သည်းဦးပန်း

တောက ကိုရင်December 18, 20121min2022

သည်းဦးပန်း

တမင်သက်သက်
ရစ်ပတ်သည့် နွယ်၊ တွယ်ငင်သည့် ကြိုး
ရင်ထဲတိုးဝင်၊ မညှိုးရွှင်လန်း
သည်းဦးပန်းကို၊လန်းအောင်ပေါင်းသင်
မြတ်နိုးကြင်မိ၊သခင်သိလေ…။

မသိသွေခွာ
နွေသာရင်နင့်၊ ခိုဝင်သင့်စေ
ပီတိဝေမြူး၊ ကြည်နူးရွှင်ပျ
ပျိုးလက်စ ပန်း၊ သူဆင်မြန်းရုံ
လှပဂုဏ်တင့်၊ လန်းဆန်းဝံ့မည်…။

တကယ်မထင်
တွယ်ငင်နှောင်ဖွဲ့၊ လေပြည်သွဲ့ အေး
ရုန်းထွက်ပြေးခွာ၊ ပွင့်ခြွေပါလို့
မြေမှာချနင်း၊ ရင်တွင်းနှလုံး
ပျက်သုဉ်းကြေမွ၊နွေဘဝသာ…။ ။

တောက ကိုရင်
၀၃.၀၇.၂၀၁၂

2 comments

  • မောင်ပေ

    December 18, 2012 at 12:36 pm

    သည်းဦးပန်း
    ဘဲမြူးငန်း
    ရဲမူးကန်း
    လဲထူးဆန်း
    ကျွဲရူးဖမ်း
    ပဲခူးလမ်း

    • တောက ကိုရင်

      December 18, 2012 at 7:13 pm

      ဘဲမြူးနေ ငန်းငိုလို့
      ရဲမှူးတွေ ကန်းသလိုလား
      ကျွဲရူးတွေ မဖမ်းလိုက်ပါနဲ့
      ပဲခူးလေ ဒီလမ်းမထက်မှာ
      သည်းစူးနေ ရင်ဘတ်က မြား

Leave a Reply