“တစ်ခါက နှင့် အချစ်နိဒန်း ၊ အလွမ်းစာကိုယ် ၊ ………….နိဂုံး”
အချစ်နိဒန်း
အချစ်ဦးဆိုတာ အချစ်ဆုံးဖြစ်ချင်မှ ဖြစ်တတ်သလို …..အချစ်ဆုံးဆိုတာ….အချစ်ဦးလည်း ဖြစ်ချင်မှ
ဖြစ်တတ်တာပါ ….. ။ တကယ်တော့ ပထမဆုံးချစ်မိသူကို အချစ်ဦးလို့ ပြောမယ်ဆိုရင်တော့ ….. ဖြူ …လို့
ကျနော်ခေါ်ခဲ ့တဲ့ ….. ဖြူ ့ ..ကိုပဲ ညွှန်းရမှာပေါ ့လေ …။
သူ့နာမည်က သန် ့မြတ်ဖြူ …တဲ ့ ။ အတန်းဖေါ်…သူငယ်ချင်း …မြန်မာစာကလွဲရင် ဘာသာရပ်အားလုံး
ကျနော် ့ထက်ပိုတော်တဲ့သူ …။ စာစီစာကုံးရေးတိုင်း ကျနော် ့ဆီကကူးရေးသူ …..။ အင်္ဂလိပ်စာ မရတိုင်း
ကျနော့်ကို ပြန်ရှင်းပြပေးသူ ….။
သူနဲ့ ….ကျနော်ရဲ ့ ဇတ်လမ်းက ရိုးပါတယ်….။ ဒါပေမဲ့လည်း ရှင်းမနိုင်အောင် လည်း ရှုပ်ထွေး ခဲ့ပြန်ပါတယ် ။
တစ်ခါက ….ခုလို မိုးကုန်ပြီးစ ရွှေကျင်မြို ့ရဲ ့ မီးမျှော ပွဲအပြီး …..ရင်ခုန်သံနေ ့ရက်လေးတွေမှာပေါ ့လေ …..။
**************** ****************** *******************
ဆယ်တန်း ကျောင်းသားတစ်ယောက်အဖို့ အချစ်ကို တွေ ့ရှိခဲ့တယ်ဆိုရင် စောနေမလား လို့ ထင်မိသည် …..။
သူ့ကိုတွေ ့ရရင် ပျော်သည် ။ ပြုံးလျှင် ကြည်နူးမိသည် ။ သူ ့စကားသံတွေက ဆွဲဆောင်နိုင်လွန်းပြန်သည် ။
ဘာရယ်မဟုတ် ….. သူ့အကြောင်းတွေးမိတိုင်း ရင်ခုန်မိသည် ။
လောလောဆယ်ဆယ်တွင် ကျောင်းစာကိုစိတ်မဝင်စား ။ နံရံကပ်စာစောင် စာမူပြိုင်ပွဲအတွက် လုံးပန်းရင်း
ဖြူ ့ကိုပေးဖို့ စာတစ်စောင်လည်း ရေးနေမိပြန်သည် ။ ခံစားချက်တို့ထုံမွှန်းသည် ့ ချစ်သဝဏ်လွှာသည်
စစ်တောင်းပေပါဖြင် ့ (၁၂)ရွက်ခန် ့ ….။ ဒါတောင် မနည်းလျော့ထားပေလို့ …။
ဒီလိုနှင် ့ …..ရေးပြီးပြန်တော့လည်း ……ပေးဖို့ ကြံရပြန်သည် ။ ဒါမျိုးဆို မလတ်တို့က စိတ်ချရသည် ။`
ဖြူ နှင် ့လည်းအလွန်ခင်သည်မို့ ….မလတ် ကိုပေးခိုင်းရတော့သည် ။ စစ်တောင်းစက္ကူ (၁၂) ရွက်ကို
ထည် ့ရန် လှလှပပ စာအိပ်လေးများမရှိသဖြင် ့ ရုံးသုံး စာအိပ်ညိုညိုကြီးဖြင် ့သာ ထည် ့ရလေသည် ။
ကျနော့်ရည်းစားစာမှာ …ရည်းစားစာနှင် ့မတူ ။ အစိုးရရုံးသို့ လျောက်လွှာတင်သည်နှင် ့တူလှပေသည် ။
ရှိစေတော့ …..အဓိက သူသိစေဖို့ ရည်ညွှန်းခဲ့သည်ပဲလေ ……။
ဒီလိုနှင် ့ ….မလတ် မှာ ဖြူ ့ထံပါး သွားရောက်၍ ပေးခဲ့လေသည် ….။ အဲဒီညက ….ကျနော် သူငယ်ချင်း
များကိုလက်ဘက်ရည်တိုက်ရသည် ။ ပြီးနောက် …ညဉ် ့နက်သည်အထိ လမ်းထိပ်တွင် ဂစ်တာတီးကြ၍
ခံစားချက်များဖွင့်အံရင်း စိတ်လှုပ်ရှားဖွယ် ညတစ်ညကို ပုံဖေါ်ခဲ့လေသည် ….။ နောက်နေ ့ ကျနော်
ကျောင်းမတက်ခဲ ့ပါ …..သူငယ်ချင်းတစ်ယောက်မှ အကြံပေးသည် ။
“စာပေးပြီးရင် နှစ်ရက်လောက်ရှောင်နေ” တဲ့ …. “ကောင်မလေးက ..မင်းစာဖတ်ပြီးရင် မင်းကို
သတိယနေစေချင်လို့ ”တဲ ့ …
ကျနော်လည်း သူပြောသည် ့အတိုင်း ကျောင်းမတက် ၊ အပြင်မထွက်ပဲ နေမိသည် ။ ဖြူ ့ ကိုသတိယနေ
သလို ….သူဘာများပြောမလဲ လို့ ရင်ခုန်မိပြန်သည် ..။ သတင်းကောင်းတစ်ခုတော့ ကြားရသည် ။
ကျနော် ့ စာမူ နံရံကပ်စာေစောင်တွင် ရွေးချယ်သည် တဲ ့ ….။ ကျနော် အိပ်မရအောင်ပျော်ခဲ့သည် ။
နောက်နေ ့ …ကျောင်းတက်လျှင် ဖြူ ့ ကိုတွေ ့ရမှာ မဝံရဲ ပြန် ။
************************** ***************************
“အောင်ဇော် …..ကျောင်းအုပ်ကြီးက သူ့ရုံးခန်းကိုခဏလာခဲ့ပါ တဲ ့”
ကျောင်းတက်ခါစ စာသင်ခန်းရှေ ့တွင် ရုံးစာရေး ကိုအုန်းမြင် ့မှ လာခေါ်လေပြီ ….။ နံရံကပ်စာစောင်စာမူ
အတွက် တစ်ခုခုပြောမှာပဲလို့ တွေးရင်း ကြည်နူးမိ၏ ။ သူငယ်ချင်းများကိုလည်း ဆုရလျှင် လက်ဘက်ရည်
တိုက်မည် ဟု အကြွားပိုရင်း………
“လာ …မောင်အောင်ဇော် …..”
ကျောင်းအုပ်ဆရာကြီးမှ ဝင်ဝင်ခြင်းလှမ်းခေါ်လိုက်သဖြင် ့ စောစောကလို မဝံ ့မရဲဖြစ်မနေတော့ ….။
ဆရာကြီး၏ စားပွဲရှေ ့တွင် ခတ်ရို ့ရို ့လေးမတ်တတ်ရပ်ရင်း ….ဘေးဘယ်ညာကိုကြည် ့မိသည် ။
အတန်းပိုင် ဆရာမကို ပြုံးစစ ဖြင် ့တွေရသည် …။
“ မင်း…တော်တော် စာရေးကောင်းသားပဲ ကွ …မောင်အောင်ဇော် ..”
“ ဟုတ် …”
ဆရာကြီးမှ ချီးကျူးသည်မို့ မနေတတ် လောက်အောင် ကြည်နူးခဲ ့ရသည် ။။။
“ ဒီပုံအတို်င်းဆို …မင်း တစ်နေ ့ စာရေးဆရာဖြစ်မှာသေချာတယ် …..အခုတော ့ ခံဝန်ချူပ် လက်မှတ်ထိုး
ခဲ့ပေတော့ ….မင်းဆရာမ အာမခံလို့ ဒီလောက်နဲ့ ပြီးတာ …..”
ကျနော်…ရုပ်တရက်နားမလည်…။ ဆရာကြီး ဘာတွေပြောနေပါလိမ် ့ ….
