အိမ်အပြန် အမှတ်တရ
အချိန်အတော်ကြာ ပြန်ဘို့စဉ်းစားခဲ့တိုင်းမပြန်ဖြစ်ခဲ့ပေမဲ့ ဒီတခါတော့ မိသားစုနဲ့အတူ ၅ရက်ခရီ:အဖြစ်နဲ့ ြမြန်မာပြည်ကိုြပြန်ဖြစ်ခဲ့ပါတယ် ၈နစ်ကြာမပြန်ဖြစ်တာမို့ ပြန်ရတာစိတ်ထဲမှာ ပျော်နေမိတာအမှန်ပါဘဲ ကလေးတွေကိုတော့ငယ်ငယ်ကထဲက ခုထိဆွေပြမျိုးပြတခေါက်မှမရှိခဲ့တာမို့ သူတို့အတွက်တော့ ထူးဆမ်:တဲ့ခရီ:တခုဆိုရင်တော့မမှာ့:ပါ ရောက်တာနဲ့လေဆိတ်မှာ ခမ်းနားသပ်ရပ်လာတာတွေ တွေ့ရသလို လွတ်လွတ်လပ် လပ် ကိုယ့်ပြစ်စည်းကိုယ်အပြင်ကို သယ်ခွင့်ရလို့ ဝမ်:သာမိသလိုပြောင်းလဲသွားတာတွေကို တွေ့မြင်ခဲ့ရပါတယ် အိမ်ကိုရောက်တော့ ပြစ်စည်း တွေချပြီ:နောက်တနေ့မှာကျိုက်ထီးရိုးသွားဘို့စီစဉ်ရပါတယ် ကားငှါးတော့၉ယောက်စီ:ကို တရက်အသွားအပြန် တသိန်:ခွဲပေးရပါတယ် သူများတွေ ပြောတာကဈေးပေါတယ်ဆိုပေမဲ့ ရောက်ခဲ့ဘူ:တဲ့ဒိပြင်နိုင်ငံဈေးတွေနဲ့ စာရင်ဈေးမပေါဘူ:လို့ထင်မိတယ် နောက်တနေ့မနက်မှာတော့ အိမ်က၄နာရီမှာထွက်ပြီ:ကျိုက်ထီးရိုး တောင်ခြေကို၈နာရီခွဲခန့်မှာရောက်ပါတယ် မိုးရာသီထဲသွားပေမဲ့သွားတဲ့နေ့က မိုးမရွာပါဘူ: တောင်ပေါ်သွားတဲ့ကားကိုပြောင်းစီ:ရပါတယ် ကားခကရသေ့တောင်အထိ ၁၅၀၀ တောင်ပေါ်အထိ၂၅၀ဝပါ ကျနော်တို့မိသားစု၄ ယောက်နဲ့တူမလေ:တယောက်နဲ့ဆို ကျနော်တို့အဖွဲ့က ၅ယောက်ပါ ရသေ့တောင်ရောက်တော့ကားပြောင်းရပါတယ် နိုင်ငံခြားသား ပတ်စ ပို့နဲ့ရသေ့တောင်ကနေ တောင်ပေါ်ခရီ:ကိုပေးမတက်တော့ပါဘူ: ကျနော်တို့ကအချိန်လဲသိပ်မရှိနေ့ချင်းပြန်ချင်တာမို့ ကားနဲ့ဆက်တက်ဘို့ဘဲ ဆုံးဖြတ်ခဲ့ပြီးသားပါ နိုင်ငံခြားသားတော်တော်များများကိုတွေ့ရလို့လဲဝမ်:သာမိတာ အမှန်ပါငယ်စဉ်ကျောင်းသားဘဝနဲ့နှစ်စဉ်ရောက်တတ်ပေ မဲ့ ဒီလောက်နိုင်ငံခြားသားတွေများတာမတွေ့ခဲ့ဘူ:ပါ ဒီလိုနဲ့ကားပြောင်းတော့ ကားပေါ်တက်တာနဲ့လှေကားကနေကားထဲအဝင်မှာ လူထိုင် တဲ့ထုက်တန်းပေါ် နင်းပြီ:မှကားထဲဝင်ခြေချလို့ရပါတယ် ကျနော်ကကားထဲကိုအဝင်မှာ အဝင်ဝမှာထိုင်နေတဲ့ ကလေးတယောက်ကထပေးပြီ: ဒီကလေးထိုင်နေတဲ့ ထုက်တန်းကိုနင်းပြီဝင်လိုက်ရင် ကျနော်စီးတဲ့ဖိနပ်ကစိုစွတ်နေတာနဲ့ ကလေးထိုင်တဲ့နေရာကို နင်းဖို့မစဉ်းစားဘဲ ကား ထဲကိုဝင်ဘို့ကျိုးစားခဲ့ပါတယ် အဲဒီမှာဘဲ ဝုန်း ဆိုခြေထောက်နဲ့ကားကြမ်:ပြင် တော်တော်လေးမြင့်တာမို့ လူတွေထိုင်နေတဲ့ခုံတန်:ထဲ တွန်း တိုးဝင်သလိုဖြစ်သွားပါတယ် ကျွပ် ကျွပ် ကျွပ် ဆိုတဲ့ အသံနဲ့အမျိုးသမီးတဦးရဲ့ အသံကိုလဲကြားလိုက်မိပါတယ် ကျနော်နေရာထိုင်မယ်အလုဎ် မှာဘဲ အဲဒီအမျိုးသမီးကြီ:က နိုင်ငံခြားသားတွေများတော်တဲ့ သိပ်စည်းကမ်:ရှိကြတာ ဒီလိုမျိုးနင်းလေ့မရှိဘူ:လို့ပြောသံကြားလိုက်ရပါတယ်
