Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

စတုတ္ထအကြိမ်ဂဇက်ရွာအလှူအစီအစဉ် (အလှူငွေကောက်ခံဌာန+ခရီးစဉ်)

လာမယ့် ဒီဇင်ဘာ (၁၆)ရက်နေ့၊ တနင်္ဂနွေနေ့မှာ အရင်ကြေငြာထားပြီးသားဖြစ်တဲ့ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ မင်္ဂလာလူငယ်ပရဟိတဖွံ့ဖြိုးရေးပရဟိတဂေဟာမှာ ပြုလုပ်ဖို့စီစဉ်ထားတဲ့အတိုင်း ဂဇက်ရွာရဲ့စတုတ္တမြောက်အလှူပွဲအတွက် နောက်ဆုံးအလှူငွေကောက်ခံရက်နဲ့ လိုက်ပါမည့်သူများစာရင်းပေးရက်ကို

လာမည့်တနင်္ဂနွေနေ့… ၂၀၁၂ခုနှစ် ဒီဇင်ဘာလ (၉)ရက်နေ့ကို သတ်မှတ်ထားပါတယ်…

လိုက်ပါလိုသူများအရည်အတွက်ကိုသိရမှ ကျွန်တော်တို့ကလဲ ကားကြိုတင်စီစဉ်တာတွေလုပ်ရမှာမို့ တစ်ပတ်စောပြီးစာရင်းအပြီးသတ်တောင်းခြင်းလဲဖြစ်ပါတယ်ခင်ဗျား…

အဲဒီနေ့မှာ ကျွန်တော်တို့ အလှူငွေကောက်ခံရေးအဖွဲ့သူအဖွဲ့သားများကလဲ အင်းယားလမ်းမပေါ်မှာရှိတဲ့ စိမ်းလန်းစိုပြေထဲမှာ နောက်ဆုံးအလှူငွေ လာရောက်ပေးနိုင်အောင် အလှူငွေကောက်ခံပေးမှာဖြစ်တဲ့အတွက်…

အချိန်အားဖြင့်…

နေ့လည် ၃းဝဝ နာရီမှ ညနေ ၆နာရီအထိ ရှိနေပေးမှာဖြစ်ပါတယ်…

(၁) ကြောင်ဝတုတ် – 095180631

(၂) နွယ်ပင် – 09420143290

(၃) ချာတူးလန် – 09421152715

အထက်ဖော်ပြပါ ဖုန်းနံပါတ်တွေကို ဆက်သွယ်နိုင်ပါတယ်… ကျွန်တော်တို့အားလုံးစောင့်နေပါ့မယ်…

 

နောက်တစ်ခုက ခရီးသွားမယ့်အစီအစဉ်ပါ…

ခရီးစဉ်ကို လိုက်ပါကြမည့်သူများအားလုံး

ကိုသူရဇော် (thuyazaw21451@gmail.com) – 09420069502 ကို

ဖုန်းဖြင့်ဖြစ်စေ၊ အီးမေးလ်ဖြင့်ဖြစ်စေ၊ ဒီပို့စ်ထဲမှာ ကော်မန့်ရေးပြီးဖြစ်စေ စာရင်းပေးသွင်းစေလိုပါတယ်…

စောင့်ဆိုင်းမည့်စုရပ်ကိုလဲ ထည့်သွင်းပြောကြားစေလိုပါသည်…

စာရင်းပေးသွင်းရက်ကိုတော့ ၂၀၁၂ခုနှစ် ဒီဇင်ဘာလ (၉)ရက်နေ့အထိနောက်ဆုံးသတ်မှတ်ထားပါတယ်… အချိန်မီစာရင်းပေးသွင်းကြပါလို့လဲ ထပ်မံတိုက်တွန်းပါရစေ… ကျွန်တော်တို့က လိုက်ပါမည့်သူအရေအတွက်ပေါ်မှာမူတည်ပြီး ကားစီစဉ်ရမှာဖြစ်လို့ပါ…

