွေ လဲ ကိုရီးယားကားတွေ က အကျင့် တွေနဲ့ ဂိန်းထဲ က အမဲရောင် အကျင့် တွေ နဲ့ လူကြီး တွေဘဲ ဖြစ်လာမယ်။
ဒါကို သိသိကြီး နဲ့ ဆက်လွှတ်ထားရင် တော့ နောင် အနှစ် ၂ဝ မှာလဲ မြန်မာပြည် က ဆင်းရဲ ခြင်း နဲ့ ထိုက်တန်နေဦးမှာဘဲ။
ဒီတော့ အဘဖော ရေ
အခု လောလောဆယ်မှာ ဘာမှ မလုပ်မကိုင်တတ်ဘဲ ကိုယ်စားခွက် ဘဲ ကိုယ်စောင့်နေ တဲ့ အရှက်မရှိ တဲ့ အဲဒီ လူကြီး တွေ ကို အရင် နှင်လိုက်ပါဦး။
ပြည်သူတွေ ကို နောက်မှ အပျင်းထူတယ် လို့ အပြစ်တင်တာပေါ့။
အခု တော့ သမ္မတကြီး က စလို့ အားလုံး အနားယူကြပါတော့ လို့ ဘဲ တောင်းပန်ချင်ပါတယ်။
အင်းဂလိတ်လို အော်ရရင်တော့။
Enough is Enough !!!!!!!! 👿
ဒါထက် အဘဖောရေ
အရမ်းကြီး အပြင်းအထန် မကြိုးစား ပါဘဲ ကြိုးစားမှုထက်ပိုပြီး အောင်မြင်တဲ့ သူတွေ ရှိနေသမျှ
အရမ်းကြီး အပြင်းအထန် ကြိုးစားနေပါရက် ကြိုးစားသလောက် မအောင်မြင်တဲ့ သူ တွေ လဲ ရှိနေမြဲဖြစ်မှာပါ။
ကျွန်မ တွေ့ဖူးတဲ့သူတွေ ရှိတယ်။
ဘဝ မှာ ပေါ့ပေါ့လေးဖြတ်ပြီး အောင်မြင်မှု တစ်ခုပြီး တစ်ခုရနေတာ။
မကြိုးစားဘူး မပြောဘူးနော်။
သူတို့ အနေနဲ့ သိပ်အားထုတ် စရာမလိုဘဲ သူ့ဟာသူ ရေကန်အသင့် ကြာအသင့် ဖြစ်နေတာ။
တစ်ချို့တော့ လဲ ကြိုးစားတာမှ အများက အောချရပါတယ်။ တော်လဲတော်ပါတယ်။ ဝီရိယ လဲ ရှိပါတယ်။
ဒါပေမဲ့ ပထမသူလောက် ရေကန်အသင့် ကြာအသင့် မဖြစ် ဘဲ ပိုရုန်းရတတ်တာ။
သဘောက တော့ ချမ်းသာတဲ့ မိဘ ထဲ ဝင်စားမိ တာ နဲ့ ဆင်းရဲ တဲ့ မိဘ အပံ့အပိုး မပေးတဲ့ မိဘ ထဲ ဝင်စား မိတာ နဲ့
ကြိုးစားမှုချင်း တူရင်တောင် ဘဝ ချင်း ကွာနေပြီ။
မိဘ ဆိုတာ ရွေးလို့မှမရတာလေ။
ဒီတော့ ဒါကို ကိုယ်ဘာမှလုပ်မရလို့ “သူတို့ကံ” လို့ဘဲ မပြောရင် ဘာကို အကြောင်းပြရပါ့မလဲ။ 🙄
သို့ပေမဲ့
အုပ်ချုပ်သူအစိုးရ ကိုတော့ ကိုယ့်စိတ်ကြိုက် ရွေး လို့ ရသင့်ပါတယ်။
မဟုတ်လား။
ဒါထက်ပိုရင်လဲ ပုဒ်မတပ်ခံရပြန်ဦးမယ်။
ရာသီဥတုမကောင်းပြန်ဘူး။
ဒီတော့
မောတွားဘီ။ ဒါဘဲ။
:harr:
Foreign Resident
November 15, 2012 at 6:00 am
အကြမ်းဖျင်းအားဖြင့် အဘ က ကို အင်္ဂ ါZ ရဲ့ Comment တွေကို ထောက်ခံတယ် ။
” စိတ်ဓါတ်အောက်တမ်းနောက်တမ်းကျတာက
ဆင်းရဲမွဲတေခြင်းရဲ့ ရာခိုင်နှုန်းတော်တော်များများ သော
အကြောင်းအရင်းခံ ဖြစ်တော့တာကိုး ”
” ကြိုးစားပြီး ကြီးပွားချမ်းသာတိုးတက်သွားတယ် ဆိုတဲ့လူတွေဆိုတာ
ရေရေလည်လည် ဒုက္ခခံခဲ့ကြ ခံခဲ့ရတာကလား..။
အပေါ်က အန်တီအေး ရေးထားတဲ့ သူ့အဖေ ဖြတ်သန်းပုံက
သက်သေကောင်း တခုပါပဲဗျာ ”
” ကျုပ်တို့ လူမျိုး ဆင်းရဲတယ် ဆင်းရဲတယ်နဲ့ ..