အဲဒီမှာဘဲကျနော်က အတု အမရေ အတု နိုင်ငံခြားသားအစစ်မဟုက်တဲ့ အတုပါလို့ မြန်မာလိုပီပီသသပြန်ပြောရင်းတောင်းပန်လိုက်တဲ့အခါ ဖြန်: ဆိုကျနော်ကြောပြင်ကို သူလက်နဲ့ရင်းနှီ:စွာ ရိုက်ပြီ:နှုက်ဆက်တာကိုခံယူလိုက်ရပါတယ် တကားလုံးဝိုင်းရီသံကိုလဲကြားလိုက်ရပါတယ် (တကယ်ဆို ကျနော်တို့တတွေဟာ အခြေအနေအမျိုးမျိုးနဲ့ နေရာဒေသအမျိုးမျိုးမှာရောက်နေကြပေမဲ့ ဒေါင်းယောင်ဆောင်သောကျီးတွေ ပါဗျာ မြန်မာပြည်မှာမွေး မြန်မာပြည်မှာကြီ:ပြင်းလာကြတာပါ) ဆိုပြီ:စိတ်ထဲမှာ ပြန်ပြောမိပါတယ်
တောင်ပေါ်တက်တော့ကလေးတွေကော တူမလေးပါတခါမှမရောက်ဖူ:တော့ စိတ်ထဲမှာထူးထူးခြားခြားခံစားမိမယ်လို့လဲထင်မိပါတယ် ဒီလိုနဲ့တောင် ပေါ်ကိုရောက် ဘုရားဖူ:ပြီ:တောင်ခြေကိုပြန်ရောက်တော့၁၁နာရီဝန်းကျင်ဘဲရှိပါတယ်
မြန်မာပြည်တိုးတက်လာတဲ့ အခြေအနေတွေမြင်ရလို့ဝမ်:သာရသလို စိတ်ချမ်းသာမိပါတယ် ဘယ်နိုင်ငံဘဲရောက်ခဲ့ ရောက်ခဲ့မြန်မာပြည် ပြန်တာလိုမပျော်ခဲ့ပါဘူ: လေကြောင်းလိုင်းတွေတိုးလာသလို လေယဉ်လက်မှတ်ခတွေ ဈေးချတာကိုမျော်လင့်မိပါတယ် ဒါပေမဲ့ဗျာ ဗီစာကြေးက မြန်မာပြည်ဖွားနဲ့နိုင်ငံခြား ဖွား ဈေးမတူဘဲ မြန်မာပြည်ဖွားတွေဈေးများနေတာကတော့ အစာမကြေဖြစ်မိပါတယ်
ရရက်သားသမီ:အပေါင်း ကိုအစဉ်လေးစားလျှက် မောင်အောင်
27 comments
thit min
November 26, 2012 at 8:42 am
ပျောက်နေတာကြာပါပေါ့ ကိုအောင်ရေ………….။
ကျနော်တော့ အဲဒီ ကားတွေစီးရမှာလန့်လို့(နဲနဲပါတယ်)၊အချိန်လဲမရလို့ကျိုက်ထီးရိုးမရောက်ခဲ့ဘူးဗျ။
ဒီတခေါက်ပြန်ရင်တော့သွားဖြစ်အောင်သွားမယ်လို့စဉ်းစားထားပါရဲ့။
မြန်မာပြည်က ကျနော်တို့လိုအကြာကြီးခွဲနေရသူတွေအတွက် ရုပ်ဝထ္ထူတွေပြောင်းလဲနေတာမှန်ပေမဲ့
ရုံးအဖွဲ့အစည်းတွေရဲ့ စိတ်ပိုင်းဆိုင်ရာတွေတော့မပြောင်းလဲသေးဘူးလို့ခံစားမိတယ်။
အခုတော့ဘယ်လိုလဲမသိဘူးပေါ့ဗျာ။လွန်ခဲ့တဲ့ ၉ လလောက်ကကိုပြောတာပါ။
မိသားစုစုံညီ ခရီးတခုဖြစ်လို့ အားကျမိပါတယ်။
ရွှင်လန်းချမ်းမြေ့ပါစေခင်ဗျား။
ခင်မင်လေးစားလျှက်
သစ်မင်း
kai
November 26, 2012 at 9:53 am
ပျောက်နေတယ်ထင်တာ.. မြန်မာပြည်ပြန်…. ပြည်ကြီးငါးသွားစားနေတာကိုး..
