Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

” ငါး” မရှိလို့ ” ဖား” စွန်…

Ko out of...November 28, 20121min40413

– လူတွေဟာ ကိလေသာ တဏှာငြိမ်းအောင်ဆိုပြီး လူ့ကိုယ်ခန္ခာမှာရှိတဲ့ (၃၂) ကောဋ္ဌာသဖြစ်တဲ့ …စံပင်၊ အမွေး၊ ခြေသည်းလက်သည်း၊ သွား၊ အသားအရေ၊ အရိုးအကြော၊ရိုးတွင်းချည်ဆီ…. စသည်တွေဟာ အသုဘ မလှမပတဲ့ အစိတ်အပိုင်း ဆိုပြီး နှလုံးသွင်းခိုင်းတယ်…အဲဒီလို နှလုံးသွင်းတဲ့ အချိန် အတော အတွင်းကတော့ ကိလေသာ တဏှာ မထပါဘူး ဆိုတာ လက်ခံပါတယ်….သို့သော်နှလုံး မသွင်းတဲ့ အချိန်မှာ ကိလေသာ တဏှာ ပြန်ပြီး ထကြွသောင်းကျန်းပါတယ်…

– ထို့အတူ ချောမောလှပတဲ့ အမျိုးသမီးငယ်လေးတွေကို တွေ့ပြန်ရင်လည်း ကိလေသာ တဏှာစိတ် မဖြစ်အောင်ဆိုပြီး ကိုယ့်နှမငယ်လို သဘောထား၊ ကိုယ်ချင်းစာ တရားထားရင် ပြစ်မားချင်စိတ် မရှိတော့ဘဲ
ခေတ္တခဏတော့ ကိလေသာ ငြိမ်းပါရဲ့…သို့သော်နှလုံးပြန် မသွင်းတော့တဲ့ အချိန်မှာ ကိလေသာတွေ ပြန်ပြီး ထကြွပါတယ်…ဒီလိုဘဲ ညီမငယ်နှမငယ်မရှိတဲ့လူတွေအတွက် ကရော
ကိုယ်ချင်းစာ စိတ်ကို ဘယ်လိုထားကြမလဲ? စသည်ဖြင့် ကိုယ့်ကိုယ်ကို မေးခွန်း အကြိမ်ကြိမ် မေးမိပါတယ်….

– အထက်ပါ ပုံစံတူတဲ့ နည်းတွေကို ဘာသာခြားတွေမှာလည်း အမျိုးမျိုးကုစားနေကြတာဘဲ…ဘာသာတရားမရှိတဲ့ လူတွေတောင်မှဘဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ ဖြေသိမ့်နေကြတာဘဲ…ဒါတွေဟာ ဘုရား မပွင်းထွန်း မပေါ်ပေါက်ခင် ကတည်းက ရှိနေကြတာတွေဘဲ မဟုတ်လား….

– ဒါတွေရှိတာဟာ မရှိတာနဲ့ နှိုင်းယှဉ်ရင် ရှိတာပိုမကောင်းဘူးလားလို့မေးစရာရှိပါတယ်?….
လောကမှာ ကောင်းတဲ့ အရာတခုကို တွေမှတော့ မကောင်းတာကို စွန့်လွတ်လိုက်ရင် ကိုယ်ရောက်ချင်တဲ့ ပန်းတိုင်မြန်မြန်ရောက်တာပေါ…

– အမှန်တကယ်တော့ ဘုရားတရားမှန်ရင် “အင်းဒရင်းပိုးသတ်ဆေး” ဟာ လူကိုသေစေနိုင်တယ်
ဆိုတဲ့ အပြစ်ကိုကောင်းကောင်း မြင်ပြီးသိပြီးလို့ လုံးလုံး မသောက်ရဲ့တော့တာ …အဲလိုသိပြီး မသောက်ရဲတော့ တာဖြစ်ရမယ်….ဒါမှ တကယ် လွတ်မြောက်တယ်လို့ခေါ်ရမယ်…

