လွမ်း…..ရင်ထဲလှိုက်လို ့သိပ်ကိုလွမ်း
မိဘ၂ပါးနဲ ့အဘွား လူကြီး ၃ယောက်သာ နေနေရတဲ့ မန်းတလေးက အိမ်လေးကို မကြာခဏဆိုသလို ပြန်ချင်ပေမယ့် တစ်ခါတစ်ခါပြန်ရင် ငွေက တစ်သိန်းကျော် လောက်ပြုတ်တတ်တာမို ့သွားဖို ့ဆိုတာ တော်တော်လေး ချိန်ရပါတယ်။ လူ ကုံထံ အသိုင်းအဝိုင်းအတွက် ငွေတစ်သိန်းဆို တာ စာ ဖွ ဲ ့စရာ မဟုတ်ပေမယ့် ကုမဏီ
ဝန်ထမ်းတစ်ယောက်အတွက်တော့ တစ်လတစ်လကို ငွေစုမိဖို ့ဆိုတာ တော်တော် ခက်ခဲတဲ့ အရာတစ်ခုပါ။
ဒီတစ်ခါတော့ ကျွန်မတို ့မောင်နှမ ၃ယောက်ပြန်ဖို ့စာတွေ အပြန်အလှန်ရေးကြ၊ တိုင်ပင်ကြနဲ ့
ပြီးခဲ့တဲ့ အောက်တိုဘာလကတော့ အားလုံးစုပြီး ပြန်ဖြစ်ခဲ့ကြပါတယ်။ မတွေ ့ရတာကြာနေတဲ့
မောင်နှမတွေ ပြန်ဆုံပြီး မိဘတွေကို ဘာနဲ ့ကန်တော့ကြမယ် အမေက ဘာကြိုက်တတ်တာ
အဖေကတော့ ဘာကို လိုချင်နေတာ အဘွားကတော့ သိမ်ကြီးဈေးက ငါးခြောက်ဝယ်သွားရင် ကြိုက်မှာ
ဘာညာနဲ ့ပြောပြီး ဈေးဝယ်ထွက်ကြ၊ ကားလက်မှတ်ဝယ်ကြနဲ ့ပျော်ရွှင်နေကြပါတယ်။
မြို ့ထဲကနေ အောင်မင်္ဂလာ အဝေးပြေးကို သွားတဲ့ လမ်းမှာလည်း မောင်နှမတွေ ငယ်ငယ် က သိပ်မတည့် ကြတာ ရန်ခဏခဏဖြစ်လို
့အရိုက်ခံရတာတွေပြောရင်း တစ်ယောက်နဲ ့တစ်ယောက် စကြနောက်ကြနဲ ့ပေါ့။
အိမ်ရောက်တော့ အဘွားဆိုတာ ကျွန်မတို ့၃ယောက်လုံးကို စုစုစည်းစည်း မတွေ ့ရတာကြာပြီဆိုပြီး ဝမ်းသာဝမ်းနည်း မျက်ရည်ကျရှာပါတယ်။
အဖေနဲ ့အမေ၊ အဘွားတို ့ကို သီတင်းကျွတ်ကန်တော့ ကြတယ်။ ပြီးတော့ ပျော်ပျော်ပါးပါး ကာရာအိုကေ ဝိုင်းဆိုကြတယ်။ အဖေက သူတို ့ခေတ်က သူကြိုက်ခဲ့တဲ့ စိုးပိုင်တို ့ခင်မောင်တို းသီချင်းတွေကိုဆို ကျွန်မတို ့ကလည်း ဒီဘက်ခေတ်ကသီချင်းတွေကို ဆိုနဲ ့အဲဒီနေ ့က
ခရီးပန်းနေတာတောင် ည၂ချက်ကျမှ ကျွန်မတို ့အိပ်ရာဝင်ခဲ့တယ်။
မိသားစု စုံစုံညီညီ နဲ ့တစ်ပတ်လောက်နေချင်ပေမယ့် ရန်ကုန်မှာ အလုပ်တွေက မပြီးပြတ်သေးတာကြောင့်
၃ရက်နဲ ့ပြန်ကြဖို ့အစ်ကိုနဲ ့အစ်မကို ကျွန်မတိုင်ပင်လိုက်တယ်။ သူတိ ု ့တွေလည်း ကျွန်မနဲ ့ထပ်တူထပ်မျှ
ကိုယ့်လုပ်ငန်းခွင်ကိုယ် ပြန်ဖို ့စိတ်ရှိနေကြတာကြောင့် ပြန်ဖို ့သဘောတူလိုက်ကြတယ်။ ဒီတစ်ခါတိုင်ပင်တော့ ကျွန်မ မပျော်တော့ဘူး ဝမ်းနည်းနေတယ်။
