ကြွေတော့မယ့်ညနေခင်းလေးများ……………..











13 စာဥတို့ကိုသတိရတဲ့ နေညိုချိန်တိမ်တောက်




“ကြွေသွားတဲ့ညနေခင်းလေးများ”
ကျနော်ဘဝမှာ1991ကနေစလို့ 2005 ညနေခင်းဆိုတာဘာမှန်းမသိခဲ့အောင်
အလုပ်ထဲမှာနစ်မြုတ်လို့နေခဲ့ပါတယ်။
ညနေခင်းများမှာစာရင်းအင်းတွေထဲမှာခေါင်းစိုက်
အလုပ်လုပ်ရတာက ထပ်ခိုးလေးမှာ။
လျှပ်စစ်မီးချောင်းရဲ့အရောင်သာရှိတဲ့အခန်းလေးခပ်မှောင်မှောင်။
ကိုယ်နဲ့လက်တွဲဖော် ကလေး သုံးယောက်နဲ့ဘဲနွေမိုးဆောင်းအချိန်တွေကုန်လွန်ခဲ့။
ကုန်လက်ကျန်တွေ ငွေလက်ကျန်တွေ ကိန်းဂဏန်းတွေနဲ့သာနစ်မြုတ်လို့နေခဲ့။
အလုပ်ပြီးတဲ့အချိန်က ညကိုးနာရီ။
ဒီလိုနဲ့ဘဝကြီးကိုဖြတ်သန်းလာခဲ့တာ ဆယ်စုနှစ်တစ်ခုကျော်ကျော်
2005ခုနှစ်နောက်ပိုင်းမှာတာ့ လုပ်ငန်းမှာလူတိုးတော့ လုပ်ငန်းအချို့ကိုခွဲဝေလို့ပေးနိုင်တဲ့အခါ
အလုပ်ကလဲစောပြီး။
နောက်လုပ်ငန်းကလဲ နေရာပြောင်းတော့ ညနေခင်းနေရောင်မြင်ရတဲ့နေရာလေးကိုရောက်လာ။
လှပသောညနေခင်းလေးများကိုတော့ခံစားလို့ရပါတယ်။
အခုနောက်ပိုင်းခရီးထွက်ရ ကင်မရာလေးနဲ့လက်ဆော့ခွင့်ရတော့ ငယ်ငယ်က မက်မောခဲ့တဲ့
လှပသော ညွှတ်နူးဘွယ်ကောင်းသောလွမ်းဖွယ်ကောင်းသော ရင်ခုန်ချင်စရာကောင်းသော
အရောင်စုံ ညနေခင်းလေးများကို မှတ်တမ်းတင်မိပါတယ်။
ကျနော်ငယ်စဉ်ကတည်းက နှစ်သက်ခဲ့သော ယခုတိုင်နှစ်သက်ဆဲဖြစ်သော
ကိုတိုးကြီး ကွယ်လွန်တယ်လို့ သိရချိန်မှာတော့ သူ့နာမယ်ကျော်သီချင်းဖြစ်တဲ့
“ဝေးခဲ့ပြီ ပန်းခရမ်းပြာ” သီချင်းထဲက “ကြွေသွားတဲ့ နုပျိုခြင်းများ ………….”ဆိုတဲ့
စာသားလေးက ကျနော်နားထဲမှာတော့
“ကြွေသွားတဲ့ ညနေခင်းများ ………….” လို့ဘဲကြားနေတတ်ပါတယ်။
အဲတော့ ရင်ထဲရောက်ရောက်လာတတ်တဲ့ ကိုယ်နှစ်သက်ခဲ့တဲ့ညနေခင်းလေးများရဲ့ ပုံလေးတွေကို
သတိရမိပြန်ပါတယ်။
အဲတော့ ကျနော်မှာရှိတဲ့ ညနေခင်းလေးများကို သွားလေသူ ကိုတိုးကြီးအမှတ်တရအဖြစ်……………………………………..
ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့
(16-11-2012)
13 comments
ကိုပေါက်(မန္တလေး)
November 16, 2012 at 9:23 am
လွမ်းစရာကောင်းတဲ့ညနေခင်းလေးများကို
ကိုတိုးကြီးအမှတ်တရအဖြစ်တင်ထားတာပါ။
ခိုင်ဇာ
November 16, 2012 at 9:29 am
ဟုတ်။ ကြည့်ပြီး လွမ်းသွားပါ၏။ (ကိုတိုးကြီး တစ်ယောက်တည်းကို ဖြင့်မဟုတ်ပါ) 🙂
Hnin Hnin
November 16, 2012 at 10:13 am
တောင်သမန်အင်းရဲ့ နေဝင်ဆည်းဆာအလှကို ဝေဒနာညနေခင်းလေးက
မတွန်းလှန်နိုင်ပါဘူးလေ…
Ma Ei
November 16, 2012 at 11:02 am
“ကြွေသွားတဲ့ညနေခင်းလေးများ”
ကို ခံစားလို့ လွမ်းမိရတာတွေလဲ
တစ်ခါတစ်ရံမှာ အိမ်မက်လို ပါဘဲနော်……..