အခုတော့ တရားဟာ ရှု့မှတ်တဲ့ အချိန်မှာ တမျိုး….မရှုမှတ်တော့တဲ့ အချိန်မှာ တဖုံ…ကိလေတဏှာစိတ်က ပြန်ပြန်ဖြစ်နေဆိုတော့ ….ဒါတကယ် မသိသေးလို့ဘဲ…

ွ- ဒါကြောင့်…အခုတော့ “ငါးမရှိတော့ ဖားစွန်ရတဲ့” အဖြစ်ဟာ ငါးနဲ့ တူတဲ့ ဘုရားရဲ့ အရိယာသစ္စာတရားကွယ်ပျောက်နေလို့ဘဲ….အရိယာ သစ္စာ တရားကို လေ့လာချင်တယ်ဆိုရင်….

http://www.google.com/search?q=ariyathitsa.org&ie=utf-8&oe=utf-8&aq=t&rls=org.mozilla:en-US:official&client=firefox-a&source=hp&channel=np

13 comments

  • juu juu

    November 29, 2012 at 12:59 pm

    အရမ်းကောင်းပါတယ်

  • aye.kk

    November 29, 2012 at 1:44 pm

    ငါးမရှိဖားစွန်တာမှန်ပေမယ့်ပေါ့နော်။အန်တီအနေနဲ ့ပြောချင်တာက
    အရိယာမဂ်ရောက်အောင်ထိ
    တရားအားထုတ်မကျင့်ကြံနိုင်သည့်တိုင်အောင်၊ဝိပဿာနာဉာဏ်စဉ်အထိ
    သိအောင်တရားကျင့်ကြံပွားများအားထုတ်ထားနိုင်ရင်ပေါ့နော်။
    ဝိပဿနာမကျင့်ခင်ကအရင်စိတ်နဲ ့ဝိပဿာနာကျင့်ပြီးတဲ့အခုစိတ်တွေဟာမတူနိုင်တော့ တဲ့အကျိုးတရားကိုရရှိစေနိုင်ပါတယ်။(အနည်းဆုံးတော့ကိလေသာလျော့ပါး
    သွားစေနိုင်တဲ့အကျိုးတရားကိုရရှိပါတယ်)
    ဒါဟာလည်းဝိပဿနာတရားအားထုတ် ကျင့်ပြီးတဲ့သူတွေမှသာနားလည်နိုင်တာမျိုးပါ။
    ဝိပဿနာတရားအားထုတ်မကျင့်ဘူးသေးရင်တော့မသိရှိနိုင်ပါဘူး။။

  • kai

    November 29, 2012 at 4:26 pm

    ရပ်ပြစ်ရှစ်ပါး
    ၁။ငရဲ၊
    ၂။တိရိစ္ဆာန်၊
    ၃။ပြိတ္တာ၊
    ၄။အသညသတ်နှင့် အရူပဗြဟ္မာဘုံ၊
    ၅။ပစ္စ န္တရာဇ်အရပ်၊
    ၆။မိစ္ဆာဒိဌိအယူ၊
    ၇။ညာဏ်ပညာမရှိသူ၊
    ၈။ဘုရားမပွင့်ချိန် လူဖြစ်ရခြင်း၊
    မဂ်ဖိုလ်မရနိုင်သော အရပ်ဖြစ်သောကြောင့် ရပ်ပြစ်ရှစ်ပါးဟုခေါ်ပါသည်…………။

