ကျမချစ်သောဆောင်းရာသီ
“စောစောအိပ်လို ့စောစောထလို ့စောစောလမ်းလျှောက်ကြပါစို ့”
ဒီဇင်ဘာရောက်ရင် ကြားနေကြ အသံလေးပါ ။
ထိုအသံက နားထဲမှာ ကြားရတာ ဘဝင်ချိုမြလှပါတယ်။
ဒီဇင်ဘာလရောက်တိုင်း အဖေက ပုံမှန်အားကစားလုပ်ဖို ့ခွင့်ပြုထားပေးလို ့ပါဘဲ။
ဆောင်းနှင်းမှုံများကြား အားကစားဦးထုတ် ဆောင်းပြီး ။
အားကစားဝတ်စုံ ဘောင်းဘီတိုနဲ ့ထပြေးရတာကို အရမ်းနှစ်ခြိုက်ပါတယ်။
ဒီဇင်ဘာကျောင်းဆယ်ရက်ပိတ်သည့် ရက်များဆိုလျှင် အတိုင်းမသိ ပျော်မိရပါတယ်။
နံနက်(၅)နာရီဆို ပုံမှန် ထပြီး ။ ပြေးရတာကို ပျော်ပါတယ် ။
မြို ့တစ်ပတ်ကို အပြေးပတ်ပြီး အိမ်ပြန်ရောက်လျှင်တော့ ။ အမေပြုတ်ထားသည့် ဝက်နံရိုးဆန်ပြုတ် ပူပူမွှေး မွှေးလေးကို ။
ဗိုက်ကားအောင် အားပါးတရ တဝသောက်ပစ် ပါတယ်။
အမေပြုတ်ထားသည့် ဆန်ပြုတ် အရသာကလည်း ကျမဘယ်အရာနှင့်မျှ မလဲနိုင်ပါဘူး ။
ဆောင်းရာသီ နံနက်ခင်းတိုင်း ဆန်ပြုတ်ကို မရိုးအီအောင် အမေက ပုံစံအမျိုးမျိုးနဲ ့လုပ်ကျွေးတတ်ပါတယ်။
ဆောင်းက ကျမအတွက် ချစ်သောဆောင်းရာသီ ဟုဆိုချင်ပါတယ်။
အမေပြုတ်ထားပေးသည့် ဆန်ပြုတ်ပူပူမွှေးမွှေးလေး တဝသောက်ပြီး ။ အမေနဲ ့ဘုရားပန်း ဝိုင်းကူရောင်းပေးရတာ ။
နှစ်တိုင်းအမှတ်ရစရာများပါဘဲ။
အိမ်ရှေ ့ပန်းခြံ ဆင်ဝင်အလယ်လျှောက်လမ်းမ ခြံဝင်းတံခါး အဆုံးအထိမှာ။ အဖေကိုယ်တိုင် ဝဲယာဘေးနှစ်ဖက်စီ်မှာ ။
စင်ထိုးပြီး စိုက်ထားတဲ့ ။ ဂေါ်သဇင်ရုံက ဆောင်းရောက်ရင် ။
နှင်းရည်ပက်ဖျန်းတာနဲ ့အဖူးတွေဖူးပါတယ် ။
နှင်းရည်လူးပြီး ။ အပွင့်နှုတ်နှုတ် ။ ဖွေးဖွေးဆုပ်ဆုပ်နဲ ့ ဝေနေအောင်ကို ပွင့်ပါတယ် ။
ဆောင်းနံနက်ခင်းတွေတိုင်းမှာ ။
နံနက်(၀၆းဝ၀)နာရီကနေ(၀ရးဝ၀)နာရီမထိုးခင်အချိန်ထိ ။
ဘုရားပန်း ရောင်းပေးဘို ့ အိမ်ရှေ့မှာ လာတောင်းဝယ်သူတွေကို ၊ အမေနဲ ့အတူတူ ကူပြီး ခူးရောင်းပေးရတာ အရမ်းကိုပျော်ပါတယ်။
လာတောင်းဝယ်သည့်သူကများတော့ ။ ခူးရတာက လက်မလည်နိုင်ပါဘူး။
ဂေါ်သဇင်ပန်း(ဘုရားပန်းအနေနဲ ့ရောင်းပေးခဲ့တဲ့) ပိုက်ဆံငွေအကြွေတွေမြင်ရတော့ ပျော်ရတဲ့အပျော်က ။
ဘာနဲ ့မှမလဲနိုင်သလို စိတ်ကခံစားရပါတယ် ။ အမေကတော့ ဘုရားပန်းခူးရောင်းရတဲ့ ပိုက်ဆံတွေကို စုဗူးထဲထည့် ထားပြီး စုပါတယ် ။