“ကဲ ….ရော ့ …ဒီမှာ မင်းရေးထားတဲ့ စာမူ ..။ နောက်နောင် ဒီလိုစာမျိုး ရေးရင် ကျောင်းထုတ်ပြီသာမှတ် ”
ကျနော့် ရှေ ့သို့ စာအိပ်တစ်အိပ် ပစ်ပေးလိုက်သည် ။ မြင်ဖူးနေပါသည် ဟု ကြည် ့ရင်း “ ဟာ ”ဟု
မအော်မိစေရန် မနည်းပင် ထိန်းချုပ်လိုက်ရလေသည် ….။
ကျနော် ဖြူ ့ ကိုပေးလိုက်သည် ့ ရည်းစားစာ ….။
ရက်စက်လိုက်တာ လို့ ရင်ထဲမှာအကြိမ်ကြိ်မ် ရွတ်ရင်း ရှက်ဒေါသနှင် ့အတူု နာကျည်း ခဲ့သည် ။
သူနှင် ့ ကျနော်နှင် ့ ကြားမှာ ဒီလောက်အထိ ရက်စက်ဖို့တော့ မကောင်း…။ မကြိုက်လျှင် မယူနဲ့ပေါ ့ ။
ခုတော့ …… ကျနော် ကောင်းကောင်းကြီး အရှက်ကွဲခဲ့ရသည် ။ တစ်ကျောင်းလုံး နာမည်ကျော်၍
ကျနော့်မှာ ခေါင်းမဖေါ်ရဲ ….။
******************* ********************* ********************
“ ငါရှင်း ပြမယ် အောင်ဇော် ….”
“နေပါ ..မလတ်ရယ် ….ခုမှတော့ ဘာထူးတော ့မှာလဲ ”
“ မဟုတ်သေးဘူး အောင်ဇော် ….အဲဒါ ဖြူ က တမင်လုပ်တာမဟုတ်ဘူး ….နင်လုပ်ပုံက မရှင်းမရှင်း ဖြစ်
တာရယ် …..ပြီးတော့ အဲဒီနေ ့က သူ ့အမေရောက်လာလို့ ..ကမန်းကတန်း ပေးပြီးထွက်လာရတာ ”
ကျနော် မလတ်ပြောတာကို နားမလည် ………မျက်မှောင်ကုတ်၍ ခတ်ဆတ်ဆတ် ပြန်မေးလိုက်သည် ။
“ နင် ဘာတွေပြောနေတာလည်း မလတ် ….ငါ သူမရှင်းမှာစိုးလို့ ချစ်တဲ့အကြောင်းကို (၁၂) ရွက်
ရေးပြီး ပေးခိုင်းလိုက်တာ ..”
“အဲဒါ ကြောင် ့ပေါ ့ ဟဲ ့ ….ဒီလို ….ဒီလို ………………………………………………………
………………………………………….”
ခုတော့သိပါပြီ …။ ကံတရား၏ ကြည်စယ်ခြင်းကို ကောင်းစွာခံစားလိုက်ရသည် ….။
ဖြစ်ပုံကဒီလို …….. ကျနော် ့စာက လျောက်လွှာစာရွက် (၁၂) ရွက် မျှ ရေးခဲ့သည်မို့ ထည် ့ဖို့ စာအိပ်
မရှိသဖြင် ့ ရုံးသုံးစာအိပ်ညို ကြီးဖြင် ့ ထည် ့ပေးလိုက်ရသည် ။ စာအိပ်ပေါ်မှာလည်း ဘာမှ ရေးမထားမိ…..
ဖြစ်ချင်တော့ ..အဲဒီနေ ့က မလတ်မှ စာအိပ်ကိုပေးနေတုန်း ဖြူ ရဲ ့အမေရောက်လာသဖြင် ့ ဘာမှ မပြော
နိုင်ခဲ ့ ….။ မလတ် ၏စိတ်ထဲတွင် ဖြူတော ့ အဲဒီညက ဖွင် ့ဖတ်လိမ် ့မည် ဟု ထင်ခဲ့သည် ။
တကယ်တော့ ….. မလတ် အထင် တက်တက်စင်အောင်လွဲခဲ ့ပါသည် ။ ကျနော်၏ ချစ်လှစွာသော ဖြူ မှာ….
ထိုစာအိပ်ကို နံရံကပ်စာစောင်အတွက်ရေးထားသော စာမူ ဟုထင်သဖြင် ့ စာမူရွေးချယ်ရေးအဖွဲ ့သို့
ပို့ ပေးခဲ့လေတော့သည် ……။
……… ဤသို့ဖြင် ့ ….ကျနော်၏ အချစ်နိဒန်း မှာ ….ရုံးခန်းထဲတွင် ခံဝန်ချုပ် လက်မှတ်ထိုး၍
အိုးနင်း ခွက်နင်း နှင် ့ လွမ်းးစရာလေးများ ဖြစ်ခဲ့ရပေတော့သည် …………..။
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx xxxxxxxxxxxxxxxxxxxxxxxxxxxxxxx
အလွမ်းစာကိုယ်
အချစ်ဆုံး ဆိုတာ အချစ်ဦး ဖြစ် ချင်မှ ဖြစ်မှာ ပါလို့ ကိုယ် အကြိမ်ကြိမ်ပြောခဲ ့ပေမဲ ့ ……
လွမ်းမိတဲ့ အချိန်တွေကိုတော့ မကွယ်ဝှက်နိုင်ခဲ့ပါဘူး နွေး ရယ် ……………….။
ဘယ်တော ့တွေးတွေး အသစ်လိုဖြစ်နေတဲ ့ ကိုယ်တို့ အကြောင်းတွေကို မေ ့လိုက်ချင်မိပါ ရဲ ့ ….
ခက်တယ်နွေး ရယ် ….. ဒီရွှေကျင်မြို ့ရဲ ့ မီးမျှောပွဲတော်ရောက်တိုင်း အတိတ်ခြေရာတွေပြန်ပေါ်လာစမြဲ ….
စစ်တောင်းမြစ်ကြီးကို ကြည် ့ပါဦး …ခုတော့ ငြိမ်သက်နေလိုက်တာ သူမဟုတ်သလိုပဲလေ ….
မြစ်ကြမ်းပြင်တစ်နေရာမှာ ထာဝရ ငြိမ်သက်နေရတဲ့ နွေးကိုမှ အားမနာ ….. ….
…………………………… သတိယတယ်နွေး …………။
လွမ်းစရာတွေကလွမ်းရသလို သတိယစရာတွေကလည်းဖျောက်ဖျက်ပစ်လို.မှမရ
နိုင်ပဲလေ…..။မေ.သွားရင်ကောင်းမှာဘဲလို. အကြိမ်ကြိမ် တွေးခဲ.မိပေမဲ. တကယ်တန်းမေ့ နိုင်ဖို.အတွက် မဝံ့
ရဲပြန်ဘူး …..
နွေးနဲ့ ကိုယ်နဲ့က ခဏလေးဆုံခဲ ့ပေမဲ ့ ….. အချစ်ဆုံးတွေ ဖြစ်ခဲ့ ကြတာလေ …..။ ရွှေကျင်မြို ့ကို ဧည် ့သည်
အဖြစ် ရောက်လာတဲ့နွေးနဲ့ ဆုံတွေ ့စေတဲ့ ကံကြမ္မာကိုပဲ အပြစ်တင်ရမလား…. ဒါမှ မဟုတ် …..
ချစ်တတ်တဲ့ ကိုယ် ့နှလုံးသားကိုပဲအပြစ်တင်ရမလား ……….
ဘာပဲဖြစ်ဖြစ် အချစ်ဆုံးသူကို နှုတ်ဆက်ခွင် ့လေးတောင် မရလိုက်တဲ့ ကိုယ် ့အဖြစ်က ဆိုးလွန်ပါတယ် …..။
ပြန်မဲ့နေ ့မှာ လိုက်မပို့ရဘူး ..တဲ ့ ..။ နွေး ….မခံစားနိုင်လို့ …တဲ ့ ..။ ကိုယ် လည်း နှလုံးသားကိုအကျဉ်းချ ၊
ဆန္ဒကို သော့ပိတ်ပြီး နွေး ပြန်သွားတာကို တိတ်တိတ်လေးပဲ ကြေကွဲနေမိပါတယ် …နွေး ရယ် ……။
*********************** *************************
နွေးရေ ……………နောက်နေ့မနက် (၁၀)နာရီလောက် မလတ်တို ့အိမ်ဘက်ထွက်ခဲ ့တယ်လေ ။
ရောက်ရောက်ခြင်း ငိုနေတဲ ့ မလတ်ကိုလဲတွေ့ရတယ် …..အိမ်ထဲမှာလဲ လူစုလူဝေးနဲ ့ပေါ ့နွေးရယ်
ကိုယ်ရင်ထိတ်လိုက်တာ …….ဘယ်သူများဘာဖြစ်သလဲပေါ ့……….
ကိုယ် ့ ကိုတွေ ့တော့ …မလတ်ကပြေးထွက်လာတယ် ……..ငိုသံမပီမသနဲ ့ ….
“ အောင်ဇော် ……နွေး…….နွေး ရေနစ်ပြီး ဆုံးသွားပြီ”
“ ဘာ…………ဘယ်လိုဖြစ်တာလဲမလတ် ……ဘယ်လိုနစ်တာလဲ…….”