ခရီးစဉ်အသေးစိတ်…

စုရပ်များနှင့် အချိန်…

(၁) တာမွေအဝိုင်းထိပ် Moon Bakery မျက်နှာချင်းဆိုင်အခြမ်း – နံနက် ၆းဝ၀

(၂) ရွှေဂုံတိုင်၊ ရွှေရသာစားသောက်ဆိုင် မျက်နှာချင်းဆိုင်အခြမ်း – နံနက် ၆း၁၅

(၃) မြေနီကုန်း၊ ဒဂုံစင်တာ (၂) ရှေ့ – နံနက် ၆း၃၀

(၄) လှည်းတန်း၊ စိန်ဂေဟာရှေ့ – နံနက် ၆း၄၅

(၅) ဘုရင့်နောင်လမ်းဆုံ၊ မြဝတီဘဏ်ရှေ့ – နံနက် ရးဝ၀

လိုက်ပါမည့်သူများ အနီးဆုံးစုရပ်များတွင် သတ်မှတ်အချိန်များအရောက်လာရောက်စောင့်ဆိုင်းပေးစေလိုပါသည်…

သိလိုသည်များကိုလဲ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း…

 

ခင်မင်လျက်-

ကြောင်ဝတုတ်

 

 

 

 

24 comments

  • သီဟသူရချာလတာအာပေတူး

    December 7, 2012 at 1:02 pm

    ကိုသူရရေ….. ကျနော်ကနှစ်ယောက် စာရင်းပေးထားပါမယ်။
    တာမွေစုရပ်ကနေ လိုက်မှာပါ။

    • Thuyazaw

      December 7, 2012 at 2:45 pm

      ချာတူး နှစ်ယောက် မှတ်သားပီးကြောင်း

  • နွယ်ပင်

    December 7, 2012 at 1:09 pm

    နွယ်ပင်လည်း (2) ယောက်ပါ တာမွေက လိုက်ပါမယ့်ချင့် ….

    • နွယ်ပင်

      December 7, 2012 at 1:11 pm

      ကိုဖက်ရေ အဲပြောဖို့ကျန်ခဲ့လို့ပါ ဖုန်းနံပါတ်မှာ (0) ပြုတ်ကျန်နေပါတယ်ချင့်
      09420143290 ပါ ….

    • Thuyazaw

      December 7, 2012 at 2:44 pm

      မနွယ်ပင် နှစ်ယောက် မှတ်သားပီးကြောင်း

  • Inz@ghi

    December 7, 2012 at 1:43 pm

    အူးလေး ကျော်လည်း လိုက်မယ်လေ…
    လာကျိုပါလား ဟင်င်င်င်င်

    :harr:

    • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

      December 7, 2012 at 2:41 pm

      လာကြိုပေးမယ်လေ… မြေနီကုန်းမှာစောင့်နေ…

      ခင်မင်လျက်-
      ကြောင်ဝတုတ်

      • Thuyazaw

        December 7, 2012 at 2:43 pm

        ကိုဖက်တီးကပ်မှ စီစဉ်သူဖြစ်သဖြင့် အင်ဇာဂွီအား လေယာဉ်လက်မှတ်အသွားအပြန်စီစဉ်ပေးမည်ဖြစ်ကြောင်း

    • Khaing Khaing

      December 7, 2012 at 2:43 pm

      ကျိုမယ် ကျိုမယ် … ညည်းကိုကျိုဖို့ .. မီးဖိုကြီးကြီးနဲ့ မီးမွှေးထားပီး .. ဒယ်အိုးတင်ထားမယ် …. အဆင်သင့်သာ ခုန်ဆင်းလိုက် …..

