Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အစာကို ဆေးဝါးအဖြစ် အသုံးချပြီး ကျန်းမာအောင်နေကြပါစို့

ခင္ခNovember 16, 20121min76525

အစာကို ဆေးဝါးအဖြစ် အသုံးချပြီး ကျန်းမာအောင်နေကြပါစို့

ခင်ခ အသီးအရွက်တွေ သစ်သီးတွေ၊ အသားစားခြင်း ငါးစားခြင်းတွေ၊ အရက်ကိုဘယ်လိုသောက်သင့်တာတွေ အဲဒီလို အမျိုးမျိုး ကျန်းမာရေးဗဟုသုတ မျှဝေရေးခဲ့ပါတယ်၊ အဲဒီရေးခဲ့တာတွေထဲက အဓိက အကျိုးဖြစ်စေတဲ့ အချက်လေးတွေကို တစ်စုတစ်စည်းထဲပြန်လည်ပြုလုပ်ပေးလိုက်တာပါ။

အစားအသောက်ဆိုတာ နေ့စဉ် သင့်ကျန်းမာရေးအတွက် ဆေးတစ်လက်ပါ။  ကျန်းမာဖို့ရာအတွက် တစ်နေ့ သုံးကြိမ်စားလေ့ရှိတဲ့ အစားအသောက်ထဲမှာ ဘယ်လို အာဟာရကို များများ ထည့်စားသင့်ပြီး ဘယ်လိုအစား အသောက်တွေကို လျှော့စားသင့်တယ်၊ ရှောင်သင့်တယ်ဆိုတာ သိစေဖို့ အတွက် အောက်ပါအချက်လေးတွေ ဗဟုသုတ အဖြစ်သိထားကြရင်ဖြင့်။

(၁) ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ

တစ်နေ့တာမှာ မပါမဖြစ် ထည့်စားသင့်တဲ့အရာက ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေ ဖြစ်ပါတယ်။ ဥပမာ အားဖြင့် တစ်နေ့ကို ထမင်းသုံးကြိမ်စားရင် သုံးကြိမ်စလုံးမှာ ဟင်းသီးဟင်းရွက် ပါဝင်သင့်ပါတယ်။ သစ်သီးတွေ ကိုတော့ သရေစာအနေနဲ့ ထည့်စားပေးပါ။ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေက အရောင်ရင့်လေ အာဟာရ တန်ဖိုး ပိုရှိလေဖြစ်ပါတယ်။ ဒေသထွက်ဖြစ်ရင်၊ ဩဂဲနစ် အမျိုးအစားဖြစ်ရင်၊ သင့်လက်နဲ့ ကိုယ်တိုင်စိုက်ပျိုး ထားတဲ့ အပင်ထွက်ပစ္စည်းဖြစ်ရင် သင့်ကျန်းမာရေးအတွက် အာနိသင် ပိုရှိပါတယ်။

(၂) အသားနှင့် ငါး

လေ့လာမှုတစ်ရပ်အရ ပြုပြင်ထားမှု မရှိတဲ့ အနီရောင်အသားကို နေ့စဉ်စားတာကြောင့် အရွယ်မတိုင်ခင် သေဆုံး နိုင်ခြေ ၁၃ ရာခိုင်နှုန်း မြင့်တက်ပြီး ပြုပြင်ထားတဲ့  အနီရောင်အသား (ဝက်ပေါင်ခြောက်၊ ဝက်အူ ချောင်း၊ အမဲခြောက်) ကို စားတာကြောင့် အရွယ်မတိုင်ခင် သေဆုံးနိုင်ခြေ ၂ဝ ရာခိုင်နှုန်း မြင့်တက်မှု ရှိကြောင်း သိရပါတယ်။  အနီရောင် အသားအစား ငါးကို အစားထိုးစားတာကြောင့် အရွယ်မတိုင်ခင် သေဆုံးနိုင်ခြေကို ရ ရာခိုင်နှုန်း လျော့ကျစေကြောင်း၊ အနီရောင်အသားအစား အခွံမာတဲ့ အစေ့အဆန်ကို အစားထိုး စားပေးမယ် ဆိုရင် အရွယ်မတိုင်ခင် သေဆုံးနိုင်ခြေကို ၁၉ ရာခိုင်နှုန်း လျော့ကျစေကြောင်းနဲ့ ပဲအမျိုးမျိုးကို အစားထိုးစား ပေးမယ်ဆိုပါမူ အရွယ်မတိုင်ခင် သေဆုံးနိုင်ခြေကို ၁ဝ ရာခိုင်နှုန်း လျော့ကျစေကြောင်း သိရပါတယ်။