“ နွေး …နွေး စီးသွားတဲ ့ စက်လှေကို ဖေါင်ပျက်ပြီး မျောလာတဲ့သစ်လုံးက ဝင်တိုက်လို့ လှေမှောက်သွားတာ”
မလတ်ဆက်ပြောနေတာတွေ ကြားတစ်ချက် မကြားတစ်ချက် ……။ ရုတ်တရက်မို ့ အသက်မဲ ့သွားလေသည် ့
အလား…………….
ကိုယ် ရူးပြီနွေးရေ………….
နွေးရဲ ့သတင်း ကြားပြီးချင်းပဲ ကိုယ်ပြေးထွက်လာမိတယ် ……။ ချောင်းထဲက စက်လှေပေါ်တက်ပြီး
စစ်တောင်းမြစ်ထဲ ကိုယ်ထွက်ခဲ ့တယ်လေ …….ပြီးတော ့ …..စစ်တောင်းမြစ်ထဲမှာ စုန်ဆန်မောင်းရင်း
နွေးကိုရှာနေမိတယ် …….ရေစီးကြမ်းလှတဲ ့ စစ်တောင်းမြစ်ထဲမှာ နွေးကို မတွေ ့နိုင်တော ့ဘူးဆိုတာ
ကိုယ်သိပါတယ် ……..ဒါပေမဲ ့နွေးရယ်….အဖြစ်မှန်ကို ကိုယ်မှလက်မခံနိုင်ဘဲ ……
မြစ်ထဲမှာ တစ်နေကုန်စက်လှေမောင်းရင်း နွေး နံမည်ကို ခေါ်နေမိတယ်…….ဒီမြစ်ကြီးကို မုန်းလိုက်
တာနွေးရယ် ……နွေး ကိုမှရက်ရက်စက်စက် ……..ကိုယ်မယုံဘူးနွေး….နွေးတစ်နေ ့ပြန်လာမှာပါ ….
နွေး ပြောခဲ ့တယ်လေ … “ နွေး ဆက်ဆက်ပြန်ခဲ ့မယ်” တဲ ့ …………….
နွေးရေ ……..
ဟိုး….မြင်နေရတဲ ့ အရှေ ့ရိုးမတောင်တန်းကြီးမှာ နွေးကြိုက်တဲ ့တောပန်းလေးတွေ ပွင် ့နေပြန်ပြီ လေ….
ပြီးတော ့ …….မြို ့ဒေါင် ့စေတီမှာလည်း နွေးနဲ ့တွေ့ခဲ ့စဉ်တုန်းကလိုဘဲ ဘုရားဖူးသူတွေ
စည်ကားနေပြန်ပြီပေါ ့ နွေးရေ………..
( အပြည် ့အစုံကို “နွေး …ဆက်ဆက်ပြန်ခဲ့မယ် ” ဆိုသော ခေါင်းစဉ်ဖြင် ့ ရေးသားပြီးဖြစ်ပါသည် )
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
အကြင်နာနိဂုံး …………
“ နင် ဘယ်လိုစဉ်းစားထားလဲ မလတ် ”
ကျနော် မလတ်ကို အားတုန် ့ အားနာနဲ့ မေးလိုက်သည် ။
နွေးဆုံးပြီး သုံးနှစ်ခန် ့အကြာတွင် ကျနော်တို့ မိဘများမှ မလတ်နှင် ့ကျနော် ့ကို လက်ထပ်ပေးရန် စီစဉ်ကြခြင်း
ဖြစ်ပေရာ …. မလတ်၏ သဘောကို မေးရလေတော့သည် ။
“ အောင်ဇော်ရဲ ့ ….. ငါက ဘာအကြောင်းပြပြီး ငြင်းလို့ရမှာလဲ ….. နင်နဲ့ နွေးနဲ ့ ချစ်သူဖြစ်ခဲ ့ဖူးတာကို
အကြောင်းပြရမှာလား…ဟင်း ဟင်း ….”
“ တကယ်တော့လည်း မလတ်ရယ် …… အချစ်ဆုံး ဆိုတာ ….”
“ ဟိုးးး ထား အောင်ဇော်ရေ …နင် ပြောချင်တာ အချစ်ဦးဆိုတာ အချစ်ဆုံး မဖြစ်ခဲ ့သလို အချစ်ဆုံး
ဆိုတာကလည်း အချစ်ဦးဖြစ်ချင်မှ ဖြစ်မယ်လို့ ပြောချင်တာမဟုတ်လား ….. ငါ ့ကိုအားနာပြီးတော့လေ …
ဒီမှာ အောင်ဇော်ရဲ ့ … ..အချစ်ဆိုတာ ရီးစားဘဝမှာပဲ အရေးအကြီးဆုံးဖြစ်ချင် ဖြစ်မှာ …..အိမ်ထောင်သည်
ဘဝမှာက နားလည်မှု ၊ သံယောဇဉ် ..နဲ ့ ကြင်နာဖေးမမှုက ပိုအရေးကြီးတယ် ဟ …..နင် ့ ကို ငါနားလည်
ပေးနိုင်ပါတယ် အောင်ဇော်ရယ် …”
“ဒါဆို ………….”
………………………………………………………….
……………………………………………………………..
တကယ်တော့လည်း……အကြင်နာဆိုတာ နာကျင်နေတဲ့ နှလုံးသားအတွက် မရှိမဖြစ်လိုအပ်ချက် လို့ဆိုရင်
ကျနော် သိပ်များ အတ္တကြီးသွားမလား………
တစ်ခါက
မောင်ဆာမိ
55 comments
ခိုင်ဇာ
November 20, 2012 at 5:54 am
ကိုရင် ဆာမိ ရဲ့ စာက ပထမ စာကြောင်းလေးကတော့ဖြင့် ဒီစာတစ်ခုလုံးကို အဆုံးထိဖတ်ဖြစ်အောင် ဆွဲခေါ်သွားပါရောလား။
အစက မင်းသမီး နှစ်ယောက်လောက်ပဲမှတ်နေတာ။ (အချစ်ဦးနဲ့ အချစ်ဆုံး လို့ ဆိုတာကိုးဗျ။)
နိဒါန်းက အတိုင်းက တော့ တော်တော်များများကြုံဖူးကြမယ်နော့။
စာကိုယ်က အတိုင်းဆိုရင်တော့ ချစ်တဲ့သူနဲ့ မစုံစည်းရမှတော့ သေကွဲပဲ ကွဲကွဲ၊ ရှင်ကွဲပဲ ကွဲကွဲ တူတူပါပဲလေ။
နိဂုံးကတော့ဖြင့် အဲ ပြောတတ်တော့ဘူး။
စောစောစီးစီးနိုးနေ၍ ဝင်မန့် မိသွားပါ၏။
surmi
November 20, 2012 at 9:04 am
မခိုင်ဇာရေ …..
စောစောစီးစီး အားပေးသွာတာကျေးကျေးဗျ ။
နိဂုံးမှာ ပြောချင်တာကေတော ့ ခံစားချက်ထက် လက်တွေ ့လုပ်သင် ့တာကို
သဘာဝကျကျ တွေးခေါ်ဆောင်ရွက်ခဲ ့ကြတယ်လို ့ဆိုချင်တာပါ ။
ခံစားချက်ကသပ်သပ် … လုပ်ဆောင်ချက်ကသပ်သပ် အဲဒီလို အဲဒီလို …
( မျက်နှာများတာလည်း ပါပေမပေါ ့ ) : harr:
Inz@ghi
November 20, 2012 at 6:25 am
အင်း … တိုက်ဆိုင်လို့ကြွားရအုံးမယ် …အူးလေးရယ်..
ကျော်ငယ်ငယ်က ဘော်ဒါတွေ စီနယာတွေ ခေါ်တဲ့ နာမည်ကလည်း ..စာမိ တဲ့ခည…
ကျော့် ..ကောင်မလေး ပေးထားတဲ့စာတွေ ကျော့်မားသား မိသွားလို့ ..
အဲ့ ..ဘွားတော် က ဆူပူကြိမ်းမောင်း အလျင်း မရှိဘူးခင်ညား..
စာပါအကြောင်းအရာတွေနဲ့ တတိတတိ ထုတ်ထုတ်ရိတာ …
ဘော်ဒါဒွေကြားလည်း ဖွသေး ..အဲ့လို ..
