Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မန်းဂဇက်မှ ထပ်မံ ထည့်သွင်းမည့် စည်းကမ်းဂျက်များ

စည်းကမ်းချက်ထုတ်ရန် တိတ်တိတ်ပုန်း ကြံစည်နေသည့် သဂျီးဥခိုင်

++++++++++++++++++++++++

မန်းဂဇက်၏ လက်ရှိ အက်ဒမင် ဖြစ်သူ အများသိကြသည့် ရွာသဂျီး ဥခိုင်မှ အောက်ပါ စည်းကမ်းချက် များအား ၎င်းပိုင်ဆိုင်သည်ဟု ယူဆရသော (အမှန်ဂ .. ဓါးပြတိုက်ပြီး လုယူထားဒါ) ရွာကြီးအတွင်း ရွာသူားများ လိုက်နာရန် ပြဋ္ဌာန်းတော့မည် ဖြစ်လေသည် ….။

အဆိုပါ စည်းကမ်းချက်များကို ၎င်းအနေဖြင့် တိတ်တိတ်ပုန်း ကြံစည် ရေးဆွဲနေခြင်း ဖြစ်ပေသည်။ သို့ရာတွင် ယင်း အခြင်းအရာကို ရိပ်မိနေသည့် ကျွန်ုပ်မှ မနေ့ညက သွားရောက် ခိုးယူ (အမှန်က … သမီးကို သွားခိုးတာပဲ။ သမီး ခိုးမရသေးတာနဲ့ ရရာ ခိုးလာတာ) ခဲ့ရာ “သတင်းစကားဟူသည် ဖုံးလေဖိလေ ပို၍ ထွက်တတ်လေ” ဟူသော စကားကဲ့သို့ အဆိုပါ သတင်း အပြင်သို့ ထပ်မံ မထွက်စေရန် အတွက် မဖုံးမဖိတော့ဘဲ ယခုကဲ့သို့ ချပြလိုက်ရခြင်းပင် ဖြစ်ပါ၏ …………။

ရှုလော့ … အစွေဒို့ ……….

++++++++++++++++++++++++

မန်းဂဇက်ရွာကြီးအတွင်း ထပ်မံ ထည့်သွင်းမည့် စည်းကမ်းဂျက်များ

 

၁။ “kai” ဟူသော အမည်ရှိသည့် သူအား မန်ဘာများမှ ရိုရိုသေသေ ငါးငါးစားစား ဆက်ဆံရမည်။ ယင်းသို့ မဆက်ဆံပါက ပွိုင့် တစ်သိန်း နုတ်မည်။ (တစ်သိန်း ပြည့်ခါနီး မန်ဘာများအား ဟစ်စရီ ပြန်ကောက်ပြီး နုတ်မည်။)

၂။ မန်ဘာ တစ်ယောက်နှင့် တစ်ယောက် သွေးထွက်သံယိုဖြစ်အောင် မတိုက်ခိုက်ရ။ (သွေးမထွက်ပါက သေချင် သေပါစေ။ ခွင့်ပြု၏။)

၃။ မန်ဘာ တစ်ယောက်သည် မန်ဘာတစ်ယောက်အပေါ် နှာဘူးကျခြင်းကို ခွင့်မပြု။ ယင်းသို့ နှာဘူးကျပါက ဖြတ်ပစ်မည် (မှတ်ချက် ။     ။ ပွိုင့်တစ်သိန်း။)

၄။ ဆဲဆိုခွင့် ပြုသည်။ သို့ရာတွင် အော်ကြီးဟစ်ကျယ် ခုနစ်အိမ်ကြား၊ ရှစ်အိမ်ကြား မဆဲရ။ ယင်းသို့ ဆဲဆိုက ဆဲဆိုသူ ထံမှ ပွိုင့်များအား ပြည်သူပိုင်အဖြစ် သိမ်းယူမည်။