ဘုရားပန်းအနေနဲ ့သာရောင်းပေးခဲ့လို ့ပါ ။ ဘုရားလှူဘို ့အတွက်ပါဘဲ ။
နေတက်လာတဲ့အချိန် နံနက်(၀၉း၃၀)အချိန် ။ ကျောင်းပိတ်ရက် ပုံမှန်နေ ့များမှာတော့ ။
အပူမငုပ်အောင် ဝမ်းနှုတ်ပေးနေကြက အဖေပါ ။
ကျမတို ့မောင်နှမတွေအားလုံး အဖေရှေ့မှာ တန်းစီရပ်ကြရပါတယ် ။ ပြီးရင် အဖေတိုက်တဲ့ မန်ကျည်းဖျော်ရည်
(လဖက်ရည်မောက်ခွက် တခွက်မျှကို) ။
အဖေ့ရှေ့မှာတင် မကုန် ကုန်အောင် သောက်ပြကြရပါတယ် ။ မသောက်ချင်လို ့ဂျီးမထူနိုင်အောင်ကို ။
အဖေက မန်ကျီးဖျော်ရည်နဲ ့ဆက်စပ်စားသုံးတဲ့ ။ဆေးကရမက်။ လိပ်သဲ ။ အချိုလိုရင်သကြား ။ အပို်စီမံ ထားပေးပါတယ် ။
မသောက်ချင်ရင် သောက်ချင်လာအောင် ။ လိုတာပိုတာ တောင်းသမျှကို လည်း ။ ထပ်ထဲ့ပေးပါတယ် ။
ဆောင်းရောက်ရင် အပူမငုပ်အောင် ဝမ်းနှုတ်ဆေး အဖြစ် တိုက်ကျွေးတဲ့ ။
အဖေ့ မန်ကျီးဖျော်ရည်ဟာ ကျမတို ့မောင်နှမများအတွက် စွဲမက်စရာဖြစ်လာခဲ့ရပါတယ် ။
ဆောင်းရာသီရဲ ့နေ ့လည်ခင်းတွေရောက်ရင် ။ အိမ်ခြံနောက်ဖေး အုတ်ပုံတွေအပေါ်မှာ ။ အရိပ်ထိုးတဲ့နေရာ တွေ ရှာပြီး ။
မောင်နှမတွေ ထိုင်ဖျာတစ်ချပ်စီ ကိုယ်စီကိုင်ဆွဲလို ့နေရာလုရတာလည်း ပျော်စရာပါဘဲ ။
အိပ်တဲ့သူကအိပ် ။ စာဖတ်တဲ့သူကဖတ် ဝါသနာပါရာ လုပ်ကြပါတယ် ။ နားနားနေနေ ။ တရေးတမော ရလောက်ပြီဆိုရင် ။
အမေကိုယ်တိုင် ကြော်ထားသည့် ကြာဇံကြော် ။ ကြာဇံကြော်ကို တရုတ်နံနံပင်အုပ်ပြီး ငရုတ်ကောင်းမှုန် ့ဖြူးထားတာကို
မောင်နှမများ ပုံမှန်စားကြရပါတယ် ။
ကြာဇံကြော်ကိုတော့ ရွှေပုဇွန်ခြောက် လက်သန်းလုံးလောက် သာသာများကို ။
ပန်းဂေါ်ဖီ ပန်းမုန်လာဥ တွေနဲ ့ရောနှောပြီး ကြော်ကြွေးတာပါ ။
နှစ်စဉ် နှစ်စဉ် ဆိုသလို ။ ဆောင်းရောက်သည့် အခါတိုင်း ။ ဆောင်းနေ ့လည်ခင်းတွေတိုင်း ။
အမေက ဝတ္တရားမပျက် လုပ်ကြွေးခဲ့ပါတယ် ။
ဆောင်းရာသီကို ကျမချစ်သောဆောင်းရာသီဟု ဆိုချင်မိပါတယ် ။။
30 comments
မဟာရာဇာ အံစာတုံး
December 9, 2012 at 4:14 pm
အန်တီအေး ခင်ဗျာ …
ဖတ်ရှု အားပေးသွားပါတယ် ဆိုတာလေးကို
အရင် ပြောပါစေ ခင်ဗျာ …
ဖတ်ကြည့်ရသလောက် ..
