Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

““ အတွေးကိုချရေးခြင်းဖြင့် သင်ဘဝအောင်မြင်မှုသရဖူဆောင်းနိုင်ပြီ””

manawphyulayJuly 16, 20101min2042


လူတိုင်းလူတိုင်းမှာစိတ်ကူးယဉ်မှုဆိုတာရှိကြပါတယ်။ဒါပေမယ့်လူတော်တော်များများဟာ  “စိတ်ကူးယဉ်”
မှုမှာပဲရပ်တန့်နေကြပါတယ်။ကမာ္ဘပေါ်မှာရှိတဲ့တိုးတက်မှုအားလုံးနဲ့  နည်းပညာတိုးတက်မှုတွေ၊အသစ်ဆန်းတွေအားလုံးဟာ စိတ်ကူးမှပေါက်ဖွား
လာကြတယ်ဆိုတာ ဘယ်သူမှမငြင်းနိုင်ကြပါဘူး။ကမာ္ဘလောကအာကာသကြီးမှာ အားလုံးပြည့်စုံစွာရှိနှင့်ပြီးသားပါ။ရှိပြီးသားအရာများကိုလူတွေက
ရှာဖွေအကောင်ထည်ဖော်ရခြင်းပင်ဖြစ်ပါတယ်။ဥပမာဗျာ ရုပ်ပိုင်းဆိုင်ရာမှာဆိုရင် ကုလားထိုင်တစ်လုံးရဲ့ပုံပန်းသဏ္ဍာန်ဆိုပါစို့ ကျွန်တော်တို့လူတွေ
မဖန်တီးခင်က ကမာ္ဘလောကအာကာသကြီးထဲမှာ ရှိပြီးသားပါ။ဒါကိုလူတွေရှာဖွေဖော်ထုပ် အကောင်အထည်ပုံဖော်ရခြင်းဖြစ်ပါတယ်။နောက်ထပ်
ဥပမာဗျာ အောက်စီဂျင်၊ဟိုက်ထရိုဂျင်၊နိုက်ထရိုဂျင်၊အင်တာနက်ကွန်ယက်စသဖြင့်ပေါ့ဗျာ ကမာ္ဘလောအာကာသကြီးထဲမှာရှိနေနှင့်ပြီးသားကို ကျွန်
်တော်တို့လူတွေကရှာဖွေဖော်ထုပ် အမည်နာမပေးရခြင်းပဲဖြစ်ပါတယ်။လူတွေရှာဖွေဖော်ထုပ်ကမာ္ဘလောကကြီးမှာမကုန်နိုင်တဲ့နည်းပညာတွေ၊ရုပ်ပိုင်း
ဆိုင်ရာပုံပန်းသဏ္ဍာန်တွေမကုန်းဆုံးနိုင်စွာတည်ရှိနေတာဧကန်မုချပါ။အဲဒါတွေဘယ်ကနေစတင်တွေ့ရှိလည်း..သေချာပါတယ်စိတ်ကူးကနေစတင်
တွေ့ရှိကာတွေးခေါ်ခြင်းမှ လက်တွေ့အကောင်ထည်ဖော်နိုင်မှုပင်ဖြစ်ပါတယ်။

ကျွန်တော်ဆိုလိုချင်တာက စိတ်ကူးယဉ်မှုဆိုတာမှ ဖြစ်နိုင်၏မဖြစ်နိုင်၏မှန်နိုင်၏မမှန်၏ဆိုတဲ့ အတွေးခေါ်ဖြင့်ဆင်ခြင်သုံးသပ်ကာလက်
တွေ့အကောင်ထည်ဖော်ခြင်းမှရရှိလာသောအကျိုုးများပင်ဖြစ်သည်ကို ချပြလိုခြင်းဖြစ်ပါသည်။ ကျွန်တော်အပိုင်းသုံးပိုင်းခွဲ၍တင်ပြပါမည်။

