ဝ = ဝါသနာ မပါဘူး လို ့. … မပြောပါနဲ ့….။

alinsettDecember 17, 20121min42245
445
စာအုပ်များနဲ ့ကျွန်တော်...
စာအုပ်များနဲ ့ကျွန်တော်…

ကျွန်တော် စာဖတ်တဲ့အခါ……………….

စာအုပ်တစ်အုပ်ကို သေတ္တာ တစ်လုံး ဖွင့် ကြည့် ရသလို ဖတ် ပါတယ် ။

အဲဒီ စာအုပ် ကို ဖတ်တာ ဟာ အဲဒီ သေတ္တာ ကို ဖွင့်ပြီး …..

အထဲက ကိုယ်နဲ့ သင့်တော်တာ ဘာရှိမလဲ/ အထဲက ဘာ ယူလို့ ရမလဲ / ဘာကို ယူပြီး …

ဘာကို မယူပဲ ဖယ်ထုတ် လိုက်သင့်သလဲ

လို ့ရွေးချယ်သလို ဖတ်ပါတယ် ။

++++++++++++++++++++++++++++++++++++++++++++

ကျွန်တော်နဲ့အခုမှ စ သိသူတွေကိုရော

ဟိုတုန်းကတည်းက ခင်မင်သိကျွမ်းခဲ့သူ တွေကိုပါ ကျွန်တော် မေးဖူးတဲ့မေးခွန်း တစ်ခု ရှိပါတယ် ။

စာ ဖတ် ဖြစ်လား

စာ ဖတ်သလားလို ့မေးလိုက်တဲ့အခါ………..

တချို ့ ( လူကြီးပိုင်း တချို ့ ) က ဖတ်တာပေါ့….. လို့ ဖြေတတ်ပြီး လူငယ်တော်တော် များများ ကတော့ စာဖတ်တာ ဝါသနာ မပါဘူး . . တဲ့ ။

အဲဒီလို ဝါသနာမပါလို့ စာ မဖတ်ပါဘူးဆိုတဲ့… အဖြေကို ကြားရတိုင်း ကျွန်တော် တော်တော်… စိတ်ညစ် သွားပါတယ် ။

ဝါသနာမပါလို ့ စာမဖတ် ဆို တာကို ကြားရပါ များလာတဲ့အခါ …. ကျွန်တော် အတွေး နယ်ချဲ့ ရပါတော့တယ် ။

စာ ဖတ်ခြင်း နဲ ့ ဝါသနာ ဆိုတာ ရဲ ့ ကြားမှာ…. ကျွန်တော့် အတွေးတို့ လွင့်မျော/ နားလည်ရ ခက်စွာ တွေးင်္ပြီးရင်း ဆက်တွေးမ်ိပါတယ် ။

ဝါသနာပါမှ . . . . . စာဖတ်မှာ လား ?

++++++++++++++++++++++++++++++++++++++++++++++++++++++++++++

အမှန်အတိုင်းပြောရရင် ကျွန်တော်ကိုယ်တိုင်လည်း စာဖတ်ခြင်းကို ဝါသနာ မပါ ပါဘုူး ။ ဝါသနာ ဆိုတာအလုပ်

တစ်ခုကို (အပြုအမူ တစ်ခုကို ) ကိုယ်တိုင် က နှစ်သက် ခုံမင်စွာ အဲဒီ အလုပ် /အပြု အမူ ထဲမှာပဲ စိတ်ကို နှစ်ထားပြီး

အဆက်မပြတ် လုပ်နေချင်တာ . . . ဆိုရင်

ကျွန်တော် ဝါသနာ ပါတာက ခရီးသွားခြင်း… နဲ ့ ပျက်နေတဲ့ အရာတစ်ခုခုကို အကောင်း ပြန်ဖြစ်သွားအောင် ပြုပြင်ခြင်းက ကျွန်တော့် ဝါသနာပါ ။

ခရီးတွေသွားနေရရင် ကျွန်တော် ပျော်နေ တတ်တယ်။

မနားမနေ ခရီး တွေ သွားနေ ချင်သူပါ ။

ကိုယ် တစ်ခါမှ မရောက် ဖူးသေး တဲ ့နေရာတွေဆီ တစ်ယောက်တည်း ကြုံ သလို သွားလာ ဖြတ်သန်း နေရတာကို

နှစ်သက် မက်မောပြီး အဲဒီ နေရာသစ်ရဲ ့ အခြေအနေ /အနေအထားတွေကို လေ့လာ စုူးစမ်း ရတာကို တော်တော် ကျေနပ်နှစ်သက် မိသူပါ ။

နယ်မြေသစ်ကို ရှာဖွေ တွေ ့ရှိချင်တဲ့သူ…. လို့ ကိုယ့် က်ို ကိုယ် သတ်မှတ် ပါတယ် ။

နောက်ထပ် ဝါသနာ တစ်ခုကလည်း

ကျွန်တော် အတော်လေး ခုံမင် မက်မောရ တာပါ ။

ပျက်နေပြီ လို ့သတ်မှတ်ပြီး ပစ်ရ တော့မယ့် ပစ္စည်းတစ်ခုခု ကို တွေ ့ရင်

ပြင်လို ့ရဦးမလး ပဲ ဆိုတဲ့မျှော်လင့်ချက်… မျှင်မျှင် ကလေး နဲ ့ တတ်သလောက် မှတ်သလောက် ကလိ ကြည့်တတ် တာပါ။

ကလိ ကြည့် ရင်း နဲ ့ ပြန်သုံးလို ့ရ တဲ့အထိ ကောင်းသွားတဲ ့အခါ …..

ဘာနဲ့ ့မှ မတူတဲ့ အောင်မြင် / ကျေနပ်မှု ကြောင့် ကျွန်တော် ပျော်တတ်ပါတယ် ။

ပျက်သွားပြီလို ့ သတ်မှတ်လိုက်တဲ့ အရာတစ်ခုခုက်ို ပြန်ကောင်းလာအောင် ပြင်လိုက်နိုင်တဲ့အခါတိုင်း

ကျွန်တော်…. တီထွင်ပညာရှင်တစ်ယောက် ပစ္စည်းတစ်ခုခုကို ထီထွင်နိုင်လိုက် သလို ကျေနပ်ပါတယ် ။

အမှန်အတိုင်းပြောရ ရင် …. စာဖတ်ခြင်းကို ကျွန်တော် ဝါသနာ မပါ ဘူး ။

ဒါပေမယ့်…………………

စာကို မဖတ် မဖြစ် ဖတ်ကို ဖတ်ရမယ် . . . လို့ ကိုယ့်အတွက် ကိုယ် အမိန် ့ထုတ်ပြီး……………

……………….

ဖတ်ဖြစ်အောင်လည်း ဖတ်ခဲ့ပါတယ် ။

အချိန် ရ ရင် ရ သလို စာအုပ်နဲ့ မျက်နှာ ကပ် ထား တတ်ပါတယ် ။

ခရီးသွားရင်တောင် ကျွနိတော့် အိတ်ထဲမှာ မပါမဖြစ် ပါလာတတ်တာက စာအုပ်တွေပါ ။

အလုပ်သွား အလုပ်ပြန် လိုင်းကား စောင့်ရ ချိန်တွေ /

ကားပေါ်မှာ ပျင်းစရာကောင်း လောက်အောင် ထိုင် စီးနေရချိန်တွေဟာလည်း …………

ကျွန်တော့် ရဲ ့ စာဖတ်ချိန်တွေပါပဲ ။

( ( ကျွန်တော် တို့ ဆီက လမ်းတွေရဲ့ အခြေအနေ အရ ကားပေါ်မှာ စာအုပ်ဖတ် ရတာ ဇိမ်တော့ မရှိပါဘုုူး ။

ကိုယ့် တစ်ကိုယ်စာ ယိုင်ရွဲ ့ခွေ ခေါက် ကျမသွားအောင် တောင် ….မှီရာကို မနည်း ဆွဲ ထားရတာ . . . . . . . .

ဆိုတော့ စာအုပ်ကိုင်ပြီး ဇိမ်နဲ ့စာအုပ်ဖတ်နေရဖို့က သိပ်တော့ မလွယ်ပါဘူး။ ထိုင်စရာ နေရာ တစ်ခုခု ရဖို့ တောင်မလွယ်။

ကားတွေက တော်တော်.. ကျပ်တောက် နေတတ်တာ ။ ဒါပေမယ့် လမ်းတွေတဖြည်း ပိုကောင်းလာလေလေ….

