Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

သမီးလိမ္မာပါတယ် မေမေ……… (ဘဝအမြင်)

ဟော့်….ကြယ်ကလေးကြွေသွားပြီ……. အမြန်ဆုတောင်းဦးမှ မေမေနေကောင်းပါစေ မေမေသမီးဆီ အမြန်ပြန်လာနိုင် ပါစေ……………………………………။

“ရွှေစင်ရေ စာလာကျက်လေ နင်ဟာလေစားဖို့ အိပ်ဖို့ ဆော့ဖို့ပဲ စာလာကျက်”
ဆူပြီ…ကြီးကြီးတို့က အမြဲတမ်းဆူဖို့ပဲ ပြန်ပြောရင်လည်း သမီးကိုရိုင်းတယ်ပြောမယ်။ ခဏခဏနားထဲကို ဆူတဲ့အသံတွေ ရောက်လာတော့လည်း တစ်ခါတစ်လေ သမီးလည်းမခံနိုင်တော့ဘူးလေ အဲသည်တော့ ပြန်ပြောမိတာပေါ့။ ဘယ်လိုပဲ ဖြစ်ဖြစ် စာကျက်ဖို့ စာအုပ်တော့ကိုင်ရမှာပဲ။ ဖွားဖွားကလည်း သမီးစာကျက်နေတာ ထိုင်ကြည့်နေတယ်။ အသံမထွက်ရင် ဆူမယ်ဆိုတာချည်းပဲ….။
“ရွှေစင် စာကျက်လေ… ဘာလုပ်နေတာလဲ  ဝက်မ စားဖို့ပဲသိတယ် စာကျတော့ မကျက်ဘူး”
“အဖွားကလည်း ဒီမှာကျက်နေတယ်လေ”
“ငါ့ကို ပြန်မပြောနဲ့ ရိုက်လိုက်မယ် စာပဲကျက်”

 