အန်တီအေးတို့ရဲ့ ငယ်ဘဝကတော့
မောင်နှမတွေ စုစုရုံးရုံးနဲ့ အတော် ပျော်စရာ ကောင်းခဲ့မှာပဲနော် …
aye.kk
December 9, 2012 at 9:01 pm
မဟာရာဇာ အံစာတုံး
ပထမဆုံးအားပေးဖတ်ရှုသွားတဲ့အတွက်
ကျေးဇူးဦးစွာတင်ရှိပါတယ်။ဝမ်းသာရမိပါတယ်။
ထင်မြင်ချက်လေးကမှန်ပါတယ်လို ့ပြောပြလိုက်ပါရစေ။။
Mobile
December 9, 2012 at 6:55 pm
ဆန်ပြုတ် ပူပူ နွေးနွေး မွှေးမွှေးလေး
မန်ကျည်း ဖျော်ရည် ချိုချို အေးအေး မွှေးမွှေးလေး
ကြာဇံကြော် အငွေ့ တစ်ထောင်းထောင်းနှင့် ပုဇွန်ပါသော
ထိုအစားအသောက်များမှာ ကျနော် အကြိုတ်ဆုံး အစားအသောက်များထဲမှာ ပါဝင်ပါတယ်
အဲ့ဒါကြောင့် နေ့တိုင်းစာလိုပါတယ် . . . . . . . . . . .
aye.kk
December 9, 2012 at 9:29 pm
မိုဘိုင်းရေ
ကျေးဇူးပါ။
အခုလည်းအမြဲလိုလိုလုပ်စားဖြစ်ပါတယ်။
ကြိုက်တယ်ဆိုတာသိရလို ့အိမ်နီးရင် ကျွေးမွေးချင်မိပါတယ်။။
မောင်ပေ
December 9, 2012 at 9:00 pm
ဒေါ်လေးကေရေ မန်ကျီးဖျော်ရည်မသောက်ဖြစ်လို ့ချုပ်သောဆောင်းရာသီ ဖြစ်နေတယ်ဗျာ
နက်ဖန်ကာကြမှ မန်ကျီးဖျော်ရည် ချဉ်ချဉ်လေး တစ်ခွက်လောက် သွားသောက်ဦးမယ်ဗျို ့
သတိဝင်လာစေတဲ့ ပို ့စ်လေးအတွက် ကျေးကျေးပါ
aye.kk
December 9, 2012 at 9:34 pm
မောင်ပေ
ဝမ်းသာမိရပါတယ်ကွယ်။။
pooch
December 9, 2012 at 11:01 pm
အန်တီအေးရဲ့ ဆောင်းရာသီက ပျော်စရာကြီးပဲ ။ မိသားစု သိုက်သိုက်ဝန်းဝန်းနဲ့ စားစရာတွေကလည်း စုံလို့။
အခုလောလောဆယ်တော့ မနက်ဆို ၅ နာရီ ဆို သူငယ်ချင်းတွေနဲ့ လမ်းလျှောက်ဖြစ်နေတာ ၂ လကျော်ပြီ ။ တီချယ်နဲ့လည်း မနက်ဆို ကျုံးဘေးတွေ့ဖြစ်တယ်။ အပြန်ဆိုလည်း သူကျွေးကိုယ်ကျွေးနဲ့ ပျော်စရာ နံနက်ခင်းစားဝိုင်းတွေကို ဖြစ်လို့ ။ နေရထိုင်ရတာလည်း ပိုကောင်းလာတယ်။ မနက်စောစော ထဖြစ်တော့ မြင်ရတဲ့ ရှုခင်းတွေကလည်း တနေ့တမျိုး မရိုးရဘူး။
