တောင်ပေါ်က တယောသံ – (လေး)
တလောက နည်းနည်း ညစ်နေတာနဲ့ ဆက်မရေးဖြစ်ဘူး ဖြစ်သွားတယ်။ ဒီအတွက် ချော်တီးဘာ။ ခုလည်း ရေးထားတာလေး တင်လိုက်ဘာဒယ်။ နည်းသည် များသည် မဟူ အားပေးဒေါ် မူဂျဘာအုံးလို့။ အဟီးးးးး
++++++++++++++++++++++++
++++++++++++++++++++++++
သူတို့ ချီတက်ကြလေပြီ
တစ်နေ့သ၌ ညသန်းခေါင်ယံ အချိန်ခန့်တွင် လူတစ်စုသည် တယောသံ ထွက်ပေါ်လာတတ်သည်ဟု နာမည်ကြီးနေသော ရန်အောင်တောင် ရှိရာဆီသို့ ဦးတည် လျောက်လှမ်းလာကြသည်ကို တွေ့ရလေ၏။ အဆိုပါ လူစုမှာ ငါးယောက်ပါသော လူစု ဖြစ်ကြောင်းကို လမိုက်ည ဖြစ်သော်လည်း ကြယ်ရောင်တို့၏ လင်းအားဖြင့် မြင်တွေ့နေရပေ၏။ ၎င်းတို့သည် လက်နှိပ်ဓါတ်မီးတစ်လက်အား အသုံးပြုကာ လျောက်လှမ်း လာကြသည်ကိုလည်း တွေ့ရလေ၏။
ရာသီအားဖြင့် နွေရာသီ ဖြစ်သည့်အတွက် ယာခင်းများမှာ သီးနှံများ စိုက်ပျိုးထားခြင်း မရှိပေ။ ယင်းကြောင့် အဆိုပါ ယာခင်းများမှာ သဲတော ဟင်းလင်းပြင်ကြီးသာ ဖြစ်၍ နေပေ၏။ ထိုလူငါးယောက်မှာ ယာခင်း သဲတောများကို ဖြတ်လျက် ရန်အောင်တောင် ဆီသို့ ဦးတည် လျောက်လှမ်းလာနေခြင်းပင် ဖြစ်ပေ၏။
“ဟေ့ကောင်တို့ရေ … ငါဖြင့် လာသာ လာရတာ၊ ခပ်လန့်လန့်ပဲဟ”
“ဟေ့ကောင် ဖိုးလေး၊ မင်း လန့်နေရင်လည်း ငါတို့နဲ့ ဆက်မလိုက်နဲ့ကွာ၊ တစ်ယောက်တည်း ဒီကနေ လှည့်ပြန်တော့”
“ဒီလိုတော့ ဘယ်ဖြစ်မလဲကွ”
“အေး … တစ်ယောက်တည်း မပြန်ရဲရင်လည်း ဘာမှ လန့်မနေနဲ့၊ ဒါပဲ”
၎င်းတို့ လူစုမှာ ရွက်လှရွာမှ လူရွယ်များ ဖြစ်ကြသည့် အောင်ဦး၊ ဖိုးလေး၊ ငအောင်၊ ရဲကြီးနှင့် မိုးကို တို့ပင် ဖြစ်ကြလေ၏။ ၎င်းတို့သည် ကြိုတင် ကြံစည်ထားသည့်အတိုင်း ရန်အောင်တော်ပေါ်မှ ညစဉ် သန်းခေါင်ယံအချိန်တွင် ပေါ်ထွက်လာတတ်သည့် တယောသံ ပိုင်ရှင်အား စူးစမ်းရန် လာရောက်နေခြင်းပင် ဖြစ်ပါသည်။
