တောင်ပေါ်ကစေတီကို တောင်ပေါ်မှမြင်ရခြင်း










တောင်ပေါ်ကစေတီကို တောင်ပေါ်မှမြင်ရခြင်း
အိုဟောင်းပြီးရေညှိတက်နေတဲ့အုတ်စီလမ်းကလေးကနေတက်လာတဲ့အခါအပေါ်မှာ
ဇရပ်တစ်ဆောင်မြင်ရပါတယ်။
ဇရပ်ရဲ့အရှေ့ဘက်ကျောက်ဆောင်အငူစွန်းကနေလှမ်းကြည့်ရင် ဧရာဝတီမြစ်ကိုမြင်ရပါတယ်။
ကျောက်အဖျားစွန်းလေးနားကိုသွားပြီး ဓါတ်ပုံရိုက်လိုက်တဲ့အချိန်မှာ ကျနော်ချောင်းရိုက်တာခံလိုက်ရပါတယ်။
ဘဲဥမလက်ချက်ပါဘဲ။
အားလုံးလဲမြင်ဘူးလောက်ပါပြီ။
အဲဒီနားမှာရိုက်ပြီးဇရပ်ထဲရောက်လို့ အနောက်ဖက်လှမ်းကြည့်လိုက်တော့ ရွှေရောင်လက်လက်ထနေတဲ့
သီတဂူ ဆန်ချီစေတီတော်။
အဝေးမှာတော့ကောင်းမူတော်စေတီတော်။
အဲဒီဇရပ်ထဲရောက်တော့ ကျနော်တို့အုပ်စုလိုက်ကြီး ဓါတ်ပုံတွေရိုက်ကြပါတယ်။
ခဏနေတော့ ကျနော်က အဝေးကမြင်ကွင်းတွေကြည့်နေရင်းက နောက်ဘက်လှည့်ကြည့်လိုက်တော့
အသက်အရွယ်အတန်အသင့်ရနေတဲ့စုံတွဲတစ်တွဲကိုမြင်ရပါတယ်။
အရှေ့ဘက်အခြမ်းကိုကြည့်လိုက်တော့ စေတီတစ်တစ်ဆူနဲံထိုင်ကိုယ်တော်ရုပ်ပွားတော်တစ်ခု။
ရှင်ပင်နံကိုင်းစေတီတော်ဖြစ်ပါသတဲ့ မေးကြည့်လို့သိတာပါ။
အဲတာနဲ့အဖွဲ့တွေတက်သွားတဲ့တောင်ပေါ်ကိုလိုက်သွားတဲ့အခါ လွတ်လပ်ကျယ်ပြန့်တဲ့ မြင်ကွင်းကိုမြင်ရပါတော့တယ်။
အောက်ဖက်မှာ စစ်ကိုင်းတံတား။
အနောက်ဘက်က ဆွမ်းဦးပုညရှင် သီတဂ ဆန်ချီစေတီတော်နဲ့ကောင်းမူတော်ရွှေရောင်ဝင်းဝင်း။
ဓါတ်ပုံရိုက်နေတုန်း မထင်မှတ်ဘဲ တိမ်တစ်အုပ်ကရွှေ့အလာမှာ လှပသောပုံတွေကို ရလိုက်ပါတယ်။
ဓါတ်ပုံကောင်းကောင်းတစ်ပုံရဘို့ဆိုတာ သဘာဝပါတ်ဝန်းကျင်ကြီးရဲ့ အကူအညီလဲ ပါမှဆိုတာကို သဘောပေါက်လိုက်ပါတယ်။
အဲဒီကနေပြန်ဆင်းအလာမှာ တောင်သမန်အင်းသွားကြရအောင်လို့ အဆိုပြုလာတော့
အားလုံးက လဲ ငြင်းဘို့ကိုစိတ်ကူးမရှိ။
ဒီတော့……………………………..
ကိုပေါက်လမ်းသလားနေသည်
(21-12-2012)
10 comments
ဘဲဥ
January 1, 2013 at 10:33 am
နေရာအရင်အူးထားမယ်
စပိုင်ကတော့ လေးပေါက်သဘောပါတော့
ဘယ်ဒေါ့လဲ…..
ဟိုနေ့က ဘာလို့ မလာရဒါလဲ လူဇိုးဂျီး ၊ သများဒို့ဂ မျှော်နေဒါတော့ …
ဘဲဥ
January 1, 2013 at 10:42 am
http://myanmargazette.net/159235/creative-writing/my-dear-diary လေးပေါက်ပုံကို မြင်ဖူးချင်တဲ့ ရွာသူရွာသား အသစ်တွေ အတွက်ပါ စပါယ်ရှယ်ချောင်းထားဒယ်သိလား
ဗုံဗုံ
January 1, 2013 at 12:19 pm
လေးပေါက် ဘဲဥမတို့ အတွဲ ချောင်းခဲ့တာလေးတွေ ပါဘူးလားဟင် :harr:
ဘဲဥ
January 1, 2013 at 12:35 pm
ဟဲ့ဟဲ့ ဘာတွေ လျှောက်မေးနေဒါလဲအေ့
သများဂ မသိဇေချင်လို့မှ လာဘ်ထိုးမလို့ဘာဆို
Nyein Nyein
January 1, 2013 at 12:25 pm
လေးပေါက်ရေ……….. မရောက်ဖူးတဲ့ဒေသက ဘုရားများကိုဖူးမြော်လိုက်ရတဲ့အတွက် ကျေးကျေးပါနော်……
ကြည်ဆောင်း
January 1, 2013 at 3:00 pm
နေရောင်အောက်မှာ ရွှေရောင်တောက်နေတဲ့စေတီများကိုဖူးမျှော်သွားပါတယ်..
Mr. MarGa
January 1, 2013 at 8:58 pm
စေတီတွေလဲဖူးပြီး
အလှူအကျွေးအမွေးကိုလဲ ကပ်စားသွားပါတယ်ဗျာ
လေးပေါက်က အလှူမှာတော့ လက်မဆော့ပါလား
:harr:
MaMa
January 1, 2013 at 9:46 pm
ရှု့မျှော်ခင်းတစ်ခုတည်းကိုပဲ လူတစ်ယောက်ချင်းစီရဲ့ အတွေးအမြင်တွေ၊ ခံစားမှုတွေ ပေါင်းစပ်ပြီး အမျိုးမျိုး ပြောင်းလဲသွားနိုင်တယ်ဆိုတာ ပထမဆုံးပုံလေးကို ကြည့်ပြီး တွေးမိသွားတယ်။
ပုံလေးတွေ အကုန်လှတယ်။ :hee:
မောင်ပေ
January 4, 2013 at 9:53 pm
အရင်ပို ့စ်ထဲကမေးခွန်းကို ဖြေထားတာ
အဖြေမှန်တာကို ဆုမချရသေးဘူးနော
အဲဒါ အဲဒါ
ကိုပေါက်(မန္တလေး)
January 5, 2013 at 2:41 pm
ကျွေးအုံးမှာ မောင်ပေရေ