တကယ်တမ်းမှာကြိုးစားအားထုတ်မှုပိုင်း ခြွေတာတာရေးပိုင်း
ဒုက္ခခံနိုင်မှုပိုင်း အားနည်းနေတုန်းပဲလို့ မြင်မိပါတယ် ”
” ဆင်းရဲမွဲတေမှု ကို တိုက်ဖျက်ကြမယ် ဆိုရင်ဖြင့်
ကိုယ်ကိုယ်တိုင် အဆိုပါစာရင်းကနေ နှုတ်ထွက်နိုင်အောင် ကြိုးစားကြခြင်းကပဲ
လက်တွေ့အကျဆုံးနဲ့ အဖြစ်နိုင်ဆုံးကိစ္စလို့ မြင်မိပါကြောင်း “
Foreign Resident
November 15, 2012 at 6:00 am
စကားမစပ် garuda ရဲ့ ၊
” ကိုယ့်လူမျိုးက ( မြန်မာလူမျိုး ) ကိုယ့်ကိုပြန်ဖိနှိပ်ခြင်းခံရတဲ့အဖြစ်ဟာ ဘယ်ဖိနှိပ်ခံရတာနဲ့မှ မတူဘူး။
ပြန်ထဖို့ရ မလွယ် စိတ်ဓာတ်ရိုက်ချိုးခြင်းခံလိုက်ရတာပါ ” ဆိုတဲ့ စကားလေးကလည်း ၊
ထပ်ချဲ့ပြီးတော့ တွေးချင်စရာလေးပဲဗျ ။
ဒါပေမယ့် ၊ ဒါလောက်လေးနှင့် စိတ်ပျက်သွားတယ်ဆိုရင်လည်း မဟုတ်သေးဘူးဗျ ။
အောင်ဆန်းသူရိယ သီဟသူရ သူရ ဗိုလ်ချုပ်တကာ့ဗိုလ်ချုပ်မှူးကြီး ရှူံးနိမ့်မှုများနဲ့.. လူ
November 15, 2012 at 7:32 am
ဇဂါးမစပ်ဗျာ..
ဘဖောရေ… ကျော်ကတော့ ဘဖောတို့နဲ့ အမျုးိချင်းစပ်ရင် နည်းနည်းတူနိုင်မယ့် မောသျှမ်း (တိုင်းကော့)တော့ မဟုတ်ပါကြောင်း… သို့သော်လည်း ကျွန်တော့်မှာ မခံချင်စိတ်ရှိပါတယ်… ဘဖောပြောသလို မြန်မာတွေ မကြိုးစားကြတာ မှန်ကောင်းမှန်ပေမပေါ့… ဒါကို တတ် သိ နားလည်သူတွေက ထောက်ပြရမှာပဲလေ..
ဆိုတော့ကာ….