  • Novy

    December 7, 2012 at 2:14 pm

    နိုဗွီ လည်း (2) ယောက်ပါ
    မြေနီကုန်း၊ ဒဂုံစင်တာ (၂) ရှေ့ မှ လိုက်ပါမည်

    • Thuyazaw

      December 7, 2012 at 2:41 pm

      မှတ်သားပီးကြောင်း

  • Thuyazaw

    December 7, 2012 at 2:54 pm

    မခိုင်မှ ၂ ယောက် တာမွေစုရပ်မှလိုက်ပါမည်ဖြစ်ကြောင်း

  • Thuyazaw

    December 7, 2012 at 2:57 pm

    အိုဘားမားသည်လဲ တာမွေစုရပ်မှ လိုက်ပါမည်ဖြစ်ကြောင်း

  • လုံမလေး – ၁ ယောက် (လှည်းတန်းစိန်ဂေဟာရှေ့) 🙂

    ရွာနဲ့ဝေးရာရောက်နေလို့ ရွာထဲမလာနိုင်သေးတာ ခွင့်လွှတ်တော်မူကြပါကုန်… 😥

    • Thuyazaw

      December 7, 2012 at 3:45 pm

      မှတ်သားထားပီးကြောင်း ပါ လုံမလေးမွန်မွန်

  • တိမ်မည်း

    December 7, 2012 at 3:39 pm

    လေယာဉ်ခရယ်….. စပိဘုတ်ခရယ်…. ကားခရယ်…. အသွားအပြန်ပေးရင် လိုက်မယ်….
    ဒါဗြဲ…..

    • Thuyazaw

      December 7, 2012 at 3:46 pm

      အလှူစီစဉ်သူ ကိုဖက်တီးကပ်ထံသို့ တင်ပြရန်သင့်ကြောင်း အကြောင်းကြားအပ်ပါသည် တိမ်မည်းခင်ဗျားးးးး

      • တိမ်မည်း

        December 7, 2012 at 4:00 pm

        ကိုဖက်တီး မပေးနိုင်မှန်းသိလို ့ တောင်းနေတာ ဟီး…………

        • ရဲစည်

          December 7, 2012 at 4:26 pm

          အကို တိမ်မည်းခင်ဗျ
          လေယာဉ်ခရယ် ၊ စပိဘုတ်ခရယ်၊ ကားခပါဆိုတော့ အစ်ကိုက အန်တာဋိကတိုက်မှာများ နေတာလားမသိ
          :mrgreen:

          ဃိုသူယဈော်နဲ့ ဃိုဖဋ်ဋီးကပ် ခင်ဗျ
          ကျနော်နဲ့ ကျနော့် ဇနီးလောင်း မူရာမာရာမတ်တို့ ၂ယောက် ၁ခုံတည်း လိုက်ပါမယ်ခင်ဗျ
          အဲကွန်းမပါ မလိုက်ဘူး
          တွံတေးဘုရားမှာ ပန်ကာလှူမလို့ အဲ့မသွားရရင် မလိုက်ဘူးဂျာ … ဒါဗြဲ

        • MaMa

          December 10, 2012 at 4:56 pm

          တို့ရွာသား ဖက်တီးကက်ကိုများ အထင်စမောလိုက်တာ။ :buu:
          မပေးချင်လို့သာနေမယ်။
          မပေးနိုင်တာတော့ မဖြစ်နိုင်ဘူး။
          သူက သရုပ်ဆောင်ကြေးတွေ အများကြီး ရနေတဲ့ နာမည်ကြီး ဆယ်လီဘရစ်တီဆိုတာ မသိဘူးလား။
          သူ့ရဲ့ အနုပညာလောက နာမည်က ဂါဖီးးးးးး ဆိုလားးးးးးးးးးး :harr:

  • အလှူငွေ အကြွေးထည့် …
    ကွမ်း ဖရီးကြွေး …
    ခြေကြွခ သိန်းငါးရာလောက်များ ပေးရင်တော့ …
    အင်းးးးး လိုက်မလားလို့ဘဲ … :mrgreen:

    • Thuyazaw

      December 10, 2012 at 12:35 pm

      ကွမ်းဖရီးရမယ်……ခြေကြွခ ဝှက်ထားတဲ့ငါးရာရမယ်…….အလှူငွေအကြွေးကိုလဲ ဘဏ်အကောင့်မှလွဲနိုင်…… ဒါဆို လိုက်မလားဗျာ…….ခြောက်ဖက်မရဲ့

  • Thu Wai

    December 8, 2012 at 5:14 pm

    တို့လဲ လိုက်မယ် ချန်မထားနဲ့
    တာမွေအဝိုင်းက စောင့်ပါ့မယ်

    • Thuyazaw

      December 10, 2012 at 12:26 pm

      မှတ်သားထားပြီးကြောင်းပါ ကိုသုဝေခင်ဗျား

Leave a Reply