စနစ်တွေတဖြည်းဖြည်း ပိုကောင်းလာလေလေ …. လို ့မျှော်လင့်ရင်း ကားပေါ်မှာ စာအုပ် ကိုင် ဖတ်ဖို ့ဇိမ်ကျလာမယ့်နေ ့ကို

မျှော်လင့်ပါတယ် ။ ))

ထားပါတော့ ။

ပြောချင်တာက ကျွန်တော် ဝါသနာ မပါလည်း စာဖတ်တယ် ။

စာအုပ်ဖတ်ခြင်း ဆိုတာ ကျွန်တော် ့ ဘဝ အတွက် မလုပ်မဖြစ် လုပ်ကို လုပ်ရမယ့် ကိစ္စ မို ့ စာဖတ်ပါတယ် ။

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ကျွန်တော့်ကို စာအုပ်တွေနဲ ့ စတင် ရင်းနှီးစေခဲ့သူတွေကို တန်းစီလိုက်ရင်

ကျွန်တော့် ဖေဖေနဲ ့မေမေက ထိပ်ဆုံးက ရှိနေပါတယ်။

မေမေက ကျွန်တော့်ကို ဝတ္ထု စာအုပ်တွေ ငှားခိုင်းလေ့ရှိတယ် ။

စာအုပ်အငှားဆိုင်ကို….သွားငှားခိုင်းတိုင်း

ကောင်းမယ့်စာအုပ် ကို ရွေးပြီး ငှားခဲ့ လို ့ပြောတယ်။

စာအုပ်အငှား ဆိုင်ထဲ ရောက်တဲ့အခါ အဆူခံရမှာ စိုးလို့ တော်တော် ရွေး ရပါတယ်။

ဆယ့်ခြောက်နှစ် ပြည့်ဖို ့ သုံးလေးနှစ်အလို အရွယ်ကလေးနဲ ့ စာအုပ်တွေကို တစ်အုပ် ပြီးတစ်အုပ် မြည်းစမ်း ရွေးချယ်ခဲ့ရတယ် ။

ကိုယ် ငှားခဲ့တဲ့စာအုပ် မကောင်း မှာ စိုးလို ့….. ရွေးချယ် မြည်းစမ်း ရင်းနဲ့ပဲ စာအုပ်ဆိုင်မှာကိုက

စာ အတော် ဖတ်ဖြစ်သွားတာပေါ့။

အိမ်ရောက် လို ့အမေ ဖတ်ပြီးတဲ့ စာအုပ်ကို

အမေက ကောင်းတယ်ဆိုရင် ဘာလို ့ကောင်းတာလဲ /

မကောင်းဘူးဆိုရင်လည်း …. ဘာလို့ မကောင်းတာလဲ သိချင်စိတ်နဲ ့ ဝတ္ထုစာအုပ်အတော်များများ ကို ဖတ်ဖြစ်ခဲ့ပါတယ် ။

နောက်ပိုင်းမှာတော့ ရသ စာပေကို စိတ်ဝင်စားစွာ မြတ်နိုး ချစ်ခင်ပြီး ဆက်ဖတ် ခဲ့ပါတယ် ။

ရသစာပေ အနုပညာယကို ချစ်ခင်စိတ် ဝင်လာစေတဲ ့ တွန်းအားတွေထဲမှာ…

တာရာမင်းဝေ ရဲ ့ စာပေ ဖန်တီးမှု တွေကို ဖတ်မိ / အားကျမိတာကလည်း..တစ်ဏ္ဍအနေနဲ ့ ပါပါတယ် ။

ကို စိတ်ဝင်စား မေမေ့ စာအုပ်မိတ်ဆက်က သိပ်မထိရောက်ခဲ့ဘူး …….ဆိုရင်တောင်

ဖေဖေကတော့ ကျွန်တော် ဘယ်လို စာအုပ် စာပေမျိုး ဖတ်သင့်တယ်ဆိုတာကို

ရွေးချယ် ညွှန်ပြ ပေးခဲ့လို ့ဖေဖေဟာ အတော် ထိရောက်တဲ့ စာပေ မိတ်ဆက်သူပါ ။

မေမေ့ ကျေးဇူးကြောင့် ၁၆ နှစ် မပြည့်ခင် မှာပဲ ဂျူး တို ့တာရာမင်းဝေ တို့ နဲ့ အခြား…

ဝတ္ထုတွေ ကို ဖတ်ခဲ့ ရပြီး ……………..

ဖေဖေ ့ကျေးဇူးကြောင့် ၁၆ နှစ် အရွယ် နောက်ပိုင်းမှာ တော့ ပီမိုးနင်း ရဲ့ ဘဝတိုက်ပွဲ တို ့

အောင်စိတ်တို ့

သုခချမ်းသာ စိတ်ပညာတို့ အပြင် ……………..

အခြား စာအုပ် စာတမ်း တော်တော် များများ ကို ဖတ်နိုင်ခဲ့ပါတယ် ။

ရသ စာပေ နဲ့ စာပေသဘောတရားတွေကို ကျွန်တော် စိတ်ဝင်စားခဲ့ပါတယ် ။

နောက်တော့ မော်ဒန်ကဗျာတွေနဲ ့ မော်ဒန် ဝတ္ထုဆိုတာတွေကို တအား.စိတ်ဝင်စားခဲ့ပါတယ် ။

အဲဒီနောက်တော့…..

စာအုပ်တော မှာ..ကျွန်တော်..မျော…..လို ့..ပေါ့ ။

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

စာ ဖတ်သူ အမျိုးမျိုး ရှိတဲ့ အထဲကမှ

ကျွန်တော်က စာစုံအောင် ဖတ်ချင်တဲ့သူ ဖြစ်ပါတယ် ။

တချို ့က ဝတ္ထု စာအုပ်ပဲ ဖတ်တယ် ။ ဝတ္ထု တောင်မှ လွန်းထားထားဆို … လွန်းထားထား ပဲ ။

တခြားသူ ရေး တဲ့ ဝတ္ထု ဆို မဖတ်ချင်ဘူး ။ အဲဒီ နေရာ မှာပဲ ရပ်သွားတာပါ ။

တချို ့က မဂ္ဂဇင်း ပဲ ဖတ်တယ် ။

တချို ့က ဂျာနယ် ပဲ ဖတ်တယ် ။

တချို ့က ရသ ကို စိတ်မဝင်စားပဲ သုတစာပေပဲ ဖတ်တယ် ။

တချို့က တော့ ကိုယ့် ဘဝ / ကိုယ့် အခြေ အနေ / ကိုယ် ့ အလုပ် အကိုင်နဲ ့ ဆိုင်တဲ့ စာအုပ်ပဲ ဖတ်တယ်။

ရသ စာပေ ကို ချစ်သူ တော်တော်များများကတော့ စာစုံအောင် ဖတ်ဖြစ်ခဲ့တာ များပါတယ် ။ ((လို ့ထင်ပါတယ် ))

ဘယ်လို စာဖတ်သူ အမျိုးအစား မဆို စာ ဖတ်ပြီဆိုကတည်းက ကောင်းနေပါပြီ ။

အဲ. . . ညစ်ညမ်းစာအုပ်တွေကိုမှ ဖတ်ချင် သူဆိုရင်တော့ သိပ်မကောင်းဘူးပေါ့နော့ ။ :kwi:

ကျွန်တော်ကတော့ စာ အစုံအစိ ဖတ်ချင်သူ ပါ ။

(( ညစ်ညမ်းစာပေ တွေက လွဲရင် ပေါ့ ။ ဒါလည်း ပြောရသေးတယ်လေ.. :kwi: ))

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

စာပေ ရဲ့ ကျေးဇူးတရားကို စာတွေ စုံအောင် ဖတ်ရင်း ဖတ်ရင်းနဲ့မှ သိလာတာ ။

စာအုပ်ထဲမှာက အမှန်တွေ ရှိသလို…… အမှား တွေလည်း ရှိနေပါတယ်။

ဘယ်ဟာက အမှန် /

ဘယ်ဟာက အမှား ဆိုတာကို ရွေးထုတ် တတ်အောင် စာအုပ်ဖတ်ခြင်းက ပဲ သင်ကြားပေးပါတယ်။

စာ များများ ဖတ်လာလေလေ …………..

အမှား အမှန် ကို တိတိကျကျ ရွေးထုတ်တတ်လာလေ ပေါ့ ။

ကျွန်တော် စာဖတ်တဲ့အခါ……………….

စာအုပ်တစ်အုပ်ကို သေတ္တာ တစ်လုံး ဖွင့် ကြည့် ရသလို ဖတ် ပါတယ် ။

အဲဒီ စာအုပ် ကို ဖတ်တာ ဟာ အဲဒီ သေတ္တာ ကို ဖွင့်ပြီး …..

အထဲက ကိုယ်နဲ့ သင့်တော်တာ ဘာရှိမလဲ/ အထဲက ဘာ ယူလို့ ရမလဲ / ဘာကို ယူပြီး …

ဘာကို မယူပဲ ဖယ်ထုတ် လိုက်သင့်သလဲ

လို ့ရွေးချယ်သလို ဖတ်ပါတယ် ။

ကျွန်တော့်အတွက်တော့ စာအုပ်တွေဟာ……

ဘဝရှင်သန်ရေးမှာ လိုအပ်တဲ့ လက်နှက်ကိရိယာတွေ ကို လိုသလောက် ထုတ်ယူလို ့…. ရ နေတဲ့ ဗဟုသုတ သေတ္တာ ကြီးတွေပါ ။

စာဖတ်သူတွေ အတွက် တကယ့် စေတနာ ပါပါ ရေးတဲ့ စာရေးဆရာတွေ / အများ ကောင်းကျိုး ရှေ့ရှု ပြီး

ရေးသား တွေးခေါ် နေကြတဲ့ စာရေးဆရာ တွေ ရေးတဲ့ စာတိုင်းဟာ …………..

ယူသင့် ယုူထိုက်တဲ့ အသိ / အမြင်တွေ ပါ ။

သူတို ့ ရေးပြ / တွေးပြလိုက်တဲ့ အတွေး / အမြင်တွေ / အသိ ပေးချက်တွေဟာ ကိုယ့်ဘဝ ရှင်သန်ရေး အတွက် /

ကိုယ့် လူနေမှု ဘဝ အတွက် သင်ခန်းစာ ယူစရာတွေ ပါ ။

မှတ်သား လေ့လာစရာတွေပါ ။

အဲဒီလို စာကောင်းကောင်း တွေ များများ ဖတ်လေ ကိုယ့်ဘဝ ကို ခက်ခက်ခဲခဲ မှောင်မှောင် မည်းမည်း လျှောက်ရာလမ်းမှာ………….

