ပြုံးနိုင်ရီနိုင်ကြပါစေ

Yin Nyine NwayJuly 16, 20101min770

လူချောလေးတစ်ယောက်မှာ ချစ်စခင်စ ကြင်နာစရည်းစား
အသစ်စက်စက်လေး တစ်ယောက်ရှိတယ်။
သူ့အသည်းလေး မွေးနေ့အတွက် အမှတ်တရဖြစ်အောင်…ဘာလက်ဆောင်ပေး

ရင်ကောင်းမလဲလို့
အသည်းအသန်စဉ်းစားရပါတော့တယ်။
သူ့အချစ်လည်း ပေါ်လွင်ရမယ်။
သူမအတွက်လည်း အသုံးဝင်ရမယ်။
အမှတ်တရနဲ့ ဂန္ဓဝင်လည်း မြောက်ရမယ်ပေါ့။
ဈေးကြီးတာလည်း မတတ်နိုင်ဘူးပေါ့။
နောက်ဆုံးအကောင်းစား လက်အိတ်ဖြူဖြူလေးတစ်စုံ
ဝယ်ဖို့ကြည်နူးစွာဆုံးဖြတ်လိုက်

နိုင်ပါတယ်။
မိန်းမအသုံးအဆောင် ပစ္စည်းဆိုင်ကို သွားမှာမို့ ချစ်သူရဲ့ညီမလေးလည်းပါလာတယ်၊
ဆယ်ကျော်သက် လှလှလေးပါပဲ။
ဆိုင်ရောက်တော့ သူကလက်အိတ်အဖြူလေးတစ်စုံ ဝယ်တယ်။
ချစ်သူ့ညီမလေးက အောက်ခံဘောင်းဘီ (ပင်တီ) တစ်ထည်ဝယ်တယ်။
ဖြစ်ချင်တော့ ထုပ်ပိုးပေးတဲ့အရောင်းစာရေးမ အမှားကြောင့် ချစ်သူ့ညီမက
လက်အိတ်ရသွားတယ်။
သူလည်း ဖွင့်စစ်ဆေးမနေဘဲ (ပင်တီ) ပါဆယ်ထုတ်နဲ့ စာတစ်စောင် ရေးပြီးစာတိုက်က
ပို့လိုက်တယ်။

စာကတော့…

အသည်းလေး
ကိုယ်ဘာလို့ ဒီလက်ဆောင်ကို ရွေးချယ်ရသလဲဆိုတော့ မင်းနဲ့ကိုယ် ညနေခင်းတွေ
လမ်းလျှောက်ထွက်တဲ့ အခါ မင်းဝတ်လေ့ဝတ်ထ မရှိဘူးဆိုတာ ကိုယ်သတိပြုမိလို့ပဲ။
ကိုယ်က နှိပ်ကြယ်သီးပါတာ ဝယ်ဦးမလို့ပဲ။
မင့်ညီမက ချွတ်လို့စွတ်လို့လွယ်အောင် အဲ့ဒါကိုပဲ ဝယ်ဖို့ တိုက်တွန်းတယ်။
ဟုတ်တယ်…သူစွပ်ပြချွတ်ပြတယ်…လှလိုက်တာလေ။
စွတ်ရချွတ်ရတာလည်း လွယ်တယ်။
အရောင်းစာရေးမကတောင် သူမလည်းဒါပဲ ဝတ်ကြောင်းနဲ့ သူကိုယ်တိုင်
ဝတ်ပြချွတ်ပြသေးတယ်။
အတော်ကြည့်ကောင်းပါတယ်။ သူမက အပေအစွန်းလည်း ရေဆေးရုံနဲ့ ပြောင်ကြောင်း
အာမခံတယ်လေ။
ဒီတစ်ခါ ကိုယ်လာရင် မင်းဝတ်ထားတာ မြင်ချင်တယ်။ တွေ့ရင်တော့လား အထပ်ထပ်အခါခါ
နမ်းပစ်မိမှာပဲ။
သောကြာနေ့မှာ ကိုယ်နမ်းဖို့ ဆက်ဆက်ဝတ်ထားနော်…နော်…