စောစောအိပ်လို့ စောစောထလို့ စောစော လမ်းလျှောက်ကြပါစို့ ဆိုတဲ့ ဆောင်ပုဒ်လေးကို ထောက်ခံသွားပါတယ်။
aye.kk
December 10, 2012 at 8:11 am
pooch
ကျေးဇူးပါ။
ပုချ်တို ့နဲ ့အတူမန္တလေးကကျုံးဘေးမှာလမ်းလျှောက်ချင်မိတယ်။
ဒီမှာကသန် ့ရှင်းလတ်ဆတ်တဲ့လေနုအေးရဲ ့အရသာကိုမခံစားရဘူး။
ဆောင်ပုဒ်လေးအပြည့်စုံကိုဖြည့်စွက်ထောက်ခံဖော်ပြပေးတာကိုလည်း
ကျေးဇူးတင်ဝမ်းသာမိပါတယ်လို ့ပြောပြလိုက်ပါရစေ။
ဗုံဗုံ
December 10, 2012 at 8:58 am
အန်တီအေး ပို့စ်လေးကိုဖတ်ပြီး ကြာဆံကြော်စားချင်လာပြီ အန်တီလေးလာခဲ့လေ ဗုံဗုံတို့နဲ့ ကျုံးဘေးမှာအတူတူလမ်းလျှောက်မယ် မန်းလေးတောင်ပေါ်ကိုလည်း လိုက်ပို့မယ်နော် 🙂
aye.kk
December 10, 2012 at 9:24 am
ဗုံဗုံရေ
ကျေးဇူးနော်။
အန်တီလက်ရာကိုလည်းကျွေးချင်မိပါတယ်။။
MaMa
December 10, 2012 at 10:06 am
ဆောင်းရာသီ အေးအေးလေးကို ကြိုက်တယ်။
ဒါပေမယ့် အလုပ်ဖွင့်ရက် ကျတော့လည်း အလုပ်သွားရလို့။
အလုပ်ပိတ်ရက်ကျတော့လည်း ပိတ်ရက်မို့ စောစောမထချင်တာနဲ့……
ဆောင်းရဲ့နံနက်ခင်း အရသာကို မခံစားရသေးဘူး။ :buu:
aye.kk
December 10, 2012 at 4:12 pm
မမ
ဝင်ရောက်ဖတ်ရှူအားပေးတာဝမ်းသာမိပါတယ်။
ဆောင်းရဲ ့နံနက်ခင်းအရသာကို မမခံစားနိုင်ပါစေလို ့ဆုတောင်းပေးပါတယ်။။
koaung
December 10, 2012 at 11:11 am
ဆောင်းရာသီဟာကိုလက်လှုက်ရှားမှူနဲရင် ဝိတ်တတ်တာမြန်တတ်ပါတယ် တတ်နိုင်သလိုကိုယ်ကာရလေ့ကျင့်ခန်:များလုဎ်ကြပါ(ခုလေးတင် အလုဎ်နားရက်မို့ကီလို၃ဝ အချိန်၂နာရီခွဲ စက်ဘီ: စီ:လာတာ) :green:
aye.kk
December 10, 2012 at 4:16 pm
ကိုအောင်
ကျေးဇူးပါ။
ဆောင်းရာသီမှာဝိတ်မတက်ရအောင်။
ကိုယ်လက်လှုပ်ရှားမှုအတွက်စက်ဘီးစီးပါဦးမယ်။
အသက်ရလာတော့ငယ်ငယ်ကလိုမပြေးနိုင်တော့တာမို ့ပါ။
ဦးကြောင်ကြီး
December 10, 2012 at 11:15 am
ဆောင်းရာသီ
