Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဆင်မြန်းခွင့်ရှိသွားသော ဝတ်စုံလေးတစ်စုံ

စဆရ ႀကီးDecember 18, 20121min69441

“ပိုင်ရှင်မဲ့ နှလုံးသားမို့ လေနှင်ရာ လွင့်စေခဲ့လေသလား”

တစ်ချိန်က ကိုရင်စိုင်းတစ်ယောက်တည်း စိတ်ပျက်လက်ပျက် ညီးတွားခဲ့ဖူးလေသည်။ စိတ်ကူးပေါက်ရာ ရွက်လွှင့်နေခဲ့လေရာ တစ်ယောက်တည်းဘဝ အတော်လေးလဲ အပူအပင်ကင်းလှပါလေဘိ။ စားချင်တဲ့အချိန်စား၊ သွားချင်တဲ့အချိန်သွား၊ အိပ်ချင်တဲ့အချိန်အိပ်နှင့် အနာဂါတ်လဲ တွေးပူစရာမလို၊ အတိတ်လဲ တွေးကြောက်စရာမလိုနှင့် မျက်မှောက်ကိုသာ တည့်တည့်ကြီး ပြုနေရလေသည်။ အတော်ကြီးကျေနပ်သလိုလဲရှိလေသည်။ သူများတွေလို ကိုယ်ချစ်နှစ်သက်သောသူများ သူများနောက်ပါသွားသဖြင့် နှမျောတသ သုံးကြိမ်ရွတ်ဆိုနေရန်လဲမလိုပေ။ ကိုယ့်ကိုကိုယ် ဟုတ်လှပြီလဲ ထင်ခဲ့လေ၏။ သို့ပါသော်လည်း သံသရာတစ်ကွေ့တစ်ပြောင်းတွင်မတော့ ရှေးရှေးက ဝဋ်ကျွေးပါခဲ့လေသလားမသိ၊ အားနွဲ့သူတစ်ယောက်ထံတွင် အားပြတ်ပြီးလုံးလုံးလျားလျား သက်ဆင်းသွားရှာတော့သည်။ ဈာန်လျှောလေသည်ဟုပဲ ဆိုရလေမည်လား၊ ကျွတ်ချိန်တန်သည်ဟုပဲ ဆိုရလေမည်လား တင်းထားသမျှများ အရည်ပျော်ပြီး သူတစ်ယောက်သာ တစ်ကမ္ဘာထင်မိတော့သည်။

“ နှစ်ကိုယ်တူ ချစ်သမျှတွေ အလိုတူရှစ်ဆကဲနေ…”

အစချီသည့် သီချင်းသံကို တစ်ချိန်က နံနက်စောစော တိတ်ဆိတ်ငြိမ်သက်နေသည့်အချိန်တွင် ကြားလိုက်ရသည့်တစ်ခဏ အိပ်ယာမှ ထရခြင်းကို ကြည်နူးပီတိဖြစ်ရလေသည်။ ထိုသို့တေးသံသာလောက် အဘယ့်အဘယ်သောသီချင်းမှ ထိုမျှ ကြည်နူးနွတ်ပြောင်းခြင်းကို ပေးစွမ်းနိုင်သည်ဟုမထင်ခဲ့ပေ။ ကိုရင်စိုင်းမှာ ထိုသီချင်းများကို အိပ်ယာထဲမှာပင် ဖက်လုံးကိုခွပြီး စိတ်ကြည်နူးစွာဖြင့် ငါ့အလှည့်ကျရင်ဟူသော စိတ်ကူးဖြင့် တွေးရင်းနှင့် ပြုံးပြုံးကြီးစိတ်ကူးယဉ်ရင်းနှင့် အိပ်ယာထဲတွင် လူးလှိမ့်နေခဲ့ဖူးသည်။