ပြောလိုက်ရင် ရိုက်မယ်ဆိုတာကြီး ပြန်ပြောမိတော့ သမီးပဲအဆူခံရတယ်။ ကြီးကြီးနဲ့ သူ့ရဲ့သမီးစကားပြောနေတာကြည့် တော့လည်း သမီးလည်း မေမေ့ကိုသတိရလာတယ်။ မေမေရယ် မြန်မြန်ပြန်လာပါတော့….။ သမီးဖေဖေလား ဖေဖေနဲ့မေမေ တူတူမနေတာကြာပြီလေ။ ဖွားဖွားကတော့ (၇)နှစ်လောက်ရှိပြီလို့ ပြောတာပဲ။ ဖေဖေက တစ်ခါတစ်လေ သမီးကို လာခေါ်တယ်လေ မုန့်တူတူစားပေါ့ ဖေဖေကိုတော့ သမီးကြောက်တယ်။ ဖေဖေက  စိတ်တိုလို့ရှိရင် သမီးကို ပါးရိုက်တယ်။ မေမေကတော့မရိုက်ပါဘူး မရိုက်တဲ့မေမေက ခုသမီးအနားမှာမရှိဘူးလေ။ ဖွားဖွားကတော့ တစ်ခါတစ်လေ သမီးကိုရိုက်တယ်။ သမီးမေမေလား မေမေက နိုင်ငံခြားမှာအလုပ်သွားလုပ်တာလေ အကြွေးတွေဆပ်ဖို့တဲ့ သမီးကိုပြော တာပဲ။ ပြန်လာရင်သမီးလိုချင်တဲ့ ပွတ်ပွတ်ပီးသုံးတဲ့ တက်ဘလက်ဆိုလား ဝယ်လာခဲ့မယ်တဲ့။ မြန်မြန်ပြန်လာပါ မေမေရယ် တစ်ခါတစ်လေ သမီးအားငယ်လို့ လူကြီးတွေကို ပြန်ပြန်ပြော သမီးကိုဆိုးတယ်ပြောကြတယ်။ သမီးမဆိုးပါဘူးမေမေ။ တစ်ခါတစ်ခါ ကြီးကြီးက ညီမလေးနဲ့ယှဉ်ပြီးပြောရင်တော့ သမီးစိတ်တိုတော့ ပြန်ပြောမိတာပေါ့။ မေမေမြန်မြန်ပြန်လာနော် ။ ဖေဖေက သူ့အိမ်ကိုခေါ်တော့မယ်တဲ့။ သမီးဖေဖေနဲ့မနေချင်ဘူး..ဖေဖေ့ကိုကြောက်တယ်။ မေမေပြန်လာမှ ဖေဖေ ခေါ်လို့မရမှာ မေမေမြန်မြန်ပြန်လာပါတော့။
ဦးငယ်ကတော့ သမီးကိုဂရုစိုက်ပါတယ်။ ဖွားဖွားတို့ ကြီးကြီးတို့လိုမဆူဘဲ သမီးကိုခဏခဏချော့တယ်။ ပိုက်ဆံရရင် သမီးလိုချင်ဟာလည်း ဝယ်ပေးမယ်ပြောတယ်။ ဖွားဖွားကိုလည်း သမီးကိုအရမ်းဆူရင် မဆူနဲ့လို့ပြောတယ်။ ကလေးက Problem Child ဖြစ်သွားမယ်တဲ့။ Problem Child ဆိုတာ ဘာလည်းတော့သမီးမသိပါဘူး။ ဖွားဖွားလည်း နားမလည်တော့ ဦးငယ်ကိုပဲ ဆူတယ်။ သမီးက ဦးငယ်ကြောင့်ဆိုးနေတာတဲ့။ သမီးဘက်ကနေမဆူဖို့ပြောရင်း ဦးငယ်နဲ့ဖွားဖွားလည်း ရန်တော်တော်ဖြစ်ရတယ်။ မနေ့က တန်ဆောင်မုန်းလပြည့်နေ့လေ မေမေ။ ဆေးပေါင်းခတဲ့ညမှာ မယ်ဇလီဖူးသုပ်စားပြီး ဆုတောင်းရင် ဆုတောင်းပြည့်တယ်တဲ့ မေမေရဲ့။ မယ်ဇလီဖူးသုပ် ခါးခါးကိုသမီးကြိတ်မှိတ်စားရင် ဆုတောင်းခဲ့သေးတယ်။ မေမေအကြွေးတွေဆပ်ပြီး မြန်မြန်ပြန်လာနိုင်ပါစေလို့။ သမီး ဦးငယ်ပြောတဲ့ Problem Child မဖြစ်ချင်ဘူး မေမေ။
                                    ******************************************
ကလေးတွေကလေးတွေ အလိုလိုက်တော့ ဆိုးချင်ကြရဲ့။ ခုပဲမြေးအကြီးမကိုဆူပြီး အပြင်ထွက်လာတယ် နောက်ကနေ မုန့်စားချင်လို့ လိုက်လာပြီ။ ကိုယ်ကလည်း မြေးဦးဆိုတော့လည်း ချစ်ပါရဲ့။ အဖေနဲ့အမေကွဲနေတော့ မိတဆိုးလေးဆိုးပြီး သနားရပြန်ရော။ အမေဖြစ်သူလည်း အကြွေးဆပ်ဖို့နိုင်ငံခြားရောက်နေပြန်တော့ပိုဆိုးပေါ့။ သူ့ကိုပဲ ချော့တစ်ခါ ချောက်တစ်လှည့်နဲ့ပြောနေတာကိုက အမော။ သားကတော့ ဘုရားတရားလုပ်ပါ ကလေးနဲ့ဖက်ပြီး အချိန်တိုင်းရန်မဖြစ်ပါ နဲ့လို့တော့ ပြောပါရဲ့။ ကိုယ်ကိုယ်တိုင်ကိုမှ မနေနိုင်ဘဲ ပြောမိတာပေါ့။ သူတို့ကသာ ကလေးနဲ့ဖက်ရန်မဖြစ်နဲ့ပြောနေ တာ သူတို့ကလည်း တစ်နေကုန်အိမ်မှာရှိတာမဟုတ် ကိုယ်ပဲဒီမြေးမနဲ့ စခန်းသွားနေရတာမဟုတ်လား။ တစ်ခါတစ်လေ စိတ်တိုတော့လည်း ရိုက်မိတာလေးတွေရှိမှာပေါ့။ တစ်ခါတစ်ခါ ကလေးက အလိုလိုက်တော့ ဆိုးချင်တယ်။ ဒါကြောင့် ကိုယ် ဆုံးမထားလို့။ သားကတော့ပြောရှာပါတယ် Problem Child ဖြစ်သွားမယ်တဲ့။ သားငယ်ဘာပြောမှန်းတော့ မသိပါ ဘူး။ ကိုယ်ကတော့ ကိုယ့်မြေးလေးကိုချစ်ပါတယ် အသက်တွေကြီးလာတော့လည်း တစ်ခါတစ်ခါ စိတ်ကသိပ်မရှည်ချင် တော့ပါဘူး။ မြေးမလေးအတွက်တော့စိတ်ပူတာပေါ့ တစ်ခါတစ်ခါ ကိုယ့်စေတနာတွေက ကလေးအတွက် ဝေဒနာတွေ ဖြစ်သွားမလားဆိုတာ မစဉ်းစားမိလိုက်တာလည်းပါပါလိမ့်မယ်။ သမီးကိုအကြွေးတွေကျေရင် ပြန်လာတော့လို့ ဖုန်းဆက်လာရင် ပြောရတော့မှာပဲ။ ဪ..ဘဝ။
                                    ********************************************
ကိုယ့်မှာသမီးလေးရလာတော့လည်း ကိုယ့်သမီးလေးကို ဂရုစိုက်ရတာပေါ့။ တူမကို မချစ်တော့ဘူးလားဆိုတော့လည်း မဟုတ်ပါဘူး။ သမီးချစ်နဲ့ တူမချစ်တော့ ဘယ်တူမလဲ။ ကိုယ်ကလည်းငယ်ငယ်ကတည်းက ကိုယ့်သမီးလေးကို လိမ်မာ ရေးခြားရှိအောင်သင်လာပေးတာပဲ။ တူမလေးကတော့ မလိမ်မာဘူးလို့ ပြောပေမယ့် အဆိုးကြီးထဲမှာမပါပါဘူး။ အဖေနဲ့ အမေ ကွဲနေတော့လည်း သူ့မှာနည်းနည်းတော့ စိတ်ခံစားချက်ပြင်းထန်နေတယ်လို့ ထင်တာပဲ။ တစ်ခါတစ်ခါ ကျွန်မနဲ့ မောင်နဲ့ သမီးလေးနဲ့ရယ်မော စကားပြောနေလို့ရှိရင် အခန်ထဲမှာ လာလာကြည့်နေတာမြင်နေရတော့။ သူလည်း ခံစား ချက်လေးတွေရှိလိမ့်မယ်လို့ထင်တာပဲ။ သမီးနဲ့တူမလေးကိုတော့ ခွဲခြားခွဲခြားမဆက်ဆံပါဘူး ဒါပေမယ့် တစ်ခါတစ်ရံ သတိမထားမိသွားတာလေးက သူ့ကိုစိတ်ထိခိုက်သွားရင် ထိခိုက်သွားနိုင်မယ်။ တကယ့် ကလေးဆိုး (Problem Child) အများစုဟာ ဒီလို ဖတကွဲ မိတကွဲကနေ ပေါက်ဖွားလာကြတာပဲဆိုတော့ ကလေးက ဒီလိုဖြစ်လာမှာကိုတော့ မလိုတာ အမှန်ပဲ။ လူ့စိတ်ဆိုတာပြောရခက်သလိုပါပဲ လူ့ဘဝဆိုတာလည်း ကိုယ်ကိုယ်တိုင် ကရတဲ့ဇာတ်မှမဟုတ်ဘဲလေ။ ဇာတ်ဆရာအလိုကျဆိုတော့ ရောက်ရာနေရာကနေ လှကရဖို့ပဲအရေးကြီးတာကိုး။ တစ်ခါတစ်ခါ ကိုယ့်ဘဝတောင် ကိုယ်သဘောမကျတာ ကိုယ့်ကလေးတွေကိုတော့ ကိုယ်ကိုယ်တိုင်တော့ ပုံသွင်းချင်သား။ နိုင်ငံခြားမှာ အကြွေးဆပ်နေတဲ့ ညီမကိုပဲ ရောယောင် ကျွန်မသက်ပြင်းချမိတယ်။
                                    ********************************************
တစ်ခါတစ်ခါလည်း သက်ပြင်းတွေချမိပါရဲ့။ သက်ပြင်းချရင် အသက်တိုတယ်တဲ့။ သက်ပြင်းချတိုင်းတာ အသက်တိုရင် ကျွန်တော်တော့ သေလောက်နေပြီ။ ကျွန်တော့်မှာ လက်နှစ်ဖက် ခြေနှစ်ဖက် ကြိုးဆွဲခံရတဲ့လူနဲ့တူနေတယ်။ တစ်ဖက်က အမေ ၊ တစ်ဖက်က တူမလေး ၊ တစ်ဖက်က အစ်မကြီး ၊ တစ်ဖက်က အစ်မငယ်။ အဓိကကတော့ တူမလေးအတွက်ပါ  ငယ်ငယ်ကတည်းက အိမ်ထောင်ကွဲသွားတာ မိဘနှစ်ဦးကြား တူမဆီမှာ ဘယ်လောက်စိတ်ဒဏ်ရာများနေလဲဆိုတာ မပြောပဲနဲ့သိနေတယ်။ အဲသည်ကြားကမှ အမေကနိုင်ငံခြားမှာအလုပ်သွားလုပ် အဖွားနဲ့နေ အဖွားကအသက်ကြီးတော့ လည်း စိတ်မရှည်နဲ့ တဟင်းဟင်းနဲ့ပဲ ကျွန်တော်သက်ပြင်းချမိတယ်။ ကျွန်တော့်အဓိက ထိန်းကျောင်းပေးရမှာ တူမလေး Problem Child ဖြစ်မသွားစေဖို့ပဲ။ ဪ မိဘကွဲနေရတဲ့ ကလေးတွေရဲ့ဘဝကို ကျွန်တော်ကိုယ်ချင်းစာမိတယ်။