စိတ်ကူးယဉ်ခြင်း။       ။စိတ်ကူးယဉ်ခြင်းဆိုသည်မှာ မိမိအားလပ်တဲ့အချိန်များမှာမိမိဖြစ်ချင်၊မိမိသိချင်စိတ်ဝင်စားသောအကြောင်းအရာများကိုစိတ်ကူး
ယဉ်ခြင်းပင်ဖြစ်ပါသည်။စိတ်ကူးထဲမှာပင်ပျော်ရွှင်ကြည်နူးမှု၊ဝမ်းနည်းမှုတဝဲလည်လည်နေခြင်းကို “စိတ်ကူးယဉ်”ခြင်းလို့ခေါ်ပါသည်။

အတွေးအခေါ်။         ။အတွေးအခေါ်ဆိုသည်မှာ မိမိစိတ်ကူးယဉ်ထားခြင်းမှ နောက်တစ်ဆင့်တက်ကာ ဖြစ်နိုင်၏မဖြစ်နိုင်၏ ကောင်းကျိုးနှင့်ဆိုကျိုးများ
ရရှိလာမည့်ရလဒ်များကို တွက်ချက်ကာချရေးပြီး စနစ်တကျစိစစ်တွေးခေါ်ခြင်းကို “အတွေးအခေါ်” ဟုခေါ်ပါသည်။

လက်တွေ့အကောင်ထည်ဖော်ခြင်း။            ။လက်တွေ့အကောင်ထည်ဖော်ခြင်းဆိုသည်မှာ စိတ်ကူးယဉ်ခြင်းမှစနစ်တကျတွေးခေါ်တွက်ချက်ချရေးထား
သောအစီစဉ်များကို စတင်၍ဇွဲလုံ့လဝီရိယနှင့်ငွေကြေးမြုပ်နံကာ လက်တွေ့အကောင်ထည်ဖော်လုပ်ကိုင်ခြင်းကိုခေါ်ပါသည်။ထိုမှအတွေ့ကြုံများရရှိကာ
တိုးတက်ခြင်းမှ အကောင်းဆုံးဆိုသည်တို့တဖြည်းဖြည်းနှင့် ရရှိလာကြပါသည်။
ကမာ္ဘပေါ်တွင်မည်သည့်အရာမဆို စိတ်ကူးတွေးခေါ် အကောင်ထည်ဖော်ခြင်းမှ အရာအရာတို့ဖြစ်တည်လာရသည်ကို ကျွန်တော်
တင်ပြလိုခြင်းဖြစ်ပါသည်။