ပြန်မယ့်နေ ့ညနေ ကျွန်မတို ့စုပြီးကန်တော့ကြတယ်။ အမေကတော့ ခေါင်းကိုက်လို့ ဆိုပြီး အိပ်ရာထဲဝင်သွားတယ်။ မပြန်ခင် ၁ဝမိနစ်လောက်ကလေးမှာ အမေခေါင်းကိုက်သက်သာအောင် ဆေးတိုက်မယ်ဆိုပြီး အမေ့ ကုတင်ပေါ်တက်လိုက်တော့ စောင်ကို ပါးစပ်နဲ ့ကိုက်ပြီး အသံမထွက်အောင်
ငိုနေတဲ့ အမေ့ကို ကျွန်မ မြင်လိုက်ရတယ်။
ကျွန်မကို လည်းတွေ ့ရော ဖက်ပြီး အမေက မျက်ရည်သုတ်ပြီး သမီးညည်းတို ့ပြန်မယ့် ခရီးကို အေးအေးဆေးအေးပြန်ကြပါအေ။
ငါငိုတာတွေ ့ရင် ပြန်ရတာ စိတ်မဖြောင့်မှာစိုးလို ့ပါ။ ခေါင်းကိုက်ပျောက်ဆေး မတိုက်ပါနဲ ့အိပ်ဆေးလည်း သာ
တိုက်ခဲ့ပါလို ့အမေက ဆိုပါတယ်။
ကျွန်မလည်း ငိုချင်တဲ့စိတ်ကို တင်းထားပြီး အမေ့သဘောအတိုင်းပဲ အိပ်ဆေးလေးတိုက်ပြီး ရန်ကုန်ကို ပြန်ဖြစ်ခဲ့တယ်။
အပြန်လမ်းတစ်လျှောက်တွေးနေမိတာ အများကြီးပါပဲ။
ကျွန်မတို ့မောင်နှမတွေ ငွေရဖို ့ မိဘကို စိတ်ချမ်းသာအောင်ထားဖို ့ဆိုပြီး တစ်နယ်တစ်ကျေး သွားပြီး အလုပ်လုပ်တယ်။ ငွေလည်း တစ်လကိုတစ်ခါ မှန်မှန်ပို ့တယ်။ အမေက သူ ့သားသမီးတွေ ပို ့တဲ့ ငွေနဲ ့အဆင်ပြေအောင် နေနိုင်ပေမယ့်၊ သူ ့သားသမီးတွေအတွက် ကျေနပ်နေပေမယ့် ကျွန်မအမေ တကယ်ရော ပျော်ပါရဲ ့လား။ စားချင်တာ ဝယ်စားနိုင်ပေမယ့်၊ ကျွန်မမိဘတွေ တကယ်လိုအပ်နေတာ
ငွေရော ဟုတ်ရဲ ့လား။ သူ့သားသမီးတွေက အနားမှာနေပြီး ပေးမယ့် အကြင်နာတွေကမှ သူတို ့အတွက်
နွေးထွေးစေတာ မဟုတ်ဘူးလား။
သက်မဲ့ငွေနောက်ကို လိုက်ကြရင်း သက်ရှိမိဘတွေ ရဲ ့နှလုံးသားတွေလောင်ကျွမ်းနေတာ တရားပါရဲ ့လား။
မိဘတွေ ကျွန်မတို ့ကို ပြုစုပျိုးထောင်ချိန်တုန်းက ငွေလည်းရှာရင်း နွေးထွေးတဲ့ကြင်နာတဲ့လက်အစုံနဲ ့ ထွေးပွေ ့ခဲ့ပေမယ့် ကျွန်မတို ့တွေ အလှည့်မှာကျတော့ ငွေရှာပေမယ့် မနွေးထွေးနိုင်တော့တာ မကြင်နာနိုင်တော့တာ တရားပါရဲ ့လား။ ကျွန်မတို ့ မိဘတွေအပေါ်မှာ စိမ်းကားသလိုများ ဖြစ်နေပြီလားဟင်။ တွေးရင်း မျက်ရည်တွေ ဝေ့တက်လာတယ်။ အို….မေမေရယ် လွမ်းတယ်။
17 comments
amatmin
December 11, 2012 at 1:37 pm
မလမင်းရေ..
