အမှောင်စအား ဆွဲခြုံသူ
ဝတ်ရုံနက်ဝတ်ဆင်ထားရုံနဲ့တော့
မှော်ဆရာမဖြစ်နိုင်ဘူး…။
မှော်ဆရာဖြစ်ရုံနဲ့လဲ
ငါ့ကို မညှို့ယူနိုင်သေးဘူး…။
အရိပ်ကိုခိုဝင်ချင်ရင်
ကိုယ်တိုင် လှမ်းလျောက်ပြီးဝင်လာမယ်..။
ငါ့ဘာသာရပ်နေတာကိုတော့
လာလွှမ်းမိုးဖို့ အားမထုတ်နဲ့..။
ကဲ…အခုငါက
ရိုးပြတ်တောမှာ ပန်းခူးထွက်မယ်..။
မျက်စိမှိတ်ပြီး
အိပ်မက်ဟောင်းကို ရှာဖွေမယ်..။
အဲဒီအတွက်..
ဘယ်လို ဂရုဏာတရားမျိုးမှ
ကြဲချစရာမလိုအပ်ဘူး..။
ဖြောင့်ဖျနှစ်သိမ့်ဦးမလို့လား
ငါက ကမ်းနားကျောက်ဆောင် မဟုတ်ဘူး..။
ထပ် ပြော ဦး မယ်
ရေနစ်နေတာက ကယ်တင်ချင်လို့ရမယ်..။
အ ခု ငါ က…
ရေ ငုပ် နေ တာ .. . .။
နေခြည်
12 comments
thit min
November 25, 2012 at 4:01 pm
ကိုယ်ရဲ့ “စိတ်” ရပ်တည်မှုပေါ်လွင်အောင် ပုံဖော်နိုင်သော ကဗျာကောင်းလေးပါ။
တစုံတရာကို မကြေနပ်လို့
တစုံတယောက်ကိုပြောနေသလိုမျိုး ကဗျာရေးတာမျိုး ကျနော်လဲရေးမိလေ့ရှိတယ်။
တကယ်တမ်းတော့ လက်တွေ့ရည်ရွယ်တဲ့သူ ရယ် လို့မရှိနေပါဘူး။
အဲဒီအချိန် စိတ်ထဲခံစားရသလို ရေးလိုက်တာပါဘဲ။
ဒါပေမဲ့ သေခြာတာကတော့ ” Stress ” တခုခုရှိနေရင်အဲဒီ ကဗျာမျိုးရေးမိတယ်။
ကဗျာဟာ အလှပဆုံး၊အယဉ်ကျေးဆုံး စိတ်ရဲ့ ထွက်ပေါက်လို့ …………. ဆိုချင်ပါတယ်။
Nay Chi
November 25, 2012 at 4:44 pm
ကိုယ့်စိတ်ထဲ ဝင်ကြည့်ပြီးများ ပြောလိုက်သလားလို့ အပြေးလေးဝင်လာခဲ့မိတယ်…။ အပျင်းပြေဝင်ဖတ်သွားတာထက်ပိုပြီး စိတ်ကိုပါ ပုံဖော်ကြည့်သွားနိုင်လို့ သာမန်အားပေးမှုတစ်ခုထက် အများကြီးပိုကျေးဇူးတင်မိပါတယ်ဗျာ…။
kai
November 25, 2012 at 5:42 pm
ရေငုပ်နေတာကို
မသိတဲ့သူတချို့က..