အင်း..
ခေါင်းစဉ်ကလည်း.. “အိမ်အပြန်အမှတ်တရ “…တဲ့..
အင်းနော်…
အိမ်… အိမ်… :harr:
koaung
November 26, 2012 at 10:56 am
လေးစားမိပါသော ဆရာသမား၂ဦးခင်ဗျား သူကြီ:နဲ့ကိုသစ်ခင်ဗျား
ကျင်လည်ရာဘဝ အထွေထွေမှာရုန်းကန်လှုက်လျှားနေရပေမဲ့ အစဉ်လေးစားလျှက်သတိတရ ရှိနေပါကြောင်း
ကိုသစ်ရေ နိုင်ငံခြားသားဘဲဖြစ်ဖြစ် ပြည်တွင်းကလူတွေဘဲဖြစ်ဖြစ် ဒီလိုကားမျိုးတွေစီ:တာဟာ တော်တော်လေး
စဉ်းစားသင့်တယ်လို့ထင်မိတယ် ကျနော်ကလေးတွေကို နိုင်ငံရပ်ခြားအတွေးအကြုံရအောင် ကျောင်းကနေဒိပြင်နိုင်ငံတွေကိုလေ့လာရေးကခရီ:တိုင်:
သွားစေခဲ့တယ် သူတို့၂ယောက်လုံး မြန်မာစကားမပြောတတ်ကြဘူ: မြန်မာပြည်ကိုတမင်ခေါ်လာတာ အဖေကိုသာကြောတ်လို့လိုက်လာရတယ် အနောက်က
နေပွစိပွစိနဲ့တောင်ပေါ်အထိကားပေါ်မှာ တော့အသံတောင်မထွက်ဘဲညိမ်နေကြတယ်(စိတ်ထဲမှာတော့ကျနော့ကိုဆဲနေနိုင်တယ်)ကျနော်လဲတောင် ခြေ
ရောက်မှ သက်ပြင်းချရဲတော့တယ် စကားအတင်းစပ် ဆရာသစ်ရဲ့မင်ဂလာသတင်းအတွက်ကွန်ဂရက်ကျူလေးရှင်းပါဗျာ
သူကြီ:ခင်ဗျားအဲဒိပြည်ကြီ:ငါးက မြန်မာပြည်ကမဟုတ်ရပါဘူ:ဗျာ ဓတ်ပုံစမ်:ရိုက်ပေးရင်းဓတ်ပုံဆရာဖြစ်သွားလို့အလုဎ်တွေပိုများလာတာပါ
ကလေးကျောင်းစားရိတ်ကလေးကာမိတာပေါ့ဗျား တလ ကလေးတယောက်က ိုမြန်မာငွေ၆သိန်:ကုန်ပါတယ်ဗျာ (အစိုးရကျောင်းဆိုပေါမယ်)
မိန်:ကလေးတွေမို့ အစိုးရကျောင်းသွားထားရင် အရဆိုးသွားနိုင်လို့ ကြိုတင်ကာကွယ်တာ
ဟဲဟဲ သူကြီ:နဲ့ကိုသစ်မင်းကိုကုန်တတ်တာလေးကိုဝေမျှပေးတာပါ
kai
November 26, 2012 at 4:44 pm
ကျုပ်သမီးမွေးတော့.. မိတ်ဆွေတွေကပြောတယ်..
မားစီးဒီးတစင်းစာ.. လစဉ်အကြွေးဆပ်ဖိုးတော့ကုန်မယ်တဲ့..
ကောလိပ်အထိ..သိန်းဂဏန်းတော့.. သွားမယ်တဲ့..။
ဆိုတော့…
အစိုးရကျောင်းပဲထားတယ်ဗျို့..။ မတတ်ရေးချ… မတတ်နိုင်…။ :harr:
စကားအတင်းစပ်..
သမီးချောလေးတွေ.. ရထားတာပဲ..
အဖေတော့.. မလွယ်ဘူးနော…။ :kwi:
koaung
November 26, 2012 at 6:53 pm
သူကြီ:ခင်ဗျား ကျနော့နစ်ငယ်စဉ်က ချစ်စမ်:မောင်ပါ မိန်:မရပြီကထဲက နစ်ပြောင်းလိုက်တာက ကုန်အုန်းမောင်ပါ ခုထိကုန်နေတုံးပါဘဲဗျာ (ရီစရာရေး
တာပါဗျား)
ဆူး
November 26, 2012 at 11:22 am
ဒီအချိန်က မြန်မာပြည်မှာ ကျိုက်ထီးရိုးရာသီ ဖြစ်နေတော့.. ကျိုက်ထီးရိုး ပုံတွေ မြင်ရင် စိတ်လှုပ်ရှားမိတယ်..သွားချင်လွန်းလို့.. ဟိဟိ.. ဒီနှစ်တော့ နှစ်ဆန်းပိုင်းက တခေါက်ရောက်ပြီးပြီ..
