တောင်သမန်ရင်ခွင်မှလှေကလေးများ




















“တောင်သမန်ရင်ခွင်ထဲက လှေ”
ငယ်စဉ်ကတည်းက လှေကလေးတွေကိုစိတ်ဝင်စားခဲ့။
ကလေးဘဝက ကျောင်းသုံးဗလာစာအုပ်ကို ဆုတ်ပြီး စက္ကူလှေကလေးတွေလုပ်လို့
မိုးရွာလို့ဖြစ်လာခဲ့တဲ့ ရေစီးကြောင်းထဲမျောခဲ့။
သီတင်းကျွတ်ရက်များမှာ သွပ်ပြားနဲ့လုပ်ထားတဲ့ လှေကလေးကို ဖယောင်းတိုင်မီးအပူနဲ့
အိမ်ရှေ့ရေမြောင်းလေးထဲမှာမျောစေခဲ့။
အလယ်တန်းကျောင်းသားဘဝ မိုးတွင်းရောက်ရင် ကျောင်းရဲ့အနောက်ဘက်က အင်းဘဲအင်းထဲမှာ
တစ်နာရီငါးမူးပေးလို့လှေစီးခဲ့ကြ။
အရွယ်ရောက်ချိန်မှာတော့ တောင်သမန်အင်းစပ်က မယ်ဇယ်ပင်ရိပ်မှထိုင်ရင်းတံငါလှေကလေးတွေကိုငေးမောခဲ့။
အခုအချိန်မှာတော့ မိုးရေတက်ရေ တဖွေးဖွေးအချိန်များမှာ ရှမ်းလေးကျွန်းဘက်မှာ တံငါလှေလေးတွေကိုသွားလို့
လက်ဆော့။
မနက်လမ်းလျောက်ရင်းကန်တော်ကြီးထဲမှာ လှော်ခတ်နေတဲ့လှေကလေးများအတူ ရေပြင်ကျယ်ထဲကို စိတ်ကူးနဲ့
လိုက်ပါခဲ့မိတာကလဲ အကြိမ်ကြိမ်အခါခါ။
မျှော်လင့်မထားပါတဲ့ ခရီးစဉ်တစ်ခုမှာ မြန်မာပြည်ရဲ့တောင်ပေါ်ရေကန်(၁၁)မိုင်အကျယ်
ရှိတယ်ဆိုတဲ့ အင်းလေးရေပြင်ကျယ်ထဲမှာ စက်တပ်လှေကလေးတစ်စင်း မောင်းသူတစ်
ကိုယ်ပါရမီဖြည့်ဖက်နဲ့ အတူ သွားနေကြရင် းသဘာဝအလှများကိုခံစားရင်း လှေကလေးများကို
လက်ဆော့ရင်းက စိုးရိမ်စိတ်များနဲ့အတူ ပျော်ရွှင်ကြည်နူးခဲ့။
နံနက်အရုဏ်တက်မှာ တောင်သမန်အင်းကိုရောက်အလာ နှစ်ပေါင်းများစွာ ရှည်ကြာ
အဖြစ်အပျက်ပေါင်းများစွာ ပျော်ရွှင်စရာ ရင်နာစရာ ဇာတ်လမ်းများကို သိမ်းဆည်းထားရာ
ဦးပိန်တံတားပေါ်ကနေ လှေကလေးများကိုလက်ဆော့ချိန် ……………………………….
နံက်ခင်းရဲ့ အဝါရောင် အလင်းများအောက်က တောင်သမန်ရင်ခွင်ထဲက တံငါ လှေကလေးများကို
လက်ဆော့မိတဲ့အခါ………………………………………………………..
ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့
(20-11-2012)
14 comments
ကိုပေါက်(မန္တလေး)
November 26, 2012 at 10:08 am
ဒီပိုစ်ကတော့ လှေတွေချည်းဘဲ မနက်ခင်းမှာရိုက်ထားတာလေ
weiwei
November 26, 2012 at 10:28 am
မနက်အစောကြီးထပြီး အလုပ်လုပ်နေရတဲ့ တံငါသည်တွေရဲ့ ဘဝကို မြင်ယောင်မိပါတယ် ..
နံနက်ခင်းအလှကို သူတို့တွေ ခံစားမိရဲ့လားလို့ စဉ်းစားမိတယ် ..