                                    ***************************************************
လုပ်လုပ်….အလုပ်ကို သည်းခံလုပ်။ လူမျိုးခြားတွေအလယ်မှာ လုပ်လုပ် လုပ်နေရာပါပဲ။ မြန်မာပြည်က သမီးလေးမျက်နှာ ပြေးပြေးမြင်ပြီးလုပ်နေရတာ။ အကြွေးတွေလည်း ကြေတော့မှာပါ တကယ်တော့ အကြွေးကနည်းနည်း အတိုးကများများ စားနိုင်တဲ့သူတွေ စားထားပစေ။ ကျွန်မကလည်း မကြောက်လို့ချေးတာကိုး ခံပေါ့။ ဂုတ်သွေးကို အသေအလဲစုပ်ခံခဲ့ရတာ။ ငွေတိုးရှင်ကတစ်မျိုး အေဂျင်စီက တစ်မျိုး။ မြန်မာပြည်မှာလည်း ဂုတ်သွေးစုပ်တဲ့သူတွေက ပေါမှပေါ။ ဖုန်းဆက်ရင်တော့ အိမ်ကပြောရှာပါတယ် နင့်သမီဝတုတ်နေတာပဲတဲ့။ ဓာတ်ပုံလေးတွေ ကြည့်ရင်းအလွမ်းဖြေရတာအမော။ အမေ့ကိုလည်း တွေ့ချင်လှပြီ။ အခုမှပဲ အိမ်ဆိုတဲ့နွေးထွေးမှု တန်ဖိုးကိုကျွန်မသိခဲ့ရတယ်။ သူများနိုင်ငံ လူမျိုးခြားတွေအလယ်မှာ အလုပ် လုပ်ရတာ လွယ်တာမှတ်လို့။ ဘယ်တော့မှ နိုင်ငံခြားကလူကို အထင်မကြီးလေနဲ့။ ကျွန်မလေ အခု ပိုက်ဆံလည်းမလိုချင် တော့ဘူး။ ကိုယ့်နိုင်ငံမှာ ဆားနဲ့ပဲ စားရစားရ မိသားစုနဲ့ပဲနေချင်တော့တယ်။ ဘဝဆိုတာ တိုတိုလေးမဟုတ်လား ဒီတိုတို လေးမှာကို အခက်အခဲ ပြဿနာပေါင်းစုံကိုရှင်းရင်း အသက်ရှင်နေရတာပဲ။ အသက်တစ်ရာမနေရပေမယ့် အမှုတစ်ရာ ပွေရတယ်ဆိုတဲ့ စကားကလည်းမှန်ပါ့။ ကိုယ့်နိုင်ငံမှာတောင် နေစရာနဲ့စားစရာခက်ခံနေတဲ့ ကျွန်မတို့ဘဝအတွက် ဒီလို  စိတ်ထဲမချိစွာနဲ့ ဘဝကိုဆက်ရုန်းနေရဦးမှာပဲ။ ကျွန်မမျှော်လင့်တာတစ်ခုကတော့ ကျွန်မတို့ရဲ့နောက်လာမယ့် ကလေးတွေ ဘဝကျရင် ကောင်းမွန်စွာနေရမယ့်ဘဝကိုပဲ မျှော်လင့်တော့တယ်ရှင်။ ကျွန်မတို့ဘဝတွေက အိုနေပြီလေ။
                                    **********************************************
စာကျက်ပြီးပြီ။ ဟွန်း…ဒါတောင်ဖွားဖွားက ထပ်ကျက်ဦးလုပ်နေတယ်။ ပြောရင်းနဲ့တောင် အိပ်ချင်လာပြီ အိပ်တော့မယ်။
“ရွှေစင် အိပ်ခါနီး ဘုရားရှိခိုးဦး”
“ဟုတ်….”
ဦးငယ်ပြောမှပဲသတိရတယ်။ ဘုရားရှိခိုးဦးမှပဲ။ မနက်ကျရင် ထမင်းကြော်ဝယ်စားမယ် ဖွားဖွားဆီကမုန့်ဖိုးတောင်းမယ်။ အင်း…….မေမေကျန်းမာပါစေ။ မေမေမြန်မြန်အိမ်ပြန်လာနိုင်ပါစေ။ မေမေအကြွေးတွေ မြန်မြန်ကြေပါစေ။ သမီးလိမ်မာပါ့ မယ်ရှင့်။ သမီး Problem Child  မဖြစ်ချင်ပါဘူးရှင့်……………………………………….။
                                    *********************************************
ရင်နှင့်ရင်း၍
အောင်မိုးသူ
နိုဝင်ဘာ ၃ဝရက် ၂၀၁၂
ညနေ ၄နာရီ ၂၁မိနစ်