၅။ တစ်နေ့ ကွန်မန့်တစ်ထောင်ကျော် ရေးနိုင်သော မန်ဘာအား ကံစမ်းမဲ ဖောက်ပေးမည်။

၆။ ရေးသက် အနှစ် (၂၀) နှင့် အထက်ရှိသော မန်ဘာအဟောင်းများအား ပင်စင်လစာပေးမည်။

၇။ ညစ်ညမ်းသော စကားလုံးများ သုံးစွဲချင်ပါက လူမမြင် သူမမြင် သုံးစွဲကြရမည်။ တစ်ဦးတစ်ယောက် မြင်သွားပါက ပွိုင့်တစ်သိန်း ဖြတ်မည်။

++++++++++++++++++++++++

ဤအချိန်တွင် သဂျီးဥခိုင်မှ ၎င်း၏ စာရွက်အား ကျွန်ုပ်၏ လက်အတွင်းမှ ပြန်လည် လုယူသွားသဖြင့် နောက်တွင် မည်သည့် စည်းကမ်းချက်များ ပါသနည်းကိုကား မသိရတော့ပေ။ သိလိုက ၎င်းအား မေးမြန်းဂျဂုန်လော့ …။ သို့တည်းမဟုတ် မိမိဒို့ အကျံပျုချင်သည့် စည်းကမ်းဂျက်များအား သဂျီးဦးခိုင်ထံ တင်ပြဂျဂုန်လော့ …..။

 

ပြီး၏ ………………..။

 

++++++++++++++++++++++++

 

{… ဘာရယ် မဟုတ်။ ပျင်းပျင်းရှိတာနဲ့ ရေးမိရေးရာ ရေးလိုက်မိတာပါ။ ရေးပြီးတော့လည်း လက်က အငြိမ် မနေနိုင်။ ဒါကြောင့် ပို့စ်အဖြစ် တင်လိုက်တာပါ … လို့။ …} :mrgreen: :mrgreen:

 

42 comments

  • pooch

    November 22, 2012 at 12:41 am

    ကျန်သေးတယ် ခု ကွန်းမန့်တခု ဒေါ်လာ ၂ ကျပ်နဲ့ပြောင်းပေးလိုက်ပြီတဲ့ :mrgreen:

  • Mobile

    November 22, 2012 at 12:47 am

    ၅။ တစ်နေ့ ကွန်မန့်တစ်ထောင်ကျော် ရေးနိုင်သော မန်ဘာအား ကံစမ်းမဲ ဖောက်ပေးမည်။
    ၆။ ရေးသက် အနှစ် (၂၀) နှင့် အထက်ရှိသော မန်ဘာအဟောင်းများအား ပင်စင်လစာပေးမည်။
    ဒီနှစ်ခုကို သဗောကြဒယ်။
    နောက်ထပ် ထပ်ထည့်ပေးစေလိုတာကို တင်ပြမယ်
    ၁။ ယခုတင်ပြချက်ကို ကန့်ကွပ်သူထံမှ အမှတ် တစ်သိန်းနုတ်ရန် . . . . . .
    ၂။ နာမည်ကို ၅ လုံးထက်ပိုမပေးရ . . . . .
    ၃။ အင်္ဂလိပ်လို ပေးထားသော နာမည်ပိုင်ရှင်များအာ လေးလေးစားစား ဆက်ဆံရမည် . . . . . .
    ၄။ ဘောလုံးပွဲ ခန့်မှန်းမှုရေးသောသူများကို တစ်ညစာ ခန့်မှန်းမှုများထဲမှ အနည်းဆုံး တစ်ပွဲမှန်ကန်ပါက
    အမှတ် ကိုးသောင်း ရှစ်ထောင်ပေးမည် . . . . . .
    ၅။ မန်ဘားများအားလုံး မှတ်ပုံတင်နံပါတ် လိပ်စာအပြည့်အစုံ ဖော်ပြပေးရမည် . . . . .
    ဒီလောက်ပဲ တင်ပြချင်တယ်

  • kai

    November 22, 2012 at 1:02 am

    ရှိတဲ့စည်းကမ်းတောင်များလို့.. လျှော့မယ်တွေးနေတာ..
    အင်း..
    အရှိန်လွန်ပြီး.. ပွိုင့်ပေးတဲ့စနစ်ဖြူတ်လိုက်ရ.. :kwi:

    တောက်စ်..
    ဟက်ကာတွေ..ဝင်ဖျက်တုံးက.. ပွိုင့်စနစ်ဖျက်သွားတာမဟုတ်ဖူး..
    နောက်တခါဆို..