သီချင်းသံကြားရသူအဖို့မှာမူ ထိုမျှသာယာကြည်နူးဖွယ်ကောင်းနေလျင် ကိုယ်တိုင် မင်္ဂလာဆောင်နေရသူများအဖို့ အဘယ့် အဘယ်မျှ ကြည်နူးစရာကောင်းလိမ့်မည်နည်း၊ အဘယ့်အဘယ်မျှ ပျော်ရွှင်နေလိမ့်မည်နည်းဟု နာလိုခြင်းလဲ ဖြစ်မိသည်။ မင်္ဂလာဆောင်များတွင် သတို့သမီးလက်ကို အားပါးတရတွဲပြီး ဟိုလူ့နှုတ်ဆက်၊ ဒီလူ့နှုတ်ဆက်နှင့် မအားမလပ်နိုင်သည့်ကြားမှ သွားကြီးများဖြဲနေသည့် အနှီသကောင့်သားများကိုလဲ အိုဘယ့် လူစွမ်းကောင်းကြီးများဟု အားကျမိပြန်သေးသည်။ သတို့သမီးလောင်းမှ အားကိုးတစ်ကြီးပုံစံဖြင့် တွဲခိုထားသည်များ၊ မင်္ဂလာလက်စွပ်အပြန်အလှန်လဲလှယ်ကြသည်များ၊ သိက္ခာတော်ရ ဆရာတော်ကြီးများရှေ့မှောက်တွင် အကြင်လင်မယားဖြစ်ကြောင်း အသိအမှတ်ပြုလိုက်ပြီးနောက် ညင်ညင်သာသာ နမ်းလိုက်ကြပြီးသည့်နောက် ပရိသတ်များမှ ဝမ်းသာအားရ လက်ခုပ်တီးလိုက်သည်များကို မြင်ရသည့်နောက် ကိုရင်စိုင်းလဲ သတို့သမီးတစ်ယောက်လောက် လိုချင်လာတော့လေသည်။

ထိုစဉ်က ကိုရင်ရှူံးအတော်ငယ်ပါသေး၏။ ငယ်သေးဆို ဆယ်ကျော်သက်အရွယ်ပေမို့လား၊ လေတိုက်လို့ သစ်ရွက်လှုပ်လေသည်ကိုသော်မျှ ခံစားတတ်သည့်အရွယ်ပေမို့ ရင်ခုန်သံများလဲ ဆူညံစပြုနေချိန်မို့ထင်၊ အတော်လေး ခံစားတတ်မိခဲ့တော့သည်။

“ နာကျင်လေသော နှလုံးသားမှာ ခံစားချက်တို့ရှိပြီကွယ်
ရွှေအိမ်စံ ငွေမင်းသမီးရယ် ရင်နာစရာ အဖြစ်ဆိုးလေးနောက်မှာကွယ်… “

အစချီသော စိုးလွင်လွင်သီချင်းများကို အားပါးတရ၊ ခံစားချက်ပါပါ ကြိုက်နှစ်သက်ခဲ့ပြီးသည့်နောက် ကိုရင်စိုင်း ရွပိုးထိုးနေခြင်းများ အတော်လေးငြိမ်သက်သွားတော့သည်။ ဘဝဆိုတာကြီးကို သိမြင်လာတော့သည်။ စိတ်ကူးယဉ်အိမ်မက်မှ ရိုက်ပုတ်နှိူးခံလိုက်ရသူလေလား လက်တွေ့ဆန်သော ဘဝကြီးထဲ လူသားဆန်ဆန်တိုးဝင်ခဲ့တော့သည်။ စိတ်ထဲတွင်မတော့ တစ်ချိန်က အားကျခဲ့သော လူစွမ်းကောင်းကြီးများကိုမြင်တိုင်း သက်ပြင်းတစ်ချက်ကိုချ၊ မျက်နှာကိုလွှဲပြီး သင့်တော်သလိုသာ ကိုယ့်ကိုယ်ကို နှလုံးသွင်းရင်း လုပ်စရာရှိတာသာ ဖြောင့်ဖြောင့်ကြီးလုပ်နေတော့သည်။ အချစ်နှင့် မသက်ဆိုင်သူအနေနှင့် သတ်မှတ်ပြီး ချစ်ခြင်းနှင့် ကင်းကင်းကွာကွာသာနေတော့သည်။