ကိုပေါက်(မန္တလေး)
November 26, 2012 at 12:50 pm
မဝေရဲ့ နီးနေတဲ့သူအဖို့ရယ် ရုန်းကန်နေရသူရယ်က ခံစားဘို့ စိတ်ထဲရောက်မလာနိုင်ပါဘူး။
မနီးမဝေး သူမှာသာာာာာာာာာာာာာာာာာ
uncle gyi
November 26, 2012 at 11:40 am
early bird ဘာဆိုလား
အခုကစောစောထတဲ့ကိုပေါက်ဓါးပုံရ
အပင်ပမ်းခံရကြိုးနပ်ပါတယ်ဗျား
Mလုလင်
November 26, 2012 at 12:03 pm
စိတ်တွေ လာလာဆွ လို့ မနက်ဖြန် ကုန်သွားမထမ်း ပဲ တွံ့တေး outing လိုက်သွားဖြစ်မယ် ထင်ပါကြောင်း …. အလုပ် ပြုတ် ရင်တော့ ဦးပေါက် ကျွေးထားရမယ်ဗျို ့ ….။
မဟာရာဇာ အံစာတုံး
November 26, 2012 at 12:49 pm
မိုက်တယ်ဗျာ ..
ခိုက်တယ် ….
နေရောင်ဟပ်လို့ ရွှေအိုရောင် ဖြစ်နတဲ့ ပုံလေးတွေကို
လှေငယ်လေးတွေနဲ့ ဖြည့်လိုက်တော့ ရှယ်ဖြစ်သွားတာပေါ့ …
ဘာပြောပြော …
ကြိုက်တဲ့ ပုံတော့ မ,မယ် ဖေပေါက်ဂျီးရေ …
မင်းနန္ဓာ
November 26, 2012 at 1:27 pm
အရမ်းမိုက်တယ်.. အရမ်းခိုက်တယ်.. ဒီလို ရှုခင်းမျိုး ဘဝမှာ မမြင်ဖြစ်တော့တဲ့ မနက်ခင်းတွေ မနည်းတော့ပါလား..
ဒါနဲ့ ငါးဖမ်းတဲ့ လူက ဘာလို့ ရေပြင်ကို ရိုက်နေရတာလည်း.. ငါးတွေ ထွက်ပြေးမကုန်ဘူးလား လေးပေါက်
ကိုပေါက်(မန္တလေး)
November 26, 2012 at 3:24 pm
အဲဒီအသံကြားမှ ငါးတွေကလန့်ပြေးပြီး ပို်က်ထဲကို တိုးဝင်သွားတာလေ
မမ အညာသူ
November 26, 2012 at 1:50 pm
ပုံလေးတွေကအရမ်းလှပါတယ်
ဒီရွာထဲမလာတာကြာတော့မျက်စေ့တောင်လည်သွားတယ်……….. 🙂
candle .
November 26, 2012 at 6:14 pm
နံပါတ်ငါး လှေအစုနဲ ့ရောင်နီ ကိုပိုကြိုက်မိပါတယ်….
ငယ်ငယ်ကသင်ဖူးတဲ့ ကဗျာလေးထဲက…. ကိုတံငါအိမ်ပြန်လမ်းကို အလေး ချိန်ခွင် ကပ်ပယ်ပိုက်လို ့မျှော်လိုက်မယ်လေး….ဆိုတဲ့နောက်ဆုံးစာသားလေးကိုပြန်ကြားယောင်မိတယ်….တံငါမိသားစုရဲ ့ဘဝလေးကိုဖွဲ ့ဆိုထားတာလေ….
မောင်ပေ
November 26, 2012 at 7:02 pm
ဘာပုံအကြိုက်ဆုံးလဲ လို ့မေးလာလို ့ရှိရင်
နံပါတ် ၉ လို ့ဖြေရမှာပဲ
Mobile
November 26, 2012 at 8:02 pm
နံပါတ် ဝမ်းတစ် ဂဏန်းတစ်ကို အကြိုတ်းဆုံးဖြစ်ပြီး
နံပါတ် ၁ရ ကိုတော့ မဆိုးဖူးလို့ပြောချင်တယ်
နောက်တစ်ခါဆို အကြံပြုချင်တာက ငါးဖမ်းတဲ့ပုံတွေအစား
ရေထဲမှာရှိတဲ့ ငါးပုံလေးတွေကို ရေငုပ်ပြီး ရိုက်ပေးရင် အမတန်မှ
ဓာတ်ပုံရဲ့ အနှစ်သာရ ပြည်ဝလာလိမ့်မည်ဖြစ်ပါကြောင်း . . . . .
garuda
November 28, 2012 at 5:01 pm
LIKE
ရွှေ ကြည်
November 28, 2012 at 6:55 pm
အကုန်လုံးကြိုက်တယ်လေးပေါက် နံပါတ် ၁၂ အကြိုက်ဆုံး..။