အလင်းရောင်တွေ က များများ…လမ်းပြ လာလေလေပေါ့ ။

ဒါကြောင် ့ စာဖတ် ခြင်း ဆိုတာက ဘဝအတွက် လိုအပ်လွန်းလို ့

ကျွန်တော် … စာဖတ်ပါတယ် ။

ဝါသနာ မပါလည်း စာဖတ် ပါတယ် ။

ဖတ်ကို ဖတ်ရမှာ မို ့ဖတ်ပါတယ် ။

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

အနည်းဆုံးတော့ ကိုယ့်အလုပ်/ ကိုယ့်ဘဝ အနေအထားနဲ့ဆ်ိုင်တဲ့ စာကို ဖတ်ရမယ် ။

နောက်ပြီး ရသ စာပေ ဆိုတာကို လည်း လူသားအတွက် နှစ်သိမ့် ကြည်နူးမှု ပေး စေတဲ့ အနုပညာ ခံစားခြင်း အဖြစ်

ရသ စာပေကို ဖတ်သင့်ပါတယ်။

ရသ စာပေကို အပျင်းပြေ ဖတ်တယ်ဆိုတဲ့ အဆင့်ကတော့ ရင်နာစရာကောင်း လောက်အောင် နိမ့် ပါတယ် ။

တစ်ချို ့ရသ စာပေလက်ရာတွေကလည်း..အပျင်းပြေ အဆင့် ထက် ပိုမလာနိုုင်တာ..ရင်နာစရာကောင်းတာပါပဲ…။

ကျွန်တော်တို့ နိုင်ငံမှာ စာအုပ် စာပေ ရဲ့ အခန်းကဏ္ဍ ဟာ မှေးမှိန် လာပါပြီ။

ဒီနေ ့ လို…. နည်းပညာတွေ ဖျော်ဖြေရေး နည်း လမ်း အသစ်အဆန်းတွေ များပြား ဆန်းကြယ်လာတဲ့ ခေတ်မှာ …………..

လူငယ်တွေ စာဖတ် အား နည်း လာပါပြီ ။

ဂိမ်းဆော့ သူတွေ / အင်တာနက် ချက်တင် နဲ ့အချိန်ကုန်သူတွေ /

လက်ဖက်ရည်ဆိုင် ထိုင်ပြီး အချိန်ကုန် ခံ သုူတွေ /

လမ်းဘေး အုတ်ခုံ ပေါ်မှာ အုပ်စုတွေဖွဲ့ / အရေမရ အဖတ်မရ လုပ်ရပ်နဲ့ လုူငယ်တွေ /

ရုပ်သံ ဇာတ်လမ်း တွဲ တွေ နဲ ့ အခြား ဖျော်ဖြေရေး တွေရဲ့ ဖမ်းစားမှု အောက်

ရောက်နေကြသူတွေ တဖြည်းဖြည်း များလာသလောက်

တစ်ဘက်ကလည်း ….. စာ ဖတ် တဲ့ လူငယ်တွေ တဖြည်းဖြည်း …. နည်း . . . နည်းသွားပါပြီ ။

စာဖတ်အား နည်းသွားတာဟာ တိုင်းပြည်အတွက် လည်း မကောင်းသလို

စာအုပ် စာပေ လောကအတွက်လည်း ရလဒ်ကောင်း ဖြစ်မလာနိုငိပါဘူး ။

ဒါ့ကြောင့်………………

ဝါသနာ မပါလို ့စာ မဖတ်ဘူး ဆိုတဲ့ လုူငယ်တွေကိုတွေ ့ရတိုင်း…

ကျွန်တော် ထပ် မေးလိုက်ချင်တာက ………………

ဝါသနာ ပါမှ စာဖတ်မှာလား ……………. လို ့။

ကိုယ်ကတော့ ဝါသနာ မပါလည်း စာ ဖတ်တယ် ။

ဘဝ အတွက် စာဖတ်ခြင်းကို လိုအပ်လွန်း လို ့ကို စာ ဖတ်တယ်။

မင်းရော ဝါသနာ ပါမှ စာ ဖတ်မှာလား ။

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

အခု ဒီရွာကို / ဒီစာကို ………………

လာဖတ်တဲ့ စာဖတ်သူ လူကြီးမင်းကတော့ ….

စာ မဖတ်ဘူး ဆိုတဲ့ စာရင်းမှာ မပါတာ သေချာနေပါပြီ ။

ဒါပေမယ့် တစ်ခုတော့ ထပ်ပြောချင်ပါတယ် ။

တကယ်လို ့ လူကြီးမင်း ရဲ့ အရှေ့မှာ………………

ဝါသနာ မပါလို ့စာ မဖတ် ဘူး လို ့ ပြောလာတဲ့ လူငယ်တွေ ကို တွေ ့ရင်

ပြောပေးပါ ။ ( ပြောပေးပါ ။ )

( လူကြီးမင်းကိုယ်တိုင်ကလည်း စာကောင်းကောင်းလေးတွေကိုလူငယ်တွေ ဖတ်ကြစေ လွန်း စိတ် ပြင်းပြရင်ပေါ့ဗျာ )

ကျေးဇူးပြုပြီး……………….

(( လူကြီးမင်း အရှေ့မှာ ဝါသနာ မပါလို ့စာ မဖတ်ဘူး ဆိုတဲ့လုူငယ်တွေကို တွေ ့ရင် ))

မေး ပေးပါ ။

ဝါသနာ ပါမှ စာဖတ်မှာ လား

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

လေးစားစွာဖြင့်….

အလင်းဆက်

++++++++++++++++++++++++++++++++++

စာအုပ်များနဲ ့ ကျွန်တော့် ချစ်ခြင်း
စာအုပ်များနဲ ့ ကျွန်တော့် ချစ်ခြင်း

အက္ခရာတွေ နဲ ့.. ပြောချင်တာလေးတွေ..ရောက်တတ်ရာရာ ပြောလာတာ…

အခုဆို.. ဝ = လည်း. လွန်မြောက်ခဲ့ပါပေါ့ဗျာ။

ကျွန်တော် ခံစား ခဲ့တဲ ့အက္ခရာ အစဉ်လိုက်.

ဆောင်းပါးတွေကို…

အဆက်မပြတ် လိုက်ပါ..ဖတ်ရှု.ခံစားပေးနေကြတဲ ့…

စာဖတ်သူ..များ..

ကျွန်တော့် သူငယ်ချင်း မိတ်ဆွေများ..

ဂဇက်ရွာသား ရွာသူများ…. နဲ ့

အခြား..စာချစ်သူများ..

အားလုံးကို…

အထူး ကျေးဇူးတင်နေလျက်ပါ…ခင်ဗျ ။.

နောက် လာမယ့်…လက်ကျန် အက္ခရာလေးတွေကိုလည်း….

တွေ ့မိသမျှ….ကို.ရေးမိနေဦးမှာ မို ့….

လိုက်ပါ..ခံစားပေးပါဦး..နော့ ။

:kwi:

++++++++++++++++++++++++++++++

ယ = ယိမ်းက ကြမည့် လက်တို ့၏ ရာဇဝင်

ရ = ရသင့်တာလေးတွေတောင် မရကြသေးလို ့..

လ = လွတ်လပ်ရေးနှင့် ကျွန်တော် လျှောက်သော လမ်း

45 comments

  • Mr. MarGa

    December 17, 2012 at 7:49 pm

    အလက်ဆင်းရေ
    ဦးမာဃလဲ စာစုံဖတ်သကွယ့်
    ဝါသနာ ဆိုလဲ ဟုတ်ပါတယ်
    ဖတ်သမျှထဲကပဲ မှတ်သင့်တာမှတ်၊ ရှောင်သင့်တာရှောင်၊ ပယ်သင့်တာ ပယ် လုပ်ခဲ့ရပါတယ်
    စာပေအားလုံးမှာ မှတ်စရာ တစ်ခုတော့ ရှိတတ်ပါတယ်
    မှတ်တတ်ရင်ပေါ့လေ
    အကောင်းဘက်က မှတ်မှတ် အဆိုးဘက်က မှတ်မှတ်ပေါ့ကွယ်

  • Mobile

    December 17, 2012 at 7:51 pm

    ကိုအလင်းဆက်ရေ မင်္ဂလာပါခင့်ဗျ။
    ကိုအလင်းဆက်ရဲ့ မေးခွန်းလေးအရ ကျနော်စာဖတ်ပါတယ်ခင်ည။
    ကိုအလင်းဆက် အနေဖြင့် ခရီးသွားခြင်း နှင့် ပျက်နေတဲ့အရာတစ်ခုကို
    အကောင်းပြန်ဖြစ်သွားအောင် ပြင်တာဆိုတော့က အလုပ်ကိစ္စလေးတစ်ခု
    တိုင်ပင်ချင်ပါတယ်။ ခရီးလည်းသွားရမယ် ပျက်နေတဲ့ အရာတွေကိုလဲ
    အကောင်းပြန်ဖြစ် သွားအောင်ပြင်ရမယ် အထွေအထူးတော့ ဟုတ်ပါဘူး
    မြန်မာနိုင်ငံထဲမှာ ရှိနေတဲ့ လူများစု အကျင့်ပျက် နေတာကို လိုက်ပြင်ပေးဖို့
    အဆင်ပြေပါ့မလား ဆိုတာလေးးးးးးးးးးးးးးးးးးးးးးးး
    :harr:

  • အလင်းဆက်

    December 17, 2012 at 8:06 pm

    သိကြားမင်းကြီးရေ…

    မှန်ပါ့ဗျား..။
    စာပေသမားချင်းမို ့.. လေးစားမိပါတယ်ဗျ။

    ———————–

    ကိုကို Mobile ခည

    မြန်မာနိုင်ငံထဲမှာ ရှိနေတဲ့ လူများစု အကျင့်ပျက် နေတာကို လိုက်ပြင်ပေးဖို့

    ဆိုတာကတော့…

    🙂

    • Mr. MarGa

      December 17, 2012 at 8:29 pm

      အလက်ဆင်းရေ
      စာပေသမား……………..
      အင်းးးးးးးးးးးးးးးအဲဒီနာမည်တော့ ဦးမာဃ မခံယူရဲသေးဘူးကွယ့်
      ဦးမာဃ အဲလောက် မသိသေးလို့

      • အော် .. တွေ့လား ကိုလင်းဆက် ..
        ဦးမာဃ အဲ့လောက် မသိသေးလို့ …… တဲ့ ..
        ဒီလူဂျီးဂ ဒီနေရာမှာသာ မသိသာ ..
        ဟိုနေရာဆို စပ်စလူးကို ထနေတာပဲ .. (ဘယ်နေရာလည်း ဆိုတာ ကိုယ့်ဟာကိုယ်သိ)
        ကြုံတုံး ဆော်ရတာ .. နည်းမှတ်လို့ …. :mrgreen:

        +++++++++

        ကိုလင်းဆက်ရေ ….

        ဝါသနာ မပါဘူး ……….။
        ဟုတ်တယ်ဗျ ……။
        ကျုပ်လည်း စာဖတ်တာ ဝါသနာ မပါဘူး …။
        ဒါပေမယ့် ဖတ်ဖြစ်တယ် …
        သို့ပေမယ့် ကိုယ့်ဟာကိုယ် အတင်းအကျပ်ကြီးတော့ မသတ်မှတ် ဖြစ်ခဲ့ဘူး …
        ဒီလို ကိုယ့်ကိုယ်ကို ညှာခဲ့လို့လည်း
        ခုထိ ခပ်တုံးတုံး၊ ခပ်ချာချာ ဖြစ်နေတာ နေမှာဗျ … နော့ … :mrgreen:
        အားပေးသွားပါတယ်ဗျို့ ………။

        • Mr. MarGa

          December 17, 2012 at 8:44 pm

          အေးအေး ဆော်ထား ဆော်ထား
          နင်ဆိုတဲ့ ခြောက်မျက်နှာကလေ
          စာဖတ် ဝါသနာမပါလို့ အဲဒီလို လူကြီးသူမတွေကို ကော်စား(အဲလေ) စော်ကားနေတာ
          အဲဒါကြောင့်
          စာလေးပေလေး ဖတ်ဦးကွယ့်

        • မဖတ်တော့ ဘာရုတ်ချင်ရဲ …
          ဘာလဲ .. ခညားဂ မိုက်ရို့လား …
          မိုက်ရင် ထွက်ခဲ့ …
          သတ္တိရှိရင် တစ်ပွေချင်း ဖိုက်မယ် …
          ဒါဘဲ .. ဟိုဟာ ကြက် …… ငွင်းးး ငွင်းးး :mrgreen:

        • Mr. MarGa

          December 18, 2012 at 7:24 pm

          မောင်အံရေ
          ဦးမာဃတို့ လက်ချက်နဲ့ အလက်ဆင်းပို့စ်လေး ပျက်သွားပါမယ်ကွယ် :mrgreen:
          ဖိုက်ချင်ရင် ဒီမှာတော့ မလုပ်ပါနဲ့
          ဖွဘုတ်နဲ့ မောင်အံ့ပို့စ်တွေမှာ ဖိုက်ကြမယ်လေ
          တော်ကြာ အလက်ဆင်းလေးက သူ့ပို့စ်လေး ပျက်ပါပြီဆိုပြီး ငိုလိမ့်မယ် :mrgreen:

  • စာဖတ်တာဝါသနာမပါဘူးလို့ ပြောတဲ့လူတွေဟာလည်း လိုအပ်ရင်စာဖတ်နေရပါတယ်။
    စာဖတ်ခြင်းကို အချိန်တစ်ခုအနေနဲ့ပေးပြီး မလုပ်နိုင်ဘူးလို့ သူတို့ဆိုလိုချင်တာဖြစ်မှာပါ။
    အားပေးနေတယ် အလက်ဆင်းလေးရေ

  • အလင်းဆက်

    December 17, 2012 at 8:57 pm

    ဟိုက်
    ဆော်ကုန်ကြပဟ

    ဆော်ကုန်ကြ ပဟ

    (မှတ်ချက်။ ။ ကြာနီကန်ဆရာတော် လေသံ)
    ===========

    ဦးအံ

    သားသားကတော့လေ
    ချာရေးချရာကြီးကလည်း
    ဖစ်ချင်တာ ရှိုတော့
    ချာတွေ အညားကြီး ဖတ်ရမယ် လို့
    ကိုယ့် ဘာသာ အမိန့် ထုတ်ခဲ့ရတာ

    စာပေနဲ့ လောကကို အလှဆင်ချင်တာလေ

    အဟိ
    စကားကြီးစကားကျယ် ပြောတာပါ

    သားသားပိုစ့်ကို
    အစဉ်အမြဲ ဖတ်ရှုခံစားပေးတတ်သော
    ချစ်မိတ်ဆွေကြီးများကို
    ကျေးဇူးတင်
    ခင်မင်လျက်

    ဆက်ဆက်

  • အလင်းဆက်

    December 17, 2012 at 9:06 pm

    မမနန်းရေ
    အားပေး ခံစားလို့ကျေးကျေးနော်
    ===========

    ဟိုလူဂျီးနှစ်ယောက်

    ရန်မဖစ်ရဘူးနော်
    ဟွန်းးးးးး

    ဒါနဲ ့ဟိုလူဂျီးက စပ်စလူး ထတယ်ဆိုတာလေ
    အဲဒါ
    ဘယ်နေရာလဲ ဟင်

    :kwi:

  • အလင်းဆက်

    December 17, 2012 at 9:22 pm

    တဂျီးရေ

    သားပိုစ့်မှာ ကော်ပီကြီးဖစ်နေတာလေး

    🙂

  • မောင်ပေ

    December 17, 2012 at 9:41 pm

    ညီငယ်လင်းစက်ရေ
    စာဖတ်ရတာဝါသနာကြီးလို ့ဒီကိုရောက်နေတယ်ဆိုပေမယ့်
    ဘုတ်အုပ် ကို လက်နဲ ့ကိုင်ဖတ်ရတာကို ပိုကြိုက်တယ်ဆိုတဲ့အကြောင်း
    အဲဒါအဲဒါ

  • pooch

    December 17, 2012 at 10:18 pm

    ကျမလည်း စာဖတ်ဝါသနာ မပါဘူးရယ် နောက်တာ 😀
    စာအုပ်စာပေ လူ့မိတ်ဆွေပါတဲ့ အလင်းဆက်ရယ် ထာဝရ မိတ်ဆွေပါ

  • သကြားလုုံးကြော်

    December 18, 2012 at 5:56 am

    စာဖတ်တာဝါသနာမပါဘူး လိုု့ပြောကြတဲ့ စကားကိုုက မှားနေတယ်ထင်ပါတယ်။ စာဖတ်တာက ဝါသနာဆိုုတာထက် သိချင်စိတ် ဖတ်ချင်စိတ် ခံစားချင်စိတ်ကတွန်းအားပေးလိုု့ ဖတ်ဖြစ်ကြတာပါ။ အရင်ကတော့ စာအုုပ်တွေက ဗဟုုသုုတရဲ့ အရင်းအမြစ်တွေ ဆိုုတော့ စာမဖတ်ရင် လူရာမဝင်ဘူး၊ သတင်းမသိဘူးပေါ့။

    အခုုခေတ် အင်တာနက်ပေါ်မှာ သိချင်စိတ်ကလေးကိုု အရင်းခံပြီး စာအုုပ်ပေါင်းများစွာမကရှည်တဲ့ ကိုုယ်သိချင်တဲ့အကြောင်းအရာ တွေကိုု နေ့နဲ့လနဲ့ချီ လိုုက်ရှာဖတ်နေကြတဲ့ သူတွေအများကြီးက ကလပ်စစ်စာအုုပ်ဂျပိုုးတွေ ဟုုတ်ချင်မှဟုုတ်မှာပါ။ ဒါပေမဲ့ သူတိုု့လည်းဖတ်ကြတာပဲ။ စာအုုပ်တအုုပ် လိုု တိတိကျကျ အကွက်စေ့စေ့ ရသ သုုတ မဟုုတ်ရင်တောင် သူ့ဟာနဲ့သူ လိုုသလောက် ရသွားတာပါပဲ။ ဆိုုလိုုတာက စာဖတ်ဝါသနာထက် သိချင်စိတ် စူးစမ်းစိတ်က ပိုုအရေးကြီးတယ် ထင်တယ်။