စိတ်ဓါတ်ရေးရာ မဟာဗျူဟာမြောက် သမခံထိဖူးပါဂျောင်းရယ်…
:harr:
surmi
November 20, 2012 at 9:12 am
အဖြစ်ဆိုးပါ ့ ကိုရင်ဂီရယ်
ကျုပ်နဲ ့ နာမည်တူနေလို ့လားမသိ …..ဟဲဟဲ
ကျုပ်ကတော ့ ကိုရင် ့မားသားကြီးရဲ ့ နည်းလမ်းကိုသဘောကျသွားပြီဗျို ့
ကျုပ်မလဲ ကလေးတွေကိုလိုက်ကြည် ့ရတော ့မဲ ့ အချိန်ရောက်နေပြီလေ
အင်းးးးးးးးး ဝဋ်တော ့လည်တော ့မယ်ထင်တယ်
:hee:
blackchaw
November 20, 2012 at 7:06 am
ရွှေအမြုတေ မဂ္ဂဇင်းမှာ ပါလေ့ရှိတဲ့
ရွှေနှလုံးသား ဝတ္ထုတိုတစ်ပုဒ်ဖတ်ရသလိုပါပဲ…။
ခင်ဗျားရည်းဇားစာကို
နံရံကပ် စာစောင်ထဲ မထည့်လိုက်တာတောင် ကျေးဇူးတင်ရဦးမယ် ကိုဆာမိရေ…။
မစောပါဘူးဗျ…။
အချစ်ဆိုတဲ့ ဘာသာရပ်ကိုဆယ်တန်းလောက်တည်းက စလေ့လာထားတာ
အင်မတန် သင့်လျော်ပါတယ်ဆိုတဲ့ အကြောင်း
ထောက်ခံချက်ပေးသွားပါတယ်ဗျာ…။
( အော် ဆယ်တန်း ဆယ်တန်း)
လေးစားခင်မင်တဲ့…
ဘလက်ချော…။
surmi
November 20, 2012 at 9:29 am
အစ်ကို ကိုချောကြီးရေ …
မအားလပ်တဲ ့ကြားက လာရောက်ခံစားပေးသွားတာ ကျေးဇူးပါဗျာ။
အားလည်းတက်မိပါတယ် ။
ဦးမိုက် ကိုအားကျလို ့ ရှေးဟောင်းပစ္စည်းတွေပြန်တူးနေမိတာ
အစ်ကိုပြောသလို ဆယ်တန်းကမစောတာတော ့ဟုတ်မယ်
ကျနော်လည်းအိမ်က ကလေးတွေကို စောင် ့ကြည် ့နေရတော ့တာပဲဗျို ့ …..
ဪ …….. ဆယ်တန်း ဆန်းတယ်
အစ်မအေးရေ …..
အတိတ်ပေမ ဲ ့လည်း တစ်ခါတလေ တူးမိလျက်ပဲဗျ
လူတိုင်းမှာ စာမျက်နှာလေးတွေ ကိုယ်စီနဲ ့ဆိုတော ့
ပြန်ပြီး ကြည် ့ရင် ပြုံးစရာလေးတွေနဲ ့အတူ
လွမ်းစရာလေးတွေလည်း ရှိနေတတ်တာပါပဲလေ …..
aye.kk
November 20, 2012 at 9:11 am
ကိုဆာမိ
“ဪ…တစ်ခါကဘဝ”
ကိုယ့်ကြောင့်တော့မဖြစ်စေချင်
အဖြစ်ခြင်းရယ်ဆင်ဆင်တူတယ်
ရင်ခုံသံပြန်တွေး၊နွေးဆဲဆဲလေ။
ရေးရေးမျှပြန်မတွေးလိုပြီဟု
ဆွေးအတိတ်ကိုဖြင့်၊စိတ်ပြည်ဖုံးကားချ။
တဘဝလုံးအတွက်သာလျှင်၊တရားဓမ္မအရိပ်ခိုလှုံခါဖြင့်
သံသရာပြတ်စေဘို ့အေးပါရစေလေး။။
jullies cezer
November 20, 2012 at 9:22 am
လက်စက်သတ်တော့ မချောသုံးယောက် ကိုတစ်ယောက်ို အားပေးသွားပါတယ်
ကိုဆာမိရေ ……….
MaMa
November 20, 2012 at 9:23 am
ကိုရင်ဆာမိ စာရေးကောင်းတယ်မှတ်တာ….
ငယ်ငယ်ကတည်းက ဒီလိုလေ့ကျင့်ခဲ့တာကိုးးးးးးးး :harr:
surmi
November 20, 2012 at 12:18 pm
အန်တီမမရေ ….
ဂလိုပြောတော ့မယ်လို ့တော ့ထင်မိသားဗျ ဟဲဟဲ
ဝတ္ထု နော် ဝတ္ထု …ရင်တွင်းဖြစ် ….
:harr:
@ဂျူးလိယက်
မချောကသုံးယောက် အသည်းကတစ်ခုဆိုတော ့
နည်းနည်းများလောဘကြီးသွားမလားပဲနော ဟဲဟဲ
@အစ်ကိုကြီးကိုပေါက်
အစ်ကို ့ ကော့မန် ့ဖတ်ပြီး ပြုးဖြီးဖြီး ဖြစ်နေတာ ခုထိပဲဗျို ့
နှစ်ခါကွဲတဲ ့အသည်း မနာဘဲရှိပါ ့မလားအစ်ကိုရယ်
ပလပ်စတစ်အသည်းနဲ ့လဲထားတာ သူများတွေမှမသိပဲ …….
ကိုပေါက်(မန္တလေး)
November 20, 2012 at 9:49 am
နှစ်ခါ ကြွေကျတောင်
ကြေမွမသွားတဲ့အသဲ
မာဘဲမာနိုင်လွန်းသကွယ်။
ဦးခင်ခ
November 20, 2012 at 10:43 am
ကိုဆာမိတစ်ယောက် ပျောက်ချက်သားကောင်းနေလို့
လွမ်းနေတာ။
ပေါ်လာတော့လည်း အရေးအသားကောင်းလေးနဲ့မို့
ဖတ်လိုက်ရတာ အလွမ်းလေးပြေမယ်ထင်တာ
ပိုလွမ်းသွားပြီဗျာ အချစ်ဦးတို့ အချစ်ဆုံးတို့
မချစ်တချစ်တို့ ကိုယ်ကချစ် သူကမချစ်တို့ အော် စုံလင်စွာပါဘဲ။
အလွမ်းလေးတွေလာဖန်တီးပေးတဲ့ ပိုစ့်ပိုင်ရှင် ကိုဆာမိရေကျေးဇူး။
စိန်ဗိုက်ဗိုက်
November 20, 2012 at 10:59 am
ဪ..
ဆယ်တန်းကတဲက လက်သံပြောင်ခဲ့တာကိုး
ရည်းစားစာကို ၁၂ ရွက်တောင် ရေးနိုင်တယ်ဆိုတော့ ကျနော်ဆယ်တန်းတုန်းက ကိုဆာမိနဲ ့ခင်ရင် ပွဲအပြတ်ပဲ..
ကျနော့်ကိုရေးပေးတဲ့ အကိုကြီးတွေက တစ်ရွက် နှစ်ရွက်လောက်ပဲ ရေးပေးကြတော့ အဆင်မပြေခဲ့ဘူးဗျ
အတွေ ့နောက်ကျလေခြင်း
surmi
November 20, 2012 at 12:35 pm
@ဦးခ
ကျနော်လည်း သတိယနေပါသဗျာ
ခရီးများနေလို ့ပါ ။
ခုလည်းဘာရေးရမှန်းမသိလို ့ မြို ့ဟောင်းတွေလိုက်တူးနေတာ
ရှေးဟောင်းပစ္စည်းလေးများရလိုရငြား ဟဲဟဲ
@စိန်ဗိုက်ဗိုက်
အခုခေတ် ၁၂ ရွက်သွားရေးရင်တော ့ တရားပါအစွဲခံရမယ်ထင်တယ်
စိန်ဗိုက်ရေ ကျုပ်နဲ ့စောစောတွေ ့ရင် မောင်ရင်လည်းကံကောင်းမှာမဟုတ်ဘူး
ကျုပ်က ဘူပိတ် လာဘ်ပိတ်
:kwi:
ကိုရင်မင်းနန်ရေ….
ရွာထဲရောက်မဆိုက် ဆုံခွင် ့ရတာ ဝမ်းသာလှသဗျာ
ခုတော ့ခေတ်တွေပြောင်းကုန်တော ့ ဆယ်တန်းဆို နောက်တောင်ကျနေမလားပဲ …..
မင်းနန္ဓာ
November 20, 2012 at 11:32 am
ဆယ်တန်း ကျောင်းသားတစ်ယောက်အဖို့ အချစ်ကို တွေ ့ရှိခဲ့တယ်ဆိုရင်
စောနေမလား လို့ ထင်မိသည်
ကျနော် သူငယ်တန်းတုန်းက အဖြစ်လေးသတိရသွားတယ်
တနေ့ ကျောင်းကအပြန် အမေ့ကိုခေါ် အိမ်ရှေ့ကစောင့်၊ ဖြူဖြူဖွေးဖွေး ဆံထုံးသေးသေးလေးနဲ့ ကောင်မလေးကို လက်ညှိုးထိုးပြပြီး သားကြီးလာရင် သူ့ကိုယူမှာလို့ ပြောသတဲ့
..
