သင်တို့အား တဖက်မှလှည့်ကြည့်ရန်­­­­­­ စာကြောင်းများကငါ့လက်နက်ပဲ

Mg OggaJuly 17, 20101min510

မင်း­­­­ရှိတယ်။ ငါရှိတယ်။ ဒါပေမယ့် မင်းမရှိဘူး။ ငါမရှိဘူး။ သူတို့ရဲ့စိတ်၊ သူတို့ရဲ့အကြည့်၊ သူ တို့ရဲ့အသိတွေကို ရှောင်တိမ်းရင်း၊ ကွယ်ရင်းဝှက်ရင်း ငါတို့ရှင်သန်တယ်။ မင်းတို့ပါးစပ်ပေါက်တွေ ငါ့ကိုခဏငှား ကြပါ။ အဲဒါနဲ့… မြို့တစ်မြို့တည်မယ်။ ဒါပေမယ့် အဲဒီမှာ အသက်ရှူလို့မရဘူး။ သေလို့မရဘူး…။ ပိုက်ဆံနဲ့ဝယ် လို့ရတာတစ်ခုရှိတယ်။ အဲဒါအမုန်းတရားတွေပေါ့။ အလွှာပါးပါးလေးလှပ်နေတဲ့နေရာဆီ ငါ့စိတ်ခဏခဏသွား သေတယ်။ ဒါတွေက ကော်ဖီတစ်ခွက်ရဲ့ အာသီသလည်း ဖြစ်နိုင်သေးတယ်။ တစ်ဖက်ကမာ္ဘမှာ အစာငတ်လို့ ကလေးတွေသေနေတယ်။ လူတွေသေနေတယ်….။ သေနေတယ်…။ ငါ့ရဲ့ဆာလောင်မှုက အခုလိုရူးသွပ်ဖို့ လား? ရာစုနှစ်တစ်ခုရဲ့နောက်ကြောင်းရာဇဝင်မှာ Globalization မရှိတာသေချာလား? ကာဗွန်ဒိုင်အောက်ဆိုဒ် မများတာသေချာလား? ယဉ်ကျေးမှုတွေနဲ့လှပခဲ့တာသေချာလား? သေချာခဲ့ရင်တောင် လူတွေအချင်းချင်း သတ်ခဲ့ကြတာပဲ၊ မုန်းခဲ့ကြတာပဲ။ ငြှင်းဆဲခဲ့ကြတာပဲ။ နယ်မြေတွေလုခဲ့ကြတာပဲ။ လူတွေကိုယုံကြည်ဖို့၊ လူတွေ အားလုံးကို ယုံကြည်ဖို့မင်းရဲ့စိတ်က အဆင်သင့်အဖြစ်ရင် မင်းဘာလုပ်လဲ? ငါ ကကော…။ ငါ့ရဲ့စိတ်က မင်းတို့ အားလုံးကို ယုံကြည်နေတဲ့အချိန်မှာ အရက်တခွက်ရှိရင်ရှိမယ်။ သေချာတယ် ဒါပုံမှန်မဟုတ်ဘူး။ ကိုယ့်ဘဝနဲ့ ကိုယ်အဓိပ္ပါယ်ရှိနေတဲ့အထဲမှာ လေလွင့်ပျက်စီးနေတဲ့ မိန်းကလေးတစ်ယောက်ပါမယ်။ နိုင်ငံခေါင်းဆောင်တစ် ယောက်ပါမယ်။ ဒရဝမ်တစ်ယောက်ပါမယ်။ သူဌေးတစ်ယောက်ပါမယ်။ မင်းရှိမယ်။ ငါရှိမယ်။ အတ္တနဲ့ ကူစက် ရောဂါပဲပေါတဲ့ ကမာ္ဘကြီးကို ချစ်ခင်တွယ်တာနေတာဘယ်လိုလူတွေဖြစ်မလဲ? မင်းလုပ်နေတဲ့အလုပ်တွေမှာ အတ္တမပါရင် ငါ့ကိုကြိုက်တာပြော။ ဒီအကြောင်းတွေထွက်ကျလာတဲ့နေရာမှာ အဲယားကွန်းတစ်လုံး သောင်း ကျန်းနေတယ်။