အစက ဘဖောပြောတာတွေ ဟုတ်တယ်… နောက်တော့ စစ်ပြေးလာတဲ့ တရုတ်တွေ ဥပမာပြတယ်… ဒါလဲမှန်ပါတယ်… နောက်တော့ ဘဖောတို့ တစ်မျိုးလုံးနဲ့ယှဉ်ရင် ဗမာတွေ စောက်သုံးလုံးလုံးမကျဘူးဖြစ်လာရော… ဒါတော့မှားတယ်…
အမှန်တော့ ကျွန်တော်တို့ မြန်မာလူမျိုးတွေ အရာရာနှိမ့်ချခံထားရတော့ ကိုယ်ပိုင်အတွေးအခေါ်တွေ၊ စဉ်းစားဆင်ခြင်နိုင်စွမ်းတွေ ကင်းမဲ့နေတာပါပဲ… ဂလိုဆို အစိုးရက ခွင့်ပြုထားတဲ့ ဘုန်းတော်ကြီးတွေတရားကလဲ ကျွန်တော်တို့ မြန်မာပြည်သူ/သားတွေရဲ့ လူနေမှုဘွတွေကို အတော်လေး လွှမ်းမိုးတာလား… မေတ္တာတရား၊ ခန္တီစတရားတွေ လက်ကိုင်ထားနေလိုက်တာ.. မတရားအနိုင်ကျင့် အုပ်ချုပ်ခံနေရတုန်းကလဲ သူ့ဝဋ္ဋ်သူပြန်လည်ပါလိမ့်မယ်၊ ကိုင်းခုလိုကျတော့လဲ အမှားသိပြီး အမှန်ပြင်လာတာပဲလေ၊ ပြုတ်သွားတဲ့သူတွေကျတော့လဲ ခုတစ်ဘဝလေး ကောင်းစားတာပါလေဆိုပြီး သူများလုပ်နေသမျှတွေပဲ လိုက်ပြီး ဝေဖန်၊ လေကန်၊ တရားတွေပဲ ရင်ဝယ်ပိုက်ထားသလိုနဲ့ တစ်ကယ့်တစ်ကယ်တော့ ခရိုနီဆိုတဲ့ ကြိုးစားရုန်းကန်နေသူတွေ၊ လူပါး လူနပ်တွေပဲ ကောင်းစားနေတာမလား…
ခေတ်တွေဘယ်လိုပြောင်းပြောင်း၊ စနစ်တွေ ဘယ်လိုပြောင်းပြောင်း သူတို့ကတော့ ပိုနေမြဲ ကျားနေမြဲပဲ
စကားမစပ်
ပြည်သူပိုင်တွေသိမ်းခဲ့တဲ့ ဦးနေဝင်းကြီးကလဲ ပြည်မကြီးသားပဲဗျ
အဘဖောတို့ ဇာတ်တူသား စားခံလိုက်ရတယ်ထင်ပါ့ဗျား
Foreign Resident
November 15, 2012 at 8:30 am
” ဗမာတွေ စောက်သုံးလုံးလုံး မကျဘူးဖြစ်လာရော ”
ကို ရှုံးလူရေ ။
အဘ ဒီ Post မှာ လူမျိုးရေးပြောလိုရင်း မရှိပါဘူးကွယ် ။
ဘယ်ဂလိုဖြစ်ပြီး ၊ ကို ရှုံး က” ဗမာတွေ စောက်သုံးလုံးလုံးမကျဘူး ” လို့ ပြောတယ်လို့
ခံစားလာရလည်း မသိဘူးကွယ် ။
အမှန်ကတော့ ဗမာတွေ ဆင်းရဲကြလွန်းလို့ ၊
ဂရုဏာ ဒေါသော နှင့် နှိုင်းယှဉ် ပြမိတဲ့အခါမှာ ၊
( အဘ ကလည်း တရုတ်ဆိုတော့ကာ ၊
နီးနီးစပ်စပ် ကိုယ်တွေ့ ဥပမာပေးစရာက သူတို့ပဲ ရှိသကိုးကွယ့် )
လူမျိုးရေး နဲနဲ ဆန်သလိုဖြစ်သွားရင် ၊ ခွင့်လွှတ်ပါကွယ် ။
သို့ပေသည့် ၊ အဘပြောတဲ့ အထဲမှာ
လိမ်ပြောတာလည်း တစ်ခုမှ မပါရပါကွယ် ။
” ဘုန်းတော်ကြီးတွေတရားကလဲ – – – – ”