“ အကြောင်းရယ်ဖန်လာတော့ ပေါင်းဖို့ရယ်ဆုံလာလေရော့လား
တစ်ကွေ့ကွေ့မှာတော့ ငါတို့တွေ ကြင်သူတွေ ဖြစ်နိုင်ကောင်းပါရဲ့”

သူမအားစတွေ့ခဲ့စဉ်က သိမ်ငုတ်နေခဲ့သောစိတ်လေးမှ မချင့်မရဲဖြင့် အထက်ပါ ရင့်ကျူးခြင်းကို မဝန့်မရဲ ရွတ်ဆိုခဲ့ဖူးလေ၏။ သူမနှင့်ဆုံတွေ့ခဲ့သောအချိန်တွင်မတော့ ကိုရင်ရှူံးမှာ နုနုနယ်နယ် စိတ်ကူးယဉ်တတ်တဲ့အရွယ်မဟုတ်တော့ပါ။ လူလတ်တန်းသို့ပင်ရောက်နေပြီဖြစ်သည်။ ငယ်စဉ်ကလူစွမ်းကောင်းကြီးများကို အားကျနေရုံမဟုတ်တော့ပဲ ထိုသူများနေရာသို့ ရောက်အောင်လုပ်မည်ဟု အတွေးများပြောင်းစပြုသောအချိန်ဖြစ်သည်။ ထိုမှစ ကိုရင်စိုင်းဗျာများရတော့သည်။ သူမအားပိုင်ဆိုင်နိုင်အောင် အဘယ်သို့လုပ်ရမည်။ သူမအား သတို့သမီးဝတ်စုံဆင်ပေးနိုင်ရန် အဘယ်သို့ကြိုးစားရမည်ကို ဖြစ်နိုင်ချေများဖြင့် တွက်ချက်ရတော့သည်။

သူမအား သတို့သမီးဝတ်စုံဝတ်ဆင်ပေးရန် အကြံရှိသည်မှ Plan စဆွဲတော့သည်။ ကိုရင်စိုင်း Plan မှာ သုံးနှစ်ဖြစ်သည်။ ပထမနှစ်တွင် သူမလက်ခံနိုင်မည့်အဆင့်အတန်းရှိစေရန် လက်ရှိရှိရင်းစွဲ အနေအထားထက်သာရန်ကြိုးစားသည်။ ပထမနှစ်မှာပင် အောင်မြင်ခဲ့သည်။ ဒုတိယနှစ်နှင့် တတိယနှစ်များကိုတော့ သတို့သမီးဝတ်စုံဆင်မြန်းပေးနိုင်ရန် လိုအပ်သည့်ငွေကြေးများရှာဖွေသည်။ ထိုအချိန်တွင်မတော့ ကိုရင်စိုင်း Plan အတော်လေး ကသောင်းကနင်းနိုင်ခဲ့သည်။ သူမအားဆုံးရှူံးသွားလိုက်၊ ပြန်ရလိုက်နှင့် မှန်းထားသလောက် မဖြစ်လာနိုင်တော့ပေ။ သူမထွက်သွားလျင် ကိုရင်စိုင်း စိတ်တွေကသောင်းကနင်းဖြစ်ကာ ရည်ရွယ်ချက်မဲ့သွားပြီး ပိုက်ဆံတွေလျှောက်ဖြုန်း၊ သူမထံသို့ နည်းလမ်းပေါင်းစုံဖြင့် မျက်ရည်ခံထိုး၊ သူမပြန်ရောက်လာလျင် ဘဝကိုအသစ်ပြန်စနှင့် ဒုတိယနှစ်နှင့် တတိယနှစ်များတွင် ယောင်ချာချာဖြင့် သတို့သမီးဝတ်စုံပဲ ဝယ်ပေးရတော့မလို၊ လက်ဖွဲ့ပဲ ပို့ရတော့မလိုလိုနှင့် နောက်ဆုံးတွင်မတော့ မဆုတ်မနစ် ကြိုးစားမှုကြောင့် ဇွဲဆုရသည်ဟုဆိုရမလိုပင်။ ကိုရင်စိုင်းမှာ သတို့သမီးဝတ်စုံဝယ်ပေးရန် ပါမစ်ကျတော့သည်။