    ==
    ရပ်ပြစ် ၈-ပါး၊ တနည်း။ ။

    အဂုင်္တ္တရ ။ပါ။၆၀။ဋ္ဌ။ ၄၄။ သုတ်ပါထေယျ။ပါ။ ၂၄၈။ဋ္ဌ။၂၄၆။ဝိမာနဝတ္ထု။ဋ္ဌ။၁၁၇။ဤပြလတံ့ကား သမာနဝါဒဆရာတို့အလို တည်း၊
    သာသနာတွင်း အခါမျိုး၌။
    (၁) ငရဲဘုံ၌ ဖြစ်သောသူ၊
    (၂) တိရစ္ဆာန်ဘုံ၌ ဖြစ်သောသူ၊
    (၃) ပြိတ္တာဘုံ၌ ဖြစ်သောသူ၊
    (၄) အသညသတ်ပုံ, အရူပဘုံတို့၌ ဖြစ်နေသူ၊
    (၅) မဇ္ဈိမတိုက် ဘုရားပွင့်ခိုက်၌ ပဋိသန္ဓေအားဖြင့် ချို့တဲ့စွာ လူဖြစ်နေသူ၊
    (၆) မဇ္ဈိမတိုက်ဘုရားလက်ထက်၌ တိဟိတ်ပဋိသန္ဓေ တည်နေသူ ဖြစ်လျက် မိစ္ဆာဒိဋ္ဌိ ယူနေသူ၊
    (၇) မစ္စန္တရဌ်ခေါ် သာသနာမဲ့ရာ အရပ်မျိုး၊
    (၈) ဗုဒ္ဓသုညခေါ် သုညကမ္ဘာ၌ မဇ္ဈိမတိုက်သားစု။

  • San Hla Gyi

    November 29, 2012 at 6:28 pm

    ကိုယ့်တာဝန် ကိုယ်ယူနိုင်သူများ ကိုယ်ယုံကြည်ရာကို ယုံကြည်ပါသည်ဟု ရဲရဲဝံ့ဝံ့ ပြောဆိုဆွေးနွေးနိုင်သူများ၏ ပို့စ်များတွင်သာ ဒီလို ကြီးကျယ်သော ကိစ္စများကို ဆွေးနွေးသင့်ပါသည်။ ဤကား ကျွန်ုပ်၏ အမြင်တည်း။ ဒီမိုရွာတွင် မည်သူကိုမျှ အမည်မတပ်သေးပဲ မိမိယုံကြည်ရာကို ပြောလိုက်သည်။
    သို့မဟုတ်ပါက ပြောသူများ ကျိန်းသေပေါက် အမောဆို့မည့် ကိစ္စဖြစ်ပါသည်။

  • kai

    November 30, 2012 at 6:56 am

    ကိလေသာ တဏှာငြိမ်းအောင်ဆိုပြီး စိတ်မထအောင်.. ရှေးအိနိ္ဒယက.. ဆာဒူးတွေ.. အောက်က..ကရိယာမျိုးတွေတပ်ခဲ့..တရားကျင့်ခဲ့ကြဖူးတယ်..။
    စိတ်နဲ့လည်းတရားထိုင်ကျင့်.. ရုပ်နဲ့လည်းသော့ခတ်ပိတ်တာပေါ့…
    ဂေါတမဗုဒ္ဓကတော့.. မှားယွင်းတဲ့.. ဒိဌိအယူတွေလို့ပြောပါတယ်..။


    Followers of Lord Shiva, as well as of Lord Rama, may adopt Shiva’s long dreadlocks. Lord Shiva is the longhaired god, who uses his long matted strands of hair, his powerful jata, to temper the potentially catastrophic force of the river Ganges – the goddess Ganga descending from heaven.

    Apart from their differences in clothes, almost all Sadhus have distinctive markings painted on their forehead to demonstrate their allegiance to their sect and chosen deity.

    Most Sadhus lead a life of austerity (tapasya) and a number wear heavy wooden and metal chastity belts to highlight their chastity. Some will go to extremes in self-inflicted suffering to speed up their way to enlightenment. The most unbelievable to watch are those who remain standing for 24 hours a day for years on end or who hold one arm aloft until all feeling is lost and the muscles atrophy, leaving the Sadhu permanently disabled.

  • MaMa

    November 30, 2012 at 8:45 am

    fb မှာ တွေ့တာလေး ကူးပေးလိုက်ပါတယ်။

    လူမိုက်လက္ခဏာ ၄ပါး

    ၁။ နည်းမှားတွေကို လုပ်တယ်။
    ၂။ သူတပါးကိုလည်း အဲဒီနည်းမှားတွေကို လုပ်ခိုင်းတယ်။
    ၃။ အဲဒီနည်းအမှားကြီးကိုလည်း သိပ်တန်ဖိုးထားတယ်။
    ၄။ မှားနေပြီလို့ ပြောရင် ပြောတဲ့သူကို ရန်ရှာတယ်။

    သီတဂူဆရာတော်ကြီး အရှင်ဉာဏိဿရ

  • Ko out of...