ကို ရှုံး ပြောတာ ဟုတ်တယ် ။
အဘ အကျယ် မချဲ့ချင်လို့ ။
တော်ကြာ သူကြီးပါ ဝင်ပါလာဦးမယ် ။ ဟီ ဟိ ။
အဘတို့ ဘာသာရေးကလဲ ဗမာတွေကို ဆင်းရဲစေတဲ့ ၊
အကြောင်းရင်းတွေထဲမှာ ပါတယ် လို့ အဘ ထင်တယ် ။
သိပ် ရောင့်ရဲကြသကိုးကွယ့် ။
” ဦးနေဝင်းကြီးကလဲ ပြည်မကြီးသားပဲဗျ ”
ဟုတ်ပါတယ် ။
မှန်တာပြောရရင် ၊
ဗိုလ်ချုပ် စန်းယု မိန်းမ ကိုယ်တိုင် ၊ အဘတို့ အိမ်ရောက်လာပြီး ၊
လုတို့က ဘာမျိုး ၊ ဝတို့က ဘာမျိုး ဆိုပြီးကို ပြောသွားဘူးပါတယ် ။
ပြည်သူပိုင်သိမ်းတာကတော့ ၊ လူမျိုးရေးနှင့် သိပ်မဆိုင်လှပါဘူး ။
တရုတ် ၊ ကုလား ၊ ဗမာ အကုန်ခံလိုက်ရတာပါ ။
သူ့ခေတ်နှင့် သူကိုး ။
Fall Guy
November 15, 2012 at 5:00 pm
” ဗမာတွေ စောက်သုံးလုံးလုံးမကျဘူး ”လို့ပြောတယ်လို့
ခံစားမိတာတော့တကယ်ပါ။
အဲဒီလိုအပြောခံရတာမကြိုက်ပေမယ့်ငြင်းလို့လဲမရပါဘူး…။
ငယ်တုန်းကတော့တရုတ်တွေချမ်းသာတာတွေ့ရင်
ဘိန်းကုန်ကူးတယ်လို့ပြောကြတယ်..။
ဒါပေမယ့်ဒါဟာဗမာတွေ မကြိုးစားလို မချမ်းသာတာကို
ကာကွယ်တဲ့စကားမှန်း လက်တွေ့မှာသိလာပါတယ်..။
ကိုယ့်ပတ်ဝန်းကျင်မှာ အလုပ်ကို တစိုတ်မတ်မတ်ကြိုးစားနေသူ
အများစုဟာ တရုတ်တွေချည်း ဖြစ်နေတာပါ…။
ဗမာအများစုက အခြေအနေတခုမှာရောင့်ရဲနေခဲ့ကြပါတယ်..(ကိုယ်အပါဝင်)။
ရောင့်ရဲတယ်=ပျင်းတယ်လို့ ဆိုချင်ပါတယ်…။
တနေ့လုပ်မှတနေ့စားရပေမယ့်
လက်ထဲမှာ၃၊၄ ရက်စာလောက်စုမိရင်
ထိုင်စားနေသူတွေလဲအများကြီးတွေ့ဘူးပါတယ်…။
ချမ်းသာဖို့ပထမဆုံးအချက်ဖြစ်တဲ့ ဇွဲ၊လုံ့လ၊ဝိရိယ မှာတင်
အများကြီးကွာနေခဲ့ပါပြီ..။
အလုပ်ပိုလုပ်တဲ့သူဟာ အခွင့်အရေး ကိုပိုရမှာအမှန်ပါ..။
စွန့်စားရဲတဲ့စိတ်ကရှိမှလဲ
ချမ်းသာနိုင်မယ့်အခွင့်အရေးကိုဆုပ်ကိုင်နိုင်မှာပါ….။
တရုတ်တွေဆီမှာတွေ့ရတဲ့
တချို့အခွင့်အရေးဆုပ်ကိုင်မှု့တွေကိုမကြိုက်ပေမယ့်
သင်ယူစရာတွေလဲအများကြီးရှိနေပါတယ်….။
ဗမာလူမျိုးတွေဆင်ခြေပေးနေတာတွေရပ်စေချင်ပါပြီ…။
ပြောချင်တာကတော့
“ထလော့မြန်မာ ထလော့”
Foreign Resident
November 15, 2012 at 10:51 pm
ဆင်ခြေပေးနေတာတွေရပ်စေချင်ပါပြီ…။
ပြောချင်တာကတော့
“ ထလော့မြန်မာ ထလော့ ”