(၃) ကဖင်း

ကော်ဖီကို အသင့်အတင့် သောက်ရင် ကျန်းမာရေးအတွက် ကောင်းပါတယ်။ ကော်ဖီစေ့ဟာ အပင်ထွက် အစာ ဖြစ်လို့ ရောဂါကာကွယ်နိုင်တဲ့ ဖိုင်တိုကမ်မီကယ်လ် ဒြပ်ပေါင်းများစွာ ပါဝင်ပါတယ်။ ကဖင်းဓာတ်များများ သောက်ရင် ရေဓာတ် ခန်းခြောက်စေပြီး ပူပင်သောက များတာနဲ့ စိတ်ဖိစီးမှုတို့ကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့မှာ ကော်ဖီ တစ်ခွက်-နှစ်ခွက်ထက် ပိုမသောက်သင့်ပါ။

(၄) ကောက်နှံစာ

အခွံချွတ်ထားတဲ့ ကောက်နှံစာကိုတော့ လျှော့စားသင့်ပါတယ်။ အခွံချွတ်မထားတဲ့ ကောက်နှံစာ (ဆန်လုံးညို၊ အညိုရောင် ခေါက်ဆွဲ၊ ပေါင်မုန့်ညို) စတာတွေကို အစားထိုးစားပေးရင် သင့်ကျန်းမာရေးကို ပိုမို ကောင်းမွန်စေ ပါတယ်။

(၅) အဆီဓာတ်

အဆီဓာတ်ဟာ ဦးနှောက်ကို အလုပ်လုပ်ဖြစ်စေပြီး စွမ်းအင်ကို ကြာကြာပေးနိုင်ပါတယ်။ ဒါပေမဲ့ ကျန်းမာရေး အကျိုးပြုတဲ့ အဆီကို ရွေးချယ်တတ်ဖို့တော့ အရေးကြီးပါတယ်။ အမဲဆီ၊ ဝက်ဆီစတဲ့ တိရစ္ဆာန်ထွက် အဆီ တွေနဲ့ စားအုန်းဆီတွေလို အခန်းအပူချိန်မှာ ခဲသွားတဲ့ အဆီတွေကို ရှောင်ရပါမယ်။ ထောပတ်သီးအဆီမှာ အမျှင်ဓာတ်၊ ပိုတက်စီယမ်၊ ဗီတာမင်အီး၊ ဗီတာမင်ဘီနဲ့ ဖောလစ်အက်စစ်တို့လို မရှိမဖြစ် အာဟာရဓာတ် ၂ဝ နီး ပါး ပါဝင်တာကြောင့် စားသင့်တဲ့အဆီပါ။ သံလွင်ဆီမှာလည်း အိုလစ်အက်စစ်ပါဝင်မှု များတာကြောင့် ရင်သား ကင်ဆာ မဖြစ်အောင် ကာကွယ်နိုင်ကြောင်း လေ့လာမှု အများအပြားအရ သိရပါတယ်။

(၆) သကြား

အခွံချွတ်ထားတဲ့ သကြားဖြူတွေက သွေးတွင်း သကြားဓာတ်ကို မြင့်တက်စေနိုင်ပါတယ်။ သကြားဖြူကို များများစားရင် အဒီနယ်ဂလင်းကို လှုံ့ဆော်မှု ဖြစ်စေတဲ့အတွက် ဟော်မုန်းမမျှတမှုဖြစ်ကာ စိတ်ပိုင်းဆိုင်ရာ လှုပ်ရှားမှု ဖြစ်စေနိုင်ပါတယ်။