ရေးထားတာ ထိတယ်ဗျို့..
ကျနော်တို့အဖို့တော့လည်း ဂလိုပါပဲ မိဘနဲ့ အတူတူနေရင်း
သာမန်အချိန်တွေမှာ မေတ္တာတရားကို မခံစားမိပေမဲ့.
တလောလေးက အမေနေမကောင်းလို့ ဆေးရုံတက်လိုက်ရတဲ့ အချိန်အတွင်း..
ငွေကြေးဆိုတာအရေးကြီးပေမဲ့..အသက်ရနေပီဖြစ်တဲ့ မိဘအဖို့ သားသမီးရဲ့
နွေးထွေးတဲ့မေတ္တာ ကလည်း အားဆေးတမျိုးဆိုတာ
ကြုံလိုက် သိလိုက်ရသမို့..
ဒီပို့စ်ကိုဖတ်ရင်း ငွေကြေးလိုအပ်တာထက်
ပိုဆိုးဝါးတဲ့ဝေဒနာကိုနားလည်ခံစားမိပါတယ်ဗျာ..
မလမင်း..အစစ အရာရာ အဆင်ပြေပီး ချစ်တဲ့မိသားစုနဲ့
တတ်နိုင်သမျှနီးနီးကပ်ကပ်အမြန်ဆုံးနေနိုင်ပါစေ လို့..
Shwe Ei
December 11, 2012 at 2:09 pm
moonpoem ရေ၊ မိဘရှိနေတုန်းမို့ကျေးဇူးဆပ်နိုင်တာ မိဘစိတ်ချမ်းသာအောင်ထားနိုင်တာ
ကောင်းပါတယ်။ နောက်ဆုံးအချိန်ထိ ကို့မိဘ မကျောင့်ကျနေရဖို့က ပိုပြီးအရေးပါတယ်လို့
ကျမတော့မြင်တယ်။ တနှစ်တခေါက်ပြန်တွေ့ရတာ အားမရရင် ကို့ဆီအလည်ခေါ်ပြီး တလတန်သည် ၂လတန်သည်နေနိုင်အောင်ကြိုးစားရမှာပေါ့။ အိမ်က အမေဆို သားသမီးငါးယောက်ဆီ အလှည့်ကျလိုက်နေတာ၊ သူ့မှာ ခရီးထွက်ရတာနဲ့တင် မအားမလပ်ဘဲ။
Inz@ghi
December 11, 2012 at 2:13 pm
ဖတ်ရတာ ကျက်သရေ ရှိလိုက်တာဗျာ …
ဂေါ်မစွံ ကိုကိုမတ်နဲ့ .. ဝှီးချဲကြည်တို့ရဲ့
ကွန်းမန့်လေးတွေကလည်း မင်္ဂလာရှိလှပါပေတယ်။
အားပေးသွားပါတယ်ဗျို့…။
:harr:
Shwe Ei
December 11, 2012 at 2:24 pm
ဝှီးချဲဂီရဲ့ ကွန်မန့်ကိုဖတ်ရတာလဲ ကြက်သေရှိလိုက်တာဗျာ။ :hee:
မောင့်ကျက်သရေ ဂီ့
December 11, 2012 at 2:37 pm
ဆာလုံးဗောင်း မှန်အောင်ပေါင်းပါ မောင့်ကျက်သရေ ကြည် ရယ်..
:harr:
ဒက်ဂလောက် ဒက်ဂလောက်
kai
December 11, 2012 at 3:19 pm
ပြောရရင်.. အခုလမင်းပိုအမ်ရေးတဲ့.. လူနေမှုစနစ်ပုံစံက.. ဒီခေတ်လူနေမှုပုံစံအမှန်ပါပဲ..