ဦးကြောင်ကြီး
November 15, 2012 at 11:18 am
မဟာဇနက ဇာတ်တော်ထဲမှာ ဘုရားလောင်း ဇနကမင်းသား သင်္ဘောပျက်တော့ မဟာသမုဒ္ဒရာထဲ ခုနှစ်ရက် မလျော့သောဇွဲနဲ့ ကူးခတ်နေလို့ မေခလာပင်လယ် နတ်သမီးကယ်တင်ခဲ့ရတယ်။ ဘုရားအလောင်းကိုးဗျ ကယ်မှပေါ့၊ မကယ်ရင် ရထားတဲ့ရာထူး ပြုတ်သွားမှာပေါ့။ ဟိုကလည်း ဘုရားအလောင်း၊ ဖြည့်လာတဲ့ပါရမီ လူသာမန် ယှဉ်နိုင်ရိုးလား။ ဒီလိုပဲပေါ့ အကြောင်းကံပါလာတဲ့တဲ့အခါ (ကံဆိုတာ တနည်းအားဖြင့် အစွမ်းသတ္တိ) ပြီးမြောက်နိုင်ဖို့ အထောက်အပံ့ပေးတယ်။ နွား၊ သမင်တွေ ကျားပေါက်စလေး တွေ့လို့ ကြီးလာရင် ကိုယ့်ကိုသတ်စားမည့်အကောင်မှန်း သိပေမဲ့ ဘာမှမလုပ်တတ်ဘူး၊ မြင်းတွေကျွဲတွေ တောထဲပြေးရင် လွတ်နိုင်ပေမဲ့ မပြေးတတ်ဘူး။ ဘာပြုလို့လည်း ခံရမည့်ကံ ပါလာတာကိုး၊ ဒါကို လူအသိနဲ့ မလုပ်ရကောင်းလား ဒေါသမထွက်သင့်ဘူး။ လူမှာလည်း အကြောင်းကံပေါ်မူတည်ပြီး အကျိုးတရားဖြစ်တယ်။ သိပ္ပံနည်းကျ စာရင်းအင်းဗေဒမှာလည်း ရေရှည်ကိုကြည့်ပြီးသာ ဖြစ်တန်စွမ်း ပရောဗဲဗလစ်တီးကို တွက်လို့ရတယ်။ ရေတိုခဏ ပြောကြေးဆိုရင်တော့ လားရာအမျိုးမျိုး ရှိသပေါ့ဗျာ။ ယေဘူယျ ကောက်ချက်ချဖို့ ခြုံငုံပြောရင်တော့ သတ်မှတ်လမ်းကြောင်း ရှိနေပြီးသားပဲ။ အားနည်းချက်ဆိုတာ ဘယ်မှာမဆို ရှိစမြဲမို့ ဘယ်အရာမှ ပုံသေယူလို့ မရစကောင်းဘူး။ ယူလိုက်ရင် ကိုယ်ရသင့်ရထိုက်တဲ့ အခွင့်အလမ်းတွေ ဆုံးရှုံးကုန်မှာပဲ။ ကံစီမံရာဆိုပေမဲ့ ကံတရားကို ဘယ်သူမှ ကြိုမမြင်နိုင်ဘူးလို့ လက်ခံထားကြတယ်။ သို့ပေမဲ့ ယေဘူယျအားဖြင့် သူ့ပက်တန်နဲ့သူ ရှိပြီးသားမို့ လူတထောင်မှာ တယောက် ဖြစ်နိုင်စွမ်းကို အားမကိုးမိတတ်ကြတော့ဘူး။ ဒါကဖြစ်လေ့ရှိတဲ့ လူ့သဘာဝ။
လခစားကို ကိုယ်ပိုင်လုပ်ငန်းရှင်က သနားမယ်။ ကိုယ်ပိုင်လုပ်ငန်းရှင်ကို ကုမ္မဏီအကောင်ကြီးသမားက သနားမယ်။ ကုမ္မဏီကြီးကို ဝေါလစထရိက စတော့ရှယ်ယာ ရင်းနှီးမြှုပ်နှံသူတွေကသနားမယ်။ သူတို့ကို အာဏာရှင်တွေကလည်း သနားမှာပဲ။ အဲဒီ အာဏာရှင်တွေကို လူကြားကောင်းအောင် ကြောင်သားစားပြနေရသေးတယ်လို့ ဟိုးအရင်ခေတ်က စေတလုံးပိုင်ရှင် ပဒေသရာဇ်မင်းတွေက ရယ်ပွဲဖွဲ့လိမ့်မယ်။ သူ့ကံနဲ့သူ လာတာလေ။