    • MaMa

      November 22, 2012 at 6:16 am

      ပွိုင့်တစ်သိန်းပြည့်မယ့်သူတွေ များနေလို့
      စုံထောက်ကြီး အောင်တိုက် ကိုယ်ရေးကိုယ်တာ အလုပ်ရှုပ်နေတဲ့အချိန်ကို အခွင့်ကောင်းယူပြီး….
      သဂျီးက ချော်လဲ ရောထိုင်လုပ်ချင်နေပုံရတယ်။ :kwi:

    • တိမ်မည်း (ခရီးသွားနေည်)

      November 22, 2012 at 8:46 am

      Please ဆိုတာကြီးကိုမြင်တော့ ကျော်ဟိန်းကြီးကို သတိရတာ…………..

      လူသားအားလုံးကို လေးစားပါတယ်…………….

      ဟဲဟဲ

      🙂

    • Mr. MarGa

      November 22, 2012 at 9:32 am

      သဂျီး
      ဦးမာဃတို့က ပွိုင့်ကိုလိုချင်လို့မန်ဘာဝင်ထားတာများမှတ်နေလား
      အဲဒီလိုဆိုရင်တော့ သဂျီး လုံးဝ မှားသွားပြီ
      ကျွတ်စ် ကျွတ်စ်
      အဲ
      ဒီလိုပြောလို့ ဦးမာဃ ရှိတဲ့ ပွိုင့်လေးကိုတော့ မဖြတ်လိုက်နဲ့နော်

    • အခုမှတော့ ဖြုတ်လို့ရတော့ဘူး
      ပြောပီးစလစ် နံပါတ်တစ်ဘဲ
      ဘွာတေးလက်မခံပါ
      အာဘွားဘဲလက်ခံပါသည်

      • Mr. MarGa

        November 22, 2012 at 12:04 pm

        အာဘွားကတော့ အလှည့်မကျသေးလို့ အလှည့်ကျအောင် စောင့်လိုက်ဦး
        ဦးမာဃမယ် တစ်ရက်တစ်ရက် ဘယ် ငါးရာ ညာ ငါးရာနဲ့ လုံးလည်ချာလည်လိုက်နေတာ
        (ဒါတောင် တစ်ရက် နှစ်ယောက်နှုန်းနော်)
        ဒီကြားထဲ အခွင့်ထူးခံ မိဖုရား လေးပါးကိုလဲ ဦးစားပေးရသေးတယ်
        သူတို့တွေအလှည့်ကုန်ရင်တော့ ရပါမယ်
        တစ်နှစ်လောက်တော့ စောင့်

    • Khaing Khaing

      November 22, 2012 at 4:09 pm

      အမလေးဟဲ့ သွားချီးကို ငါးငါးစားစားမဆက်ဆံရင် ပွိုင့်နှုတ်မယ် ဟုတ်စ …. ရာရာစစ ဘာလို့ဆက်ဆံရမှာတုန်း သူ့စိတ်ကိုက ပုပ်တုတ်တုတ်တွေ့လား …အရှိန်လွန်ပြီး.. ပွိုင့်ပေးတဲ့စနစ်ဖြူတ်လိုက်ရ.. :kwi:

      တောက်စ်..
      ဟက်ကာတွေ..ဝင်ဖျက်တုံးက.. ပွိုင့်စနစ်ဖျက်သွားတာမဟုတ်ဖူး..
      နောက်တခါဆို..