(၇) အယ်လ်ကိုဟော

တစ်နေ့မှာ အမျိုးသမီးတစ်ဦးက ဝိုင်တစ်ဖန်ခွက်၊ အမျိုးသားတစ်ဦးက ဝိုင်နှစ်ဖန်ခွက် သောက်တာက အန္တရာယ် ကင်းပါတယ်။ ခန္ဓာကိုယ်က ဒီအယ်လ်ကိုဟော ပမာဏကို ချေဖျက်နိုင်လို့ပါ။ ဒါပေမဲ့ ဒီထက်ပိုပြီး သောက်ရင် ကျန်းမာရေးအတွက် မကောင်းတော့ပါဘူး။ ဝိုင်နီမှာပါတဲ့ အင်တီအောက်ဆီးဒင့်မှာ ရောင်ရမ်းမှုကို လျော့ကျစေ တဲ့ အစွမ်းရှိတာကြောင့် အသင့်အတင့်သောက်ရင် နှလုံးကျန်းမာစေပါတယ်။

(၈) နို့နှင့် နို့ထွက်ပစ္စည်း

ကယ်လ်စီယမ်ဓာတ် ရရှိစေမယ့် နို့နဲ့ နို့ထွက်ပစ္စည်းတွေကိုလည်း နေ့စဉ် မှီဝဲသင့်ပါတယ်။ အဆီနည်းတဲ့ ဒါမှ မဟုတ် အဆီမပါတဲ့ နွားနို့၊ ဒိန်ချဉ်၊ ဒိန်ခဲ စတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေကို သောက်ပါ။

(၉) အိုမီဂါ ၃ ဖက်တီးအက်စစ်

လူ့ခန္ဓာကိုယ်ဟာ အိုမီဂါ ၃ ဖက်တီးအက်စစ်ကို မထုတ်နိုင်ပါဘူး။ ဒါကြောင့် ဒီအကျိုးပြုအဆီကို  စားတဲ့အစာက ရယူဖို့ လိုပါတယ်။ အရွယ်ရောက် လူကြီးတစ်ဦးက အိုမီဂါ ၃ တစ်နေ့ ၁ ဒသမ ၄ – ၄ ဒသမ ၆ ဂရမ် လိုအပ်ပြီး အိုမီဂါ ၆ကို တစ်နေ့ ၈ – ၁၄ ဂရမ် လိုအပ်ပါတယ်။ ဒါတွေက ပိုလီမပြည့်ဝဆီတွေဖြစ်လို့ ကျန်းမာရေးအတွက် ကောင်းကျိုးပေးပါတယ်။

(၁၀) မာလ်တီဗီတာမင်

တစ်နေ့တာအတွက် လိုအပ်တဲ့ အာဟာရဓာတ်ကို မရရင် အရည်အသွေးမြင့် ဖြည့်စွက်ဆေးတစ်လုံးကို သောက်သင့်ပါတယ်။ သင့်ကျန်းမာရေးအတွက် သင့်တော်တဲ့ မာလ်တီဗီတာမင် ဖြည့်စွက်ဆေးကို ဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့ သောက်ပေးပါ။

 

ခင်ခရေးပေးတာက ခင်ခဖတ်ဖူးသမျှကို ရွာစကားဝိုင်းထိုင်ပြီး အလာပသလာပ သဘောမျိုးပြန်လည်ဖောက် သည်ချပြောတဲ့အဆင့်လောက်ဘဲနော်၊ လိုက်နာပြီးလုပ်ကြပါလို့ မဆိုလိုခဲ့ဘူးနော် ဗဟုသုတအနေနဲ့ မိမိသိ သလောက် မိမိချစ်ခင်တဲ့ ပတ်ဝန်းကျင်ကို ပေးသိရုံသက်သက်ပါဘဲဗျာ။ မိမိကျန်းမာရေးနဲ့ပက်သက် လာရင် တော့ ဆရာဝန် တွေနဲ့တိုင်ပင်ပြီး ဆောင်ရွက်ကြပါလို့ တိုက်တွန်းရင်း ခင်ခရဲ့ ကျန်းမာရေးဗဟုသုတ မျှဝေခြင်းကို ဒီမှာဘဲ အဆုံးသတ်ပါရစေလို့—-။ အားလုံးကျန်းမာချမ်းသာကြပါစေ။

