Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ပြုံးမိလေသော ဘလက်ချော…။

black chawNovember 28, 20121min62119

ဒီနေ့ တန်ဆောင်မုန်းလပြည့်နေ့…။
ရုံးပိတ်ရက် မနက်စောစော အိမ်ရှေ့က ဖြတ်သွားတဲ့ ဂျာနယ်ရောင်းတဲ့ ကလေးဆီက ဂျာနယ် ၃ စောင်ဝယ်…၊
မဒမ်ဘလက် စီစဉ်တဲ့ ကော်ဖီတစ်ခွက်ကို တစိမ့်စိမ့်သောက်…၊
စကိုင်းနက် MNTV ကလာတဲ့ သတင်းလေးတွေ လေ့လာ…။
အော်…ဘဝက ဒီလိုဆိုတော့လည်း မဆိုးလှပါ…ပေါ့…။
ဝယ်ထားလိုက်တဲ့ Every 1 ဆိုတဲ့ ဂျာနယ်အသစ်ထဲက မယ်လိုဒီ အင်တာဗျူးလေး ဖတ်ကြည့်ရင်းပြုံးမိ…။
အောင်မယ်
ဗိုက်ကြီးတဲ့ ကိစ္စဆိုရင် သူတို့ ကြီးလို့မရဘူးလေ…။ ကိုယ်တွေပဲ ကြီးလို့ရတာ တဲ့ဗျာ…။
သူတို့ကိုယ်သူတို့ ဗိုက်ကြီးလို့ရတယ်ဆိုတာလေး ကွက်ပြီး ဂုဏ်ယူနေတယ်တဲ့ဗျာ…။
ဖက်တီးကက်ဆိုတဲ့ ယောက်ျားရင့်မကြီးရဲ့ ဗိုက်ကို မမြင်ဖူးသေးလို့ ပြောတာဖြစ်မယ်…။
ကိုရင်ဂီဂီ ဘာများပြောချင်ပါသလဲ…။
အေးလေ… ကိုရင်ဂီဂီတို့ ဆီကလည်း ဗိုက်ကြီးတဲ့အလုပ်ကို ကျွန်တော်တို့ ယောက်ကျားတွေမလုပ်ရတာ နာတယ်လို့
ညည်းသံညူသံလည်း မကြားမိပါဘူး…။
ဟုတ်တယ်…မယ်လိုဒီ…။
စိတ်ရှိလက်ရှိ…ကြီးသာကြီးပါဗျာ…။
ဘဘ ဘလက်တို့ က မုဒိတာပွားပါတယ်…။
ဖတ်ရင်းပြုံးမိတယ်ပေါ့ဗျာ…။
လူမင်းကလည်း
အိုဘားမားလာတဲ့ အတွက် မြန်မာပြည်လူရာဝင်လာပြီ လို့ ပြောသွားပြန်ပါသတဲ့…။
ထပ်ပြုံးရပြန်တယ်ပေါ့…။
သက်မွန်မြင့်လေးကလည်း ပန်းကြာဝတ်မှုန် ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ အကယ်ဒမီ တစ်ပြေးနေပြန်သတဲ့…။
လူမင်းကလည်း ထာဝရအလင်းတန်းများ ဆိုတဲ့ ဇာတ်ကား နဲ့တဲ့…။
လူမင်း ဆိုရင် ကျန်စစ်မင်း ပဲမြင်မြင်နေမိတတ်ပြီး ပုဂ္ဂိုလ်က အဲဒီရုပ်ရှင်နဲ့အကယ်ဒမီ တောင် ရထားခဲ့သေးတာနော်…။
အော်…ပြုံးမိပြန်ပါတယ်…။
ဘယ်သူပဲရရပါ…။
ရတဲ့ဆုက ဂုဏ်သိက္ခာရှိသောဆု ဖြစ်ဖို့ပဲ အရေးကြီးပါတယ်…။
တပ်မတော်အစိုးရလက်ထက်က လူကြီးမင်းတွေ ပေးတဲ့ အကယ်ဒမီဆုတွေကို လက်ခံရရှိပြီး…
ဂုဏ်ယူဝင့်ကြွားခဲ့သူများရော…အခုအချိန်မှာ ဂုဏ်ယူနိုင်ကြသေးရဲ့လား…။
ကော်ဖီလေးတစ်ငုံ သောက်လို့ နောက်ဂျာနယ်တစ်စောင် ဖွင့်…။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အပါအဝင် အငြိမ်းစားပုဂ္ဂိုလ်များ၊ နိုင်ငံ့တာဝန်ရှိသူများ၏ အိမ်လုပ်သားများအတွက်…
ထောက်ပံ့ကြေး ကျပ်သန်းပေါင်း ၃၅ဝ ကျော်ခွင့်ပြု ဆိုတဲ့ Venus News ဂျာနယ်မျက်နှာဖုံးက စာလုံးမည်းကြီးတွေကြောင့်…
ပြုံးမိပြန်ပါတယ်…။
နိုင်ငံတော်အကြီးအကဲဟောင်း အငြိမ်းစားဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၏ အိမ်တွင် ထမင်းချက် ၅ ဦး…၊ အိမ်အကူ ၅ ဦး နှင့်..
ဥယာဉ်လုပ်သား ၅ ဦးတို့ကို တစ်လကျပ်သုံးသောင်းနှုန်းဖြင့် စုစုပေါင်း လေးသိန်းခွဲ…။
တစ်နှစ်စား ၅၄ သိန်း တောင်းခံထားပါတယ်တဲ့…။
အငြိမ်းစား ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး အိမ်မှာတော့ အိမ်လုပ်သား ၄ ဦး စီဖြင့် တစ်နှစ်စာ ၄၃ သိန်း ၂ သောင်း…
တောင်းခံထားပါသတဲ့…။
အော်… တိုင်းပြည်အတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသူကြီးတွေဆိုတော့ ဒါ…နားလည်ပေးရမှာပေါ့…။
သူတို့လက်ထက်မှာ မြန်မာနိုင်ငံရှေ့ရေးကို မျှော်တွေးဆင်ခြင်ပြီး ချုပ်သွားတဲ့ စာချုပ်တွေရဲ့ ကျေးဇူးကို ခင်ဗျားတို့ မမေ့သင့်ဘူး မဟုတ်လားဗျာ…။
ဆိုတော့…ဟိုတုန်းက သတင်းစာတွေထဲ အမြဲတမ်းတွေ့ရတတ်တဲ့…
တိုင်းပြည်ကို လက်ညှိုးထိုးရောင်းစားသူများ ဆိုတဲ့ စကားလုံးကြီးက ဘယ်သူ့ကို ရေးခဲ့တာလဲ…
ဘလက်ကြီးက မှတ်ဉာဏ်မကောင်းတော့လို့ မမှတ်မိတော့ပါဘူး…။
ပြုံးမိတယ်ပေါ့ဗျာ…။
အဲဒီလို ပြုံးနေတုန်း မဒမ်ဘလက်က ဘုရားသွားမယ် ရေချိုးတော့ ဆိုပြီး
တစ်ချက်လွှတ်အမိန့်ပေးလာပါတယ်…။
ဘုရားကပြန်လာလို့ အချိန်ရရင် ပြုံးမိတဲ့ အကြောင်းလေးတွေ ရေးပါဦးမယ်…။
အခုတော့ မိန်းမကြောက်ရတဲ့ ကိုယ့်ဘဝကိုယ် ပြန်တွေးရင်း …
အင်း…ပြုံးမိပြန်တယ်ပေါ့ဗျာ…
လေးစားခင်မင်တဲ့…
ဘလက်ချော…။