    November 30, 2012 at 9:02 am

    လူတွေဟာ ကိလေသာတဏှာကို အရကောက်လွဲရာကနေ မပယ်သင့်တဲ့ အရာတွေကို ပယ်ပြန်ရင်လည်း လူတွေဒုက္ခရောက်တာပေါ့….

    အရွှယ်ရောက်လို့ အပျိုလူပျိုတွေတစ်ယောက်ကို တယောက်စိတ်ဝင်စားကြတာလည်း တဏှာလို့ သတ်မှတ်ရင် အဲဒီတဏှာကို ပယ်ကြည့်ပါလား? လောကကြီးဘယ်လိုဖြစ်သွားမလဲ?

    ပြင်ပကအလှအပတရားတွေကြောင့် မိမိကိလေသာတဏှာ ဖြစ်ရတယ်ဆိုရင်….ဒီအလှအပတရားတွေကို အသုဘလို့ကြည့်ရမယ်ဆိုရင် ဘယ်တော့မှ မဆုံးဘူး… မြင်ရင်မြင်တဲ့ အတိုင်း(ဒိဋ္ဌေဒိဋ္ဌ မတ္တံ)ဘယ်ဟုတ်တော့မလဲ?..တကယ်တော့ အပြင်အာရုံကြောင့် …..မိမိမှာ အနုပါဒါနခန္ခာ၊ ဥပါဒါနခန္ခာ ဖြစ်ခြင်း မဖြစ်ခြင်းနဲ့လုံးဝမဆိုင်ဘူး…. အာရုံရုပ်ဟာ ဗဟိဒရုပ်…ကျွန်တော်တို့မှာ ဖြစ်အတ္တရုပ်မဟုတ်သေးဘူး…အာရုံကို ဥပါဒါနခန္ခာလို့ထင်တာမှားတာဘဲ….တဏှာ အရကောက်မှန်ဖို့ဆိုရင် ဒီမှာရှိတဲ့ တဏှာရှင်းတမ်းကိလေ့လာကြည့်ပါလား?https://sites.google.com/site/sayamvasi/toe-bookspage

    • surmi

      November 30, 2012 at 9:38 am

      ကိုရင် အော ့အော ့
      ဟဲ ဟဲ အမောပြေသွားလို ့ ပြန်လာတာလား……….
      ဒါမှမဟုတ် ပို ့စ်တစ်ပုဒ်မှာ မိုးပြာစာအုပ်တွေ ဖတ်ချင်တယ်ပြောလို ့လက်ဆောင်
      လာပေးတာလား ?
      အွန်လိုင်းကတော ့မဖတ်ချင်ဘူးဗျာ ……. ဖတ်စေချင်ရင် စာအုပ်လေးဘာလေး
      ယူလာပြီးတော ့ လက်ဆောင်ပေးပေါ ့ …. မိတ်ဖြစ်ဆွေဖြစ်လေ ဟဲ ဟဲ
      ဒါနဲ ့ ဇန်နဝါရီ တွေ ့ဆုံပွဲကျရင် လာမှာလားဗျ ။
      ဝါဒတူတာမတူတာ အပထား …… ရွာသားအဖြစ်နဲ ့တော ့တွေ ့ချင်ပါသေးတယ် ဟဲ ဟဲ
      ဆိ ုတော ့ ကာ …… ဒီနိုင်ငံမှာလည်းပြဿနာမျိုးစုံ ပေါ်နေတော ့ တိုင်းပြည်ကောင်းရာကောင်းကျိုးလေးလည်း
      ဝင်ဆွေးနွေးကြည် ့ပါဦး …… တဏှာတွေ ပလာတာတွေ အကြောင်းတော ့မပြောချင်သေးဘူး
      ရွာထဲမှာလည်းငြင်းနေရတာဗွက်ပေါက်နေပြီ ……..နောက်ဆို အင်တာနက်စရိတ်က
      တော်တော်ထောင်းမှာဆိုတော ့ ကိုရင်တို ပို ့စ်မှာ လာမငြင်းချင်တော ့ပါဘူး
      အကျိုးရှိရာရှိကြောင်းတွေပဲ ပြောပါတော့မယ် ။
      ကိုရင်လည်း တိုင်းပြည်အရေး ၊ ဂဇက်အရေးလေးဘာလေး အကျိုးရှိရာရှိကြောင်း
      ဆွေးနွေးဘူးတယ်ရှိအောင်လုပ်ကြည် ့ပါလား……… ဖိတ်ခေါ်ပါတယ် ။