 

ဖတ်ရှု့အားပေးသူအပေါင်းကျေးဇူးပါ။

ကိုခင်ခ

 

25 comments

  • Hnin Hnin

    November 16, 2012 at 1:31 am

    (၁) ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေက အရောင်ရင့်လေ အာဟာရတန်ဖိုး ပိုရှိလေ
    ဆိုတာ မှတ်သွားပါတယ်..
    (၂) သေဆုံးနိုင်ချေ အနည်းဆုံးဖြစ်တဲ့ အခွံမာတဲ့ အစေ့အဆန် နဲ့ ပဲအမျိုးမျိုးကို
    ကြိုက် တဲ့သူပါ..စားလည်း စားပါတယ်…
    (၄) သံလွင်ဆီကတော့ ဈေးကြီးလို့ သုံးချင်ပေမယ့် မသုံးပါ..ဟင်းချက်ရာမှာ
    ပဲပိစပ်ဆီ၊နေကြာဆီ၊ပြောင်းဖူးဆီတို့ကို သုံးပါတယ်…ကိုကြီးကလည်း
    ညနေက သံလွင်ဆီနဲ့ချက်ပါလားတဲ့..ခု ကိုခကလည်း တိုက်တိုက်ဆိုင်ဆိုင်
    ရင်သားကင်ဆာ မဖြစ်အောင်ကာကွယ်တယ်ဆိုတော့ အင်း…မေမေ့သတိရပြီး
    စမ်းသုံးကြည့်ရတော့မလားပဲ…
    (၆) သကြားကတော့ သက်သတ်လွတ်သမားတွေ များများမစားသင့်ဘူးလို့
    တီဗီကနေ ကြားလိုက်ရတယ်…မောပန်းစေလို့တဲ့ (ဝေမျှခြင်းပါ)

    မသိသေးတဲ့ နံပါတ်တွေကို မှတ်သားသွားပါတယ်..
    ကိုခကိုလည်း ဒီလိုကျန်းမာရေး အသိတွေပေးတဲ့အတွက် အများကြီးကျေးဇူးတင်ပါတယ်..

    • Ko Khin Kha ( သရီးကေ )

      November 16, 2012 at 9:16 am

      ဦးဆုံးကွန်မန့်ပေးကာ ဝင်ရောက်ဖတ်သွားတဲ့ မနှင်းနှင်းရေ ခင်ခက ကျေးဇူးတင်ပြန်ပါပြီဗျာ။
      အချိုကဲသကြားများများစားရင် သွေးကိုတိုးစေလို့ သွေးတတ်တာဖြစ်ကာ နှလုံးခုန်မှု့နှုန်းမြန်လာလို့
      မောပန်းမှု့ဖြစ်စေတာပါ၊ သတ်သတ်လွတ်သမားမှမဟုတ်ပါဘူး ဘယ်သူဘဲဖြစ်ဖြစ် အချိုများများစားရင်
      ဖြစ်တတ်ပါတယ်ခင်ဗျ။
      သံလွင်ဆီကဈေးကြီးတာမှန်ပါတယ်၊ ဒီလိုသုံးရင်လည်းရနိုင်ပါတယ် ဆီနဲ့အတူစားမယ့်ဟင်းတွေမှာ သံလွင်ဆီသုံးပြီး( ဥပမာ-ငါးဆီပြန်ဟင်း၊ ဝက်ပုန်းရည်ကြီး၊ အသုတ်တစ်ခုခုအတွက် ဆီချက် တို့ပေါ့)၊
      အခြားဆီကုန်လွယ်တဲ့ အကြော်တွေကိုတော့ သင့်လျော်ရာသုံးပေါ့၊ သူကဘေကာ်ပြီးဆီပြန်စစ်ထားတာလေ၊ ဒါဆိုရင်ကုန်ကျစရိတ်လဲ အရမ်းမပိုသလို ကျန်းမားရေးအတွက်လည်း အဆိုးကြီးမဖြစ်ပေါ့ဗျာ။