အသည်းလေးရဲ့

ကို

အော်…… မိန်းမ

မနက်နိုးလာတော့ ခေါင်းက အရမ်းကိုက်နေသည်။ ညက သူငယ်ချင်းတွေနှင့်အလွန်အကျွံ သောက်ထားသည်ကိုသာ သူမှတ်မိပြီး အိမ်ကိုမည်သို့ မည်ပုံ ပြန်ရောက်လာခဲ့သည်ကို သူ မမှတ်မိတော့။ အိပ်ရာပေါ်က အားယူပြီး သူထလိုက်သည်။ ကုတင်ပေါ်မှ ဆင်းမည်အလုပ် ခေါင်းရင်း ခုံပေါ်တွင် စာရွက်တရွက်ကို ဖိထားသော ရေတခွက်နှင့် အကိုက်အခဲ ပျောက်ဆေး တချို့ကိုတွေ့လိုက်သည်။ ဘေးဘီကို သူ ကြည့်လိုက်မိတော့ ကုတင်ဘေးတွင် မီးပူတိုက်ပြီးသား အသင့်ဝတ်ရန် အဝတ်အစားများကို တွေ့လိုက်ပြန်သည်။ ဒီနေ့က ခါတိုင်းနေ့တွေနှင့် မတူ……..သူ့အတွက် နည်းနည်းတော့ ထူးဆန်းနေမိသည်။ ဆေးကို သောက်လိုက်ပြီး ရေခွက်အောက်က စာရွက်ကို သူယူကြည့်လိုက်သည်။
စာရွက်ပေါ်တွင်. . .

မောင်…ခင် ဈေးသွားလိုက်ပြီ
မောင့် အတွက် မနက်စာကို စားပွဲပေါ်မှာ အဆင်သင့် ပြင်ထားပေးခဲ့တယ်။
နွေးနေတုန်း စားလိုက်ပါနော်…
မောင့်ရဲ့
ခင်

တခုခုတော့ တခုခုပဲ.. ညက မှုးမှုးနှင့် သူဘာတွေပြောမိ လုပ်မိလိုက်ပါလိမ့်…..လူမှန်းမသိ မှုးနေတော့ သူ ဘာကိုမှ စဉ်းစားလို့ မရခဲ့။ မေးခွန်းပေါင်းများစွာနှင့် စားပွဲပေါ်က အုပ်ဆောင်းကို သူ မ ကြည့်လိုက်သည်။မနက်စာက အငွေ့တထောင်းထောင်းနှင့် တကယ့်စားချင်စဖွယ်……….. ဘေးတွင် မနက်ပိုင်းသတင်းစာကို တင်ထားသေးသည်။ မနက်စာကို စားရန် သူထိုင်လိုက်စဉ်အခန်းထဲမှ သား ထွက်လာသည်ကို သူမြင်လိုက်တော့…

“သား…မနေ့ညက ဘာတွေ ဖြစ်သေးလဲ”

“အင်း…..မနေ့ညက ညဉ့်နက်မှ ဖေဖေမှုးပြီး ပြန်လာတယ်လေ..အိမ်ရောက်တော့ မေမေကို အော်ငေါက်တယ်…နောက်ပြီး တွေ့ရာပစ္စည်းတွေကို ရိုက်ခွဲတယ်…”

သား၏ စကားကို သူကောင်းကောင်း သဘော မပေါက်နိုင်သေးဘဲ ထပ်မေးလိုက်မိသည်။

“ဒါဆို ဖေဖေထလာတော့ တအိမ်လုံး သန့်ရှင်းနေတာပဲ.ရိုက်ခွဲထားတဲ့ အရာတွေလဲ မတွေ့ပါလား…..ဒါကို သား မေမေက စိတ်မဆိုးတဲ့ အပြင် ဖေဖေအ တွက် အင်္ကျီတွေ မနက်စာတွေ အဆင်သင့် ပြင်ထားသေးတယ်”

“အော် အဲဒါလား…မနေ့ညက ဖေဖေမှုးပြီး ပြန်လာတော့..မေမေက စိတ်ဆိုးတာပေါ့။ ဖေဖေ အော်ငေါက်နေတဲ့ ကြားထဲ မေမေက ဖေဖေ့ကို အခန်းထဲဆွဲခေါ်ပြီး အဝတ်လဲမလို့ ဖေဖေ့ အင်္ကျီကို ချွတ်တော့ ဖေဖေက မေမေ့ကိုတွန်းထုတ်ပြီး အော်လိုက်သေးတယ်”

“ဖေဖေ ဘယ်လို အော်လိုက်သေးတာလဲ…သား”

“ကလေးမ…သွား..ငါ့အနားမလာနဲ့ ..ဝေးဝေးသွား..ငါ့မှာ အိမ်ထောင်ရှိတယ် တဲ့”……သူ ကျေကျေနပ်နပ်ကြီး ပြုံးလိုက်မိသည်။ နောက် အငွေ့ တထောင်းထောင်း ထနေသော မနက်စာကို မြိုန်ရည်ယှက်ရည် သူစားလိုက်သည်။