၎င်းတို့ လူစုသည် အစ ပထမ ရွာမှ ထွက်လာစတွင် စကား တပြောပြောနှင့် လျောက်လှမ်းလာခဲ့ကြသော်လည်း ရန်အောင်တောင်နှင့် နီးကပ်လာသောအခါတွင် ၎င်းတို့ စကားများသည် တိုးလျ လာသကဲ့သို့ အတန်ငယ်လည်း တိတ်ဆိတ်နေပေ၏။ ၎င်းတို့သည် ရန်အောင်တောင်ခြေဆီသို့ ရောက်လာသောအခါတွင် တောင်ပေါ်ဆီသို့ ချက်ချင်း တက်ရောက်ခြင်း မပြုသေးဘဲ တောင်ခြေတွင် မျက်နှာချင်းဆိုင် ဝိုင်းဖွဲ့၍ တစ်ဦးနှင့် တစ်ဦး တီးတိုးပြောဆိုကာ ထိုင်နေကြသည်ကို တွေ့ရလေ၏။
“ဟေ့ကောင် ရဲကြီး၊ တယောသံ ကြားရတာနဲ့ မင်းက ရှေ့ဆုံးက တက်ရမှာနော်”
“အေးပါဟ၊ ငါ သိပါတယ်”
“သိရင်လည်း ပြီးရော၊ ငအောင် က ရဲကြီးနောက်ကနော်”
“မင်းကလည်း စီစဉ်ထားတဲ့အတိုင်း သိပြီးသားကို လျောက်ပြောနေသေးတယ်၊ မင်း ကြောက်နေလည်း အေးအေးဆေးဆေး နေပါကွာ၊ အဲ … ဒါနဲ့ ပိတ်ဆုံးက လိုက်တဲ့ကောင်နောက်နေ ဘွားခနဲ ပေါ်လာလို့ကတော့ .. အဟိ .. ခွိခွိ”
“ဟေ့ကောင် ရဲကြီး ပေါက်ကရ လျောက်မပြောနဲ့ကွာ၊ မင်း ပြောတာနဲ့ ကြောချမ်းချင်သလိုတောင် ဖြစ်လာပြီ”
၎င်းတို့၏ အစီအစဉ်အရ တောင်ပေါ်မှ တယောသံ ထွက်ပေါ်လာသည်နှင့် တောင်ပေါ်သို့ တိတ်တဆိတ် တက်ရောက်ကြမည် ဖြစ်လေသည်။ ယင်းသို့ တက်ရောက်သည့်အခါတွင် ရဲကြီးမှ ရှေ့ဆုံးမှ သွားရမည် ဖြစ်ပြီး ၎င်းနောက်မှ ငအောင်၊ မိုးကို၊ အောင်ဦး၊ ဖိုးလေး တို့မှ အစဉ်အတိုင်း လိုက်ကြရန် ဖြစ်လေသည်။
တောင်ပေါ်မှ တယောသံ ပိုင်ရှင်မှာ ယောက်ျားပင် ဖြစ်စေ၊ မိန်းမပင် ဖြစ်စေ ၎င်းတို့အား တွေ့ရှိသွားပြီး ရန်မူလာပါက အသင့် ယူဆောင်လာကြသော လက်ကောက်ဝတ်ခန့် တုတ်များဖြင့် ပြန်လည် တိုက်ခိုက်ကြမည် ဖြစ်လေသည်။ အကယ်၍ အခြေမလှပါမူ အောင်ဦး၏ အဖိုးဖြစ်သူ ဦးသာအောင် နေထိုင်သော တဲဆီသို့ ပြေးကြမည် ဖြစ်လေ၏။ ဤသည်မှာ ၎င်းတို့၏ အစီအစဉ် ဖြစ်လေသည်။
++++++++++++++++++
“ဟေ့ကောင်တွေ ဟိုမှာ .. ဟိုမှာ … ကြည့်စမ်းပါဦး”