19 comments

  • candle .

    November 28, 2012 at 11:15 am

    ဟုတ်..မိန်းမကြောက်တဲ့ ..ဘ ဘလက် ကိုမြင်ယောင်မိရင်း..
    candle လဲပြုံးသွားမိပါကြောင်း…. 🙂

  • surmi

    November 28, 2012 at 11:22 am

    ဘုရားမှာလူတွေ ကျပ်ကျပ်တိုးနေတယ် ဘဘချောရေ ့….
    ဆွဲထား ဆွဲထား မလွတ်စေနဲ ့……
    ပြုံးစရာလေးတွေကိုစောင် ့နေဦးမယ်…………..
    မာတုဂါမ ချောချောလေးတွေရော ဘုရားမှာတွေ ့မိသလားဗျ…ဟဲဟဲ
    :hee:

  • Inz@ghi

    November 28, 2012 at 11:22 am

    မယ်လ်ဒီ လေး ပြောတာအမှန်ဗျ …
    ယောက်ျားတယောက်မှာ ဦးနှောက်ကြီးတာ လစ်မစ်တခုထိ ကြီးလို့ရတယ်..
    အဲ … ကိုယ်တခုထဲမှာ ဦးနှောက်၂ခု တချိန်တည်း ရှိနေခွင့်တော့ ….
    သူတို့မှ ရှိတာကလားဗျာ … (အမွှာများ လွယ်ထားရင် ၃ခုတောင်နော..)