      • Hnin Hnin

        November 16, 2012 at 9:57 am

        ဟုတ်တယ်နော်..ကိုခပြောသလို…မျှစားကြည့်မယ်…အဲ့ရောဂါဖြစ်မှာ စိုးကြောက်
        လို့ ဒီနေ့ပဲ သံလွင်ဆီ တစ်ပုလင်း အနားစတိုးဆိုင်က သွား ‘မ’ လိုက်တော့မယ်… 🙂 …သုံးရကြိုက်၊အဆင်ပြေ၊အကြောင်းတိုက်ဆိုင်ရင် အကြောင်းပြန်ပါမည်…

  • အရီးခင်လတ်

    November 16, 2012 at 5:30 am

    ဒီလိုကျန်းမာရေး အသိတွေကို ရပ်မပစ်ပါနဲ့လို့ ပြောချင်ပါတယ် ၃ကေ ရယ်၊
    တစ်ခြားစာတွေကြားမှာ ကြုံရင်ကြုံ သလိုလေး ကြားဖြည့်ပေါ့။

  • P chogyi

    November 16, 2012 at 9:10 am

    အသိပညာဗဟုသုတတွေမျှဝေပေးတဲ့အတွက်ကျေးဇူးပါ
    မှတ်သားလိုက်နာသွားပါမယ်။

  • ခိုင်ဇာ

    November 16, 2012 at 9:41 am

    ဝိုင် တစ်ဖန်ခွက်က ဘယ်လောက်ကြီးတုန်း။ အနော့မှာ ၁ လီတာ ဖန်ခွက်ကြီးရှိလို့။ :harr:

  • Ko Khin Kha ( သရီးကေ )

    November 16, 2012 at 10:00 am

    ပုံမှန်ဝိုင်တစ်ခွက်ကိုမှ ပုံမှန်ထဲ့တတ်ကြတာ ဖန်ခွက်ရဲ့ သုံးပုံ နှစ်ပုံလောက်ပါ လီတာအနေနဲ့ 0.3 လောက် ဘဲရှိမယ်ထင်ပါတယ် ။ ပြီးတော့ ဝိုင်သောက်ရင် ဖန်ခွက်က မကိုင်ဘဲ ဖန်ခွက်ရဲ့အောက်ခြေတိုင်လေးကဘဲ ကိုင်သောက်ကြတာလဲ ဝိုင်သောက်တဲ့ ပုံမှန် အပြုမူလေးပါ။

    • kai

      November 16, 2012 at 12:29 pm

      ဝိုင်ခွက်အောက်ခြေတိုင်ကို.. လက်ချောင်းတွေနဲ့ညှပ်ပြီး.. ခွက်ကို..အောက်ခြေကအုပ်ကိုင်…
      အဲလိုလုပ်ရင်.. လက်အပူငွေ့နဲ့.. ဝိုင်အမွေးဓါတ်ကလေးတွေ.. ပိုထွက်လာတယ်ဆိုပါတယ်..။

      ဝိုင်ထုတ်..သောက်တဲ့..တိုင်းပြည်တွေက.. အေးကြတာမို့ပါတဲ့..။
      သိသလောက်လေး. :harr:

  • Fall Guy

    November 16, 2012 at 10:29 am

    လူကတော့ပိန်သလိုဘဲ ဗိုက်ကဝနေတာ မျှချေဖြစ်သွားအောင် ဘယ်လိုလုပ်ရမလဲဗျ..ကိုခင်ခ…

  • Ko Khin Kha ( သရီးကေ )

    November 16, 2012 at 11:26 am

    အဲ ဆရာဝန်ဆီမေးပါဗျာ အနော်တော့ဖြေတတ်တော့ဘူး Fall Guy ရေ၊ ဘီယာဗိုက်လားမေးရအောင်လည်း
    Fall Guy က မသောက်တတ်ရင်ဖြင့်မို့လေ။