ခု ကျနော့်သား သုံးနှစ်ပြည့်လို့ မူကြိုထား၊ တစ်လမကြာဘူး လူကြီးတွေ ဝိုင်းစပြီး မေးတော့ သူ့ချစ်သူတဲ့ ကောင်မလေးတစ်ယောက်နာမည်ပြောပြီ
နောက်တစ်လလောက်ရှိတော့ ကောင်မလေးနာမည် ပြောင်းသွားတယ် အရင်တစ်ယောက်က အသားမည်းလို့တဲ့ဗျာ…
ကဲ ဘယ့်နှယ့်လုပ်ကြမတုန်း ကိုစာမိ.. အဲ ကိုဆာမိ :hee:
juu juu
November 20, 2012 at 11:37 am
juujuuတော့တကယ်ပြောတာ အခုအချိန်ထိ ရည်းစားစာ တစ်ခါမှမရဖူးဘူး တကယ် တကယ်……….. ရည်းစားစာနဲ့ကံမပါဘူးထင်တယ်……….ချစ်သူသာရှိသွားတယ် စာအနေနဲ့တော့တစ်ခါမှမရဖူးဘူး
Hnin Hnin
November 20, 2012 at 12:08 pm
ကိုဆာမိက ဒီလိုလည်း အရေးကောင်းပဲနော်…
ဒါပေသိ ၃ယောက်ကြီးများတောင် နော်… နှင်းနှင်း အစ်ကိုတွေလိုပါပဲလေ… :hee:
‘ ၆တန်း ကျောင်းသူတစ်ယောက်အဖို့ အချစ်ကို လက်ခံခဲ့ရတယ်ဆိုရင် စောနေမလားလို့
ထင်မိသည် ‘ 🙂
ငယ်ငယ် ၆တန်းကျောင်းသူဘဝတုန်းက အတန်းတူကောင်လေးက
‘ မြန်မာစာ သတ်ပုံကျမ်းစာအုပ် စိမ်းစိမ်းလေး’ ကြားထဲ ရည်းစားစာ စာအိတ်လှလှလေးနဲ့ လွယ်အိတ်ထဲမှာ လာထည့်ပေးထားတာ ခံခဲ့ရဖူးပါတယ်။
စာအုပ်လေးကိုတော့ ‘ချစ်သက်လက်ဆောင်’ အနေနဲ့ ပေးတာပါတဲ့။
အကြည့်ချင်းဆုံ၊ ရင်တွေလည်း ခုန်ရပါသတဲ့။
နှင်းနှင်းက ဘာမှမသိတော့ သတ်ပုံကျမ်းစာအုပ်ပါ မာမားလက်ထဲ အပ်လိုက်တာ။
မာမားလည်း သတ်ပုံကျမ်းစာအုပ်ပါ ပြန်အပ် ကျောင်းအုပ်ကြီးရုံးခန်းထိ တိုင်လိုက်တာ
သူ့ခမျာလည်း ကိုစာမိလို ဖြစ်သွားရှာတယ်။
ခုနေ ပြန်တွေးကြည့်လိုက်တော့ တာထွက်မှာ ဦးဦးဖျားဖျား ‘သတ်ပုံကျမ်း’ စာအုပ်လေး
ရော၊ စာအရေးအသားရော ရင်ထဲငြိသွားခဲ့တော့ ဂုဏ်ထူးတောင် ထွက်တဲ့အထိ
‘ မြန်မာစာ ခရေဇီ ‘ ဘဝကို ရောက်သွားခဲ့ရတယ် ထင်ပါရဲ့..
surmi
November 20, 2012 at 12:46 pm
@ဂျူးဂျူး
ခေတ်ပြောင်းသွားပြီလေ ။စာပေးဖို ့ဘယ်လိုတော ့မလဲ ဟဲဟဲ
ခုဟာက လိုရင်း တိုရှင်း မဟုတ်လား …..
@နှင်းနှင်း
ဝတ္ထုနော် ……. တကယ်ဟုတ်ဖူး
အပြင်မှာ တစ်ယောက်တည်းပါ ။
( ဂျီးဒေါ်ကတော ့ မ ပြန်ပြီ ….ဟဲဟဲ )
ကိုငြိမ်းချမ်းရေ
ကျနော်ဒီနှစ်သွားဦးမလို ့ပဲဗျ ။
ဘယ်လိုမှ အချိန်မရလို ့ ။ ပွဲတော်ရက်ရောက်ရင် သတိယလွန်းလို ့
မနေနိုင် မထိုင်နိုင် ရေးလိုက်တာဗျို ့ …..
Hnin Hnin
November 20, 2012 at 4:23 pm
နော်ကတော့ ‘ပန်းကောင်း တစ်ပွင့်ပန်’
‘ တစ်ယောက်ဆို တစ်ယောက်၊ ပိတောက်ဆို ပိတောက်မို့’
ဝတ္ထုအထာ သေချာမကြည့်၊ ဝတ္ထုသဘော မစောကြောမိ၊ ဝန္ဒာမိ
လိုက်ပါကြောင်း
မဟုတ်ဘူးဆိုလည်း ထားလိုက်ပါတော့..ဟုတ်တယ်လို့တော့ မှတ်ထားပါ့မယ်
(နော့ ဟိုတခါ မွှေချက် နှစ်သက် နေတုန်းပဲနဲ့တူတယ်..
မကြောက်ပါနဲ့ အူးလေးရယ်..ဟဲ ဟဲ…. :kwi: )
ကိုငြိမ်းချမ်း
November 20, 2012 at 12:30 pm
တော်သေးတာပေ့ါ.. ကိုဆာမိကြီး နိဂုံးမှာ ရွှေကျင်မှာ အဆုံးမသတ်လို ့… ကျနော်တို ့ရွှေကျင်သူနဲ ့အဆုံးသတ်လို ့ကတော့ “ဟိုအစ်ကိုကြီးရဲ ့မခင်နှင်းဆီ” လာဆို မလို ့
ဘယ်တုန်းက ထပ်ရောက်သေးလဲ… ကျနော်ကတော့ ကျနော့်ငယ်သူငယ်ချင်းတွေနဲ ့ဖေ့ဘုတ်မှာဘဲတွေ ့ဖြစ်တော့တယ်…
•*¨နန်းတော်ရာသူ •*¨
November 20, 2012 at 12:40 pm
မခိုင်ဇာရေ …..
စောစောစီးစီး အားပေးသွာတာကျေးကျေးဗျ ။
နိဂုံးမှာ ပြောချင်တာကေတော ့ ခံစားချက်ထက် လက်တွေ ့လုပ်သင် ့တာကို
သဘာဝကျကျ တွေးခေါ်ဆောင်ရွက်ခဲ ့ကြတယ်လို ့ဆိုချင်တာပါ ။
ခံစားချက်ကသပ်သပ် … လုပ်ဆောင်ချက်ကသပ်သပ် အဲဒီလို အဲဒီလို …
( မျက်နှာများတာလည်း ပါပေမပေါ ့ ) : harr:
)))))))))))))))))))))))))))))))))))))))))))))))))))))))))))))))))))))))))))))))))))))))))))
မျက်နှာများတယ်လို့ဆိုလို့မရပါဘူး။
ကိုဆာမိကတပြိုင်တည်းထားတာမှမဟုတ်ပဲ
နိဂုံးပြောချင်တာကခံစားချက်ထက်လက်တွေ့ ဆိုတာက ယှဉ်တွဲနေမှရွေးချယ်ခွင့်ရှိတာလေ။
ကိုဆာမိရဲ့အချစ်ရေးရာ ၃ဇာတ်က ယှဉ်တွဲမနေတဲ့အတွက်ဒါကရွေးတယ်လို့မဆိုလိုဘူး။
နောက်ဆုံးရတာကဖူးစာရှင်အမှန်နဲ့တွေ့တယ်လို့ပဲထင်တယ်။
အားပေးနေပါမယ်ရှင်:)
surmi
November 20, 2012 at 12:52 pm
ဓာတုကလျာရေ ….
ကျေးကျေးဗျာ။ ကျုပ်လည်း တောင်ငူနဲ ့ပါတ်သက်နေတာဆိုတော ့
တောင်ငူအကြောင်းရေးရင် အားပေးဦးနော ့
နန်တော်ရာဆင်တင်းကုတ်မှ
ဆင်ထိန်း မောင်ဆာမိ
:harr:
•*¨နန်းတော်ရာသူ •*¨
November 20, 2012 at 1:06 pm
အတိုင်းထက်အလွန်အားပေးမှာပေါ့ရှင်။
ကျွန်မဦးလေးက ရွှေကျင်မှာမြို့နယ်ရဲမှူးတာဝန်ထမ်းဖူးပါတယ်။
ကျွန်မကဖြင့်မရောက်ဖူးပါ။
ကျောက်ကြီးသို့ဖြင့်ရောက်ဖူးပါတယ်။
ဖဒိုနဲ့နီးမယ်ထင်တယ်။
ဖဒိုမှာဖြင့်ကျွန်မတို့နှစ်ကဘူမိတွေအများသား။
မောင်ပေ
November 20, 2012 at 12:58 pm
ကိုဆာမိ စာကိုဖတ်ပြီး ၊ ငါ ငယ်ငယ်တုန်းက ဘာလို ့ ကိုဆာမိ လို မကြိုးစားမိတာလဲ ၊ တွေးမောအားမရ ဖြစ်မိတာကလား
ကိုဆာမိရေ အကြင်နာ ဆိုတာ နာကျင်တဲ့ နှလုံးသားအတွက်တင်မကပါဘူး ၊ သက်ရှိအားလုံးအတွက် လိုအပ်တယ် လို ့ ထင်ပါတယ်ဗျား
မိုချို
November 20, 2012 at 1:03 pm
ဦး ဆာ မိ
မဒမ်ဆာမိ= မလတ် ပေါ့ နော်
စကား မစပ် ဦးဆာ မိ ရဲ့ ဇာတ်ကောင် တွေ ထဲ က တစ်ယောက် မှာ မိုချို့ နာမည် အရင်း သုံး ထားတယ်။ နာ မည် သုံး ခ ပေး ရမယ် နော်။
surmi
November 20, 2012 at 10:31 pm
@နန်းတော်ရာသူ
ရွှေကျင်က ညောင်လေးပင်က လမ်းခွဲပြီးသွားရတာပါ ။ အရှေ ့ရိုးမတောင်နဲ့ နီးတယ် ။
ဖဒို က ပဲခူးရိုးမတောင်ခြေနဲ့ နီးတာဆိုတော့ …. အရှေ့နဲ့ အနောက်ပါ ….ဝေးပါတယ် ..။
@ကိုပေ
ကျနော် ဘာမှမကျိုးစားပါဘူး ။ မဖြစ်မနေ အလုပ်လုပ် ရတာကလွဲရင်ပေါ ့လေ ….