      လေးစားလျှက်
      ဆာမိ ( ဂိုဏ်းချုပ်ကြီး )

      • San Hla Gyi

        November 30, 2012 at 7:29 pm

        ဟဲလို ကိုဆာမိရေ
        မိတ်ဆွေကြီးကလဲ အရင်တုန်းက ဒီ ko out of ဆိုတဲ့လူနဲ့ ဆွေးနွေးတဲ့ “ဆေးပေါ့လိပ် လုပ်ငန်းနဲ့ တူသော ဘာသာရေးလုပ်ငန်း” ဆိုတဲ့ ပို့စ်မှာလည်း ဖတ်ဖူးသားနဲ့။ ဒီဆောင်းပါးရှင် အကြောင်း သိတယ်မို့လား။ ယုံကြည်ချက် မရှိရှာဘူးဗျ။ ပြောတာတွေကတော့ အကြီးကြီးတွေ။ တကယ်လဲ ဆွေးနွေးရော မိုးပြာဝါဒီလားလို့ မေးတော့ အဲဒီဝါဒအောက်တော့ အရောက်မခံပါဘူး။ မိုးပြာဆရာတော် အသုံးပြုနေတဲ့ ဆေးကို လေ့လာနေသူပါတဲ့။ ဒါဆိုရင် ခင်ဗျားလေ့လာနေတဲ့ဟာ ခင်ဗျား ယုံသလား မယုံဖူးလားလို့ မေးလိုက်တော့ ပြန်ကို မဖြေနိုင်ရှာတော့ဘူး။ အဓိကကတော့ မိုးပြာစာအုပ်တွေ လင့်ခ်တွေပေးမယ်။ ဒါပေမယ့် အဲဒီဝါဒကို ယုံသလားမေးရင် တာဝန်ခံပြီး ဖြေရမှာစိုးလို့ မဖြေနိုင်လို့ ခေါင်းရှောင်လိုက်တာ။ သနားတော့ သနားစရာပါဗျာ။
        ဆွေးနွေးလဲ ဒီလိုပို့စ်တွေဟာ ပင်ပန်းတာပဲရှိမယ်။ တကယ်လို့ မိုးပြာဝါဒီနဲ့ ဆွေးနွေးရရင်လဲ ကိုယ့်ကိုကိုယ် မိုးပြာဝါဒီပါ အဲဒီဝါဒကို ယုံကြည်သူပါလို့ ပြောရဲတဲ့လူမှ ကောင်းလိမ့်မယ်။ အဲဒီတော့ မိုးပြာဆရာများ ခင်ဗျားတို့ထဲမှာ မိုးပြာဝါဒီပါလို့ ဝန်ခံပြီး ပို့စ်တင်ရဲသူရှိရင် ပြောပါဗျား။ ကိုယ့်ကိုကိုယ် ယုံကြည်ချက် မရှိသူတွေနဲ့တော့ မဆွေးနွေးချင်ပါဘူး။
        ဆောင်းပါးရှင်ရဲ့ ဆောင်းပါးပါ အချက်အလက်များ ရပ်တည်မှုများအကြောင်း ပြောခြင်းဖြစ်သဖြင့် လုံးဝ ပါစင်နယ် မဟုတ်ပါ။ မဟုတ်ပါက ပြန်လည် ဖြေရှင်းနိုင်သည်။ ဟုတ်ရင်ငြိမ်နေ။ ပရော်ဖက်ရှင်နယ်နဲ့ ပါစင်နယ် ကွိ ကွိ။

  • Ko out of...