မောင်ပေ
November 16, 2012 at 12:02 pm
အေးဗျာ
ကိုတိုးကြီး ရဲ ့သီချင်းအားလုံးကိုမကြိုက်ခဲ့ပေမယ့်
ပန်းချစ်သူ သီချင်းကိုတော့ တော်တော်လေးကို ကြိုက်ခဲ့တာပါ
ကိုတိုးကြီး ကောင်းရာသုဂတိလားပါစေဗျာ
blackchaw
November 16, 2012 at 1:34 pm
ကိုတိုးကြီးကို လွမ်းတဲ့စိတ်နဲ့
ညနေခင်းလေးတွေကို ခံစားသွားပါတယ်ကိုပေါက်ရေ…။
လေးစားခင်မင်တဲ့…
ဘလက်ချော…။
weiwei
November 16, 2012 at 2:22 pm
အခု ၂ နှစ်အတွင်း ညနေခင်းတွေကို ခံစားလို့ရနေပါတယ် … အိမ်ခန်းက ခပ်မြင့်မြင့်နဲ့ အနောက်ဘက်မှာလဲ မြစ်တစ်ခုရှိနေတော့ လှပတဲ့ ညနေခင်းတွေကို ခံစားရင်း နေဆိုတာ မဝင်ခင်မှာ ပိုတောက်ပြီး အလှဆုံးဖြစ်တာကို သတိထားမိခဲ့ပါတယ် …
Ko Khin Kha ( သရီးကေ )
November 16, 2012 at 4:20 pm
ပုံလေးတွေကြည့်ပြီး လွမ်းတော့လွမ်းချင်ပါတယ် ကိုပေါက်ရေ။
ခက်တာက ဘာကိုလွမ်းရမှန်း မသိတာဘဲ။
ဆည်းဆာသည် တစ်ခါတရံ အလှပန်းချီအဖြစ် ရှိတဲ့အခါမှာပေါ့။
•*¨နန်းတော်ရာသူ •*¨
November 16, 2012 at 7:43 pm
ကိုပေါက်ကလက်ဆော့ထားပေမယ့် ပရော်ဖက်ရှင်နယ်ပါပဲ။
ကင်မရာကလည်းတော်တော်ကောင်းပုံနော်။
ညနေဆည်းဆာအပြင် ကာလာတွေရဲ့အတိမ်အနက်ကိုပါခံစားလို့ရတယ်။
ဒါနဲ့စကားမစပ်
{ကျနော်ဘဝမှာ1991ကနေစလို့ 2005 ညနေခင်းဆိုတာဘာမှန်းမသိခဲ့အောင်
အလုပ်ထဲမှာနစ်မြုတ်လို့နေခဲ့ပါတယ်။}
1991 ဆိုရင် နန်းတော်ရာသူက ၂ တန်းကျောင်းသူပဲရှိဦးမယ်။ကိုပေါက်လုပ်ငန်းခွင်ဝင်နေပြီလား။
ကိုပေါက်(မန္တလေး)
November 16, 2012 at 10:06 pm
နန်းတော်ရာသူရေ
(ပရော်ဖက်ရှင်နယ်ပါပဲ။
ကင်မရာကလည်းတော်တော်ကောင်းပုံနော်။)
ကတော့ မှားပါတယ်ကွယ်။
ရွာထဲမှာ ကိုပေါက်က အပျော်တမ်းလက်ဆော့သူအစစ်
ကင်မရာ ဆရာကြီးတွေက ရွာထဲမှာ အများကြီးရှိပါ၏။
နောက်ကျနော်သုံးတဲ့ ကင်မရာက အိမ်သုံး ကင်နွန် မော်ဒယ် A2200 ပိစိကွေးလေးပါကွဲ့။
ကံကောင်းထောက်မစွာနဲ့ လှသောနေရာကို တိုက်ဆိုင်စွာရောက်သွားလို့ပုံကောင်းတွေရတာပါကွဲ့
အားပေးတာ ကျေးဇူးတင်ပါ၏
အလင်းဆက်
November 16, 2012 at 8:57 pm
အင်း.စိတ်ကူး…ထိုင် ..ယဉ် ဖို့ကောင်းလိုက်တဲ ့..
ညနေခင်း..မြင်ကွင်း…
🙂
Mလုလင်
November 17, 2012 at 12:55 am
ဦးပေါက် ရေ …. ပိုစ့် တွေ တွေ့ပေမယ့် .. မမန့်ဖြစ်ဘူး ဖြစ်နေတယ်ဗျာ … သေချာ တာ ပြောရရင် … ဓာတ်ပုံလေးတွေ ပို ကြွ လာတယ်ဗျို ့ …..။
ကိုပေါက်(မန္တလေး)
November 17, 2012 at 6:22 pm
လုလင်ရေ ဟိုနေ့က ဘိုသော့နဲ့ငါ မန်းလေးတောင် မင်းနဲမနက်အစောကြီးသွားတဲ့နေရာ
နောက်ရက်မနက်တောင်သမန်
သွားရိုက်ဖြစ်တယ် အခုဥပုဒ်နေ့ဆိုရင် မနက်စောစော အတူထွက်ဖြစ်တာ 2ခါရှိပြိ
ပလိပ်အင်းသွားမယ်လို့ စိတ်ကူးထားကြတယ်
မင်းကို ဓါတ်ပုံသွားရိုက်တိုင်းသတိရတယ်ဟေ့
ပုံတွေကကြွဆို ခြေဖျားထောက်ရိုက်တားတာ