ကြင်နာမှုဆိုတာ နေရာတိုင်းမှာ လိုအပ်တာကိုလက်ခံပါတယ် …လုပ်ငန်းခွင်မှာလည်း ကြင်နာတတ်တဲ့
အုပ်ချုပ်သူနဲ့ဆို မောလို့ မောမှန်းမသိပါဘူး ….။
surmi
November 20, 2012 at 10:41 pm
@မမိုချို
ကျနော်ဒါဆို မှန်းမိပါပြီဗျာ …။ ပထမ တစ်ပုဒ်တုန်းကမပြောပဲ ခုမှဆိုတော့ ….. ဟဲ ဟဲ
စိတ်ချ …. တွေ ့ဆုံပွဲကို ပြန်လာဖြစ်ရင် အဝကျွေးမယ် :hee:
@ဦးမိုက်
ကျနော် ့ ခေါင်းတွေလည်း ဖုနေပြီနော် …. မြောက်ကြွ မြောက်ကြွ နဲ့ ထုတ်တန်းကိုဆောင် ့မိနေတာ..
တကယ်က ….အရီးလတ်ကစလိုက်တာဗျို ့ ….ဦးမိုက်ရေးတော ့ ကျနော်လည်း အဖေါ်ရှိတုန်း
အထုပ်ဖြေလိုက်တာ …..
:kwi:
kyeemite
November 20, 2012 at 1:14 pm
အချစ်ဆုံးနဲ့ မတွေ့ခင်တုန်းက အချစ်ဆုံးတစ်ယောက်ရှိခဲ့ဖူးတယ်
အချစ်ဆုံးလောက်မချစ်ပေမဲ့ အချစ်ဆုံးတော့ဖြစ်ခဲ့ဖူးတယ်…..(ကြားဖူးတဲ့ သီချင်းလေးတစ်ပိုင်းတစ်စပါ..)
ကိုဆာမိ…ရဲဘော်ဘလက်ပြောသလိုပဲဗျာ…မဂ္ဂဇင်းတိုက်ပို့ရင် ပုံနှိပ်ဖေါ်ပြခံရလောက်တယ်…
အရေးအသားကောင်းလို့ပါ…
အချစ်အကြောင်းတွေ ပြန်တူးဆွရေးထားတာ..ဖတ်ရင်း..ဖတ်ရင်း..
ကိုယ်ပါ အတိတ်ကိုလွမ်းသွားတယ်ဗျာ…. :528:
ခင်တဲ့…
မဟာရာဇာ အံစာတုံး
November 20, 2012 at 1:57 pm
ဥအောင်ဇော်ဂျီး …
(တစ်ခါက မောင်ဆာမိ ဆိုလို့) ..
ခညားက ရီးစားစာ ၁၂ ရွက်ကုန်အောင်တောင် ရေးနိုင်ဒယ်ဆိုတော့ …
တစ်စောင်လောက်များ ရေးပေးချင်ဘူးလားလို့ ….
လဘက်ရည် တိုက်ဘာ့မယ် …
ကျုပ်က ရီးစားစာ ရေးတတ်ဘူးရယ် …
ဆိုဘာစို့ဂျာ ..
အနော်က တောင်မလေး တစ်ယောက်ကို ဂျစ်နေမိဒယ် ..
သူမကို တွေ့ရရင် ပျော်ဒယ် ..
သူမကို ခိုးခိုးပြီးကြည့်ရင်း ကြည်နူးမိတယ် .. (ပေါ်တင်ဒေါ့ ကျည့်ရဲဘူး။။။ ကျောက်ဒယ်ဂျ)
သူမက လှဒယ် … အိုက်ဂလိုမျိုးဂျာ …
ရေးပေးမယ် မီဟုတ်လားဟင်င်င် .. အဟီး …
pooch
November 20, 2012 at 2:35 pm
ကိုဆာမိကျမလည်း ရွှေကျင်မီးမြောပွဲကို တခေါက်ရောက်ဖူးတယ်။
ဦးလေးက အဲ့ဒီမှာ တာဝန်ကျ နေတုန်းပေါ့။ ပျော်စရာတော်တော်ကောင်းတယ်။ လှလည်း လှတယ် ။ ညမီးရောင်တွေကြား မြစ်လေအေးအေးနဲ့ လှေစီးရတဲ့ ရင်ခုန်သံကို ကျမဖြင့် မေ့မရဘူး။ ဓာတ်ပုံတွေ ညအလင်းနဲ့ မရိုက်တတ်လို့ ပုံကောင်းမရခဲ့တာကလည်း မှတ်မှတ်ရရပါပဲ ။
ကိုဆာမိက ၁ဝတန်းနဲ့ ရင်ခုန်တာ တော်သေးတယ်ပြောရမယ် ။ ကျမဖြင့် ကိုးတန်းလောက်နဲ့ ရင်ခုန်သံကို နားထောင်တတ်ခဲ့တာပါ။ အော် ခုတော့လည်း အတိတ်ဟာ အတိတ်ပါပဲ ရှင်
ဆိုတော့ အချစ်ဦး အချစ်စ အချစ်လယ် အချစ်ဆုံးပေါ့နော် 😀
surmi
November 20, 2012 at 11:02 pm
@အံဇာတုံး
ကျုပ်မှ အားကိုးရတယ်လို့ကွယ် …. လက်ဘက်ရည်လေးတော့ သောက်ချင်ပါတယ် ။
သို့သော်လည်း … လွန်ခဲ ့တဲ့ နှစ်အစိတ်လောက်က အရေးအသားမျိုးနဲ ့ ခုခေတ် ကောင်မလေးတွေကို
သွားပေးလိုက်ရင် ကွက်စိတ်လာဟောနေတာလားလို့ ပြေကြမှာပေါ ့ ….
ကျုပ်တောင် မစွံလွန်းလို့ ….
@ဒေါ်ပုချ်
ရွှေကျင်မီးမျှောပွဲက တစ်ကယ်ပျော်ဖို့ ကောင်းတာပါ ..။ ကျုပ်က ရွာထဲက ဓတ်ပုံဆရာတွေကိုတောင်
ခေါ်သွားချင်မိသေး … ညရှုခင်းက တစ်ကယ်လှပါတယ် ….ခုတော့မသိဘူးး ဟိုတုန်းကတော့
ရေထဲမှာ ထမင်းထုပ်တွေ လိုက်ဝေတာဗျ ။ ရေပေါ် ဘူဖေးပေါ ့ဗျာ ..။
ကျနော် အဲဒီရွှေကျင်မီးမျှောပွဲ အကြောင်းလေးကို လွန်ခဲ ့တဲ ့ ၁၉၉ဝ ဝန်းကျင် အနေအထားအတိုင်း
ရေးဖူးသေးတယ် …
http://myanmargazette.net/116966/creative-writing
ဒါနဲ့ ရင်ခုန်သံလေးများလည်း တစ်နေ ့ကျရင် ပြန်တူးဆွပါဦး …..
:hee:
လုံမလေးမွန်မွန်
November 20, 2012 at 2:57 pm
ဦးဆာမိရေ…
နွေး အကြောင်းကိုဖတ်ရကတည်းက ခံစားခဲ့ရတာပါ…
စာရေးကောင်းလိုက်တာ ဦးဆာမိရယ်…
အနော်ကတော့ မလတ် ကို အားကျလိုက်တာ… သူ့မေတ္တာက သူ့ဆီကို ပြန်လာတယ်လေ… ချစ်တဲ့သူကို နားလည်ကြင်နာပေးနိုင်တဲ့ မလတ်ကိုလည်း လေးစားပါတယ်လို့…
မဟာရာဇာ အံစာတုံး
November 20, 2012 at 3:14 pm
အံချာဒုံး ကိုရော ..
