Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အမွေရဖို့ ကျွန်တော် အမေရိကသွားတဲ့ ခရီး (Story-3)

ကဲ ခု ကျနော် ဘွတ်ကင်လုပ်ထားတဲ့ ဟိုတယ်ကို အရင်သွားမယ်။

နေအုံးဗျ။ ဟိုတယ်ရောက်အောင် ဘယ်လမ်းက ဘယ်လို သွားရမလဲ အရင်စုံစမ်းလိုက်အုံးမယ်။

တော်ကြာ တောသားဆိုပြီး ရိုက်စားခံရလို့ အမွေမရခင် ပါသမျှ ပြောင်သွားမှ အခက်။

အင်း.. မခက်ပါဘူး..ဟိုမှာ Transition Counter ရှိတယ်လေ။ သိလိုတဲ့ Information မေးသမျှ ဖြေပေးတယ်။

လာ.. သွားစို့။

….

အေးဂျင့်နဲ့ ပြောခဲ့တာ ဒီလို


….

Trans. Agent:    May I help you?

ဘာများ ကူညီပေးရမလဲ။

Alex:                Yes, thanks.

ဟုတ်ကဲ့၊ ကျေးဇူး..။

Alex:                 I’m staying at the Peachtree Plaza in town. What’s the best way to get there.

ကျွန်တော် မြို့ထဲက Peachtree Plaza မှာ တည်းမလို့ပါ။ အဲဒီကို သွားဖို့ ဘယ်ဟာ အကောင်းဆုံးလဲဗျ။

Trans. Agent:   You can take a cab, bus, limo, or hotel shuttle.

ခင်ဗျား အငှားကား (တက္ကစီ)၊ ဘတ်စ်၊ ဇိမ်ခံကား ဒါမှမဟုတ် ဟော်တယ် ကြိုပို့ကားနဲ့ သွားနိုင်ပါတယ်။

Alex:               What do you recommend?

ဘယ်ဟာနဲ့ သွားတာ ကောင်းမလဲ။

Trans. Agent:  That depends. A cab is faster but more expensive.

ဒီလို ရှိတယ်ဗျ (အခြေအနေအရပေါ့)။ အငှားကားက ပိုမြန်တယ်၊ ဒါပေမယ့် ပိုဈေးကြီးတယ်။

Trans. Agent:  The bus is cheaper but a little slow.

ဘတ်စ်ကားက ဈေးချိုပေမယ့် နည်းနည်းနှေးတယ်။

Trans. Agent:   It would probably be a good idea to take your hotel shuttle.

ဟိုတယ် ကြိုပို့ကားနဲ့သွားတာ အကြံကောင်း ဖြစ်လိမ့်မယ်ဗျာ။

Alex:                      All right. Where do I catch it?

ဟုတ်ပြီ။ ကြိုပို့ကားကို ဘယ်နေရာမှာ သွားစီးရမလဲ။

Trans. Agent:  Just go through those doors and look for the shuttle sign.

အဲဒီ တံခါးကထွက်လိုက်ပြီး ကြိုပို့ယာဉ်အမှတ်အသားကို ရှာကြည့်လိုက်ပါ။

Trans. Agent:  When it comes by, wave and the driver will pick you up.

ကြိုပို့ယာဉ်လာတဲ့အခါ လက်ပြလိုက်ပါ။ ယာဉ်မောင်းက ခင်ဗျားကို တင်သွားပါလိမ့်မယ်။

Alex:                      How much does it cost?

အဲဒါက ဘယ်လောက်ကျသလဲ။

Trans. Agent:  It’s a courtesy shuttle, so it’s free. You can tip the driver, if you want.

ကြိုဆိုရေးယာဉ်ဆိုတော့ အလကားပါဗျာ။ ခင်ဗျား ဆန္ဒရှိလျှင် ယာဉ်မောင်းကို ဘောက်ဆူးပေးပေါ့။

Alex:             Thank you for your help.

ကူညီပေးတာ ကျေးဇူးပါပဲဗျာ။

——- xxxxxxx——– xxxxxxx ——-

နောက်ဆက်တွဲ လေ့လာစရာများ = Asking for Directions (လမ်းမေးခြင်း)

–   How can I get to the airport * Central Park* from here?

ဒီကနေ လေဆိပ်/ ဗဟိုပန်းခြံ ကို ဘယ်လိုသွားရမလဲ။

–  You can either take a taxi or go by the airport bus.