      ပွိုင့်မကလို့ အကောင့်ပါဖျက်ချင်ဖျက်ပစေ … ကြောက်ဖူး …….

      • သဂျီး ..
        ဒီမှာလေ .. မာမီက သဂျီးကို ကြောက်ဖူး …. ဒဲ့ …
        အိုက်ဒါ ..
        သဂျီးကို ငါးငါးစားစား မဆက်ဆံဒါ ဟုတ်ဘူးလားဟင်င်င် .. :mrgreen:

  • Hnin Hnin

    November 22, 2012 at 1:30 am

    ပွိုင့်ပေးစနစ် ဖြုတ်လည်း ကိတ်စိမရှ..ကာ့စိမရှိတ်…
    မန့်ပျော်သမားလေး ကတော့ လာမှာပဲ…မတားနဲ့… :mrgreen:

  • ခိုင်ဇာ

    November 22, 2012 at 5:45 am

    ကိုယ့်ရဲ့ရှိသမျှ ပလော်ဖစ်ရှင်နယ်၊ ပါစင်နယ်၊ ပလိုက်ဘေစီ စတာတွေကို ထရန်စပေးရန်စီ (ကိုကြောင်ဝတုတ်၏ စကားလုံးများအား
    ခဏ ယူသုံးခွင့်ပေးပါ) ဖစ်တွားအောင် ရေကူးဝတ်စုံနဲ့ကိုယ်လုံးပေါ် ဓာတ်ပုံ၊ မှတ်ပုံတင်၊ အိုင်စီ၊ ပတ်(စ)ပွတ်၊ နိမ်းကာတ် စတာတွေပါ စကင်လေးဖတ်ပြီးတင်ခိုင်းတဲ့ စည်းကမ်းလေးပါထည့်ပေးပါလား မောင်အံစာ။
    :mrgreen: :mrgreen: :mrgreen:

    • surmi

      November 22, 2012 at 1:03 pm

      ဓတ်ပုံတင်ဆို တင်ပါ ့မယ်
      ဘင်လာဒင် မသေသေးဘူးလို ့တော ့ မထင်ကြပါနဲ ့ဦး …….

      • ခိုင်ဇာ

        November 22, 2012 at 1:08 pm

        ဟီး။ မထင်ပါဘူး ကိုဆာမိရယ်။ “အမီတာတ် ငယ်တုန်းကများလား” ဆိုတာလောက်တော့ ထင်ပါရစေ။ :mrgreen: :mrgreen:

      • Hnin Hnin

        November 22, 2012 at 2:44 pm

        နာမည် ကြည့်ပြီးတော့ ရှေးမဆွက တလားကြီးလားရို့..
        (ဟီဟီ အမှန်တော့ သိပ်မကြာသေးပါဘူး..ပိုပြောတာ)
        အခုတော့ သတင်းရထားတယ်…ဟုတ်မဟုတ်တော့ မသိ..စီလုတ်ကြီးတဲ့… :mrgreen: :mrgreen:

    • Mr. MarGa

      November 22, 2012 at 2:08 pm

      ခိုင်ဇာက ရှေ့ဆောင်ရှေ့ရွက်အနေနဲ့ အရင်တင်လေ
      နောက်ကတော့ ဂေဇက်မှ အပျိုဂျီး အပျိုလေးများပေါ့
      ဟုတ်ဘူးလား

      • ခိုင်ဇာ

        November 22, 2012 at 2:28 pm

        နတ်တို့မျက်စိနဲ့ပဲ ကြည့်လိုက်ပါတော့ သိကြားမင်းကြီး။ လူသိရှင်ကြား မတင်ပါရစေနဲ့။ :mrgreen: :mrgreen:

      • Mr. MarGa

        November 22, 2012 at 3:18 pm

        ရဘူး ရဘူး
        ဒါမျိုးက public လုပ်ရတာ
        နမ်းချင်စရာလေးလိုလေ

        • ခိုင်ဇာ

          November 22, 2012 at 3:26 pm

          သူ့ပုံပဲ ကြည့်ပါတော့ဗျာ။
          :mrgreen:

  • Inz@ghi

    November 22, 2012 at 7:24 am

    ၃။ မန်ဘာ တစ်ယောက်သည် မန်ဘာတစ်ယောက်အပေါ် နှာဘူးကျခြင်းကို ခွင့်မပြု။ ယင်းသို့ နှာဘူးကျပါက ဖြတ်ပစ်မည် (မှတ်ချက် ။ ။ ပွိုင့်တစ်သိန်း။)

    ကိန် ဂိန် ဃိန်

    ပုံ
    နှူးဘာ ဂုတ်ဂျိုင်း..

    :kwi:

    • တိမ်မည်း (ခရီးသွားနေည်)

      November 22, 2012 at 8:50 am

      အဒူကို နှာဘူးကျဖို ့ကြံစည်နေတာလည်း.. ပြောစမ်…..
      ဝတ်မှုန်လေးကိုလား…. နန်းခင်ဇေယျာလေးလား…. ဟီးဟီး

  • nature

    November 22, 2012 at 8:28 am

    မျက်စိက သိပ်မကောင်းတော့ ဖတ်ရတာ ဝိုးတိုးဝါးတားပဲ ။ အသက် ၂ဝ အထက် မန်ဘာများ ပင်စင်ပေးမည်ဆိုလို့ အသက် ၄ဝကျော်လို့ ပင်စင် ၂ဆ ထုတ်ယူရမည်ဖြစ်သဖြင့်ထောက်ခံပါကြောင်း..။

  • ခင်ခ

    November 22, 2012 at 8:40 am

    ( ဆဲဆိုခွင့် ပြုသည်။ သို့ရာတွင် အော်ကြီးဟစ်ကျယ် ခုနစ်အိမ်ကြား၊ ရှစ်အိမ်ကြား မဆဲရ။ ယင်းသို့ ဆဲဆိုက ဆဲဆိုသူ ထံမှ ပွိုင့်များအား ပြည်သူပိုင်အဖြစ် သိမ်းယူမည်။ )
    ဆရာအံဇာတုံးရေ အဲဒါလေးနဲ့ပါက်သက်ပြီးမေးချင်လို့ပါ။ ခုနစ်အိမ်ကြား၊ ရှစ်အိမ်ကြား မဆဲနဲ့ဆို မဆဲပါဘူး၊ တစ်ရွာလုံးကြားအောင်ဘဲ ဂေါ်လံကြီးနဲ့အော်ကာဆဲရင်ကော ဘယ်လိုလုပ်မလဲဟင်။

    • တိမ်မည်း (ခရီးသွားနေည်)

      November 22, 2012 at 8:56 am

      ပွိုင့်နှုတ်မယ်ဆိုရင် တရားသူကြီးရှိလားဟင်……..
      ရှေ ့နေ ရှေ ့ရပ်ရှိလားဟင်……
      မသကာ အနှုတ်ခံရရင် ရှိတာမှ ပွိုင့်က ထောင်ဂဏန်းလေး….
      တော်ကြာ မိုင်းနက်စ် ကျမှ သောင်းဂဏန်းကျော် သိန်းဂဏန်းဖြစ်မှ…..
      ဒီဘဝ ဂေးဇက်မှာ မိုင်းနက်စ်နဲ ့ ဘဝဆုံးမှ ဒွတ်ခွ……….