ဒီနှစ်ထဲမှာတော့ ထပ်မရောက်နိုင်တော့ဘူး.. နောက်နှစ်ဆန်းမှာ ရောက်အောင် သွားချင်ပါသေးတယ်။
ဦးကြောင်ကြီး
November 26, 2012 at 11:39 am
ခလေးတွေ ဘယ်အရွယ်ရှိ ပိတုန်းဗျ…။ သမီးရော တူမလေးပါ မေးတာပါ…။ 😳
koaung
November 26, 2012 at 11:55 am
ဒေါ်ဆူ: ကျနော်ကကျိုက်ထီးရိုးကို လမ်:လျှောက်တက်တာမှသဘောကျတာဗျ အခြေအနေအရဒီလိုရောက်ဖြစ်တာကိုဘဲဝမ်:သာမိပါရဲ့
ကိုကိုကြောင် ဘယ်အရွယ်လဲဆိုလို့ဓတ်ပုံတင်ပေးလိုက်ပါရဲ့ အဖေတူပြီ:နဲနဲ ပေါရင်ခွင့်လွှတ်ပါဗျား(အရဂါး နောက်တာ)
ဦးကြောင်ကြီး
November 26, 2012 at 12:08 pm
သမီးလေးတွေကတော့ ချောပါ့ဗျာ။ ကျနော်နဲ့ အသက် သုံးနှစ်လောက်တော့ကွာမယ်။ ဒါလည်း ကိစ္စရှိပါဘူး၊ အဖေနဲ့ပေါင်းရတာမှ မဟုတ်တာ..။ ဖြစ်နိုင်ရင် သမီးနှစ်ယောက်ထဲ ဓာတ်ပုံမရှိဘူးလား။ လေးယောက်ဆိုတော့ နောက်ခံမြစ်ရှုခင်း ကွယ်နေတယ်…။ 😳
မဟာရာဇာ အံစာတုံး
November 26, 2012 at 12:45 pm
သာမီး နှီယောက်ပုံ လာပြနေဒယ် ..
ယောက်ကထီး တော်လိုက်ရ .. ငွင်း .. ငွင်း ..
အချောကလေးတွေ ပါပဲလို့ ..
အမေနဲ့ တူလို့ပဲ ထင်ပါတယ် ..
koaung
November 26, 2012 at 4:15 pm
ကိုကိုကြောင် ခင်ဗျားအစီအစဉ်မဆိုးဘူ: ဒါပေမဲ့ကျနော့သမီ:တွေကို ကြောင်ဖြစ်နိုင်အောင် နေနိုင်ပါ့မလားမေးကြည့်အုန်းမယ်
ဒတ်ပုံကဒေါ့ရှိတယ် အနံ့လေးနဲနဲရှိလို့ ပေးဘို့ခက်နေတယ် (အရဂါးစတာ) မနောက်ရတာကြာလို့
အန်ရှာဒုံး ရေ လူပေါင်းမှားမယ်စဉ်းစားနော် ဒီမှာကလေးစားရိတ်ကြီ:လို့ လမ်:ရှာနေတာ အမေနဲ့တူလို့ချောရင်အဖေနဲ့တူတာကတော့
အပေါက်ဆိုးတာပဲဖြစ်ပါကြောင်း ( နောက်တတ်လို့ပါ)
Foreign Resident
November 26, 2012 at 1:06 pm
” ဗီစာကြေးက မြန်မာပြည်ဖွားနဲ့နိုင်ငံခြား ဖွား ဈေးမတူဘဲ
မြန်မာပြည်ဖွားတွေဈေးများနေတာကတော့ ”
koaung ။
အဲဒါ တကယ်လားဗျ ။ ဘယ်လောက် ကွာသတုန်း ။
မြန်မာပြည်ဖွား က koaung ၊ နိုင်ငံခြား ဖွား က koaung ကလေးတွေပေါ့ ၊
အဲလိုလား ။
koaung
November 26, 2012 at 4:05 pm
ဆရာဖောရေ ဟုတ်ပကလေးတွေက သူ့အမေကမင်ဂလာဆောင်ပြီ: မီဘုံးပြန် ၃လနဲ့ပြန်မွေးတာ တော်ကြာဟိုဟာလိုလို ဒီဟာလိုလိုဖြစ်မှာဆိုးလို့ ဆို
လိုတာက ကျနော့အရင်မွေးကထဲကစီတဇင်ဖြစ်အောင်ဆိုပြီ: ( ဇနီ:ကစီစဉ်တာပါဗျာ) သူတို့၂ယောက်လုံးက ဒီမှာမွေးတာပါ သံရုံးမှာဗီစာယူတော့
သူတို့က တိုင်ဝမ်ဒေါ်လှ ၈၀၀(us25$) ကျနော်ကျတော့တိုင်ဝမ်ဒေါ်လှ ၁၂၀ဝ (us$40)တဲ့ဗျား ချစ်ဖို့ကောင်းတာလေးတွေ ပြောကိုပြောချင်ဘူ: ဒီကိုပြည်ဝင်ရင်