တက္ကစီ စီးချင်စီး၊ ဒါမှမဟုတ် လေဆိပ်သွားတဲ့ ဘတ်စ်ကား

– How often does the airport bus go?

လေဆိပ်သွားတဲ့ ဘတ်စ်ကားက ဘယ်လောက်ကြာရင် တစ်စီးထွက်လဲ။

– Every three hours on weekdays and every hour on weekends.

ရုံးဖွင့်ရက်ဆို သုံးနာရီခြားတစ်စီးထွက်တယ်။ စနေနဲ့ တနင်္ဂနွေမှာဆို တစ်နာရီခြား တစ်စီး ထွက်တယ်။

– Where can I take the airport bus?

လေဆိပ်သွားမယ့် ဘတ်စ်ကားက ဘယ်နားသွားစီးရမှာလဲ။

– You have to go to the main road or the city centre bus terminal to catch the airport bus.

မိန်းလမ်းမကြီးကို ထွက်ပြီးစီးရမယ်။ ဒါမှမဟုတ် မြို့ထဲက ဘတ်စ်ကားဂိတ်က စီးပါ။

– Here is the map and this is the airport bus route. You can get on it at any stop along the route.

ဒီမှာမြေပုံ၊ ဒီဟာက လေဆိပ်သွားတဲ့ ဘတ်စ်ကားလမ်းကြောင်းပေါ့။ အဲဒီလမ်းတစ်လျှောက် ဘယ်မှတ်တိုင်မ်ဆို တက်စီးလို့ရတယ်။

– Which one is faster? Taxi or bus?

တက္ကစီနဲ့ ဘတ်စ်ကား ဘယ်ဟာက ပိုမြန်သလဲ။

– Taxi, of course. It’s much more convenient. But you have to pay more.

တက္ကစီက ပိုမြန်တာပေါ့ သက်တောင့်သက်သာလဲ ပိုရှိတယ်။ ဒါပေမယ့် ပိုက်ဆံတော့ ပိုပေးရလိမ့်မယ်။

သူတို့ဆီမှာ ကျည်ဆန်ရထား၊ မြေအောက်ရထားတွေနဲ့ သွားရလာရဖို့အတွက် မှတ်သားထားသင့်တာတွေကတော့

–   Where is the ticket counter, please?

လက်မှတ်ရောင်းတဲ့ကောင်တာက ဘယ်မှာပါလဲဗျာ။

–  Go straight down the stairs, and turn left at the bottom.

လှေခါးအတိုင်းဆင်းသွားပါ။ အောက်ထပ်ရောက်ရင် ဘယ်ဘက်ကို ချိုးလိုက်ပါ။

–   And how many trains are there to Brighton?

ဘရိုက်တန်ကိုသွားမယ့်ရထား ဘယ်နှစ်စင်းလောက်ရှိပါသလဲ။

–   Have you got a subway map/railway timetable I could borrow for a moment?

ကျွန်တော် ကြည့်လို့ရမယ့် မြေအောက်ရထားလမ်း မြေပုံ/ရထားအချိန်စာရင်း တစ်ခုလောက် ရှိပါသလား။

–   A single ticket to London, please.

လန်ဒန် အသွားရထားလက်မှတ် တစ်စောင် ပေးပါ။

–   And what time does it arrive, please?

အဲဒီရထား ဘယ်အချိန်ရောက်မလဲ သိပါရစေ။

–   Do I have to change? / Is it a through train?

ကျွန်နော် ရထားပြောင်းစီးရဦးမလား။/ ဒီရထားက တောက်လျှောက်သွားမယ့် ရထားလား။

–  Yes, You have to change at Breezeway. / No. There’s no need to change.

ဟုတ်ကဲ့။ ခင်ဗျား ဘရီးဇီးဝေးမှာ ပြောင်းစီးရမယ် / ဟင့်အင်း၊ ပြောင်းစီးစရာ မလိုဘူး။

–   Which way do I go for Queensway, please?/-  What line do I take for Marble Arch please?

ကွင်းစ်ဝေးကို သွားဖို့ ဘယ်ရထားလိုင်းကို စီးရမလဲ။/ မာဘယ်လအာ့ခ်ကို သွားဖို့ ဘယ်လိုင်းကို စီးရမလဲခင်ဗျာ။

–  Take the Bakerloo to Paddington and then get the Central.