မိုးကို ဆိုသူ လူရွယ်မှ တစ်နေရာအား လက်ညိုးညွှန်၍ ပြလိုက်ခြင်း ဖြစ်ပါသည်။ ၎င်း ညွှန်ပြသည့် နေရာဆီသို့ အခြားသော လူရွယ်များမှာ လှမ်း၍ ကြည့်လိုက်ကြလေ၏။ မိုးကို ညွှန်ပြသည့် အရာမှာ ကြယ်ရောင် အလင်းအောက်တွင် မည်းမည်း သဏ္ဍာန်နှစ်ခုသည် ရွှေ့လျားနေခြင်းပင် ဖြစ်လေ၏။ အဆိုပါ မည်းမည်း သဏ္ဍာန် နှစ်ခုဆီမှ တစ်ခါတစ်ရံတွင် လင်းခနဲ ဖြစ်ဖြစ်သွားတတ်သေး၏။
“ဟာ .. တောင်ပေါ်တက်ပြီး တယောထိုးမယ့် သရဲတွေလား မသိဘူးကွ၊ ငါတို့ ပြေးကြရအောင်ကွာ”
“အရေးကြီး ဒီငကြောက်ကလည်း တစ်မျိုးပဲ၊ အဲဒါ သရဲတွေ မဟုတ်လောက်ဘူးဟ၊ သူတို့ဆီက တစ်ချက်တစ်ချက် လင်းလာတာ ဓါတ်မီးအရောင်ပဲ ဖြစ်ရမယ်ကွ”
“ငအောင် ပြောတာ ဟုတ်လောက်တယ်၊ ဓါတ်မီး ကိုင်ထားပုံထောက်တော့ လူတွေပဲ ဖြစ်ရမယ်၊ ငါတို့ ရွာက ကိုကြီးငတက်တို့များလား မသိဘူး”
“အာ .. ကိုကြီးငတက်က ဒီအချိန်ဆို ထန်းရည် မူးပြီး အိပ်နေလောက်ပြီ၊ ငါ သူ့ကို ညနေက တွေ့တုန်းကတောင် တော်တော် မူးနေပြီဟ”
“ဒါဖြင့် ဘယ်သူတွေ ဖြစ်ကြမတုန်းကွ”
“ဒါတော့ ငါတို့ စောင့်ကြည့်ရမှာပဲ၊ ငါတို့ ဟိုနားကို သွားပုန်းနေရအောင်၊ ဓါတ်မီးတော့ မထိုးကြနဲ့နော့”
ယင်းသို့ဖြင့် ၎င်းတို့ လူရွယ်တစ်စုသည် တောင်ခြေနှင့် မလှမ်းမကမ်းတွင် ရှိနေသော ထန်းပင်များနောက်သို့ သွားရောက် ပုန်းအောင်ကာ အဆိုပါ မည်းမည်းသဏ္ဍာန် နှစ်ခုအား စောင့်ကြည့်နေကြလေ၏။ ထို မည်းမည်းသဏ္ဍာန် နှစ်ခုသည် တဖြည်းဖြည်းနှင့် နီးသထက် နီးလာသောအခါတွင် ၎င်းတို့၏ သဏ္ဍာန်မှာ ပို၍ ပီပြင်လာလေ၏။ လူရွယ်တစ်စု စောင့်ကြည့်နေသည့် နေရာနှင့် မလှမ်းမကမ်းသို့ ရောက်ရှိလာသည့်အခါတွင် အဆိုပါ မည်းမည်းသဏ္ဍာန် နှစ်ခုမှာ လူနှစ်ယောက် ဖြစ်ကြောင်းကို သိရှိခွင့် ရလိုက်လေ၏။
“ငါတို့ ထင်တဲ့အတိုင်း လူတွေပဲကွ၊ ငါတို့ ဘယ်လို ဆက်လုပ်ကြမတုန်း”
“ဒါမှ ဂွကျတာပဲကွာ၊ ဒီလူတွေက ဒီအချိန်ကြီးမှ တိုက်တိုက်ဆိုင်ဆိုင်ကွာ တောင်ခြေကို ဘာလာလုပ်ကြသလဲ မသိပါဘူး”
“ဟေ့ကောင် … ဟေ့ကောင် .. တောင်ခြေကို မဟုတ်ဘူး .. ဟိုမှာ တောင်ပေါ်ကို တက်သွားကြပြီတွေ့လား”