ဒယ်ဘယ်မကလို့ တရစ်ပယ်စီတစင်ပဲဖြစ်ပလေ့စေ တုံးပဲထုပြီ:ဘာမှမပြောဘူ:ရယ် မြန်မာပြည်များ ကိုယ်နိုင်ငံတော်စာအုက်နဲ့ကိုယ်ပြန်လို့ကဒေါ့ ကျားမြီ:သွားဆွဲတာမှမိုက်အုန်းမယ် ဆံရင်းနာနာဖွတ်လား ရသမျှအကုံတောင်းလားဘဲ သာဓုသာဓုသာဓု ပဲပြောချင်တယ်ဗျာ
kyeemite
November 26, 2012 at 1:09 pm
ကိုအောင်ခင်ဗျား…မင်္ဂလာပါ။
ရှစ်နှစ်အတောအတွင်း..မြန်မာပြည်တိုးတက်လာတဲ့ အခြေအနေတွေမြင်ရလို့ဝမ်:သာရသလို စိတ်ချမ်းသာမိပါတယ် …ဆိုလို့ ကျေးဇူးတင်ပါတယ်..နောက်တစ်ခေါက်
ကိုအောင်ပြန်လာရင် ဒီထက်တိုးတက်နေပါစေရယ်လို့ မျှော်လင့်နေပါတယ်ဗျာ။ :528:
ခင်တဲ့…
koaung
November 26, 2012 at 4:27 pm
ကိုကြီးမိုက်ရေ မင်ဂလာပါဗျာ ကျနော်ကမြန်မာပြည်မှာအနှစ်၂ဝကျော်ပဲနေခဲ့တာပါ အခုအနေနဲ့တွက်ရင် ပြည်ပမှာနေတာပိုကြာခဲ့ပြီပေါ့ဗျာ စုစုပေါင်းမြန်မာကို
ပြန်ဖြစ်တာမှတ်မှတ်ရရ အနှစ်၂ဝအတွင်း၃ခေါက်ပဲရှိပါတယ် ဒီတခါပြန်တာအပျော်ဆုံးပဲဗျာ ကိုယ်မွေးတဲ့ဇာတိမို့ကောင်းစေချင်တာ ပြည်ပကလူတွေ
ကလဲလိုမယ်မထင်ပါဘူ:ဗျာ ဒီထက်ကောင်းအောင်ကဒေါ့ လူတိုင်းပြည်ပပြည်တွင်းမခွဲကြပဲ ပြုကြပြင်ကြ ဝိုင်းဝန်:ကြ စေချင်ကြောင်း
ကိုပေါက်(မန္တလေး)
November 26, 2012 at 1:43 pm
ကိုအောင်ရေ
ကျနော်က မြန်မာပြည်ထဲနေပြီး ကျုိုက်ထီးရိုး မရောက်ဘူးသေးဘူး။
မသေခင်တစ်ခေါက်လောက်တော့ ကျိုးစားပြီးသွားပါအုံးမယ်။
ခရီးသွားနေတဲ့ကျနော်အမြင်နဲ့ပြောရရင် ဟိုးအရင်ကထက်စာရင်
မြန်မာပြည်ခရီးသွားတဲ့စနစ်ကပြောင်းလဲလို့တော့လာပါပြီ။
ဒါပေမယ့် လုံခြုံစိတ်ချရမူ့အပြည့်အဝတော့ မရသေးပါဘူး။
ရသလောက်နဲ့ကျေနပ်နေရတဲ့ သဘောပါဘဲ။
koaung
November 26, 2012 at 4:41 pm
ဆရာပေါက်ခင်ဗျား အချိန်နဲ့အခါဟာနေရာတိုင်းမှာ နောက်မကျပါဘူ:စိတ်ထားတတ်ဖို့ပဲလိုပါတယ် ရောက်တဲ့နေရာကစနိုင်အောင်ကျိုးစားရင်,
စိတ်ကရုပ်ကိုဦးဆောင်တာပါ စိတ်ဓတ်မကျဖို့ပဲကျိုးစားတာ အကျင့်သီလတခုလို့ ခံယူထားလို့ပါ အားလုံ:ဟာနောက်ကျနေရင်တောင်
အသက်ရှိနေသမျှ ရှိတဲ့ဉဏ်စွမ်: ကိုယ်ကာရစွမ်:အားနဲ့ ရှင်နိုင်အောင်ကျိုးစားသွားရမှာပါ ဒီတခေါက်မြန်မာပြည်ပြန်ဖြစ်ရင်အထက်မြန်မာပြည်ကို
ဦးတည်တာမို့ ဂါရဝလာပြုပါမည့်အကြောင်း
jullies cezer
November 26, 2012 at 5:02 pm
ဦးကြောင် က သူကြီးသမက်ဆို အခုတော့ ဘယ်လိုဖြစ်ရပြန်ပြီလဲ
ိုကိုအောင်ကို ယောက္ခမတော်ချင်ပြန်ပြီလား ……..