ဘိက်ကာလူး ကနေ ပက်ဒင်တန် သွားတဲ့ ရထားစီးပြီး စင်ထရယ်ကို ပြောင်းစီးပါ။

–  You get the Bakerloo to Oxford Circus and then change to the Central.

ဘိက်ကာလူး ကနေ အောက်စ်ဖို့သွားတဲ့ ရထားစီးပြီး စင်ထရယ်ကို ပြောင်းစီးပါ။

–          Where do I go now?/-  Which way do I go first?

ကျွန်တော် အခု ဘယ်ကို သွားရမလဲ ခင်ဗျာ။/ ဘယ်လမ်းကို ကျွန်တော် အရင်ဆုံးသွားရမလဲ။

–          Take the escalator on your right.

ခင်ဗျားရဲ့ညာဘက်က ရွေလျားစက်လှေကားကို စီးပါ။

–   Follow those signs. You can’t go wrong.

ဟိုမှာ ပြထားတဲ့ သင်္ကေတတွေအတိုင်း လိုက်သွားပါ။ ခင်ဗျား မမှားနိုင်ပါဘူး။

–   Excuse me, but is this the right train for St.Pauls?

တဆိတ်လောက်ဗျာ.. ဒါ စိန့်ပေါစ်ကိုသွားမယ့် ရထား ဟုတ်ပါသလား။

–  Could you tell me where to get off for Marble Arch?

မာဘယ်အာ့ခ်ကိုသွားချင်လို့ ဘယ်မှာ ဆင်းရမလဲ။

–  Yes, it’s three stops down the line.

ဟုတ်ကဲ့၊ နောက် သုံးမှတ်တိုင်ဆို ရောက်ပါပြီ။

–  That’s easy; it’s the next station down the Central line.

ဒါကလွယ်ပါတယ်။ စင်ထရယ်အတိုင်းသွားရင် နောက်ဘူတာပဲ။

xxx—++++—xxxx……xxx—++++—xxxx

ဗဟုသုတတိုးပွားကြပါစေ..။

4 comments

  • မောင်ပေ

    December 11, 2012 at 6:18 pm

    သည်ပို ့စ်ကိုတော့ ကူးသွားပါပြီဗျို ့
    အေးအေးလူလူ လေ့လာမှတ်သားမယ်ဗျာ
    ကျေးကျေးပါ

  • မင်းနန္ဓာ

    December 11, 2012 at 6:56 pm

    စာကျေအောင် ပြန်ဖတ်နော်…
    မန်းတောင်ပေါ် ရောက်ပြီးပလား ကိုပေ..
    လေးပေါက်ကြီးကို ကပ်ထားလေ
    တလောက သူ့ပို့စ်မှာ သူလက်ဆော့ခဲ့တဲ့ (အဲဒါ သူ့စကားနော် 😛 ) တိုးမတစ်ယောက်ပုံတောင် ပါလာသေး..
    မန်းခဲ့လားတော့ မသိဘူး.. ေွိ ေွိ

  • Mobile

    December 11, 2012 at 9:58 pm

    ကိုမင်းနန္ဓာ ရေ ကျေးဇူးအထူးဗျာ . . . . .
    အခုလို အခန်းဆက်လေးနဲ့ ဆိုတော့ တစ်ဖြတ်တစ်ဖြတ် လေ့လာမှတ်သားရတာ
    အဆင်ပြေလှသဗျ။ စာအုပ်တွေဘာတွေတော့ ဝယ်ပြီးလေ့လာတယ် ဒါပေသိ ဇာပ်ရှိန်တက်တုန်းသာ
    ဖက်ကောင်းပြီး တစ်ရက်နှစ်ရက်နေရင် ဆက်မဖတ်ဖြစ်တော့ဘူးဗျ။

    • မင်းနန္ဓာ

      December 11, 2012 at 11:22 pm

      ဟုတ်တယ် mobile ရေ
      ကျနော်လည်း ရုံးက နိုင်ခြံကားလွှတ်မယ့် အစီအစဉ်လေး အသံကြားလို့ ဖုန်တတ်နေတဲ့ အီး စာအုပ်လေးတွေ ပြန်ဖတ်မယ်လုပ်တာ ကိုင်ပြီး ရှေ့ကို မရောက်ဖူး
      ဒါနဲ့ တစ်ခေါက်ဖြစ်ဖြစ် ဖတ်မိအောင် ရွာထဲ ပို့စ်ရေး တင်နေတာ..

Leave a Reply