သီတင်းကျွတ်အိမ်ပြန်ကြ.. နှစ်ကူးအိမ်ပြန်မိသားစုဝင်တွေတွေ့ကြ.. တဦးစီကတနယ်စီအလုပ်လုပ်ကြ.. ပုံစံကိုပြောတာပါ..
အဲဒီလိုဖြစ်ရင်.. တိုင်းပြည်က..ကုန်ထုတ်စွမ်းအားပိုထွက်ပါတယ်..
တိုင်းပြည်လည်း.. တိုးတက်ပါတယ်..။
ယူအက်စ်နဲ့တောင် တူလာသလိုလိုပါပဲ..
ယူအက်စ်မှာကျ.. မိသားစုမှာကို.. အဖေကတနေရာ.. တပါတ်တခါ..လေယာဉ်နဲ့ပြန်..။ အမေကတနေရာ.. တလတခါလာတွေတောင်ရှိပါသေးတယ်..
ကလေးက.. ကောလိပ်.. အချိန်ပိုင်းအလုပ်..
တချို့က..တူတူတော့နေပါရဲ့.. တပါတ်တခါ..
တချို့တလတခါ..မျက်နှာချင်းမဆိုင်ဖြစ်ကြတော့ဘူးလေ…
အင်း..
နောင်.. ဆယ်စုနှစ် ၂-၃-၄ခုလောက်ဆို..လူတွေ..လူတွေ.. တိုင်းပြည်ခြားအလုပ်လုပ်ကြယုံမက.. လကမ္ဘာ.. အာကာသ.. အင်္ဂ ါဂြိုလ်တွေထိ.. ဝေးကြတော့မှာလေ…
ကိုယ့်အလှည့်ကျ.. မနွဲ့တန်းပေါ့…။ :harr:
Human Life On Mars: Scientist Plans To Have Earthlings On Mars By 2023
Huffington Post - 5 days ago
Mars One founder Bas Lansdorp joined HuffPost Live Tuesday to talk about his goal to have humans living on Mars by the year 2023. Lansdorp …
ဗုံဗုံ
December 11, 2012 at 4:22 pm
သိပ်ကို ခံစားရတဲ့ ပို့စ်လေးပါ
kyeemite
December 11, 2012 at 4:22 pm
“မိဘတွေ ကျွန်မတို ့ကို ပြုစုပျိုးထောင်ချိန်တုန်းက ငွေလည်းရှာရင်း နွေးထွေးတဲ့ကြင်နာတဲ့လက်အစုံနဲ ့
ထွေးပွေ ့ခဲ့ပေမယ့် ကျွန်မတို ့တွေ အလှည့်မှာကျတော့ ငွေရှာပေးပေမယ့် မနွေးထွေးနိုင်တော့တာ မကြင်နာနိုင်တော့တာ တရားပါရဲ ့လား။”??????????????
ရဲစည်
December 11, 2012 at 6:36 pm
ငွေနဲ့ မိဘတန်ဘိုးဆိုလို့
…………………………
ကျုပ် ကျောင်းပီးတော့ လစာ ၉၇၀ဝနဲ့ နယ်မှာ အလုပ်လုပ်ရတယ်။ နားရတယ်ကို မရှိဘူး တစ်နှစ်လောက် အိမ်မပြန်နိူင်တော့ အဖေက သူ့အလုပ်တွေ ခဏရပ်ပီး ကျုပ်ဆီလိုက်လာတယ်။ ဖြစ်ချင်တော့ အဖေရောက်တဲ့ မနက်ဘဲ ကျုပ်အလုပ်က နယ်တခုကို လွှတ်လို့ သွားလိုက်ရတယ် ၃ရက်ကြာတယ်။ အဖေက ကျုပ်ပြန်လာတာကို စောင့်ရင်း အလုပ်ကပေးထားတဲ့ ကျုပ်အခန်းထဲမှာ ၂ရက်နေသွားတယ် သူ့သားကို စောင့်ရင်းပေါ့ ………….။