ကျွန်တော်ဆက်လက်ဖော်ပြမည့်အကြောင်းအရာမှာ ဘဝတိုးတက်ရေးအတွက် ဘဝကိုစနစ်တကျတည်ဆောက်နိုင်ဖို့တင်ပြမည်
ဖြစ်ပါသည်။ကျွန်တော်အထက်မှာတင်ပြခဲ့သလို ပထမအဆင့်မှာတင် ရပ်မနေပဲအဆင့်သုံးဆင့်လုံးကို စနစ်တကျရှင်းလင်းတင်ပြသွားပါမည်။  လူတိုင်းလူ
တိုင်းစိတ်ကူးယဉ်မှုဆိုတာရှိကြတာလူ့သဘာဝပဲဖြစ်ပါတယ်။အဲဒီလိုစိတ်ကူးယဉ်ခြင်းမှာစနစ်ကျဖို့လိုပါတယ်။ ဘယ်လိုစနစ်ကျရမလည်း။သင့်၏ဘဝ၊သင့်
၏လက်ရှိအခြေအနေ၊သင့်ရဲ့ပတ်ဝန်းကျင် အားလုံးနဲ့အချိုးကျမယ့်စိတ်ကူးယဉ်မှုပင်ဖြစ်ပါတယ်။ထိုစိတ်ကူးယဉ်မှုတွင် ရည်ရွယ်ချက်ချက်တစ်ခုထားဖို့ရန်လို
အပ်ပေသည်။ ထိုရည်ရွယ်ချက်ဦးတည်ချက်ကို အတွေးအခေါ်ဖြင့်ပေါင်းစပ်၍ လုပ်ငန်းတစ်ခုကို စမ်းစစ်ရပေမည်။ထိုအပိုင်းသည်အလွန်အင်မတန်ပင်အရေး
ကြီးသောအပိုင်းဖြစ်ပေသည်။ထိုရည်ရွယ်ချက်ဦးတည်ချက်မှန်ကန်ပြီးဆိုလျှင် ဘဝတစ်ခု၏အရေးအကြီးဆုံး “ဆုံးဖြတ်ချက်” ဆိုတာကိုချရမည်ဖြစ်သည်။
ထိုဆုံးဖြတ်ချက်ချပြီးလျှင် ဘုရင့်နောင်ဖောင်ဖျက်သကဲ့သို့ မလျှော့ဇွဲလုံ့လဝီရိယတို့ဖြင့် ကြိုးစားပါက မိမိရည်ရွယ်သည့်ပန်းတိုင်ကို ဧကန်မုချရောက်ရမည်
မှာ မြေကြီးလက်ဝါးရိုက်တာမှာလက်နာနေအုံးမည်ဟုပြောချင်ပါသည်။