    November 30, 2012 at 10:41 am

    ဆာမီရေ…မင်္ဂလာပါ….
    လောကမှာ …..လူတွေသက်တမ်းတိုတိုလေးအတွင်းမှာ….လုပ်စရာအလုပ် အများကြီးရှိပါတယ်…သူမလုပ်နိုင်တာကိုယ်လုပ်….ကိုယ်မလုပ်နိုင်တာ သူလုပ် အဲလိုတာဝန်တွေခွဲကြရပါတယ်….ဒီလိုတာဝန်တွေ ခွဲဝေတဲ့နေရာမှာ…ကိုယ်ရင်းနှီးကျွမ်းဝင်ရာ အလုပ်ကို ကိုယ်တတ်စွမ်းသလောက်…တာဝန်ယူရရင်….ပိုကောင်းတာပေါ့…”အခုလည်းတခြားအကျိုးရှိရာရှိကြောင်း ဆွေးနွေးဖူးတယ်ရှိအောင်လို့ ဆာမီပြောပါတယ်”…တခြားအကြောင်းကိုပြောကြဆွေးနွေးကြတာများတယ်…ဘာသာရေးကျတော့ သိပ်မပြောကြဘူး…..ဒါကြောင့်….
    ကျွန်တော်ကလည်း…လူတွေ သိပ်မပြောချင်တဲ့ ဒီဘာသာရေးလုပ်ငန်းကို….ဒီမန်းဂေဇက်ရွှာအတွက်…လိုအပ်တဲ့အင်္ဂါရပ်တခုဖြစ်နေမလားဆိုပြီး… ကိုယ်တတ်နိုင်တဲ့ ဖက်က ပါဝင်ပေးရခြင်းဖြစ်ပါတယ်…ကျေးဇူးပါ ဆာမီရေ….

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 30, 2012 at 8:56 pm

    ( နှလုံး မသွင်းတဲ့ အချိန်မှာ ကိလေသာ တဏှာ ပြန်ပြီး ထကြွသောင်းကျန်းပါတယ် )
    အသဝေါကုန်ခြင်းဆိုတာကိုတော့ ဒီနေရာလောက်မှာ မလိုတဲ့အတွက် မပြောတော့ပါဘူး
    နှလုံးသွင်းတာအသာထား
    အထီးဖြစ်ဖြစ် အမဖြစ်ဖြစ်ပေါ့
    တက်မက်ရာဆန့်ကျင်ဖက်လိင်အပေါ်မှာ မရခင်တုန်းကတော့ ဘာဘဲလုပ်ရလုပ်ရပေါ့
    ကိစ္စလည်းပြီးသွားရော
    ဟောဟဲဟောဟဲနဲ့ပက်လက်လန်ကုန်တာဘဲမဟုတ်လား
    ဂေါတမ ဟောတဲ့စကာားကိုပေါ့ပျက်ပျက်မလုပ်ပါနဲ့
    ပြီးသွားတော့လည်းဘာမှကိုမဟုတ်ဘူး
    မလိုခြင်ကြနဲ့
    ကိုယ်ကိုငြိမ်ငြိမ်ထား ကမြင်းကြောမထနဲ့
    တစ်ခါပြီးတစ်ခါပြန်နဲ့ သံသရာလည်နေကြတာ

  • သခင် Mobile

    December 1, 2012 at 8:33 am

    အမေကယ်ပါဂျော်နီအောင်ပု ကတော့ ဘုရားသမား တရားသမားဖြစ်လိမ့်မယ်နဲ့တူတယ်ဗျာ။
    ဘာဖြစ်လို့လဲဆိုတော့ ပုံထဲမှာ တောင်မှ လက်အုပ်ကလေးကိုချီလို့။

  • first last

    December 1, 2012 at 10:40 am

    You must understand.

    ကိလေသာ တဏှာ not mean only for sex or something like that.

Leave a Reply