    စကားစပ်လို့ … ကျောင်းတုန်းကပေါ့ဗျာ ..အပျိုဆရာမတယောက် ..
    ဖောင်ကြီးသင်တန်းပါရော …မတက်ချင်တော့ ..ကိုယ်ဝန်ရှိကြောင်း
    ဆေးစာယူလာတယ်လေ… ဟဲဟဲ ..
    တဌာန ဘယ်နှယောက်ဆိုတဲ့ ခွဲတမ်းကရှိလေတော့
    ညီအစ်ကိုလို ခင်ရတဲ့ တခြား ယောက်ျားဆရာတစ်ယောက်
    အစား သွားတက်ရလေရဲ့ ..။
    အဲ့သည့်ဆြာ ကြေကြေကွဲကွဲ ပြောချလိုက်တာကို ခုထိ နားထဲကမထွက်သေးဘူး…
    ဘာတဲ့ …

    ဘယ်တတ်နိုင်မလဲကွာ .. ငါ့ဗိုက်ထဲ သားအိမ်မှ မရှိတာကိုး …

    တဲ့ …
    ဟီဟိ..

  • ကိုရင်စည်သူ

    November 28, 2012 at 11:26 am

    ကိုဘလက်ရေ.. ဝေဖန်မလေကန်ရတာ ကြာလို့ ဝင်ဆွေးနွေးကြည့်မယ်။
    အိုဘာမားလာတော့ မြန်မာပြည်လူရာဝင်ပြီလို့ ပြောတဲ့ မင်းသားကြီးအတွေးကိုတော့
    အံ့ဩမိတယ်။ ကိုရင်တို့ သမဒကြီးတောင် မြို့လေးကိုပြင်ဖို့နဲ့ ဟိုင်းဝေးလမ်းမကြီးကို
    ပြင်ပေးဖို့ တောင်းဆိုခဲ့ရသေးဒယ်မဟုတ်လားဗျာ..။ တကယ့် လူရာဝင်ချင်ရင်တော့ နိုင်ငံတကာမှာ
    မြန်မာလူရာဝင်ချင်ရင်တော့ ဟိုသမဒ ဒီသမဒလာတာ မျှောက်တာထက် ကိုယ်နိုင်ငံဖွံ့ဖြို့အောင်
    တစ်ဦးချင်းဆီရဲ့ အက်ဘစ်လတီ ကို မြင့်ဖို့နှင့် အစိုးရကောင်းဖို့ လိုပါတယ်။ ဒါနဲ့ စပ်ပြီး
    ဒီခေတ်မှာ မင်းသား၊ မင်းသမီးတွေဟာ
    ခုထက်ထိ အူးဘလက်တို့ ခေတ် သရုပ်ဆောင်တွေကို မမှီတဲ့အတွက် အကယ်ဒမီပေးပွဲတောင်
    မကျင်းပသင့်တော့ပါဘူးဗျာ။ ဘိုချုပ်ကြီးတွေ သူရို့အလုပ်သမားတွေအတွက်
    လစာတောင်းတာတော့… တရုတ် စာချုပ်တွေနဲ့ အချိန်ကိုက်တိုက်ဆိုင်နေလို့
    တို့ဘိုချုပ်ကြီးတွေ ဘာမှမစားခဲ့ဖူးလို့သာ ကိုရင် ဖြည့်တွေးပေးထားပါတယ်…
    ဒါကြောင့်ပြောဒယ်.. လောကမှာ ဖိန့်နဲ့ ဖောနဲ့ မရှိရင် လေယာဉ်ပျံတောင် စီးလို့ရဘူးဆိုဒါ… :kwi:

  • Foreign Resident

    November 28, 2012 at 1:08 pm

    ” ဟိုတုန်းက သတင်းစာတွေထဲ အမြဲတမ်းတွေ့ရတတ်တဲ့…
    တိုင်းပြည်ကို လက်ညှိုးထိုးရောင်းစားသူများ ဆိုတဲ့
    စကားလုံးကြီးက ဘယ်သူ့ကို ရေးခဲ့တာလဲ ”

    အခုမှပဲ သူတိုု့ပြောခဲ့တဲ့ စကားနှင့် သူတို့ ပြန်ဝဋ်လည်တော့တယ် ။
    နောက် စကား တစ်ခုတောင် ကျန်သေး ၊ ဘာတဲ့ ၊

    ” ပြည်ပ အားကိုး ပုဆိန် ရိုး ” တဲ့ ။

  • အလင်းဆက်

    November 28, 2012 at 3:22 pm

    သူတို့လက်ထက်မှာ မြန်မာနိုင်ငံရှေ့ရေးကို မျှော်တွေးဆင်ခြင်ပြီး ချုပ်သွားတဲ့ စာချုပ်တွေရဲ့ ကျေးဇူး

    အဟိ ။

    သားလည်း…ပြုံးမိလေ..တယ်…

    ကွယ်….