သင်အောင်မြင်သူတစ်ယောက်ဖြစ်လိုပါက မိမိကိုယ်ကိုဆန်းစစ်ခြင်းမိမိဘဝကိုဆန်းစစ်ခြင်းပြုရပေမည်။မိမိလက်ရှိအခြေအနေကို
သုံးသပ်၍ ရည်ရွယ်စိတ်ကူးမှုတွေလုပ်ရပေမည်။ ဘဝတိုးတက်အောင်မြင်သောသူဖြစ်လိုက ရည်ရွယ် ၊စိတ်ကူး၊တွေးခေါ် ၊ဆုံးဖြတ် ၊အကောင်ထည်ဖော်
ရာတွင် လျှပ်တပြတ်ပေါ်လာသောစိတ်ကူးဖြစ်စေ သေချာစဉ်းနေသောစိတ်ကူးဖြစ်စေ အဓိကလိုအပ်ချက်မှာ စာအုပ်ထဲတွင်ချရေးကာစနစ်တကျတွေးခေါ်
ရေးပင်ဖြစ်ပေသည်။အရှင်းဆုံးပြောရလျှင် သင်၏စိတ်ကူးကို သင့်စာအုပ်ပေါ်သို့ချရေးခိုင်းခြင်းပင်ဖြစ်ပါသည်။ သင့်တွင်ရွေးခြယ်ခက်ခဲနေသော
လုပ်ငန်းများ ရည်ရွယ်ချက်များရှိပေလိမ့်မည်။ဥပမာ သင့်ကဘွဲ့တစ်ခုခုကိုရပြီးသူဆိုပါစို့။“ငါ ဝန်ထမ်းလုပ်ရင်ကောင်းမလား ဒါမှမဟုတ်ကိုယ်ပိုင်အလုပ်တစ်ခုကို
လုပ်ရင်ကောင်းမလား”သင့်မှာ ဆုံးဖြတ်ရခက်ခဲနေသည်များရှိပေလိမ့်မည်။ဒါမှမဟုတ် “ငါစတိုးဆိုင်လေးဖွင့်ရကောင်းမလား၊အင်တာနက်ဆိုင်လေးဖွင့်ရရင်
ကောင်းမလား” စသဖြင့်မိမိတတ်နိုင်သောအရင်းအနှီးဖြင့်ရွေးခြယ်ခက်နေတတ်ပေသည်။လူတစ်ယောက်ရဲ့ဘဝမှာစတင်တာထွက်လုပ်ကိုင်သောလုပ်ငန်း
အောင်မြင်ပါမှ ဒါမှမဟုတ်ရွေခြယ်မှုမှန်ကန်ပါမှ အောင်မြင်မှုရရှိကာသူများနောက် မကျခြင်း ဖြစ်ရပေမည်။ သင်လုပ်မည်ဟုစိတ်ကူးထားသော လုပ်ငန်း
တစ်ခုခြင်းစီအား စာရွက်တစ်မျက်နှာလျှင်ခေါင်းစဉ်တစ်ခုကို ထိပ်ဆုံးအလယ်တွင်ခေါင်းစဉ်အဖြစ်တပ်လိုက်ပါ။ ထိုခေါင်းစဉ်အောက်မှာတော့ အလယ်မှမျဉ်း
တစ်ခုတားလိုက်ပါ။စာရွက်ရဲ့ဘယ်ဘက်ခြမ်းအလယ်မှာ “ကောင်းကျိုး” ထပ်မံခေါင်းစဉ်တပ်လိုက်ပါ။ ပြီးရင်စာရွက်ရဲ့ ညာဘက်ခြမ်း အလယ်မှာ “ဆိုးကျိုး”
ဆိုပြီးခေါင်းစဉ်ထပ်တပ်လိုက်ပါအုံး။သင်လုပ်မည်ဟု စိတ်ကူးထားသော လုပ်ငန်းတိုင်း ခေါင်းစဉ်တိုင်းအောက်တွင် အထက်ပါကဲ့သို့ရေးပါ။အဲဒီ
နောက်မှာတော့ သင်လုပ်မယ့်လုပ်ငန်းများကိုစတင်ပြီးတွေးခေါ်ကာလက်တွေ့ချရေးခြင်းကိုစတင်လိုက်ပါ။ သင်လုပ်မယ့်အလုပ်ငန်းများကို သင့်ဘဝအခြေအနေ
သင်ပိုင်ဆိုင်မှုတွေအားလုံးပေါင်းစပ်ပြီး ဒီလုပ်ငန်းကိုလုပ်ရင် ငါဘယ်လိုအကျိုးတွေရနိုင်မလည်း နံပါတ်စဉ်တပ်ပြီး တွေးတွေးရေးရေး လုပ်ပါ။“ကောင်းကျိုး”
ဆိုတဲ့ခေါင်းစဉ်အောက်မှာ နံပါတ် တစ်ဘာကောင်းကျိုးရှိမယ် နံပါတ်နှစ်ဘယ်လိုကောင်းကျိုးရှိမယ် စသဖြင့်သင်တွေးလို့ရသမျှ အကုန်ချရေးပါ။နောက်
ကျန်တစ်ဖက်က “ဆိုးကျိုး” ဆိုတဲ့ခေါင်းစဉ်အောက်မှာလည်း သင်တွေးလို့ရသမျှ နံပါတ်တပ်ပြီး အကုန်ချရေးပါ။ အဲဒီလိုချရေးတဲ့အခါမှာ သင်ကအဲဒီထဲက
လုပ်ငန်းတစ်ခုကို သိပ်လုပ်ချင်နေရင် ဒါမှမဟုတ်သိပ်ဝါသနာပါနေရင် သင်ဟာအကောင်းမြင်ဝါဒနဲ့ကောက်ချက်ချတွေးခေါ်မှုတွေရှိလာနိုင်ပါတယ်။အဲဒီတော့ ဆိုးကျိုးတွေ
နည်းနေတတ်ပါတယ်။အဲဒီတော့ တွေးခေါ်ကောက်ချက်မှုတွေလွဲနိုင်ပါတယ်။အဲဒီလိုမလွဲအောင် သင့်ဟာအချိန်ပေးပြီး ကောင်းကျိုးကိုဖြစ်စေ ဆိုးကျိုးဖြစ်စေ
သတိရတိုင်းချက်ခြင်းချရေးခြင်းကိုလုပ်ရပါမယ်။ သင်တိုင်ပင်ရမယ့်မိတ်ဆွေ၊သင်တိုင်ပင်ရမယ့်ဇနီး စသည်တို့ကိုလည်းမိမိချရေးထားတာကိုပြရပါမယ်။အဲ
ဒါမှ အမြင်မတူသူရဲ့ အတွေး အဆိုးမြင်းခြင်းဖြစ်စေအကောင်းမြင်ခြင်းဖြစ်စေ ထပ်မံရရှိလာပါလိပ်မယ်။အဲဒါကိုလည်းချရေးထားလိုက်ပါ။သင်ဟာသင့်အပေါင်း
သင်းတွေနဲ့တွေ့တိုင်း သူတိုရဲ့အမြင်ကိုမေးကြည့်ပါ။သူများကို အားကိုး၍မေးခြင်းမဟုတ်ပါ ။မိမိကမိမိလုပ်ငန်းကိုအကြောင်းကြောင်းအမျိုးမျိုးကြောင့် လုပ်ချင်
နေသောအခါ အကောင်းမြင်ဝါဒီဖြင့်ကောင်ချက်ချမှားမည်ဆိုးသောကြောင့် သင့်အား အပေါင်းအသင်းမိတ်ဆွေဇနီးမယားတို့ထံမှမတူညီသော အတွေးအမြင်
ရရှိလာစေရန်မေးမြန်းခိုင်းခြင်းပင်ဖြစ်သည်။ သင်ထိုကဲ့သို့တွေးတွေးရေးရေး လုပ်လာသည်မှာတစ်လနှစ်လဒါမမဟုတ်အချိန်ရ ရသလိုအချိန်ပေးပြီးနောက်
ကောင်းကျိုးဆိုးကျိုးများ အတော်ပင်ပြည့်စုံလာပြီဖြစ်သောအခါ နောက်တစ်ဆင့်တက်၍တွေးခေါ်မှုတစ်ခုထပ်လုပ်ရပေမည်။