    • Fall Guy

      November 16, 2012 at 5:15 pm

      ဘီယာဗိုက်ဗျို့… . ဘီယာကြိုက်ပေမယ့် ဗိုက်ကိုတော့မကြိုက်ဘူးဗျ….။

  • မောင်ပေ

    November 16, 2012 at 12:21 pm

    လေးခရေ
    အနော်ကတော့ ညနေတိုင်း ထမင်းစားရင် ရုံးပတီသီးနုနုလေးတွေပြုတ်ပြီး ငပိရည်နဲ ့တို ့စားတယ်
    ပြီးရင် ဖီးကြမ်းငှက်ပျောသီး မှည့်မှည့်တစ်လုံး နဲ ့ အေဘီစီ ဘီယာတစ်လုံးသောက်တယ်
    အဲဒါ ကောင်းလားဟင်

  • Ko Khin Kha ( သရီးကေ )

    November 16, 2012 at 1:42 pm

    ှဆရာပေရေးပြတဲ့ နည်းကိုအဟုတ်လုပ်ပြီး ဆာဒူကြီးမောင်ပေ ဆေးနည်းဆိုပြီးဖြစ်ခဲ့သလားလို့။
    သေချာတော့မမှတ်မိတော့ဘူးဗျာ။ အဲဒါကိုတော့ဖတ်ဖူးသမျှထဲ မတွေ့မိသေးလို ဆရာပေရဲ့ နည်းသစ်ဆိုပြီး
    နောက်မျှဝေရေးပစ်လိုက်အုံးမလားလို့။

  • Ma Ei

    November 16, 2012 at 3:42 pm

    တစ်နေ့ကို ကော်ဖီ သုံး လေးခွက် ဖြစ်ဖြစ်နေတာ
    ပူပင်သောက များတာနဲ့ စိတ်ဖိစီးမှုတို့ကို ဖြစ်စေနိုင်တယ်ဆိုတဲ့
    ကိုခင်ခ 3K ရဲ့ စာဖတ်ပြီး နဲနဲလျှော့ရပါတော့မယ်…

    • ဦးခင်ခ

      November 17, 2012 at 8:49 am

      မအိရေ ကော်ဖီအသောက်များခြင်းရဲ့ ဆိုးကျိုးက ကော်ဖီမှာပါတဲ့ကဖင်းဓာတ်ပါ။
      အဲဒီကဖင်းဓာတ်က ကော်ဖီ၊ လဘက်ရည်၊ အရက်၊ ဘီယာ၊ အားဖြည့်အချိုရည်၊ မှာပါတာခြင်းအတူတူပါ ပမာဏအနည်း အများဘဲကွာပါတယ်၊၊ သူက အသဲခြောက်စေတာပါ။ ငယ်တဲ့အရွယ် ကိုယ်ခံအားကောင်းနေ စဉ်မသိသာကြပေမယ့် အသက်အရွယ်ရလာတဲ့အခါ ခန္ဓာကိုယ်အစိတ်အပိုင်းများ ကိုယ်ခံအားကျရင် ပိုပြီး ဆိုကျိုးဖြစ်စေလို့ပါဘဲ၊ တစ်ချို့အရက်၊ဘီယာ လုံးဝမသောက်ဖူး ဒါပေမယ့် ကော်ဖီကိုတော့ တစ်နေ့ ၄-၅ ခွက်သောက်တယ်၊ တစ်ခါတလေထမင်းလွတ်သောက်တာ ပြီးတော့ ပင်ပန်းအိပ်ရေးပျက်ရင် ကျွဲရိုင်းအားဖြည့်အချိုရည်လေးက သောက်သေး အဲဒီသူဟာ အသဲခြောက်တဲ့ရောဂါခံစားဆေးကုရတာမျိုး
      တွေ့ဖူးတယ်လေ။

  • jullies cezer

    November 16, 2012 at 4:22 pm

    လက်ဖက်ရည်သောက်တာရော ဘယ်လိုကောင်းကျိုးဆိုးကျိုးတွေရှိလဲသိချင်ပါတယ်….