  • Shwe Ei

    November 22, 2012 at 9:09 am

    ၂။ မန်ဘာ တစ်ယောက်နှင့် တစ်ယောက် သွေးထွက်သံယိုဖြစ်အောင် မတိုက်ခိုက်ရ။ (သွေးမထွက်ပါက သေချင် သေပါစေ။ ခွင့်ပြု၏။)

    ဟတ်ကဲ့ သွေးတစက်မှမထွက်စေရဝူး။ ညင်ညင်သာသာလဲ အသက်ထွက်စေရမဲ့
    နည်းလမ်းကောင်းလေးတွေ တော်တော်များများသိထားပါကြောင်း။ :mrgreen:

  • jullies cezer

    November 22, 2012 at 9:48 am

    ” အင်္ဂလိပ်လို ပေးထားသော နာမည်ပိုင်ရှင်များအာ လေးလေးစားစား ဆက်ဆံရမည်”
    mobile ရဲ့comment လေးကိုထောက်ခံတယ်ဗျာ …
    တို့ကပွိုင့်မရလဲကိစ္စမရှိပေါင် ပွိုင့်မယူပဲ ရွာထဲရောက်တာကြပေါ့ နှုတ်ချင်နှုတ်
    ပေါင်းချင်ပေါင်း ရွာထဲဆူပူရပြီးတာပဲအေ………

  • မိုးတိမ်

    November 22, 2012 at 10:12 am

    ကိုအံစာဂျီးးး
    သဂျီးဥခိုင် မခိုင်အရင်မေးပါရစေဂျ :mrgreen: အဲဒါဘယ်ဂလိုသိလဲဟင်င်င်င်င်
    ချီးကမ်းချက်တွေကတော့ မိုက်သဗျာ။ပွိုင့်အကြောင်းမပြောနဲ့ ဂယ်ဂျီးရမှာဒဲ့
    ဘီအီးလေးကစ်ချင်လို့ ညကသွားတောင်းတော့သူဘယ်ဂလို အကြွေးပါတ်လည်ဝိုင်းနေကြောင်းငြီးပြလို့
    အမှီးလေးကုပ်ပြန်လာရဒယ်ဂျ။အနော်ကတော့ ဥခိုင်လို့မခေါ်တောဘူးဂျာ ခိုခိုင်ဆိုရင်ပိုကောင်းမလားလို့။
    သဘူတောကြပါသလား ငိငိ…

  • P chogyi

    November 22, 2012 at 10:17 am

    သဂျီးသမက်လောင်း အရည်အချင်းသတ်မှတ်ချက်ရော
    မပါဘူးလား။

  • Novy

    November 22, 2012 at 10:29 am

    ၃။ မန်ဘာ တစ်ယောက်သည် မန်ဘာတစ်ယောက်အပေါ် နှာဘူးကျခြင်းကို ခွင့်မပြု။ ယင်းသို့ နှာဘူးကျပါက ဖြတ်ပစ်မည် (မှတ်ချက် ။ ။ ပွိုင့်တစ်သိန်း။)

    မဘူးရင်မနေနိုင်တာကလွဲလို့ …ကြိုက်တာကိုဖြတ်သွားလေ….
    မင်းကို မညိုငြင်ရက်ပေ…..
    အမေရိကန်က ကိုကို ကြောင်အစားဝင်ရောက်သီဆိုသည်၊

  • ရွာသူ jujuma .

    November 22, 2012 at 1:23 pm

    စည်းကမ်းဂျက်များတဲ့ .. အာဟိ

  • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

    November 22, 2012 at 1:30 pm

    အခုတလောရှင်းနေရတဲ့ကိစ္စနဲ့ပတ်သက်ပြီးထပ်ပြောရရင်…
    ရွာသူားအချင်းချင်းကြွားသလိုဖြစ်မည့်စာများမရေးရဆိုတဲ့စည်းကမ်းတောင်ထပ်ထုတ်ရမလိုဖြစ်နေပြီ… ရှင်းရလွန်းလို့…