    သူများတွေက ဟော်ဘီမေးတိုုင်း စာဖတ်ဝါသနာပါတယ်လိုု့ ဖြေနေကျပေမဲ့ တကယ်စဉ်းစားကြည့်ရင် ကျမ ဝါသနာပါတဲ့၊ စိတ်ဝင်စားလောက်တဲ့ အကြောင်းအရာ စာတွေကိုုရှာဖတ်တာပါ။ စာဖတ်ဝါသနာမပါဘူးလိုု့ ပြောသူတွေက သူတိုု့ ဖတ်ချင်ရလောက်အောင် စိတ်ဝင်စားစရာမတွေ့ သေးလိုု့ပါ။

  • MaMa

    December 18, 2012 at 7:04 am

    ဘာဝါသနာပါသလဲ မေးရင်…
    လူကြီးပီပီ အစားစားတာ၊ ခရီးသွားတာ ဝါသနာပါတယ်လို့ ဖြေရမယ်။ :kwi:

    စာဖတ်ဝါသနာ မပါဘူး။
    စာစုံအောင်လည်း မဖတ်ဖူးဘူး။
    ဂျာနယ်လောက်၊ မဂ္ဂဇင်းလောက် သာ ဖတ်ဖူးတယ်။
    ဝတ္ထုရှည်ဆိုရင် မဖတ်ဖူးသလောက်ပဲ။

    အဲဒါကြောင့် ကိုယ့်ကိုယ်ကို စာရေးဖြစ်မယ်ဆိုတာ စဉ်းတောင် မစဉ်းစားခဲ့ဖူးဘူး။

    သိချင်စိတ်ကြောင့်ဆိုရင်တော့ ကမာ္ဘကျော်ခေါင်းဆောင်ကြီးတွေရဲ့ အတ္ထုပ္ပတ္တိတွေ စိတ်ဝင်စားတယ်။
    ဖတ်ဖူးတယ်။

    ဒါပေမယ့်… သေသေချာချာ သိလားဆိုတော့လည်း မသိဘူး။
    မသိဘူးလား ဆိုတော့လည်း ရေးတေးတေးတော့ သိတယ်။ :kwi:

  • ဗုံဗုံ

    December 18, 2012 at 9:21 am

    ဦးလေး အလက်ဆင်း စာဖတ်တာ မိဗုံတို့က သိပ်ဝါသနာပါတာ ဘိုဘိုတို့ ကြောင်နဲ့ကြွက်တို့ စိန်မျောက်မျောက်တို့ တွတ်ပီတို့ ဆို သိပ်ကြိုက် :harr:
    အခုဆို ဦးလေးအလက်ဆင်းရဲ့ စာတွေကိုလည်း ကြိုက်
    အရေးကောင်းလှတဲ့ ဦးလေးအလက်ဆင်းကိုလည်း ချီးကျုးပါတယ်တော်
    ဒါနဲ့ ဦးလေးရဲ့ ဝါသနာက အပျက်ပြင်တာနဲ့ ခရီးသွားတာ နှစ်ခုတည်းဟုတ်ရဲ့လားဟင် မတိလို့မေးဒါဘာ:kwi:

  • အလင်းဆက်

    December 18, 2012 at 9:49 am

    လေးလေး ပေ
    သားလည်း အဲ့လိုပဲ
    ကွန်ပူတာပေါ်မှာ ဖတ်ရတာထက်စာရင်
    စာအုပ်က်ို လက်နဲ့ကိုင်ပြီး တစ်ရွက်ချင်း လှန်ဖတ်ရတဲ့ အရသာကိုပို အားရတယ်
    စာအုပ် ထူထူကြီးတွေဆို ပို ရင်ခုန်တယ်
    စာမျက်နှာများများ အကြောင်းအရာ ကောင်းကောင်း
    စာအုပ်ထူထူကြီးတွေ ဖတ်ရချိန်ဆို
    အားလုံးကို မေ့
    🙂

  • အလင်းဆက်

    December 18, 2012 at 9:53 am

    pooh ရေ
    ဟုတ်ပါတယ်ဗျာ

    စာအုပ်စာပေ ဟာ ထာဝရ မိတ်ဆွေပါပဲ
    တချို့ လူ မိတ်ဆွေတွေလို
    စိတ်ဆိုတာတို့ စိတ်ကောက်တာတို့လည်း မရှိ

    ကျနော်တော့ စာအုပ်တွေကို ချစ်တယ်

  • အလင်းဆက်

    December 18, 2012 at 10:02 am

    တဂျီးမင်းရေ

    ကျေးဇူးတင်ပါတယ်ချင့်
    အဲ
    ကျေးဇူးတင်ပါတယ်ဗျ

    :kwi:

  • အလင်းဆက်

    December 18, 2012 at 10:13 am

    မမသကြားလုံးကြော် ရေ
    ဝင်ရောက်ဖတ်ရှု ခံစား ဆွေးနွေး ပေးလို ့
    ကျေးကျေးဘာနော့
    နောက် လာမယ့်အက္ခရာ ခရီးတွေနဲ့လည်း
    အတူ လိုက်ခဲ့ပေးပါဦး နော်
    ===========
    အန်တီ မမ

    ဂျာနယ် မဂ္ဂဇင်း နဲ့ အထ္ထုပ္ပတ္တိ တွေ ဖတ်တယ်ဆိုတာကိုက နည်းနည်းနောနော
    စာဖတ်အား လား
    🙂

  • အလင်းဆက်

    December 18, 2012 at 10:20 am

    မိဗုံ

    ငါ့တူမနဲ့ ဦးလင်းဆက်နဲ့ စာဖတ်အား ကောင်းတာချင်းတော့
    တူပါတယ်ကွယ်။
    အလင်းဆက်လည်း
    တွတ်ပီတို ့ ဘိုဘို တို့ အားကြီး ဖတ်တာ
    🙂

    ဝါသနာက အဲဒီနှစ်ခုထဲလားဆိုတော့

    အင်း. . . . . . စကားပုံလေးတစ်ခုပြောပြမယ်ကွယ်

    လူ တစ်ယောက်ချင်းစီဟာ
    အမှောင် တစ်ခြမ်းစီ နဲ့ လမင်းတစ်စင်းစီပါပဲ။

    တဲ့ ။
    :kwi:

  • ခင်ခ

    December 18, 2012 at 10:51 am

    ဝါသနာ ပါပုံတွေကတော့ အမျိုးမျိုးပေါ့။
    တစ်ချို့က ဘောလုံး ဝါသနာပါတယ်၊
    တစ်ချို့က ကြက်တောင်ရိုက်တာ ဝါသနာပါတယ်
    တစ်ချို့က ဘောလီဘောကစားရတာ ဝါသနာပါတယ်
    တစ်ချို့က သီချင်းဆိုရတာ ဝါသနာပါတယ်
    တစ်ချို့က စာဖတ်တာ ဝါသနာပါတယ်
    တစ်ချို့က စာရေးတာ ဝါသနာပါတယ်
    တစ်ချို့က အစားကောင်းကောင်းလုပ်စားရတာ ဝါသနာပါတယ်
    အဲ အခုဒီရွာမှာရှိသူတွေကတော့ စာရေး စာဖတ် ဝါသနာ ပါကြမယ်ထင်ပါတယ်။
    ဒါဆို ဝါသနာတူတွေစုဝေးရာ ဤရွာပေါ့နော်။

  • kyeemite

    December 18, 2012 at 11:16 am

    စာအများကြီးဖတ်ပါတယ်…အရင်က
    အခုတော့ ..ဖတ်အားကျသွားတယ်…အချိန်ကြောင့်…
    ဖတ်ချင်လွန်းလို့ စာအုပ်ဆိုင်ရောက်တိုင်း
    အနဲဆုံး သုံးလေးအုပ်လောက်တော့ဝယ်ဖြစ်တယ်..
    ဒီလိုနဲ့ စာအုပ်စင်ကြီး ပြည့်ပြည့်လာသလို
    စာဖတ်ဖို့ အကြွေးတွေလည်းတိုးတိုးနေတာ…
    ခုတော့ လယ်ပင်းထိမြုတ်နေပီ ဖြစ်ပါဂျောင်းးးးးးးး :kwi:

  • အလင်းဆက်

    December 18, 2012 at 11:53 am

    လေးလေးခ

    အက္ခရာတွေနဲ့ခရီးသွားခြင်းမှာ
    အဆက်မပြတ် လိုက်ပါခံစားပေးတာလေး
    ဝမ်းသာမိရုံမက ကျေးဇူးလည်း တင်ပါတယ်နော့်

    🙂

  • အလင်းဆက်

    December 18, 2012 at 11:57 am

    ဦးကြီး မိုက်

    အဲသလို ဖစ်တာလည်း သားနဲ့ တယ်ဒယ်
    သားလည်း စာအုပ်တွေ တွေ ့ရင် မဝယ်ပဲမနေနိုင်လို ့
    ဝ်
    ပြီးတော့ ဖတ်ဖို ့ အချိန်မရလို ့
    မဖတ်ဖြစ်တဲ့စာအုပ်တွေက အကြွေးတစ်ခုလို

    :kwi:

  • ရွှေ ကြည်

    December 18, 2012 at 8:43 pm

    ရသ စာပေကို ဖတ်သင့်ပါတယ်။

    ရသ စာပေကို အပျင်းပြေ ဖတ်တယ်ဆိုတဲ့ အဆင့်ကတော့ ရင်နာစရာကောင်း လောက်အောင် နိမ့် ပါတယ် ။

    တစ်ချို ့ရသ စာပေလက်ရာတွေကလည်း..အပျင်းပြေ အဆင့်ထက်ပိုမလာနိုုင်တာ..ရင်နာစရာကောင်းတာပါပဲ…။

    မှန်လိုက်တာကွယ် အစ်မလည်းထောက်ခံပါတယ်။
    စာဖတ်တာကတော့ဝါသနာကိုပါတာ မဖတ်ဖြစ်အောင်သတိထားနေရတယ် ချစ်မမပြောသလိုပါပဲ
    ဖတ်ပြီးတော့ သိလားဆိုတော့သေချာမသိ မသိဘူးလားဆိုတော့ သိတယ် အဲလိုဖြစ်နေတယ် :mrgreen:

  • uncle gyi

    December 18, 2012 at 10:42 pm

    ကိုလင်းရေအန်ကယ်တို့ငယ်စဉ်ကကာတွန်းစာအုပ်တွေတအုပ်မှပြား၆၀
    မဝယ်နိုင်လို့စာအုပ်ဆိုင်သွားပြီးတခါဖတ်၅ပြားနဲ့ဖတ်ရတယ်
    နောက်နဲနဲအရွယ်ရလာတော့
    ကာတွန်းမြင့်သိန်းရဲ့စံရွှေမြင့်စာအုပ်တွေတအုပ်၁ကျပ်
    ဝယ်ဖတ်သိမ်းဖြစ်တယ်
    ဘာပြောပြောစာဖတ်တယ်ဆိုတာလူငယ်တွေရဲ့စိတ်ကိုဖွံ့ဖြိုးအောင်လုပ်ပေးတာမို့အားပေးပါတယ်
    ဒါပေမဲ့ဦးတို့ခေတ်ကစာရေးစရာတွေနဲ့ဒီနေ့ခေတ်စာရေးစရာတွေအများစုပေါ့လေ
    ဖတ်သူအပေါ်ထားတဲ့စေတနာတော့ကွာတယ်လို့ထင်ပါတယ်ကွယ်
    ဥပမာကွယ်စံရွှေမြင့်ဆိုကာတွန်းပေမဲ့မျိုးချစ်စိတ်ရှိဖို့ကိုယ်ကျင့်ကောင်းဖို့ကြိုးစားဖို့တို့အမြဲပါတယ်
    အဲလိုလေးတွေဖြစ်စေချင်တာပါ

  • ဝင့်ပြုံးမြင့်

    December 18, 2012 at 11:22 pm

    ရေးထားတာ ကောင်းလိုက်တာ ကိုသူရရေ။ ဘုတ်ကျီးမြှောက်၊ ကျီးဘုတ်မြှောက်ဖြစ်မှာစိုးလို့ ချီးကျူးစကား မပြောချင်ပေမယ့် ဒီတစ်ခါတော့ မပြောဘဲမနေနိုင်လို့ ပြောလိုက်တာပါ။
    သကြားလုံးကြော် ပြောတာကိုတော့ ဘဝင်မကျချင်ဘူး။ စာလုံးဝမဖတ်တဲ့ လူတန်းစားတစ်မျိုးကို သူမတွေ့ဖူးသေးလို့ပါ။ စာလုံးဝမဖတ်တဲ့အပြင် စာဖတ်တာကို အထင်သေးတဲ့လူ တွေ တကယ့်ကို အများကြီးပဲ။ M.Sc ဘွဲ့ရတစ်ယောက်ဟာ ရွှေသွေးကိုတောင် မဖတ်နိုင်တာ တကယ်ရှိတယ်။ စာကိုတော့ ဖတ်နိုင်တာပေါ့။ စာရဲ့ အဓိပ်ပါယ်ကို လုံးဝနားမလည်တာ။ ကာတွန်းတစ်ကွက်ကိုတောင် မဖတ်နိုင်တာ။ ဖတ်ပြီးနားမလည်တာ တကယ်ကြုံခဲ့ဖူးတယ်။ စာဖတ်တာကို အကျင့်ပျက်ခြင်းတစ်မျိုးလို့ လုံးဝယုံထားတဲ့လူတွေ အများကြီးပဲ။ အစ်မလည်း နယ်ကိုရောက်တော့ cultural shock ကို အရမ်းခံရတယ်။ စာရေးဆရာမို့ အထင်သေးလိုက်ကြတာ။ နယ်မှာက ရန်ကုန်လို စာသိပ်မဖတ်ကြဘူး။ ကလေးတစ်ယောက် ကာတွန်းဖတ်ရင်တောင် လှိမ့်အရိုက်ခံရတာ မြင်ဖူးတယ်။

    • သကြားလုုံးကြော်

      December 19, 2012 at 3:05 am

      ဆရာမပြုံးရဲ့ အတွေ့အကြုံထဲက စာဖတ်တာရှုံ့ချတယ်ဆိုုတာ ဖတ်ရတော့ Farenheit 451 ကိုုသွားသတိရတယ်။ ဗမာပြန်ရှိမရှိတော့မသိဘူး။ စာအုုပ်စာပေ အကြောင်းစဉ်းစားမိရင် အဲဒီဇာတ်လမ်းကိုု အမြဲသတိရတယ်။

      • မောင့်ကျက်သရေ ဂီ့

        December 19, 2012 at 6:43 am

        အွန်လိုင်းက ဖတ်တာနဲ့ ပါတ်သတ်လို့ တခု လက်တို့မယ် ဗျာ ..
        http://alltop.com/
        တဲ့ …
        အဲ့ဒါ Online Magazine Rack လို့ ခေါ်တဲ့ webpage အမျိုးအစားပဲ..
        အဲ့သည့်မှာ အကောင့် ဆောက် လော့ဂင် ဝင်ပြီးရင်
        မိမိ နှစ်သက်ရာ သတင်းဌာနတွေ website တွေကို subscribe လုပ်ထားလို့ရတယ်…
        CNN, ESPN, တို့ကစလို့ TECHCRUNCH, ENTREPRENEUR အလယ် DIGITAL PHOTOGRAPHY REVIEW, ADOBE PHOTOSHOP LIGHTROOM KILLER TIPS တို့အဆုံး
        သူတို့ဆီက ထိပ်တန်းသတင်း ၄-၅ခု လောက်ကို သတင်းခေါင်းစဉ်လောက် ၁မျက်နှာထဲမှာ
        တင်ထားလို့ရပြီး စိတ်ဝင်စားရင် အသေးစိတ်သွားဖတ်လို့ ရရဲ့ …

        ဘာနဲ့တူသလဲဆိုရင် ကိုယ် စိတ်ဝင်စားရာ ကဏ္ဍတွေချည်း စုပြီး မျက်နှာစာ ထုတ်ထားတာမို့
        ကိုယ့်အတွက် သီးသန့်ထုတ်ပေးထားတဲ့ သတင်းစာ နဲ့တောင် တူသေးရဲ့….
        ကျနော်တော့ အဲ့လိုပဲ ဖတ်ဖြစ်တယ်..
        (တခါက အဲ့သည့်အကြောင်း ရေးဖူးပါတယ်..)

        ရသစာပေကတော့ ကျနော် နဲ့ ဝေးတယ် ဗျို့ …..

        အဲ့ဒါလေး…

        :harr:

    • ခိုင်ဇာ

      December 19, 2012 at 8:20 am

      အစ်မ ဝင့် ပြောတဲ့ သူတွေမျိုး ကျနော်လည်း တော်တော်များများ တွေ့ဖူးတယ်။
      တစ်ချို့ကကျ အာရုံများတယ်ခေါ်မလား။ စာတစ်ပုဒ်ကို ဆုံးခန်းတိုင်အောင်မဖတ်ချင်တဲ့ စိတ်မျိုးရှိတာ။
      တစ်ချို့ကကျ ဆုံးအောင်ဖတ်နိုင်တဲ့ Concentration မရှိတာ။
      တစ်ချို့က စာထိုင်ဖတ်နေရင်ကို အပျင်းပါကွာဆိုတဲ့ မိရိုးဖလာ အတွေးနဲ့ ကြီးပြင်းလာတဲ့လူမျိုးတွေ။
      တစ်ချို့က စာဖတ်ရမဲ့အချိန် ပိုက်ဆံရမဲ့ အလုပ်လုပ်ပါလားဆိုတဲ့ အတွေးမျိုးနဲ့လူတွေ။ အမျိုးမျိုးပါပဲ။ အဲလိုနဲ့ပဲ စာလုံးဝ မဖတ်တဲ့သူတွေ ရှိလာတာနေမှာ။
      ကျနော်ကတော့ စာအုပ်လေးနဲ့ဖတ်ရတဲ့ သီးသန့်အချိန်လေးကိုပဲ မက်မောတော့တယ်။ အွန်လိုင်းမှာပဲ အပြေးအလွှားဖတ်နေရတဲ့ဘဝမို့ အဲလို အချိန်ရဖို့ ခု ရှားပါးနေပြီ။

      အဲ။ ပို့(စ) ပိုင်ရှင် မောင် အလင်းစက်ရေ၊ အားပေးသွားပါတယ်။ :harr:

  • လုံမလေးမွန်မွန်

    December 18, 2012 at 11:55 pm

    ကိုအလက်ဆင်းရေ.. (လူမမှားအောင် ရွာထဲက နာမည်ကိုခေါ်တာ..)

    ဝါသနာပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ၊ စာဖတ်ဖို့လိုအပ်တယ်ဆိုတာကို အပြည့်အဝထောက်ခံပါတယ်..အထူးသဖြင့် လူငယ်တွေဟာ စာတွေအများကြီးဖတ်ဖို့ လိုအပ်တယ်လို့ ထင်ပါတယ်..စာထဲမှာ သင်ခန်းစာတွေရှိတယ်..သင်ယူစရာတွေရှိတယ်.. သမိုင်းတွေရှိတယ်.. အဖြစ်အပျက်တွေရှိတယ်… ကောင်းတာတွေရှိတယ်.. မကောင်းတာတွေရှိတယ်.. အတိတ်တွေရှိတယ်..ပစ္စုပ္ပန်တွေရှိတယ်.. အနာဂတ်တွေရှိတယ်…
    (ထင်တာတွေ ရေးလိုက်တာ.. 🙂 )

    လုံမကတော့ အဖေနဲ့အမေကို အရမ်းကျေးဇူးတင်တာပဲ..စာဖတ်တာကို မတားခဲ့ဘူး…စာတွေရေး..ကဗျာတွေရေး လုပ်နေတာတွေကိုလည်း မပိတ်ပင်ခဲ့ဘူး..
    လုံမဝတ္ထုတွေစဖတ်တော့ ရ တန်း ၈ တန်းလောက်ပဲ ရှိဦးမယ်..အစကတော့ ကာတွန်း၊ ပုံပြင်၊ နောက်တော့ လူကြီးတွေဖတ်တဲ့ နက္ခတ္တရောင်ခြည်တို့ ဘာတို့၊ နောက်ကျ တစ်ဆင့်တက်ပြီး သိုင်းဝတ္ထုတွေ…တဖြည်းဖြည်းနဲ့မှ အချစ်ဝတ္ထု တစ်အုပ်စ နှစ်အုပ်စ ဆွဲလာတော့ (အဲ့တုန်းကဖတ်တာ ပုညခင်စာအုပ်တွေ)..အမေက အစပိုင်းက မဖတ်ခိုင်းဘူး..ဆူတယ်..နောက်ကျတော့ သိပ်မပြောတော့ဘဲ လုံမငှားလာရင် သူပါ ဖတ်တယ်..ပြီးရင် ဘယ်ဇာတ်ကောင်က ဘယ်လိုတော်တာ.. မိန်းကလေးပီသတယ်..အဲ့ဒါတွေကို အတုယူရမယ်..ဘယ်ဇာတ်ကောင်ကတော့ ဘယ်လိုအကျင့်တွေရှိလို့ နောက်ဆုံး ဘယ်လိုဖြစ်သွားတယ်..အဲ့ဒါမျိုးကို ရှောင်ရမယ်..စသဖြင့်.. စာအုပ်ကိုနမူနာထားပြီး ဆုံးမတယ်…
    တစ်ခါတစ်လေ အနိုင်အရှုံးတွေနဲ့ ပူလောင်နေတတ်တဲ့လုံမကိုလည်း တရားစာတွေဖတ်ပြပြီး ဆုံးမတတ်သေးတယ်..
    ဆိုလိုတာက မဖတ်ရဘူးလို့မတားဘူး..ဖတ်သမျှထဲက အကောင်းအဆိုးကို ရွေးထုတ်ပေးတယ်…

    အဖေကျတော့ ၈ တန်း ၉ တန်းလောက်မှာ ကဗျာတွေစရေးတော့ အဖေ့ကို ပေးဖတ်တယ်.. 🙂 သမီးရေးထားတာဆိုပြီး… ကိုယ့်သမီးကို မနိုင်လို့လားတော့ မသိဘူး..ကောင်းတယ်လို့ အမြဲပြောတယ်…
    ဝါသနာကို မတားဘူး… အဆိုးမဖြစ်အောင်တော့ ထိန်းပေးတယ်…
    ကြုံလို့ လုံမအကြောင်းလေးကို ပွားလိုက်တာပါ…

    ဆိုတော့..နောင်အနာဂတ်နိုင်ငံခေါင်းဆောင်လောင်း လူငယ်တွေ စာမဖတ်ကြတာကို စာဖတ်လာအောင် ဘာလုပ်ရင်ကောင်းမလဲလို့ တွေးနေမိပါတယ်.. (စကားလုံးတွေ မိုးပေါ်ရောက်သွားပီထင်ဒယ်..)
    စာအုပ်တွေက ဈေးကြီးလို့လား… စာဖတ်ဖို့ပဲ အချိန်မရှိလို့လား… ဖတ်စရာကောင်းလောက်တဲ့ စာတွေပဲ မရှိတော့လို့လား… ဘာဖတ်ရမှန်းပဲ မသိကြတော့လို့လား… ဖတ်ပြီးတဲ့အထဲက သင်ယူရလောက်တဲ့အရာတွေကိုပဲ ရှာဖွေမတွေ့ရှိကြလို့လား…
    လားပေါင်းများစွာနဲ့ပါပဲ… လုံမလည်း အပါအဝင်ပေါ့…

    ခင်တဲ့
    လုံမလေး

  • aye.kk

    December 19, 2012 at 8:51 am

    အလင်းဆက်ရေ
    ဝင်ရောက်ဖတ်ရှုအားပေးသွားပါတယ်။
    လက်ကိုင်ထားတဲ့ဆောင်ပုဒ်ပါ။
    အသိလိမ္မာ-စာမှာရှိ။
    သိသင့်သိထိုက်တာတွေသိရဖို ့စာကိုများများဖတ်ကြစို ့။။

  • အလင်းဆက်

    December 19, 2012 at 9:46 am

    မမရွှေကြည်

    စာဖတ်ခြင်းနဲ့ ရင်းနှီးနေတာကိုက
    လေးစားစရာကောင်းနေပါပြီ

    ကျွန်တော့်ကို စာရေးဆရာမကြီးတစ်ယောက် ပြောဖူးတယ်
    စာဖတ်တဲ့ စာပေသမားဟာ
    ဘယ်တော့မှ
    ယုတ်မာတဲ့ အလုပ်ကို မလုပ်ဘူး တဲ့
    ဟုတ်တယ်ဗျ
    စာတွေ ဖတ်တာများလာလေ
    စဉ်းစား တွေးခေါ်နိုင်စွမ်း တိုးတက်လာလေ
    ပြီးတော့ အမှား အမှန်ကို
    အနီးစပ်ဆုံး ရှာဖွေ တတ်လာမယ် ထင်ပါတယ်

    မမရွှေကြည်က စာဖတ်အားကောင်းတာ
    သား သိတယ်
    တိမ်ယံသစ္စာ အပိုင်း ၄ဝ ကျော်ကို
    အဆက်မပြတ် ဖတ်လာကတည်းက
    သားက သိပြီးသား

    တကယ်တော့ မမရွှေကြည်နဲ ့သားသား
    စာပေရင်းနှီးမှု ရစေတဲ့အကြောင်းတွေထဲမှာ
    ဝင့်ပြုံးမြင့် ရဲ ့
    တိမ်ယံသစ္စာလည်းပါတယ်

    ဒါက ရှေးဟောင်း နှောင်းဖြစ်လေး သတိရသွားလို့

    မမရွှေကြည်ရေ
    အဝေးတစ်နေရာမှာ
    အစစ အဆင်ပြေပါစေ နော်

    🙂

  • အလင်းဆက်

    December 19, 2012 at 10:06 am

    အန်ကယ်ကြီးရေ
    စာရေးဆရာတွေ
    စေတနာ ကွာတာတော့ ဟုတ်တယ်နော်
    အခုခေတ် စာအုပ်တချို ့ဆို ဖတ်ပြီး ဘာမှ မရ လိုက်ဘူး
    စာမျက်နာ တစ်ရာ မပြည့်တဲ့ စာအုပ်ပါးပါးလေးတွေ
    ကို အရည်မရအဖတ်မရ ရေးထားတဲ့ စာအုပ် တွေ

    ရသ စာပေကို အပျော်ဖတ် အဆင့်ထက် တက်လာစေချင်ပါတယ်
    စာရေးသူဘက်ကလည်း ငွေ နောက်မလိုကိဖို့လိုသလို
    စာဖတ်သူ ဘက်ကလည်း ရသခံစားမှုဆီ ဦးတည်
    ဖတ်ဖို ့ ယူတတ်ဖို ့လိုပါတယ်
    နည်းနည်း ပွားတာပါ 🙂
    အန်ကယ်ရေ
    ခံစား အားပေးသွားလို ့ကျေးဇူးနော်

  • အလင်းဆက်

    December 19, 2012 at 10:25 am

    မမပြုံး ရေ

    တချို့ စာဖတ်တာကို အကျင့်ပျက်လုပ်ရပ်လို ့ယူဆသူတွေကိုရော
    စာဖတ်တာဟာ ပျင်းရိသူတွေ အလုပ် လို ့မြင်သူတွေရော
    စာ တွေဖတ်လို ့ရူးကြောင်ဖြစ်နေတာလို ့သတ်မှတ်သူတွေ
    စာ ဖတ်တာ ဘာမှ အကျိုး မရှိ တဲ့ အလုပ်လို့ မြင်သူတွေ
    စာဖတ်ရင် အိပ်ပျော်သွားတတ်သူတွေ
    စာဖတ်နေတာကို တွေ ့တိုင်း ပျင်းစရာ အလုပ်ကြီး လုပ်နေတာလို ့
    ပြောသူတွေ
    အနုပညာတွေ ဘာတွေ လာမပြောနဲ့ မခံစားတတ်ဘူး လို့ ပြောသူတွေ
    အများကြီး
    ကျနော် ကြုံဖူးတယ်