သူ့အတွေး

ကျောင်းသားလေးတစ်ယောက်ကို သူ.အမေက ကျောင်းလာအပ်တယ် … သူ.သားက အရမ်းတော်လွန်း၊ ဉာဏ်ထက်လွန်းလို့ သူငယ်တန်းကနေ စမတက်ဘဲ သုံးတန်းကနေ ထားပေးပါလို့ တောင်းဆိုတယ်တဲ့ … အဲဒါနဲ့ ကျောင်းအုပ်ဆရာကြီးကလည်း စာမေးတာပေါ့ …
ကျောင်းအုပ်။ ။ ငါး .. ငါးလီ …
ကလေး ။ ။ နှစ်ဆယ့်ငါး
ကျောင်းအုပ်။ ။ သုံး .. သုံးလီ ..
ကလေး ။ ။ ကိုး
ကျောင်းအုပ်။ ။ ကိုး … ကိုးလီ ..
ကလေး ။ ။ ရှစ်ဆယ့်တစ်
ကျောင်းအုပ်။ ။ တော်လိုက်တဲ့ ကလေး .. ကဲ .. သွားကွာ .. သုံးတန်း …

ဒါပေမဲ့ .. သုံးတန်းဆရာမက ကဲ ဒီအတိုင်းတော့ မရဘူး … ငါလဲ မေးဦးမယ်ဆိုပြီး စစ်ပါလေရောတဲ့ ….
ဆရာမ။ ။ သားလေး … ဆရာမတို့မှာ နှစ်ခု ပဲ ရှိတယ် … နွားမှာ လေးခု ရှိတယ် .. အဲဒါ ဘာလဲ ….
ကလေး။ ။ ခြေထောက်ပေါ့ ချာမရဲ့ ….
ဆရာမ။ ။ ဒါဆို သားလေးရဲ. အောက်မှာ နှစ်ခု ရှိတယ် … ဆရာမဆီမှာ တစ်ခုမှ မရှိဘူး … အဲဒါရောဘာလဲ …
ကလေး။ ။ အိပ်ကပ်ပေါ့ .. ချာမဆီမှာ ရှိမှ မရှိတာ .. သားသားမှာ နှစ်ခု ..
ဆရာမ။ ။ ဟားးးးးး … တယ်တော်တဲ့ ကလေးလေးပဲ .. အိုကေ .. သား သုံးတန်းမှာ .. တက်ခွင့်ရသွားပြီ …
ကျောင်းအုပ်။ ။ နေ .. နေ ပါအုံး .. ဆရာမရယ် … ဒီကလေးကို ငါးတန်းပဲ ပို့လိုက်ပါ .. ကျွန်တော် တွေးတာနဲ့ သူဖြေတာ တစ်ခြားဆီပဲ ….

လူလည်

တစ်ခါက တောသားတစ်ယောက်ဟာ မြို့တက်လာတယ်။ သူဟာ မြို့က အဆောက်အဦအမြင့်ကြီးတွေကို ကြည့်ပြီး အထပ်ပေါင်း ဘယ်လောက်ရှိတယ်ဆိုတာ ရေတွက်နေလေရဲ့။ အဲဒီမှာ မြို့သား လူလည် တစ်ယောက်ရောက်ချလာပြီး…. ….

( မြို့သား)။ ။ “ဒီမှာ၊ ဒီမှာ၊ ကျွန်တော်တို့မြို့မှာ အဆောက်အဦးတွေကို ဒီလို ရေတွက်ချင်တိုင်း ရေတွက်လို့မရဘူးဗျ။ အထပ် တစ်ထပ်ကို 100 နှုန်းနဲ့ ရေရတယ်။ အခု ခင်ဗျား ရေထားတာ ဘယ်နှစ်ထပ် ရေ ပြီးပြီလဲ”။

(တောသား) ။ ။ “ဪ၊ ကျွန်တော် 10 ထပ်ပဲ ရေရပါသေးတယ်”။….

( မြို့သား)။ ။ “ဒါဆို ကျွန်တော့်ကို 1000 ပေး။ ခင်ဗျားကို ကျွန်တော် ရေတွက်ခွင့် လက်မှတ်ပေးခဲ့မယ်။ ဒါနဲ့ တောသားဟာ မြို့သားကို ပိုက်ဆံ 1000 ပေးလိုက်ပြီး သူတွေးနေတာက

“ ဪ၊ မြို့သားများ လည်တယ် လည်တယ်နဲ့ ငါနဲ့တွေ့တော့ ခံလိုက်ရတာပဲ။ ဟီးဟီးဟီး……………. .. ငါကဖြင့် 15 ထပ် လောက်တောင် ရေပြီးပြီ ” တဲ့။
🙂