နားလည် ပေးနိုင်ပါဒလား … 🙄
လုံမလေးမွန်မွန်
November 20, 2012 at 5:28 pm
အံချာဒုံးက တူ့ဘာတာတူလည်နေဒေါ့..ဘိုရိုနားလည်ရမှန်းတောင် သိဝူးရယ်..
surmi
November 20, 2012 at 11:08 pm
မွန်မွန်ရေ
မေတ္တာရှိမှ မေတ္တာရတယ်လို ့ ဆိုချင်ပုံရတယ် ….
အင်း ….. နားလည်မှုတွေ ယုံကြည်မှုတွေ ပိုခိုင်မြဲတဲ့သဘောပေါ ့ …..
မိတ်ဆွေ အချင်းချင်းတွေမှာလည်း ထားသင် ့တဲ့ သဘောပါပဲလေ ….
@ အံဇာတုံးက ခြောက်မျက်နှာဆိုတော့ ….
ဒီလောက်မျက်နှာများတဲ့သူ ….သွားကွာ ..တဲ ့
ဇမ္ဗူ့လောကပါလကြောင်ဝတုတ်
November 20, 2012 at 3:41 pm
စာစပြီး မလတ်ကိုပေးလိုက်တယ်ဆိုကတည်းက ဒီဇာတ်လာတော့မယ်ဆိုတာသိပြီးသား…
ဒီလောက်မှမလွဲရင် ဦးဆာမိဘယ်ဖြစ်မလဲကွီ…. (ခရက်ဒစ်တူ-ရွှေအိ)
ခင်မင်လျက်-
ကြောင်ဝတုတ်
surmi
November 20, 2012 at 11:15 pm
ရဲဘော်ကြောင်ဝကြီး ရေ ့ ….
အဲသလောက်ထိ ကျုပ်ကို ယုံကြည်တယ်ပေါ ့နော် ….ဟေ ဟေ ့ …
ဟုတ်ပါ ့ …..ဇတ်လမ်းသဘောက အောင်သွယ်နဲ ့ ညားသလိုဖြစ်သွားတာ …။
မနိုဗွီ ရေ …
ကျနော် ့ ဇတ်လမ်းကို အဲသလိုဆက်ရေးချင်နေမိတာနဲ့ အတော်ပဲ ..
အဲသလိုသာဆို ….ဖတ်ရတာ ပိုပြီး ဆွေးသွားလောက်တယ် …. :hee:
Novy
November 20, 2012 at 4:37 pm
ဇော်ရယ်..တကယ်တော့ နွေးမသေပါဘူး
ရေစီးအတိုင်းမျော်ပြီ ရွာလေးတစ်ရွာမှာ သောင်တင်နေခဲ့တာပေါ့
ခေါင်းမှာဒဏ်ရာ ရလို့အတိတ်မေ့သွားပြီ ပြန်မလာနိုင်တော့တာပါ
အတိတ်ကို သတိရလို့ ဇော့်ကို ဂတိပေးထားတဲ့အတိုင်း ရွှေကျင်ကို ပြန်လာတော့
ဇော်က မလတ်နဲ့ လက်ထပ်သွားပြီးလေ.
ဇော်ကိုလည်းအပြစ်အပြောရက်ပါဘူး
ရက်စက်လွန်းတဲ့ကံကြမ္မာကိုပဲ …………..
thit min
November 20, 2012 at 5:07 pm
ကိုဆာမိနဲ့ကျမှ ကော်မန့်ပေးမယ်ဆိုပြီး ဝင်ကြည့်တာ
ဆယ်ခါမကတော့ဘူး။ ဘာရေးရမှန်းမသိလို့ ပြန်ထွက်သွားလိုက်နဲ့။
အို ..လှယမင်း
သင့်ရဲ့မျက်ဝန်း
မြှားနဲ့ခွင်းသို့
ကျွန်နှုပ်ရင်တွင်း
ချစ်ခြင်းထွင်းဖောက်
ရောက်ခဲ့ပြီ။
အို …ပျိုကညာ
သင့်ရဲ့မာယာ
ပိုက်ကွန်ဖြာယှက်
အုပ်မိုးလျှက်အား
ကျွန့်နှလုံးသားလျှင်
သားကောင်လားပင်
ဖြစ်ခဲ့ပြီ။
အို…. သူငယ်မ
သင့်အလှလျှင်
ကောင်းကင်မိုးသား
အုပ်မိုးထားသို့
သွားသည့်နေရာ
ကြည့်လေရာတွင်
မြင်မြင်သမျှ
အလှမျက်နှာ
သင်လိုက်ပါခဲ့
ဖဲ့ခွါဝေးရာ
မပြေးသာပြီ။
လို့ ရီးဇားစာလိုလို ရှေးကဗျာလိုလို ရေးမလို့ပါဘဲ။
မရေးတော့ပါဘူး။
ကဲ…. အတည်ဆွေးနွေးကြည့်မယ်ဗျာ။
“”””တကယ်တော့လည်း……အကြင်နာဆိုတာ နာကျင်နေတဲ့ နှလုံးသားအတွက် မရှိမဖြစ်လိုအပ်ချက် လို့ဆိုရင်
ကျနော် သိပ်များ အတ္တကြီး သွားမလား”””
အကြင်နာကိုနာကျင်ခံစားတယ်ဆိုကတည်းက အတ္တကြီး ပြီးသားပါဘဲ။
ဒါပေမဲ့ လူဟာ နာကျင်ခံစားမှူရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အကြင်နာတရားလိုကိုလိုအပ်တယ်။
ဒါပေမဲ့ အဲဒီ အကြင်နာကဘဲ ထပ်ပြီး အသင်နာ ရရင် နာကျင်တပါတ်လည်ပြီး
နာကျင်လို့ အကြင်နာရှာ
အကြင်နာကနာကျင်နဲ့ ကြင်နာ၊နာကျင် ပါတ်လည်ရိုက်ပြီး
ကြုံသလို စခန်းသွားလိုက်ရတဲ့ အချစ်ဇာတ်လမ်းမျိုးလည်းရှိတယ်ဗျ။
နောက်တာမဟုတ်ဘူးနော် အတည်ပြောတာ။
ကျနော်ထင်တာမမှားဘူးဆိုရင် (လူချင်းတွေ့မှပြောတော့မယ်ဗျာ ဟဲဟဲ)
ခင်မင်စွာဖြင့်
သစ်မင်း
surmi
November 20, 2012 at 11:36 pm
မင်္ဂလာပါ ဆရာသစ်ရေ ….
ကဗျာလေးချီးမြှင် ့ပေးတာ ကျေးဇူးအထူးပါ …။
အမှတ်တရလေးမို့ ကူးပြီး သိမ်းထားပါတယ် ….. ဆရာသစ်ရောက်လာတဲ့ အခါမှပဲ ကျနော် ရွာထဲမဝင်နိင်
ဖြစ်နေရတာ ….။
အကြင်နာကိုဆရာသစ် ဖွင် ့ဆိုပုံလေးသဘောကျမိပါရဲ ့ …….
တကယ်တော့လည်း အဲဒီ အကြင်နာ ကြီးကိုပဲ တန်းတန်းစွဲ လိုချင်နေမိပြန်တာ …
ဒါနဲ ့ …. လူချင်းတွေ ့မှပြောမယ်ဆိုတာလေး ….သိချင်နေမိပြန်ရော ….
ဦးနေးချားရေ …
အနုအလှ စာတွေကတော့ ခုခေတ်အနေနဲ ့ဆို ပျင်းစရာပါဗျာ …..
ဝါသနာပါခဲ ့တာတော့ အမှန်ပါ …။
nature
November 20, 2012 at 5:37 pm
ဆာမိက ကျောင်းကတည်းက ရင်တွင်းဖြစ်အနုအလှကလေးတွေနဲ့ လေ့ကျင့်ခဲ့လို့ဒီလောက်စာရေးကောင်းနေတာကိုး။ ဒီလိုမှန်းသိရင် ကျောင်းကတည်းက လေ့ကျင့်ခဲ့ပါတယ်။ 😛
စာကိုထိအောင်မိအောင်ရေးတတ်လို့ဆာမိလို့ခေါ်တွင်တာကိုး။ အစကတော့မသိပါဘူး။ ဆာမိကို ကုလားကြီးမှတ်လို့။
အဟိ…. အဲဒီ အနုအလှစာကလေးတွေကိုတော့ဖတ်ချင်သား…။ 😛
မိုက်ကယ်ဂျော်နီအောင်ပု
November 20, 2012 at 8:52 pm
( “ တကယ်တော့လည်း မလတ်ရယ် …… အချစ်ဆုံး ဆိုတာ ….” )
အဲ့ဒါကိုဖတ်ပြီးတစ်ခု ကို ဒီလိုသတိထားမိပါရဲ့
ကလေးတစ်ယောက်ဟာ ဘိန်းမုန့်တစ်ခုကို စားနေရာကနေ အဲ့သည်ဘိန်းမုန့်ကြီးဗွက်ထဲပြုတ်ကျသွားလို့
ကြူးကြူးပါအောင်ငိုပါလေရော
ဒါနဲ့ ဘေးနားကတစ်ယောက်က မကြည့်ရက်လို့ နံဗျားအကြီးဂျီးတစ်ခုကိုအစားပြန်ပေးဒယ်
ငိုဘာနဲ့ကလေးရယ် တိတ်တိတ်
နံဗျားဆိုဒါ ဘိန်းမုန့်ထက်ကြီးဒယ်ကလေးရဲ့ ရော့ဆိုပြီး နံဗျားကြီးကမ်းပေးတော့
သေနာလေး 👿
မျက်ရည်စမ်းစမ်းနဲ့ နံဗျားဂျီးကို ကိုက်ချားနေလိုက်ဒါ
( ဇတ်လမ်းသဘောအရ မလတ် ဆိုတဲ့ မင်းသမီးက ပေးဆပ်တဲ့ဖက်က ရှိတဲ့အတွက် မင်းသားအတွက်
သူချစ်ကိုရတယ်ပြောရမှာဘဲ
ကိုရင်ဆာမိ အဲ့သည် နံဗျားဂျီးဂို ကိုက်ချားပလိုက်ဗျာ )
surmi
November 21, 2012 at 12:47 am
ဘပု ရေ …..