    အဲဒီ ခံစားချက်တွေ ကြောင့် ဒီပိုစ့်ကို ရေးဖြစ်တာပေါ့

    မမပြုံးရေ
    ချီးကျူးစကားလေးအတွက်
    ကျေးဇူး

  • ဦးကြောင်ကြီး

    December 19, 2012 at 10:47 am

    ဝါသနာ
    တဏှာရှာ
    ဗလာစာ
    မသာယာ
    အညှာဖွာ
    ဇကာခါ
    လဘာဂျာ
    ကမာ္ဘရွာ..။

  • အလင်းဆက်

    December 19, 2012 at 11:01 am

    မောင့်ကြက်သရေဂီ ရေ
    ကျေးဇူးတင်ဘာဒယ်နော်

    ရသ နဲ့ဝေးဒယ်ဆိုတော့
    ဘာနဲ့ နီးတာလဲ

    🙂

    =============

    မမခိုင်ဇာကြီး

    ဖတ်ရှုခံစား ဆွေးနွေးသွားလို့
    ကျေးဇူးဗျ

  • အလင်းဆက်

    December 19, 2012 at 11:07 am

    မောင့်ကြက်သရေဂီ

    မမခိုင်ဇာ

    လုံမလေးမွန်မွန်

    အန်တီအေး

    ဦးကြောင်

    အားလုံးကို
    ချစ်ခင်လေးစားစွာ
    ကျေးဇူးတင်ပါတယ် လို ့

    🙂

  • မင်းနန္ဓာ

    December 19, 2012 at 11:42 am

    ကိုယ် တစ်တန်းအရွယ်လောက်က တန်ဆောင်မုန်းလပြည့်မှာဖားသားကြီး ပံ့သကူကောက်ရတော့
    ပါလာတဲ့ စာရွက်မှာ [တွေ့သောသူယူ ပံ့သကူ}လို့ရေးထားတာကို အိပ်ကပ်ထဲထည့်ပြီး ထုတ်ထုတ်ဖတ်တယ်တဲ့.. (အဲလို စာဖတ်ဝါသနာပါတာလေ) စာကြောင်းဖြောင့်အောင်ဖတ်နိုင်တဲ့ အရွယ်ကစလို့ တို့ကျောင်းသားစာစောင်တို့ ရွှေသွေးတို့ ဝယ်ပေးပြီး စာဖတ်ပိုးကြီးစေခဲ့တယ်…
    အင်းး
    ညီပြောတဲ့ သေတ္တာတလုံး ဖွင့်ကြည့်သလို စာဖတ်တာလေးကိုတော့ သဘောကျသကွာ

  • အလင်းဆက်

    December 19, 2012 at 12:13 pm

    ကိုမင်းနန္ဓာ ရေ

    စာဖတ်တာကို ဝါသနာ တစ်ခုအဖြစ် စွဲမက်တတ်သူ မိတ်ဆွေတွေကို
    ကျွန်တော် လေးစားစွာ ခင်မင်မိပါတယ်

    ကျွန်တော် ဖတ်တဲ့ သေတ္တာတစ်လုံးကို ဖွင့်သလို ဖတ်တဲ့နည်းလေးကို သဘောကျတယ်ဆိုလို့လည်း ဝမ်းသာမိပါရဲ့
    =====

    စကားမစပ် ပြောရင်
    ကျွန်တော့်နဲ့ နည်းနည်း ရင်းနှီးတဲ့စာရေးဆရာပေါက်စတစ်ယောက်ရဲ့ ထုတ်ဝေသုူ တစ်ယောက်ဆို
    သူ ထုတ်ဝေပေးခဲ့တဲ့စာအုပ်တွေကို
    တစ်အုပ်မှ မဖတ်ဖူးဘူးတဲ့
    အဲလိုပါပဲ
    င်္ကျန်တော့်ပတ်ဝန်းကျင်က သူဌေးတစ်ယောက်ဆိုလည်း
    လေးငါးသောင်းကို ဘီယာဆိုင်မှာ
    ဖြုန်းဖို ့ မနှမြော တတ်ပဲ
    စာအုပ်တစ်အုပ် နှစ်ထေထာင်လောက်ကို
    ဝယ်ဖို ့နှမြောနေတာ
    ကိုယ်တိုင် ကြုံခဲ့ရပါတယ်

    ဘာပဲဖြစ်ဖြစ်
    စာကောင်းပေကောင်းကို
    ကောင်းသလိုလေး တန်ဖိုးထားချင်မိပါတယ်

    ကိုမင်းနန္နာ ရေ

    ားပေးလို ့ကျေးဇူးနော်

  • padonmar

    December 26, 2012 at 12:55 am

    အလင်းဆက်ရေ
    အန်တီကတော့ စာဖတ်ရတာ ဝါသနာကိုပါတယ်။
    ငယ်ငယ်လေးကစ ခုထိ စာမဖတ်တဲ့နေ့ မရှိဘူး။
    စာဆို မုန့်ထုပ်ပေါ်ကစာလည်းဖတ်တယ်။
    လမ်းဘေးဆိုင်းဘုတ်လည်းဖတ်တယ်။
    directory တွေထဲကကြော်ငြာတွေတောင် စိတ်ဝင်စားပြီးဖတ်တယ်။
    တူတွေတူမတွေ ဆော့တဲ့ The Sims ထင်တယ် အဲဒီ ဂိမ်းထဲက အပင်နာမည်တွေ အကောင်နာမည်တွေလည်း ဖတ်တယ်။ Dictionary ကို လိုက်ဖတ်ကြည့်ရတာလည်း ကြိုက်တယ်။မြေပုံတွေတွေ့လည်း လိုက်ဖတ်ပြီး စိတ်နဲ့ သွားကြည့်တာပဲ။

    စာအုပ်စုရတာလည်းဝါသနာပါတယ်။
    ဖတ်စရာ စာအုပ်သစ်မရှိရင် အဟောင်းတွေပြန်ပြန်ဖတ်တယ်။

    ကပ်စေးနည်းပေမယ့် စာအုပ်ဖိုးတော့ မနှမျောဘူး။
    ရွှေတွေ စိန်တွေတော့မရှိဘူး။
    စာအုပ်တွေပဲရှိတယ်။
    ဦးမိုက်ကြီးလိုပဲ မဖတ်ရသေးတဲ့ စာအုပ်အကြွေးပုံကြီးလည်း ရှိတယ်။

  • kai

    December 26, 2012 at 6:20 am

    ဒီခေတ်မတော့.. အင်တာနက်ဆိုတာ.. စာအုပ်ပုံကြီးပါပဲ..
    ဒါပေမယ့်…ကျုပ်ကတော့.. အခုလောလောဆယ်မှာကို.. အိမ်ကို.. ပုှံနှိပ်ဂျာနယ်/မဂ္ဂဇင်း.. ၅မျိုး ပုံမှန်ဝယ်ဖတ်နေသေးတယ်…

    ဦးနှောက်နဲ့သိစိတ်က.. စာဘယ်လောက်ငတ်သလည်းဆိုရင်.. စာတွေဝင်ပေါက်(မျက်လုံး) ကန်းမတတ်ဖတ်နေတာပဲ..
    ဆိုတော့..
    စာရေးသူတို့ရေ..
    နောက်ဆို.. နားနဲ့ဖတ်လို့ရအောင်လုပ်ကြနော.. :kwi:

  • weiwei

    December 26, 2012 at 1:32 pm

    စာဖတ်ချင်ပါတယ် … ဖတ်လဲဖတ်ပါတယ် .. ဒါပေမယ့် စာတွေဝင်ပေါက် (မျက်လုံး) ဒုက္ခပေးလာတော့ ဘယ်လိုမှ မတတ်နိုင်တော့ပါဘူး … မျက်မှန်တွေ အမျိုးမျိုးပြောင်းပေမယ့်လဲ အဆင်မပြေတော့လို့ စာဖတ်တာကို လျော့လိုက်ရပါတော့တယ် … မော်နီတာအကြီးကြီးမှာ စာလုံးအကြီးကြီးလုပ်ပြီးဖတ်ရင်တော့ အဆင်ပြေသေးပေမယ့် စာအုပ်ကို အိပ်ယာပေါ်မှာ ဖတ်ရတဲ့ အရသာကို ပိုကြိုက်တယ် … မနေ့ကပဲ စာအုပ်တစ်အုပ် လိုချင်လို့ ဝယ်ခဲ့သေးတယ် .. စာအုပ်နံမည်က အကြီးအကဲ တဲ့ … အဲဒီစာအုပ်လောက်ကို ငယ်ငယ်ကဆိုရင် တစ်ထိုင်ထဲနဲ့ ဖတ်ပစ်လိုက်မှာဖြစ်ပေမယ့် အခုတော့ တစ်လလောက် အချိန်ပေးရမှသာ ပြီးမယ်ထင်ပါတယ် ..

Leave a Reply