ယခုမှစပါတော့သည်။ တစ်ချိန်က လူစွမ်းကောင်းကြီးများ ထိုတစ်ရက်ပြုံးပျော်ဖို့ အဘယ်မျှ ကြိုးစားခဲ့ရလေသနည်း၊ ထိုကဲ့သို့သော ဝတ်စုံမျိုးဆင်မြန်းခွင့်ရရန် အဘယ်မျှ ကြိုးစားရလေသနည်း၊ အစရှိသည်တို့ကို သိလာရသည့်တစ်ခဏ ရင်မောသလိုလိုတော့ရှိမိပြန်ပေမယ့် ထိုလူစွမ်းကောင်းကြီးများနေရာသို့ တက်လှမ်းနိုင်ရေးအတွက် ပျောက်ဆုံးသွားသော နံရိုးလေးတစ်ချောင်းကို ရှာတွေ့နေချိန်တွင် ထပ်မံမပျောက်ဆုံးစေရေး… ဆွေးနွေးပြီးသာ တိုင်ပင်လျက်နှင့်

ရင်မောရပေမယ့် တွေးပျော်ရပါသောကြောင့်

လာမည့် ၂၀၁၃ မေလ ၅ ရက်နေ့အတွက် ပြင်ဆင်ရင်းနှင့် ကိုရင်စိုင်းလဲ လူစွမ်းကောင်းကြီး ဖြစ်ပါတော့မည်ဆိုတဲ့အကြောင်း။

စိုင်းကွမ်းခေး
(မန့်သလေးဂွဇွတ်)

41 comments

  • မောင့်ကျက်သရေ ဂီ့

    December 18, 2012 at 6:51 am

    ကွန်ဂရက်ကျူလေးရှင်းပါ .. ရွာသား အသစ်စက်စက်ကလေးရေ …

    :harr:

    မသိချင်ထောင်ထောင်ပီး ဖတ်သွားပါသီ
    ဟီဟိ

    • ရွာသားအသစ်စက်စက်လေးမှလဲ ရွာသားဟောင်းကြီးကို လွန်စွာ ကျေးဇူးတင်ပါကြောင်း
      အသစ်လေးတွေကို ကြိုဆိုတဲ့အတွက်လဲ လွန်စွာမှ ကျေးဇူးတင်လှပါကြောင်း

      :hee:

  • kyeemite

    December 18, 2012 at 8:32 am

    မင်္ဂလာပါ… ရွာသား အသစ်စက်စက်ကလေးရေ …
    နောက်ပီးတော့…ကွန်ဂရက်ကျူလေးရှင်းပါ .ရွာသား အသစ်စက်စက်ကလေးရေ …
    မင်္ဂလုံဆုံတော့မယ်ဆိုတော့…ရေးထားတဲ့ စာထဲမှာကို ပီတိသောမနသတွေ
    တွေ့နေရပါကြောင်း…. :hee:
    ကိုရင်ရှုံးမဟုတ်တော့တဲ့ “ကိုရင်နိုင်” အတွက်ဂုဏ်ယူပါတယ်ဗျို့…
    “~~~~~~~~~~~~မင်္ဂလာဆောင်ရင်တစ်ရွာလုံးဖိတ်ကြားမယ်~။”ဆိုတဲ့သီချင်းလေးရော
    အော်မဆိုချင်ဘူးလားဗျ…ဟဲဟဲ
    အပေါ်က ရွာသားအဟောင်းအမြင်းကြီး…ဂီဂီ ခမျာတော့ မချိသွားဖြဲ လုပ်နေလေရဲ့…
    သနားစရာ… :byae:

    • သတို့သားဘက်က ပွဲတက်ပေးဖို့အတွက် ရန်ကုန်နေသူများကို စုစည်းပြီး ဖိတ်ကြားတဲ့အကြောင်းကို အနီးကပ်ရင် သံချောင်းခေါက်ပါ့မယ်ဦးကြီးမိုက်ရေ… တွေ့ဆုံပွဲလေးအရင်လုပ်ပြီး အဲဒီမှာပဲဖိတ်စာဝေပြီး အနုနည်းနဲ့ ဓါးပြတိုက်ပါမယ်ဆိုတဲ့အကြောင်း….