    ခင်မင်လျက်-
    ကြောင်ဝတုတ်

    • Inz@ghi

      November 22, 2012 at 1:38 pm

      ရေးတယ်ဂျာ ..ဘာပုတုန်း ..
      ၁) ရုပ်က ဆံပင်ပုံကိုလိုက်လို့ တိုရင် ဒင်း (ဂျိမ်းစ်ဒင်း) ရှည်ရင် ဒက်(ဂျော်နီဒက်ပ်)နဲ့ တူတယ် (အထင်)
      ၂) သန်းနဲ့ချီတဲ့ စားသုံးသူအတွက် အံ့ဘနန်းတွေရေးတယ် (စီဒီကာဘာ)
      ၃) အင်တာနယ် ရီဘန်နျူးဆားဗစ်နဲ့ အဆက်အဆံရှိတယ်. (ပန်းသီးအပ္ပလီ အခွန်ကိစ္စ)
      ၄) ဒေါ်လှ သန်းချီတန်တဲ့ ယာဉ်စီးပီး ရုံးအသွားအပြန်လုပ်တယ် (ရထား)
      ၅) သင်ချာလေးနဲ့ ကြိုက်တယ် (အိပ်မက်ထဲမှာ)
      ကျုပ်ကို အချဉ်မထင်နဲ့ …
      ဟီဟိ ..အရသာချိထှာ..

  • မောင်ပေ

    November 22, 2012 at 1:33 pm

    ထပ်မံရရှိသော ခိုင်လုံတိကျသည့် သတင်းတစ်ရပ်မှာ
    ယခု ပို ့စ် ကို ဝင်ဖတ်ပြီး မန် ့သွားတဲ့ ရွာသူ ရွာသား အားလုံးကို မဟာဘာဂျာအံစာတုံး မှ တစ်ကွန်မင့် အတွက် မြန်မာကျပ်ငွေ ၅၀၀ဝ ကျပ် တိတိစီ ဆုချမည် ဖြစ်သည် တဲ့
    သူ ့ကို ဆက်သွယ်ရမယ့် လိပ်စာကတော့
    မဟာဘာဂျာအံစာတုံး အက် ဂျီမေးလ် ဒေါ့ကွန်း

    • ထိုသတင်းများ အမှန်ပင် ဖြစ်ပါ၏ …
      သို့ရာတွင် အဆိုပါ ဆုငွေများအား
      ၎င်း၏ အတွင်းရေးမှူးဖြစ်သူ မောင်ပေဆိုသူထံမှ
      ထုတ်ယူကြပါရန် …..။
      ငွင်း .. ငွင်း …

  • Mobile

    November 22, 2012 at 1:44 pm

    အခုပဲ ဆက်သွယ်ပြီး သွားထုတ်တော့မယ်ဗျို့။
    ၅၀၀ဝ ဆိုလဲနည်းတာ မဟုတ်ဘူး မြန်မာဆင်းကဒ် တစ်ကဒ် ဝယ်ကိုင်လိုရတယ်။
    ၅၀၀ဝ နဲ့ရောင်းတဲ့ အချိန်ကျရင်ပြောတာ။

  • thit min

    November 22, 2012 at 2:19 pm

    စည်းကမ်း ဆိုတာ တခါတခါ စည်းကန်း ဖြစ်သွားတတ်တယ်။
    ဆိုလိုတာက စည်းကို မမြင်နိုင်၊သတိမထားမိနိုင်အောင် မှားယွင်းခြင်းလို့ ပြောရမယ်ထင်ရဲ့။
    သူကြီး က ဖြစ်စေချင်တာက
    စည်းကမ်း ဖောက်လို့ ဒီလိုလုပ်မယ် ဆိုတာမျိုး မဟုတ်ဘဲ
    ဒီလိုစည်းကမ်းတွေတော့ ရှိပါတယ်။အဲဒါကို အားလုံး ညှိညှိနှိုင်းနှိုင်းလေး လိုက်နာပေးကြရင်
    ရွာ က သာယာမှာပါ။ အချင်းချင်းဘဲ ထိန်းညှိကြပါလို့ ဆိုထားပုံပါ။
    ဒါပေမဲ့ စည်း “ကန်း” တွေ ရှိလာတော့လဲ
    တွံတွေးသိန်းတန် သီချင်းလေးဘဲ ဆိုလိုက်ပါတော့မယ်
    ” မိုက်လှချည်လား နှမရယ် အသိမကြွယ်သေးတဲ့ ငပိသည် ရယ်” ၊ ပေါ့ခင်ဗျာ။