koaung
November 26, 2012 at 6:06 pm
jullies cezer သွားမပြောနဲ့သူ့ရောဂါကသေးပုံမရဘူ:ထင်တယ်
MaMa
November 26, 2012 at 5:55 pm
ကိုအောင်ရေ-
ကိုယ့်ဇာတိဆိုတာ ဘယ်ဒေသနဲ့မှ မတူဘူးဆိုတဲ့ ခံစားချက်လေးကို သဘောတူတယ်။
အိမ်ကအမေဆိုရင် အသက်၈ဝနားနီးနေတော့ နေမကောင်းဘူးဆိုရအောင်လည်း ရောဂါကြီးကြီးမားမားမရှိ၊
နေကောင်းတယ်ဆိုရအောင်လည်း လူငယ်လို မဟုတ်။
အဲဒီတော့ သူသွားချင်တဲ့နေရာဆို နေကောင်းပြီး
မသွားချင်တဲ့နေရာဆို နေမကောင်းဘူး လို့ ပြောတော့တာပဲ။
များသောအားဖြင့် အပြင်မထွက်ချင်လို့ ဘယ်ခေါ်ခေါ် သိပ်နေမကောင်းဘူးလို့ ပြောတတ်တယ်။
ဒါပေမယ့် ဇာတိမြို့ကို အလည်သွားမယ်ဆိုရင်တော့ သူနေကောင်းတယ်။ :hee:
စိတ်အနှောင့်အယှက်ဖြစ်စရာတွေထဲကမှ အိမ်အပြန် ပျော်ရွှင်ခဲ့ရတယ်ဆိုလို့ ဝမ်းသာပါတယ်။
koaung
November 26, 2012 at 6:35 pm
မမခင်ဗျား အိမ်မရောက်ခင်ကထဲကဖုံးထဲမှာ ဒံပေါက်ဝယ်ထားခိုင်းတယ် (ငယ်စာလေ) ကလေးတွေကစားလို့မရလို့ ရှမ်:ခေါက်ဆွဲဝယ်ပြီးစားခိုင်:ရတယ်
ကလေးတွေပါလို့ဘယ်မှမသွားဖြစ်ဖူ: ကလေးနဲ့ဇနီ:ကိုအိမ်နဲ့နီ:တဲ့ဟိုတယ်မှာထားရတယ် မြန်မာပြည်ပြန်ရောက်တုံး အမှတ်တရစားခဲ့တာက ကြေးအိုး
(ယူဂျီ:နီ:ရား) ဖာလူဒါ(ရွှေပုဇွန်) ပလာတာနဲ့ကြက်သား (ရွှေဂုံတိုင်) မစားရတာကြာလို့ ဝမ်:သာအဲလဲပါဘဲဗျား ဒီတခါကလေးတွေမခေါ်ဘဲဇနီ:
နဲ့မြန်မာပြည်ပြန်ဖို့ စီစဉ်နေပါကြောင်း ဂျမ်:ရှင်းစကွဲရားက ယိုးဒယားအစားအစာရောင်းတဲ့ ပန်:စွယ်တော်ဟာ ၁၀ဝရာခိုင်နှုန်း စားလို့ကောင်းပါကြောင်း
ကျနော့ကလေးတွေ အဲဒီမှာရှောပင်ထွက်တော့ ကျနော်ကသတိပေးတာ နားမထောင်ဘဲ စိတ်တိုင်းကျဝယ်ပြီ:ကိုယ့်အိမ်ပြန်ရောက်မှ ပါပါးပြောတာမှန်တယ်
တဲ့(အစာပစ်တွေ မဟာဘုက်ပါကြောင်း)ပြည်တော်ပြန် အကျန်တော်စွဲကြမဲ့ ဘော်ဘော်များအား မိတ်လိုက်(အဲလေ) မိတ်ဆက်ပါ၏ စကားအတင်းစပ် ရွှေတိဂုံညရှူခင်းက မမ အရင်ကယူထားတဲ့နေရာလေးကဘဲ ပါလာတဲ့မှန်ဘီလူ:နဲ့ရိုက်ထားပါကြောင်း ဝင်ခံပါ၏သာဓုခေါ်နိုင်ပါစေဗျား
blackchaw
November 26, 2012 at 9:35 pm
ကိုအောင် ရေ…
နောက်တစ်ခါများ မြန်မာပြည်ကို ပြန်လာဖြစ်ခဲ့ရင်…
တွေ့ချင်ပါတယ်ဗျာ…။
အချိန်ရခဲ့ရင်ပေါ့…။