ပေါင်းရှာညီ
ချောင်းသာဆီ
ညောင်းပါသည်
သောင်းဖြာခြည်
ဒေါင်းဝါပြည်
သောင်းဌာနီ
ကောင်းလာမည်..။
aye.kk
December 10, 2012 at 4:21 pm
ကြောင်ကြီး
ဒို ့မြေကြီးကိုဒို ့ချစ်သည်။
တိုင်းဌာနီကောင်းပါမည်။။
Foreign Resident
December 10, 2012 at 11:31 am
မနက်စောစော = ဝက်နံရိုး ဆန်ပြုတ် ၊
နံနက်(၀၉း၃၀)အချိန် = မန်ကျည်းဖျော်ရည် ၊
နေ့လည်ခင်း = ကြာဇံကြော် ၊
မ aye.kk တို့ ငယ်ဘဝက တော်တော် ကံကောင်းခဲ့တာပဲ ။
ကျနော်တို့ ငယ်ဘဝကတော့ အဲလောက် ကံမကောင်းခဲ့ဘူးဗျ ။
မိဘတွေက တော်တော် ချွေတာ စစ်စီတာ ခံခဲ့ရတယ် ။
Hnin Hnin
December 10, 2012 at 4:34 pm
တီကေ့ ငယ်ဘဝကတော့ စားကောင်းသောက်ဖွယ်တွေနဲ့ အမြဲပြည့်နေတာပဲ… 🙂
ဆေး မန်ကျည်းဖျော်ရည်ကလည်း အမယ်တွေကစုံနဲ့ သောက်ချင်စရာ..
ငယ်တုန်းကတော့ အိမ်ကမသောက်တော့ အိမ်ရှေ့ မန်ကျည်းဖျော်ရည်ဆိုင်မှာ ကျောင်းမုန့်ဖိုးစုပြီး
ဝယ်ဝယ်သောက်ခဲ့ရတာ…
ကြာဇံကြော်ကတော့ တိုက်ဆိုင်ပါတယ်..အခုပဲ စာတွေဖတ်ရင်း နေ့လယ်စာ(နောက်ကျစာ)
စားနေတာ..ခေါက်ဆွဲကြော်လည်းပါသေးတယ်…တို့ဟူးကြော်(အဲ့တာတော့ ဆိုင်က) ကို
မန်ကျည်းရည် အချဉ်ရည်လေးနဲ့တို့စား..ဟိုနည်းနည်း..ဒီနည်းနည်းပေါ့… 🙂
aye.kk
December 11, 2012 at 9:44 am
Hnin Hnin
ကျေးဇူးပါ။
အဖေ့စီမံမှု။အမေ့လက်ရာတွေ။ကျေးဇူးကြောင့်ပါ။
အစားလဲပါးစပ်နဲ ့မပြတ်။အလုပ်လည်းလက်နဲ ့မပြတ်ဆိုသလိုဘဲ။
အခုလိုဆောင်းရာသီကိုတော့အန်တီအရမ်းချစ်တယ်။(ကျောင်းပိတ်တဲ့ဆယ်ရက်အပါဝင်ပေါ့နော်)
နွေရာသီကျောင်းပိတ်ရက်ဆိုရင်။အမေခိုင်းထားတာဂျင်ခြေလည်နေတဲ့အတိုင်းပါဘဲ။
ငပိကူလုပ်ရ၊လဲမှို ့ကူသွတ်ပေးရ။အုန်းတံမျက်စီးလုပ်ပေးရ။ရိုုးရာမုန် ့တွေသင်ယူရ။
ဒီကြားထဲကျောင်းမှာကြက်ခြေနီအသင်းဝင်ထားတော့ကျောင်းကခေါ်ရင်ပြေးရ။မနားရပါဘူး။
တစ်ခါတစ်လေများ။ငြီးငြူမိရင်။အမေကဆူတယ်။ပါးစပ်ကအစားမပြတ်ရင်။