နောက်ပိုင်း အလုပ်အဆင်ပြေလာတယ်။ ငွေရှာနိူင်လာတယ် တော်တော်ကို ပိုလျှံတဲ့ အဆင့်ထိပေါ့ … ဒါပေမဲ့ အိမ်ပြန်ရောက်ရင် ကျုပ်က မိတ်ဆွေတွေ၊ သူငယ်ချင်းတွေနဲ့ ပိုပီး အချိန်ပေးဖြစ်တယ်။ မိသားစုဆိုတာ ဘယ်တော့မှ မပျောက်ပျက်ဘူးလို့ ကျုပ်စိတ်ထဲ ထင်နေခဲ့တာကိုး … မိုက်တာကို ပြောတာပါ။ မိသားစု အပြင်မှာ စုံစုံညီညီနဲ့ သွားလာ စားသောက်ဖို့ အချိန်ကို မရဘူး ဖြစ်နေတယ်…။
အဖေက ပြောတယ် … ” သားရေ ငွေမလိုပါဘူးကွ မင်းအဆင်ပြေတာ မြင်ရရင် ကြေနပ်ပါတယ်တဲ့ ” အဖေနဲ့အမေ ဘုရားဖူးသွားဖို့ ငွေလှမ်းပို့တုန်းက ပြောခဲ့တာပါ။ အဲ့တုန်းက ကျုပ်က အလုပ်ကခွင့်ရတယ်။ ဒါပေမဲ့ သူငယ်ချင်းတစ်ယောက်နဲ့ ခရီးသွားလိုက်ပီး အဖေတို့နဲ့လိုက်ဖို့ ငြင်းလိုက်တယ်….။
ကျုပ်အခု ငွေဆိုတာကို ရှာတတ်သွားပီ … အခု အဖေနဲ့ ခရီးသွားချင်တယ်၊ ၂ယောက်ထဲ အေးအေးဆေးဆေး စကားတွေပြောချင်တယ်၊ ငြင်းခုန်ဆွေးနွေးချင်တယ်၊ အဝတ်အစားဝယ်တိုင်း အဖေ့ကို သတိရတယ်။ ငယ်ငယ်က အဖေ့ကို လာကန်တော့ရင် ပုဆိုးအကွက်စိပ်လေးတွေဆို ကျုပ်ဝတ်ရတာကိုး………။
အခု အဖေဆုံးတာ ၃နှစ်ပြည့်ပီးသွားပီ …. မိဘတွေ သက်ရှိထင်ရှားရှိချိန်မှာ တစ်အိမ်တည်း အတူနေတာတောင် အချိန်မပေးနိူင်ခဲ့ဘူး …
အဲတော့ ကျုပ်လို နောင်မှရတဲ့ နောင်တတွေ တပွေ့တပိုက်နဲ့ အရက်သမားလူမိုက် မဖြစ်ကြပါစေနဲ့လို့ ………………..။
မိဘတွေ သက်ရှိထင်ရှားရှိတုန်း အချိန်ပေးကြပေါ့ဗျာ …
Mobile
December 11, 2012 at 11:33 pm
ကိုနီပေပါ ရဲ့ ကွန်မန်းလေးကိုလဲ အားပေးသွား ပါကြောင်း
ပုဆိုး အကွပ်စိတ်လေးတွေ ရရင် ဝတ်ရတာ ကျနော် နဲ့တူညီပါကြောင်း
ကျနော် သွာလေရာတိုင်း၌ ရေချိုးသောအခါ ရေလဲလုပ်ရန် ကျနော် အဖေ ပြန်လည်
စွန့်ကျဲသော ပုဆိုး တစ်ကွင်း အမြဲးတမ်း ပါရှိပါကြောင်း . . . . . . .
ကိုနီပေပါရဲ့ ဆုံးမစကားလေးကို
အရက်မကြိုတ်တဲ့အတွက် တစ်ဝက်ကတော့ သေချာကြောင်း . . . . . .