မက်ဒေါနား အိမ်ပြေးဘဝနဲ့ ကမာ္ဘကျော်အဆိုတော်ဖြစ်တာ အဟုတ်ထင်ပြီး ဘဝပျက်သွား အသုံးတော်ခံဖြစ်သွားရသူ မိန်းခလေး ဘယ်နှစ်သန်းရှိမယ် ထင်သလဲ။ လောကမှာ အောင်မြင်တာကိုသာ မီးမောင်းထိုးပြကြလို့ နောက်ကွယ်က ကျဆုံးမှု ကြေကွဲမှုများကို မေ့နေကြ၊ မမြင်ချင်ယောင် ဆောင်နေကြတာ။ စိတ်ဓာတ်မြှင့်တင်ရေး အတွက်ဒီလိုလုပ်ရတာ အပြစ်မတင်ဘူး၊ သို့သော် အမှန်တရားတခုအဖြစ် တယူသန်မဖြစ်ဖို့လိုတယ်။ နို့မို့ရင် လုပ်ရင်ဖြစ်ရမယ် အတ္တအစွန်းထဲ ရောက်သွားတတ်တယ်။ များသောအားဖြင့်တော့ အသက်ကြီးမှ ဖြတ်သန်းလာခဲ့သမျှ အတွေ့အကြုံ ပေါင်းစုံကို ပြန်ကြည့်ပြီး ကောက်ချက်ချတာ အကောင်းဆုံးပါပဲ။ ရှေ့ဘာဆက် ဖြစ်မလဲဆိုတာ ဘယ်သူမှ ကြိုမသိနိုင်ဘူးလေ…။ သိပြီးသားသူတွေ ပြောတာကို လိုက်ပြန်တော့လည်း ကိုယ်သန်ရာသန်ရာ ယူလိုက်ကြတာပဲ မဟုတ်လား….။
Stanley Low
November 15, 2012 at 4:33 pm
Cannot read all the comments of this post.
lynnsatyar
November 15, 2012 at 5:07 pm
“ချမ်းသာမှု မချမ်းသာမှု ဆိုတာ လူတယောက်ရဲ့ စိတ်ခံစားမှုနဲ့ တန်ဖိုးထားမှု အပေါ်မှာပဲမူတည်ပါတယ်။ ” အဲ့ စကားကို အပြည့်အဝထောက်ခံပါတယ်ခင်ဗျာ..။ လူတစ်ယောက်ဟာ ကိုယ်တန်ဖိုးထားတဲ့ အောင်မြင်မှု ချမ်းသာမှုကို လိုချင်ရင်တော့ အဲ့ဒါကို ရနိုင်တဲ့ အကြောင်းတွေ အပေါ်မှာ ကံ ၊ ဉာဏ် ၊ ဝီရိယ စိုက်ထုတ်ရမယ်လို့ မြတ်စွာဘုရားက ဟောတော်မူထားတာပဲ..။ အဲ့ဒီမှာမှ ကံ မှာ အတိတ်ကံ နဲ့ ပစ္စုပ္ပန်ကံ နှစ်ခု ထပ်ခွဲရင်…၊ အောင်မြင်ဖို့ ချမ်းသာဖို့ အကြောင်းတရား လေးခုပေါ့..။ ကျွန်တော်တို့ မြန်မာ လူမျိုးတွေဟာ တစ်ခုခု မအောင်မြင်ရင် ဖြစ်စေ ၊ တစ်ခုခု အောင်မြင်ရင်ဖြစ်စေ အတိတ်ကံ ဆိုတာကြီးကို ပုံချတတ်ကြတယ်…။ ကျန်တဲ့ အထောက်အပံ့ သုံးခုကို မေ့လျော့ထားတတ်ကြတယ်…။ တကယ့်တကယ်ဆို လေးချက်မှာ တစ်ချက်ယုတ်လျော့တာကို ကျန်တဲ့ သုံးခုနဲ့ မထေနိုင်စရာ မရှိပါဘူး…။ အရမ်းကြီးလေးလွန်းတဲ့ အကုသိုလ်ကံကြွေးရှိသူတွေက လွဲလို့ပေါ့…။ (ဘုရားလက်ထက်က ရဟန္တာ အရှင်တစ်ပါးဆို အကုသိုလ် ကံကြွေးကြီးလွန်းလို့ အဂ္ဂသာဝက ကိုယ်တော်ကြီးတောင် အဲ့အရှင်နဲ့ ဆွမ်းခံထွက်ရင် ဆွမ်းမရပါဘူးတဲ့ ။ တစ်ပါးတည်း ဆွမ်းခံကြွပြီး အဲ့ အရှင်ကို ပြန်လှူဒါန်း ကျွေးမွေးရပါသတဲ့ ။ လူအများစုမှာ အဲ့ဒီလောက် ကြီးမားတဲ့ ကံအကျိုးပေးမျိုး မရှိလောက်ကြပါဘူး….