အခုတော့ ဘုရားတွေ ဖူးသွားပါတယ်…။
သာဓုသာဓုသာဓုပါ ဗျာ…။
လေးစားခင်မင်တဲ့…
ဘလက်ချော…။
pooch
November 26, 2012 at 9:52 pm
ကိုအောင်ရေ ကျမတော့ ကျိုက်ထီးရိုးကို ၂ ခေါက်လောက်ပဲ ရောက်ဖူးပါတယ်။ ခေါက်တိုင်း ကားမစီးပဲ အသွားရော အပြန်ရော ခြေလျင်တက်ခဲ့တာပါ။ ကြောက်လို့ပါ။ လူကြီးတွေကတော့ကားနဲ့ တက်ပါတယ်။ ကျမကတော့ တချို့တလေနဲ့ ခြေလျင်ခရီးပဲ နှင်ခဲ့ပါတယ်။
ဘယ်လိုမှကို စီးဖို့ စိတ်ကူးထဲမှာ မထည့်နိုင်အောင်ကို ကြောက်တာပါ။ တခါက ဆို ညဘက်ကြီး မီးဒုတ်တွေကိုင်ပြီး တောလမ်းက ဆင်းခဲ့ရတဲ့ ခံစားမှုက ဘာနဲ့မှ မလဲနို်င်အောင် စိတ်လှုပ်ရှားစရာကောင်းပါတယ်။ တောကြီးတောင်ကြီးထဲ တိတ်တိတ်ဆိတ်ဆိတ် မီးဒုတ်မှိတ်တုတ်တုတ်နဲ့ တခါတရံ တောသံတောင်သံကြောင့် လန့်လိုက် ။ တဖြည်းဖြည်းချင်းလင်းလာတဲ့ ကြယ်တွေ လတွေ ထွက်စပြုတဲ့ နေမင်းရယ် ခုနေပြန်တွေးရင်တောင် အဲ့ဒီဖီလင် အလတ်ကြီးရှိသေးတယ်။
နောက်များ သွားဖြစ်ရင်လည်း ကားစီးရဲပါ့မလား မသိဘူး။
အဝေးမှာ နှစ် ၂ဝ ဆယ်ကျော် ကျင်လည်ခဲ့တာတောင် ကိုယ့်အိမ်ကို လွမ်းတုန်းဆိုတော့ သံယောဇဉ်ကို လေးစားပါတယ်လို့ ။
ကျမဇာတိက တောင်ငူပါ ။ ဒါပေမဲ့ ကလေးပိစိတုန်းကပဲ နေခဲ့ဖူးတယ်။ မန်းလေးမှာက အနှစ် ၂ဝ ကျော်နေပြီနေတာ။ ခုနေ ဇာတိလို့သာ ပြောတယ် ပြန်မလား မေးရင် မပြန်ချင်ဘူး ။ မင်းဂွတ်သီး ဒူးရင်းသီးတော့ ငါးပိရည်ကျိုတော့ လွမ်းတာပေါ့လေ။ မှာစားတယ် ။ တနှစ်တခေါက်လောက်တော့ သွားတယ်။ ရပ်ရေးရွာရေး လှူစရာရှိရင် တနိုင်တော့ လှူလိုက်တာပါပဲ ။
ဒါပေမဲ့ ပြန်မနေချင်တော့ဘူး။ ကျမဟာ မန်းသူဘဝမှာ အသားကျနေပြီ။
ဆိုတော့ ခံစားချက်လေး နားလည်တယ်လို့ ။
ရွာထဲ သမီးချောတွေ လာပြတာ ကန်တော့ပွဲတွေတော့ တန်းစီနေတော့မှာပဲ ။ အခုတောင် ဦးကြောင်ကြီးက ထိပ်ဆုံးရောက်နေပြီ 😀
aye.kk
November 27, 2012 at 9:26 am
ကိုအောင်
ဘုရားတွေဖူးလိုက်ရတာကျေးဇူးတင်တယ်။
ကျိုက်ထီးရိုးဘုရားကိုဖူးတွေ ့ရလို ့မွေးရပ်မြေကျိုက်ထိုကိုပြန်ချင်မိတယ်။
သ္မီးချောတူချောလေးတွေချစ်စရာဘဲ။ကိုအောင်ရဲ ့ကျမ္မာပါစေ(လူ+စိတ်)
ဆုတောင်းပေးတာကျေးဇူးပါ။ကျမ္မာမှလည်းချမ်းသာသုခပြည့်ဝနိုင်မှာပါ။။
ခင်မင်လေးစားတဲ့
အစ်မအေးကေကေ။။
koaung