      :harr:

  • Mobile

    December 18, 2012 at 8:32 am

    ရွာသား အသစ်စက်စက်လေး ရေ မန်ဂေဇတ် ရွာမှ ကြိုဆိုပါ၏။
    ဒါနဲ့ ကိုစိုင်းကွမ်းခေး ဆိုတဲ့လူတစ်ယောက်တောင် မတွေ့တာကြာပြီ။
    မိန်းမက internet မသုံးရ အမိန့်ထုတ်ထားလို့ ဖြစ်မယ် ။
    ဒါကြောင့် အခြားတပါးသော နည်းလမ်းဖြင့် ကြံဆခြင်း ဖြစ်ပေလိမ့်မည်။
    :harr:

  • Fall Guy

    December 18, 2012 at 9:21 am

    “အိစက်ညက်ညောတဲ့ ဖဲမွေ့ယာပေါ်ဝယ် ချစ်တလင်းခေါ်မယ် ချစ်ဗျုဟာခင်းမယ့်တူမောင်မယ်..”
    မင်္ဂလာဆောင်ကျရင် အဲဒီသီချင်းဖွင့်မှာလားဗျ….။ နားထောင်ရတာ နဲနဲတော့ ရှက်တယ် တွေးချင်စရာ…….

  • မင်းနန္ဓာ

    December 18, 2012 at 9:24 am

    အဲဒါ ငါတို့ကို ဖိကြွားတာ (ဂေါ်မချွံ အသိုးအချဉ် ရွာသူားများ)
    အောင်မယ်..ရာရာစစ ခြေရာတိုင်းချင်တယ်ပေါ့ (လူစွမ်းကောင်း ရွာသူားကြီးများ)
    .. ဟဲဟဲ အိုက်လို မတွေးကြဘာဘူးလို့ ပြောမလို့
    Welcome to my World,.. ကိုရင်ရေ..
    ဦးကြီးမိုက်လို ကိုရင်နိုင်လို့ ခေါ်ပါဘူး ကျုပ်က.. (နိုင်စားဖို့မှာမဟုတ်တာ.. ခြစ်ဖို့ ခြစ်ဖို့)
    အောင်မြင်မှုများနဲ့လူ လို့ ခေါ်လိုက်ပါတယ်ဗျာ.. ဗရာဗို

    • ကိုရွာစားကျော်ရေ… ရွာထဲမှာ မောင်ဂလာဆင်တွေ ခေတ်မစားခင်ကတည်းက ကြိုတင်အသိပေးဖူးပါတယ်… အကြောင်းကြောင်းသော အကြောင်းကြောင်းများကြောင့် ပျက်သွားခဲ့ပြီးမှ ခုမှသေချာလို့ ထပ်အသိပေးလိုက်ရပါကြောင်း….

      မနာလိုမဖြစ်ကြပါနဲ့လို့

      :hee:

      • amatmin

        December 19, 2012 at 3:51 pm

        ဟေ့လူရီး .ကိုရင်စိုင်း..
        အသိပေးတာကို လက်ခံပါဒယ်..
        နားလည်ပေးဘာဒယ်..
        ဝမ်းလည်း ဝိုင်းသာပေးပါဒယ်..
        မနာလိုမဖြစ်ကြပါနဲ့ ဆိုတာကြီးကတော့ ရင်ခံသဗျာ. 🙁
        ခင်ဗျားက နောင်နှစ် မေလကျမှမလားး ..
        ဟွန်း..ကျုပ်လည်း ကြံလိုက်ပါအုန်းမယ်.. 🙂