5 comments

  • Mr. MarGa

    December 1, 2012 at 8:10 pm

    သုံးဘက်မြင် ရသစာပေါ့နော်
    ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ရာမှာ
    နည်းလမ်းက အဓိက ကျတယ်လို့ တွေးမိသွားပါတယ်

  • မောင်ပေ

    December 1, 2012 at 8:50 pm

    သမီးလိမ်မာ
    စည်းစိမ်အရှာ
    တီးအချိန်လာ
    မြည်းမြိန်အစာ

  • ဒုတိယ ကမ္ဘာစစ်ကျန်လူသား သခင် Mobile

    December 1, 2012 at 11:01 pm

    ဖတ်ရတာ အဆင်ပြေပါတယ် . . . . .
    စာပေအရေးအသား အလယ်အလတ်တော့ ရှိမယ်လို့ ကောက်ချက်ပေးပါတယ်။

  • candle .

    December 2, 2012 at 1:19 pm

    သားနှစ်ယောက်နဲ ့အိမ်ဦးနတ်ကို ထားခဲ့ရပြီး ..
    နိုင်ငံရပ်ခြားမှာ စီးပွားလာရှာနေရတဲ့ candle..
    ဒီပိုစ့်လေးကို ရင်နဲ ့ရင်း၍ဖတ်ရှူ ့အားပေးသွားပါတယ်..

Leave a Reply