“ငါ ထင်တဲ့အတိုင်း တယောထိုးမယ့် သရဲတွေလည်း မသိဘူးနော်”
“အာ … ဖိုးလေးကလည်း၊ မင်းကလည်း တစ်ဆိတ်ရှိ သရဲဆိုတာကြီးပဲ၊ မင်း မမြင်ဘူးလား၊ လူတွေမှန်း သိရက်နဲ့”
“သရဲတွေကလည်း လူလိုပဲ ဖြစ်မှာပေါ့ကွ၊ ငါတို့က အခု လူရုပ်ပုံစံပဲ မြင်ရတာကို၊ အနီးကပ် မြင်ရတာမှ မဟုတ်တာ၊ တော်ကြာနေ သူတို့မှာ အစွယ်တွေ ဘာတွေ ပါနေရင် ဘယ်လို လုပ်မလဲ”
“မင်း ပါစပ် ပိတ်ထားပါဦး ဖိုးလေးရာ၊ အခု ငါတို့ ဘယ်လို ဆက်လုပ်ကြမတုန်း”
“ဒီလို လုပ်ရအောင်ကွာ၊ ငါတို့ အဲဒီလူနှစ်ယောက်ကို မလိုက်တော့ဘူး၊ အစီအစဉ်အတိုင်းပဲ တယောသံကြားရင် အပေါ်ကို တက်ကြမယ်။ ဒါပေမယ့် သတိတော့ ထားသွားရမယ်ကွ၊ စောစောက နှစ်ယောက်က ဘာမှန်း ညာမှန်း သိတာ မဟုတ်ဘူး”
“အေး .. ဒါပဲ ကောင်းတယ်၊ တယောသံ ကြားအောင် ဒီနေရာကပဲ ငါတို့တွေ ထပ်စောင့်ကြရအောင်ကွာ”
++++++++++++++++++++
ရေးသားသူ – မဟာရာဇာ အံစာတုံး
15 comments
Mon Kit
November 20, 2012 at 4:15 pm
တယောသံ မြန်မြန်ကြားချင်လှပီ….
:hee:
Shwe Ei
November 20, 2012 at 4:34 pm
အူးလေးကလဲ သိပ်အချိန်ဆွဲတာဘဲ။ 😉
မဟာရာဇာ အံစာတုံး
November 20, 2012 at 4:40 pm
လာရောက် အားပေးသွားဂျဒဲ့
Mon Kit နဲ့ မရွှေအိ ကို ကျေးဇူး တင်ရှိဘာအိ ..
အချိန်ဆွဲဒယ်လို့ဒေါ့ မမှတ်စေလိုဘာဂျောင်း …
ကျနော့်ရဲ့ ချစ်သော ရွာသူားတွေအတွက်
ပီးဒလောက် တင်ပေးချင်း ဖစ်ဘာဂျောင်း …
နောက်တစ်ပိုင်းတွင် အဆုံးသတ်တော့မည် ဖြစ်ပါဂျောင်း ……။
စိန်ဗိုက်ဗိုက်
November 20, 2012 at 4:41 pm
အဲဒီနှစ်ယောက် အထီးလား အမလားကွဲ ့
pooch
November 20, 2012 at 4:56 pm
ဂေးတဲ့
Novy
November 20, 2012 at 4:45 pm
နှစ်ယောက်အဖွဲ့ကတောင်းစားတဲ့ အုပ်စုကမဟုတ်လား
တယော မြန်မြန်တီးတော့နော်
candle .
November 20, 2012 at 7:03 pm
ချစ်သူနှစ်ယောက်ချိန်းပြီး တောင်ပေါ်မှာ တယောလေးနဲ ့သာယာနေကြတာဖြစ်မှာပါ….