ကျနော့် ကိုပေးတဲ ့ ဥပမာ ကောင်းလှချည် ့လားဆရာ
အင်း …… နံပြားလေးတော့ ဒီတစ်ခါ ပြုတ်ကျလို့ မဖြစ်ချေဘူး ………
ိနောက်တစ်ခါဆိုရင် ဘာမှအလျော် မရပဲနေလိမ် ့မယ် ……………..
ကထူးဆန်း
November 21, 2012 at 12:08 am
:bar: ဒို့ အရီးလတ်ကို မ သွားတာ ဦးဆာမိကိုး .. :chee:
အရီးလတ်မတွေ့မိတုန်းပြေးပြီ ..တာ့တာ့. ဦးဆာမိ ရေ .. :harr:
surmi
November 21, 2012 at 12:51 am
ကထူးဆန်းတော ့ အရီးခေါင်းခေါက်တာ ခံရတော့မယ် …..
အင်း …..ဒါမှမဟုတ် ပျောက်နေတဲ့ အရီး ကိုပြန်ခေါ်ထုတ်တာများလား ….
Hnin Hnin
November 21, 2012 at 1:25 am
ဟုတ်မယ်..တူ့အကြံ…ငါကလိမလို့ ကြံ… :kwi:
ကိုဆာမိကြီး နှံချင်တာနဲ့(:mrgreen: နောက်တာ..ချိတ်ချိုးနဲ့) အဲ့အကြံကို လက်လျှော့..
မဆတ်ဆော့တော့တာပါလေ….
တများ ‘အရီးကျိကျိ’ လာမထိနဲ့ ဂိတွားမယ်..ဘာမှတ်ရဲ… :harr:
(သများခေါ်တုန်းကတော့…..အရီးကျိကျိက ဟိုပို့စ်မှာ ‘ဟား…ဟား’ လို့တောင်
အားရပါးရရယ်ပြီးတော့ ပလပ်စ် ပေးသွားသေးတယ်…ဟုတ်ဟုတ်..မဟုတ်ဟုတ်..
အဲဒါ အရီးပဲပေးသွားတာ..ဟီဟိ.. :harr: )
surmi
November 21, 2012 at 2:58 pm
ဟုတ်ပ မနှင်းနှင်း
မခံနဲ ့ …ပြောပလိုက် ဟဲဟဲ
(မြှောက်ပေးနေတာ )
:hee:
အရီးခင်လတ်
November 21, 2012 at 9:23 pm
အခုလဲ ++ ထပ်ပေးပါတယ် အေ။
ယူပါ။ ယူပါ။ ဟား…. ဟား။ 😆
Hnin Hnin
November 21, 2012 at 9:49 pm
အာ့ကြောင့် ‘အရီးကျိကျိ’ ကို ‘တအားဂျိ’ (ဂျစ် မဟုတ်)
++ ပေးတယ်ဆိုတော့
ပိုပိုဂျိ သွားလို့ ….’အရီးကျိကျိကြီး’…. လို့ပဲ ပြောင်းခေါ်ပါဘူး..ဟား ဟား…. :kwi:
ဦး ကျောက်ခဲ
November 21, 2012 at 6:31 am
ကိုရင်ဆာမိ
ရွယ်တူချင်း ဝှက်ထားတဲ့ လက်သဲတွေဖေါ်ပြီး ဒီလိုတော့ မကြွားနဲ့ဗျာ….
ဆယ်တန်းအရွယ်မှာ ရင်ခုန်သံ ကြိုးညှိမိလို့ စာမေးပွဲလဲကျ ၊ အချစ်ဦး ပွင့်ဖူးလေးလဲကြွေ….
ငယ်ကချစ် နှစ် တစ်ရာကို ဘယ်လိုမေ့နိုင်ပါရဲ့ ဗျာ….
အိမ်း..ဒကာကြီး….. အပမာဒေထ၊ မမေ့မလျော့ခြင်းသည်၊ တစ်ခါတရံ၌ မကောင်း……
surmi
November 21, 2012 at 2:54 pm
မကြွားပါဘူးဦးကျောက်ရယ်
ငိုပြနေတာပါ ….ဟဲဟဲ ။ မေ ့နေတတ်တာတော ့အကောင်းဆုံးပဲ အစ်ကိုရေ …..
ဒါနဲ ့ စောစောကပြောတဲ ့ စာမေးပွဲကျလောက်တဲ ့ စောင်းကြိုးရှိုက်သံလေးအကြောင်း
ကြုံရင် ကြားချင်ပါရဲ ့ဗျာ :harr:
Moe Z
November 21, 2012 at 3:16 pm
ဦးဦးဆာမိ …
အခုတော့လည်း လွဲလွဲလေးပဲကောင်းပါတယ်လို့ ပြောနေပြီဟုတ်
ဒါဆိုရင် ဖူးစာဆိုတာဦးရာလူမဟုတ်ဘူးပေါ့ 🙄
surmi
November 21, 2012 at 3:27 pm
မိုးစက်ရေ ………
ဖူးစာ မထူးတဲ ့သူတွေက ဦးရာမရဘူးကွဲ ့
ကြားဖူးတယ်မဟုတ်လား …ဘာတဲ ့
ရလိုရငြား ကျောက်တံတား
မရတဲ ့အဆုံး မအူကုန်း တဲ ့
ကျုပ်ကတော ့ အဲဒီလိုမျိုးမဟုတ်ပါဗျာ ဟဲဟဲ
တကယ် ့ကို …………!!!!!!!
အရီးခင်လတ်
November 21, 2012 at 8:39 pm
ချစ်သော ရွာသူ/သားများ ခင်ဗျား
တိုင်ပတ်ပြေးနေရလို့ အခုရက်များမှာ ရွာထဲ အသံပျောက် နေသည် ကို ခွေးလွှတ်ကြပါ။
ကျွန်မ ကိုယ်စား ချစ်စွာသော ပုချစ် လေးမှ ရွာ့ တာဝန်များကို တာဝန်ယူပေးနေပါသည်။
ကြိုးပြေသွား ပါက ပေးချင်သော အကြောင်းများ ကို အပြေးလာကာ စာစီ ပါမည့် အကြောင်း။
ကထူးဆန်း အပါအဝင် အဖွဲ့ကြီး ကို ခွေးတိုင် ထားပြီး ဖြစ်လို့ ဘာကြောင့် ဆိုတာ သူတို့ သိပါကြောင်း။ 😆
ကဆာမိ ရေ
အဲဒီ မလတ် က လဲ အဆင့် တန်းကျော်ပြီး ရည်းစားစာ မရ ခဲ့ လိုက်ဘူးထင်ရဲ့။
ကောင်းလေလေ့။ ကောင်းလေလေ့။
အဖော်ရှိသွားတာပေါ့။ 😆
အဲဒါ ကဆာမိ ကိုယ်တွေ့ဆိုရင်တော့ …. အရေးကောင်းပါ့။
surmi
November 22, 2012 at 10:50 am
အရီးရေ
မအားလပ်တဲ ့ကြားကအရောက်လာအားပေးတာ ကျေးကျေး ကုဋေပါ
ခုတစ်လော လူဟောင်းတွေလည်း တိုင်ပတ်နေပုံရတယ်
ရွာထဲမှာပျောက်ပျောက်နေလို ့ ။
အရီးပြန်လာရင် ပေးမဲ ့ မက်ဆေ့ တွေကိုမျှော်နေမယ်နော
ကြိုးမြန်မြန်ပြေဖို ့လည်းဆုတောင်းပါတယ်
အရီးရေ …….ဘဝဆိုတာ စိတ်ဝင်စားဖွယ် ဝတ္ထုတစ်ပုဒ်ဖြစ်ချင်ဖြစ်တတ်သလို
ဝတ္ထု တစ်ပုဒ်ဆိုတာကလည်း ဘဝတစ်ခု ဖြစ်ချင်လည်းဖြစ်မှာပေါ ့လေ ……….