  • Thu Wai

    November 22, 2012 at 3:55 pm

    ဓာတ်ပုံတွေကိုလဲ တစ်ပုံ ၄”၆” တစ်ပုံ ၅ဝ ကျပ်နှုန်း နဲ့ ပွိုင့်တွေပေးတော့မယ်လို့ အတွင်းစကားကြားထားတယ် လေးပေါက်တော့ ပွပြီ

  • လုံမလေးမွန်မွန်

    November 22, 2012 at 4:26 pm

    “၅။ တစ်နေ့ ကွန်မန့်တစ်ထောင်ကျော် ရေးနိုင်သော မန်ဘာအား ကံစမ်းမဲ ဖောက်ပေးမည်။”

    ကံစမ်းမဲက ဘာလဲဟင်.. 🙄 ဆုပစ္စည်းကိုကြည့်ပြီးမှပဲ ရေးမယ် မရေးဘူး စဉ်းစားတော့မယ်… အဟိ.. :mrgreen:

  • ကိုရင်စည်သူ

    November 22, 2012 at 5:23 pm

    ဟိုမှာနေတော့လဲ စည်းကမ်း..
    ဒီမှာနေတော့လဲ စည်းကမ်း..
    ရွာထဲလာတော့လည်း စည်းကမ်း..။
    စည်းကမ်းတွေနဲ့ နေရတာများတော့
    စည်းကမ်းသည် လူ၏တန်ဖိုးဆိုတဲ့
    စကားတောင် လက်ခံရမလိုဖြစ်လာပီ… 😳
    မီးလက်ထဲက ဦးအံ့.. ဆွီလေးကို ဖြတ်လုသွားထဲက..
    မီးက အူးအံကို watching နေဒလာ… (နောက်ဒါနော်..)
    ထပ်ထည့်မယ့် စည်းကမ်းထဲမှာ သဂျီးတူမကို ချိန်နေတာကော
    ပါသေးလားဗျ… :kwi:

    • ဆွိလေးကို ဖြတ်ပြီး မလုပါဘူးဂျာ ..
      ဖြတ်ရမယ့် အလုပ်ဆို သားသား ကြောက်ကြောက် … :mrgreen:

      သဂျီး တူမကို ရယူလိုပါက
      သဂျီး ဘာပြောပြော ထောက်ခံရမည် ဟူသတတ် ….
      ကိုရင် ထောက်တတ်တယ် မီဟုတ်လား … :kwi:

  • အလင်းဆက်

    November 22, 2012 at 7:40 pm

    ၂။ မန်ဘာ တစ်ယောက်နှင့် တစ်ယောက် သွေးထွက်သံယိုဖြစ်အောင် မတိုက်ခိုက်ရ။ (သွေးမထွက်ပါက သေချင် သေပါစေ။ ခွင့်ပြု၏။)

    ၃။ မန်ဘာ တစ်ယောက်သည် မန်ဘာတစ်ယောက်အပေါ် နှာဘူးကျခြင်းကို ခွင့်မပြု။ ယင်းသို့ နှာဘူးကျပါက ဖြတ်ပစ်မည် (မှတ်ချက် ။ ။ ပွိုင့်တစ်သိန်း။)

    ဖစ်မှ ဖစ်ရလေ….

    :kwi:

  • ဟက်ကဲ့ဘာ ခညာဒို့ …
    ယခု အနော့်ရဲ့ joke ပို့စ်လေးမှာ ဝင်ရောက်အားပေးသွားကြတဲ့
    ချစ်သော ရွာသူား အပေါင်းကို ကျေးဇူး အထူးတင်ရှိပါကြောင်း …..

    ချစ်တဲ့ ….
    အံစာတုံး

Leave a Reply