    🙂

  • အူးဘလက်ချောဖတ်တဲ့ဂျာနယ်က ဘာဂျာနယ်လဲတော့မသိဘူး။
    ကျွန်မတော့ ရုပ်ရှင်နဲ့ပတ်သတ်တဲ့ဂျာနယ်တွေဆိုဖတ်ကိုမဖတ်ဖြစ်တော့ဘူး။

    (အခုမှပဲ သူတိုု့ပြောခဲ့တဲ့ စကားနှင့် သူတို့ ပြန်ဝဋ်လည်တော့တယ် ။
    နောက် စကား တစ်ခုတောင် ကျန်သေး ၊ ဘာတဲ့ ၊

    ” ပြည်ပ အားကိုး ပုဆိန် ရိုး ” တဲ့ ။)

    (သူတို့လက်ထက်မှာ မြန်မာနိုင်ငံရှေ့ရေးကို မျှော်တွေးဆင်ခြင်ပြီး ချုပ်သွားတဲ့ စာချုပ်တွေရဲ့ ကျေးဇူး

    အဟိ ။)
    :eee: ကျွန်မတော့ငိုမိချင်တယ်။:byae:

    • Foreign Resident

      November 28, 2012 at 4:49 pm

      ” ကျွန်မတော့ငိုမိချင်တယ် ”

      မငိုချင်ပါနှင့် ။
      သူတို့ ရောင်းစားခဲ့တာ တစ်တိုင်းပြည်လုံးမှ မဟုတ်တာ ၊ အနဲ အကျဉ်းထဲပါ ။
      ဘာပဲပြောပြော ၊ ဦးပိုင် ရတယ်ဆိုရင်လည်း ၊ ပြည်တွင်းထဲကလူ ရတာပါပဲ ။
      ကိုယ်တွေ / ပြည်သူပြည်သား ရတာတော့ မဟုတ်ဘူးပေါ့လေ ။

      လူတွေ ကျိုးစားရင် တိုင်းပြည်တိုးတက်စရာ နေရာတွေ အများကြီး ရှိပါသေးတယ် ။
      တိုင်းသူပြည်သားတွေ တက်ညီလက်ညီသာ ကျိုးစားဖို့လိုတာပါ ။

      ရက်စက်တာတော့ ၊ တကယ်ရက်စက်တယ် ။
      သူတို့ ဆင်းခါနီး နှစ်ပိုင်းလေးမှာ ၊ စာချုပ်တွေ အများကြီး ၊
      စုပုံပြီး လက်မှတ်ထိုးသွားတယ် ပြောတာပဲ ။
      ဘာတွေ ထပ်လာအုံးမလဲ မသိ ။

      အခုအစိုးရကလည်း ၊ အခြေခံ ဥပဒေ အရ ၊
      ရှေ့အစိုးရ ရဲ့ စာချုပ် ကတိကဝတ်တွေကို ဆက်ခံရတယ် ၊
      ရှောင်လွဲလို့ မရဘူးလေ ။

      • ပြည်သူတွေကတော့ကြိုးစားရင်ကြိုးစားသလောက်အခြေအနေရပါတယ်ထားဦး။
        အစိုးရဝန်ထမ်းတွေကျဘယ့်နှယ့်လုပ်ရပါ့အဘရေ…..
        Dတော့..ငိုလက်စနဲ့ ဆက်ငိုလိုက်ဦးမယ်
        :eee:

  • kyeemite

    November 28, 2012 at 5:51 pm

    :chee: အကြီးအကျယ် `မဲ့´သွားတယ်ဗျာ
    ဘယ်လိုမှပြုံးလို့မရဘူး။

  • jullies cezer

    November 29, 2012 at 2:14 pm

    ပြည်ပအားကိုးပုစိန်ယိုးအစိုးမြင်ဝါဒီများအားလက်ခံကြ :hee:

  • myanmarcitizen

    November 29, 2012 at 3:05 pm

    ဟွန့် မယ်လိုဒီတို့က ဗိုက်ကြီးတဲ့ကိစ္စများ စိတ်ကြီးဝင်နေလိုက်သေးတယ် … သူ့တစ်ယောက်ထဲနဲ့များ second person မပါပဲ ကြီးလို့ရတာမှတ်လို့ 🙂
    အငြိမ်းစားယူထားတဲ့ဘဘတွေကိုလဲ ပြောချင်ပါတယ် အမှိုက်လှဲ၊ ရေလောင်းတဲ့အလုပ်ကို ကိုယ့်ဟာကိုယ် လုပ်ကြပါလို့ ကျမ်းမာရေးကောင်းပါတယ်လို့ သောက်ပျင်းကြီးမနေပဲ အဲ့လိုမျိုး ကိုယ်လက်လှုပ်ရှားမှုရှိတဲ့အ
    လုပ်မျိုးလေးလဲလုပ်ကြပါလို့ ဒါမှများများသက်ဆိုးရှည်မှာလို့ … အင်းပြောလို့သာပြောရတာပါ ကျောင်းဆိုး
    ပြိုခဲ…. လူဆိုးသေခဲ ဆိုတော့လဲလေ…

  • ရွာသူ jujuma .

    November 29, 2012 at 3:23 pm

    မဲ့ပြုံးလေးပဲ ပြုံးတော့မယ်ဗျို့ … :kwi:

  • uncle gyi

    November 29, 2012 at 11:34 pm

    ပြုံးနေတဲ့ကိုဘလက်
    ဂျာနယ်ဖတ်တုန်းပြုံး
    ပုုံကိုမှန်ကြည့်တယ်
    ငါးခူပြုံး
    မိန်းမခေါ်လို့ပြုံး
    ပုံကိုမှန်းကြည့်တယ်
    မချိပြုံး

  • Thu Wai

    November 30, 2012 at 4:22 pm

    ကျွန်တော်လဲ ဖတ်ရင်း..ဖတ်ရင်းက ပြုံးမိပါတယ်ဗျာ

  • pooch

    November 30, 2012 at 6:25 pm

    ကိုဘလက်ရေ ကျမဖြင့် ခုတလော သတင်းတွေဖတ်ပြီး ငိုချင်ရက် လက်တို့ဆိုသလိုဖြစ်နေလေရဲ့ 🙁

  • thit min

    December 1, 2012 at 5:00 pm

    ကိုနို အမလတ် နဲ့ မpooch တို့ ရေ အရင်ပို့(စ)မှာ ကျနော် တို့ ဝိုင်းကျစ်တာတောင် ကိုဘလက်က ပြုံးတယ်တဲ့ဗျာ။
    (ဂျာနယ်ဆိုတာက သာဒ်ပါစဲန် အစားထိုးထားတာကြီးဗျ)။
    ဒါ ..ကျနော်တို့ကို သူတခါရေးဘူးတဲ့ တွံတေးကြီးရဲ့ “ပျင်းတောင်ပျင်းသေးတယ်” ကို ကိုးကားပြီး
    ပြုံးတောင် ပြုံးသေးတယ် ဗျ ပေါ့ဗျာ။
    ကျနော်တော့ အဲဒီလိုဘဲမြင်တယ်ဗျို့။

  • eternitymind

    December 1, 2012 at 7:27 pm

    ဘဘလက်ချော ရေးတာလေးဖတ်ရတော့ ပြုံးမိပေမဲ့
    ဘဖောပြောသလို ဆင်းခါနီး လက်မှတ်တွေဘယ်လောက်များ ထိုးသွားလဲလို့
    တွေးမိပီး ကြက်သီးထမိပါတယ်
    ပြီးတော့ အထွေထွေ အသုံးစရိတ့်၅၄ သိန်း ့၄၂သိန်း
    ပေးဆောင်ရတယ် ဒီတခါတော့ သွေးတောင်တိုးသွားပါတယ်ရှင့်

  • blackchaw

    December 13, 2012 at 5:51 am

    ဆောရီးအကြီးကြီးပါ အစ်ကိုတို့ အစ်မတို့ ညီတို့ ညီမတို့ရေ…။
    ကွန်းမန့်လေးတွေ ဝင်ချီးမြှင့်ပေးကြတာ ကျေးဇူးအထူးပါ ခင်ဗျာ…။
    ဘဝပေးအခြေအနေအရ အွန်လိုင်းပေါ်တက်ဖို့ အချိန် မရတော့တာကြောင့်…
    တစ်ယောက်ခြင်းစီ ကွန်းမန့် မတုန့်ပြန်နိုင်တော့တာကို…
    မေတ္တာရှေ့ထားပြီး ခွင့်လွှတ်ပေးကြဖို့ အနူးအညွတ်တောင်းပန်ပါကြောင်း…။
    လေးစားခင်မင်တဲ့…
    ဘလက်ချော…။

Leave a Reply