အလုပ်လည်းလက်နဲ ့ကပြတ်လို ့မရဘူးတဲ့လေ။(အမေ့ဝါဒလေ)
aye.kk
December 10, 2012 at 4:39 pm
်Foreign Resident
အဘဖောရေ
အဖေကကျွေးလည်းကျွေးတယ်။
ဒါပေမယ့်ပေါ့နော်….ပြောပြချင်မိပါတယ်။
အဖေတို ့တုန်းကတော့၊ငပိရေအတို ့အမြုပ်နဲ ့စားပြီး။
ချွေတာစုဆောင်းခဲ့လို ့သူဌေးဖြစ်ရတာကိုပြောပြခဲ့ပါတယ်။
အဖေရေချိုးတဲ့အခါမှာလည်းသူ ့ပုခုံးကကျွဲပုခုံးထနေတဲ့ဒဏ်ရာ။
သေရာပါတဲ့အမှတ်အသားကြီးကိုထုတ်ပြပြီး။
မိဘမေတ္တာတရားကိုနားလည်နိုင်စေဖို ့အမြဲပြောဆိုဆုံးမပါတယ်။
ကျမတို ့ကအင်မတန်ကုသိုလ်ကံကောင်းမွန်ပြီး။အဟောင်းစားလာခဲ့တဲ့သူလို ့သာဆိုချင်မိပါတယ်။
Mr. MarGa
December 10, 2012 at 7:27 pm
အန်တီ အေးကေကေရေ
အန်တီ့ပို့စ် ကို ဖတ်ပြီးတော့
မိသားစုစိတ်ဓာတ်လေးကို တွေးမိလိုက်ပါတယ်
အဲဒီလို မိသားစု ဘဝလေးကို လွမ်းမိပါကြောင်း
aye.kk
December 11, 2012 at 9:49 am
Mr. MarGa
ဖတ်ရှုခံစားအားပေးတဲ့အတွက်။
ကျေးဇူးတင်။ဝမ်းသာရမိပါတယ်ကွယ်။
moonpoem
December 11, 2012 at 9:51 am
အန်တီအေးရေ အန်တီအေးအတိုင်းပဲ ကျွန်မလည်း ငယ်ငယ်က အေးမြပျော်ရွှင်စရာလေးတွေကို မိသားစုနဲ ့အတူရရှိခဲ့ပါတယ်။ အခုတော့ တစ်နယ်စီခြားနေတော့ ဆောင်းဆိုတာမသိ နွေဆိုတာ မသိနဲ ့ အိပ်ရာထ အလုပ်သွား အလုပ်ပြန် အိပ်ရာဝင်ဆိုတဲ့ သံသရာထဲမှာ လည်နေပြီး ဆောင်းရာသီဖီလင်ဆိုတာ ကြက်ပျောက်ငှက်ပျောက်ပျောက်နေပါပြီ အန်တီအေးရယ်။
aye.kk
December 11, 2012 at 5:24 pm
moonpoem
ကျေးဇူးပါကွယ်။
ခံစားချက်အပေါ်ဖတ်ရှုမိရတော့
ရင်ထဲမှာတခုခုလိုအပ်နေသလိုလိုခံစားရပါတယ်။
အန်တီလည်း။ဝန်ထမ်းဘဝနဲ ့ကျင်လည်လာခဲ့ရတော့
မိဘတွေခေတ်တုန်းကလိုအေးမြပျော်ရွှင်စရာအိမ်လေးအဖြစ်
မဆောက်တည်နိုင်ခဲ့ပါဘူး။
အခုတော့တစ်ယောက်တစ်နေရာဆီဖြစ်ပြီး။နေနေကြရပါတယ်။
သားတွေကအဝေးမှာအလုပ်သွားလုပ်နေကြတော့။