သင်သည်နောက်ဆုံးဖိုင်နယ် အဖြစ် ကောင်းကျိုးမည်မျှရှိသည်။ဆိုးကျိုးမည်မျှရှိသည်ကိုကြည့်ပြီး ဆုံးဖြတ်ချက်ရမည့်အပိုင်း
သို့ရောက်လာပြီဖြစ်သည်။သင့်တွေးခေါ်ထားသော လုပ်ငန်းနှစ်မျိုးဖြစ်စေသုံးမျိုးဖြစ်စေကိုတစ်ခုခြင်းရဲ့“ကောင်းကျိုး”  နှင့် “ဆိုးကျိုး” များကိုပြန်လည်းသုံးသပ်
စိစစ်မှုများပြန်လည်းတိကျစွာလုပ်ရပေမည်။ ထိုအခါ သင်ရွေးခြယ်ရန်ခက်ခဲနေသော လုပ်ငန်းများ တစ်ခုခြင်းစီရဲ့ “ကောင်းကျိုး”  “ဆိုးကျိုး”ရလဒ်များသိရပြီ
ဖြစ်သောကြောင့် မှန်ကန်သောဆုံးဖြစ်တစ်ခုရလာမည်မှာဧကန်မလွဲပါ။မှန်ကန်သောရည်ရွယ်ချက်၊မှန်ကန်သောဆုံးဖြတ်ချက်ရရှိလာပြီဖြစ်သည်။
ထိုပြင်မကသင်လက်တွေ့အကောင်ထည်လုပ်ကိုင်ရာတွင် ဖြစ်လာနိုင်သည့်ဆိုးကျိုးကို သင်သည်တွေးခေါ်ချရေးထားပြီဖြစ်သောကြောင့်ကာကွယ်နိုင်လိမ့်မည်
ဖြစ်သည်။ထိုကြောင့်သင်သူများတွေထက်အမှားကင်းပြီးအောင်မြင်သူတစ်ယောက်ဖြစ်လာမည်မှာသံသယဖြစ်စရာပင်မလိုတော့ပေ။ ၉၉ %သောသူတို့သည်
မိမိရွေးခြယ်လုပ်ကိုင်မည့် လုပ်ငန်းကို အတွေးကိုချရေးခြင်းမရှိသောကြောင့် အောင်မြင်သူအရေအတွက်မှာနည်းပါးနေခြင်းဖြစ်ပါသည်
သင်၏ဇွဲလုံ့လဝီရိယဉာဏများဖြင့်စိုက်ထုပ်ကာယုံကြည်မှုအပြည့်ဖြင့်စတင်လုပ်ကိုင်လိုက်ပါ။သင့်၏ဘဝတွင် မည်သည့်လုပ်ငန်းကိုဖြစ်စေ အတွေးကိုချရေးခြင်း
လုပ်ကိုင်ပါကထာဝရအောင်မြင်ခြင်းကိုပိုင်ဆိုင်သောသူဖြစ်လာမည်မလွဲပါ။
ထိုသို့အတွေးကိုချရေးခြင်းဖြင့်သင့်တွင်
“မှန်ကန်သော ရွေးခြယ်မှု”
“မှန်ကန်သောရည်ရွယ်ချက်”
“မှန်ကန်သောတွေးခေါ်ဆုံးချက်”
“မှန်ကန်သောအကောင်ထည်ဖော်လုပ်ဆောင်မှု”
“မှန်ကန်သောမိမိကိုယ်ကိုယုံကြည်မှု”များရရှိလာပြီး ထိုကဲ့သို့လူ ဒီဇမ္ဗူမှာ အောင်မြင်မှုတိုင်းပိုင်ဆိုင်မှာဧကန်မုချပင်ဖြစ်ပါ
ပေတော့သည်။