November 27, 2012 at 6:39 pm
ကိုချောခင်ဗျား ပြန်တုံးကတွေ့ချင်တဲ့လူတွေများခဲ့ပေမဲ့ ငယ်သူငယ်ချင်းတယောက်ဘဲမှတ်မှတ်ရရတွေ့ခဲ့ရတယ် ကလေးတွေနေရေးစားရေးဘဲ ဂရုစိုက်နေရလို့ပါ
နောက်တခါအခွင့်ကြုံလို့ရောက်ခဲ့ရင် တွေ့ဖြစ်အောင်တွေ့ပါ့မယ်ဗျာ
မpooch ခင်ဗျား မှန်တာပြောရရင် ခြေလျှင်တက်ချင်ခဲ့တာပါ လေယဉ်စီ:တာ၂ရက် ကြားထဲမှာ၃ရက်ဘဲနေရလို့ ကလေးတွေကိုသူတို့လူ့ဘဝတွေဘယ်လိုရှိတယ်ဆို
တာသိစေချင်လို့ (ပြန်လာတော့ကျောင်းစာတွေမှာတိုးတက်လာတာတွေ့ရတယ် ၂ယောက်လုံးဘဲ) အဖေရောအမေရော အလုဎ်များတတ်လို့ ၃တန်:ကထဲက
နာရီကိုနှိုးစက်ပေးပြိ: သူ့ဘာသာသူသွားရတာ အဲဒီအချိန်အငယ်တယောက်က သူငယ်တန်: အိမ်နဲ့ကျောင်းနဲ့နီ:လို့တော်သေးတယ် ဒီမှာကကိုယ့်ကိုကိုယ်အားကိုးနိုင်မှ တော်ကာကျ
တယ် မြန်မာပြည်အင်တာနက်လဲမဆိုးတော့ပါဘူ: ဒီနဲ့စာရင်တော့၅ဆခန့်နှေးတယ် ကျိုက်ထီးရိုးမှာ၂သိန်:တန်ကာဒ် ကလိုင်းကောင်းပြီ:ဖုန်းပြောလို့ကောင်းတာ
အန့်ဩနေမိတယ်ဗျာ ဆက်သွယ်ရေးတော်တော်ကောင်းလာတာတွေ့ရတယ် ဝယ်တဲ့ထဲမှာသာလွန် အဘိဓဏ်ရလို့ အရမ်:ကိုအဆင်ပြေတယ် ဒီမှာကမြန်
မာတွေများတော့ဘာမဆိုအကုန်ရတယ် သူကြီ:ကြိုက်တဲ့ချဉ်ပေါင်ဆို ၃၆၅ရက်ရတယ် အခုတလောဒီမှာလဲစီးပွါးရေးတွေကျတယ် တိုင်ဝမ်လည်းတရုက်ကြီ:ကို
တည့်အောင်ပေါင်းနေရတယ် တနေ့တနေ့ ပြည်မကလာလည်တဲ့လူတွေမနဲဘူ:
မမအေး ခင်ဗျားမွန်ပြည်နယ်ကလား အေးဗျာကျိုက်ထီးရိုး ဖုရားကိုအမြဲ ဖူ:ခွင့်ရှိခဲ့မှာပေါ့နော် ရေမြေတောတောင် အေးချမ်:လှပတာဘာနဲ့မှနှိုင်းလို့မရပါဘူ:
အရင်ကဆိုတခါသွားရင် ၃ရက်ခရီ: တညအိပ်ပြီ:ပြန်တာ ဒီတခါမြန်မာပြည်ပြန်တာ အမဖြစ်သူက ဆရာတော်ပါချုပ် တဲ့ ဘွဲ့တိတိကျကျတော့ မသိဘူ: အဲဒီ
ဆရာတော်က တရားဟောတာ နားလည်လွယ်သလို နှစ်သက်မိတယ် စီဒီချည်း၁၆ချပ်လားမသိဘူ: ကျနော်ကတော့ဖုံးထဲထဲ့နားထောင်မိတယ် မမအေးရဲ့ပေးတဲ့ဆုနဲ့ပြည့်ရပါလို
၏ ကျေးဇူ:အထူးတင်လျှက် မောင်အောင်
မောင်ပေ
November 27, 2012 at 8:40 pm
အန်ကယ်အောင်
အန်ကယ်အောင်
ဒီကနေ ့က စပြီး အဲ့လိုပဲ လေးလေးစားစားရိုရိုသေသေခေါ်တော့မယ် ခင်ဗျ
ဟီဟိ
koaung
November 28, 2012 at 2:34 pm
Lu soe gyi Ko Ko pay. (Using from iPad ,cant use Myanmar font)