အိမ်ပြန်လာရင်ခြောက်သွေ ့သွေ ့ဟာတာတာခံစားရပါတယ်။
အရွယ်လည်းရလာပြီဆိုတော့။ဘာဝနာတရားအားထုတ်ဖို ့အတွက်ကြိုးကုတ်ပါဦးမယ်ကွယ်။။
မိုချို
December 11, 2012 at 12:52 pm
အန်တီအေး ရဲ့ ငယ်ဘဝ အကြောင်း လေးတွေ ဖတ် ရတာ အရမ်း သဘော ကျ တယ်။ စည်းစနစ် ကျ တဲ့ မိဘ နဲ့ ဆုံ ခွင့် ရ တာ တော် တော် ကုသိုလ် ကံကောင်း ပါတယ်။ မိုချို့ အဖိုး အဖွားတွေ လည်း အဲလို ပဲ အရမ်း စနစ် ကျ တယ်။
aye.kk
December 11, 2012 at 5:34 pm
မိုချို
ကျေးဇူးတင်ဝမ်းသာမိရပါတယ်။
အန်တီပြောပြချင်မိတာက…။
အမေကလည်း။သူ ့ကိုငယ်စဉ်တောင်ကျေးဘဝထဲက
ထိန်းသိမ်းစောင့်ရှောက်ပေးခဲ့တဲ့ကျေးဇူးရှင်နှစ်ပါးကို။
အမြဲတန်းဂုဏ်ဖော်ထုတ်ပြောပြခဲ့ပါတယ်။အဲဒီကျေးဇူးတရားတွေရဲ ့ရလာဒ်တွေကို
အန်တီတို ့ဆက်ပြီးခံစားရတာပါ။အင်မတန်ကိုကျေးဇူးကြီးမားခဲ့ကြတဲ့သူတွေလို ့ပြောရမှာပါပဲကွယ်။။
ခိုင်ဇာ
December 13, 2012 at 1:25 pm
ပျော်စရာ ဆောင်းရာသီများကို ပိုင်ဆိုင်ခဲ့သောတီအေးပါလား နော်။ အားကျပါရဲ့။
ကျနော်လည်း ဆောင်းကို အချစ်ဆုံးပဲ။
ဘယ်လိုလုပ် ဆောင်းမရှိတဲ့ နိုင်ငံမှာ ရောက်နေတုန်း မသိ။ :harr:
aye.kk
December 13, 2012 at 3:19 pm
ခိုင်ဇာ
ဝင်ရောက်ဖတ်ရှုလို ့ဝမ်းသာမိပါတယ်။
ဥတုသုံးပါးတစ်ပါးလျော့နေတာဘယ်နိုင်ငံပါလိမ့်နော်။
မင်းနန္ဓာ
December 13, 2012 at 1:48 pm
အန်တီအေးရဲ့ ငယ်ဘဝဆောင်းရာသီဟာ တကယ့်ကို ကြည်နူးစရာ ပြီးပြည့်စုံလှပါတယ်ဗျာ..
ကျနော်တို့ငယ်ငယ်က ချမ်းချမ်းစီးစီး ညီအစ်ကိုတွေ အတူခြုံတဲ့စောင် သူ့ဘက်ကိုယ့်ဘက် ဆွဲလုကြ၊ မထဘဲ အီးလေးဆွဲနေတဲ့ ကျနော်တို့ကို အဖေအမေတို့က အတင်းနှိုးခဲ့ရတာတွေ သတိရသွားတယ်..။
aye.kk
December 13, 2012 at 3:24 pm
မင်းနန္ဓာ
ကွန်မန်းလေးဖတ်ရတာကျေးဇူးတင်ဝမ်းသာမိရပါတယ်။
လူတိုင်းရဲ ့အမှတ်တရတွေက။ချစ်စရာကောင်းနေကြတာ။အမှန်ပါဘဲကွယ်။