ဝါးလုံးလေးပြေးဆွဲယူတတ်ပါတယ်
ထိုးတာလား တိုးတာလားမသိတဲ့အကူတွေကြားထဲ
ရေငုပ်သူဟာ ရေတကယ်နစ်သူဖြစ်တတ်ပါတယ်။
နစ်သူနဲ့နှစ်သူတွေကြား
တကယ်ဘဝကို မပစ်ရအောင်
ရေထဲကထွက်.. ရေကိုငုံ နှုတ်ကိုပိတ်ပြီး
စိတ်နဲ့ကျုပ်ရန်ဖြစ်ကြည့်ပါလား.. နေခြည်
ရေမကြည်ပါနဲ့
နောက်လက်စနဲ့.. ရောက်အောင်နောက်တာပါ။
အပျော်သဘော ဟာသနှောလျှက်ပေါ့။ ။ :kwi:
kyawtheinmyint
November 25, 2012 at 7:18 pm
ရေငုပ်နေသူဆိုတော့ ဟောဒီမှာ ကိုယ်ပေးတဲ့ အောက်စီဂျင် ပိုက်လေးကိုတော့ လက်ခံလိုက်ပါကွယ်။ သတိ နောက်တာမဟုတ်ဘူးနော်။
Nay Chi
November 25, 2012 at 7:44 pm
ဝင်ဖတ်သွားကြောင်းချန်ခဲ့တဲ့ ခြေရာလေးတွေကလဲ ကဗျာ(အမှန်ကတော့ စိတ်ခံစားမှုလေးတွေချပြတာသက်သက်ပါ..) ရေးသူအတွက်ကတော့ အောက်ဆီဂျင်ပါပဲ..။ ကျေးဇူးပါဗျာ..။
မောင်ပေ
November 25, 2012 at 7:27 pm
နောက်ဆုံးစာသားကို သဘောကျတယ်
ကိုသစ်မင်းကွန်မင့်နဲ ့အတူ တွဲဖက်လိုက်တော့
ကဗျာရေးသူဟာ မခံချင်စိတ်နဲ ့ဒေါသဖြစ်နေပုံပဲ
…….
ဆွဲခြုံသူ
လဲကြုံထူ
ဖဲပုံတူ
ရဲကုန်ယူ
ဆဲမုံပူ
သဲတုံကြူ
အလင်းဆက်
November 25, 2012 at 7:39 pm
လေးလေးသစ်ပြောတာလေး.ကို.
လက်ခံပါတယ် ။
=============
အခုကျွန်တော်ကတော့…
ရေငုတ်နေတာမဟုတ်ဘူး ။
ကဗျာ ဖတ်နေတာ..။
ကဗျာ…
ကျွန်တော်..ချစ်သော..ကဗျာကို…
ဖတ်နေတာ..
မျက်စိနဲ ့ကြည့်ပေမယ့်..
နှလုံးသားနဲ ့…မြင်ပြီး..
ဖတ်နေတာ…
နှလုံးသားနဲ ့မြင်ပေမယ့်…
အနုပညာအာရုံ နဲ ့..ဖမ်းဆုပ်…နားလည် ဖို ့..
ကြိုးစားနေတာ.။
တနည်းပြောရရင်..
ခံစား…နေတာ ။
ကဗျာ..ကို..ခစားနေတာလည်း..ဖြစ်တယ် ။
================
🙂
Good™
November 25, 2012 at 9:49 pm
ရိုးပြတ်ထဲ မှာ ပန်းခူး ထွက် မယ် ဆို လို့ ရိုးပြတ်ငုတ် ကနေ မြေအစို ဓာတ် မကုန် လို့ အပင် နု လေး တွေ ထွက် လာပြီး စပါးနှံ တောင် ဖြစ်နိုင် သေး။
နောက်တာပါ။
ဘာ/ဘယ်လို ခံ စားမှု ကို မှ ဆွဲ မတွေး ပဲ ကဗျာ ကို ကဗျာ အတိုင်း ဖတ်တာ တောင် တော်တော် အရသာ ရှိပါ ကြောင်း။
Mobile
November 25, 2012 at 9:56 pm
ရေနစ်နေတာက ကယ်တင်ချင်လို့ရမယ်..။
အ ခု ငါ က…
ရေ ငုပ် နေ တာ .. . .
ဒီစာသားလေးကို ကြိုတ်တယ်။
ရေငုပ်နေတာကို
မသိတဲ့သူတချို့က..
ဝါးလုံးလေးပြေးဆွဲယူတတ်ပါတယ်
ထိုးတာလား တိုးတာလားမသိတဲ့အကူတွေကြားထဲ
ရေငုပ်သူဟာ ရေတကယ်နစ်သူဖြစ်တတ်ပါတယ်။
ဒီစာသားလေးကို ကျတော့ ပိုကြိုတ်သွားတယ်ဗျာ ဖြစ်တတ်တဲ့ သဘောလေးမို့လို့ပါ ။ ။ ။ ။ ။ ။ ။
ကိုပေါက်(မန္တလေး)
November 25, 2012 at 10:47 pm
လှပသော
အဖွဲ့ကလေးများကို
ဖတ်ရတာ
ပိုမိုလို့
လှပါသွားပါတယ်။
ခိုင်ဇာ
November 26, 2012 at 9:21 pm
လွမ်းတယ်ကွယ်။
Nay Chi
November 27, 2012 at 9:09 am
နာလဲ လွမ်းတယ်…။ မြန်မြန်ပြန်ခဲ့…။ 🙁