    • Ko Khin Kha ( သရီးကေ )

      November 16, 2012 at 4:47 pm

      jullies cezer ရေ လဘက်ရည်နဲ့ ကော်ဖီ တွင် ကဖင်းပါတာခြင်းတူတာမို့ ကော်ဖီလိုပါဘဲ တစ်နေ့ ၃ ခွက်ထက်မသောက်သင့်ပါဗျာ။

  • Thu Wai

    November 16, 2012 at 4:53 pm

    တစ်နေ့ကိုကော်ဖီ၃ ခွက်သောက်တဲ့သူဟာ စောစောစီးစီး မျက်စိ မှုံ တတ်တယ်လို့တော့ကြားတယ်

  • manawphyulay

    November 16, 2012 at 6:04 pm

    မလာတာကြာလို့ အကုန်ကူးယူသွားပါတယ်။ သေချာကြာကြာမဖတ်ဖြစ်ဘူးဖြစ်နေတယ်လေးလေးရေ… ခုလို ဆေးလည်းအစာ အစာလည်းဆေးဆိုသလို သိမှတ်ဖွယ်ရာလေးတွေ လေ့လာမှတ်သား သိမ်းဆည်းသွားပါတယ်။

  • ဦးခင်ခ

    November 16, 2012 at 6:48 pm

    သိမ်းဆည်းသွားသူ မနှောရေ ကျေးဇူးပါ။ မတွေ့တာတောင် ကြာနေလားလို့နော်။

  • aye.kk

    November 17, 2012 at 9:00 am

    ကိုခင်ခရေ
    ကျေးဇူးပါ။
    အစာလည်းဆေး ဆေးလည်းအစာ မှတ်သားသွားပါတယ်နော်။။

  • ဦးခင်ခ

    November 17, 2012 at 11:06 am

    တိုင်းရင်းဆေးဆရာတွေကတော့ အသီးအရွက် အသားငါး မျှတအောင် အမျိုးအမယ်များများစားရင် အားဆေးတစ်ခွက် သောက်နေခြင်းပါတဲ့ မအေးရေ။
    ဒီနေရာမှာ အားဆေးအကြောင်းလေးရေးအုံးမယ် လူတွေက အားဆေးသောက်ရင် ကိုယ်မှာအားရှိသွား ဒီလိုတစ်ချို့ထင်ကြတယ်၊ ဒါကြောင့်လည်း မာတီဗီတာမင်တို့ အမျိုးစုံလှစွာပါတဲ့ အားဆေးဆို အထင်ကြီးကြတယ်၊ အားမရှိဘူးထင်ရင် မနက်တစ်လုံး ညတစ်လုံးတောင်သောက်ကြတယ်၊
    အဲဒါမှားတဲ့ ယူဆချက်ပါ ခန္ဓာကိုယ်က အားဆေးတစ်ခုသောက်ရင် သူ့မှာဘာလိုအပ်နေလည်း ဘယ်အပိုင်းက အားနည်းနေလဲ ဥပမာ ဗီတာမင်အေ နဲ့ သတ္ထုဓာတ် ကလိုအပ်ရင် အားဆေးမှာပါတဲ့ အေ နဲ့ သတ္ထုဓာတ် ဘဲ စုတ်ယူထားလိုက်တာ။ ကျန်တဲ့ ဗီတာမင်တွေက ဆီးသဘာပြောင်းပြီး စွန့်ပြစ်ခံရ တာလေ။ ဒါကြောင့် အားဆေးက သောက်သင့်ပေမယ် တစ်နေ့ထဲ အများကြီးသောက်ဖို့မလိုပါ ဘူးလို့။ ပြီးတော့ အစားအစာကို မျှတအောင်စားရင်လည်း ကိုယ်ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အားအင်ဓာတ်တွေရပါ၍ အားဆေးသောက်သလိုပါဘဲဗျာ။

  • aye.kk

    November 17, 2012 at 12:11 pm

    ကိုခင်ခရေ
    မှန်လိုက်တာပါ၊အာဟာရကျမ်းထဲမှာ ဓါတ်ကြီးလေးပါးမျှတအောင် နေထိုင်စားသောက်ရမယ် ဆိုထားပါတယ်။

  • ရွာသူ jujuma .

    November 17, 2012 at 4:06 pm

    ရှဲရှဲ … ကူးယူသွားပါတယ်ဗျာ …

  • ရွှေ ကြည်

    November 18, 2012 at 8:06 am

    မှတ်သားထားသင့်ပါတယ်ဗျာ အစာလည်းဆေး ဆေးလည်းအစာ ပေါ့ နော်..။

Leave a Reply