။) ကျွန်တော်အပါအဝင် လူ တော်တော်များများဟာ ကိုယ်ဘာဖြစ်ချင်တယ်ဆိုတဲ့ ပန်းတိုင်တစ်ခု မချကြပါဘူး…။ အဲ့လို ပန်းတိုင်တစ်ခု ချပြီး အဲ့ ပန်းတိုင်ကိုရောက်အောင် တစ်စိုက်မတ်မတ် ကံ ၊ဉာဏ် ၊ဝီရိယ အစွမ်းကုန် စိုက်ထုတ်မှုမရှိကြပါဘူး…။ ငွေကြေးချမ်းသာ ချင်တဲ့လူဟာ ငွေကြေးချမ်းသာမယ့် အကြောင်းကို လုပ်မှ ငွေကြေးချမ်းသာခြင်း အကျိုးကို ရမယ် ။ စိတ်ချမ်းသာချင်တဲ့လူက စိတ်ကို ချမ်းသာအောင် နေတတ် ၊ ခံယူတတ်ပါမှ စိတ်ချမ်းသာခြင်း အကျိုးကို ရမယ်….။ ပန်းတိုင်တစ်ခု ချပြီး အဲ့ ပန်းတိုင်ကိုရောက်အောင် တစ်စိုက်မတ်မတ် ကံ ၊ဉာဏ် ၊ဝီရိယ အစွမ်းကုန် စိုက်ထုတ်မယ် ဆိုရင် လေးချက်မှာ တစ်ချက်ယုတ်လျော့တာကို ကျန်တဲ့ သုံးခုနဲ့ မထေနိုင်စရာ မရှိပါဘူး…။ လို့ ကျွန်တော်ယူဆပါကြောင်း ကျွန်တော့်ရဲ့ မဖြစ်ညစ်ကျယ် ဉာဏ်လေးနဲ့ အစ်ကို အစ်မ အဘတို့ ကြားထဲ ဝင်မန့်သွားပါတယ် ခင်ဗျာ…။
Foreign Resident
November 15, 2012 at 10:32 pm
အတိတ်ကံ ဆိုတာကြီးကို ပုံချတတ်ကြတယ်…။
ကျန်တဲ့ အထောက်အပံ့ သုံးခုကို မေ့လျော့ထားတတ်ကြတယ်…။
မိုက်ကယ်ဂျော်နီအောင်ပု
November 15, 2012 at 7:57 pm
သိပ်လည်းဖင်ဂေါင်းမကျယ်နေဂျနဲ့အုန်း
ဆင်းစားကြစေလိုဘာဒယ်
ကြိုးစားဘာဒယ်ဆိုပြီး လူဒေအကုန်လုံး လောဘပျူးနေဂျရင်
ဒီလောကကြီးပျက်သွားမှာပေါ့
ပေါ့ပေါ့နေ ပေါ့ပေါ့စားဂျစမ်းဘာ
Foreign Resident
November 15, 2012 at 10:04 pm
” ကြိုးစားဘာဒယ်ဆိုပြီး လူဒေအကုန်လုံး လောဘပျူးနေဂျရင်
ဒီလောကကြီးပျက်သွားမှာပေါ့ ၊ ပေါ့ပေါ့နေ ပေါ့ပေါ့စားဂျစမ်းဘာ ”
ဒါကြောင့်လည်း ၊ အဘ ပု ၊ အဘ ပု ၊ ဆိုပြီး နာမည်ကြီးနေပေသကိုး ။
အဲ့ဒါမှ တကယ့် မတူသောအမြင် နှင့် ဖေါက်ထွက်တွေးခြင်းပဲ ။
ဟုတ်သားပဲ ၊ ဆင်းရဲသားတွေ မရှိတော့ရင် ၊ ဘယ်လို ဖြစ်လာမလဲ ။