သူငယ်ချင်းတို့ နားလည်အောင်အတိုဆုံးဖြင့် အတတ်နိုင်ဆုံး တင်ပြထားပါသည်။ခုရေးခုပို့လိုက်သည့်အတွက်သတ်ပုံများ
မှားယွင်းပါကသီးခံပါ ။ကျွန်တော့်၏ အတွေ့အကြုံနှင့် အတွေးအခေါ်ပေါင်းစပ်ရေးသားထားခြင်းဖြစ်ပါသည်။သူငယ်ချင်းတို့လက်စမ်းကြည့်ပါ။မည်သည့်ဆုံး
ဖြတ်ချက်မဆို အမှားအယွင်းမရှိနိုင်တော့ပါ။ထိုချရေးနည်းဖြင့် သူငယ်ချင်းတို့ဘဝအောင်မြင်မှုတွေပိုင်ဆိုင်ကာ စိတ်ချမ်းသာခြင်းများရရှိပါစေ…..။

လင်းခန့်နိုင်

2 comments

  • လင်းငယ်

    September 10, 2010 at 7:28 am

    အောင်မြင်မူအတွက် စိတ်ကူးယဉ်မူ က ရူ့ထောင့်တစ်ခုအနေနဲက ပါဝင်ပါတယ်။ စိတ်ကူးစိတ်သန်းကလည်း အလုပ်လုပ်ဖို့အတွက် ရှေးပြေးလမ်းပြတစ်ယောက်လိုပါပဲ။

  • မန်း ရိပ်

    October 1, 2010 at 5:18 am

    ကမ္ဘာကျော်သွားတဲ့ အိုင်စတိုင်း၊နယူတန် စသည့် နာမည်ကျော်ပုဂ္ဂိုလ်တို့သည် အတွေးကို ချရေးခဲ့ခြင်းသာဖြစ်သည်

Leave a Reply