  • etone

    December 18, 2012 at 9:27 am

    Congratulation ပါ ကို ရှုံးရေ … မင်္ဂလာသတင်းကြားရတာ ၊ ဝမ်းသာပါတယ် ။
    ရှင်တို့က ရဲတွေပဲ .. လုပ်ကြပေါ့အေ …. ။ :kwi:

    ပုံ/ အပိုရီးမိစွာ 😉

  • Mon Kit

    December 18, 2012 at 11:19 am

    ဟိ… တစ်သက်လုံး ထောင်ကျ (အိမ်ထောင်) တော့မှာကို ကြိုတင် ရင်ခုန်နေတယ်တဲ့…
    နောက်ထှာနော်… ဂုဏ်ယူပါတယ် ကိုရင်ရှုံးရေ……. :hee:

  • kai

    December 18, 2012 at 11:53 am

    မြန်မြန်ဟေ့… မြန်မြန်…
    အခွင့်အရေးရတာနဲ့.. အမြန်ဆုံးဟေ့…
    အချစ်မှာစွန့်လွတ်တာမရှိ.. မတရားတာမရှိ..
    အမြန်ဆုံး… အမြန်ဆုံး..။ :kwi:

  • မောင်ပေ

    December 18, 2012 at 12:22 pm

    ဒီ ရွာသားစစ်စစ် နဲ ့တွေ ့ခွင့်ရတာ လူ ့ဆန္ဒမျိုးစုံအကြောင်းကို လိုက်မရှာပဲနဲ ့လေ့လာခွင့်ရတာပါကလား

  • နွယ်ပင်

    December 18, 2012 at 12:45 pm

    Congratulation ပါ ကိုရင်ရှုံး တစ်ဖြစ်လဲ ရွာသားအသစ်စက်စက်လေးရေ ….

  • Mr. MarGa

    December 18, 2012 at 1:14 pm

    ရွာသား အသစ်စက်စက်ကလေးရေ
    ဟို စိုင်းကွမ်းခေး ဆိုတဲ့ ရွာသားလိုတော့ မဟုတ်လောက်ပါဘူးနော်
    ဒီရွာသားလေးကလဲ
    ရောက်စ ရှိသေး
    မင်္ဂလာပွဲ အရင် စပြောတယ်ပေါ့
    တော်တော် ပျော်နေ ထင်ပါ့ကွယ်
    ဘာပဲဖြစ်ဖြစ်
    ရွာထဲက အပျိုလေးတွေကို ပြိုင် ပိုးမယ့်သူ တစ်ယောက် လျော့သွားသပေါ့ :mrgreen:
    ကောင်းပါတယ်ကွယ်
    ကွန်ကရက်ကျူလေးရှင်းပါ လို့

    • အဲဒီ စိုင်းကွမ်းခေးဆိုတဲ့ လူကြီးအကြောင်းသိပ်ပြောကြာတာပဲ
      မသိလို့မေးပါရစေဦး… အဲဒီသူက ဘယ်သူလဲဟင်
      :harr:

  • Mr. MarGa

    December 18, 2012 at 1:22 pm

    မောင်ရင်က ရွာသား အသစ်စက်စက်လေး ဆိုတော့ ဘယ်သိမလဲကွယ့်
    အဲဒီလူကြီးပေါ့ကွယ်
    ရွာထဲမှာ သူ့ကိုယ်သူ ရှုံးနိမ့်မှုများနဲ့ လူ ဆိုပြီးတော့ လာလာ ငိုပြနေတာ
    (အခုတော့ အရှေ့ အလယ်ပိုင်းမှာ ကြက်ကြော်ရောင်းနေ ထင်ပါ့) :harr:
    အခုတော့ ဘယ်ရောက်သွားလဲ မသိပါဘူးကွယ်
    အဲဒီလူကြီးက အရာရာမှာ ရှုံးတယ် ဆိုလားပဲ
    :kwi:

  • ko ဝီစကီ

    December 18, 2012 at 1:34 pm

    “ နှစ်ကိုယ်တူ ချစ်သမျှတွေ အလိုတူရှစ်ဆကဲနေ…”
    ကိုရင်စိုင်း အဲ့နေ့ကြရင် 16ဆ လောက်ကဲ့ပလိုက်နော့ … 🙂