နှောက်ယှက်ရင်ဝဋ္ဋ်လိုက်မယ်နော် ကြောက်ဖူးလား 🙂
ဇာတ်သိမ်းပိုင်း မျှော်နေတယ် မြန်မြန်နော်….
မောင်ပေ
November 20, 2012 at 7:44 pm
တယောထိုးမယ့်သရဲ
ကျောပိုးခဲ့ ငဖဲ
တောတိုးချဲ ့ မမြဲ
ရောခိုးကွဲ ့ အမဲ
ခိုင်ဇာ
November 21, 2012 at 7:59 am
အပိုင်း ၃ နဲ့ ၄ ကြား အတော်ကြာလို့ မေ့သွားပြီး ၃ ကို ပြန်ဖတ်လိုက်ရတယ် မောင်အံစာ။
နောက်တစ်ခေါက်က ဇာတ်သိမ်းပြီဆိုရင်တော့ တယောသံရှင် သိရပြီပေါ့။ 🙂
မဟာရာဇာ အံစာတုံး
November 21, 2012 at 11:00 am
ကျနော့်ရဲ့ ပို့စ်လေးမှာ လာရောက်ကာ
အားပေးသွားကြသူအပေါင်းအား ကျနော်မှ ..
မြေကမ္ဘာ သွေမကွာ စေတနာ ကုဋေကုဋာဖြင့် ကျေးဇူးမဟာ တင်မိကြောင်းရယ်ပါ ….
ချစ်တဲ့ ..
အံစာတုံး
surmi
November 21, 2012 at 4:09 pm
ကျုပ်အထင်ပြောရရင် တယောသံဆိုတာ
လေရဟတ်တွေက မည်တဲ ့ အသံပဲဖြစ်ရမယ်
နေ ့ဘက်တွေမှာအသံတွေဆူတော ့မကြားရပဲ ညဖက်မှ
တိတ်ဆိတ်နေတော ့ အသံထွက်ပေမပေါ ့
ကိုယ်တွေ ့ကြုံခဲ ့ဖူးလို ့ပါ …..
:hee:
uncle gyi
November 21, 2012 at 10:55 pm
တောင်ပေါ်ကတယောသံ
ရွာသားများစိတ်ဝင်စား
မောင်အံစာရဲ့တယောသံ
ဂေဇက်ရွာသားများစိတ်ဝင်စား
ဝင်စားပေမဲ့မပြီးနိုင်
ကောင်းခါနီးရပ်လို့ထား
အဲဒါမောင်အံစာတဲ့ဗျား
MaMa
November 22, 2012 at 8:18 am
မောင်အံစာ ရေးလိုက်မှဖြင့် လှို့ဝှက်သဲဖို ဇာတ်လမ်းတွေချည်းပဲ။
ကြည့်ရတာ စာရေးသူကိုယ်တိုင်လည်း သတ္တိခဲ ဖြစ်ပုံရတယ်။
(ပြောင်းပြန်တွေးယူကြပါကုန်) :kwi:
weiwei
November 22, 2012 at 9:13 pm
ဇာတ်သိမ်းလို့ရေးမှ တစ်ခါထဲ ပေါင်းဖတ်လိုက်မယ်လို့ စိတ်ကူးခဲ့ပေမယ့် ပို့စ်တင်ထားတာမြင်တော့ မဖတ်ပဲမနေနိုင်လို့ ဖတ်သွားပါတယ် …
သဲထိတ်ရင်ဖိုဇာတ်လမ်းလေးမို့ သိချင်စိတ်နဲ့ ဇာတ်သိမ်းကို မျှော်နေပါတယ် …
ဦးကြောင်ကြီး
November 26, 2012 at 1:31 am
တောင်ပေါ်မှ တယော
မောင်ခေါ်က သဘော
ကြောင်အော်လှ ငပေါ
ပြောင်ချော်စွ မရော..