မောင်ပေ
December 11, 2012 at 6:46 pm
မွန်းလေးရေ
မွန်းလေးစာတွေ မဖတ်ရတာကြာလို ့
မွန်းလေးကိုမောင်ပေက လွမ်းနေတာကွဲ ့
ပြန်ပေါ်လာတော့လဲ
လွမ်းဆိုတဲ့ ပို ့စ်လေးနဲ ့အတူ
ဖတ်ရင်းနဲ ့တစ်အိမ်ထဲနေတဲ့ အမေ့ကို လွမ်းမိသွားတယ်ကွယ်
ခြစ်တယ်မွန်းရယ် (ခြစ်=ခရက်ဒစ်တူ ဆရာကြောင်)
မင်းနန္ဓာ
December 11, 2012 at 7:03 pm
ပို့စ်လေးကလည်း မျက်ရည်ဝဲစေတယ်
ဒဏ်ရာတူ ကွန်မင့်လေးတွေကလည်း သတိတရား ရစေပါတယ်
:528:
ကိုပေါက်(မန္တလေး)
December 11, 2012 at 10:52 pm
လမင်းရေ
ဝမ်းရေးအတွက် အားလုံးကို ယာယီစွန့်ရတာဘဲဗျာ။
မစွန့်ရင်မိသားစု နေရေးထိုင်ရေး ဘယ်အဆင်ပြေမလဲနော်။
တစ်ချိန်မှာတော့ အေးဆေးစွာ ဆုံတွေ့နို်င်မယ်လို့ ယုံကြည်ပါ၏။
Mobile
December 11, 2012 at 11:15 pm
မိသာစု ဆုံစည်းပျော်ရွှင်နိုင်ခွင့်ဆိုတာ အခွင့်ရနေတုန်းမှာ သိပ်ပြီးတန်ဖိုး မရှိသလိုထင်ရပေမယ့်
မရနိုင်တော့ပြီဆိုတဲ့ အခါမှာ တန်ဖိုးဖြတ်လို့ မရလောက်အောင်ကို တန်ဖိုးရှိလိမ့်မယ်လို့
ထင်မိပါတယ်။
မိဘ များနှင့် တစ်နယ်စီ ဝေးနေရသည်မို့ ဒီပို့လေးကို ဖတ်ရင်း ဝမ်းနည်းမိပါကြောင်း . . . . .
kyeemite
December 12, 2012 at 12:44 pm
အပေါ်မှာမန့်တာမပြည့်စုံလို့…ထပ်ရေးလိုက်ပါတယ်…
လမင်းကဗျာ တွေ့နေတာ
စိတ်ကူးယဉ်နဲ့ မတူတဲ့ လက်တွေ့ဘဝပါ
လက်တွေ့ဘဝတွေတော်တော်များများက ဒီအတိုင်းချည်းပါပဲလေ..
မိဘတွေကို ပြန်လည်ထောက်ပံ့ကျွေးမွေးနေတယ်ဆိုတာနဲ့ တင်အတော်ဟုတ်နေပါပြီ…
အချို့များ..လှည့်တောင်မကြည့်ကြတာ တွေ့ဖူးပါတယ်..
ခင်တဲ့… :528:
moonpoem
December 12, 2012 at 3:21 pm
ကိုကြီးမိုက် ပြောသလိုပဲ မိဘနဲ ့အတူ မနေနိုင်သေးတဲ့ အချိန်မှာတော့ ငါက မိဘကို ပစ်ထား တာမှ မဟုတ်တာပဲ ဆိုပြီး ဖြေတွေးလေးနဲ ့နှစ်သ်ိမ့် နေရမှာပေါ့လေ။
ဦးဦးပါလေရာ
December 12, 2012 at 5:27 pm
ဒီပိုစ့်လေးဖတ်ရင်းနဲ့ ကိုယ့်ကိုယ်ကို ပြန်မြင်ကြည့်ပြီး ဝမ်းနည်းလာတယ်။
ကိုယ့်ဘဝကို ကိုယ့်သားသမီးတွေက လွှမ်းမိုးသွားတော့ မိဘတွေအတွက် အချိန်ပေးစရာ နေရာပေးစရာ နည်းသွားတော့တာပေါ့…။
ကိုယ့်ဘဝမပြည့်စုံခင် အရင်ခွဲခွာနှင့်တဲ့ ဖခင်ကြီးအတွက်တော့ ဘာမှ မတတ်နိုင်တော့….
လက်ရှိမိခင်ကြီးအတွက် ပို ပေးဆပ်ဖို့ သတိရသွားပါတယ်..။
အင်း… ဒီလိုနဲ့ ကိုယ့်သားသမီးတွေလဲ ကြိီးလာတော့မှာ…
သူတို့ အလှည့် အတွက်လဲ ကြိုလို့ နားလည်ပေးရမှာပေါ့လေ………..