    သူ့ကြုံးဝါးချက်ကြီးကလဲ ကြောက်စရာကြီး ဘာတဲ့ … “လူစွမ်းကောင်းကြီး ဖြစ်ပါတော့မယ်” တဲ့

  • ဗုံဗုံ

    December 18, 2012 at 1:37 pm

    ဦးလေး မင်လာဆောင်ရင် တောဝက်သားကျွေးမှာလား :harr:

    • Mobile

      December 18, 2012 at 2:55 pm

      တူညား ချောက်မေး မနေပါနဲ့ (———-) မင်္ဂလာချောင်ရင်ကော
      ဘာကျွေးရမှာလဲ အဲ့ဒါ အရင်စဉ်းစားပါ
      (စိုင်းစိုင်ခမ်းလှိုင်+သီရိဆွေ ဆိုထားတဲ့ တီချင်းနာမည်)
      :harr:

      • ဗုံဗုံ

        December 18, 2012 at 5:00 pm

        နာ မင်လာဆောင်ရင်လေ သုံးမျိုးကျွေးမှာ တိလား မိုဘိုင်းပြုတ်ကြော် ၊ မိုဘိုင်း နုတ်နုတ်စင်း ၊ မိုဘိုင်း ဖက်ထုပ် ၊ ကျွေးမှာ ရအောင်ရှာပေးထား ဒါဘဲ :harr:

  • Shwe Ei

    December 18, 2012 at 3:48 pm

    ဟတ်ကဲ့ သများလဲ အပေါ်က သများတေလိုဘဲ
    ကွန်ကရစ်ဂျူလေးချင်း လုပ်ပါတယ် :hee:

  • Foreign Resident

    December 18, 2012 at 4:32 pm

    ကွန်ဂရက်ကျူလေးရှင်းပါ .. ကိုရင် စိုင်း ရေ
    ကိုရင် ရှုံး က နေ နာမည်ပြောင်းလိုက်ပြီ ဆိုတော့ ၊
    ရှေ့လျောက် ကိုရင် နိုင် အနေနှင့် အမြဲ ပျော်ရွှင်နိုင်ပါစေကွယ် ။

  • Green Rose

    December 18, 2012 at 4:44 pm

    ကွန်ဂရက်ကျူလေးရှင်းပါ
    ဒါနဲ့ တစ်သက်မှာတစ်ခါ ဆင်မြန်းခွင့်ရတဲ့ ဝတ်စုံလေးဆိုတော့ ဘယ်သူနဲ့မှမတူအောင် နောင်ကို ဘယ်သူမှလည်း လိုက်မတုနိုင်အောင် စဉ်းစားသင့်တယ်နော်.. အကြံဉာဏ်လိုရင် ရွာသူ၊ ရွာသားတွေ ဝိုင်းစဉ်းစားပေးမှာပေါ့။

    :koi:

  • ရွှေ ကြည်

    December 18, 2012 at 6:24 pm

    ရွာသားအတစ်ချက်ချက်ရေးရေ ဝမ်းသာပါတယ်နော်
    အိမ်ထောင်သည် အတစ်ချက်ချက်လေးလဲဖြစ်တော့မှာပေါ့နော် 😆
    ဂရုစိုက်ပါဗျို့ မင်္ဂလာဆောင်ကာနီး သတို့သားလောင်း သတို့သမီးလောင်းတွေ သတိထားရတယ်တဲ့ :harr:
    ပွဲကျင်းပပြီးရင်လည်းပို့စ်တင်ပါဗျ
    အဲဒိတော့မှ ဆုတောင်းရေးမယ်။

  • MaMa

    December 18, 2012 at 6:33 pm

    လက်ဖွဲ့ရန် အသင့် ပြင်ဆင်ထားပါကြောင်း ကြိုတင် သံချောင်း ခေါက်သွားပါသည်။ :hee:

  • ဝင့်ပြုံးမြင့်

    December 18, 2012 at 11:28 pm

    အခုမှပဲ လူနဲ့နာမည်နဲ့ လိုက်တော့တယ်။ ကိုရင်ရှုံး ဆိုတဲ့ နာမည်ကိုပြောတာပါ။ ချစ်မိတဲ့လူက အရှုံးပဲ ကိုရင်ရှုံးရဲ့။ 🙂

  • pooch

    December 18, 2012 at 11:37 pm

    လူစွမ်းကောင်းကြီး ကိုရင်စိုင်းဖြစ်တော့မှာဆိုတော့လည်း ကြွားနိုင်ပြီပေါ့လေ ကိုယ့်ကုသိုလ်နဲ့ ကို်ယ်ကြွားနိုင်တာမို့ မုဒိတာပွားပါတယ်။
    ဖူးစာမှန်ရင် သိကြားမင်းဆင်းဖျက်တောင် မပျက်ဖူးဆိုတာ ယုံပြီမလား 😀

  • ဝင်ရောက်အားပေးကြသော ရွာသူ/ ရွာသားဟောင်းများကို လွန်စွာကျေးဇူးတင်ပါကြောင်းနှင့်
    အချိန်ဆင်းရဲလှသောကြောင့် တစ်ယောက်ချင်းစီ စာမပြန်ဖြစ်တာကို ခွင့်လွှတ်စေလိုပါကြောင်း

  • Thuyazaw

    December 19, 2012 at 11:47 am

    Congratulation ပါဗျာ…… မကြာခင်အိုရတော့မယ်ဆိုတော့ တစ်ရွာလုံး မီးခိုးတိတ် ဖိတ်ပလိုက်ပါလား…….. မင်္ဂလာချောင်မယ် မင်္ဂလာချောင်မယ် ဝါကျွတ်ရင်ကွယ်…… ခရေးတွေလဲ ဖေ့ကြားမယ်…… လူကြီးတွေလဲ ဖေ့ကြားမယ်…… တစ်ရွာလုံးကိုလဲ ဖေ့ကြားမယ်…….. (စကားမပီကလာ ပီကလာသံ) ဖေ့ကြားမယ် = ဖိတ်ကြားမယ်
    ကြိုဆိုပါတယ်ဗျာ……ရွာသား အသစ်စက်စက်လေးရေ

  • ဦးကြောင်ကြီး

    December 19, 2012 at 11:57 am

    စွံပလွန်သီးနဲ့ ကြက်တောင်ပံရိုး နေ့တိုင်းစား အားမွေးထားပေါ့ကွာ…။

    • Thuyazaw

      December 19, 2012 at 12:11 pm

      အဲဒါစား အဟုတ်ပဲ ဂွဒ်သလားဗျ….. ဦးကြောင်ကြီးရ

      • Thuyazaw

        December 19, 2012 at 3:30 pm

        အော် ……. အင်း……ဟုတ်ကဲ့…..အေးဘာာာ…..

  • ဆူး

    December 19, 2012 at 3:02 pm

    ခြေရာ ဖျောက်ပြီး ရွာသားအသစ်စက်စက် ကလေး ဆိုပြီး ပြန်ဖြစ်လာပါလား..
    လာရမှာပေါ့.. လာရမှာပေါ့..

    ကြိုပြီး အများကြီး ရေရှည်စီမံကိန်း ဆွဲတတ်သူမို့ ဘာမှ ဆရာ လုပ်ဖို့ လိုမယ် မထင်ဘူးနော်။
    အကူအညီလိုရင် ပြောပါအုန်း

  • ရွာသူ jujuma .

    December 19, 2012 at 3:58 pm

    ပျောက်ဆုံးသွားသော နံရိုးလေးတစ်ချောင်းကို ရှာတွေ့နေချိန်တွင် ထပ်မံမပျောက်ဆုံးစေရေး… ဆွေးနွေးပြီးသာ တိုင်ပင် …… ဂွတ်တယ်ဗျာ ..
    နံရိုးပျောက်ရင် ရှာရမည့်နည်းလေး သိခွင့်ရှိမလားဗျ .. :kwi:

Leave a Reply